မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက...

By ma_roses_are_blue

92.1K 10.6K 167

The Blackened Second Male Lead's Wife Language Korean Author(s) Kim Poppy 김뽀삐 Artist(s) Sol (solminator0) Yea... More

Description
အပိုင်း(၀၀)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
Notice
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
🫶

အပိုင်း(၅၀)

736 94 2
By ma_roses_are_blue

သူမအဖေက သူမပခုံးကိုကိုင်ပြီး နှစ်သိမ့်တဲ့အမူအရာနှင့် ပြောတော့သည်
"မင်္ဂလာပွဲနေ့သတ်မှတ်ပေးမဲ့သူတွေက လေထုအခြေအနေမကောင်းလို့ ရွေ့ဆိုင်းနေရတာ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီးစောင့်ပါ"

သူမခေါင်းတချက်ညိမ့်ပြီး ပြတင်းပေါက်ကိုကြည့်နေမိတော့သည် ပြတင်းပေါက်မှာ အလင်းပြန်နေတဲ့ လှပတဲ့မြင်ကွင်းကိုကြည့်ရင်း ဆောင်းရာသီက တဖန်ရောက်လာခဲ့ပြန်တော့သည် မူရင်း၀တ္ထုအရဆိုရင်း ဧကရာဇ်က ဒီဆောင်းရာသီမတိုင်ခင်မှာ ဆုံးပါးသွားလိမ့်မည်

ဧကရာဇ်နဲ့ပတ်သတ်ပြီး သူမမှာ စိတ်ခံစားချက်ကောင်းမရှိပေမဲ့ ဘာနေနေ သူက သူမတို့နိုင်ငံရဲ့ အုပ်ချုပ်သူပဲလေ သူတို့ကလဲ အချင်းချင်း နည်းနည်းလောက်သိကြသေးတယ်မလား အဲ့လိုလူတယောက်ရဲ့ဘ၀က ဆိုးရွားတဲ့အခြေအနေရောက်နေတော့ သူမ ရင်ထဲ ခါးသက်သလိုခံစားရလေသည်

───── 〔✿〕─────

ဒါက သူမ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းကတွေးခဲ့သောအရာပင်

"မတွေ့ရတာကြာပြီနော် ပါနေးရား"

"အင်ပါယာရဲ့ ကြီးမြတ်လှတဲ့ ဧကရာဇ်ကို နှုတ်ဆက်ပါတယ်"

သူမကို တော်၀င်မြို့တော်အားလာပြီး ဧကရာဇ်နဲ့တွေ့ရန် အမိန့်ရခဲ့လေသည်

'သူ ငါ့ကို ရုတ်တရက်ကြီး ဘာလို့တွေ့ချင်ရတာလဲ'

သူက အင်ပါယာကို အဓိက အုပ်ချုပ်သူဖြစ်တယ်ဆိုအုမ်းတော့ ဧကရာဇ်နဲ့တွေ့ဆုံရတာက စိတ်ချမ်းသာစရာမကောင်းပေ နှစ်ယောက်သား မျက်နှာချင်းဆိုင် အနေအထားက ပိုလို့တောင် ဆိုးနေသေးသည် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းကိုမော့လိုက်တဲ့အခါမှတော့ သူမအံဩသွားမိတော့သည်

'သူပုံစံက အရင်ကထက်တောင် ပိုဆိုးလာတာပဲ'
သူမအဖေဆီက ကြားရတဲ့အတိုင်း ဧကရာဇ်အခြေအနေက အတော်ဆိုးနေတာပင် သူရဲ့ ဖြူဖျော့နေတဲ့မျက်နှာပေါ်မှာ ဘာအရောင်မှမရှိတဲ့အပြင် ဝိတ်ပါကျသွားပုံရသည်

ဧကရာဇ်ရဲ့နာမကျန်းဖြစ်လာရသည်မှာ အဆိပ်ကြောင့် ဖြစ်ပေါ်လာသော အတွင်းဒဏ်ရာကြောင့်ဖြစ်သည် ထိုအဆိပ်၌ ဖြေဆေးလဲမရှိပေ ပုံသဏ္ဍာန်မရှိတဲ့အဆိပ်က သွေးထဲတွင် ကျန်နေခဲ့ပြီး ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေကာ အူများကို ဝါးမြိုသွားခဲ့သည် ဒါကြောင့် အက်စတယ်လာရဲ့စွမ်းအားနဲ့ ကုသရင်တောင်အသုံးမ၀င်ပေ ခန္ဓာကိုယ်ထဲက အဆိပ်က မပြေမချင်း ဧကရာဇ်က ပြန်လည်ကျန်းမာလာမည်မဟုတ်ပေ သူက ဒီလိုမျိုး သေလောက်အောက်ပြင်းတဲ့အဆိပ်ခတ်ခံရတာဖြစ်သည်
"မင်း အဲ့လိုအကြည့်နဲ့ ကြည့်နေစရာမလိုပါဘူး ငါက အခုချက်ချင်းသေသွားမှာမှ မဟုတ်တာ"

'အာ ဒီဆရာက စိတ်ဖတ်နိုင်တဲ့သူတယောက်ပဲ'

'တခြားသူဘယ်လိုခံစားနေရတယ်ဆိုတာ သူဘယ်လိုလုပ်ပြီးများ သိနိုင်ရတာလဲ'

သူမခေါင်းထဲမှာ ဘာရှိလဲဆိုတာကို မြင်လိုက်ရသလို ဧကရာဇ်က ပြုံးပြီး ပါးစပ်ကိုဖွင့်လိုက်တော့သည်
"အက်စတယ်လာဆီကနေ စာတစောင်လာတယ် စီဘရမ်ဘုရင့်နိုင်ငံတော်ကနေ အရေးကြီးတဲ့လူတယောက်ကိုလွှတ်လိုက်မယ်တဲ့ ကြည့်ရတာ စီဘရမ်ဘုရင့်နိုင်ငံက နာမည်ကြီးဆရာ၀န်တယောက်ကိုလွှတ်လိုက်တာပဲဖြစ်ရမယ်"

'ဆရာ၀န်?'

'မဟုတ်မှလွဲရော'

သူမ မျက်လုံးတွေပြူးကျယ်စွာဖွင့်ရင်း ဧကရာဇ်ကို ငေးကြည့်နေမိတော့သည် ဧကရာဇ်က တည်ငြိမ်သောအသံနှင့် ဆက်ပြောလာခဲ့သည်
"ဤတိုက်ကြီးမှာ အဆိပ်နဲ့ပတ်သတ်ပြီး ကောင်းစွာ ကျွမ်းကျင်တဲ့သူ သိပ်မရှိဘူး ဘယ်သူသိနိုင်မှာလဲ ဒီခန္ဓာကိုယ်အတွက် ကုသဆေးလည်း ရှာတွေ့ရင်တွေ့သွားနိုင်မှာပေါ့"

'အိုး မိုင်ဂေါ့ ဘာတွေဖြစ်ကုန်တာလဲ'

'ဒါက မူရင်းဇာတ်ကြောင်းမှာ မပါဘူးလေ'

'တွေးကြည့်လိုက်ရင်‌လဲ ငါဒီခန္ဓာကိုယ်ကိုရောက်လာလိုက်လို့ မူရင်းဇာတ်ကြောင်းက အများကြီးပြောင်းသွားတယ်'

လုရှန်က အက်စတယ်လာနဲ့မဟုတ်ပဲ သူမနဲ့ချစ်ကျွမ်း၀င်သွားတယ် အက်စတယ်လာကလဲ သူမနဲ့ ကားလစ်တို့ရဲ့အချစ်ခရီးလမ်းမှာ ဘာအနှောင့်အယှက်မှမရှိကြောင်း သက်သေပြတယ် မူရင်းမှာမပါတဲ့ နိုင်ငံခြားကိုပင် ပညာတော်သင်သွားလိုက်သေးတယ် ဒါ့အပြင် အက်စတယ်လာက ထင်ရှားတဲ့ ဆရာဝန်တစ်ဦးကို တွေ့ရှိပြီး အင်ပါယာသို့ စေလွှတ်ခဲ့သေးသည်

'ဖြစ်နိုင်တာက ဧကရာဇ် အသက်ရှင်တာများလား'

ဒါက ဖြစ်နိုင်တဲ့ ဇာတ်ကြောင်းပဲ
ဧကရာဇ်က ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ သူက လုရှန်၏ဘ၀ကို ထိန်းထားနိုင်သော အခိုင်မာဆုံး ချပ်၀တ်ကြီးတစ်ခုဖြစ်တဲ့အပြင် အက်စတယ်လာကို ဧကရီဆီကနေ အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးမဲ့ ဒိုင်းကာကြီးတစ်ခုလဲဖြစ်သည်

ဧကရာဇ်က သူမကို ကြည့်ပြီး ပြုံးနေတော့သည်
"ဒီအမူအရာကိုကြည့်ခြင်းအားဖြင့် ငါပြန်သက်သာလာမယ်ဆိုလို့ မင်းနည်းနည်းလောက်ပျော်သွားတဲ့ပုံပဲ သိပ်မဆိုးပါဘူး"

ချုံပြောရရင် သူက အင်ပါယာရဲ့ အဓိက အုပ်ချုပ်သူကြီးပဲလေ ဘာပဲဖြစ်ဖြစ်ပါ ဧကရာဇ်ရဲ့ ကျန်းမာရေးအခြေအနေတိုးတတ်လာမယ်ဆိုရင် ဒါက ကောင်းတဲ့အရာတစ်ခုပါပဲ ဒါကြောင့် သူမ ပွင့်လင်းစွာခေါင်းငြိမ့်ပြီးပြောလိုက်သည်
"အက်စတယ်လာမျက်လုံးတွေက အရမ်းစူးရှတယ် အရမ်းတော်တဲ့ဆရာ၀န်တစ်ယောက်ကို သူမရှာတွေ့ထားမယ်ဆိုတာ ကျွန်မအာမခံပါတယ် သူက အရှင့်ရဲ့ကျန်းမာရေးကို တိုးတတ်အောင်လုပ်နိုင်မှာပါ"

"ကျေးဇူးပါကွယ် ဒါနဲ့ မင်းကိုခေါ်လိုက်တာက မိန်းကလေးငယ်တစ်ယောက်ဆီက အားပေးစကားကြားချင်လို့မဟုတ်ဘူး မင်းဆီက အကူအညီလိုလို့"

သူမကြက်သေသေသွားမိသည်

'သူ ငါဆီကနေဘာလိုချင်နေတာလဲ ငါလုပ်နိုင်တာအားလုံးက ရက်စက်ကြမ်းကြုတ်တဲ့မှတ်ချက်တွေပေးတာရယ် အလှဆင်တာရယ် လုရှန်ကို အရူးအမူးဖြစ်တာရယ်ပဲ'

ဧကရာဇ်ကပြောလာတော့သည်
"ပါနေးရား, အင်ပါယာထဲ၀င်လာပြီဖြစ်တဲ့ ဆရာ၀န်ကို တော်၀င်မြို့တော်ဆီ ပို့ဆောင်ပေးနိုင်မလား"

'လိုက်ပို့ရမှာလား'

ထိုအရာက သူမနဲ့မသက်ဆိုင်ပေ အတွေ့အ‌ကြုံ ဗဟုသုတမရှိတဲ့သူမ သူ့အပေါ် အမှားလုပ်မိပြီး နှောင့်ယှက်မိသလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ

"အရှင် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်မထက်ပိုပြီးအတွေ့အကြုံရှိတဲ့သူတစ်ယောက်ကို ဘာလို့မရွေးရတာလဲ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မက ဧည့်သည်ကို ပို့ဆောင်ပေးဖို့ သင့်တော်တယ်မထင်ဘူး"

သူမမှာ ညစ်ပတ်နေတဲ့ဂုဏ်သတင်းရှိနေချိန် သူက လှပတဲ့ ဂုဏ်သတင်းရှိနေတာကြောင့်ဖြစ်သည်

ဧကရာဇ်ကလဲ သူမစကားတွေကိုမငြင်းဆန်ပေ ထို့အစား သူမဘာကြောင့် သွားရမယ်ဆိုတာကိုပြောပြလာခဲ့သည်
"သူက မင်းကို လာကြိုပေးဖို့ တောင်းဆိုလိုက်လို့ပဲ"

"ဘယ်လို"

"သူက အက်စတယ်လာရဲ့အကောင်းဆုံး သူငယ်ချင်း လုရှန်ရဲ့ ဇနီးလောင်း ပါနေးရား လိုင်လာအကြောင်းအရမ်းသိချင်နေတာ ဒါကြောင့် သူကိုလိုက်ပါပို့ဆောင်မဲ့သူက မင်းပဲဖြစ်ရမယ်လို့ သူက အခိုင်အမာပြောခဲ့တယ်"

ထိုအခိုက်အတန့်မှာတော့ ဧကရာဇ်ရဲ့မျက်နှာထားက အကူအညီတောင်းနေတဲ့ပုံစံမျိုးမဟုတ်တဲ့ အသွင်သို့ပြောင်းသွားခဲ့သည်

သူမနားလည်လိုက်သည်

ဒါက ဧကရာဇ်ရဲ့အမိန့်ဖြစ်ကြောင်း

သူမမှာငြင်းဆန်ခွင့်မရှိပေ
───── 〔✿〕─────

သူမက စီဘရမ်ဘုရင့်နိုင်ငံတော်က ဒေါက်တာခွန်းကို လိုက်ပါပို့ဆောင်ရမယ်ဆိုတာ လုရှန်သိသွားသောအခါ လုရှန် reaction က ဒီလိုဖြစ်လေသည်
"ဘာလို့ အဲ့ကိစ္စကို တာ၀န်ယူလိုက်ရတာလဲ"

‌နေပူတဲ့နေ့တနေ့မှာ အမြဲတမ်း ဂျယ်လီလို ပျော့အိနေတတ်တဲ့ လုရှန်က သူမနဲ့တွေ့တော့ စိုးရိမ်တဲ့မျက်နှာနှင့်ပြောလာခဲ့သည်
"ကိုယ် ဧကရာဇ်ကို ပြောလိုက်မယ် ဒီလိုအရေးမကြီးတာတွေမလုပ်ခိုင်းဖို့ ကိုယ့်လေဒီက ဒီလိုအရာတွေလုပ်စရာမလိုဘူး"

"အဲ့လိုမလုပ်ပါနဲ့ ဧကရာဇ်က ကမ်းလှမ်းတာမဟုတ်ပါဘူး ကျွန်မကိုယ်တိုင်ကိုက ကူညီချင်တာပါ"

"ကိုယ့်လေဒီက လုပ်ချင်တာလား"

လုရှန်က စိတ်ထဲရှုပ်ထွေးနေသလိုအကြည့်တစ်ခု သူမဆီ ပစ်လွတ်လိုက်သည်

သူမခေါင်းညိမ့်လိုက်သည် အလိမ်တ၀က် အမှန်တဝက်နှင့်

ဒီလိုအရေးကြီးတဲ့ဧည့်သည်ကို သူမဆီအပ်နှင်းခံရတာ ဝန်ထုပ်ဝန်ပိုးဖြစ်လေသည် သူမအစက ရှောင်ပစ်ချင်ပေမဲ့ သူမ ထပ်တွေးကြည့်လိုက်တဲ့အခါ ထိုဟာက ဆိုးရွားသောအခွင့်အရေးမဟုတ်ပေ

'ငါ ပါနေးရားဖြစ်လာကထဲက လုပ်ရတဲ့ ပထမဆုံး အလုပ်ပဲ'

အရင်က ပါနေးရားလုပ်ခဲ့သမျှ အရာအားလုံးက အ၀တ်အစား၀တ်တာရယ် ကပွဲတွေတတ်ဝာာရယ်ပင် လေဒီတ‌ယောက်ရဲ့ ဘ၀က ခမ်းနားပြီး စိမ်ပြေနပြေဖြစ်တဲ့ အထက်တန်းလွှာဘ၀က ပျော်ရွှင်စရာကောင်းလေသည် ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးလုပ်ရတာက ကောင်းတယ်လို့ထင်မိလေသည်

'ပြီးတော့ တစ်စုံတယောက်ရဲ့ဘ၀ကလဲ အဲ့အပေါ်မူတည်နေတယ်လေ'

စီဘရမ်ဘုရင့်နိုင်ငံတော်က ဆရာ၀န်သာ ဧကရာဇ်ရဲ့ ရောဂါကို ကုသအောင်မြင်ခဲ့မယ်ဆိုရင် သူမက ဧကရာဇ်အတွက် အကူအညီသေးသေးလေးပေးလိုက်တဲ့လူလဲဖြစ်လာအုမ်းမယ်လေ

အရမ်းကို ထင်ရှားတဲ့ဖြစ်ရပ် ဖြစ်သွားမှာ

'ဒီလိုကူညီထားတယ်ဆိုရင် လုရှန်နဲ့သူမကြားက လက်ထပ်ပွဲအကြောင်း သူ့ကိုပြောရင် သူနားထောင်လောက်မလား သူသာကျန်းမာနေရင် ဧကရာဇ် ငါတို့လက်ထပ်ပွဲကို ခွင့်မပြုစရာ‌ ဘာအကြောင်းရင်းမှမရှိတော့ဘူး'

ဒါက သူမရဲ့ ရည်ရွယ်ချက်ပဲ

လုရှန်ရဲ့လက်ဖမိုးကို ပွတ်ရင်း ပြောလိုက်သည်

"ဒီကိစ္စက ကျွန်မအတွက် နည်းအမျိုးမျိုးကနေကြည့်ရင် အခွင့်အရေးကောင်းတစ်ခုပဲလေ ဒါကြောင့် လုရှန်က ဒီကိစ္စကို ကျွန်မ ကောင်းကောင်းလုပ်နိုင်အောင် အားပေးနေနော်"

“….”

သူမလိုချင်တဲ့အရာတွေနဲ့ပတ်သတ်ပြီး သူဘယ်တုန်းကမှ ခွင့်မပြုခဲ့တာမရှိ

သူမ မကြိုက်တဲ့ဘယ်အရာကိုမှ သူဘယ်တော့မှမလုပ်

လုရှန် သူမကို မယုံသလိုအကြည့်နှင့် ကြည့်နေခဲ့ပြီး သက်ပြင်းဖြေးဖြေးလေးချလိုက်လေသည်

'ထင်တဲ့အတိုင်းပဲ'

သူမစိတ်ထဲ၌ "ဟူး‌ ရေး" ဟု အော်ဟစ်နေမိသည်

လုရှန်က အရှုံးပေးလိုက်သလို မျက်ခုံးတွေကို နှိမ့်ချပြီး သူမကို ပြုံးကာကြည့်နေတော့သည်

"ဘယ်လိုဆရာ၀န်မျိုးကို လိုက်ပို့ရမယ်ဆိုတာကိုရော သိ‌နေတာလား အဲ့ဒါကြောင့် အခုလိုဖြစ်နေတာလား"

"ကျွန်မ ရိုးရှင်းတဲ့ သတင်းလေးနည်းနည်းလောက်ပဲသိထားတာပါ စီဘရမ့်ဘုရင့်နိုင်ငံတော်မှာ အ‌ထူးချွန်ဆုံး ဆရာ၀န်တစ်ဦးတဲ့"

သူမ လုရှန်ကိုကြည့်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်သည်
"ကျွန်မကြားခဲ့တာက သူက ရှင်နဲ့ သိနေတယ်တဲ့လေ"

"မင်း သတင်းမှားရထားတာပဲ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူး သူက ကိုယ် စစ်မြေပြင်မှာသိတဲ့ တစ်စုံတစ်ယောက်သာသာပါ သူက စစ်ပွဲကြေးစားတစ်ယောက်ပါပဲ"

သတင်းအချက်အလတ်တွေထပ်ကြားရဖို့ သူမ နားစွင့်ထားလိုက်သည် လုရှန်က သူ့အကြောင်း ပြောတာရှားလေသည် အထူးသဖြင့် စစ်မြေပြင်ကအကြောင်းတွေ သိပ်ပြောစရာ မရှိသလိုပဲ

"ကြေးစားတွေကလဲ ဆရာ၀န်တွေလား"

"တစ်စုံတစ်ယောက်က ငွေလိုနေရင် ဆရာ၀န်တွေကလဲ စစ်ပွဲကိုသွားမှာပဲ ဒါပေမဲ့ သူက ပုံမှန်မဟုတ်ဘူး ပိုက်ဆံရှာဖို့ စစ်ပွဲထဲပါ၀င်လာတယ်ဆိုတာထက်..."

အတိတ်ကိုပြန်တွေးနေသလို လုရှန်မျက်လုံးတွေမှိတ်ထားလိုက်သည်

"ကိုယ်ထင်တာ သူက သေခြင်း ရှင်ခြင်းကြားရောက်နေတဲ့ သူတွေကို ကုသရတာ ကြိုက်တယ်ပုံပဲ ထိခိုက်မှုကပိုပြင်းလေလေ သူပိုပြီးစိတ်အားထက်သန်လေလေပဲ"

“….”

သူမနည်းနည်းလောက် စိတ်ရှုပ်သွားမိသည်

မဟုတ်သေးပါဘူး မဟုတ်သေးပါဘူး သင်ဟာ နယ်ပယ်တစ်ခုကို ရူးသွပ်နေတယ်ဆိုရင် ဒီလိုထူးခြားမှုမျိုး ရှိနိုင်လေသည်

အသုံးမဝင်တဲ့ ထင်ယောင်ထင်မှားတွေ မတွေးနဲ့

"ဒါပေမဲ့ သူကကျွမ်းကျင်တယ်မလား"

"သူက အလွန့်အမင်းကို ကျွမ်းကျင်တာ ဆေးနဲ့ပတ်သတ်ရင် ကိုသိတဲ့အကောင်းဆုံးဆိုတာ သူပဲရှိတယ် သူသာဆိုရင် သူ ဧကရာဇ်ကိုကုသနိုင်မယ်ထင်တယ်"

ထိုစကားများက သူမမျက်နှာကိုတောက်ပသွားစေသည် (ပျော်သွားတယ်လို့ဆိုလိုချင်တာ)

"ကျွန်မမျှော်လင့်မိနေပါပြီ အဲ့လိုလူမျိုး အင်ပါယာကိုလာမယ်ဆိုတော့ ကျွန်မ၀မ်းသာမိတယ်"

လုရှန်က သူမကိုငေးကြည့်နေပြီး ဆံပင်ကို သူမနားရွက်အနောက်၌ သိမ်းပေးလိုက်သည်

"နေးရား မင်းက တခြားသူတွေကို အမြဲဂရုစိုက်ပေးတတ်တာပဲ"

'ငါက ကိုယ်ကျိုးမဖဲ့ပဲလုပ်နေတာမျိုးမှမဟုတ်တာ'

လူသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ချင်းစာတရား သေချာပေါက် ရှိရလေမည် ဒါပေမဲ့ ဧကရာဇ်ပြန်ကျန်းမာလာဖို့ကိစ္စနဲ့ပတ်သတ်ပြီး သူမခံစားချက်ကတော့ ပုဂ္ဂိုလ်ရေးခံစားချက်နှင့်ပြည့်နှက်လေသည်

လုရှန်ရဲ့ ရွှေသံချပ်ကာ အက်စတယ်လာရဲ့ ယောက္ခထီး လုရှန်နဲ့ သူမ လက်ထပ်ဖို့ ဦးဆောင်ပေးနိုင်မဲ့ Big shot
ပြုံးလိုက်မိသည် ဒီအကြောင်းပြချက်တွေအားလုံးကို သူအားပြောပြဖို့ မလိုပေ

"ကောင်းတဲ့အရာတွေက ကောင်းတဲ့အရာတွေပါပဲ"

လုရှန်က ညည်းညူရင်း သူ့မျက်နှာကို သူမပခုံးပေါ်မှာ မြှုပ်ထားလိုက်သည်

"အဲ့လိုလား ကိုယ်ကတော့ မင်းကိုပဲ သဘောကျတယ်"

ငြီးတွားသောအသံကိုကြားပြီး ရယ်‌မိတော့သည်

ချစ်စရာကောင်းတယ်

လုရှန်ရဲ့ပါးနှစ်ဖက်ကိုဆွဲလိုက်ပြီး သူနှုတ်ခမ်းတွေကို နမ်း‌လိုက်သည်
───── 〔✿〕─────

ဒီနေ့ရဲ့ မိတ်ကပ်conceptက တည်ငြိမ်ပြီးအဆိပ်ပြင်းတာမျိုးဖြစ်သည် ပုံမှန်ထက်ပိုပြီး မပြင်းတဲ့မိတ်ကပ်မျိုး လိမ်းထားသည် (အိုင်းမိတ်ကပ်ကိုတော့ သူမ မစွန့်လွှတ်ခဲ့ပေ)
ပြီးတော့ သူမမှာရှိတဲ့ အသင့်တော်ဆုံး၀တ်စုံကို ၀တ်လိုက်သည် ဒီနေ့က စီဘရမ်ဘုရင့်နိုင်ငံတော်က ဆရာ၀န် ခွန်းကို သွားကြိုဆိုရမည့်နေ့ဖြစ်တာကြောင့်ပင် လုရှန်က သူမနဲ့လိုက်လာချင်ပေမဲ့ သူ့မှာအရေးကြီးတဲ့ ကိစ္စတတ်ရောက်ဖို့ရှိတာကြောင့် သူ မလိုက်ခဲ့ရပေ

[အဆင်ပြေပါမလား]

သူမ စိတ်ပူပန်မှုအပြည့်နှင့်လုရှန်ကို ခေါင်းကို ပြင်းပြင်းထန်ထန် ညိမ့်ပြလိုက်သည်

တကယ်က လုရှန်မလာတာပိုကောင်းလေသည်

ဒီကမ္ဘာကိုရောက်လာကထဲက သူမအတွက် အရေးကြီးတဲ့ ပထမဆုံး အလုပ်ဖြစ်သည် ဘယ်သူ့အကူအညီမှမပါပဲ ကိုယ်တိုင်ကိုယ်ကျ လုပ်ချင်လေသည်

တခဏကြာပြီးနောက် ရထားလုံးတစ်ခုက ဂိတ်ပေါက် အရှေ့ကို ‌ဆိုက်ရောက်လာခဲ့သည်

'ဘယ်လိုလူစားမျိုးဖြစ်မလဲ'

အချက်အလတ်တွေကမပြည့်စုံတာကြောင့် သူ့အကြောင်း သိပ်မသိပေ

စီဘရမ်ဘုရင့်နိုင်ငံတော်က လူသိများတဲ့ဆရာ၀န် အဆိပ်နဲ့ပတ်သတ်လာရင် တခြားသူတွေထက် ပိုပြီး အသိပညာကြွယ်၀တဲ့ ဆရာ၀န်တစ်ယောက်ဖြစ်လေသည်

သူ အကဲခတ်တဲ့အကြည့်မျိုးလုပ်မှာလား ဒါမှမဟုတ် ဗဟုသုတနက်နဲနေတဲ့ စာသင်သားတစ်ယောက်လိုမျိုး ဖြစ်နေမလား

ဒါပေမဲ့ ရထားလုံးကနေထွက်လာတဲ့ ခွန်းကိုမြင်မြင်ချင်း သူမ မထိန်းနိုင်ပဲ မျက်လုံးပင် ပြူးသွားမိသည်
(Long time no seeပါ 🤭)

Continue Reading

You'll Also Like

3.4M 207K 93
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.3M 151K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.3M 67.4K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
56.2K 4.7K 52
သောကြာနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့