Unicode
အပိုင်း(၄၇) မနာလိုမှု (၂)
လုလင်ကျစ်၏ ဒဏ်ရာကို ဆိုးဆိုးရွားရွား ခံစားချက် များဖြင့် ပတ်တီးစည်း ပေးပြီးနောက်တွင် ယဲ့ကျန်း သူမ၏ အခန်းသို့ ပြန်ကာ နားသည်။ သူမ၏ အဆောင် တံခါးဝသို့ ရောက်ချိန်တွင် နောက်ထပ် ဖိအားများစေသော ခံစားချက်ကို ရလိုက်ပြန်၏။ လုကျင်းနှင့် လုဖန်းတို့က သူမ၏ အိပ်ဆောင် အတွင်းပိုင်း ဘေးဘက်ခြမ်းတွင် ထိုင်ကာ သူမ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
အား ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ ခက်ခဲလိုက်တာ။
"ရောက်လာပြီလား တတိယ ညီမ၊ အဲဒီ အချိန်က နင် အဲဒီမှာ မရှိတာ နှမြောစရာ ကောင်းတာပဲ။ ဝမ်ဖေးက တို့ကို ပစ္စည်းတွေ အများကြီး ပေးလိုက်တယ်၊ မင်း မြင်လား၊ ဒီပုလဲတွေ ပန်းတွေ အားလုံးက နန်းတော်မှာပဲ ရှာတွေ့ နိုင်တာလေ။ တော်ရုံတန်ရုံ ဝယ်လို့ ရနိုင်တာ မဟုတ်ဘူး"
လုဖန်းက သူမ၏ ခေါင်းပေါ်တွင် ထိုးထားသော ချစ်စဖွယ် ကောင်းပြီး လှပသည့် ပုလဲပန်းလေးကို ပြသည်။ သူမ၏ မျက်နှာက ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုဖြင့် ပြည့်နှက်နေခဲ့၏။
"ကောင်းပြီ လှပါတယ်"
ယဲ့ကျန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့အပြင် လှပသော ပုလဲ အဆင်တန်ဆာများက အလှ ဆင်ထားသော သူတို့၏ သွယ်လျ ကြော့ရှင်းသော လည်တိုင်များကိုလည်း ကြည့်လိုက်သေးသည်။
သူမ၏ ရင်ထဲတွင် နှာခေါင်း ရှုံ့မိသည်။
ငါ မုန်းတဲ့ လူတစ်ယောက်ဆီက လာတဲ့ ရတနာတွေကို ငါက ဘာကြောင့် မနာလို ဖြစ်ရမှာလဲ။ သေချာပေါက် လုဝူရှန်းဆီက လာသမျှက ကောင်းဖို့ မရှိနိုင်ဘူး။
လုကျင်းက ယဲ့ကျန်း၏ မျက်လုံးထဲတွင် မနာလိုမှုနှင့် သဝန်တိုမှုများကို မျှော်လင့်ထားသည့်တိုင် မြင်ရခြင်း မရှိသည့်အတွက် မကျေမနပ် ဖြစ်သွားသည်။
ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ
သူမက မေးလိုက်သည်။
"တို့ ကြားထားတဲ့ အတိုင်းဆိုရင် နင် အမဲလိုက် သွားတယ်ဆို"
ယဲ့ကျန်းက ခေါင်းညိတ်သည်။ ဒီညီအစ်မ နှစ်ယောက် ဒီနေရာကို ရောက်လာသည့်အတွက် အနည်းငယ် စိတ်ရှုပ်ထွေးနေသေး၏။
လုဝူရှန်း ပေးထားတဲ့ ရတနာတွေကို လာကြွားရုံ သက်သက်ပဲလား
လုကျင်းက ညင်သာစွာ ချောင်းဟန့်ပြီးနောက် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်သည်။
"ငါ ကြားထားတဲ့ အတိုင်းဆိုရင် နင် အစ်ကိုကြီးနဲ့ အတူ ရှိနေတယ်ဆို၊ ဒီတော့ ဘယ်သူ အတူ ရှိနေခဲ့သေးလဲ"
ယဲ့ကျန်းက ထိုမှတ်ချက်က ထူးဆန်းသလို ခံစားရ၏။
"သူ့ မိတ်ဆွေ တချို့ပေါ့"
"ငါ မှတ်မိတာ မှန်မယ်ဆိုရင် အစ်ကိုကြီးရဲ့ မိတ်ဆွေထဲမှာ ထန်းမျိုးရိုးနဲ့ လူတစ်ယောက် ရှိတယ်။ သူက အသက်ငယ်ငယ်လေးနဲ့၀န်ကြီးဘွဲ့ကို ရထားတာလေ။ နင် သူ့ကိုများ မြင်မိသလား"
လုကျင်းက ပြောသည်။ သူမ၏ ပါးက နီရဲလာ၏။
"နင် ပြောတာ ထန်းကျန့်လား"
မော့ရုန်ကျန်း ထီးနန်း ဆက်ခံပြီးနောက်တွင် ခက်ခဲသော အချိန်များတွင် သူ့ကို ကူညီခဲ့သူတိုင်းကို ကျေးဇူး တုံ့ပြန်ခဲ့သည်။ သူက လုလင်ကျစ်ကို လက်ထောက် စစ်အရာရှိ ရာထူးကို ပေးခဲ့ပြီး ထန်းကျန့်ကိုမူ ဝန်ကြီးဘွဲ့ ပေးအပ်ခဲ့သည်။
လုနှင့် ထန်းမိသားစု များက မြို့တော်တွင် အတောက်ပဆုံး အောင်မြင်ခြင်းများကို ပိုင်ဆိုင်ခဲ့သည့် မိသားစုများ ဖြစ်နေခဲ့ကာ အင်ပါယာ မြို့တော်နှင့် အနီးစပ်ဆုံး မိသားစုများလည်း ဖြစ်ကြသည်။
"နင် အမတ်လေးကို တွေ့ခဲ့တာလား"
လုကျင်းက ခပ်ဖြောင့်ဖြောင့် ထိုင်ကာ ယဲ့ကျန်းကို စိုက်ကြည့်လာသည်။ သူမ၏ လေသံအရ သူမ အနှစ်သက်ဆုံး ကစားစရာကို အလု ခံလိုက်ရသော ကလေး တစ်ယောက်၏ အသံမျိုး ဖြစ်နေကြောင်း ယဲ့ကျန်း သတိထားမိ လိုက်လေသည်။
...
Zawgyi
အပိုင္း(၄၇) မနာလိုမႈ (၂)
လုလင္က်စ္၏ ဒဏ္ရာကို ဆိုးဆိုး႐ြား႐ြား ခံစားခ်က္ မ်ားျဖင့္ ပတ္တီးစည္း ေပးၿပီးေနာက္တြင္ ယဲ့က်န္း သူမ၏ အခန္းသို႔ ျပန္ကာ နားသည္။ သူမ၏ အေဆာင္ တံခါးဝသို႔ ေရာက္ခ်ိန္တြင္ ေနာက္ထပ္ ဖိအားမ်ားေစေသာ ခံစားခ်က္ကို ရလိုက္ျပန္၏။ လုက်င္းႏွင့္ လုဖန္းတို႔က သူမ၏ အိပ္ေဆာင္ အတြင္းပိုင္း ေဘးဘက္ျခမ္းတြင္ ထိုင္ကာ သူမ ေရာက္လာမည့္ အခ်ိန္ကို ေစာင့္ဆိုင္းေနၾက၏။
အား ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနဖို႔ ခက္ခဲလိုက္တာ။
"ေရာက္လာၿပီလား တတိယ ညီမ၊ အဲဒီ အခ်ိန္က နင္ အဲဒီမွာ မ႐ွိတာ ႏွေျမာစရာ ေကာင္းတာပဲ။ ဝမ္ေဖးက တို႔ကို ပစၥည္းေတြ အမ်ားႀကီး ေပးလိုက္တယ္၊ မင္း ျမင္လား၊ ဒီပုလဲေတြ ပန္းေတြ အားလုံးက နန္းေတာ္မွာပဲ ႐ွာေတြ႕ ႏိုင္တာေလ။ ေတာ္႐ုံတန္႐ုံ ဝယ္လို႔ ရႏိုင္တာ မဟုတ္ဘူး"
လုဖန္းက သူမ၏ ေခါင္းေပၚတြင္ ထိုးထားေသာ ခ်စ္စဖြယ္ ေကာင္းၿပီး လွပသည့္ ပုလဲပန္းေလးကို ျပသည္။ သူမ၏ မ်က္ႏွာက ေပ်ာ္႐ႊင္မႈႏွင့္ ဂုဏ္ယူမႈျဖင့္ ျပည့္ႏွက္ေနခဲ့၏။
"ေကာင္းၿပီ လွပါတယ္"
ယဲ့က်န္းက ျပဳံးကာ ေခါင္းညိတ္လိုက္သည္။ ထို႔အျပင္ လွပေသာ ပုလဲ အဆင္တန္ဆာမ်ားက အလွ ဆင္ထားေသာ သူတို႔၏ သြယ္လ် ေၾကာ့႐ွင္းေသာ လည္တိုင္မ်ားကိုလည္း ၾကည့္လိုက္ေသးသည္။
သူမ၏ ရင္ထဲတြင္ ႏွာေခါင္း ႐ႈံ႕မိသည္။
ငါ မုန္းတဲ့ လူတစ္ေယာက္ဆီက လာတဲ့ ရတနာေတြကို ငါက ဘာေၾကာင့္ မနာလို ျဖစ္ရမွာလဲ။ ေသခ်ာေပါက္ လုဝူ႐ွန္းဆီက လာသမွ်က ေကာင္းဖို႔ မ႐ွိႏိုင္ဘူး။
လုက်င္းက ယဲ့က်န္း၏ မ်က္လုံးထဲတြင္ မနာလိုမႈႏွင့္ သဝန္တိုမႈမ်ားကို ေမွ်ာ္လင့္ထားသည့္တိုင္ ျမင္ရျခင္း မ႐ွိသည့္အတြက္ မေက်မနပ္ ျဖစ္သြားသည္။
ဘယ္ေလာက္ေတာင္ ထူးဆန္းလိုက္သလဲ
သူမက ေမးလိုက္သည္။
"တို႔ ၾကားထားတဲ့ အတိုင္းဆိုရင္ နင္ အမဲလိုက္ သြားတယ္ဆို"
ယဲ့က်န္းက ေခါင္းညိတ္သည္။ ဒီညီအစ္မ ႏွစ္ေယာက္ ဒီေနရာကို ေရာက္လာသည့္အတြက္ အနည္းငယ္ စိတ္႐ႈပ္ေထြးေနေသး၏။
လုဝူ႐ွန္း ေပးထားတဲ့ ရတနာေတြကို လာႂကြား႐ုံ သက္သက္ပဲလား
လုက်င္းက ညင္သာစြာ ေခ်ာင္းဟန္႔ၿပီးေနာက္ လက္ဖက္ရည္ခြက္ကို ေကာက္ကိုင္ကာ တစ္ငုံေသာက္သည္။
"ငါ ၾကားထားတဲ့ အတိုင္းဆိုရင္ နင္ အစ္ကိုႀကီးနဲ႔ အတူ ႐ွိေနတယ္ဆို၊ ဒီေတာ့ ဘယ္သူ အတူ ႐ွိေနခဲ့ေသးလဲ"
ယဲ့က်န္းက ထိုမွတ္ခ်က္က ထူးဆန္းသလို ခံစားရ၏။
"သူ႕ မိတ္ေဆြ တခ်ိဳ႕ေပါ့"
"ငါ မွတ္မိတာ မွန္မယ္ဆိုရင္ အစ္ကိုႀကီးရဲ႕ မိတ္ေဆြထဲမွာ ထန္းမ်ိဳး႐ိုးနဲ႔ လူတစ္ေယာက္ ႐ွိတယ္။ သူက အသက္ငယ္ငယ္ေလးနဲ႔၀န္ႀကီးဘြဲ႕ကို ရထားတာေလ။ နင္ သူ႕ကိုမ်ား ျမင္မိသလား"
လုက်င္းက ေျပာသည္။ သူမ၏ ပါးက နီရဲလာ၏။
"နင္ ေျပာတာ ထန္းက်န္႔လား"
ေမာ့႐ုန္က်န္း ထီးနန္း ဆက္ခံၿပီးေနာက္တြင္ ခက္ခဲေသာ အခ်ိန္မ်ားတြင္ သူ႕ကို ကူညီခဲ့သူတိုင္းကို ေက်းဇူး တုံ႔ျပန္ခဲ့သည္။ သူက လုလင္က်စ္ကို လက္ေထာက္ စစ္အရာ႐ွိ ရာထူးကို ေပးခဲ့ၿပီး ထန္းက်န္႔ကိုမူ ဝန္ႀကီးဘြဲ႕ ေပးအပ္ခဲ့သည္။
လုႏွင့္ ထန္းမိသားစု မ်ားက ၿမိဳ႕ေတာ္တြင္ အေတာက္ပဆုံး ေအာင္ျမင္ျခင္းမ်ားကို ပိုင္ဆိုင္ခဲ့သည့္ မိသားစုမ်ား ျဖစ္ေနခဲ့ကာ အင္ပါယာ ၿမိဳ႕ေတာ္ႏွင့္ အနီးစပ္ဆုံး မိသားစုမ်ားလည္း ျဖစ္ၾကသည္။
"နင္ အမတ္ေလးကို ေတြ႕ခဲ့တာလား"
လုက်င္းက ခပ္ေျဖာင့္ေျဖာင့္ ထိုင္ကာ ယဲ့က်န္းကို စိုက္ၾကည့္လာသည္။ သူမ၏ ေလသံအရ သူမ အႏွစ္သက္ဆုံး ကစားစရာကို အလု ခံလိုက္ရေသာ ကေလး တစ္ေယာက္၏ အသံမ်ိဳး ျဖစ္ေနေၾကာင္း ယဲ့က်န္း သတိထားမိ လိုက္ေလသည္။
...