အချစ်ဦး (Completed)

By Ahlaly

212K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၄၂)

3.4K 129 5
By Ahlaly

"မောင်တော်နဲ့တူတဲ့ သားတော်လေး တစ်ပါးလောက်မွေးဖွားနိုင်ရင်ကောင်းမယ် မောင်တော်ဖုရားရယ်။"

ဆံတော်ဘုရား၏အလယ်ပစ္စယံမှာ ရပ်၍ အနောက်ဘက်နေဝန်းကြီးဆီငေးနေရင်း ညှိုးနွမ်းနေပုံရသည့် မျက်နှာလေးကြောင့်....
"ဖြစ်လာမှာပေါ့ နှမတော်ရယ်။ ဒါအတွက်ကြောင့်နဲ့တော့ စိတ်တော်မညှိုးလိုက်ပါနဲ့ ။" ဟု နှစ်သိမ့်ပေးဖြစ်သည်။

"တခြားကြောင့် မဟုတ်ပါဖုရား။ နှမတော်မြတ်နိုးရတဲ့ မောင်တော်ဖုရားနဲ့တူတဲ့ သားသမီးရတနာလေးတွေတော့ လိုချင်မိတာအမှန်ပါ....."

ထိုမျှနှင့်တင် ဆက်မပြောနိုင်တော့ပဲ ရင်ခွင်ထဲကိုခိုဝင်လာသည့် ဒီနန်းအလှဟာ ဘဝမှာ အမြတ်နိုးရဆုံးသူ။ သူ့စိတ်တွေကို အချစ်တွေနှင့်နူးညံ့စေခဲ့သူဖြစ်သည်။

"နှမတော်ရဲ့ဘဝမှာလေ မောင်တော်ကသာအချစ်ဦးပါ....မောင်တော့်ရဲ့လက်ရုံးရည်၊နှလုံးရည်၊ သွင်ပြင်လက္ခတွေအားလုံးကို နှမတော်မြတ်နိုးတွယ်တာရပါတယ်။"

"အတူတူပါပဲ နှမတော်။ မောင်တော့်အတွက်လည်း နှမတော်ကအချစ်ရဆုံးသူပါ။"

နှစ်ကြိမ်နှစ်ခါ အရှက်တကွဲဖြစ်ပြီးသည်အထိ မစွန့်လွတ်နိုင်ပဲဖြစ်ရတဲ့ ဒီနှလုံးသားသက်လျာ။ ချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဦးထက်ပိုရတဲ့နှမတော်ကို....
"နောက်ဘဝတွေဆိုရင် မောင်တော့်အတွက်လည်း အချစ်ဦးဟာ နှမတော်ပဲဖြစ်စေရပါမယ်။ ဒီရွှေဆံတော်ဘုရားကို အမှူးပြုပြီး မောင်တော် သစ္စာတည်ပါ့မယ်။"

"နောက်ဘဝ.....နောက်ဘဝတွေအထိ မောင်တော်ကချစ်ဦးမှာလား။"

မိဖုရားခေါင်၊ ဦးဆောက်ပန်းအပါအဝင် နောက်ထပ်မိဖုရားတစ်ပါးရှိသေးသည့် မောင်တော့်နှလုံးသားမှာ နှောင်တွယ်ဖို့သားသမီးဆိုသည့်သံယောဇဥ်ကြိုးထပ်မချည်နိုင်ခဲ့သည့် သူမက ဘယ်လောက်ကြာကြာအထိ စွဲမြဲနေမလဲဆိုတာ မသေချာသေးခင်မှာပဲ နောက်ဘဝတွေဆိုသည့် စကားကြောင့် အံ့သြဝမ်းသာစွာနှင့် ရင်ခွင်ထဲကနေရုန်းထွက်ကာ မောင်တော့်မျက်နှာကို မျှော်လင့်ကြီးစွာနှင့်ကြည့်ရင်း မေးမိသည်။

"ချစ်မှာပေါ့ကွယ်။ နောက်ဘဝအဆက်ဆက်တွေအထိ နှမတော်အပေါ်မှာထားတဲ့မောင်တော့်မေတ္တာက ပျက်ယွင်းမှာမဟုတ်ပါဘူး။"

အပြန်အလှန်ပြောနေကြသော စကားများကို မြင်နေ၊ကြားနေရရင်း နှလုံးသားတစ်ခုလုံး ရေအောက်ကြမ်းပြင်ဆီမှာရောက်နေသလို နစ်မွှန်းနေရင်းမှ....

"လူနာက သားယောကျာ်းလေးမွေးပါတယ်"

မွေးဖွားခန်းထဲက ထွက်လာသော သူနာပြုဆရာမ၏အသံနှင့်အတူ...
"ထည်ဝါ...ထည်ဝါလို့ နာမည်ပေးမယ်။ "

သမီးငယ်၏ ဒီစကားမှာ ပြုံးရွှင်ကာသွားသည့်သူ့မျက်နှာက သားဆိုသည့်အားတစ်ခုကြောင့်လား၊ သမီးငယ်ဆိုသော သူ့ရဲ့ သမီးငယ်ကမွေးဖွားပေးတဲ့သားဦးရတနာဆိုသော အသိကြောင့်လားဆိုတာ အခုအခါမှာ ဝေခွဲမရချင်တော့ပေ။

အိမ်မက်ကနေလန့်နိုးလာပြီး မျက်နှာကို ပွတ်သပ်လိုက်တော့ စိုစွတ်မှုအနည်းငယ်ကိုခံစားလိုက်ရသည်။ နံဘေးမှာရှိနေတဲ့ သမီးငယ်ကို ငုံ့ကာကြည့်နေရင်း သူသည် ခပ်ဖွဖွလေးအနမ်းခြွေမိသည်။

ထိုကနေဆက်မအိပ်ဖြစ်တော့သည်က မနက်လင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားသည်။

အိပ်ရာကနေ အရင်နိုးလားသောငယ်က အိပ်ပျော်နေဆဲသူ့မျက်နှာတစ်လုံးကို အနမ်းတွေဝေပေးခဲ့ပြီး ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်။

"စိတ်တိုနေတာမှမဟုတ်ဘဲ စိတ်ဆိုးတုန်းခဏတော့ မင်းကစချော့ပေါ့အချစ်ရယ်။"

မနက်သစ်ပြီးသော်လည်း အပြင်ကိုမထွက်သေးပဲ ရေချိုးခန်းထဲက  မှန်ကိုကြည့်ကာ ငယ်ရေရွတ်မိသည်။ ပြီးတော့ ငယ်ကိုယ်တိုင်ပဲ ကိုယ့်စကားကို ကြားယောင်ရင်းပြုံးနေတော့သည်။

"ငယ်ရေ....."

ဖြီးနေတဲ့ပါးစပ်ကို ပြန်လည်လို့တည်လိုက်ပြီး ရေချိုးခန်းတံခါးကို အမြန်ဖွင့်ကာ အခန်းတံခါးအထိခြေသံလုံလုံနှင့် အပြေးလာခဲ့သည်။ အခန်းတံခါးပွင့်သွားသည်နှင့်...
"တိုးတိုးး...ထည်ဝါ အိပ်နေတယ်။"

"ဟိုမှာ နိုးနေပြီ။"

ဒေလီယာ့စကားကြောင့် ငယ်အိပ်ရာဆီသို့လှည့်ကြည့်လိုက်တော့ အိပ်ရာကနေထ,လာပြီဖြစ်တဲ့သူက ရေချိုးခန်းဘက်ဆီသို့လျှောက်သွားသည်ကိုတွေ့လိုက်ရသည်။

"အဲ့တာ နင်အော်လိုက်လို့...."

"ကဲ သခင်မရယ်။ သခင်မရဲ့ မောင်တော်ဖုရားနိုးသွားတာ ကျွန်မကြောင့်ပါ။ အဲ့တာကြောင့် ကျွန်မကိုအပြစ်ပေးပါတော့...."

"ထား ထားလိုက်တော့၊ ပြော ဘာကိစ္စလာတာလဲ။"

"ဟွန်း အခုမှပဲလိုရင်းရောက်တော့မယ်။ ဒီမယ် လင်ထိပ်ထားစံ၊ ရှင် ညနေခင်းမှာဝတ်ဖို့အဝတ်လာပို့ပေးတာ။ ရော့...."

အဝတ်ထည့်လာသော အိတ်ကို ငယ်ကလက်ခံပြီးသည်နှင့် နေရာကနေရှာခနဲလှည့်ထွက်သွားသည့် ဒေလီယာကို ကြည့်ရင်း ငယ်အံ့သြနေမိသည်။

"သမီးငယ်...."

"အင်း....ဟင်၊"

"မနက်စာစားဖို့ သွားမယ်။"

"အင်း...."

အခန်းတံခါးနားကနေပဲ အဝတ်အိတ်ကို အိပ်ရာအထက်သို့ လှမ်းပစ်တင်လိုက်သည်။ ပြီးမှ ဘေးမှာရောက်နေပြီဖြစ်တဲ့ သူ့လက်ကိုတွယ်ချိတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

"ဟိုမှာလာပြီ လင်ထိပ်ထားစံ...."

ငယ်တို့လာနေသည်ကို မြင်မြင်ချင်းမှာပဲ ဒေလီယာကထိုသို့ပြောလာတော့ ငယ့်မှာ မျက်ခုံးလေးပင့်ရုံသာ လုပ်ပြလိုက်ပြီး ဝင်ထိုင်ကာ မနက်စာအတွက်ပြင်ဆင်ပေးထားသော ဖျော်ရည်တစ်ခွက်ကို အရင်သောက်လိုက်သည်။

"ရော့ငယ်...ဒါလေးကောင်းတယ်။"

ငယ်တို့တတွေရဲ့ထုံးစံအတိုင်းပဲ စားကောင်းသည်များကို မျှဝေစားသောက်နေရင်းနှင့် မနက်စာဝိုင်းပြီးဆုံးသွားသည့်အခါမှ သူ့ထံသို့ကြည့်မိသည်။

"မစားဘူးလား ထည်ဝါ..."

"အင်း။ တခြားဟာမှာထားတယ်...."

ထိုအခါမှပဲ မနက်စာအဖြစ် သူစားတတ်သည်များက ဒီစားပွဲတွင်ရှိမနေသည်ကို ငယ်သတိထားလိုက်မိသည်။ သို့ဆိုလျှင်တောင်မှပဲ အပြင်စာစားဖို့ကိုကြောက်တတ်လွန်းတဲ့ သူတို့မိသားစုရဲ့ ချစ်စရာအကျင့်လေးကို ငယ်မေ့လျော့နေခဲ့သည်။

"ငါ တစ်ခုခုသွားပြီး စီစဥ်ပေးရမလား။"

"ရတယ်...ငါမှာလိုက်ပြီ။"

ငယ်တို့တတွေပျော်ပျော်ပါးပါးနဲ့ စားသောက်နေသည့်အချိန်မှာ သူ့ကိုအာရုံမစိုက်မိလိုက်တာကြောင့် အခုထိသူဘာမှမစားရသေးတာကို မနက်စာစားပြီးမှပဲသိလိုက်ရတာဖြစ်သည်။ စိတ်မကောင်းစွာနဲ့....
"ဆောရီး...." လို့ထုတ်ပြောမိတော့ သူကဘာမှမဖြစ်သလိုပင် ပေါ့ပါးစွာဖြေပေသည်။

"အဲ့တာ ဘာဖြစ်သွားတာလဲ။ စိတ်မကောင်းမဖြစ်နဲ့။ ပြီးရင်သာ ငါ့ပါစတာသာ နှိုက်မစားနဲ့..."

ထိုသို့ပြောပြီး ငယ်သောက်လက်စ ဖျော်ရည်ဖန်ခွက်ကိုယူသွားပြီး သူကသောက်တော့ ငယ်စိတ်သက်သာရာရ ရသည်။

ဖျော်ရည်မော့သောက်နေသည့် သူ့ကိုကြည့်နေဆဲမှာပဲ လာချပေးသည့် ပါစတာက ပြင်ဆင်ထားပုံတော်တော်လှသည်။ ပြီးနောက်တွင် ငယ်ဆက်တိုက်ကြည့်နေဆဲမှာ သူစားနေသည့်ပုံစံက ငယ့်ရဲ့စားချင်စိတ်ကိုအရမ်းဆွဲဆောင်နေသလိုပင်။

ထို့ကြောင့်ပဲ...
"စားကြည့်မယ်...." ဟု ကမန်းကတန်းပြောကာ ယူစားလိုက်သည်။

ပါးစပ်ရောက်လာတဲ့ ပါစတာက အရင်စားနေကျတွေနဲ့မတူပဲ အရမ်းစားလို့ကောင်းနေတာကြောင့် ခေါက်ဆွဲသား အိအိလေးတွေကိုဝါးနေရင်းကနေ ငယ်တိုထံကြည့်နေသော သူငယ်ချင်းမတွေဆီကို လက်မထောင်ပြလိုက်သည်။

"ငါ ပါစတာ ထပ်စားမယ်။"

"ငါရော..."

"ငါလည်းပဲ..."

အခုလေးတင်မှ မနက်စာစားခြင်းကို လက်စသတ်လိုက်ကြသော ငယ်တို့အုပ်စုသည် ပါတာထပ်မှာ၍ စားကြပြန်သည်။ စားလို့သောက်လို့ပြီးစီးသွားတော့ မနက်စာ၂ခါစားလိုက်ရခြင်းကြောင့် တော်တော်လေး ဗိုက်ပြည့်သွားတော့သည်။

"မနက်ပိုင်းတော့ ကိုယ့်အစီအစဥ်နဲ့ကို လိမ့်ကြနော်။ ညနေခင်းပိုင်း ငါပေးထားတဲ့အင်္ကျီတွေဝတ်ပြီး ထွက်လာခဲ့..."

"Ok..."
ပြောပြီး ထ,ထွက်သွားသော မိုးမြင့်တို့အတွဲနောက်ကနေ ဆက်တိုက်ထွက်သွားကြတာ နောက်ဆုံးတော့ မနက်စာဝိုင်းမှာ ငယ်နဲ့သူပဲကျန်ခဲ့ရသည်။

"ငါတို့ဟိုတစ်ခေါက်လာတုန်းက တွေ့တဲ့ ဟိုအမျိုးသမီးကြီးကိုလည်းမတွေ့ရဘူးနော်။"

"ရှာနေတာလား..."

"အင်း...ရောက်ကတည်းက သူနဲ့များတွေ့မလားဆိုပြီး ဘုရားနားတောင်ရောက်ပြီးသွားပြီ။ ဒီဟိုတယ်ကဝန်ထမ်းကိုမေးကြည့်တော့လည်း မတွေ့တာတော်တော်ကြာပြီလို့ ပြောတယ်။"

"ဘာလုပ်ဖို့ ရှာတာလဲ။ မဟုတ်မှ...သူပြောတာတွေကို ယုံနေတာတော့မဟုတ်ဘူးမလား။"

ကွက်တိကျနေသည့် သူ့အမေးမှာ ငယ်ပြန်မဖြေနိုင်တော့ပဲ သူ့ထံသို့ဖြီးကာပြလိုက်တော့သည်။ ထိုရူးနေသည့်အမျိုးသမီးကြီးပြောတာကို ယုံတာတော့လည်းမဟုတ်ပေမယ့် ထိုအမျိုးသမီးပြောတာတွေကို အစစ်အမှန်လို့ ငယ့်စိတ်ကထင်မှတ်နေသည်။

အဲ့ဒီအမျိုးသမီးပြောခဲ့တာတွေက ငယ်တကယ်ပဲကြုံတွေ့ခဲ့ရသလိုမျိုးခံစားနေရတာဖြစ်သည်။ ပုဂံနဲ့ဝေးနေတုန်းက ငြိမ်သက်နေခဲ့တဲ့ငယ့်ရဲ့ ဦးနှောက်ဆဲလ်တွေက ပြန်ပြီးအသက်ဝင်လှုပ်ရှားလာသလိုပင်...
"ညက အဲ့ဒီအိမ်မက်ကို ပြန်မက်တယ်။ စောင့်နေရတုန်းပဲ၊ နာကျင်နေရတုန်းပဲ....ဘယ်အချိန်မှရောက်လာမှာလဲ မသိတဲ့သူကိုစောင့်နေရတာ နာကျင်ပူလောင်ရတုန်းပဲ"

"တော်ပြီ မဟုတ်တာတွေမပြောနဲ့တော့။ အခန်းပြန်မယ်....."

ပြောပြီးချက်ချင်းပဲ သူကထ,ရပ်ပြီး ငယ်လက်ကိုဆွဲကာ အခန်းဆီသို့လျှောက်သွားသည်။ အခန်းထဲကိုရောက်မှ ငယ့်လက်ကိုလွှတ်ပေးတာဖြစ်ပေမယ့်လည်း ဘာကိုစိုးရိမ်တာလဲတော့မသိပေမယ့် သူကအခန်းတံခါးကိုပါ လော့ချပစ်သည်။

"ငါမေးမယ် သမီးငယ်..."

အခန်းတံခါးကိုလော့ချပြီး ခုတင်ခြေရင်းက ကွက်လပ်နေရာမှာ တောင်နဲ့မြောက်ကို ဆက်တိုက် လျှောက်သွားနေသူကို ကြည့်နေရင်းမျက်စိနောက်လာသည့်အချိန်နှင့်ကွက်တိမှာ လမ်းလျှောက်နေသူက ငယ့်ထံကိုကြည့်လာပြီး ပြောလာတာဖြစ်သည်။

"နင် ကလေးထပ်လိုချင်သေးလား။"

"အမ် အခုမှမိုးလင်းတာကို..."

"ကျစ်...လျှောက်မတွေးနဲ့။ ငါမေးတာပဲဖြေစမ်းပါ။"

"အင်း... အင်း၊ လိုချင်သေးတယ်။ အခုချက်ချင်းကြီးမဟုတ်ဘူးနော်...."

ရင်ဘက်ရှေ့မှာ လက်ကိုကြက်ခြေခတ်ပြပြီးပြောနေပုံကို စိတ်မရှည်ချင်သော်လည်း အဖြေကိုသဘောကျသည်ကြောင့် နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။

"ဘာဖြစ်လို့ လိုချင်တာလဲ..."

"ဒီတိုင်း...နင်နဲ့တူတဲ့ ကလေးလေးတွေအများကြီးလိုချင်လို့ပဲ။ ပြောရရင် ကလေးလေးတွေအများကြီးလိုချင်တယ် တကယ်။ ငါ့ကလေးတွေရဲ့အဖေက နင် ဆိုတဲ့အသိကအရမ်းမိုက်တယ်သိလား။"

"သမီးငယ်...."

"အမ်..."
ဝမ်းသာစွာနှင့်ပြောပြနေတုန်း ဝမ်းနည်းရိပ်တွေလွှမ်းနေသည့် သူ့အသံကြောင့် သူ့ထံကိုကြည့်မိတော့ အခုပဲ ပြိုကျတော့မလိုလိုနဲ့ သူ့မျက်နှာဟာ ငယ့်ကိုအံ့သြစေသည်။

"အခုထက်ပိုပြီးစောင့်မနေလည်း ရပြီ။ ငါရှိနေတာပဲ....ဘာလို့စောင့်နေမှာလဲ။ နင့်အနားမှာငါရှိနေပြီပဲ၊ နင်က ငါ့ရဲ့အချစ်ဆုံးတင်မဟုတ်ပဲ အချစ်ဦးလည်းဟုတ်နေပြီပဲ...။"

"ငါက အချစ်ဆုံး...ခဏ ခဏ၊ ငါ့ကို အချစ်ဆုံးလား။"

ပျော်ရလွန်းလွန်၍ ကဆုန်ပေါက်ပြီး သူ့အနားကိုပြေးသွားကာ သူ့လည်ပင်းဆီတွဲခိုပြီး ပြုံးရွှင်နေမိသည်။

"အင်း...နင့်ကိုအချစ်ဆုံး"

ပျော်လွန်းနေပါတယ်ဆိုမှ ဒီမျက်ဝန်းညိုညိုတွေက လူကိုအသေသတ်နေတော့သည်။ ဒီမျက်ဝန်းလေးတွေမှာပါ မြင်နေရတဲ့ ငယ့်ကိုချစ်တဲ့အကြောင်းတွေ။ ငယ့်ကိုဂရုမစိုက်သူကလေ ၊ ငယ်သိပ်သဘောကျရတဲ့ မျက်ဝန်းညိုညိုတွေနဲ့ ငယ့်ကိုကြည့်နေပြီး ဒီလိုပြောလာတော့ အခုနေခါမှာ သေရမှာဆိုရင်တောင် ငယ့်မှာနောင်တဆိုတာမရှိလောက်တော့ဘူးဟု ထင်သည်။

"ပြီးတော့ နင်က ငါ့အချစ်ဦး၊ သမီးငယ် နင်ကငါ့အချစ်ဆုံး ချစ်ဦးသူပါဟာ..."

ခါးတွေဆီကို ပွေ့ဖက်လာသည့် သူ့လက်တွေက ငယ့်ခန္ဓာကိုယ်ထဲသို့ ပျော်ရွှင်မှုတွေသွင်းပေးနေသလိုပင်။ သူ့နဲ့အခုလိုနေရင်း ငယ့်စိတ်ထဲမှာ အလုံးစုံအားလုံးကို ပျော်နေတော့သည်။

ဒီလိုနဲ့ ခြေဖျားထောက်ကာ သူ့ကိုမော့ကြည့်နေရသော ငယ့်ကို ခဏလောက်ကြာတော့ ခါးကနေကိုင်မြှောက်ကာ သူ့ခါးဆီမှာခြေချိတ်စေသည်။ သူပခုံးတစ်ခုလုံးကို ပွေ့ဖက်ထားရာကနေ သူ့ကိုယ်ပေါ်မှာ ခုန်ပေါက်လှုပ်ယွကာ ပျော်ရွှင်မှုတွေကို ထုတ်ပြလိုက်ချင်တော့သည်။

သို့သော်လည်း စိတ်မရှည်တတ်သူ၏အကျင့်ကိုသိတာမို့ သူလိုက်လျောသလောက်နဲ့တင် တင်းတိမ်လိုက်ဖို့ ဆုံးဖြတ်ထားတော့သည်။

"သမီးငယ်... သမီးငယ်"

လက်မောင်းသေးသေးလေးကို သူ့လက်ချောင်းတွေနှင့်ဆုပ်ကိုင်ထားရင်း နှိုးသည့်တိုင် အိပ်ပုတ်ကြီးနေသူဟာ လူးလွန့်လို့ပင်မလာသေး။

"သမီးငယ်...."

ဒီလောက်ဆို သမီးငယ်တစ်ယောက် သူဘယ်လိုနှိုးနှိုး ထ,လာမှာမဟုတ်တာကို သိလိုက်သည်။ ချက်ချင်းပဲ အိပ်ပျော်နေသူကို ကောက်ပွေ့ပြီး မွေ့ကာအထက်မှာတင် မတ်တပ်ရပ်လိုက်ကာ ကုတင်ပေါ်ကနေ ဆင်းခဲ့လိုက်သည်။

ရေချိုးခန်းထဲထိပွေ့ချီသွားပေးသည်က သူ့ရဲ့အလိုက်လျောဆုံး ဆုံးဖြတ်ချက်ပဲဖြစ်လိမ့်မည်။

"မျက်လုံးဖွင့်တော့။"

ဒီဟာလေးက သူနှိုးကတည်းက နိုးနေတာဖြစ်သည်ကို သိသော်လည်း followလေးလိုက်ရင် အိပ်ရာပေါ်ကနေ ပွေ့ချီခဲ့ပေးကာ ရေချိုးခန်းထဲထိပို့ပေးပြီးပြီ။ ဒီလောက်ဆို သူ့ရဲ့လိုက်လျောမှုက လုံလောက်အောင်သက်သေပြလို့ပြီးပြီမဟုတ်လား။

"နောက်ကျနေပြီ မြန်မြန်လက်စသတ်ပြီးထွက်လာခဲ့..."

ငယ်ယူလာပေးခဲ့တဲ့ ပေါင်လယ်လောက်ရှိသည့်ဂျင်းဘောင်းဘီနှင့် Teeလက်ရှည်တစ်ထည်ကို ဝတ်ဆင်ထားသောသူက ရေချိုးပြီးခါစကြောင့်လည်းပါမည်၊ နဂိုအရင်းခံလေးကိုက ချောမောနေတာကြောင့်လည်းဖြစ်မည်...တော်တော်လေးကိုချောမောနေတော့သည်။

အရင်ကတော့ အသားလေးနည်းနည်းမဲတာကလွဲလို့ ထည်ဝါကယောကျာ်းပီပီသသ မျက်ဝန်းညိုညိုတွေကြောင့်နှင့် ဆွဲဆောင်အားကောင်းသည့်ပုံစံမျိုးဖြစ်သည်။ အခုအခါ အရင်လိုအပြင်ထွက်တာမျိုးမရှိသည်မို့ သူ့မာမီနဲ့အမ၏ စကင်းကဲဆိုတာတွေနှင့် အညိုရောင်လက်လက်အသားအရည်လေးကို ငယ့်မှာကျေနပ်လို့မဆုံးပဲ အိမ်မှာနေရင်း ငယ်ပဲမြင်ခွင့်ရတဲ့ ဒီအမျိုးသားလေး၏ကျောပြင်ကိုကြည့်ပြီး ရင်ထဲပီတိဖြာဝေလို့မဆုံးပေ။

ဒီလို ငယ့်ဘက်က အရာရာမှာအရမ်းအရမ်းကိုချစ်ပြပြီး၊ အတင်းလိုက်ကပ်ခဲ့ရတဲ့ ကိုစိတ်မရှည်တတ်သူလေးဟာ ဟီိးဟီး ငယ့်ကိုအချစ်ဆုံးတဲ့။ ပြီးတော့ ငယ်ကအချစ်ဦးတဲ့....ဟီးး ငယ်က ငယ်ကလေ...သူ့ရဲ့ အချစ်ဆုံးချစ်ဦးသူတဲ့။

"မပြီးသေးဘူးလား သမီးငယ်။"

ရေပန်းအောက်မှာရပ်ရင်း ပက်ကျိတကောင်လိုမျက်နှာချော်ကျိကျိနှင့် တီကောင်လို ခန္ဓာကိုယ်တစ်ခုလုံးတွန့်ချိုးနေရင်းက အပြင်ဘက်ကအသံကြောင့် တွေးလက်စအားလုံးကပျောက်ပြယ်သွားရတော့သည်။

သို့သော်လည်း စိတ်မရှည်တတ်တဲ့သူ့အကျင့်ကိုသိတာကြောင့် သူ့မမြင်ကွယ်ရာမှာမျက်နှာတစ်ချက်မဲ့လိုက်ပြီး ခပ်မြန်မြန်ပဲလက်စသတ်ကာ အခန်းပြင်ထွက်လာခဲ့လိုက်သည်။

မိတ်ကပ်ပြင်နေရင်းကနေ ဘာရယ်မဟုတ်ပဲ နာရီဆီကြည့်လိုက်တော့ အခုမှနေ့လည်၂နာရီသာရှိသေးသည်။ သူငယ်ချင်းမတွေနဲ့က ညနေ၃နာရီခွဲလောက်မှချိန်းထားတာဖြစ်သည်။

ထိုကြောင့် ကုတင်အစွန်းမှာ ထိုင်နေသူထံလှည့်ကြည့်ရင်း....။
"ညနေ၃နာရီလောက်မှ သွားမှာလေ ထည်ဝါ။ အခုမှ နှစ်နာရီပဲရှိသေးတယ်...."

"တခြားသွားစရာရှိသေးတယ်။ မြန်မြန်အင်္ကျီဝတ်တော့ အအေးမိမယ်..."

"အင်း...."

မှန်တင်ခုံရှေ့ကနေ ထ,ကာ အဝတ်ထည့်လာသော အိတ်ထံသို့သွားလိုက်ပြီး မနက်ကဒေလီယာပြစ်ပေးခဲ့သည့် အိတ်ထဲက အင်္ကျီငွေမှင်ရောင်လေးနှင့် A_line skirtကိုမှ အနားမှာအတွန့်ခပ်ကြီးကြီးလေးပါသည့် နို့နှစ်ရောင်လေးကိုတွဲဖက်ဝတ်ဆင်လိုက်သည်။

"မနက်ဖြန် ပြန်မယ် သမီးငယ်။ "

"ဟင်...."

"နင့်သူငယ်ချင်းမွေးနေ့က ဒီနေ့မဟုတ်လား။ ဒီနေ့ထိနေပေးရင် တော်ပြီ။ "

ဆံပင်တွေဖြီးသင်နေရင်းကနေ သူ့ကိုလှည့်ကြည့်ရင်း ငယ်ငိုမိတော့မည်ထင်သည်။ သူငယ်ချင်းတွေတောင်မပြန်သေးပဲ ငယ်တစ်ယောက်ပဲပြန်သွားရမှာကို ဖြတ်ခနဲတွေးမိရင်း ချက်ချင်းပဲငိုချင်လာတော့သည်။

"ကျစ်...မငိုနဲ့။ ပြင်ထားတာတွေပျက်ကုန်မယ်"

မျက်ခမ်းစပ်နေရာအထိ ရောက်နေပြီဖြစ်သော ငယ့်မျက်ရည်ကို သူကခါတိုင်းလို တယုတယနဲ့ဖယ်ရှားပေးရင်း ထိုင်နေသည့်ငယ့်ကို သူ့ဗိုက်ဆီမှာ မှီတည်သွားစေသည်။ ပြီးမှ...

"နေချင်လည်းနေ...." ဟု လေပြေအေးနှင့် ပြောလာသည်။

မယုံကြည်နိုင်သလို သူ့ထံမော့ကြည့်ရင်း...
"နင်ရော နေမှာလား" ဟု မေးမိသည်။

"အင်း နေပေးမယ်။ " လို့ ပြောလာပြီးနောက် သူ့ကငယ့်လက်ထဲက ခေါင်းဖြီးကိုယူလိုက်ပြီး ငယ်ဆံပင်တွေကို ရှင်းလင်းပေးသည်။

မှန်တင်ခုံပေါ်က ခေါင်းစီးကွင်းတစ်ခုကိုလှမ်းယူလိုက်ပြီး ငယ့်ဆံပင်တွေအားလုံးကို စုရုံးလို့စည်းနှောင်ပေးသည်။

"သွားမယ်..."

ဘေးမှာချိတ်ထားသည့် ငယ့်ပိုက်ဆံအိတ်အထိပါဆွဲယူပြီး ငယ့်လက်ကိုဆွဲကာ ဟိုတယ်ထဲကနေခေါ်ထုတ်လာခဲ့ပြီး ရောက်လာသည့် နေရာက ဟိုတယ်နှင့်၂လမ်းကျော်လောက်သာဝေးသော လူစည်းကာရာ စျေးနေရာဖြစ်သည်။

"ဘာဝယ်စရာရှိလို့လဲ..."

"မဟုတ်ဘူး...တွေ့ရမယ့်လူရှိတယ်။" ဆိုကာ ကားပေါ်ကနေ ဆင်းလာပြီး စျေးထဲသွားသည့်လမ်းတစ်လျှောက်မှာလည်း ငယ့်လက်ကိုမလွှတ်ပေးပဲ ကိုင်ထားမြဲဖြစ်သည်။

ညနေစောင်းတော့မည့်အချိန်မို့ စျေးထဲမှာလူသိပ်မစည်လှသော်လည်း စျေးသည်ပေါများသည်ကြောင့် မနက်ပိုင်းတစ်လျှောက်တော့ လူတော်တော်စည်ခဲ့မည်ဟု ငယ်ခန့်မှန်းမိသည်။

ဟိုအသည်၊ ဒီအသည်နှင့်လိုက်ကြည့်နေရင်း သူ့နောက်ကလိုက်လာနေရင်းမှ နေရာတစ်ခုရောက်တော့ သူကဆိုင်ရှေ့မှာ ရပ်သွားသည်။

"အထည်ကြည့်ချင်လို့...." ဆိုသော သူ့စကားကြောင့် ငယ့်မှာသူ့ထံသို့ကြည့်ကာ အံ့သြရသည်။

ငယ်တို့အတူရှိကြသည့် သက်တမ်းတစ်လျှောက်လုံးမှာ အဝတ်အစားဝယ်ခြင်းကိုတစ်ခါလေးတောင်မလုပ်ခဲ့ဖူးသည့်ထည်ဝါက ပုဂံကစျေးလေးထဲမှာ အထူးအဆန်းတွေလုပ်နေသည်။

"ဘယ်ဆင်လေးတွေပြပေးရမလဲ မောင်လေး...."

ထိုအသံကို ကြားဖူးသလိုလိုရှိတာကြောင့် ငယ်ကြည့်မိလိုက်တော့ ငယ့်မှာအထိတ်တလန့်ဖြစ်သွားရပြီး ချက်ချင်းပဲ ခြေလှမ်းတွေကိုနောက်ဆုတ်မိသွားသည်။

"လက်ဆောင်ပေးဖို့ အဆင်ပြေတာလေးတွေပြပါ အဒေါ်...."

သူဆုပ်ကိုင်ထားသော ငယ့်လက်ချောင်းတွေကိုဖျစ်ညှစ်လိုက်ခြင်းနှင့်ထပ်တူ ဆိုင်ရှင်ထံသော ကြည့်ကာ ပြောလိုက်သည့်သူ့ကို ငယ်နောက်ထပ်တစ်ကြိမ်မယုံကြည့်နိုင်သလို ကြည့်မိပြီး တကယ်ကိုပစ္စည်းတွေဝယ်နေသည့်သူက ငယ့်ကိုပြန်လှည့်မကြည့်ပဲ ပြန်ခါနီးမှ...
"၇၅၀၀၀ပေးလိုက်ဦး ငယ်..." ဟု ဆိုလာပြီး သူကိုင်ထားသည့် အိတ်ကို ငယ့်ထံပေးလာသည်။

"နောက်လည်း လာဝယ်နော် မောင်လေး။ အဆင်ပြေအောင် စျေးလည်းချော့ပေးပါ့မယ်။"

"ဟုတ်ကဲ့..ခွင့်ပြုပါဦး"

"အေး အေး၊ ကျေးဇူးနော်...."

သူနှင့်ထိုဆိုင်ရှင်အမျိုးသမီးက အပြန်အလှန်နှုတ်ဆက်ကြချိန်အထိ ငယ့်မှာဘာတစ်ခွန်းမှစကားမဆိုနိုင်ပဲ ထိုအမျိုးသမီးကိုတစ်လှည့်၊ သူ့ကိုတစ်လှည့် ကြည့်နေရင်းနှင့်သာ ဆိုင်ကနေပြန်ထွက်လာခဲ့ရသည်။

ထိုသို့ဆိုင်ကနေပြန်လှည့်လာသည်အထိ ဆိုင်ရှင်အမျိုးသမီးက ငယ့်ကိုမှတ်မိပုံမပေါ်ပဲ အရင်တစ်ခေါက်ကလို ငယ့်နောက်ကိုပြေးလိုက်ပြီးအော်ငိုတာမျိုးလည်းမရှိတော့ပေ။ထိုအမျိုးသမီးကိုမှတ်မိနေသည့် ငယ်ကသာရင်ထဲမှာဆွေးမြေ့မြေ့နဲ့ ငိုချင်လာတာဖြစ်သည်။

ငယ်ကပဲ အမြင်မှား၊ အမှတ်မှားတာလားဆိုပြီး သူ့ထံမှာ အတည်ပြုကြည့်မိသည်။
"ထည်ဝါ....အဲ့တာ အဲ့တာ ဟုတ်ပါတယ်နော်။"

"ဟုတ်တယ်၊ အဲ့တာ ဟိုတစ်ခေါက်တုန်းက ရူးနေတဲ့အမျိုးသမီးပဲ။"

"ပြန်ကောင်းသွားတာလား။"

"အင်း..."

ပုံမှန်အတိုင်း ဘာမှမဖြစ်သလိုနဲ့ ဖြေပေးပြီး သူက ကားတံခါးကိုဖွင့်ကာ ငယ့်ကိုကားထဲဝင်စေသည်။ ခဏကြာတော့ သူ့ကိုယ်တိုင်လည်းမောင်းသူနေရာမှာဝင်ထိုင်သည်။

"နင်ကုပေး လိုက်တာလား..."

"အင်း...."

ထိုမျှသာ သူကဖြေပြီး ငယ့်ဘက်ကိုပင်မကြည့် ကားကိုမောင်းထွက်လေသည်။ ဒီလိုသူ့အမူအရာတွေကို လိုက်ကြည့်နေရင်း ငယ်ငိုချင်လာသည်။ အကြောင်းပြချက်တွေတောင်းဖို့မလိုလောက်အောင်ကို ငယ့်ဘက်ကခံစားမိနေသော်လည်း...
"ဘာဖြစ်လို့လဲ..."

"ဒီတိုင်းပဲ...နင်က သူ့ကိုရင်းနှီးနေလို့။ ရူးပြီးလျှောက်သွားနေတာထက်ဆိုင်ရင် ဒီလိုမျိုးမြင်ရတော့ နင်လည်းစိတ်ချမ်းသာတယ်မဟုတ်လား။"

ငယ်ထင်သည့်အတိုင်းပဲ သူဟာ ငယ်နဲ့ပက်သက်သမျှကိုတိုင်းကို ဂရုစိုက်နေခဲ့တာဖြစ်သည်။

"ဘယ်လိုဖြစ်သွားတာလဲ။"
သူ့အမေးကို ပြန်မဖြေတော့ပဲ ကားမောင်းနေသည့် သူ့အနားကိုတိုးကပ်လာပြီး သူ့ကိုယ်ပေါ်ကိုအတင်းဝင်ထိုင်ဖို့ ကြိုးစားနေသော သမီးငယ်ကြောင့် သူသည် ကားကိုလမ်းဘေးချရပ်လိုက်ပြီး သမီးငယ်ကို ခေါ်ယူဖြစ်သည်။

"ငါ့ကို.... ငါ့ကို အများကြီးချစ်တာလားဟင်..."

ကားနောက်မှီကို နောက်သို့အနည်းငယ်လျောချနေစဥ်မှာ ကြားလိုက်ရသည့်စကားကြောင့် နီးကပ်ရှိနေသည့် သမီးငယ်၏မျက်နှာလေးကို ကြည့်မိသည်။ မျက်လုံးလေးတွေမှာ အရည်ကြည်လေးတွေနှင့် နှာခေါင်းကလည်းတစ်ခါတစ်ခါ ရှုံ့နေသေးသည်၊ နှုတ်ခမ်းလေးကလည်း ရှေ့သို့ထော်လန်နေပြီး ဘယ်လိုဟာလေးလဲ။

"ကြောင်ချေးရုပ်နဲ့ မချစ်ဘူး။ ဒီလိုကြီးရုပ်ဆိုးဆိုးဖြစ်နေရင် မချစ်တော့ဘူး။"

"အီးးး ဟီးးး..."

သူက စ,နောက်လိုက်မှပဲ အကျယ်ကြီးငိုချလေတဲ့ သမီးငယ်ကြောင့် သူ့မှာရယ်မောလိုက်ရသည်။ ပြီးတော့လည်း ဒီဟာလေးရဲ့ငိုသံလေးတွေစဲသွားအောင် ကျောပြင်လေးကို ခပ်ဖွဖွပွတ်သပ်ပေးမိတော့ အင်္ကျီက နောက်ကျောကွဲဒီဇိုင်းဖို့ဖြစ်မည် နူးညံ့တဲ့အသားစိုင်လေးတွေကို ကြားခံမပါပဲ ထိတွေ့ပွတ်သပ်ပေးရသည်။

စျေးသွားတာနဲ့၊ သမီးငယ်ငိုတာနဲ့ဆိုတော့ အချိန်က တစ်နာရီနဲ့မလောက်တော့ပဲ တခြားသူတွေက သွားနှင့်ပြီဖြစ်သည်။ ထို့ကြောင့် သမီးငယ်ကဖုန်းဆက်ပြီး နေရာကိုလှမ်းမေးသည်။

"ရွှေဆံတော်မှာတဲ့...."

ဖုန်းကိုချပြီးနောက် သမီးငယ်ပြောလာသည့် စကားကို သူ့ဘက်က....
"မသွားပဲနေမလား။" ဟု ပြန်မေးမိသည်။

ငယ်နာကျင်ရမှာကို စိုး၍ သူ့ဘက်ကထိုသို့ပြောလာမှန်း ငယ်သိနားလည်သော်လည်း ခေါင်းကိုခါယမ်းမိသည်။
"သွားမယ်...ဒါမယ့် ဟိုတယ်ကိုခဏပြန်ဦးမယ်။"

"နင့်သဘောပဲ...."

သို့နှင့် သူက ဟိုတယ်သို့ဦးတည်မောင်းပေးလိုက်ပြီး ဟိုတယ်၏ ပေါ်တီကိုအောက်မှာ ကားကိုရပ်လိုက်သည့် ခဏမှာ...
"ခဏပဲစောင့်..." ဆိုပြီး ကားပေါ်ကနေ အမြန်ပြေးဆင်းသွားသော သမီးငယ်ကို ကားမှန်ပေါက်ကနေ ခေါင်းထွက်ပြီးလိုက်ကြည့်မိသည်။

ခပ်မြန်မြန်နှင့်ပြေးသွားသည်ကြောင့် တစ်ချက်လေအဝှေ့မှာ အင်္ကျီနောက်ကျောဘက်က လှန်သွားသည်တွင် မြင်လိုက်ရသော အဖြူရောင်ရေးရေးလေးတွေကို သူပဲအမြင်မှားတာလားဟု ထင်မိသော်ငြား...

"ဒီမှာ ချိတ်လိုက် ထည်ဝါ...."

ရွှေဆံတော်ဘုရား၏ အလယ်ပစ္စယံ ညာဘက်ဒေါင့်အစွန်းနားတွင် သမီးငယ်ပြောသည့်အတိုင်း ဝါးဖြင့် သူလုပ်ပေးထားသော Dream Catcherလေးကို ဆွဲချိတ်ပေးလိုက်သည်။

ဒီ Dream Catcherလေးက အရင်တစ်ခေါက်ပုဂံက ပြန်လာစဥ်က အိမ်မက်ဆိုးတွေမက်တတ်သော သမီးငယ်အတွက် သူလုပ်ပေးခဲ့ခြင်းဖြစ်သည်။ သမီးနဲ့ အတူရှိသည့်တောက်လျှောက် မှာ ဒါလေးကို အမြဲတွေ့ရသည်။

'ဒါလေး ရှိမှ အိမ်မက်တွေလှတာ' လို့ပြောတတ်သော သမီးငယ်က အခုအခါမှာတော့ ဒီနေရာမှာချိတ်ဆွဲစေသည်။

"အင်း...ဒါဆို ရသွားပြီ။"
အပေါ်ကနေ ငုံ့ကြည်သည်ကြောင့် အောက်သို့တွဲလွဲလေးကျနေသော ဝါးသေးသေးလေးတွေက လေအဝှေ့မှာ အသံလေးတွေထွက်နေတာကို နားထောင်လို့ပဲကောင်းသည်ဟု ထင်ရသည်။ ဒါကိုပဲ ငယ်သဘောကျသည်။

"အသေချည်ထားတယ် မဟုတ်လားထည်ဝါ။ ပိုမြဲအောင် နောက်ထပ် ထပ်ချည်ပါဦးလား။"

ခဏတာမျှ ချိတ်ဆွဲသည်ထင်ပြီး ခေါက်တွန့်လေးသာချည်ပေးထားခဲ့သည်ကို ငုံ့ကြည်ပြီး သမီးငယ်က သူ့ထံကိုပြန်ကြည့်ပြီးပြောသည်။ ဒီစကားကို သူကြားသော်လည်း ပြန်မပြောနိုင်သေးပဲ အောက်သို့ဒူးတုပ်ထိုင်နေသော သမီးငယ်၏ကျောရိုးတစ်လျှောက် မြင်နေရသော ငွေမှင်ရောင် ဆွဲခြစ်ထားသည်ကိုသာ သူငေးနေမိသည်။

"ထည်ဝါ..."

ငယ့်မျက်နှာဆီမှာ အကြည့်တွေမရှိသည့်ထည်ဝါ့ကို တံတောင်တွတ်ပြီး အသံပြုမိသည်။

"သမီးငယ်...."

ခေါ်သံကြောင့်နဲ့ သူ့အကြည့်တွေရဲ့ဦးတည်ရာကို ငယ်သိလိုက်ပြီ။ ဒေလီယာပေးသော အင်္ကျီက လည်ပင်းအဝိုင်းဖြစ်ပြီး နောက်ကျောဘက်တစ်ခုလုံး ခွဲချထားသည်ကို ကျောလယ်လောက်မှာသာ ကြိုးသေးသေးလေးဖြင့် ဟိုဖက်၊ဒီဖက်တွဲချည်ထားရတာဖြစ်သည်။

အခုလို ဘုရားပေါ်မှာ လေတွေတိုက်တော့ အင်္ကျီက ခွဲချထားသောနေရာကနေ ခပ်လွင့်လွင့်ဖြစ်မှာကို အခုငယ်ကထိုင်ချထားတော့ ငယ့်နောက်မှာရပ်နေသည့်သူက မြင်နေမှာအသေအချာပင်။

ဘယ်လိုလုပ်မလဲ.... သိပ်မလိုတော့တဲ့ ငယ်တို့ရဲ့မွေးနေ့၊ပြီးတော့ ငယ်တို့ရဲ့ anniညကျမှ Supriseလုပ်မို့ဟာကို အခုတည်းကပေါ်သွားတော့မည်။ အတွေးနှင့်အတူ ချက်ချင်းပဲ ထ,ရပ်ပစ်လိုက်ပြီး သူ့ရှေ့ကနေပြေးထွက်မိသည်။

"အဲ့တာဘာလဲ သမီးငယ်။ ငါစိတ်မတိုသေးခင် မြန်မြန်ပြောလိုက်နော်။"

"အာ...ဘာမှမဟုတ်ဘူး။ ဒီတိုင်း လျှောက်ဆော့ထားတာ...."
သူ့ကို လိမ်လို့မရမှန်းသိပေမယ့်လည်း ကြိုးစားပြီး လိမ်ဆင်လေးတွေထုတ်ပြောမိသည်။

"ဒါကြောင့် ကျောနာတယ်ဖြစ်နေတာပေါ့၊ လာ လာ...နင် ဒီကိုလာလိုက်"

နေရာကနေ ခါးထောက်ပြီး ငယ့်ကိုလက်ယပ်ခေါ်နေသည့် သူ့ပုံစံကို ငယ်တော့ရယ်ချင်လာသည်။ ထိုကြောင့်နဲ့ပဲ...
"ကိုဘုန်းကလည်းကွာ...." ဆိုပြီး တမင်နွဲ့ပြောကာ ချစ်စရာကောင်းနေတဲ့ သူ့ရဲ့အမူအရာလေးကိုကြည့်နေရင်း နေနိုင်မထိုင်နိုင်နဲ့ပျော်ရွှင်မှုတွေက ခန္ဓာကိုယ်ကိုပါ အနည်းငယ်လှုပ်ယမ်းသွားစေသည်။

ငယ့်ရဲ့ဒီလိုအပြောနဲ့ ဒီလိုအမူအရာကိုကြည့်ပြီး သူကချက်ချင်းပဲ ဘေးတစ်ဖက်တစ်ချက်ကို အကြည့်ပို့တော့သည်။

ဘေးက လူတွေက ငယ်တို့ဆီမှာအာရုံမရှိဘူးဆိုမှ....
"နင်တော့ သေချင်ပြီ...." ဆိုကာ ငယ့်နားကို ပြေးလာတော့သည်။

ဒီလိုဆို နောက်ကလိုက်ပြီးဖမ်းပေးမည့်သူရှိပြီမို့ ငယ်လည်း ရှေ့ကနေ ပြေးသွားလိုက်သည်။ ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့သည့် ရွှေဆံတော်ဘုရားမှာ ဒီတစ်ခါတော့ ဝမ်းနည်းကြေကွဲလွမ်းဆွတ်ဖွယ်ရာတွေအစား ငယ်ရော၊သူပါ ပျော်ရွှင်စွာနဲ့ရယ်မောရင်း ပြေးလွှားဆော့ကစားခဲ့ကြသည်။

____________________

Zawgyi......


"ေမာင္ေတာ္နဲ႔တူတဲ့ သားေတာ္ေလး တစ္ပါးေလာက္ေမြးဖြားႏိုင္ရင္ေကာင္းမယ္ ေမာင္ေတာ္ဖုရားရယ္။"

ဆံေတာ္ဘုရား၏အလယ္ပစၥယံမွာ ရပ္၍ အေနာက္ဘက္ေနဝန္းႀကီးဆီေငးေနရင္း ညႇိဳးႏြမ္းေနပုံရသည့္ မ်က္ႏွာေလးေၾကာင့္....
"ျဖစ္လာမွာေပါ့ ႏွမေတာ္ရယ္။ ဒါအတြက္ေၾကာင့္နဲ႔ေတာ့ စိတ္ေတာ္မညႇိဳးလိုက္ပါနဲ႔ ။" ဟု ႏွစ္သိမ့္ေပးျဖစ္သည္။

"တျခားေၾကာင့္ မဟုတ္ပါဖုရား။ ႏွမေတာ္ျမတ္ႏိုးရတဲ့ ေမာင္ေတာ္ဖုရားနဲ႔တူတဲ့ သားသမီးရတနာေလးေတြေတာ့ လိုခ်င္မိတာအမွန္ပါ....."

ထိုမွ်ႏွင့္တင္ ဆက္မေျပာႏိုင္ေတာ့ပဲ ရင္ခြင္ထဲကိုခိုဝင္လာသည့္ ဒီနန္းအလွဟာ ဘဝမွာ အျမတ္ႏိုးရဆုံးသူ။ သူ႔စိတ္ေတြကို အခ်စ္ေတြႏွင့္ႏူးညံ့ေစခဲ့သူျဖစ္သည္။

"ႏွမေတာ္ရဲ႕ဘဝမွာေလ ေမာင္ေတာ္ကသာအခ်စ္ဦးပါ....ေမာင္ေတာ့္ရဲ႕လက္႐ုံးရည္၊ႏွလုံးရည္၊ သြင္ျပင္လကၡေတြအားလုံးကို ႏွမေတာ္ျမတ္ႏိုးတြယ္တာရပါတယ္။"

"အတူတူပါပဲ ႏွမေတာ္။ ေမာင္ေတာ့္အတြက္လည္း ႏွမေတာ္ကအခ်စ္ရဆုံးသူပါ။"

ႏွစ္ႀကိမ္ႏွစ္ခါ အရွက္တကြဲျဖစ္ၿပီးသည္အထိ မစြန္႔လြတ္ႏိုင္ပဲျဖစ္ရတဲ့ ဒီႏွလုံးသားသက္လ်ာ။ ခ်စ္ဦးမဟုတ္ခဲ့ေပမယ့္ အခ်စ္ဦးထက္ပိုရတဲ့ႏွမေတာ္ကို....
"ေနာက္ဘဝေတြဆိုရင္ ေမာင္ေတာ့္အတြက္လည္း အခ်စ္ဦးဟာ ႏွမေတာ္ပဲျဖစ္ေစရပါမယ္။ ဒီေ႐ႊဆံေတာ္ဘုရားကို အမႉးျပဳၿပီး ေမာင္ေတာ္ သစၥာတည္ပါ့မယ္။"

"ေနာက္ဘဝ.....ေနာက္ဘဝေတြအထိ ေမာင္ေတာ္ကခ်စ္ဦးမွာလား။"

မိဖုရားေခါင္၊ ဦးေဆာက္ပန္းအပါအဝင္ ေနာက္ထပ္မိဖုရားတစ္ပါးရွိေသးသည့္ ေမာင္ေတာ့္ႏွလုံးသားမွာ ေႏွာင္တြယ္ဖို႔သားသမီးဆိုသည့္သံေယာဇဥ္ႀကိဳးထပ္မခ်ည္ႏိုင္ခဲ့သည့္ သူမက ဘယ္ေလာက္ၾကာၾကာအထိ စြဲၿမဲေနမလဲဆိုတာ မေသခ်ာေသးခင္မွာပဲ ေနာက္ဘဝေတြဆိုသည့္ စကားေၾကာင့္ အံ့ၾသဝမ္းသာစြာႏွင့္ ရင္ခြင္ထဲကေန႐ုန္းထြက္ကာ ေမာင္ေတာ့္မ်က္ႏွာကို ေမွ်ာ္လင့္ႀကီးစြာႏွင့္ၾကည့္ရင္း ေမးမိသည္။

"ခ်စ္မွာေပါ့ကြယ္။ ေနာက္ဘဝအဆက္ဆက္ေတြအထိ ႏွမေတာ္အေပၚမွာထားတဲ့ေမာင္ေတာ့္ေမတၱာက ပ်က္ယြင္းမွာမဟုတ္ပါဘူး။"

အျပန္အလွန္ေျပာေနၾကေသာ စကားမ်ားကို ျမင္ေန၊ၾကားေနရရင္း ႏွလုံးသားတစ္ခုလုံး ေရေအာက္ၾကမ္းျပင္ဆီမွာေရာက္ေနသလို နစ္မႊန္းေနရင္းမွ....

"လူနာက သားေယာက်ာ္းေလးေမြးပါတယ္"

ေမြးဖြားခန္းထဲက ထြက္လာေသာ သူနာျပဳဆရာမ၏အသံႏွင့္အတူ...
"ထည္ဝါ...ထည္ဝါလို႔ နာမည္ေပးမယ္။ "

သမီးငယ္၏ ဒီစကားမွာ ၿပဳံး႐ႊင္ကာသြားသည့္သူ႔မ်က္ႏွာက သားဆိုသည့္အားတစ္ခုေၾကာင့္လား၊ သမီးငယ္ဆိုေသာ သူ႔ရဲ႕ သမီးငယ္ကေမြးဖြားေပးတဲ့သားဦးရတနာဆိုေသာ အသိေၾကာင့္လားဆိုတာ အခုအခါမွာ ေဝခြဲမရခ်င္ေတာ့ေပ။

အိမ္မက္ကေနလန္႔ႏိုးလာၿပီး မ်က္ႏွာကို ပြတ္သပ္လိုက္ေတာ့ စိုစြတ္မႈအနည္းငယ္ကိုခံစားလိုက္ရသည္။ နံေဘးမွာရွိေနတဲ့ သမီးငယ္ကို ငုံ႔ကာၾကည့္ေနရင္း သူသည္ ခပ္ဖြဖြေလးအနမ္းေႁခြမိသည္။

ထိုကေနဆက္မအိပ္ျဖစ္ေတာ့သည္က မနက္လင္းခါနီးမွ ေမွးခနဲအိပ္ေပ်ာ္သြားသည္။

အိပ္ရာကေန အရင္ႏိုးလားေသာငယ္က အိပ္ေပ်ာ္ေနဆဲသူ႔မ်က္ႏွာတစ္လုံးကို အနမ္းေတြေဝေပးခဲ့ၿပီး ေရခ်ိဳးခန္းထဲသို႔ဝင္ခဲ့လိုက္သည္။

"စိတ္တိုေနတာမွမဟုတ္ဘဲ စိတ္ဆိုးတုန္းခဏေတာ့ မင္းကစေခ်ာ့ေပါ့အခ်စ္ရယ္။"

မနက္သစ္ၿပီးေသာ္လည္း အျပင္ကိုမထြက္ေသးပဲ ေရခ်ိဳးခန္းထဲက  မွန္ကိုၾကည့္ကာ ငယ္ေရ႐ြတ္မိသည္။ ၿပီးေတာ့ ငယ္ကိုယ္တိုင္ပဲ ကိုယ့္စကားကို ၾကားေယာင္ရင္းၿပဳံးေနေတာ့သည္။

"ငယ္ေရ....."

ၿဖီးေနတဲ့ပါးစပ္ကို ျပန္လည္လို႔တည္လိုက္ၿပီး ေရခ်ိဳးခန္းတံခါးကို အျမန္ဖြင့္ကာ အခန္းတံခါးအထိေျခသံလုံလုံႏွင့္ အေျပးလာခဲ့သည္။ အခန္းတံခါးပြင့္သြားသည္ႏွင့္...
"တိုးတိုးး...ထည္ဝါ အိပ္ေနတယ္။"

"ဟိုမွာ ႏိုးေနၿပီ။"

ေဒလီယာ့စကားေၾကာင့္ ငယ္အိပ္ရာဆီသို႔လွည့္ၾကည့္လိုက္ေတာ့ အိပ္ရာကေနထ,လာၿပီျဖစ္တဲ့သူက ေရခ်ိဳးခန္းဘက္ဆီသို႔ေလွ်ာက္သြားသည္ကိုေတြ႕လိုက္ရသည္။

"အဲ့တာ နင္ေအာ္လိုက္လို႔...."

"ကဲ သခင္မရယ္။ သခင္မရဲ႕ ေမာင္ေတာ္ဖုရားႏိုးသြားတာ ကြၽန္မေၾကာင့္ပါ။ အဲ့တာေၾကာင့္ ကြၽန္မကိုအျပစ္ေပးပါေတာ့...."

"ထား ထားလိုက္ေတာ့၊ ေျပာ ဘာကိစၥလာတာလဲ။"

"ဟြန္း အခုမွပဲလိုရင္းေရာက္ေတာ့မယ္။ ဒီမယ္ လင္ထိပ္ထားစံ၊ ရွင္ ညေနခင္းမွာဝတ္ဖို႔အဝတ္လာပို႔ေပးတာ။ ေရာ့...."

အဝတ္ထည့္လာေသာ အိတ္ကို ငယ္ကလက္ခံၿပီးသည္ႏွင့္ ေနရာကေနရွာခနဲလွည့္ထြက္သြားသည့္ ေဒလီယာကို ၾကည့္ရင္း ငယ္အံ့ၾသေနမိသည္။

"သမီးငယ္...."

"အင္း....ဟင္၊"

"မနက္စာစားဖို႔ သြားမယ္။"

"အင္း...."

အခန္းတံခါးနားကေနပဲ အဝတ္အိတ္ကို အိပ္ရာအထက္သို႔ လွမ္းပစ္တင္လိုက္သည္။ ၿပီးမွ ေဘးမွာေရာက္ေနၿပီျဖစ္တဲ့ သူ႔လက္ကိုတြယ္ခ်ိတ္ကာ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။

"ဟိုမွာလာၿပီ လင္ထိပ္ထားစံ...."

ငယ္တို႔လာေနသည္ကို ျမင္ျမင္ခ်င္းမွာပဲ ေဒလီယာကထိုသို႔ေျပာလာေတာ့ ငယ့္မွာ မ်က္ခုံးေလးပင့္႐ုံသာ လုပ္ျပလိုက္ၿပီး ဝင္ထိုင္ကာ မနက္စာအတြက္ျပင္ဆင္ေပးထားေသာ ေဖ်ာ္ရည္တစ္ခြက္ကို အရင္ေသာက္လိုက္သည္။

"ေရာ့ငယ္...ဒါေလးေကာင္းတယ္။"

ငယ္တို႔တေတြရဲ႕ထုံးစံအတိုင္းပဲ စားေကာင္းသည္မ်ားကို မွ်ေဝစားေသာက္ေနရင္းႏွင့္ မနက္စာဝိုင္းၿပီးဆုံးသြားသည့္အခါမွ သူ႔ထံသို႔ၾကည့္မိသည္။

"မစားဘူးလား ထည္ဝါ..."

"အင္း။ တျခားဟာမွာထားတယ္...."

ထိုအခါမွပဲ မနက္စာအျဖစ္ သူစားတတ္သည္မ်ားက ဒီစားပြဲတြင္ရွိမေနသည္ကို ငယ္သတိထားလိုက္မိသည္။ သို႔ဆိုလွ်င္ေတာင္မွပဲ အျပင္စာစားဖို႔ကိုေၾကာက္တတ္လြန္းတဲ့ သူတို႔မိသားစုရဲ႕ ခ်စ္စရာအက်င့္ေလးကို ငယ္ေမ့ေလ်ာ့ေနခဲ့သည္။

"ငါ တစ္ခုခုသြားၿပီး စီစဥ္ေပးရမလား။"

"ရတယ္...ငါမွာလိုက္ၿပီ။"

ငယ္တို႔တေတြေပ်ာ္ေပ်ာ္ပါးပါးနဲ႔ စားေသာက္ေနသည့္အခ်ိန္မွာ သူ႔ကိုအာ႐ုံမစိုက္မိလိုက္တာေၾကာင့္ အခုထိသူဘာမွမစားရေသးတာကို မနက္စာစားၿပီးမွပဲသိလိုက္ရတာျဖစ္သည္။ စိတ္မေကာင္းစြာနဲ႔....
"ေဆာရီး...." လို႔ထုတ္ေျပာမိေတာ့ သူကဘာမွမျဖစ္သလိုပင္ ေပါ့ပါးစြာေျဖေပသည္။

"အဲ့တာ ဘာျဖစ္သြားတာလဲ။ စိတ္မေကာင္းမျဖစ္နဲ႔။ ၿပီးရင္သာ ငါ့ပါစတာသာ ႏႈိက္မစားနဲ႔..."

ထိုသို႔ေျပာၿပီး ငယ္ေသာက္လက္စ ေဖ်ာ္ရည္ဖန္ခြက္ကိုယူသြားၿပီး သူကေသာက္ေတာ့ ငယ္စိတ္သက္သာရာရ ရသည္။

ေဖ်ာ္ရည္ေမာ့ေသာက္ေနသည့္ သူ႔ကိုၾကည့္ေနဆဲမွာပဲ လာခ်ေပးသည့္ ပါစတာက ျပင္ဆင္ထားပုံေတာ္ေတာ္လွသည္။ ၿပီးေနာက္တြင္ ငယ္ဆက္တိုက္ၾကည့္ေနဆဲမွာ သူစားေနသည့္ပုံစံက ငယ့္ရဲ႕စားခ်င္စိတ္ကိုအရမ္းဆြဲေဆာင္ေနသလိုပင္။

ထို႔ေၾကာင့္ပဲ...
"စားၾကည့္မယ္...." ဟု ကမန္းကတန္းေျပာကာ ယူစားလိုက္သည္။

ပါးစပ္ေရာက္လာတဲ့ ပါစတာက အရင္စားေနက်ေတြနဲ႔မတူပဲ အရမ္းစားလို႔ေကာင္းေနတာေၾကာင့္ ေခါက္ဆြဲသား အိအိေလးေတြကိုဝါးေနရင္းကေန ငယ္တိုထံၾကည့္ေနေသာ သူငယ္ခ်င္းမေတြဆီကို လက္မေထာင္ျပလိုက္သည္။

"ငါ ပါစတာ ထပ္စားမယ္။"

"ငါေရာ..."

"ငါလည္းပဲ..."

အခုေလးတင္မွ မနက္စာစားျခင္းကို လက္စသတ္လိုက္ၾကေသာ ငယ္တို႔အုပ္စုသည္ ပါတာထပ္မွာ၍ စားၾကျပန္သည္။ စားလို႔ေသာက္လို႔ၿပီးစီးသြားေတာ့ မနက္စာ၂ခါစားလိုက္ရျခင္းေၾကာင့္ ေတာ္ေတာ္ေလး ဗိုက္ျပည့္သြားေတာ့သည္။

"မနက္ပိုင္းေတာ့ ကိုယ့္အစီအစဥ္နဲ႔ကို လိမ့္ၾကေနာ္။ ညေနခင္းပိုင္း ငါေပးထားတဲ့အက်ႌေတြဝတ္ၿပီး ထြက္လာခဲ့..."

"Ok..."
ေျပာၿပီး ထ,ထြက္သြားေသာ မိုးျမင့္တို႔အတြဲေနာက္ကေန ဆက္တိုက္ထြက္သြားၾကတာ ေနာက္ဆုံးေတာ့ မနက္စာဝိုင္းမွာ ငယ္နဲ႔သူပဲက်န္ခဲ့ရသည္။

"ငါတို႔ဟိုတစ္ေခါက္လာတုန္းက ေတြ႕တဲ့ ဟိုအမ်ိဳးသမီးႀကီးကိုလည္းမေတြ႕ရဘူးေနာ္။"

"ရွာေနတာလား..."

"အင္း...ေရာက္ကတည္းက သူနဲ႔မ်ားေတြ႕မလားဆိုၿပီး ဘုရားနားေတာင္ေရာက္ၿပီးသြားၿပီ။ ဒီဟိုတယ္ကဝန္ထမ္းကိုေမးၾကည့္ေတာ့လည္း မေတြ႕တာေတာ္ေတာ္ၾကာၿပီလို႔ ေျပာတယ္။"

"ဘာလုပ္ဖို႔ ရွာတာလဲ။ မဟုတ္မွ...သူေျပာတာေတြကို ယုံေနတာေတာ့မဟုတ္ဘူးမလား။"

ကြက္တိက်ေနသည့္ သူ႔အေမးမွာ ငယ္ျပန္မေျဖႏိုင္ေတာ့ပဲ သူ႔ထံသို႔ၿဖီးကာျပလိုက္ေတာ့သည္။ ထို႐ူးေနသည့္အမ်ိဳးသမီးႀကီးေျပာတာကို ယုံတာေတာ့လည္းမဟုတ္ေပမယ့္ ထိုအမ်ိဳးသမီးေျပာတာေတြကို အစစ္အမွန္လို႔ ငယ့္စိတ္ကထင္မွတ္ေနသည္။

အဲ့ဒီအမ်ိဳးသမီးေျပာခဲ့တာေတြက ငယ္တကယ္ပဲႀကဳံေတြ႕ခဲ့ရသလိုမ်ိဳးခံစားေနရတာျဖစ္သည္။ ပုဂံနဲ႔ေဝးေနတုန္းက ၿငိမ္သက္ေနခဲ့တဲ့ငယ့္ရဲ႕ ဦးေႏွာက္ဆဲလ္ေတြက ျပန္ၿပီးအသက္ဝင္လႈပ္ရွားလာသလိုပင္...
"ညက အဲ့ဒီအိမ္မက္ကို ျပန္မက္တယ္။ ေစာင့္ေနရတုန္းပဲ၊ နာက်င္ေနရတုန္းပဲ....ဘယ္အခ်ိန္မွေရာက္လာမွာလဲ မသိတဲ့သူကိုေစာင့္ေနရတာ နာက်င္ပူေလာင္ရတုန္းပဲ"

"ေတာ္ၿပီ မဟုတ္တာေတြမေျပာနဲ႔ေတာ့။ အခန္းျပန္မယ္....."

ေျပာၿပီးခ်က္ခ်င္းပဲ သူကထ,ရပ္ၿပီး ငယ္လက္ကိုဆြဲကာ အခန္းဆီသို႔ေလွ်ာက္သြားသည္။ အခန္းထဲကိုေရာက္မွ ငယ့္လက္ကိုလႊတ္ေပးတာျဖစ္ေပမယ့္လည္း ဘာကိုစိုးရိမ္တာလဲေတာ့မသိေပမယ့္ သူကအခန္းတံခါးကိုပါ ေလာ့ခ်ပစ္သည္။

"ငါေမးမယ္ သမီးငယ္..."

အခန္းတံခါးကိုေလာ့ခ်ၿပီး ခုတင္ေျခရင္းက ကြက္လပ္ေနရာမွာ ေတာင္နဲ႔ေျမာက္ကို ဆက္တိုက္ ေလွ်ာက္သြားေနသူကို ၾကည့္ေနရင္းမ်က္စိေနာက္လာသည့္အခ်ိန္ႏွင့္ကြက္တိမွာ လမ္းေလွ်ာက္ေနသူက ငယ့္ထံကိုၾကည့္လာၿပီး ေျပာလာတာျဖစ္သည္။

"နင္ ကေလးထပ္လိုခ်င္ေသးလား။"

"အမ္ အခုမွမိုးလင္းတာကို..."

"က်စ္...ေလွ်ာက္မေတြးနဲ႔။ ငါေမးတာပဲေျဖစမ္းပါ။"

"အင္း... အင္း၊ လိုခ်င္ေသးတယ္။ အခုခ်က္ခ်င္းႀကီးမဟုတ္ဘူးေနာ္...."

ရင္ဘက္ေရွ႕မွာ လက္ကိုၾကက္ေျခခတ္ျပၿပီးေျပာေနပုံကို စိတ္မရွည္ခ်င္ေသာ္လည္း အေျဖကိုသေဘာက်သည္ေၾကာင့္ ေနာက္ထပ္ေမးခြန္းတစ္ခုကို ထပ္ေမးလိုက္သည္။

"ဘာျဖစ္လို႔ လိုခ်င္တာလဲ..."

"ဒီတိုင္း...နင္နဲ႔တူတဲ့ ကေလးေလးေတြအမ်ားႀကီးလိုခ်င္လို႔ပဲ။ ေျပာရရင္ ကေလးေလးေတြအမ်ားႀကီးလိုခ်င္တယ္ တကယ္။ ငါ့ကေလးေတြရဲ႕အေဖက နင္ ဆိုတဲ့အသိကအရမ္းမိုက္တယ္သိလား။"

"သမီးငယ္...."

"အမ္..."
ဝမ္းသာစြာႏွင့္ေျပာျပေနတုန္း ဝမ္းနည္းရိပ္ေတြလႊမ္းေနသည့္ သူ႔အသံေၾကာင့္ သူ႔ထံကိုၾကည့္မိေတာ့ အခုပဲ ၿပိဳက်ေတာ့မလိုလိုနဲ႔ သူ႔မ်က္ႏွာဟာ ငယ့္ကိုအံ့ၾသေစသည္။

"အခုထက္ပိုၿပီးေစာင့္မေနလည္း ရၿပီ။ ငါရွိေနတာပဲ....ဘာလို႔ေစာင့္ေနမွာလဲ။ နင့္အနားမွာငါရွိေနၿပီပဲ၊ နင္က ငါ့ရဲ႕အခ်စ္ဆုံးတင္မဟုတ္ပဲ အခ်စ္ဦးလည္းဟုတ္ေနၿပီပဲ...။"

"ငါက အခ်စ္ဆုံး...ခဏ ခဏ၊ ငါ့ကို အခ်စ္ဆုံးလား။"

ေပ်ာ္ရလြန္းလြန္၍ ကဆုန္ေပါက္ၿပီး သူ႔အနားကိုေျပးသြားကာ သူ႔လည္ပင္းဆီတြဲခိုၿပီး ၿပဳံး႐ႊင္ေနမိသည္။

"အင္း...နင့္ကိုအခ်စ္ဆုံး"

ေပ်ာ္လြန္းေနပါတယ္ဆိုမွ ဒီမ်က္ဝန္းညိဳညိဳေတြက လူကိုအေသသတ္ေနေတာ့သည္။ ဒီမ်က္ဝန္းေလးေတြမွာပါ ျမင္ေနရတဲ့ ငယ့္ကိုခ်စ္တဲ့အေၾကာင္းေတြ။ ငယ့္ကိုဂ႐ုမစိုက္သူကေလ ၊ ငယ္သိပ္သေဘာက်ရတဲ့ မ်က္ဝန္းညိဳညိဳေတြနဲ႔ ငယ့္ကိုၾကည့္ေနၿပီး ဒီလိုေျပာလာေတာ့ အခုေနခါမွာ ေသရမွာဆိုရင္ေတာင္ ငယ့္မွာေနာင္တဆိုတာမရွိေလာက္ေတာ့ဘူးဟု ထင္သည္။

"ၿပီးေတာ့ နင္က ငါ့အခ်စ္ဦး၊ သမီးငယ္ နင္ကငါ့အခ်စ္ဆုံး ခ်စ္ဦးသူပါဟာ..."

ခါးေတြဆီကို ေပြ႕ဖက္လာသည့္ သူ႔လက္ေတြက ငယ့္ခႏၶာကိုယ္ထဲသို႔ ေပ်ာ္႐ႊင္မႈေတြသြင္းေပးေနသလိုပင္။ သူ႔နဲ႔အခုလိုေနရင္း ငယ့္စိတ္ထဲမွာ အလုံးစုံအားလုံးကို ေပ်ာ္ေနေတာ့သည္။

ဒီလိုနဲ႔ ေျခဖ်ားေထာက္ကာ သူ႔ကိုေမာ့ၾကည့္ေနရေသာ ငယ့္ကို ခဏေလာက္ၾကာေတာ့ ခါးကေနကိုင္ေျမႇာက္ကာ သူ႔ခါးဆီမွာေျခခ်ိတ္ေစသည္။ သူပခုံးတစ္ခုလုံးကို ေပြ႕ဖက္ထားရာကေန သူ႔ကိုယ္ေပၚမွာ ခုန္ေပါက္လႈပ္ယြကာ ေပ်ာ္႐ႊင္မႈေတြကို ထုတ္ျပလိုက္ခ်င္ေတာ့သည္။

သို႔ေသာ္လည္း စိတ္မရွည္တတ္သူ၏အက်င့္ကိုသိတာမို႔ သူလိုက္ေလ်ာသေလာက္နဲ႔တင္ တင္းတိမ္လိုက္ဖို႔ ဆုံးျဖတ္ထားေတာ့သည္။

"သမီးငယ္... သမီးငယ္"

လက္ေမာင္းေသးေသးေလးကို သူ႔လက္ေခ်ာင္းေတြႏွင့္ဆုပ္ကိုင္ထားရင္း ႏႈိးသည့္တိုင္ အိပ္ပုတ္ႀကီးေနသူဟာ လူးလြန္႔လို႔ပင္မလာေသး။

"သမီးငယ္...."

ဒီေလာက္ဆို သမီးငယ္တစ္ေယာက္ သူဘယ္လိုႏႈိးႏႈိး ထ,လာမွာမဟုတ္တာကို သိလိုက္သည္။ ခ်က္ခ်င္းပဲ အိပ္ေပ်ာ္ေနသူကို ေကာက္ေပြ႕ၿပီး ေမြ႕ကာအထက္မွာတင္ မတ္တပ္ရပ္လိုက္ကာ ကုတင္ေပၚကေန ဆင္းခဲ့လိုက္သည္။

ေရခ်ိဳးခန္းထဲထိေပြ႕ခ်ီသြားေပးသည္က သူ႔ရဲ႕အလိုက္ေလ်ာဆုံး ဆုံးျဖတ္ခ်က္ပဲျဖစ္လိမ့္မည္။

"မ်က္လုံးဖြင့္ေတာ့။"

ဒီဟာေလးက သူႏႈိးကတည္းက ႏိုးေနတာျဖစ္သည္ကို သိေသာ္လည္း followေလးလိုက္ရင္ အိပ္ရာေပၚကေန ေပြ႕ခ်ီခဲ့ေပးကာ ေရခ်ိဳးခန္းထဲထိပို႔ေပးၿပီးၿပီ။ ဒီေလာက္ဆို သူ႔ရဲ႕လိုက္ေလ်ာမႈက လုံေလာက္ေအာင္သက္ေသျပလို႔ၿပီးၿပီမဟုတ္လား။

"ေနာက္က်ေနၿပီ ျမန္ျမန္လက္စသတ္ၿပီးထြက္လာခဲ့..."

ငယ္ယူလာေပးခဲ့တဲ့ ေပါင္လယ္ေလာက္ရွိသည့္ဂ်င္းေဘာင္းဘီႏွင့္ Teeလက္ရွည္တစ္ထည္ကို ဝတ္ဆင္ထားေသာသူက ေရခ်ိဳးၿပီးခါစေၾကာင့္လည္းပါမည္၊ နဂိုအရင္းခံေလးကိုက ေခ်ာေမာေနတာေၾကာင့္လည္းျဖစ္မည္...ေတာ္ေတာ္ေလးကိုေခ်ာေမာေနေတာ့သည္။

အရင္ကေတာ့ အသားေလးနည္းနည္းမဲတာကလြဲလို႔ ထည္ဝါကေယာက်ာ္းပီပီသသ မ်က္ဝန္းညိဳညိဳေတြေၾကာင့္ႏွင့္ ဆြဲေဆာင္အားေကာင္းသည့္ပုံစံမ်ိဳးျဖစ္သည္။ အခုအခါ အရင္လိုအျပင္ထြက္တာမ်ိဳးမရွိသည္မို႔ သူ႔မာမီနဲ႔အမ၏ စကင္းကဲဆိုတာေတြႏွင့္ အညိဳေရာင္လက္လက္အသားအရည္ေလးကို ငယ့္မွာေက်နပ္လို႔မဆုံးပဲ အိမ္မွာေနရင္း ငယ္ပဲျမင္ခြင့္ရတဲ့ ဒီအမ်ိဳးသားေလး၏ေက်ာျပင္ကိုၾကည့္ၿပီး ရင္ထဲပီတိျဖာေဝလို႔မဆုံးေပ။

ဒီလို ငယ့္ဘက္က အရာရာမွာအရမ္းအရမ္းကိုခ်စ္ျပၿပီး၊ အတင္းလိုက္ကပ္ခဲ့ရတဲ့ ကိုစိတ္မရွည္တတ္သူေလးဟာ ဟီိးဟီး ငယ့္ကိုအခ်စ္ဆုံးတဲ့။ ၿပီးေတာ့ ငယ္ကအခ်စ္ဦးတဲ့....ဟီးး ငယ္က ငယ္ကေလ...သူ႔ရဲ႕ အခ်စ္ဆုံးခ်စ္ဦးသူတဲ့။

"မၿပီးေသးဘူးလား သမီးငယ္။"

ေရပန္းေအာက္မွာရပ္ရင္း ပက္က်ိတေကာင္လိုမ်က္ႏွာေခ်ာ္က်ိက်ိႏွင့္ တီေကာင္လို ခႏၶာကိုယ္တစ္ခုလုံးတြန္႔ခ်ိဳးေနရင္းက အျပင္ဘက္ကအသံေၾကာင့္ ေတြးလက္စအားလုံးကေပ်ာက္ျပယ္သြားရေတာ့သည္။

သို႔ေသာ္လည္း စိတ္မရွည္တတ္တဲ့သူ႔အက်င့္ကိုသိတာေၾကာင့္ သူ႔မျမင္ကြယ္ရာမွာမ်က္ႏွာတစ္ခ်က္မဲ့လိုက္ၿပီး ခပ္ျမန္ျမန္ပဲလက္စသတ္ကာ အခန္းျပင္ထြက္လာခဲ့လိုက္သည္။

မိတ္ကပ္ျပင္ေနရင္းကေန ဘာရယ္မဟုတ္ပဲ နာရီဆီၾကည့္လိုက္ေတာ့ အခုမွေန႔လည္၂နာရီသာရွိေသးသည္။ သူငယ္ခ်င္းမေတြနဲ႔က ညေန၃နာရီခြဲေလာက္မွခ်ိန္းထားတာျဖစ္သည္။

ထိုေၾကာင့္ ကုတင္အစြန္းမွာ ထိုင္ေနသူထံလွည့္ၾကည့္ရင္း....။
"ညေန၃နာရီေလာက္မွ သြားမွာေလ ထည္ဝါ။ အခုမွ ႏွစ္နာရီပဲရွိေသးတယ္...."

"တျခားသြားစရာရွိေသးတယ္။ ျမန္ျမန္အက်ႌဝတ္ေတာ့ အေအးမိမယ္..."

"အင္း...."

မွန္တင္ခုံေရွ႕ကေန ထ,ကာ အဝတ္ထည့္လာေသာ အိတ္ထံသို႔သြားလိုက္ၿပီး မနက္ကေဒလီယာျပစ္ေပးခဲ့သည့္ အိတ္ထဲက အက်ႌေငြမွင္ေရာင္ေလးႏွင့္ A_line skirtကိုမွ အနားမွာအတြန္႔ခပ္ႀကီးႀကီးေလးပါသည့္ ႏို႔ႏွစ္ေရာင္ေလးကိုတြဲဖက္ဝတ္ဆင္လိုက္သည္။

"မနက္ျဖန္ ျပန္မယ္ သမီးငယ္။ "

"ဟင္...."

"နင့္သူငယ္ခ်င္းေမြးေန႔က ဒီေန႔မဟုတ္လား။ ဒီေန႔ထိေနေပးရင္ ေတာ္ၿပီ။ "

ဆံပင္ေတြၿဖီးသင္ေနရင္းကေန သူ႔ကိုလွည့္ၾကည့္ရင္း ငယ္ငိုမိေတာ့မည္ထင္သည္။ သူငယ္ခ်င္းေတြေတာင္မျပန္ေသးပဲ ငယ္တစ္ေယာက္ပဲျပန္သြားရမွာကို ျဖတ္ခနဲေတြးမိရင္း ခ်က္ခ်င္းပဲငိုခ်င္လာေတာ့သည္။

"က်စ္...မငိုနဲ႔။ ျပင္ထားတာေတြပ်က္ကုန္မယ္"

မ်က္ခမ္းစပ္ေနရာအထိ ေရာက္ေနၿပီျဖစ္ေသာ ငယ့္မ်က္ရည္ကို သူကခါတိုင္းလို တယုတယနဲ႔ဖယ္ရွားေပးရင္း ထိုင္ေနသည့္ငယ့္ကို သူ႔ဗိုက္ဆီမွာ မွီတည္သြားေစသည္။ ၿပီးမွ...

"ေနခ်င္လည္းေန...." ဟု ေလေျပေအးႏွင့္ ေျပာလာသည္။

မယုံၾကည္ႏိုင္သလို သူ႔ထံေမာ့ၾကည့္ရင္း...
"နင္ေရာ ေနမွာလား" ဟု ေမးမိသည္။

"အင္း ေနေပးမယ္။ " လို႔ ေျပာလာၿပီးေနာက္ သူ႔ကငယ့္လက္ထဲက ေခါင္းၿဖီးကိုယူလိုက္ၿပီး ငယ္ဆံပင္ေတြကို ရွင္းလင္းေပးသည္။

မွန္တင္ခုံေပၚက ေခါင္းစီးကြင္းတစ္ခုကိုလွမ္းယူလိုက္ၿပီး ငယ့္ဆံပင္ေတြအားလုံးကို စု႐ုံးလို႔စည္းေႏွာင္ေပးသည္။

"သြားမယ္..."

ေဘးမွာခ်ိတ္ထားသည့္ ငယ့္ပိုက္ဆံအိတ္အထိပါဆြဲယူၿပီး ငယ့္လက္ကိုဆြဲကာ ဟိုတယ္ထဲကေနေခၚထုတ္လာခဲ့ၿပီး ေရာက္လာသည့္ ေနရာက ဟိုတယ္ႏွင့္၂လမ္းေက်ာ္ေလာက္သာေဝးေသာ လူစည္းကာရာ ေစ်းေနရာျဖစ္သည္။

"ဘာဝယ္စရာရွိလို႔လဲ..."

"မဟုတ္ဘူး...ေတြ႕ရမယ့္လူရွိတယ္။" ဆိုကာ ကားေပၚကေန ဆင္းလာၿပီး ေစ်းထဲသြားသည့္လမ္းတစ္ေလွ်ာက္မွာလည္း ငယ့္လက္ကိုမလႊတ္ေပးပဲ ကိုင္ထားၿမဲျဖစ္သည္။

ညေနေစာင္းေတာ့မည့္အခ်ိန္မို႔ ေစ်းထဲမွာလူသိပ္မစည္လွေသာ္လည္း ေစ်းသည္ေပါမ်ားသည္ေၾကာင့္ မနက္ပိုင္းတစ္ေလွ်ာက္ေတာ့ လူေတာ္ေတာ္စည္ခဲ့မည္ဟု ငယ္ခန္႔မွန္းမိသည္။

ဟိုအသည္၊ ဒီအသည္ႏွင့္လိုက္ၾကည့္ေနရင္း သူ႔ေနာက္ကလိုက္လာေနရင္းမွ ေနရာတစ္ခုေရာက္ေတာ့ သူကဆိုင္ေရွ႕မွာ ရပ္သြားသည္။

"အထည္ၾကည့္ခ်င္လို႔...." ဆိုေသာ သူ႔စကားေၾကာင့္ ငယ့္မွာသူ႔ထံသို႔ၾကည့္ကာ အံ့ၾသရသည္။

ငယ္တို႔အတူရွိၾကသည့္ သက္တမ္းတစ္ေလွ်ာက္လုံးမွာ အဝတ္အစားဝယ္ျခင္းကိုတစ္ခါေလးေတာင္မလုပ္ခဲ့ဖူးသည့္ထည္ဝါက ပုဂံကေစ်းေလးထဲမွာ အထူးအဆန္းေတြလုပ္ေနသည္။

"ဘယ္ဆင္ေလးေတြျပေပးရမလဲ ေမာင္ေလး...."

ထိုအသံကို ၾကားဖူးသလိုလိုရွိတာေၾကာင့္ ငယ္ၾကည့္မိလိုက္ေတာ့ ငယ့္မွာအထိတ္တလန္႔ျဖစ္သြားရၿပီး ခ်က္ခ်င္းပဲ ေျခလွမ္းေတြကိုေနာက္ဆုတ္မိသြားသည္။

"လက္ေဆာင္ေပးဖို႔ အဆင္ေျပတာေလးေတြျပပါ အေဒၚ...."

သူဆုပ္ကိုင္ထားေသာ ငယ့္လက္ေခ်ာင္းေတြကိုဖ်စ္ညႇစ္လိုက္ျခင္းႏွင့္ထပ္တူ ဆိုင္ရွင္ထံေသာ ၾကည့္ကာ ေျပာလိုက္သည့္သူ႔ကို ငယ္ေနာက္ထပ္တစ္ႀကိမ္မယုံၾကည့္ႏိုင္သလို ၾကည့္မိၿပီး တကယ္ကိုပစၥည္းေတြဝယ္ေနသည့္သူက ငယ့္ကိုျပန္လွည့္မၾကည့္ပဲ ျပန္ခါနီးမွ...
"၇၅၀၀၀ေပးလိုက္ဦး ငယ္..." ဟု ဆိုလာၿပီး သူကိုင္ထားသည့္ အိတ္ကို ငယ့္ထံေပးလာသည္။

"ေနာက္လည္း လာဝယ္ေနာ္ ေမာင္ေလး။ အဆင္ေျပေအာင္ ေစ်းလည္းေခ်ာ့ေပးပါ့မယ္။"

"ဟုတ္ကဲ့..ခြင့္ျပဳပါဦး"

"ေအး ေအး၊ ေက်းဇူးေနာ္...."

သူႏွင့္ထိုဆိုင္ရွင္အမ်ိဳးသမီးက အျပန္အလွန္ႏႈတ္ဆက္ၾကခ်ိန္အထိ ငယ့္မွာဘာတစ္ခြန္းမွစကားမဆိုႏိုင္ပဲ ထိုအမ်ိဳးသမီးကိုတစ္လွည့္၊ သူ႔ကိုတစ္လွည့္ ၾကည့္ေနရင္းႏွင့္သာ ဆိုင္ကေနျပန္ထြက္လာခဲ့ရသည္။

ထိုသို႔ဆိုင္ကေနျပန္လွည့္လာသည္အထိ ဆိုင္ရွင္အမ်ိဳးသမီးက ငယ့္ကိုမွတ္မိပုံမေပၚပဲ အရင္တစ္ေခါက္ကလို ငယ့္ေနာက္ကိုေျပးလိုက္ၿပီးေအာ္ငိုတာမ်ိဳးလည္းမရွိေတာ့ေပ။ထိုအမ်ိဳးသမီးကိုမွတ္မိေနသည့္ ငယ္ကသာရင္ထဲမွာေဆြးေျမ့ေျမ့နဲ႔ ငိုခ်င္လာတာျဖစ္သည္။

ငယ္ကပဲ အျမင္မွား၊ အမွတ္မွားတာလားဆိုၿပီး သူ႔ထံမွာ အတည္ျပဳၾကည့္မိသည္။
"ထည္ဝါ....အဲ့တာ အဲ့တာ ဟုတ္ပါတယ္ေနာ္။"

"ဟုတ္တယ္၊ အဲ့တာ ဟိုတစ္ေခါက္တုန္းက ႐ူးေနတဲ့အမ်ိဳးသမီးပဲ။"

"ျပန္ေကာင္းသြားတာလား။"

"အင္း..."

ပုံမွန္အတိုင္း ဘာမွမျဖစ္သလိုနဲ႔ ေျဖေပးၿပီး သူက ကားတံခါးကိုဖြင့္ကာ ငယ့္ကိုကားထဲဝင္ေစသည္။ ခဏၾကာေတာ့ သူ႔ကိုယ္တိုင္လည္းေမာင္းသူေနရာမွာဝင္ထိုင္သည္။

"နင္ကုေပး လိုက္တာလား..."

"အင္း...."

ထိုမွ်သာ သူကေျဖၿပီး ငယ့္ဘက္ကိုပင္မၾကည့္ ကားကိုေမာင္းထြက္ေလသည္။ ဒီလိုသူ႔အမူအရာေတြကို လိုက္ၾကည့္ေနရင္း ငယ္ငိုခ်င္လာသည္။ အေၾကာင္းျပခ်က္ေတြေတာင္းဖို႔မလိုေလာက္ေအာင္ကို ငယ့္ဘက္ကခံစားမိေနေသာ္လည္း...
"ဘာျဖစ္လို႔လဲ..."

"ဒီတိုင္းပဲ...နင္က သူ႔ကိုရင္းႏွီးေနလို႔။ ႐ူးၿပီးေလွ်ာက္သြားေနတာထက္ဆိုင္ရင္ ဒီလိုမ်ိဳးျမင္ရေတာ့ နင္လည္းစိတ္ခ်မ္းသာတယ္မဟုတ္လား။"

ငယ္ထင္သည့္အတိုင္းပဲ သူဟာ ငယ္နဲ႔ပက္သက္သမွ်ကိုတိုင္းကို ဂ႐ုစိုက္ေနခဲ့တာျဖစ္သည္။

"ဘယ္လိုျဖစ္သြားတာလဲ။"
သူ႔အေမးကို ျပန္မေျဖေတာ့ပဲ ကားေမာင္းေနသည့္ သူ႔အနားကိုတိုးကပ္လာၿပီး သူ႔ကိုယ္ေပၚကိုအတင္းဝင္ထိုင္ဖို႔ ႀကိဳးစားေနေသာ သမီးငယ္ေၾကာင့္ သူသည္ ကားကိုလမ္းေဘးခ်ရပ္လိုက္ၿပီး သမီးငယ္ကို ေခၚယူျဖစ္သည္။

"ငါ့ကို.... ငါ့ကို အမ်ားႀကီးခ်စ္တာလားဟင္..."

ကားေနာက္မွီကို ေနာက္သို႔အနည္းငယ္ေလ်ာခ်ေနစဥ္မွာ ၾကားလိုက္ရသည့္စကားေၾကာင့္ နီးကပ္ရွိေနသည့္ သမီးငယ္၏မ်က္ႏွာေလးကို ၾကည့္မိသည္။ မ်က္လုံးေလးေတြမွာ အရည္ၾကည္ေလးေတြႏွင့္ ႏွာေခါင္းကလည္းတစ္ခါတစ္ခါ ရႈံ႕ေနေသးသည္၊ ႏႈတ္ခမ္းေလးကလည္း ေရွ႕သို႔ေထာ္လန္ေနၿပီး ဘယ္လိုဟာေလးလဲ။

"ေၾကာင္ေခ်း႐ုပ္နဲ႔ မခ်စ္ဘူး။ ဒီလိုႀကီး႐ုပ္ဆိုးဆိုးျဖစ္ေနရင္ မခ်စ္ေတာ့ဘူး။"

"အီးးး ဟီးးး..."

သူက စ,ေနာက္လိုက္မွပဲ အက်ယ္ႀကီးငိုခ်ေလတဲ့ သမီးငယ္ေၾကာင့္ သူ႔မွာရယ္ေမာလိုက္ရသည္။ ၿပီးေတာ့လည္း ဒီဟာေလးရဲ႕ငိုသံေလးေတြစဲသြားေအာင္ ေက်ာျပင္ေလးကို ခပ္ဖြဖြပြတ္သပ္ေပးမိေတာ့ အက်ႌက ေနာက္ေက်ာကြဲဒီဇိုင္းဖို႔ျဖစ္မည္ ႏူးညံ့တဲ့အသားစိုင္ေလးေတြကို ၾကားခံမပါပဲ ထိေတြ႕ပြတ္သပ္ေပးရသည္။

ေစ်းသြားတာနဲ႔၊ သမီးငယ္ငိုတာနဲ႔ဆိုေတာ့ အခ်ိန္က တစ္နာရီနဲ႔မေလာက္ေတာ့ပဲ တျခားသူေတြက သြားႏွင့္ၿပီျဖစ္သည္။ ထို႔ေၾကာင့္ သမီးငယ္ကဖုန္းဆက္ၿပီး ေနရာကိုလွမ္းေမးသည္။

"ေ႐ႊဆံေတာ္မွာတဲ့...."

ဖုန္းကိုခ်ၿပီးေနာက္ သမီးငယ္ေျပာလာသည့္ စကားကို သူ႔ဘက္က....
"မသြားပဲေနမလား။" ဟု ျပန္ေမးမိသည္။

ငယ္နာက်င္ရမွာကို စိုး၍ သူ႔ဘက္ကထိုသို႔ေျပာလာမွန္း ငယ္သိနားလည္ေသာ္လည္း ေခါင္းကိုခါယမ္းမိသည္။
"သြားမယ္...ဒါမယ့္ ဟိုတယ္ကိုခဏျပန္ဦးမယ္။"

"နင့္သေဘာပဲ...."

သို႔ႏွင့္ သူက ဟိုတယ္သို႔ဦးတည္ေမာင္းေပးလိုက္ၿပီး ဟိုတယ္၏ ေပၚတီကိုေအာက္မွာ ကားကိုရပ္လိုက္သည့္ ခဏမွာ...
"ခဏပဲေစာင့္..." ဆိုၿပီး ကားေပၚကေန အျမန္ေျပးဆင္းသြားေသာ သမီးငယ္ကို ကားမွန္ေပါက္ကေန ေခါင္းထြက္ၿပီးလိုက္ၾကည့္မိသည္။

ခပ္ျမန္ျမန္ႏွင့္ေျပးသြားသည္ေၾကာင့္ တစ္ခ်က္ေလအေဝွ႔မွာ အက်ႌေနာက္ေက်ာဘက္က လွန္သြားသည္တြင္ ျမင္လိုက္ရေသာ အျဖဴေရာင္ေရးေရးေလးေတြကို သူပဲအျမင္မွားတာလားဟု ထင္မိေသာ္ျငား...

"ဒီမွာ ခ်ိတ္လိုက္ ထည္ဝါ...."

ေ႐ႊဆံေတာ္ဘုရား၏ အလယ္ပစၥယံ ညာဘက္ေဒါင့္အစြန္းနားတြင္ သမီးငယ္ေျပာသည့္အတိုင္း ဝါးျဖင့္ သူလုပ္ေပးထားေသာ Dream Catcherေလးကို ဆြဲခ်ိတ္ေပးလိုက္သည္။

ဒီ Dream Catcherေလးက အရင္တစ္ေခါက္ပုဂံက ျပန္လာစဥ္က အိမ္မက္ဆိုးေတြမက္တတ္ေသာ သမီးငယ္အတြက္ သူလုပ္ေပးခဲ့ျခင္းျဖစ္သည္။ သမီးနဲ႔ အတူရွိသည့္ေတာက္ေလွ်ာက္ မွာ ဒါေလးကို အၿမဲေတြ႕ရသည္။

'ဒါေလး ရွိမွ အိမ္မက္ေတြလွတာ' လို႔ေျပာတတ္ေသာ သမီးငယ္က အခုအခါမွာေတာ့ ဒီေနရာမွာခ်ိတ္ဆြဲေစသည္။

"အင္း...ဒါဆို ရသြားၿပီ။"
အေပၚကေန ငုံ႔ၾကည္သည္ေၾကာင့္ ေအာက္သို႔တြဲလြဲေလးက်ေနေသာ ဝါးေသးေသးေလးေတြက ေလအေဝွ႔မွာ အသံေလးေတြထြက္ေနတာကို နားေထာင္လို႔ပဲေကာင္းသည္ဟု ထင္ရသည္။ ဒါကိုပဲ ငယ္သေဘာက်သည္။

"အေသခ်ည္ထားတယ္ မဟုတ္လားထည္ဝါ။ ပိုၿမဲေအာင္ ေနာက္ထပ္ ထပ္ခ်ည္ပါဦးလား။"

ခဏတာမွ် ခ်ိတ္ဆြဲသည္ထင္ၿပီး ေခါက္တြန္႔ေလးသာခ်ည္ေပးထားခဲ့သည္ကို ငုံ႔ၾကည္ၿပီး သမီးငယ္က သူ႔ထံကိုျပန္ၾကည့္ၿပီးေျပာသည္။ ဒီစကားကို သူၾကားေသာ္လည္း ျပန္မေျပာႏိုင္ေသးပဲ ေအာက္သို႔ဒူးတုပ္ထိုင္ေနေသာ သမီးငယ္၏ေက်ာ႐ိုးတစ္ေလွ်ာက္ ျမင္ေနရေသာ ေငြမွင္ေရာင္ ဆြဲျခစ္ထားသည္ကိုသာ သူေငးေနမိသည္။

"ထည္ဝါ..."

ငယ့္မ်က္ႏွာဆီမွာ အၾကည့္ေတြမရွိသည့္ထည္ဝါ့ကို တံေတာင္တြတ္ၿပီး အသံျပဳမိသည္။

"သမီးငယ္...."

ေခၚသံေၾကာင့္နဲ႔ သူ႔အၾကည့္ေတြရဲ႕ဦးတည္ရာကို ငယ္သိလိုက္ၿပီ။ ေဒလီယာေပးေသာ အက်ႌက လည္ပင္းအဝိုင္းျဖစ္ၿပီး ေနာက္ေက်ာဘက္တစ္ခုလုံး ခြဲခ်ထားသည္ကို ေက်ာလယ္ေလာက္မွာသာ ႀကိဳးေသးေသးေလးျဖင့္ ဟိုဖက္၊ဒီဖက္တြဲခ်ည္ထားရတာျဖစ္သည္။

အခုလို ဘုရားေပၚမွာ ေလေတြတိုက္ေတာ့ အက်ႌက ခြဲခ်ထားေသာေနရာကေန ခပ္လြင့္လြင့္ျဖစ္မွာကို အခုငယ္ကထိုင္ခ်ထားေတာ့ ငယ့္ေနာက္မွာရပ္ေနသည့္သူက ျမင္ေနမွာအေသအခ်ာပင္။

ဘယ္လိုလုပ္မလဲ.... သိပ္မလိုေတာ့တဲ့ ငယ္တို႔ရဲ႕ေမြးေန႔၊ၿပီးေတာ့ ငယ္တို႔ရဲ႕ anniညက်မွ Supriseလုပ္မို႔ဟာကို အခုတည္းကေပၚသြားေတာ့မည္။ အေတြးႏွင့္အတူ ခ်က္ခ်င္းပဲ ထ,ရပ္ပစ္လိုက္ၿပီး သူ႔ေရွ႕ကေနေျပးထြက္မိသည္။

"အဲ့တာဘာလဲ သမီးငယ္။ ငါစိတ္မတိုေသးခင္ ျမန္ျမန္ေျပာလိုက္ေနာ္။"

"အာ...ဘာမွမဟုတ္ဘူး။ ဒီတိုင္း ေလွ်ာက္ေဆာ့ထားတာ...."
သူ႔ကို လိမ္လို႔မရမွန္းသိေပမယ့္လည္း ႀကိဳးစားၿပီး လိမ္ဆင္ေလးေတြထုတ္ေျပာမိသည္။

"ဒါေၾကာင့္ ေက်ာနာတယ္ျဖစ္ေနတာေပါ့၊ လာ လာ...နင္ ဒီကိုလာလိုက္"

ေနရာကေန ခါးေထာက္ၿပီး ငယ့္ကိုလက္ယပ္ေခၚေနသည့္ သူ႔ပုံစံကို ငယ္ေတာ့ရယ္ခ်င္လာသည္။ ထိုေၾကာင့္နဲ႔ပဲ...
"ကိုဘုန္းကလည္းကြာ...." ဆိုၿပီး တမင္ႏြဲ႕ေျပာကာ ခ်စ္စရာေကာင္းေနတဲ့ သူ႔ရဲ႕အမူအရာေလးကိုၾကည့္ေနရင္း ေနႏိုင္မထိုင္ႏိုင္နဲ႔ေပ်ာ္႐ႊင္မႈေတြက ခႏၶာကိုယ္ကိုပါ အနည္းငယ္လႈပ္ယမ္းသြားေစသည္။

ငယ့္ရဲ႕ဒီလိုအေျပာနဲ႔ ဒီလိုအမူအရာကိုၾကည့္ၿပီး သူကခ်က္ခ်င္းပဲ ေဘးတစ္ဖက္တစ္ခ်က္ကို အၾကည့္ပို႔ေတာ့သည္။

ေဘးက လူေတြက ငယ္တို႔ဆီမွာအာ႐ုံမရွိဘူးဆိုမွ....
"နင္ေတာ့ ေသခ်င္ၿပီ...." ဆိုကာ ငယ့္နားကို ေျပးလာေတာ့သည္။

ဒီလိုဆို ေနာက္ကလိုက္ၿပီးဖမ္းေပးမည့္သူရွိၿပီမို႔ ငယ္လည္း ေရွ႕ကေန ေျပးသြားလိုက္သည္။ ဒီလိုနဲ႔ အႀကိမ္ေပါင္းမ်ားစြာ ေရာက္ခဲ့သည့္ ေ႐ႊဆံေတာ္ဘုရားမွာ ဒီတစ္ခါေတာ့ ဝမ္းနည္းေၾကကြဲလြမ္းဆြတ္ဖြယ္ရာေတြအစား ငယ္ေရာ၊သူပါ ေပ်ာ္႐ႊင္စြာနဲ႔ရယ္ေမာရင္း ေျပးလႊားေဆာ့ကစားခဲ့ၾကသည္။

Continue Reading

You'll Also Like

212K 7.6K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
55.7K 4.6K 16
_ ကိုရင်ငယ်လေးရယ် ကလေးလေးရယ် နောက်ပြီး နောင်တတစ်ပွေ့တစ်ပိုက်နဲ့ ထိုအမျိုးသားရယ် Start date: 5 march 2023 End date: ....
278K 28.9K 26
JEON JUNGKOOK KIM TAEHYUNG KOOKV(Yaio)
1 0 1
Poem