Unicode
အပိုင်း (၄၆) မနာလိုမှု(၁)
မြို့တော်မှ အခြေအနေများကို အတွေ့အကြုံရှိပြီးသားဖြစ်သော လုရှီမင်က လေးလံသော နှလုံးသားနှင့်အတူ ထွက်သွားခဲ့ပြီး နယ်မြို့တွင်သာ နေထိုင်ခဲ့ခြင်းဖြစ်သည်။
သူ အသက် ၁၆ နှစ်တွင် အင်ပါယာဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့၏။ ကုန်သည်၏သားများက သည်လိုဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရှိသော်လည်း သူတို့အတွက် လွယ်ကူခဲ့ခြင်းမရှိပေ။ လုရှီမင်ကမူ အလွန်ပါရမီကြီးသည်။ သူက ထိပ်ဆုံး ဆယ်ယောက်စာရင်းသို့ ဝင်နိုင်မည်ဟု တွေးခဲ့သေး၏။ သူ အံ့ဩသွားရသည်မှာ သူ စာမေးပွဲကို ကျရှုံးသွားခဲ့သည်။ သူ၏နာမည်က စာရင်းတွင် ပါမလာခဲ့ပေ။ နောက်ပိုင်း သူ သိခဲ့ရသည်မှာ သူ၏နာမည်ကို အခြားတစ်ယောက်၏ နာမည် အစားထိုးခွင့်ရရန်အတွက် သူ၏အစ်ကိုကြီးက သဘောတူခဲ့သည့်အကြောင်းကိုသာလျှင်ဖြစ်သည်။ သူက စာမေးပွဲကို အောင်ခဲ့၏။ သူက အယောက်ရာကျော်ထဲတွင် နံပါတ် ၅ နေရာဖြင့် အောင်ခဲ့ခြင်းဖြစ်သည်။
သူ၏နေရာတွင် အစားထိုးဝင်လိုခဲ့သူက ကျန်းနန်မြို့အရှင်၏သားဖြစ်၏။ လုရှီမင်က အလွန်ဒေါသထွက်ခဲ့သောအခါ သူ၏အစ်ကိုကြီးက အကြောင်းပြချက်ကိုပြောခဲ့သည်။ ထိုအခါမှသာ မိသားစု၏ စီးပွားရေးလုပ်ငန်းက အန္တရာယ်ရောက်နေကြောင်း သူ သိခဲ့ရ၏။ မြို့အရှင်က သည်အခြေအနေကို သုံးပြီး အကြပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏အစ်ကိုအကြီးဆုံးကသာ သူ့သား၏နာမည်ကို ထည့်ခွင့်ငြင်းဆန်ခဲ့ပါက စီးပွားရေးလုပ်ငန်းကို ဖျက်ဆီးပစ်မည်ဟု ဆိုခဲ့ခြင်းလည်းဖြစ်သည်။
သုံးနှစ်ကြာပြီးနောက်တွင် သူ နောက်ထပ်တစ်ကြိမ် ဝင်ခွင့်စာမေးပွဲဖြေခဲ့ပြန်သည်။ ကံဆိုးစွာဖြင့်ပင် သည်တစ်ကြိမ်တွင်လည်း သူက ကုန်သည်ဖြစ်နေပြီး စစ်ဆေးသူများက သူ့အပေါ် သဘောမကျမှုကြောင့် ကျရှုံးသွားခဲ့ရပြန်၏။
သည်အချိန်အတောအတွင်းတွင် စစ်ဆေးသူများက လောဘကြီးလာခဲ့ကာ သူတို့ကျင်းပသော စာမေးပွဲများအပေါ် အခွင့်ကောင်းယူလာခဲ့ကြသည်။ ဖြေဆိုသူများထံမှ ငွေပြားများကို များစွာကောက်ခံခဲ့ကြ၏။ မေးခွန်းများကိုလည်း ကျောင်းသူကျောင်းသားများထံသို့ ရောင်းချသည်။
ဒါကိုအခွင့်ကောင်းယူပြီး သူ့အပေါ် အပြစ်ပြုခဲ့သော စစ်ဆေးသူများ၏နာမည်ကို သုံးကာ သူက မေးခွန်းများကို ရောင်းချခဲ့သည်။ ဒါက အဖြေမှားများဖြစ်ကာ ထိုကျောင်းသူကျောင်းသားများ အားလုံးက စာမေးပွဲတွင် ကျရှုံးသွားခဲ့၏။ ထို့ကြောင့် ထိုစစ်ဆေးသူများအားလုံးက အလှောင်အပြောင်ခံခဲ့ရကာ ကျောင်းသူကျောင်းသားများ အားလုံးက သူတို့ကို ကျိန်ဆဲခဲ့သည်။ သူတို့၏မိသားစုများကလည်း လုပ်နိုင်စွမ်းအားရှိကြသူများ ပါဝင်နေခဲ့လေရာ သူတို့၏အဆင့်အတန်းကို ဆုံးရှုံးခဲ့ရ၏။
အာ... ဒါက သူ၏ချိုမြိန်သော ကလဲ့စားချေခြင်းဖြစ်ကာ သူ ကျေနပ်နှစ်သိမ့်ခဲ့သည်။ သူ ထိုသို့လုပ်ပြီးနောက်တွင် သူက အစစ်အမှန် အင်ပါယာမြို့တော်စစ်ဆေးပွဲမှ ထိပ်တန်းအဆင့် တစ်ယောက်ဟုပင် ခံစားနေခဲ့ရသည်။
သူ၏အမြင့်ဆုံးအခြေအနေတွင် ရှိနေခဲ့ချိန်က လုရှီမင်သည် သုံးနှစ်ကြာပြီးနောက်တွင် စာမေးပွဲကို နောက်ထပ်တစ်ကြိမ် စာမေးပွဲဖြေခဲ့ပြန်သည်။ သူက တက်ကြွသောငယ်ရွယ်မှုအပြည့်ရှိနေခဲ့သေးကာ ဆုံးဖြတ်ချက်ပြတ်သားနေခဲ့၏။ နောက်ဆုံးတွင် သူက တတိယနေရာနှင့် အောင်ခဲ့ပြန်သည်။ သို့သော် သည်တစ်ကြိမ်တွင်လည်း သူ့အနေဖြင့် မျက်နှာသာပေးမခံရပြန်ပေ။
စာမေးပွဲဖြေနေချိန်အတောအတွင်းတွင် ယခင်ဧကရာဇ်က သူ့ကို နေရာငယ်တစ်ခုပေးသည်။ သို့သော် ဒါက ကုန်သည်၏သားတစ်ယောက် ဖြစ်သည့်အတွက် သူနှင့်ထိုက်တန်သောနေရာကို ပေးအပ်ခဲ့ခြင်း မဟုတ်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် လုရှီမင် လက်သင့်မခံနိုင်တော့လေဘဲ သူ၏မိန်းမနှင့်ကလေးကို ခေါ်ပြီးနောက် အင်ပါယာမြို့တော်မှ ထွက်သွားကာ နယ်မြို့တွင်သာ ဆေးခန်းငယ်လေးတစ်ခုကို ဖွင့်လှစ်လိုက်၏။
သူ၏စိတ်ထဲတွင် မြို့တော်သို့ ပြန်လာရန် ဘယ်တော့မှ စိတ်ကူးမရှိခဲ့ပေ။ သို့သော် သူ့အပေါ် မှားယွင်းစွာ ဆက်ဆံခဲ့သောယခင်ဧကရာဇ် သေဆုံးခဲ့ပြီဟူ၍ ကြားသိရသောကြောင့်သာလျှင် လုရှီမင်က ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိအချိန်တွင် သူ အရာရှိထပ်ဖြစ်လာရန် တုံ့ဆိုင်းနေလေပြီ။
“ဦးလေး ဦးလေးရဲ့ရင်ထဲကရည်မှန်းချက်တွေကို ကျွန်တော်နားလည်တယ်၊ ကျွန်တော့်အဖေက အဲဒီရက်တွေတုန်းက ဦးလေးအပေါ် အပြစ်ပြုမိခဲ့တာပါ၊ နယ်မြို့မှာနေခဲ့တဲ့ နေ့ရက်တိုင်းမှာ ဦးလေးအနေနဲ့ တစ်လောကလုံးက လူတွေ ဦးလေးကို လေးစားလာအောင်လုပ်ဖို့ ဆန္ဒမရှိခဲ့ဘူးလား”
လုလင်ကျစ်က ဖျောင်းဖျသည်။
လုရှီမင်က ဖျော့တော့စွာပြုံးသည်။
“မင်းရဲ့အဖေ ငါ့အပေါ် ဘာမှ အကြွေးမတင်ခဲ့ပါဘူး၊ သူက ငါတို့မိသားစုအတွက် လုပ်ခဲ့တာပါပဲ”
သူက နောက်ဆုံးတွင် သက်ပြင်းချကာ ပြောလာသည်။
“မင်း ပြောတာကို ငါ စဉ်းစားလိုက်ပါ့မယ်”
“ကောင်းပါပြီ၊ ဒီလိုဆိုရင် ကျွန်တော် တတိယဦးလေးဆီကနေ သတင်းကောင်းကို စောင့်ဆိုင်းနေပါ့မယ်”
လုလင်ကျစ်က ရယ်သည်။
သူတို့ သည်အကြောင်းကိုပြောခဲ့ချိန်တွင် သခင်မကြီးလုက သူ၏သားကို နှစ်ပေါင်းများစွာအဝေးတွင် စေလွှတ်ထားခဲ့ရသဖြင့် အလွန်ကို နာကျင်ထိခိုက်ခဲ့ရသည်။ သူသည်လည်း လုရှီမင်က အခြားသောဦးလေးများနှင့် ကွာခြားသူတစ်ယောက် ဖြစ်ကြောင်း နားလည်နေ၏။
လုရှီမင်က ရယ်သည်။
“ငါ မင်းကို တစ်ခု ထပ်မေးရဦးမယ်၊ ရှန်းကျစ်အတွက် နောက်နှစ် ဝင်ခွင့်ဖြေဖို့အတွက် ငါ ဆရာတစ်ယောက် ရှာချင်တယ်"
“ဦးလေး ကျွန်တော် ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ်”
လုလင်ကျစ်က ပြောသည်။
“ကောင်းတယ်”
လုရှီမင်က အပြုံးနှင့် ခေါင်းညိတ်ပြီးနောက် လုရှန်းကျစ်ကို လှည့်ပြောလိုက်သည်။
“သွား မင်းရဲ့တတိယအစ်ကိုကို ကျေးဇူးတင်လိုက်”
လုရှန်းကျစ်က ခေါင်းကုတ်ပြီးနောက်တွင် ရှက်ရွံ့စွာဖြင့် ကျေးဇူးတင်သော အပြုံးကိုပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
“ငါတို့က ညီအစ်ကိုတွေပဲ ငါ မိသားစုအတွက် ဘာမဆိုလုပ်မှာပါ”
...
Zawgyi
အပိုင္း (၄၆) မနာလိုမႈ(၁)
ၿမိဳ႕ေတာ္မွ အေျခအေနမ်ားကို အေတြ႕အၾကဳံ႐ွိၿပီးသားျဖစ္ေသာ လု႐ွီမင္က ေလးလံေသာ ႏွလုံးသားႏွင့္အတူ ထြက္သြားခဲ့ၿပီး နယ္ၿမိဳ႕တြင္သာ ေနထိုင္ခဲ့ျခင္းျဖစ္သည္။
သူ အသက္ ၁၆ ႏွစ္တြင္ အင္ပါယာဝင္ခြင့္စာေမးပြဲကို ေျဖဆိုခဲ့၏။ ကုန္သည္၏သားမ်ားက သည္လိုဝင္ခြင့္စာေမးပြဲ ေျဖဆိုခြင့္႐ွိေသာ္လည္း သူတို႔အတြက္ လြယ္ကူခဲ့ျခင္းမ႐ွိေပ။ လု႐ွီမင္ကမူ အလြန္ပါရမီႀကီးသည္။ သူက ထိပ္ဆုံး ဆယ္ေယာက္စာရင္းသို႔ ဝင္ႏိုင္မည္ဟု ေတြးခဲ့ေသး၏။ သူ အံ့ဩသြားရသည္မွာ သူ စာေမးပြဲကို က်႐ႈံးသြားခဲ့သည္။ သူ၏နာမည္က စာရင္းတြင္ ပါမလာခဲ့ေပ။ ေနာက္ပိုင္း သူ သိခဲ့ရသည္မွာ သူ၏နာမည္ကို အျခားတစ္ေယာက္၏ နာမည္ အစားထိုးခြင့္ရရန္အတြက္ သူ၏အစ္ကိုႀကီးက သေဘာတူခဲ့သည့္အေၾကာင္းကိုသာလွ်င္ျဖစ္သည္။ သူက စာေမးပြဲကို ေအာင္ခဲ့၏။ သူက အေယာက္ရာေက်ာ္ထဲတြင္ နံပါတ္ ၅ ေနရာျဖင့္ ေအာင္ခဲ့ျခင္းျဖစ္သည္။
သူ၏ေနရာတြင္ အစားထိုးဝင္လိုခဲ့သူက က်န္းနန္ၿမိဳ႕အ႐ွင္၏သားျဖစ္၏။ လု႐ွီမင္က အလြန္ေဒါသထြက္ခဲ့ေသာအခါ သူ၏အစ္ကိုႀကီးက အေၾကာင္းျပခ်က္ကိုေျပာခဲ့သည္။ ထိုအခါမွသာ မိသားစု၏ စီးပြားေရးလုပ္ငန္းက အႏၲရာယ္ေရာက္ေနေၾကာင္း သူ သိခဲ့ရ၏။ ၿမိဳ႕အ႐ွင္က သည္အေျခအေနကို သုံးၿပီး အၾကပ္ကိုင္ခဲ့ျခင္းျဖစ္သည္။ သူ၏အစ္ကိုအႀကီးဆုံးကသာ သူ႕သား၏နာမည္ကို ထည့္ခြင့္ျငင္းဆန္ခဲ့ပါက စီးပြားေရးလုပ္ငန္းကို ဖ်က္ဆီးပစ္မည္ဟု ဆိုခဲ့ျခင္းလည္းျဖစ္သည္။
သုံးႏွစ္ၾကာၿပီးေနာက္တြင္ သူ ေနာက္ထပ္တစ္ႀကိမ္ ဝင္ခြင့္စာေမးပြဲေျဖခဲ့ျပန္သည္။ ကံဆိုးစြာျဖင့္ပင္ သည္တစ္ႀကိမ္တြင္လည္း သူက ကုန္သည္ျဖစ္ေနၿပီး စစ္ေဆးသူမ်ားက သူ႕အေပၚ သေဘာမက်မႈေၾကာင့္ က်႐ႈံးသြားခဲ့ရျပန္၏။
သည္အခ်ိန္အေတာအတြင္းတြင္ စစ္ေဆးသူမ်ားက ေလာဘႀကီးလာခဲ့ကာ သူတို႔က်င္းပေသာ စာေမးပြဲမ်ားအေပၚ အခြင့္ေကာင္းယူလာခဲ့ၾကသည္။ ေျဖဆိုသူမ်ားထံမွ ေငြျပားမ်ားကို မ်ားစြာေကာက္ခံခဲ့ၾက၏။ ေမးခြန္းမ်ားကိုလည္း ေက်ာင္းသူေက်ာင္းသားမ်ားထံသို႔ ေရာင္းခ်သည္။
ဒါကိုအခြင့္ေကာင္းယူၿပီး သူ႕အေပၚ အျပစ္ျပဳခဲ့ေသာ စစ္ေဆးသူမ်ား၏နာမည္ကို သုံးကာ သူက ေမးခြန္းမ်ားကို ေရာင္းခ်ခဲ့သည္။ ဒါက အေျဖမွားမ်ားျဖစ္ကာ ထိုေက်ာင္းသူေက်ာင္းသားမ်ား အားလုံးက စာေမးပြဲတြင္ က်႐ႈံးသြားခဲ့၏။ ထို႔ေၾကာင့္ ထိုစစ္ေဆးသူမ်ားအားလုံးက အေလွာင္အေျပာင္ခံခဲ့ရကာ ေက်ာင္းသူေက်ာင္းသားမ်ား အားလုံးက သူတို႔ကို က်ိန္ဆဲခဲ့သည္။ သူတို႔၏မိသားစုမ်ားကလည္း လုပ္ႏိုင္စြမ္းအား႐ွိၾကသူမ်ား ပါဝင္ေနခဲ့ေလရာ သူတို႔၏အဆင့္အတန္းကို ဆုံး႐ႈံးခဲ့ရ၏။
အာ... ဒါက သူ၏ခ်ိဳၿမိန္ေသာ ကလဲ့စားေခ်ျခင္းျဖစ္ကာ သူ ေက်နပ္ႏွစ္သိမ့္ခဲ့သည္။ သူ ထိုသို႔လုပ္ၿပီးေနာက္တြင္ သူက အစစ္အမွန္ အင္ပါယာၿမိဳ႕ေတာ္စစ္ေဆးပြဲမွ ထိပ္တန္းအဆင့္ တစ္ေယာက္ဟုပင္ ခံစားေနခဲ့ရသည္။
သူ၏အျမင့္ဆုံးအေျခအေနတြင္ ႐ွိေနခဲ့ခ်ိန္က လု႐ွီမင္သည္ သုံးႏွစ္ၾကာၿပီးေနာက္တြင္ စာေမးပြဲကို ေနာက္ထပ္တစ္ႀကိမ္ စာေမးပြဲေျဖခဲ့ျပန္သည္။ သူက တက္ႂကြေသာငယ္႐ြယ္မႈအျပည့္႐ွိေနခဲ့ေသးကာ ဆုံးျဖတ္ခ်က္ျပတ္သားေနခဲ့၏။ ေနာက္ဆုံးတြင္ သူက တတိယေနရာႏွင့္ ေအာင္ခဲ့ျပန္သည္။ သို႔ေသာ္ သည္တစ္ႀကိမ္တြင္လည္း သူ႕အေနျဖင့္ မ်က္ႏွာသာေပးမခံရျပန္ေပ။
စာေမးပြဲေျဖေနခ်ိန္အေတာအတြင္းတြင္ ယခင္ဧကရာဇ္က သူ႕ကို ေနရာငယ္တစ္ခုေပးသည္။ သို႔ေသာ္ ဒါက ကုန္သည္၏သားတစ္ေယာက္ ျဖစ္သည့္အတြက္ သူႏွင့္ထိုက္တန္ေသာေနရာကို ေပးအပ္ခဲ့ျခင္း မဟုတ္ခဲ့ေပ။ ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ လု႐ွီမင္ လက္သင့္မခံႏိုင္ေတာ့ေလဘဲ သူ၏မိန္းမႏွင့္ကေလးကို ေခၚၿပီးေနာက္ အင္ပါယာၿမိဳ႕ေတာ္မွ ထြက္သြားကာ နယ္ၿမိဳ႕တြင္သာ ေဆးခန္းငယ္ေလးတစ္ခုကို ဖြင့္လွစ္လိုက္၏။
သူ၏စိတ္ထဲတြင္ ၿမိဳ႕ေတာ္သို႔ ျပန္လာရန္ ဘယ္ေတာ့မွ စိတ္ကူးမ႐ွိခဲ့ေပ။ သို႔ေသာ္ သူ႕အေပၚ မွားယြင္းစြာ ဆက္ဆံခဲ့ေသာယခင္ဧကရာဇ္ ေသဆုံးခဲ့ၿပီဟူ၍ ၾကားသိရေသာေၾကာင့္သာလွ်င္ လု႐ွီမင္က ျပန္လာရန္ ဆုံးျဖတ္ခဲ့ျခင္းလည္းျဖစ္သည္။ လက္႐ွိအခ်ိန္တြင္ သူ အရာ႐ွိထပ္ျဖစ္လာရန္ တုံ႔ဆိုင္းေနေလၿပီ။
“ဦးေလး ဦးေလးရဲ႕ရင္ထဲကရည္မွန္းခ်က္ေတြကို ကြၽန္ေတာ္နားလည္တယ္၊ ကြၽန္ေတာ့္အေဖက အဲဒီရက္ေတြတုန္းက ဦးေလးအေပၚ အျပစ္ျပဳမိခဲ့တာပါ၊ နယ္ၿမိဳ႕မွာေနခဲ့တဲ့ ေန႔ရက္တိုင္းမွာ ဦးေလးအေနနဲ႔ တစ္ေလာကလုံးက လူေတြ ဦးေလးကို ေလးစားလာေအာင္လုပ္ဖို႔ ဆႏၵမ႐ွိခဲ့ဘူးလား”
လုလင္က်စ္က ေဖ်ာင္းဖ်သည္။
လု႐ွီမင္က ေဖ်ာ့ေတာ့စြာျပဳံးသည္။
“မင္းရဲ႕အေဖ ငါ့အေပၚ ဘာမွ အေႂကြးမတင္ခဲ့ပါဘူး၊ သူက ငါတို႔မိသားစုအတြက္ လုပ္ခဲ့တာပါပဲ”
သူက ေနာက္ဆုံးတြင္ သက္ျပင္းခ်ကာ ေျပာလာသည္။
“မင္း ေျပာတာကို ငါ စဥ္းစားလိုက္ပါ့မယ္”
“ေကာင္းပါၿပီ၊ ဒီလိုဆိုရင္ ကြၽန္ေတာ္ တတိယဦးေလးဆီကေန သတင္းေကာင္းကို ေစာင့္ဆိုင္းေနပါ့မယ္”
လုလင္က်စ္က ရယ္သည္။
သူတို႔ သည္အေၾကာင္းကိုေျပာခဲ့ခ်ိန္တြင္ သခင္မႀကီးလုက သူ၏သားကို ႏွစ္ေပါင္းမ်ားစြာအေဝးတြင္ ေစလႊတ္ထားခဲ့ရသျဖင့္ အလြန္ကို နာက်င္ထိခိုက္ခဲ့ရသည္။ သူသည္လည္း လု႐ွီမင္က အျခားေသာဦးေလးမ်ားႏွင့္ ကြာျခားသူတစ္ေယာက္ ျဖစ္ေၾကာင္း နားလည္ေန၏။
လု႐ွီမင္က ရယ္သည္။
“ငါ မင္းကို တစ္ခု ထပ္ေမးရဦးမယ္၊ ႐ွန္းက်စ္အတြက္ ေနာက္ႏွစ္ ဝင္ခြင့္ေျဖဖို႔အတြက္ ငါ ဆရာတစ္ေယာက္ ႐ွာခ်င္တယ္"
“ဦးေလး ကြၽန္ေတာ္ ဒီကိစၥကို ကိုင္တြယ္လိုက္ပါ့မယ္”
လုလင္က်စ္က ေျပာသည္။
“ေကာင္းတယ္”
လု႐ွီမင္က အျပဳံးႏွင့္ ေခါင္းညိတ္ၿပီးေနာက္ လု႐ွန္းက်စ္ကို လွည့္ေျပာလိုက္သည္။
“သြား မင္းရဲ႕တတိယအစ္ကိုကို ေက်းဇူးတင္လိုက္”
လု႐ွန္းက်စ္က ေခါင္းကုတ္ၿပီးေနာက္တြင္ ႐ွက္႐ြံ႕စြာျဖင့္ ေက်းဇူးတင္ေသာ အျပဳံးကိုျပဳံးကာ ေျပာလိုက္သည္။
“ေက်းဇူးတင္ပါတယ္ အစ္ကိုႀကီး”
“ငါတို႔က ညီအစ္ကိုေတြပဲ ငါ မိသားစုအတြက္ ဘာမဆိုလုပ္မွာပါ”
...