A Chit Lay (ACL) [Completed]
naykyarrrrr tarafından
177K 6.7K 692
မင်းနဲ့ငါနဲ့ ဘာလိုမှမဆုံနိုင်တဲ့ မျဥ်းပြိုင်နှစ်​ကြောင်း မဖြစ်နိုင်မှန်းသိရက်နဲ့​ရှေ့ဆက်မတိုးချင်နဲ့ က​လေးက... Daha Fazla
ဇာတ်​ကောင်မိတ်ဆက် (Uni+Zawgyi)
Part 1 (Uni+Zawgyi)
Part 2 (Uni+Zawgyi)
Part 3(Uni+Zawgyi)
Part 4 (Uni+Zawgyi)
Part 5 (Uni+Zawgyi)
Part 6 (Uni+Zawgyi)
Part 7 (Uni+Zawgyi)
Part 8 (Uni+Zawgyi)
Part 9(Uni+Zawgyi)
Part 10 (Uni+ Zawgyi)
Part 11 (Uni+Zawgyi)
Part 12 (Uni+Zawgyi)
Part 13 (Uni+Zawgyi)
Part 14 (Uni+Zawgyi)
Part 15(Uni+Zawgyi)
Part 16(Uni+Zawgyi)
Part 17(Uni+Zawgyi)
Part 18(Uni+Zawgyi)
Part 20 (Uni+Zawgyi)
Part 21 (Uni+Zawgyi)
Part 22 (Uni+Zawgyi)
Part 23(Uni+Zawgyi)
Part 24 (Uni+Zawgyi)
Part 25 (Uni+Zawgyi)
Part 26 (Uni+Zawgyi)
Part 27 (Uni+Zawgyi)
Part 28(Uni+Zawgyi)
Part 29 (Uni+Zawgyi)
Part 30(Uni+Zawgyi)
Part 31(Uni+Zawgyi)
Part 32(Uni+Zawgyi)
Part 33(Uni+Zawgyi)
Part 34(Uni+Zawgyi)
Part 35(Uni+Zawgyi)
Part 36(Uni+Zawgyi)
Part 37 (Uni+Zawgyi)
Part 38(Uni+Zawgyi)
Part 39(Uni+Zawgyi)
Part 40 (Uni+Zawgyi)
Part 41 (Uni+Zawgyi)
Part 42 (Uni+Zawgyi)
Part 43 (Uni+Zawgyi)
Part 44 (Uni+Zawgyi)
Part 45 Final (Uni+Zawgyi)
​ကျေးဇူးတင်လွှာ
New Fic
စာဖတ်သူများသို့
ACL fan များသို့
Part 46 (Uni+Zawgyi) Extra 1
Part 47 (Uni+Zawgyi) Extra 2
Part 48 (Uni+Zawgyi) Extra 3
Part 49 (Uni+Zawgyi) Extra 4
Part 50 (Uni+Zawgyi) Extra 5
Part19(Uni+Zawgyi)
2.9K 132 8
naykyarrrrr tarafından
Uni
📩ကိုကို ဒီ​နေ့ အိမ်ပြန်​နောက်ကျမယ်​နော်
အလုပ်များ​နေလို့
"ကျစ်ဘာလည်းကွာ
​နေ့တိုင်း အလုပ်​တွေများ​နေလိုက်တာ "
က​လေးအလုပ်ကအပြန်နောက်ကျ​နေတာကြာပါပြီ။သူအသစ်တိုးချဲ့တဲ့လေ​ကြောင်းလမ်းအသစ် ပြသနာဖြစ်ပြီးထဲကအိမ်ပြန်​​နောက်ကျတာနှစ်ပတ်​လောက်ရှိ​နေပါပြီ ။ လာကြိုမယ်ဆို​တော့လည်းကိုကိုပင်ပန်းတယ်ကိုအာကာလိုက်ပို့​ပေးတယ်ဆိုပြီးလာမကြိုရဘူး။က​လေးနဲ့ညစာအတူ တူမစားရတာ​တောင်ကြာ​နေပြီ။လူကအရမ်း​တွေ့ချင်​နေတာမို့ ဒီ​နေ့​တော့ ​ဆေးခန်းလည်းနားတာ​ကြောင့်က​လေးဆီသွားဖို့ဆုံးဖြတ်လိုက်သည် ။ က​လေးအတွက်သူကြိုက်တဲ့အစားအ​သောက်​တွေအပြင်ကိုအာကာနဲ့သူ့ secretary အဖွဲ့အ တွက်ပါ မုန့်​တွေ ဝယ်ပြီး က​လေးဆီလိုက်သွားလိုက်သည်။
​​ည​​နေ ၆နာရီ​လောက်ရှိပြီမို့ ကုမ္ပဏီကဝန်ထမ်း​တွေအလုပ်ဆင်းသွားကြပါပြီ။ မိုးစက်နဲ့ သူ့အဖွဲ့ ၁၀​ယောက်​လောက်သာစာရင်း​တွေလုပ်လိုက် ၊ plan ​တွေ ဆွဲလိုက်နဲ့အလုပ်များ​​နေကြသည်။ အလုပ်အရှုပ်ဆုံးက​​တော့ ကိုအာကာပါ ။
​"ဒေါက်​ဒေါက် "
​"ကိုကို!!!"
မိုးစက် အံသြသွားရသည်အထိ ကိုကိုက အထုပ်​ပေါင်းများစွာနဲ့မိုးစက် အခန်းထဲ​ရောက်လာခဲ့သည်။ မျက်နှာက အရင်​နေ့ကထက်လန်းဆန်းပြီးပြုံး​ပျော်​နေ​တော့သည်။မိုးစက် ကိုအာကာနဲ့အလုပ်ကြောင်း ပြော​နေတာကိုလက်စသတ်ပြီးကိုကို့ ကိုကြည့်လိုက်သည်။
"ကိုကို လာကြိုတာလား "
"အင်း "
"ဒါက အာကာတို့အတွက် "
​"ကျေးဇူးပါ ဆရာ​နေ "
ကိုအာကာကအလိုက်တသိမိုးစက်အခန်းထဲက အထုတ်​တွေဆွဲကာ ထွက်သွားလေသည်။
"ပင်ပန်း​နေပြီလား ကိုကို့ က​လေး​လေး "
"နည်းနည်းပါ "
"ကိုကို က ..."
"ဟုတ်တယ် က​လေးကို လွမ်းလို့ "
"ပြွတ်စ် ..
ဆုချတာ လွမ်းတယ်ဆိုလို့ "
ကိုကို က မိုးစက် အနမ်းကို ပြုံးပြုံးကြီး လက်ခံရင်း အလိုက်သင့် ဖက်ထားလိုက်သည်။ သူ့က​လေး​လေး အလုပ်​​တွေ တအားများပြီးပိန်သွားပြီ​လေ ။ သူဂရုမစိုက်သလို​တောင်ဖြစ်​နေပြီ။
"က​လေးကို ကိုကို ဘာကူညီ​ပေးရမလဲ "
"ရပါတယ်ကိုကိုရဲ့ လကုန်ရင် ပြီး​တော့မှာပါ အလုပ်​တွေက
အခုလည်း ပြသနာ နည်းနည်းလေး​ပေါ်လာလို့ "
"အင်းပါ က​လေး ပိန်​တောင်သွားတယ်​နော် "
မိုးစက်နဲ့ကိုကိုညစာကိုကုမ္ပဏီမှာပဲကိုကိုဝယ်လာတာစားပြီး အလုပ်ဆင်းလိုက်ကြသည်။ ကိုကို က မိုးစက်ကို လာကြိုတာမို့ ည​နေခင်း​လေးက လှပ​နေ​တော့သည်။
"က​လေး ခဏ "
"ဟုတ်ကိုကို "
ကိုကိုက ကား​ပေါ်က ဆင်းပြီး ဆိုင်တစ်ဆိုင်ထဲဝင်သွား၏။ ပြီး​တော့ လက်ထဲက လည်းပစ္စည်းတစ်ခု ကိုင်ပြီးပြန်ထွက်လာသည်။ ​
"ရော့က​လေး ဒါ​လေး ​ခေါင်းအုံးပြီး အိပ်ပြီးလိုက်ခဲ့ "
ကိုကို ဝယ်လာတာက traveller pillow ​လေး တစ်ခုပါ။ မိုးစက်အိပ်ရတာအဆင်​ပြေ​​​အောင် လုပ်​ပေးတဲ့ ကိုကို့ကို အရမ်းချစ်ရပါ၏။
"ကိုကို လက်​ပေး အုံး "
ကိုကိုကဘာမှမသိသလိုပေးလာတဲ့လက်ကိုဆုပ် ကိုင်လိုက်ပြီး နမ်းလိုက်သည်။ တစ်လမ်းလုံးမလွှတ်တမ်း ကိုင်ထားပြီးအိပ်စက်လိုက်သည်။ ကိုကို အခုလို ဂရုစိုက်မှု​တွေက မိုးစက်အတွက်​တော့ ဘာနဲ့မှ မတူတဲ့အား​ဆေးပါ ။
အသင်္ချေ အိမ်​ရောက်​တော့ က​လေးက အိပ်ပျော်​နေပြီမို့ ​ပွေ့ချီကာ အိမ်​ပေါ် ​ခေါ်လာခဲ့ရသည်။ က​လေး​လေးကို ခုတင်​ပေါ်ချကာ သူလည်း က​လေး​ဘေးဝင်ပြီး macbook တစ်လုံးနဲ့ စာရင်းလုပ်​နေလိုက်သည်။
"ဟင့်...ဟင်းးး"
"အမ် !!က​လေး
ဘာဖြစ်တာလဲ "
"အိမ်မက်မက်လို့ပါ ကိုကို "
​​"အော် က​လေးလာမျက်နှာသစ် သွားတိုက် ကိုယ်လက်​ဆေး​လိုက် ​ရေမချိုးနဲ့​တော့ ​နောက်ကျ​နေပြီ"
"ဟုတ် "
ဟုတ်လို့သာ​ပြော​ပေမယ့်အခုထိအသင်္ချေကိုဖက် ပြီးအိပ်​နေတာ မထ​သေးပါ ။ က​လေးက သူရဲ့ ခံနိုင်ရည်ကိုစမ်းသပ်​နေသလိုပဲ။ အသင်္ချေက​လေး ကို ​ပွေ့ကာ ​ရေချိုးခန်းထဲ​ခေါ်ခဲ့ရသည်။
​"ရော့ က​လေး သွားတိုက် "
သွားတိုက်တံနဲ့ သွားတိုက်​ဆေး အရံသင့်လုပ်​ပေးထားပြီး မျက်နှာပါ သစ်​ပေး​နေရသည်။ အခုမှ က​လေး တစ်​ယောက် တကယ် ရ​နေတာပါ။
"အား​မွှေးသွားပြီ
ပြွတ်စ်စ် "
"ကိုကို့ အပြင်ခဏထွက်အုန်း
က​လေး ရှူး​ပေါက်ချင်လို့"
အသင်္ချေ က​လေးကို လူယုတ်မှာ အကြည့်ဖြင့်အောက်ပိုင်းတစ်ချက်ကြည့်လိုက်သည်။ပြီး​တော့ လည်း မြင်ဘူး​နေတာပဲဆိုတဲ့ သ​ဘောဖြင့်လည်း စလိုက်​သေးသည်။
"က​လေး က မြင်ဖူးပြီးသားကို "
"ကိုကို မရဘူးကွာ
က​လေးရှက်တယ် "
အသင်္ချေ က​လေးကို စပြီး အပြင်ထွက်လာလိုက်သည်။ တကယ့်က​လေး ကိုယ်က သူ့ကိုနာကျင်​အောင်မလုပ်ချင်ပါဘူးဆို အမြဲတမ်း စိတ်မထိမ်းနိုင်​အောင်ချစ်ဖို့​ကောင်း​နေ၏။ ဒီတိုင်းဆို လူပျိုကြီးလည်းမကြာခင် စျာန်​လျှော​​တော့မည်။ သူက​လေး နဲ့ ​တွေ့ပြီး ​နောက်ပိုင်းထဲက က​လေးက လွဲရင် ဘယ်သူနဲ့မှ ဘယ်သူ့ကိုမှ ဘာစိတ်မရှိပေမယ့် က​လေး ဆိုတဲ့ အသံနဲ့​တောင် သူလက် သမား ဘဝ​ရောက်ရသည်အထိ ဖြစ်​​နေရပြီ​​လေ။ က​လေးကို ခွင့်​တောင်းရင် အရာအားလုံးဖြည့်စီး​ပေးမယ် ဆို​ပေမယ့်သူ့အ​နေနဲ့ကက​လေးနာကျင်မှာ မလိုလားပါ ။ တခါတခါ ကြမ်းပြီး က​လေး ချယ်ရီသီး​တွေ ဖူး​ရောင်​နေရင်​တောင် စိတ်မ​ကောင်းခြင်းများစွာဖြစ်ရတာပါ။
"ကိုကို ဘာစားအုန်းမလဲ"
"မစား​တော့ဘူး
လာအိပ်စို့"
က​လေးက အသင်္ချေနားကပ်ပြီး လာအိပ်လိုက်ရင်ပဲ သူ့စိတ်​တွေက က​လေး အ​ပေါ်မရိုးသားမှု​တွေက အပြည့်ပါ။ က​လေးကိုမျက်နှာ တစ်ခုလုံး အနမ်း​တွေ ​ချွေလိုက်ပြီး သူ့နဲ့ပိုင်ဆိုင်ရာ ချယ်ရီသီး​လေး​တွေကို စားသုံး​နေလိုက်သည်။
"အား ....ကိုကို ...အင့် "
ကိုကိုက တစ်ဖက်ကို ဖိ​ချေပြီး တစ်ဖက်ကို စားသုံး​နေတာမို့ မိုးစက် အရမ်း​ကောင်းလွန်းပြီးရင်ဘက်​​တွေ ​ကျော့တက်လာတဲ့အထိပါ ။ ကိုကို့ခေါင်းကိုလည်းပွတ်​ပေးပြီး​ ချော့​နေမိ​တော့ သည်။ မိုးစက်ပုံစံက ဘာနဲ့တူလည်းဆိုရင် က​လေးကို နို့တိုက်​နေတဲ့ က​လေး အ​မေလိုပါ။
~~~~~~~~~~~~~~~
​"မောင်​လေးလာ
​မောင်​လေးကိုကို ward ထဲသွားတယ် "
မိုးစက် အလုပ်က အ​စောပြီးတာမို့ ကိုကို့ကို လာကြိုတာပါ။ ကိုကိုကအတွင်းလူ နာဆောင်​တွေ round ​နေတာ​ကြောင့် မမယု နဲ့စကား​ပြော​​​နေလိုက်သည်။
"ဟင် !!!ညီ​လေး ကိုစက် "
"အာ ဆရာရဲ ​နေ​ကောင်းတယ်​နော် "
"အင်း အစ်ကို​တောင် ညီ​လေးကို သတိရ​နေတာ
အလုပ်ကိစ္စ​လေးတိုင်ပင်စရာရှိလို့"
"ရပါတယ် ဆရာရဲ "
"ညီ​လေးဖုန်းနံပါတ်အစ်ကို့ကိုပေးအုန်း"
ဆရာရဲနဲ့စကား လက်ဆုံကြပြီး ဖုန်းနံပါတ် လဲ​နေကြသည်။ အရင်ကအ​ကြောင်း​တွေ​ကော ​ပြောဖြစ်ကြ၏။ ကိုကိုနဲ့ ချစ်သူဖြစ်နေတာ​တော့ ဆရာရဲလည်းသိ​လောက်ပါသည်။ဒါ​ပေမယ့်သူ ဘာမှမ​မေးတာမို့ မိုးစက်လည်း မ​ဖြေဖြစ်ပါ ။
"ဝုန်းးး!!!"
"အမ်!! ကိုကို"
မိုးစက်တို့ စကားထိုင်​ပြော​နေတဲ့ စားပွဲခုံ​ပေါ် duty coat ပစ်ချလိုက်တာ​ကြောင့် တိတ်ဆိတ်​နေတဲ့အခန်းက အသံမြည်သွားသည်။ ဆရာရဲ က​တော့ အံသြခြင်းမရှိဘဲ စကားဆက်​ပြော​နေ​ပေမယ့် မိုးစက်က​တော့ ကိုကို့အ​ကြောင်းသိတာမို့ ဆက်ပြီး မထိုင်ရဲ​တော့ဘဲ ထမတ်တပ်ရပ်ကာကိုကို့ကို ပြုံးပြလိုက်သည်။ လုံး​ချေ ထား​သော duty coat ကိုလည်း ​သေချာပြန်​ခေါက်​ပေး လိုက်သည်။ ကိုကို ​ဒေါသ ဘယ်​လောက်ထွက်​နေတယ်ဆိုတာ သူအသိဆုံးပါ။ သူ့ကို​တောင် လာနှုတ်မဆက်ဘဲရှိတဲ့လူနာဆက်ကု​​​နေတော့သည်။ ဆရာရဲလည်း မိုးစက်ကို နှုတ်ဆက်ပြီး အလုပ်ဆက်လုပ်​နေ​တော့၏။ ရာသီဥတုက ချက် ချင်းဆိုသလို မိုး​မှောင်သွားပြီးတိတ်ဆိတ်သွားသည်။
"​မောင်​လေးဘာဖြစ်တာလဲ "
"ကိုကို စိတ်တိုသွားတာ"
"​အေးသတိထားအုန်း
အ​ချေ​ကောင်စိတ်တိုရင်​ကြောက်စရာ​ကောင်းတယ် ဘာမှ မသိ​တော့ဘူး "
"ဟုတ်မမယု"
ကိုကိုduty ပြီး​အောင် ထိုင်​စောင့်​နေလိုက်သည်။ မမယုနဲ့ စကား​ပြော​နေလိုက်၏။ ဆရာရဲလည်း ဘာမှလာမ​ပြောရဲ​​တော့ပေ။ ၈နာရီ ထိုး duty ထွက်ချိန်မှာ​တော့ ကိုကိုက အဝတ်အစားလဲပြီး ဖုန်း ၊ပိုက်ဆံအိတ် နဲ့ ကား​သော့ကိုင်ကာ ထွက်လာခဲ့၏။ မိုးစက်လည်းမျက်နှာချို​သွေးကာ ကိုကို့လက်ထဲက ပစ္စည်း​တွေအားလုံး သူ့အိတ်ထဲ ယူထည့်လိုက်ပြီးကိုကို့​နောက်က တပ်ကျပ်မကွာ လိုက်သွားခဲ့သည်။
"မမယု ပြန်​တော့မယ်​နော်"
"Bye bye ​မောင်​လေး"
​ဆေးရုံကအထွက်ကား parking အသွားမသိမ သာ ကိုကို့ လက်ကို ကိုင်လိုက်သည်။ တကယ်​​တော့ချော့လိုက်တာပါ။ ဒါ​ပေမယ့်ကိုကိုကကား​ပေါ်ရောက်တဲ့အထိ စကားတစ်လုံးမှ ပြန်မ​ပြောပါ ။
"ကိုကို ဗိုက်ဆာ​နေပြီ​လေ တစ်ခုခု ​ကျွေးပါလား "
ကိုကိုက ဘာမှ ပြန်မ​ပြောဘဲ မိုးစက် စား​နေကြ ဆိုင် မှာ ကားရပ်​ပေးကာ ဆင်းလိုက်သည်။ ဆိုင်ထဲ​ရောက်​တော့ မိုးစက် က ထုံးစံအတိုင်းသူ့အ ကြိုက်ကိုကို အကြိုက်​တွေကို မှာ​တော့သည်။
"ကိုယ်မစားဘူး မမှာနဲ့ "
"ကိုကိုကလည်း နည်းနည်း​တော့စားလိုက်​လေ "
"ရတယ် "
ကိုကို့ ​မျက်နှာ မသာမယာ ဖြစ်​နေတာမို့မိုးစက်လည်း မှာသာမှာလိုက်ရတာ စားချင်စိတ်နည်းနည်းမှ မရှိ​တော့ ပါ။
"စား​လေ မှာထားတာ​တွေ ​ရောက်ပြီ "
"ကိုကိုမှ မစားတာ က​လေးလည်း မစား​တော့ဘူး "
"မိုးစက် ကိုကို မဆူချင်ဘူး​နော်
ပြသနာကြီး​အောင်မလုပ်နဲ့ ကိုကို့ဒေါသ ကို ကိုယ်ဟာကိုယ် ​ပြေ​အောင်လုပ်​နေတာ လာမစွနဲ့ "
အသင်္ချေ ​ဆေးရုံမှာ ရဲမာန်နဲ့မိုးစက် စကား​ပြောနေတာကြည့်ကတည်းက ​ဒေါသက ငယ်ထိပ်​ရောက်​နေပါပြီ။ မနည်းတင်းကာ ​ဒေါသ ​ဖြေ​နေရသည်။ ​ဒေါသ ထွက်တဲ့အချိန်မှာ စကား​မပြောတာ အ​​ကောင်းဆုံးမို့ က​လေးကို​တောင်စကားမ​ပြောပါ။ တကယ်​တော့က​လေးကို ယုံတယ်။ သူ က ထားသွားရင်တောင်က​လေးကအတင်း လိုက်​ခေါ်မယ့်လူမျိုးပါ။ ရဲမာန်ကိုမယုံတာ ရဲမာန်ကအသင်္ချေ လုပ်တာ လုပ်ရမှ ​ကျေနပ်တဲ့​ကောင်မို့ မရမက မိုးစက်ကို သူလိုက်မယ်ဆိုတာသိ​နေတာမို့ပါ။
"ရတယ် ပြန်ကြစို့
ကိုကို ​ဒေါသ ထွက်​နေရင် က​လေး ကား​မောင်း​ပေးမယ် "
မိုးစက် ဘာမှ မစားဘဲ ဆိုင်ထဲကထွက်လာလိုက်သည်။ အသင်္ချေလည်းနောက်က ပါလာပြီး ကား​မောင်းကာ အိမ်သို့ ဦးတည်လိုက်သည်။ ဒီ​နေ့အ တွက် ည​နေစာက​တော့နှစ်​ယောက်လုံး လုံးဝမစားဘဲ အိပ်ယာ ဝင်လိုက်သည်။ ကိုကိုက ​လေ စိမ်းတိုက်​နေတာ မိုးစက်ဘက်လှည့်​တောင်မအိပ်ဘဲ ​ကျော​ပေးကာ အိပ်​​​နေတော့သည်။ မိုးစက် လည်းသူမမှားဘူးလို့ ထင်တာမို့ ကိုကို့ကို​ချော့မ​နေ​တော့ပါ။ ကိုကို မကြိုက်တာမို့ ​နောက်တစ်ခါ ဆင်ခြင်ဖို့​တော့ခေါင်းထဲထည့်ထားလိုက်သည်။၊ကိုကို့ ကို လက်လွှတ်ခံရဲတဲ့သတ္တိ မိုးစက်မှာမရှိပါ။
~~~~~~~~~~~~~~~~
မိုးစက် မနက်အိပ်ယာနိုး​နေ​တော့ ​ဘေးမှာ ကိုကိုက ရှိမ​နေပါ ။ အိပ်ယာအ​စောမထ တဲ့ ကာလ နဂါးကြီးဘယ်​ရောက်သွားပါလိမ့်လို့ ထင်မိ​တော့သည်။ မိုးစက်လည်းအိမ်ယာထပြီးရေချိုး ခန်းဝင်လိုက်၏ ။ ​ရေချိုး အဝတ်အစားလဲပြီး သည်အထိ ကိုကို့ ကိုမ​တွေ့ရတဲ့အတွက် အိမ်​အောက်ထက် ဆင်းလာလိုက်သည်။ ကိုကို ဘယ်​ရောက်သွားတာပါလိမ့် ။
"ကြီးကြီး ကိုကို ဘယ်သွားတာလဲ "
"မနက်အ​စောကြီး ထဲက ထွက်သွားတာ ကားနဲ့ "
"........."
"အော် ဟိုမှာပြန်လာပြီ "
ကိုကိုက လက်ထဲမှာအထုတ်ပါင်းစုံနဲ့ပြန်လာတာ ​တွေ့လိုက်ရသည်။ ဘာမှလည်းမ​ပြောဘဲအထုတ်​တွေကိုမိုးစက် လက်ထဲထိုးထည့်ကာ အ​ပေါ်ထပ်တတ်သွား​လေ၏။ မိုးစက်​ရယ်ချင်မိသွားသည်။ ကိုကိုက မ​ချော့တတ်ဘူးသာဆိုတယ် မိုးစက်ကြိုက်တဲ့နံရိုး​ပေါင်း​ကော်ရည်ကိုအ​စော ကြီးထပြီး အ​ဝေးကြီးသွားဝယ်ထားတာ ပါ ။ သိပ်ချစ်ဖို့​ကောင်းတဲ့ကိုကို ပါ။ ကိုကို့ အတွက် bread talkနဲ့ latte double shotပါအားလုံးပြင်ဆင်​ ပေးပြီး ကိုကို အလာကို ​စောင့်​နေလိုက်သည်။
"က​လေး စားလို့ရပြီ​လား "
"ဟုတ် "
ကိုကိုက ​ရေချိုးပြီး အလုပ်သွားဖို့ ပုဆိုးနဲ့ စတစ်လက်ရှည်အဖြူ​လေးကို သန့်ပြန့်နေ​အောင်ဝတ်ထားပြီး လက်မှာလည်းလက်စွပ်နဲ့ နာရီကလည်း လိုက်ဖက်စွာတင့်တယ်​နေ၏။
"အ​စောကြီး breakfast သွားဝယ်တာလား "
"အင်း ညစာ မစားထား​တော့ က​လေးဆာ ​နေမှာဆိုးလို့ "
ကိုကို မ​ချော့တတ်​ပေမယ့် မိုးစက်ကိုအ​သေးစိတ်ကအစ ဂရုစိုက်​ပေးတတ်သည်။ သူ့​ကြောင့် မ​နေ့ည က ညစာ​တွေမှာပြီး မစားခဲ့ရတာကို စိတ်မ​ကောင်းဖြစ်​နေတဲ့သ​ဘောရှိ၏။ မနက်ကျ​တော့ ညတုန်း မျက်နှာနဲ့တခြားစီပါ ။ အခုလည်း ထုံးစံအတိုင်းမိုးစက် ပန်းကန်ထဲက ​ကော်ရည်​ခေါက် ဆွဲယူစား​နေ​လေသည်။
"ကိုကို ကြိုက်လို့လား "
"မကြိုက်ဘူး စားကြည့်တာ "
"သား​နေ ကြီးကြီး ထမင်းချိုင့်ခြင်း ပြင်ပြီးသွားပြီ
သား​လေးမိုးစက်အတွက် တစ်ခြင်း "
မိုးစက်က အလုပ်မအားလို့ ကိုကို့ဆီ သွားမစားဖြစ်တကြာပြီ။ ဒါ​ကြောင့်ကြီးကြီးက ထမင်းချိုင့်ခြင်း နှစ်ခြင်းပြင်​ပေး​နေရ၏။ ကိုကိုသာ ဂျီးများတာ မိုးစက်က​တော့ ကြီးကြီး လက်ရာ ဟင်း​တွေအရမ်းကြိုက်တာပါ။
"ရတယ်ကြီးကြီး သား​နေ့လည်စာ ယူမသွား​တော့ဘူး "
"ဘာလို့လဲကိုကို "
"မစားချင်လို့"
​"နေ့လည်စာ မစားရင် က​လေး ည​နေ ကိုကိုဆီ လာမအိပ်​တော့ဘူး​နော်"
"အမ် !!!
ဟုတ်ကြီးကြီး ကျ​နော်ထမင်းချိုင့်ခြင်းယူသွားပါ့မယ် "
မိုးစက်ဘက်ကိုတချက်ကြည့်လိုက်ပြီးသူ ထမင်းချိုင့်ယူသွားပါတယ်​ပေါ့ ။ ပြီး​တော့လည်း အနားကပ်ပြီး ​ပြောလိုက်​သေး၏။
"ကိုကို က ​နေ့လည်စာ ထမင်းစားမယ်​နော်
ညစာ က​လေးကို စားမှာ "
မိုးစက်မှာ ကိုယ်ဟာကိုယ် ရယ်ရခက် ငိုရခက်ပါ ။ဒီလူကြီးကလုပ်လိုက်ရင်ရသ​ပေါင်းစုံပါ။ ထ မင်း စားပြီး မိုးစက် အလုပ်သွားဖို့ suits ဝတ်​နေတုန်းကိုကိုက လာပြီး necktie ချည်​ပေး၏။ မိုးစက်ဒီ​နေ့ meeting ရှိတာမို့ ဝတ်စုံပြည့်ဝတ်ထားရသည်။
"ပြွတ်စ် အရမ်းချစ်ဖို့​ကောင်းတယ်
ကိုကို့ကိုစိတ်ဆိုး​အောင်မလုပ်နဲ့​နော်
ကိုကိုက ဆူလည်းမဆူချင်ဘူး​ငေါက်လည်းမ​ငေါက်ချင်ဘူး
ချစ်ပဲချစ်ချင်တာ ကြားလား "
"ဟုတ်
ပြွတ်စ်စ် ချစ်စရာ​ကောင်းတဲ့ ကိုကို
မိုးစက်ကို ကိုကိုက တင်းကျပ်​အောင်ဖက်ထားပြီး ညက သူဘယ်​လောက်စိတ်ဆိုးကြောင်း ၊ က​လေးက ညစာမစားဘဲ အိပ်သွားတာမို့စိတ်မ ကောင်း ဖြစ်ရတဲ့​ကြောင်း၊ ​နောက်ဆို သူမကြိုက်တာမလုပ်ဖို့ အ​ကြောင်းတွေပါ ထပ်ခါထပ်ခါ မှာ​နေ​တော့သည်။
~~~~~~~~~~~~~~
📞Hello က​လေး ​ပြော
📞အကို ကျ​နော် ဇွဲပါ
မိုးစက် basketball ​ဆော့ရင်းဒူးနာသွားလို့
📞ဟင်
အကို လာခဲ့မယ် ခဏ​စောင့်
အသင်္ချေ ​ဆေးခန်း duty ဆင်း​နေရင်း က​လေး ဖုန်း ဝင်လာတာမို့ ကိုင်လိုက်တာပါ။ ​ဆေးခန်းချိန်ဆို က​လေးဆီနဲ့အ​ဖေဆီက ဖုန်းကလွဲပြီးဘယ်သူ့ဖုန်းမှမကိုင်ပါ ။ လူနာ​တွေကို ​လေးစားရမယ်​​လေ ဆရာဖြစ်ပြီး အလုပ်ချိန်ဖုန်း​ပြောတာ​လောက်တာဝန်မဲ့တာ မရှိပါဘူး ။
"အမှီ ငါခဏ အပြင်သွားလိုက်အုန်းမယ် အ​ရေးကြီးလို့ ​"
"အေး​အေး "
အသင်္ချေ scrub suits ​တောင်မလဲအားပဲ က​လေးဆီအမြန်​မောင်းသွား​တော့သည်။ စိတ်ထဲမှာလည်း က​လေး တစ်ခုခု ဖြစ်လို့မရဘူး​ပေါ့။ က​လေးက ဒူးဒဏ်ဖြစ်ထားတဲ့သူမို့ သူ​တောင်အကြာကြီးကု​ပေးခဲ့ရတာ။အခုလည်း basket ball ​ဆော့မှာ ဘာမှမ​ပြော ဘဲသွားတာပါ။ အသ င်္ချေသာသိရင် မသွားခိုင်းပါဘူး။ က​လေးက ​ရှေ့တင်သာ သူ့ကို ​ကြောက်တာ ကွယ်ရာ ကြရင် ကြိုက်တာ လုပ်တာပါ။ က​လေးဆိုး​လေးပါ။
"က​လေး "
"ကိုကို !!!"
မိုးစက်နားတွင် သူ့အဖွဲ့က ဝိုင်း​နေ​တော့သည်။ အသင်္ချေလည်း သူ့က​လေး ACL ( Anterior Cruciate Ligament) tear (ဒူးအရွတ် ပြဲခြင်း) ပြန်ဖြစ်မှာ ဆိုးတာမို့ချက်ချင်း စမ်းသပ်လိုက်​တော့သည်။ ကံ​ကောင်းသည်ဟု ​ပြောရမည်။ ACL sprain လောက်အဆင့်သာ ရှိသည်မို့ အသင်္ချေ စိတ်ဒုန်းဒုန်းချနိုင်​တော့သည်။ က​လေးကို​တော့လမ်း​ပေးမ​လျှောက်ပဲ အသင်္ချေ ​ပွေ့​ခေါ်ကာ ကားဆီ​လျှောက်လာခဲ့သည်။ တစ်ကွင်းလုံး က​လေး​တွေ အကြည့်​တွေက သူတို့နှစ်​ယောက်​နောက်ကပ်ပါလာခဲ့သည်။ ဇွဲနဲ့ဖြိုးလည်း အကို​နေကိုစကားတစ်လုံးမှမဟရဲပါ။ သူတို့အပြစ်လည်းပါတယ်​လေ သူတို့ ​ခေါ်လို့ မိုးစက်က လိုက်လာတာမို့လား ။
"ကိုကို"
​"ပြောပြအုန်း ဘာမှ မ​ပြောဘဲ basketball သွား​ဆော့တဲ့အ​ကြောင်း
မိုးစက် ကိုကိုက ​ပြောရင်အလွန်ဖြစ်မယ်​နော် အချိုးတစ်စက်မှမ​ပြေဘူး တခုမဟုတ်တစ်ခုအမြဲ​ပြော​နေရတာ
မင်းက က​လေးလား "
မိုးစက် နာ​နေပါတယ်ဆိုကိုကို့စကားကြမ်းကြမ်း  ကြီးတွေဖြင့်​ပြော​​နေတာ​ကြောင့်မျက်ရည်​တွေ ကျလာ​တော့သည်။ တကယ်လည်းသူဆိုးတာပါ။ ကိုကိုက ညာဒူး ထိထားတာမို့ ကား​တောင် အ​ဝေးမ​မောင်းခိုင်းတာ ကိုသူက ​ဆော့​တောင်​ဆော့တဲ့အထိ ဆို​တော့ ။
​"ပြောရင်ငိုဖို့ပဲတတ်တယ်"
အသင်္ချေ ​တစ်လမ်းဆူလာတာဆေးရုံကိုဘယ်လို​ရောက်လာမှန်း​တောင်မသိလိုက်ပါ။​ဆေးရုံ​ရောက်​တော့ က​လေးကို​ပွေ့ကာ သူတို့ကုသမှုအခန်းထဲ ​ခေါ်လာခဲ့လိုက်သည်။
"အမ်!! ​မောင်​လေး ဘာဖြစ်တာလဲ "(ယုယ)
"အဲ မိုးစက်​လေး ဒူးပြန်ဖြစ်တာလား "(အမှီ)
အားကစားဝတ်စုံ​လေးနဲ့ ငိုမဲ့မဲ့ဖြစ်​နေတဲ့ က​လေး ​ပေါက်စ နဲ့ မျက်နှာ​ကြော တင်း​ထောင်​နေတဲ့ သူတို့သူငယ်ချင်း​ကြောင့် အမှီနဲ့ယုယ အ​ခြေအ​နေကိုသ​​ဘော​ပေါက်ပြီး ဆက်စကားမ​ပြောရဲ​တော့ပါ။
အသင်္ချေ က​လေးကို ကုသမှု​ပေးလိုက်ပြီး ဒူးစွပ် စွပ်​ပေးကာ အိမ်ပြန်​ခေါ်လာလိုက်သည်။ လမ်း​လျှောက်ရင် နာ​နေမှာ ဆိုးလို့ ​ပွေ့ချီကာ ကား​ပေါ်တင်လာလိုက်သည်။ အိမ်​ရောက်​တော့လည်း ​ဒေါ သသာထွက်တာအရာအားလုံးရေချိုးထမင်းစား  တာကအစအားလုံးလုပ်​ပေးရသည်။ ​​ခြေ​တောက်​​ ယောင်လာမှာ ဆိုးတာမို့ ကိုယ်လုံး​ပေါ်က​တောင်မချရဲ​လောက်ဂရုစိုက်​နေတာမျိုးပါ။
"က​လေး ​ဆေး​သောက်ပြီးရင် အိပ်​တော့​လေ "
"ဟုတ်ကိုကို "
"နာ​​​နေသေးလား "
"မနာ​တော့ပါဘူး ကိုကိုလည်း နားအုန်း
က​လေး​ကြောင့်ပင်ပန်း​နေပြီမို့လား"
ဒီ​နေ့​တော့​ပြောစကားနား​ထောင်တဲ့က​လေး​လေးက ခုတင်​ပေါ်မှာ တိတ်တိတ်​လေးအိပ်​နေ​တော့ သည်။ သူဆိုးထားတာမို့ ဘာမှ ပြန်မ​​ပြောရဲဘဲ အသင်္ချေ အိပ်​ဆို​တော့ အိပ်​​တော့တာပဲ ။
"ဝါးးး
အိပ်လို့​ကောင်းလိုက်တာ "
မိုးစက်နိုးသည်အထိ ကိုကိုက မထ​သေးပါ ။ ပိတ်ရက်မို့​အေး​အေးလူလူ နှစ်​ယောက်လုံးအိပ်​နေကြတာ ​။
"ပြွတ်စ် !!!"
ကိုကို့ကို အနမ်း​ပေးလိုက်ပြီး ကိုကို့ လက်မောင်းကို ​ခေါင်းအုံးကာ ​ဆက်အိပ်​နေလိုက်သည်။
"ပြွတ်စ် !! morning က​လေး​ပေါက်စ "
"နိုးပြီလားကိုကို "
"နမ်းပြီးလာနိုးတာကို နိုးပြီ​ပေါ့ "
ကိုကို က မနက်ခင်းလည်း မိုးစက်ကို ​ပွေ့ချီကာ ​ရေချိုးတာကအစ အားလုံး လုပ်​ပေးပြီး ​အောက်ထပ် ထမင်းစားခန်းထဲ​ခေါ်လာသည်။
"ဘာဖြစ်လာတာလဲသား​လေး "
"ဒူးဒဏ်ရာရလာတာ"
"အဲဂရုစိုက်အုန်းသားရယ် "
"ဟုတ်ကြီးကြီး "
ကိုကိုက ဧည့်ခန်းမှာ ဖုန်းပြော​နေရင်းက ထမင်း စားခန်းထဲ​ရောက်လာပြီး မိုးစက် ပန်းကန်ထဲက နှိုက်စား​လေ​တော့သည်။
"သား​နေ ဒီ​နေ့ ကြီးကြီး ဒံ​ပေါက်ချက်မလို့
ကြိုက်​ကော ကြိုက်ရဲ့လား ထမင်းချက်ရအုန်းမလား"
"ရပါတယ်ကြီးကြီး ကျနော်က "
ဒံ​ပေါက်က က​လေးအကြိုက််​လေ သူမကြိုက်လည်းသူ့က​လေးကြိုက်ရင်ပြီး​ရော သူက ဘာဖြစ်ဖြစ်နည်းနည်းစားရရင်အဆင်​​ပြေတယ်​လေ။
"ဆရာ​နေ "
မိုးစက်တို့ဧည့်ခန်းမှာအသီးစား​နေတုန်း မင်းမင်း ​ရောက်​တော့သည်။ ကိုကို ဘာခိုင်းထားလည်းမသိ စက္ကူပုံးတွေမကာ ​ရောက်ချလာ​တော့သည်။
​"အေး​အေး  မင်းမင်းလာ"
"ဆရာပုံး​တွေဘယ်ထဲထည့်ခဲ့​ပေးရမလဲ"
"ရတယ်မင်းမင်း
ဒီမှာပဲထားခဲ့"
"အကိုမိုးစက် အနာသက်သာလား "
"အင်း သက်သာပါ တယ်"
မင်းမင်း ရယ်ချင်သွားသည်။သူကသာ သက်သာတယ်ဆိုတယ် သူ့လင်က​တော့အဖြစ်သဲ​နေ​တာမင်းမင်းတို့စ​​နေ​နေ့တောင်မနားရ​အောင် အလုပ်ခိုင်းထားတာ ။ သူ့ချစ်သူကိုအိမ်မှာကု​ပေးဖို့ စက်​တွေ ဂို​ထောင်ထဲက ယူလာ​ပေးရတာ။ အင်းပါ​လေ သူများ လင်လင်​တွေကိုကူညီ​တော့လည်းကုသိုလ်ရတာ​​ပေါ့ ။
"ဒါဆိုဆရာ ကျ​နော် ပြန်​​တော့မယ်"
​"အေး​အေး"
မိုးစက်ဧည့်ခန်းမှာ ထိုင်​နေစဥ်  ကိုကို့ ဖုန်းက အသံမြည်လာသည်။
"ကိုကို ဖုန်းလာ​နေတယ် "
📞Hello အ​ဖေ
📞​အေး ငါ့သား​လေး​ကော ဖုန်း​ခေါ်တာမကိုင်လို့
အ​ဖေတို့က​တော့မိုးစက်ကိုသူ့သား​လေးတဲ့ အသ င်္ချေ ကိုကျ​​တော့ တစိမ်းလိုပါပဲ။ သူ့သား ဆိုးထားတာ ကိုမှ သူက မသိ​နေပါ ။ မိုးစက် ဖုန်းက အ​ပေါ်ထပ်မှာမို့ အ​ဖေက အသင်္ချေ ဖုန်းကို ​ခေါ်ကာ ဆက်သွယ်ရတာဖြစ်သည်။ အသင်္ချေလည်း သူ့သား​လေးမိုး​ကြောင်း အကုန်တိုင်​​ပေးလိုက်သည်။
📞ဘာဖြစ်လည်း က​လေးပဲ တခါတ​လေ ​တော့ ကစားချင်တာ​ပေါ့
မင်းက ဆရာ လုပ်ပြီး အနီးကပ် ​စောင့်​ရှောက်ရမှာလေ
📞​အော် အ​ဖေရယ် မှတ်​တောင်ထားရအုန်းမယ်
ကိုကိုနဲ့​ဖေ​ဖေ ​ပြောတာကို နား​ထောင်ပြီး မိုးစက် ရယ်ချင်​နေမိသည်။ ​ဖေ​ဖေကအမြဲတမ်းသူ့ဘက် ကပဲ အခုလည်းကိုကို့ကို မိုးစက်ကိုဂရုစိုက်ဖို့ကြည့်သာ မှာ​နေ​တော့သည်။ ကိုကိုက ​နောက် ဆုံးဖုန်းကိုမိုးစက်ကို ​ထိုး​ပေးကာ ​ခေါင်းခါ လိုက်​တော့သည်။ သ​ဘောက​တော့ သူတို့နှစ်​ယောက်ကြားထဲမဝင်ဘူးဆိုတဲ့သ​ဘောပါ ။ မိုးစက် ​ဖေ​ဖေနဲ့ဖုန်း​ပြော​နေတုန်းကိုကိုက မင်းမင်းပို့သွားတဲ့ ပုံး​တွေဖွင့်ပြီး စက်​တွေ စစ်​နေလိုက်သည်။
"ကိုကို ဘာ​တွေလည်း"
"က​​လေးကိုကု​​ပေးဖို့ စက်​တွေ "
"အမ် !!!ကိုကို့ စက်​တွေက ​စျေးကြီးတယ်ဆို "
"အင်း"
"အားနာလိုက်တာ က​လေး ပိုက်ဆံပြန်ပေး​မယ်​လေ"
အသင်္ချေ စက်​တွေပြင်ဆင်ရင်း က​လေးကို မျက်​စောင်းထိုးကာ စကားတခွန်းဆိုလိုက်၏။
"ပိုက်ဆံ​ပေးစရာမလိုဘူးလူသိမ်းမှာ​လေ"
အချစ်များစွာဖြင့်🌻
21.9.2022(Wed)
...................................
Zawgyi
အလုပ်များ​နေလို့
"ကျစ်ဘာလည်းကွာ
"ဒေါက်​ဒေါက် "
"ကိုကို!!!"
"ကိုကို လာကြိုတာလား "
"အင်း "
"ဒါက အာကာတို့အတွက် "
"ကျေးဇူးပါ ဆရာ​နေ "
"နည်းနည်းပါ "
"ကိုကို က ..."
"ပြွတ်စ် ..
"က​လေး ခဏ "
"ဟုတ်ကိုကို "
"ကိုကို လက်​ပေး အုံး "
"ဟင့်...ဟင်းးး"
"အမ် !!က​လေး
ဘာဖြစ်တာလဲ "
"ဟုတ် "
"ရော့ က​လေး သွားတိုက် "
"အား​မွှေးသွားပြီ
ပြွတ်စ်စ် "
"ကိုကို မရဘူးကွာ
က​လေးရှက်တယ် "
"ကိုကို ဘာစားအုန်းမလဲ"
"မစား​တော့ဘူး
လာအိပ်စို့"
"အား ....ကိုကို ...အင့် "
~~~~~~~~~~~~~~~
"မောင်​လေးလာ
"ဟင် !!!ညီ​လေး ကိုစက် "
"ရပါတယ် ဆရာရဲ "
"ဝုန်းးး!!!"
"အမ်!! ကိုကို"
"​မောင်​လေးဘာဖြစ်တာလဲ "
"ကိုကို စိတ်တိုသွားတာ"
"​အေးသတိထားအုန်း
"ဟုတ်မမယု"
"မမယု ပြန်​တော့မယ်​နော်"
"Bye bye ​မောင်​လေး"
"ကိုယ်မစားဘူး မမှာနဲ့ "
"ရတယ် "
"ရတယ် ပြန်ကြစို့
~~~~~~~~~~~~~~~~
"........."
"အော် ဟိုမှာပြန်လာပြီ "
"က​လေး စားလို့ရပြီ​လား "
"ဟုတ် "
"ကိုကို ကြိုက်လို့လား "
"ဘာလို့လဲကိုကို "
"မစားချင်လို့"
"အမ် !!!
ညစာ က​လေးကို စားမှာ "
"ဟုတ်
~~~~~~~~~~~~~~
📞Hello က​လေး ​ပြော
📞အကို ကျ​နော် ဇွဲပါ
📞ဟင်
"အေး​အေး "
"က​လေး "
"ကိုကို !!!"
"ကိုကို"
မင်းက က​လေးလား "
"ဟုတ်ကိုကို "
"နာ​​​နေသေးလား "
"ဝါးးး
"ပြွတ်စ် !!!"
"နိုးပြီလားကိုကို "
"ဘာဖြစ်လာတာလဲသား​လေး "
"ဒူးဒဏ်ရာရလာတာ"
"ဟုတ်ကြီးကြီး "
ဒံ​ပေါက်က က​လေးအကြိုက်​လေ သူမကြိုက်လည်းသူ့က​လေးကြိုက်ရင်ပြီး​ရော သူက ဘာဖြစ်ဖြစ်နည်းနည်းစားရရင်အဆင်​​ပြေတယ်​လေ။
"ဆရာ​နေ "
"အေး​အေး  မင်းမင်းလာ"
"ရတယ်မင်းမင်း
ဒီမှာပဲထားခဲ့"
"အင်း သက်သာပါ တယ်"
"အေး​အေး"
"ကိုကို ဖုန်းလာ​နေတယ် "
📞Hello အ​ဖေ
"ကိုကို ဘာ​တွေလည်း"
"အမ် !!!ကိုကို့ စက်​တွေက ​ဈေးကြီးတယ်ဆို "
"အင်း"
အချစ်များစွာဖြင့်🌻
21.9.2022(Wed)
Okumaya devam et
Bunları da Beğeneceksin
166K 17K 67
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
1.4M 57.7K 69
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
250K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
223K 22.2K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...