Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[42]

372 15 4
By --KO--

[Unicode]

ကိုယ်ကိုလှည့်လိုက်ပြီး ယွန်းဟေမီနှင့် မျက်နှာချင်းဆိုင် ဆင့် ရပ်လိုက်လေသည်။ မျက်ရည်များနှင့် တန်ဆာဆင်ထားသော သူမမျက်လုံးများမှာ တိမ်ယံဆင့်၏ ‌နက်မှောင်လှသော မျက်ဝန်းများထံသို့ စိုက်ကြည့်နေသည်မှာ တစ်ချက်ကလေးမှ ပျက်ယွင်းမသွားခဲ့။ အချိန်အနည်းငယ်  ကြာသွားသောအခါတွင် ယွန်းဟေမီမှာ ရှိသမျှ အားအလုံးစုံကို စုစည်းလိုက်ပြီး သူ့ထံသို့ပြောလာခဲ့သည်။

" အဲ့ဒီ့နေက ရံလေး ဆီကနေပြန်သွားနေ့က ကားအက်စီးဒင့် ဖြစ်ခဲ့သေးတယ်မလား "

" ဘယ်လိုသိတာလဲ "

သေချာပေါက် ရှင်းနဲ့ သူပဲသိတဲ့လျို့ဝှက်ကို ယွန်းဟေမီက ဘာကြောင့်သိနေရတာလဲ။

" မင်းအထင် သာမာန်ထိခိုက်ဒဏ်ရာလေးနဲ့ပဲ ပြီးသွားတယ်ပဲ ထင်နေခဲ့တာပေါ့ "

ဆင့်၏ မျက်ဝန်းများမှာ ယွန်းဟေမီစကားများကြောင့် တုန်လှုပ်ခြောက်ခြားမှုများ နေရာယူလာခဲ့သည်။

" ကားတစ်စီးလုံး ကြေမွသွားတာတောင် ကံကောင်းပြီး ပြင်ပဒဏ်ရာလေးအနည်းငယ်နဲ့ အသက်ရှင်ခဲ့တာပေါ့လေ။ "

" ဘာအဓိပ္ပါယ်လဲ ..... အဲ့တာအမှန်ပဲ မဟုတ်ဘူးလား "

တိမ်ယံဆင့်၏ အသံမှာ မသိစိတ်အရ တုန်လှုပ်လာခဲ့တော့လေသည်။ သူ့ကို နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်ခဲ့တဲ့အရာတွေက ဘာတွေလည်းဆိုတာ သူသိချင်လွန်းလှသည်။ ရှင်း ကိုယ်တိုင်တောင် သူမသိအောင်လျို့ဝှက်ထားခဲ့တဲ့ နက်နဲတဲ့အရာတွေ။

" သေချာနားထောင် တိမ်ယံဆင့်...... အဲ့နေ့ထဲက မင်းရဲ့မျက်လုံးတွေက ကွယ်သွားနှင့်ပြီးပြီ "

" ဘာ ! "

အလိုအလျောက်ပင် ခြေလှမ်းများမှာ နောက်သို့နှစ်လှမ်း ဆုတ်လိုက်မိပါတော့သည်။ လက်ဖဝါးပြင်မှာ အတိုင်းမသိ တုန်ယင်နေသည့်အပြင် အသက်ရှုနှုန်းများမှာလည်း ရုတ်ချင်းမြန်ဆန်လာလျက်သား။ ယွန်းဟေမီ ဆီမှထွက်လာသော ထိုစကားဟာ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချလိုက်ပါသည့်နှယ် ဆင့် ၏ အတွင်းစိတ်ကို အဖန်တစ်ရာမက အဆိပ်ခပ်နေခဲ့သည်။ ရုတ်တရက် တိမ်ယံဆင့်၏ နှလုံးအိမ်ထဲသို့ ဆူးတစ်ချောင်းက နစ်နစ်နဲနဲစိုက်ဝင်လာလေသည်။ ရံဖန်ရံခါတွင် သေမတတ်အောင် နာကျင်စေပြီး အချို့အချိန်များတွင်တော့ လိုက်လျောညီထွေစွာ စိုက်ဝင်နေသည်။ ယခု‌ထိုဆူးမှာ အနက်ရှိုင်းဆုံးနေရာထိ စိုက်ဝင်လျက် နှလုံးအိမ်မှာ သွေးများကျဆင်းလာအောင် ဖန်တီးနေလျက်ရှိသည်။

" လိမ်မနေနဲ့.... ခင်ဗျားတို့ကို နောက်ထပ် မယုံနိုင်တော့ဘူး။ မလုံလောက်သေးဘူးလား ...... ကျွန်တော့်အပေါ် ဒီလောက်တောင် လှည့်စားခဲ့တာကို အခုထိမလုံလောက်သေးဘူးလား "

တိမ်ယံဆင့်တစ်ယောက် မိမိကဘယ်လိုပုံစံ ဖြစ်နေလဲဆိုတာတွေကိုပင် ဂရုမစိုက်တော့ဘဲ စိတ်ထဲရှိရာအကုန် ထုတ်ပြောမိနေပါတော့သည်။

" ကျွန်တော်မျက်လုံးတွေက ကွယ်သွားပြီဆို အခုဒါကဘာတွေလဲ "

သူ့မျက်ဝန်းနေရာကို လက်ညှိုးထိုးလျက် ယွန်းဟေမီကို ပြောလိုက်လေသည်။

" အခုအကောင်းတိုင်းရှိနေတာပဲ မဟုတ်ဘူးလား။ အကုန်လုံးကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်‌နေရတယ်။ "

" မင်းအခု ရှင်းရှင်းလင်းလင်း မြင်နေရတာတွေက ရံလေးကြောင့်ပဲ။ အဲ့တာက ရံလေးမျက်လုံးတွေ...... သူမင်းကိုပေးခဲ့တာ "

" မဟုတ်ဘူး ! "

အစပိုင်း၌ ငြင်းဆန်နေခဲ့ပါသည့်တိုင် နောက်ပိုင်း၌မူ

" ဟား....ဟား.....ဟား "

တိမ်ယံဆင့်မှာ ရူးသွပ်လောက်အောင် ရယ်မောလာခဲ့တော့သည်။ သူဟာ အလွန်အမင်းရယ်နေခဲ့သည့်အတွက် အသိစိတ်လွတ်ကာ ပတ်ဝန်းကျင်က ကိစ္စတွေကို မေ့မျောသွားခဲ့ဟန်တူသည်။ ခေါင်းမော့ကာ ဆံပင်များကို လက်ချောင်းတို့ဖြင့် သပ်တင်လိုက်ပြီး ယွန်းဟေမီကို မကြည့်တော့ဘဲ ဘေးဘက်သို့မျက်နှာမူကာ ပြောလိုက်သည်။

" အရေးမပါတာတွေ တော်သင့်ပြီ။ ကျွန်တော်က ယုံမယ်လို့ထင်နေတာလား ။ ကျွန်တော့်မျက်လုံးတွေ ခွဲစိတ်ထားတာတောင် မသိရအောင် ကျွန်တော်ကအရူးလား "

" တိမ်ယံဆင့် ! "

" တော်တော့.....ကျွန်တော့်ကိုထပ်ပြီး အလိမ်အညာတွေ မယုံခိုင်းပါနဲ့တော့.... ခင်ဗျားတို့ရဲ့ အလိမ်အညာတွေက လုံလောက်နေပြီမလို့ ထပ်ပြီးမယုံနိုင်တော့ဘူး။ "

" မင်းကိုလိမ်ညာနေတာ မင်းကိုယ်တိုင်ပဲ မဟုတ်ဘူးလား။ မျက်လုံးခွဲစိတ်ခဲ့တာကို သေချာပေါက် မင်းကတော့ ဘယ်သိမလဲ။ "

သူမက မျက်ခမ်းစပ်က မျက်ရည်များကို သုတ်လိုက်ပြီး အသံတွေဝင်ကာ ပြောလာခဲ့သည်။

" အဲ့ချိန်တွေတုန်းက မင်းကဆေးရုံကုတင်ပေါ်မှာ သတိလစ်နေခဲ့တာ‌လေ။ ဆရာဝန်တွေက မျက်လုံးအိမ်ထဲစိုက်ဝင်နေတဲ့ ဖန်ကွဲစတွေကြောင့် မင်းမျက်လုံးမြင်ရဖို့က မဖြစ်နိုင်တော့ဘူးလို့ ပြောခဲ့တုန်းကဆိုရင် ရံလေးက အရူးမီးဝိုင်းနဲ့ မင်းကို ကယ်ပေးဖို့ပဲ ထပ်ကာထပ်ကာ တောင်းဆိုနေခဲ့တာ ။ သူကိုယ်တိုင်တောင် သူ့မျက်ကြည်လွှာကို လိုလိုလျားလျား ထုတ်ပေးတဲ့အထိ ဆန္ဒရှိခဲ့တာ။ သူကမင်းကောင်းဖို့ တစ်ခုထဲကိုပဲ မျှော်လင့်နေပြီး သူ့ကိုယ်သူကျတော့ ဂရုမစိုက်ဘူးလေ။ သိပ်ကို မိုက်ရူးရဲဆန်တဲ့ကလေး "

ယွန်းဟေမီ၏ ရှိုက်သံများမှာ ပိုမိုပြတ်သားလာလေသည်။

" နောက်ဆုံးကျတော့ တားမရတဲ့အဆုံး ခွင့်ပြုလိုက်ရတာပဲ ။ အဲ့နေ့ကစပြီး နေ့ရက်တိုင်းက ရံလေးအတွက် အမှောင်တွေပဲ ဖုံးနေခဲ့ရတာ ။သူကမင်းအကြောင်း အချိန်တိုင်းမေးတယ်။ ခွဲစိတ်မှုအောင်မြင်ရဲ့လား ၊ ဆင့် ဆေးရုံကဆင်းရပြီလားနဲ့ အထူးသဖြင့် ဒီကိစ္စတွေကို သူ့ကိုဘယ်တော့မှ မပြောပြပါနဲ့ဆိုပြီး တောင်းဆိုခဲ့တာ။ သူပြောတာက တိမ်ယံဆင့်က သူ့ကြောင့်နဲ့ နာကျင်ရတာတွေ လုံလောက်နေပါပြီတဲ့လေ ထပ်ပြီးမနာကျင်စေချင်တော့ဘူးတဲ့ ။ သူကတော့တစ်သက်လုံး မျက်လုံးမမြင်ရလဲ အဆင်ပြေပေမယ့် ဆင့်ကတော့ လှပတဲ့အရာတွေကို ကြည့်ရှုနိုင်မှရမယ်ဆိုပြီး ထပ်ကာထပ်ကာ ပြောနေခဲ့တာ "

ယွန်းဟေမီ၏ မျက်နှာမှာ မျက်ရည်များဖြင့် ရွှဲနစ်နေခဲ့လေပြီး သူမနှင့် မျက်နှာချင်းဆိုင် တိမ်ယံဆင့်မှာလည်း  မျက်ဝန်းထောင့် မျက်ရည်များ အလိုအလျောက်ပင် စီးဆင်းလာလေသည်။

" ရံလေးက မင်းထင်ထားတာထက်ပိုပြီး မင်းကိုချစ်ပါတယ် ဆင့်ရယ်။ ဦးလေးကြောင့်သာ မဟုတ်ရင် သူဘယ်တော့မှ သတင်းစာရှင်းလင်းပွဲမှာ မင်းကိုနာကျင်စေမယ့် စကားတွေပြောခဲ့မှာ မဟုတ်ဘူး။ ဦးလေးက ဆင့်နဲ့ ပက်သက်ပြီး ရံလေးကို အကြပ်ကိုင်ခဲ့လို့သာ သူအဲ့လိုလုပ်ဖို့ရွေးချယ်ခဲ့တာ။ "

" တော်တော့.....ခင်ဗျားတို့ရဲ့ အလိမ်အညာတွေ မပြီးဆုံးသေးဘူးလား။ သိပ်ကို ဩချလောက်စရာပဲ။ တော်တော်လေးကို ရင်ထဲထိတဲ့ ဇာတ်လမ်းပါပဲလား။ ပြဒါးရံကြောင့် ဘယ်လိုတွေခံစားခဲ့ရလဲ ကျွန်တော်သာအသိဆုံးပါ။  "

တိမ်ယံဆင့် တစ်ယောက် အသံမှာ တင်းမာလာလိုက် ‌အားပျော့သွားလိုက်ဖြင့် ဆောက်တည်ရာမရဖြစ်နေမှုကို အတတ်နိုငိဆုံး ဖုံးဖိထားလေသည်။

" ရှင်း မင်းတစ်ခုခုဝင်ပြောဦးလေ။ ဒီလိုပဲ တိတ်ဆိတ်မနေနဲ့ ။ ဒါတွေက ငါသိထားတာနဲ့ လူံဝမတူဘူးမလား။ မင်းပြောစမ်းပါ.... အရာအားလုံးက အလိမ်အညာတွေပဲ မဟုတ်ဘူးလား "

" တောင်းပန်ပါတယ် ဆင့် ..... အားလုံးကအမှန်တွေပဲ။ ပြဒါးရံက မင်းအတွက် မျက်ကြည်လွှာ တကယ်လှူပေးခဲ့တာ။ သတင်းစာရှင်းလင်းပွဲမှာ သူပြောခဲ့တာကလည်း သူ့စိတ်ရင်းမှန်တွေမဟုတ်ဘူး "

" ရှင်း မင်းငါ့သူငယ်ချင်းမှဟုတ်ရဲ့လား။ အခုငါ့ကို အဲ့တာတွေ ယုံကြည်ခိုင်းပြီး အပြစ်တင်စိတ်နဲ့ နေသွားစေချင်တာလား ။ သေချာပေါက် ကျွန်တော်က မကောင်းဆိုးဝါးတစ်ကောင်လို အရာအားလုံးကို ဖျက်ဆီးပစ်ပြီးတော့မှ မင်းသိထားတာတွေက အမှားတွေပါဆိုပြီး ယုံကြည်ခိုင်းနေတာလား။ "

ဆင့်၏ ခြေလှမ်းများမှာ  နောက်သို့ ပိုမိုရွေ့လျားသွားလေသည်။

" ကျွန်တော့်ကို ဘယ်လိုဖြစ်စေချင်နေကြတာလဲ။ အခုသူ့အပေါ် ဘယ်လောက်ထိ ဆိုးဝါးတာတွေ လုပ်ခဲ့ပြီးပြီလဲဆိုတာသိရဲ့လား။ ချောက်ကမ်းပါးအစွန်မှာ ရပ်နေပြီး နောက်ပြန်ဆုတ်လို့မရတော့မှ အမှားတွေကိုလာပြင်ခိုင်းနေတာလား။  "

တိမ်ယံဆင့်သည်လည်း မျက်ရည်များ ကျဆင်းနေသည့်အဆင့်မှ သည်းမခံနိုင်အောင် ငိုကြွေးနေသည့်အဆင့်သို့ ကူးပြောင်းသွားလေတော့သည်။

" အစထဲက ဘာလို့မပြောပြခဲ့ကြတာလဲ "

" ငါတို့ကမင်းကိုကာကွယ်ချင်လို့ပါ "

ရှင်းက ဝင်ပြောလေသည်။

" ငါ့ကိုကာကွယ်ချင်ရင် အခုလိုဖုံးကွယ်ထားမှာမဟုတ်ဘူး။ ငါ့ကိုယ်ငါ အမုန်းတွေနဲ့နစ်မွန်းပြီး မကောင်းဆိုးဝါးတစ်ကောင် ဖြစ်အောင် လွှတ်ထားကြမှာမဟုတ်ဘူး။ အစထဲကသာသိခဲ့ရင် ငါဒီလောက်ထိဆိုးသွမ်းခဲ့မှာမဟုတ်ဘူး ရှင်း ......ငါအမှားတွေပဲဆက်တိုက်လုပ်နေခဲ့မိမှာမဟုတ်ဘူး "

ပင့်သက်ရှိုက်လိုက်ပြီးနောက် ဆင့်မှာ ဝိညာဉ်များ ပျက်ဆီးသွားလုမတတ် ငိုကြွေးလာလေသည်။

" ကြေနပ်ကြရဲ့လား...... အခုလို ဆောက်တည်ရာမရဖြစ်နေတဲ့ ကျွန်တော့်ကို ကြည့်ရတာ ‌တော်တော်လေးမှပျော်ရဲ့လား။ ကျွန်တော့်ကို ဖုံးကွယ်ထားရတာ ခင်ဗျားတို့အတွက် သာမာန်ကိစ္စလေး တစ်ခုလိုဖြစ်နေကြပြီလား။ ထပ်ပြီးဘာတွေ ရှိသေးလဲ..... ကျွန်တော်မသိသေးတာ ဘာရှိသေးလဲ "

အလွန်အမင်းငိုနေပါသော ဆင့်ကို လှမ်းဆွဲကာ လေပြေရှင်း ဖက်ထားလိုက်လေသည်။ ထို့နောက်နှုတ်ခမ်းမှလည်း ထပ်ကာထပ်ကာမနားတမ်း နှစ်သိမ့်ပေးနေခဲ့သည်မှာ သူကိုယ်တိုင်၏ ခံစားချက်များကို လျစ်လျူရှု၍ပင်။

" အားလုံးအဆင်ပြေသွားမှာပါ ဆင့်။ မင်းကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားမနေပါနဲ့။ ဒါတွေအားလုံး မင်းတောင်းဆိုခဲ့တာမှမဟုတ်တာ..... ပြဒါးရံ ကိုယ်တိုင်က လိုလိုချင်ချင် ပေးဆပ်ခဲ့တာလေ "

" ရှင်း ငါဘာဆက်လုပ်ရမလဲ....နောက်ပြန်လှည့်လို့မရတော့ဘူး ။ ငါသူ့အပေါ် ဘာတွေလုပ်ထားလဲဆိုတာ မင်းမှန်းဆကြည့်လိုတောင်မရဘူး ရှင်း။ အားလုံးနောက်ကျသွားပြီ .......ငါကဘယ်တော့မှ သူ့ရဲ့ခွင့်လွှတ်မှုတွေနဲ့ မထိုက်တန်တဲ့ လူတစ်‌ယောက်ဖြစ်သွားပြီ။  "

" မဟုတ်ဘူး ဆင့်.... သူမင်းကို အမြဲခွင့်လွှတ်ပါတယ်။ သူကမင်းကို အရမ်းချစ်တာလေ "

သူငယ်ချင်းနှစ်ယောက်မှာ တင်းကြပ်သည်ထက်ပိုသော ပွေ့ဖက်မှုတို့ဖြင့် တစ်ယောက်ကို တစ်ယောက်နှစ်သိမ့်နေခဲ့ကြလေသည်။ ဆင့်၏ ပုံစံမှာ အလွန်အမင်းဖရိုဖရဲ ဖြစ်နေခဲ့ပြီး လက်ဖျားလေးဖြင့် ထိလိုက်ရုံဖြင့် လဲကျသွားမှာတောင် စိုးရိမ်ရလေသည်။

တိမ်ယံဆင့် ရင်မဆိုင်ရဲပါပေ။ အမှန်တရားများအားလုံးကို သူရင်မဆိုင်ရဲခဲ့ချေ။ သန်မာသည်ဟု အမြဲကြွေးကြော်နေသော တိမ်ယံဆင့်မှာ လက်တွေ့တွင် အားနည်းလှသည့် လူသားတွေထဲက တစ်ယောက်ပင်ဖြစ်ပါသည်။ ရှေ့လည်းမတိုးသာ နောက်လည်း မဆုတ်သာအခြေအနေမှာ တိမ်ယံဆင့်တစ်ယောက် ဒီအတိုင်းသာရပ်နေခဲ့မိပါသည်။ အနည်းငယ်လှုပ်ရှားလိုက်လျှင်တောင် သူ့ဘဝတွင် စွန်းထင်းနေမည့် အတိတ်များကို ဖြစ်ပေါ်စေမှာ ဆိုးသောကြောင့်ပင်။

လေပြေရှင်းကို တွန်းထုတ်လိုက်ပြီး ဆင့်၏ခြေလှမ်းတွေဟာ အနောက်ဘက်ဆီသာ ဦးတည်နေခဲ့လေသည်။ ချီတုံချတုံဖြစ်နေသော စိတ်အခြေအနေမှာ မီးမြှိုက်ခံထားရသလို အလွန်အမင်းပူလောင်နေလျက်သားဖြင့် မျက်ရည်များမှာတော့ သူ့ဘဝတစ်လျှောက်လုံး အဖော်ပြုနေလေသည်။

" ဆင့် "

လေပြေရှင်းတစ်ယောက် သူ့ထံသို့အသံပြုကာ ဟန့်တားလိုက်သည်။ သို့သော်တိမ်ယံဆင့်မှာ နောက်ဆုတ်နေသည့် ခြေလှမ်းများကို ရပ်တန့်ဖို့ရာ စိတ်ကူးမရှိခဲ့ပါ‌ချေ။ အကြည့်များက ဘေးဘီဝဲယာဆီ ဖြတ်သန်းသွားလိုက်ပြီး နောက်ဆုံးတော့ ရှင်း ထံ၌ပင် ပြန်လည်အဆုံးသတ်သွားသည်။

" ငါ ...... ငါ ကားသော့ကို ဘယ်နားထားမိခဲ့ပြန်ပြီလဲမသိတော့ဘူး

မျက်ရည်များက ပါးပြင်ထက်မှတဆင့် ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းလာလေသည်။ အဆီအငေါ်မတည့်သည့်  စကားများပင် ဖြစ်လင့်ကစား နာကျင်နေသည့် နှလုံးသားကတော့ အစစ်အမှန်ဖြစ်ချေ၏။ သို့သော်ဆင့်မှာ အတတ်နိုင်ဆုံး ဟန်ဆောင်ပြုံးလျက် ရှင်းကို ကြည့်နေရင်းမှ အခြားနေရာသို့ ပြောင်းရွေ့လိုက်သည်။

" ဒီတစ်ခါတော့ ထပ်ပျောက်လို့မရတော့ဘူး....ဒါက မင်းလက်ဆောင်ပေးထားတာလေ.... ငါ...ငါ... သွားရှာလိုက်ဦးမယ် "

" ဆင့်..... မသွားပါနဲ့ ။ မင်းဆန္ဒရှိရင် ငါထပ်ဝယ်ပေးလို့ရပါတယ် "

ယခင်နည်းလမ်းများအတိုင်းပင် တိုးဖွစွာဖြင့် တိမ်ယံဆင့်ကို နားချရသည်မှာ ရှင်း၏ တာဝန်တစ်ခုလိုဖြစ်သည်။

" ထပ်ပြီးတော့ ငါ့ကိုဆွဲမထားပါနဲ့တော့ ရှင်း ။ ငါအဲ့ဒီ့တစ်ခုကိုပဲ ပြန်လိုချင်တယ် "

အမှန်စင်စစ်တွင် ဆင့်အတွက် လိုအပ်နေသည်က ကားသော့မဟုတ်ခဲ့ပါ။ ခံစား‌နေရသည်ကို ဖွင့်ထုတ်ငိုကြွေးပစ်ဖို့အတွက် နေရာတစ်ခုလိုအပ်နေခဲ့ခြင်းသာဖြစ်သည်။ ထိုကားသော့လေးမှာလည်း ဆင့်၏ အိတ်ကပ်ထဲတွင် နေရာတကျရှိနေခဲ့သည်ကို သူတို့နှစ်ယောက်လုံး သိနေခဲ့ပါသည်။ ဆက်ပြီး တောင့်ခံမထားနိုင်တော့သည့် တိမ်ယံဆင့်အတွက် အသုံးချစရာ ပြရုဒ်သက်သက် ဖြစ်သွားခဲ့ခြင်းရယ်သာ။

နောက်လှည့်မကြည့်တော့ဘဲ ရှင်းနဲ့ယွန်းဟေမီကို ကျောခိုင်းကာ တန်းတန်းမတ်မတ်လျှောက်လှမ်းလာရင်း အားနည်းလှသည့် ခြေထောက်များကိုလည်း ပျော့ခွေမသွားအောင် ကြိုးစားထိန်းညှီနေရလေသည်။  အမှန်တစ်ကယ်တွင် သူဟာရှောင်ပြေးခဲ့မိခြင်းပင်။ ပြဿနာအားလုံးကို မရင်ဆိုင်ရဲသည့်အတွက် တိမ်ယံဆင့်တစ်ယောက် ထပ်ပြီး သူရဲဘောကြောင်မိပြန်လေသည်။ ဒုတိယအကြိမ် ထပ်မံထွက်ပြေးမိခဲ့ပြန်သည်။

အရင်က သူ့အမေနှင့်နေခဲ့သည့် အိမ်လေးအတွင်းသို့ ဘယ်လိုပြန်ရောက်ခဲ့တာလဲသူကိုယ်တိုင်လဲ မမှတ်မိတော့‌ချေ။ အိမ်ထဲတွင် အလွန်မှောင်မဲနေခဲ့ပြီး လေဟာနယ်များက ဆင့်အနားတွင် ဝေ့ဝဲနေခဲ့သည်။ ရုတ်တရက်အထီးကျန်လာသလို ခံစားရပြီး တင်းခံထားသည့် ခြေထောက်များမှာ ယခုအခါတော့ လုံးဝဥဿုံပျော့ခွေသွား‌တော့သည်။ ကြမ်းပြင်ပေါ်လဲလျောင်းလျက် ကိုယ်ကိုကွေးကာ ဆင့်က သည်းထန်စွာ ငိုကြွေးနေခဲ့ပါတော့သည်။ ရပ်သွားမည့်အရိပ်အယောင်လဲ မတွေ့ခဲ့သလို သူ၏အသံသည်ကား အိမ်ထဲတွင် အဆပေါင်းထောင်ချီ ပဲ့တင်ထပ်နေလျက် မိမိကိုယ်တိုင်၏ နားထဲ ပြန်လည်ဆီးဝင်လာကြသည်။ လွန်စွာမှ ကြေကွဲဖွယ်ကောင်းနေခဲ့သလို သိပ်ကိုလည်း သနားဖို့ရာကောင်းနေခဲ့ပါသည်။

နောက်တစ်နေ့မနက်၌ အေးစက်နေသည့်  ကြမ်းခင်းပေါ်တွင် တိမ်ယံဆင့် နိုးထလာခဲ့လေသည်။ အေးစက်မှုများမှာ တိမ်ယံဆင့်၏ အသွေးအသားထဲထိ စိမ့်ဝင်လျက် ခန္ဓာကိုယ်ကို တောင့်ခဲစေကာ ထုံထိုင်းမူးဝေစေသည်။ ဦးနှောက်ထဲတွင် အရာအားလုံး ဗလာနထ္ထိဖြစ်နေခဲ့ပြီး ပတ်ဝန်းကျင်က လေတိုးသံသာ အဆက်မပြတ်ကြားနေရကာ ငိုထားသည့်အရှိန်ကြောင့် မျက်လုံးများမှာ အနည်းငယ်ဖောင်းနေရုံသာမက အသံဝင်ပြီး လည်ချောင်းကလည်း ရှတတဖြစ်နေခဲ့သည်။

ရေတစ်ခွက်သွားသောက်လိုက်ပြီး ဆိုဖာပေါ် ထိုင်လိုက်ကာ တစ်နေရာထဲကိုပဲ ထပ်မံငေးကြည့်နေခဲ့မိပြန်သည်။ အချိန်ဘယ်လောက်ထိကြာသွားလဲ မသိတော့ပါ အသိစိတ်ပြန်ဝင်လာချိန်တွင် နေရောင်များက အိမ်ထဲကို ဆီးနင်းဝင်ရောက်‌နေနှင့်ပြီးပြီ ဖြစ်သည်။ နာရီကြည့်လိုက်ချိန်တွင် 11 နာရီထိုးနေပြီဖြစ်ကာ ထူးဆန်းစွာပင် သူဟာ ဗိုက်ဆာမနေခဲ့သလို ဘယ်ကိုမှလည်း စားချင်စိတ်ရှိမနေခဲ့ပေ။ ခဏအကြာတွင် ရေမိုးချိုးလိုက်ပြီးနောက် ဆွယ်တာလက်ရှည်အနက်ရောင်နဲ့ ခြေမျက်စိအထက်ရှိတဲ့ ဘောင်းဘီအဖြူရောင်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်လိုက်ကာ အစောကထိုင်ခဲ့တဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခြေထောက်နှစ်ချောင်းတင်၍ ထိုင်နေခဲ့ပြန်သည်။ အမူအယာသည်ကား တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး 5 မိနစ်ပင်မကြာလိုက် သူ၏မျက်လုံးများက နီရဲလာပြန်လေသည်။ ထို့နောက်အကြောင်းအရင်း မရှိပါဘဲနှင့် ငိုမိပြန်သည်။ တိတ်ဆိတ်စွာ မျက်ရည်များ ကျဆင်းလာခြင်းမှ ထိန်းသိမ်းမရအောင် ရှိုက်ကြီးတငင် ငိုကြွေးနေခြင်းအဆင့်သို့ တဖြည်းဖြည်း ကူးပြောင်းသွားသည်။ ဘာကြောင့်ငိုနေလဲ သူကိုယ်တိုင်လည်း နားမလည်တော့ပေ။ သူ့စိတ်ထဲ အလွန်ဝမ်းနည်းနေခြင်းကြောင့် ငိုချလိုက်ခြင်းဖြစ်သော်လည်း အကြောင်းပြချက်ပေးနိုင်မည့် အချို့အရာများကိုတော့ ဆင့် မသိဟန်ဆောင်လိုက်ပါသည်။ မေ့လို့ရရင် မေ့ထားတာက သူ့ကို တစ်စက္ကန့်လောက်ပဲဖြစ်ဖြစ် အသက်ရှင်ဖို့မျှော်လင့်ချက် ပေးသနားထားသလိုပါပင်။

နာလိုက်တာ .... ခန္ဓာကိုယ်မှာရှိသမျှ အစိတ်အပိုင်းအားလုံးက ကျိုးကြေလုမတတ် နာကျင်နေတာပဲ သူသိတယ်။ 

တစ်အိမ်လုံးက ရှင်း၏ မကြာခဏ သန့်ရှင်းပေးခြင်း ခံရသောကြောင့် ဖုန်ဟူ၍ တစ်စက်တောင်ရှိမနေခဲ့ချေ။ ထိုပြင် ပစ္စည်းမှန်သမျှကလည်း လွန်ခဲ့တဲ့ 3 နှစ်တုန်းကအတိုင်း ဟန်မပျက်ရှိနေကြသေးသည်။ ‌ဗီရိုထဲတွင် ဆင့်၏ အဝတ်အစားများကလည်း သေသေသပ်သပ် နေရာယူနေပါသေးသည် ။

တစ်ပါတ်လောက်အကြာတွင် တိမ်ယံဆင့်က ဆိုဖာပေါ်တွင် ထို‌င်နေမြဲထိုင်နေဆဲပင် ဖြစ်လေသည်။ သူသည် ညဘက်တွေလည်း မအိပ်သလို အစားဟူ၍လည်း မယ်မယ်ရရမစားခဲ့ပါ။ တန်ဖိုးရှိလှသည့် မျက်ဝန်းတစ်ဝိုက်တွင် အိပ်ရေးပျက်၍ ညိုမဲလာသည့် အရာများက အတိုင်းသား ။ ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ဖြတ်၍ ထွက်ပြေးလာချင်းဖြစ်သော်လည်း မဝံ့မရဲ ခံစားချက်များက ဆင့်ကို ခြိမ်းခြောက်နေပြန်လေသည်။ တစ်ခါတစ်လေတွင် သူဟာ ဆံပင်တွေကြားထဲ လက်ထိုးထည့်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ထွေးလိုက်ခါ ရူးသွားတော့မည်ဟု မကြာခဏတွေးမိသည်။ ထို့ပြင် သူ့ဆီမှာမှ ဘာလို့ဒါတွေလာဖြစ်နေရလဲ ဆိုသည့်အတွေးများလည်း မပါမဖြစ်ပေ။

ရုတ်တရက် ကားအက်စီးဒင့်ဖြစ်တုန်းက ဆေးရုံတက်နေချိန်က ပုံရိပ်များကို ပြန်လည်မြင်ယောင်လာပြန်ပါသည်။ တစ်လလောက်ကြာပြီး မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေက အရမ်းဝေဝါးပြီး နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ကာ ရှင်း သူ့ကိုပြောခဲ့သည်က_

ဖန်ကွဲစအနည်းငယ် မျက်လုံးထဲဝင်သွားလို့ ခွဲစိတ်မှုအသေးစားလေး လုပ်ခဲ့တယ်တဲ့။ မျက်လုံးကိုက်တာတွေ ခေါင်းမူးတာတွေ ၊ အမြင်အာရုံဝေဝါးတာတွေက ဘေးထွက်ဆိုးကျိုးမလို့ ယာယီတောင့်ခံထားပါတဲ့လေ။ ထပ်လောင်းပြီး ရှင်းက သူ့ကိုပြောခဲ့ပါသေးတယ် " အရမ်းငိုမနေပါနဲ့တော့.... ငါတို့တူတူ အသစ်ကနေပြန်စကြရအောင် ဟုတ်ပြီလား "

ကုတင်‌ပေါ်က ဆင့်ရဲ့ လက်ကိုကိုင်ပြီး လေပြေရှင်း ပြောခဲ့ဖူးတဲ့စကားတွေ ဖြစ်သည်။ လတ်စသတ်တော့ သူ့သူငယ်ချင်း အရင်းကြီးကတောင် သူ့ကိုလိမ်ညာခဲ့တာပဲ။ မင်း ကောင်းဖို့အတွက်ပါဆိုတဲ့ စကားတွေနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက် သူ့အပေါ်လိမ်ညာနေကြတာ။ သူဆိုတဲ့အကြောင်းပြချက်က အလိမ်အညာတွေကို ဖြစ်ပေါ်စေတဲ့ အဓိကတရားခံပါပဲ။

ပါဝါပိတ်ထားတဲ့ ဖုန်းကို ဖွင့်လိုက်ပြီး လေပြေရှင်းထံ ဖုန်းခေါ်လိုက်လေသည်။ အခုချိန်ဆိုရင် ပြဒါးရံရဲ့ ခွဲစိတ်မှုပြီးသွားတာ ကြာလောက်ပြီပေါ။ တစ်ဖက်လူက ချက်ခြင်းပင် ဖုန်းကိုင်လာခဲ့သည်။

" မင်းနောက်ဆုံးတော့ ဖုန်းခေါ်လာပြီပေါ့လေ.... ငါအရမ်းစိတ်ပူနေတာ "

" ခွဲစိတ်တာ အဆင်ပြေရဲ့လား "

အသံမှာ တိုးဖွလွန်းသောကြောင့် ရှင်း အာရုံစိုက်၍ သေချာနားထောင်မှသာ ကြားလိုက်ရသည်။

" ဟင့်အင်း "

" မအောင်မြင်ဘူးလား "

" ဒီနေ့ထပ်ပြီး ခွဲစိတ်မှုလုပ်ရမယ်။ ဆရာဝန်ကတော့ အရမ်းကြီးမျှော်လင့်မထားပါနဲ့လို့ ပြောတယ် "

သက်ပြင်းချလိုက်ပြီးနောက် တိတ်ဆိတ်သွားသော တစ်ဖက်ကလူကို လေပြေရှင်း မေးလိုက်လေသည်။

" ဆင့် မင်းအဆင်ပြေရဲ့လား "

" .......... "

" ဆင့် "

" ဘာလို့မ‌အောင်မြင်တာလဲ.... အခြေအနေအရမ်းဆိုးလို့လား "

" သူပြုတ်ကျတဲ့အမြင့်က ဘယ်လောက်ရှိလဲဆိုတာ။မင်းလည်းသိမှာပါ ။ ခွဲစိတ်မှုက အောင်မြင်သွားရင်တောင် အဆိုးဆုံး ကိုမာဝင်သွားတာအထိ ဖြစ်နိုင်တယ် "

လေပြေရှင်းကို ဆက်ပြောခွင့်မပေးတော့ဘဲ တိမ်ယံဆင့်တစ်ယောက် ဖုန်းချသွားတော့သည်။ ဆိုဖာပေါ်ထိုင်နေရင်းနှင့်ပင် ဖုန်းကိုအဝေးပစ်ချလိုက်ပြီး အတွေးနယ်ချဲ့ကာ ကိုယ့်ကိုကိုယ် အပစ်တင်မိပြန်သည်။

နောက်တစ်နေ့မနက်၌ ရှင်း ဆီမှ ဖုန်းဝင်လာလေသည်။ နှစ်ခါမတွေးဘဲ ကောက်ကိုင်လိုက်သည့်အခါ အနည်းငယ်တက်ကြွနေတဲ့ အသံက တိုးဝင်လာသည်။

" မနေ့က ခွဲစိတ်မှုအောင်မြင်တယ် ဆင့် ။ ပြဒါးရံက ခုထိသတိမရသေးပေမယ့် မျှော်လင့်ချက်ရှိသေးတယ် "

" တကယ်လား "

သေချာအောင် ထပ်မေးလိုက်ပြီး ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်လေသည်။

" တော်သေးတယ်.... တကယ်တော်သေးတယ် "

ရှင်း နှင့် ဖုန်းပြောအပြီးတွင် ပုံမှန်အစာမစားခဲ့သည့်အတွက် ဗိုက်ဆာလာသလို ခံစားရတာကြောင့် မီးဖိုချောင်ထဲသွားကာ လှန်‌လောရှာလိုက်ချိန်၌ အသင့်စားခေါက်ဆွဲထုပ် သုံးထုပ်ထွက်လာလေသည်။ ရေနွေးအိုးတည်လိုက်ကာ သုံးထုပ်လုံးကို ထည့်ပြုတ်ပြီး ထိုင်စောင့်နေရင်း မနေ့က တွေ့ထားတဲ့ ကြက်ဥနှစ်လုံးကို သတိရသွား‌ပြန်သည်။ မထူးပါဘူးဟုစဉ်းစားကာ ထိုကြက်ဥနှစ်လုံးကိုပါ ဖောက်ထည့်လိုက်သည်။ ပထမတစ်လုံးမှာ စထည့်ထဲက အနှစ်ကွဲသွားသည့်အတွက် အိုးထဲတွင် ကြက်ဥအနှစ်များတဖြည်းဖြည်းပြန့်သွားလေသည်။ ဒုတိယတစ်လုံးမှာမူ ထည့်လိုက်ချိန်၌ လှလှပပနှင့် အဆင်ပြေပြေကျသွားပါသော်လည်း အရသာမြည်းရန် ဇွန်းနဲ့မွှေလိုက်ချိန်၌ ထိမိပြီးပေါက်သွားခဲ့ပြန်သည်။ သို့သော်ငြား တိမ်ယံဆင့်မှာ စိတ်တိုမနေခဲ့ပါချေ။ သူဟာအနည်းငယ် ပျော်ရွှင်နေသယောင်တောင် ရှိနေခဲ့သည့်အပြင် ရုတ်တရက်မလှမ်းမကမ်းတွင် ရှိနေသည့် ကန်စွန်းရွက်တစ်စည်းကလည်း ဆင့် မျက်လုံးထဲ ဝင်ရောက်လာပြန်သည်။ ဆွဲယူလိုက်ပြီး ရေသေချာဆေးကာ အိုးထဲခြွေထည့်လိုက်သည့်အပြင် သံပုရာသီး အနည်းငယ်ကိုလည်း လှီးပြီးညှစ်ထည့်လိုက်ပါသေးသည်။

နောက်ဆုံးအားလုံး ကျက်သွားသည့်အခါ၌ တိမ်ယံဆင့်မှာ အိုးလိုက်ကို စားပွဲပေါ်တင်လျက် တစ်လုတ်အရင်မြည်းလိုက်လေသည်။ သို့သော်အလွန်ပူနေခဲ့သည့်အတွက် ပြန်ထွေးထုတ်ဖို့ စဉ်းစားလိုက်သော်လည်း အိုးထဲပြန်ထွေးထုတ်လျှင် သူဟာအလွန်ရွံ့လေသည့်အတွက် မလုပ်ခဲ့ပေ။ မိမိကိုယ်တိုင်ထွေးထားသည့် အရာဖြစ်နေလျှင်တောင်မှ တိမ်ယံဆင့်၏ အသန့်ကြိုက်တတ်တဲ့စိတ်က သူများထက်စာရင်  နည်းနည်းတော့ ထူးဆန်းလေသည်။ နောက်ဆုံးတွင် ကြံရာမရတဲ့အဆုံး ပါးစပ်ထဲ၌ပင် ဆက်ငုံထားလိုက်ပြီး ကိုယ့်လက်နဲ့ပင် ပါးစပ်ကိုဟလျက် ယက်ခပ်နေခဲ့သည်။

မလုံလောက်သေးသောကြောင့် ရေခဲသေတ္တာထဲက ရေခဲတုံးတွေကိုယူလာကာ ပါစပ်ထဲကို တစ်လုံးလောက် အရင်ပစ်ထည်လိုက်လေသည်။ တဖြည်းဖြည်းနှင့် အရည်ပျော်သွားပြီး ခံတွင်းထဲတွင် ပိုလို့အေးစက်လာသည့် ခံသားချက်ရလာခါမှ အနည်းငယ်ကျေနပ်သွားခဲ့သည်။ ခေါက်ဆွဲကို အအေးခံလိုက်ပြီးချိန်တွင် တိမ်ယံဆင့်မှာ ခေါင်းမဖော်တမ်းစားနေခဲ့ကာ ချဉ်ချဉ်စပ်စပ်အရသာက သူ့ကိုအလွန်အကြိုက်တွေ့စေပြီး ပိုလို့တောင့်တစေသည်။ မကြာခင်မှာတင် တစ်အိုးလုံး ကုန်သွားခဲ့လေသည်။

သို့သော် အနည်းငယ်ပျင်းရိနေသလို ခံစားရတာကြောင့် အာလူးကြော်တစ်ထုပ်ကို ဖောက်လိုက်ကာ TV ဖွင့်လျက် ဆိုဖာပေါ်ပြန်ထိုင်လိုက်သည်။ စိတ်ထဲမှလည်း ကြည့်စရာတစ်ခုခုရှိလျှင် ပိုကောင်းမည်ဟုတွေးနေရုံရှိသေး ကာတွန်းကားတစ်ကားနှင့် စိုက်စိုက်မြိုက်မြိုက်တိုးနေလေသည်။

တစ်နာရီခွဲ ကြာပြီးနောက်တွင် ,

" သေစမ်း..... ဘယ်လိုတောင်ငိုနေရတာလဲ။ ငါ့မျက်ရည်တွေတောင် မကျန်တော့ဘူးထင်တယ် "

တစ်ရူးဘူးကို လက်ထဲကိုင်ပြီး အတောမသတ်နိုင်သည့် မျက်ရည်များကို စိတ်ရှည်လက်ရှည်သုတ်ကာ ဆဲရေးနေပါတော့သည်။

" အစထဲက မကြည့်လိုက်မိရင်ကောင်းသား "

ဘယ်လိုမှ သည်းမခံနိုင်တော့သည့် နောက်ဆုံးတွင် သူဟာ ထပ်ပြောလိုက်ပါသေးသည်။

" Happy Ending ဆိုပေမယ့် ဇာတ်ကောင်တွေကို အဲ့လောက် မခံစားခိုင်းပါနဲ့လား..... စာနာစိတ်မရှိတဲ့ ဇာတ်ညွှန်း၊ အကျင့်မကောင်းတဲ့ director ။ "

Coco ကာတွန်းကားလေး ပြီးသွားသည့်အခါတွင် နောက်တစ်လိုင်းကိုလှည့်ရင်း ထပ်ကြည့်ရန်ပြင်လိုက်လေသည်။ အခုအခါတွင် သူ့ထံတွင် လုပ်စရာအလုပ် ရှိမနေသည့်အတွက် အလွန်းအားယားနေသည့် အတွက်ဖြစ်သည်။

ကာစလောင်

Yaya က သူကြိုက်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပင် ဖြစ်လေသည်။ သူမ ဇာတ်ကားတိုင်းလိုလိုကို ကြည့်ဖူးသော်လည်း ကာစလောင်လို့ အမည်ရတဲ့ကားကို အခုမှကြည့်ဖူးတာဖြစ်နေလေသည်။ ငိုရတာမောနေသည့်အတွက် ဆင့်က ငြိမ့်ငြိမ့်လေးနဲ့ သွားတဲ့ကားကို ကြည့်ရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ သေချာပေါက် တိမ်ယံဆင့်မှာ review  တွေလည်း ဖတ်မကြည့်ခဲ့ပါပေ။

နောက်တစ်နေ့မနက်၌ ,

" တော်ပြီ..... ငါအရှုံးပေးပါတယ် ။ ဒီထက်ပိုပြီးမငိုနိုင်တော့ဘူး....လေးစားပါတယ် မင်းတို့အားလုံးကို ငါ့ကိုဒီလောက်ငိုအောင် စွမ်းဆောင်နိုင်တာ။ "

ဇာတ်ကားလည်း ပြီးသွားခဲ့လေပြီ။ အဲ့ဒီ့နောက်ပိုင်းကစပြီး ဇာတ်ကားမကြည့်ခင် review  တွေအရင်ဖတ်ရမယ် ဆိုတာကို တိမ်ယံဆင့်ခေါင်းထဲ စွဲစွဲမြဲမြဲ မှတ်ထားလိုက်တော့သည်။

အားလပ်နေသည့် အချိန်များထဲမှ ချစ်လှစွာသော သူငယ်ချင်းကို ဖုန်းဆက်အပူကပ်ရန်လည်း မေ့လျော့မနေခဲ့ပါ‌ချေ။

" ရှင်း အဆင်ပြေရဲ့လား "

" အကုန်အဆင်ပြေတယ်လေ "

" ငါမင်းကို မေးနေတာမဟုတ်ဘူး...သူ "

" ခုထိသတိမရသေးဘူး "

" ဘာ ခွဲစိတ်ပြီး နှစ်ရက်တောင်ရှိနေပြီ သတိမရသေးဘူးလား "

" အဲ့လောက်တောင်စိတ်ပူနေလဲ ဘာလို့မင်းကိုယ်တိုင်သွားပြီး မပြုစုတာလဲ "

" ငါအဆင်သင့်မဖြစ်သေးလို့ "

မှန်ပေသည်။ ပြဒါးရံနဲ့တွေ့ရင် ဘယ်လိုရင်ဆိုင်ရမလဲ တိမ်ယံဆင့် ခုချိန်ထိ မသိသေးပေ။ ထိုချိန်တုန်းက လိမ်ညာပြီး သူ့ကိုရက်စက်ခဲ့တဲ့အတွက် ဆက်မုန်းနေရမှာလား ။ဒါမှမဟုတ် မျက်ကြည်လွှာပေးခဲ့တဲ့သူ့ကို မိုက်ရူးရဲဆန်လိုက်တာဆိုပြီး ဒေါသထွက်ရမှာလား။ အရာအားလုံးကို အတိတ်မှာထားခဲ့ပြီး တစ်ကနေပြန်စဖို့ ကြိုးစားရမှာလား သူအခုထိ မဆုံးဖြတ်ရသေးပေ။ ဒီရက်ပိုင်းအတွင်းမှာ အပြစ်ရှိသလို ခံစားနေရတဲ့ စိတ်ကြီးပျောက်အောင် ဇာတ်ကားတွေကြည့်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဖြေဖျောက်ဖို့ ကြိုးစားသော်လည်း ၎င်း ကမပြေပျောက်နိုင်ဘဲ အစိုင်အခဲတစ်ခုအဖြစ် နေရာယူနေခဲ့သည်။

နာကျင်မှုက အသည်းခိုက်လာတဲ့အခါ လူတိုင်းလက်လွှတ်ပစ်ဖို့ကို ရွေးချယ်ကြတာပဲ။ နာကျင်စေတဲ့အရာကို ဖမ်းဆုပ်ထားရင် ပြိုလဲသွားတတ်တာ သဘာဝဖြစ်နေလို့လေ ထပ်ပြီးဆိုးမလာခင်မှာ လက်လွှတ်လိုက်တာက ပိုကောင်းတဲ့ ရွေးချယ်မှုဆိုတာ လူတွေသိနေကြလို့ ။ ဒါပေမယ့် ရွေးချယ်မှုတွေများလွန်းတဲ့ လောကကြီးအလယ်မှာ တိမ်ယံဆင့်လည်း ရွေးချယ်မှုတစ်ခုကိုပြုလုပ်ခဲ့လေသည်။ လက်လွှတ်ပစ်လိုက်ဖို့ ရွေးချယ်လိုက်တာက တစ်ကြိမ်နဲ့တင် လုံလောက်ပြီမို့ ဒီတစ်ခါ၌ ပြဒါးရံ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တိမ်ယံဆင့်က ဒုတိယအကြိမ် ဖမ်းဆုပ်ထားတဲ့ လက်ကို ပြန်လွှတ်ဖို့ အစီအစဉ်မရှိတော့သည်မှာ သေချာလှလေသည်။

ပြဒါးရံ ခင်ဗျားကလေ လူစွမ်းကောင်း သိပ်လုပ်ချင်နေတာပဲ။ တစ်ကယ်လို့သာ ခင်ဗျားအစ်မက ကျွန်တော့်ကို အရာအားလုံး ပြောမပြခဲ့ဖူးဆိုရင် ခင်ဗျားဘယ်ချိန်ထိ ကျွန်တော့်ကို ဆက်ဖုံးကွယ်ထားဦးမှာလဲ။ 10 နှစ်လား ၊နှစ်20လား ဒါမှမဟုတ် တစ်သက်လုံးလား။  ခုချိန်ကစပြီး ခင်ဗျားပြောသမျှကို မယုံတော့တာမို့ ကျွန်တော်လုပ်ချင်တာကိုပဲ လုပ်တော့မယ် ။ ကျွန်တော်က အားနည်းတဲ့လူမဟုတ်လို့ ခင်ဗျားကာကွယ်ပေးတာကိုလည်း မလိုအပ်ဘူး။ လှည့်စားခဲ့တာတွေကို ဖြေရှင်းချက်နားထောင်ဖို့ ခင်ဗျားအနားကို ကျွန်တော်သေချာပေါက် ပြန်လာဦးမှာ ပြဒါးရံ။

အချစ်ကြောင့် ဝေးခဲ့ကြတယ်ဆိုတာ သိနေလဲပေါ့။ သိပ်ချစ်လို့ မုန်းအောင်ဖန်တီးခဲ့တယ်ဆိုတာမျိုး ဒုတိယအကြိမ် ထပ်မရှိစေရဘူး။

_________________________________

[Zawgyi]

ကိုယ္ကိုလွည့္လိုက္ၿပီး ယြန္းေဟမီႏွင့္ မ်က္ႏွာခ်င္းဆိုင္ ဆင့္ ရပ္လိုက္ေလသည္။ မ်က္ရည္မ်ားႏွင့္ တန္ဆာဆင္ထားေသာ သူမမ်က္လုံးမ်ားမွာ တိမ္ယံဆင့္၏ ‌နက္ေမွာင္လွေသာ မ်က္ဝန္းမ်ားထံသို႔ စိုက္ၾကည့္ေနသည္မွာ တစ္ခ်က္ကေလးမွ ပ်က္ယြင္းမသြားခဲ့။ အခ်ိန္အနည္းငယ္  ၾကာသြားေသာအခါတြင္ ယြန္းေဟမီမွာ ရွိသမွ် အားအလုံးစုံကို စုစည္းလိုက္ၿပီး သူ႔ထံသို႔ေျပာလာခဲ့သည္။

" အဲ့ဒီ့ေနက ရံေလး ဆီကေနျပန္သြားေန႔က ကားအက္စီးဒင့္ ျဖစ္ခဲ့ေသးတယ္မလား "

" ဘယ္လိုသိတာလဲ "

ေသခ်ာေပါက္ ရွင္းနဲ႔ သူပဲသိတဲ့လ်ိဳ႕ဝွက္ကို ယြန္းေဟမီက ဘာေၾကာင့္သိေနရတာလဲ။

" မင္းအထင္ သာမာန္ထိခိုက္ဒဏ္ရာေလးနဲ႔ပဲ ၿပီးသြားတယ္ပဲ ထင္ေနခဲ့တာေပါ့ "

ဆင့္၏ မ်က္ဝန္းမ်ားမွာ ယြန္းေဟမီစကားမ်ားေၾကာင့္ တုန္လႈပ္ေျခာက္ျခားမႈမ်ား ေနရာယူလာခဲ့သည္။

" ကားတစ္စီးလုံး ေၾကမြသြားတာေတာင္ ကံေကာင္းၿပီး ျပင္ပဒဏ္ရာေလးအနည္းငယ္နဲ႔ အသက္ရွင္ခဲ့တာေပါ့ေလ။ "

" ဘာအဓိပၸါယ္လဲ ..... အဲ့တာအမွန္ပဲ မဟုတ္ဘူးလား "

တိမ္ယံဆင့္၏ အသံမွာ မသိစိတ္အရ တုန္လႈပ္လာခဲ့ေတာ့ေလသည္။ သူ႔ကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဖုံးကြယ္ခဲ့တဲ့အရာေတြက ဘာေတြလည္းဆိုတာ သူသိခ်င္လြန္းလွသည္။ ရွင္း ကိုယ္တိုင္ေတာင္ သူမသိေအာင္လ်ိဳ႕ဝွက္ထားခဲ့တဲ့ နက္နဲတဲ့အရာေတြ။

" ေသခ်ာနားေထာင္ တိမ္ယံဆင့္...... အဲ့ေန႔ထဲက မင္းရဲ႕မ်က္လုံးေတြက ကြယ္သြားႏွင့္ၿပီးၿပီ "

" ဘာ ! "

အလိုအေလ်ာက္ပင္ ေျခလွမ္းမ်ားမွာ ေနာက္သို႔ႏွစ္လွမ္း ဆုတ္လိုက္မိပါေတာ့သည္။ လက္ဖဝါးျပင္မွာ အတိုင္းမသိ တုန္ယင္ေနသည့္အျပင္ အသက္ရႈႏႈန္းမ်ားမွာလည္း ႐ုတ္ခ်င္းျမန္ဆန္လာလ်က္သား။ ယြန္းေဟမီ ဆီမွထြက္လာေသာ ထိုစကားဟာ ေႏြေခါင္ေခါင္တြင္ မိုးႀကိဳးပစ္ခ်လိုက္ပါသည့္ႏွယ္ ဆင့္ ၏ အတြင္းစိတ္ကို အဖန္တစ္ရာမက အဆိပ္ခပ္ေနခဲ့သည္။ ႐ုတ္တရက္ တိမ္ယံဆင့္၏ ႏွလုံးအိမ္ထဲသို႔ ဆူးတစ္ေခ်ာင္းက နစ္နစ္နဲနဲစိုက္ဝင္လာေလသည္။ ရံဖန္ရံခါတြင္ ေသမတတ္ေအာင္ နာက်င္ေစၿပီး အခ်ိဳ႕အခ်ိန္မ်ားတြင္ေတာ့ လိုက္ေလ်ာညီေထြစြာ စိုက္ဝင္ေနသည္။ ယခု‌ထိုဆူးမွာ အနက္ရႈိင္းဆုံးေနရာထိ စိုက္ဝင္လ်က္ ႏွလုံးအိမ္မွာ ေသြးမ်ားက်ဆင္းလာေအာင္ ဖန္တီးေနလ်က္ရွိသည္။

" လိမ္မေနနဲ႔.... ခင္ဗ်ားတို႔ကို ေနာက္ထပ္ မယုံႏိုင္ေတာ့ဘူး။ မလုံေလာက္ေသးဘူးလား ...... ကြၽန္ေတာ့္အေပၚ ဒီေလာက္ေတာင္ လွည့္စားခဲ့တာကို အခုထိမလုံေလာက္ေသးဘူးလား "

တိမ္ယံဆင့္တစ္ေယာက္ မိမိကဘယ္လိုပုံစံ ျဖစ္ေနလဲဆိုတာေတြကိုပင္ ဂ႐ုမစိုက္ေတာ့ဘဲ စိတ္ထဲရွိရာအကုန္ ထုတ္ေျပာမိေနပါေတာ့သည္။

" ကြၽန္ေတာ္မ်က္လုံးေတြက ကြယ္သြားၿပီဆို အခုဒါကဘာေတြလဲ "

သူ႔မ်က္ဝန္းေနရာကို လက္ညႇိဳးထိုးလ်က္ ယြန္းေဟမီကို ေျပာလိုက္ေလသည္။

" အခုအေကာင္းတိုင္းရွိေနတာပဲ မဟုတ္ဘူးလား။ အကုန္လုံးကို ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္း ျမင္‌ေနရတယ္။ "

" မင္းအခု ရွင္းရွင္းလင္းလင္း ျမင္ေနရတာေတြက ရံေလးေၾကာင့္ပဲ။ အဲ့တာက ရံေလးမ်က္လုံးေတြ...... သူမင္းကိုေပးခဲ့တာ "

" မဟုတ္ဘူး ! "

အစပိုင္း၌ ျငင္းဆန္ေနခဲ့ပါသည့္တိုင္ ေနာက္ပိုင္း၌မူ

" ဟား....ဟား.....ဟား "

တိမ္ယံဆင့္မွာ ႐ူးသြပ္ေလာက္ေအာင္ ရယ္ေမာလာခဲ့ေတာ့သည္။ သူဟာ အလြန္အမင္းရယ္ေနခဲ့သည့္အတြက္ အသိစိတ္လြတ္ကာ ပတ္ဝန္းက်င္က ကိစၥေတြကို ေမ့ေမ်ာသြားခဲ့ဟန္တူသည္။ ေခါင္းေမာ့ကာ ဆံပင္မ်ားကို လက္ေခ်ာင္းတို႔ျဖင့္ သပ္တင္လိုက္ၿပီး ယြန္းေဟမီကို မၾကည့္ေတာ့ဘဲ ေဘးဘက္သို႔မ်က္ႏွာမူကာ ေျပာလိုက္သည္။

" အေရးမပါတာေတြ ေတာ္သင့္ၿပီ။ ကြၽန္ေတာ္က ယုံမယ္လို႔ထင္ေနတာလား ။ ကြၽန္ေတာ့္မ်က္လုံးေတြ ခြဲစိတ္ထားတာေတာင္ မသိရေအာင္ ကြၽန္ေတာ္ကအ႐ူးလား "

" တိမ္ယံဆင့္ ! "

" ေတာ္ေတာ့.....ကြၽန္ေတာ့္ကိုထပ္ၿပီး အလိမ္အညာေတြ မယုံခိုင္းပါနဲ႔ေတာ့.... ခင္ဗ်ားတို႔ရဲ႕ အလိမ္အညာေတြက လုံေလာက္ေနၿပီမလို႔ ထပ္ၿပီးမယုံႏိုင္ေတာ့ဘူး။ "

" မင္းကိုလိမ္ညာေနတာ မင္းကိုယ္တိုင္ပဲ မဟုတ္ဘူးလား။ မ်က္လုံးခြဲစိတ္ခဲ့တာကို ေသခ်ာေပါက္ မင္းကေတာ့ ဘယ္သိမလဲ။ "

သူမက မ်က္ခမ္းစပ္က မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး အသံေတြဝင္ကာ ေျပာလာခဲ့သည္။

" အဲ့ခ်ိန္ေတြတုန္းက မင္းကေဆး႐ုံကုတင္ေပၚမွာ သတိလစ္ေနခဲ့တာ‌ေလ။ ဆရာဝန္ေတြက မ်က္လုံးအိမ္ထဲစိုက္ဝင္ေနတဲ့ ဖန္ကြဲစေတြေၾကာင့္ မင္းမ်က္လုံးျမင္ရဖို႔က မျဖစ္ႏိုင္ေတာ့ဘူးလို႔ ေျပာခဲ့တုန္းကဆိုရင္ ရံေလးက အ႐ူးမီးဝိုင္းနဲ႔ မင္းကို ကယ္ေပးဖို႔ပဲ ထပ္ကာထပ္ကာ ေတာင္းဆိုေနခဲ့တာ ။ သူကိုယ္တိုင္ေတာင္ သူ႔မ်က္ၾကည္လႊာကို လိုလိုလ်ားလ်ား ထုတ္ေပးတဲ့အထိ ဆႏၵရွိခဲ့တာ။ သူကမင္းေကာင္းဖို႔ တစ္ခုထဲကိုပဲ ေမွ်ာ္လင့္ေနၿပီး သူ႔ကိုယ္သူက်ေတာ့ ဂ႐ုမစိုက္ဘူးေလ။ သိပ္ကို မိုက္႐ူးရဲဆန္တဲ့ကေလး "

ယြန္းေဟမီ၏ ရႈိက္သံမ်ားမွာ ပိုမိုျပတ္သားလာေလသည္။

" ေနာက္ဆုံးက်ေတာ့ တားမရတဲ့အဆုံး ခြင့္ျပဳလိုက္ရတာပဲ ။ အဲ့ေန႔ကစၿပီး ေန႔ရက္တိုင္းက ရံေလးအတြက္ အေမွာင္ေတြပဲ ဖုံးေနခဲ့ရတာ ။သူကမင္းအေၾကာင္း အခ်ိန္တိုင္းေမးတယ္။ ခြဲစိတ္မႈေအာင္ျမင္ရဲ႕လား ၊ ဆင့္ ေဆး႐ုံကဆင္းရၿပီလားနဲ႔ အထူးသျဖင့္ ဒီကိစၥေတြကို သူ႔ကိုဘယ္ေတာ့မွ မေျပာျပပါနဲ႔ဆိုၿပီး ေတာင္းဆိုခဲ့တာ။ သူေျပာတာက တိမ္ယံဆင့္က သူ႔ေၾကာင့္နဲ႔ နာက်င္ရတာေတြ လုံေလာက္ေနပါၿပီတဲ့ေလ ထပ္ၿပီးမနာက်င္ေစခ်င္ေတာ့ဘူးတဲ့ ။ သူကေတာ့တစ္သက္လုံး မ်က္လုံးမျမင္ရလဲ အဆင္ေျပေပမယ့္ ဆင့္ကေတာ့ လွပတဲ့အရာေတြကို ၾကည့္ရႈႏိုင္မွရမယ္ဆိုၿပီး ထပ္ကာထပ္ကာ ေျပာေနခဲ့တာ "

ယြန္းေဟမီ၏ မ်က္ႏွာမွာ မ်က္ရည္မ်ားျဖင့္ ႐ႊဲနစ္ေနခဲ့ေလၿပီး သူမႏွင့္ မ်က္ႏွာခ်င္းဆိုင္ တိမ္ယံဆင့္မွာလည္း  မ်က္ဝန္းေထာင့္ မ်က္ရည္မ်ား အလိုအေလ်ာက္ပင္ စီးဆင္းလာေလသည္။

" ရံေလးက မင္းထင္ထားတာထက္ပိုၿပီး မင္းကိုခ်စ္ပါတယ္ ဆင့္ရယ္။ ဦးေလးေၾကာင့္သာ မဟုတ္ရင္ သူဘယ္ေတာ့မွ သတင္းစာရွင္းလင္းပြဲမွာ မင္းကိုနာက်င္ေစမယ့္ စကားေတြေျပာခဲ့မွာ မဟုတ္ဘူး။ ဦးေလးက ဆင့္နဲ႔ ပက္သက္ၿပီး ရံေလးကို အၾကပ္ကိုင္ခဲ့လို႔သာ သူအဲ့လိုလုပ္ဖို႔ေ႐ြးခ်ယ္ခဲ့တာ။ "

" ေတာ္ေတာ့.....ခင္ဗ်ားတို႔ရဲ႕ အလိမ္အညာေတြ မၿပီးဆုံးေသးဘူးလား။ သိပ္ကို ဩခ်ေလာက္စရာပဲ။ ေတာ္ေတာ္ေလးကို ရင္ထဲထိတဲ့ ဇာတ္လမ္းပါပဲလား။ ျပဒါးရံေၾကာင့္ ဘယ္လိုေတြခံစားခဲ့ရလဲ ကြၽန္ေတာ္သာအသိဆုံးပါ။  "

တိမ္ယံဆင့္ တစ္ေယာက္ အသံမွာ တင္းမာလာလိုက္ ‌အားေပ်ာ့သြားလိုက္ျဖင့္ ေဆာက္တည္ရာမရျဖစ္ေနမႈကို အတတ္ႏိုငိဆုံး ဖုံးဖိထားေလသည္။

" ရွင္း မင္းတစ္ခုခုဝင္ေျပာဦးေလ။ ဒီလိုပဲ တိတ္ဆိတ္မေနနဲ႔ ။ ဒါေတြက ငါသိထားတာနဲ႔ လူံဝမတူဘူးမလား။ မင္းေျပာစမ္းပါ.... အရာအားလုံးက အလိမ္အညာေတြပဲ မဟုတ္ဘူးလား "

" ေတာင္းပန္ပါတယ္ ဆင့္ ..... အားလုံးကအမွန္ေတြပဲ။ ျပဒါးရံက မင္းအတြက္ မ်က္ၾကည္လႊာ တကယ္လႉေပးခဲ့တာ။ သတင္းစာရွင္းလင္းပြဲမွာ သူေျပာခဲ့တာကလည္း သူ႔စိတ္ရင္းမွန္ေတြမဟုတ္ဘူး "

" ရွင္း မင္းငါ့သူငယ္ခ်င္းမွဟုတ္ရဲ႕လား။ အခုငါ့ကို အဲ့တာေတြ ယုံၾကည္ခိုင္းၿပီး အျပစ္တင္စိတ္နဲ႔ ေနသြားေစခ်င္တာလား ။ ေသခ်ာေပါက္ ကြၽန္ေတာ္က မေကာင္းဆိုးဝါးတစ္ေကာင္လို အရာအားလုံးကို ဖ်က္ဆီးပစ္ၿပီးေတာ့မွ မင္းသိထားတာေတြက အမွားေတြပါဆိုၿပီး ယုံၾကည္ခိုင္းေနတာလား။ "

ဆင့္၏ ေျခလွမ္းမ်ားမွာ  ေနာက္သို႔ ပိုမိုေ႐ြ႕လ်ားသြားေလသည္။

" ကြၽန္ေတာ့္ကို ဘယ္လိုျဖစ္ေစခ်င္ေနၾကတာလဲ။ အခုသူ႔အေပၚ ဘယ္ေလာက္ထိ ဆိုးဝါးတာေတြ လုပ္ခဲ့ၿပီးၿပီလဲဆိုတာသိရဲ႕လား။ ေခ်ာက္ကမ္းပါးအစြန္မွာ ရပ္ေနၿပီး ေနာက္ျပန္ဆုတ္လို႔မရေတာ့မွ အမွားေတြကိုလာျပင္ခိုင္းေနတာလား။  "

တိမ္ယံဆင့္သည္လည္း မ်က္ရည္မ်ား က်ဆင္းေနသည့္အဆင့္မွ သည္းမခံႏိုင္ေအာင္ ငိုေႂကြးေနသည့္အဆင့္သို႔ ကူးေျပာင္းသြားေလေတာ့သည္။

" အစထဲက ဘာလို႔မေျပာျပခဲ့ၾကတာလဲ "

" ငါတို႔ကမင္းကိုကာကြယ္ခ်င္လို႔ပါ "

ရွင္းက ဝင္ေျပာေလသည္။

" ငါ့ကိုကာကြယ္ခ်င္ရင္ အခုလိုဖုံးကြယ္ထားမွာမဟုတ္ဘူး။ ငါ့ကိုယ္ငါ အမုန္းေတြနဲ႔နစ္မြန္းၿပီး မေကာင္းဆိုးဝါးတစ္ေကာင္ ျဖစ္ေအာင္ လႊတ္ထားၾကမွာမဟုတ္ဘူး။ အစထဲကသာသိခဲ့ရင္ ငါဒီေလာက္ထိဆိုးသြမ္းခဲ့မွာမဟုတ္ဘူး ရွင္း ......ငါအမွားေတြပဲဆက္တိုက္လုပ္ေနခဲ့မိမွာမဟုတ္ဘူး "

ပင့္သက္ရႈိက္လိုက္ၿပီးေနာက္ ဆင့္မွာ ဝိညာဥ္မ်ား ပ်က္ဆီးသြားလုမတတ္ ငိုေႂကြးလာေလသည္။

" ေၾကနပ္ၾကရဲ႕လား...... အခုလို ေဆာက္တည္ရာမရျဖစ္ေနတဲ့ ကြၽန္ေတာ့္ကို ၾကည့္ရတာ ‌ေတာ္ေတာ္ေလးမွေပ်ာ္ရဲ႕လား။ ကြၽန္ေတာ့္ကို ဖုံးကြယ္ထားရတာ ခင္ဗ်ားတို႔အတြက္ သာမာန္ကိစၥေလး တစ္ခုလိုျဖစ္ေနၾကၿပီလား။ ထပ္ၿပီးဘာေတြ ရွိေသးလဲ..... ကြၽန္ေတာ္မသိေသးတာ ဘာရွိေသးလဲ "

အလြန္အမင္းငိုေနပါေသာ ဆင့္ကို လွမ္းဆြဲကာ ေလေျပရွင္း ဖက္ထားလိုက္ေလသည္။ ထို႔ေနာက္ႏႈတ္ခမ္းမွလည္း ထပ္ကာထပ္ကာမနားတမ္း ႏွစ္သိမ့္ေပးေနခဲ့သည္မွာ သူကိုယ္တိုင္၏ ခံစားခ်က္မ်ားကို လ်စ္လ်ဴရႈ၍ပင္။

" အားလုံးအဆင္ေျပသြားမွာပါ ဆင့္။ မင္းကိုယ့္ကိုကိုယ္ အျပစ္ရွိသလို ခံစားမေနပါနဲ႔။ ဒါေတြအားလုံး မင္းေတာင္းဆိုခဲ့တာမွမဟုတ္တာ..... ျပဒါးရံ ကိုယ္တိုင္က လိုလိုခ်င္ခ်င္ ေပးဆပ္ခဲ့တာေလ "

" ရွင္း ငါဘာဆက္လုပ္ရမလဲ....ေနာက္ျပန္လွည့္လို႔မရေတာ့ဘူး ။ ငါသူ႔အေပၚ ဘာေတြလုပ္ထားလဲဆိုတာ မင္းမွန္းဆၾကည့္လိုေတာင္မရဘူး ရွင္း။ အားလုံးေနာက္က်သြားၿပီ .......ငါကဘယ္ေတာ့မွ သူ႔ရဲ႕ခြင့္လႊတ္မႈေတြနဲ႔ မထိုက္တန္တဲ့ လူတစ္‌ေယာက္ျဖစ္သြားၿပီ။  "

" မဟုတ္ဘူး ဆင့္.... သူမင္းကို အၿမဲခြင့္လႊတ္ပါတယ္။ သူကမင္းကို အရမ္းခ်စ္တာေလ "

သူငယ္ခ်င္းႏွစ္ေယာက္မွာ တင္းၾကပ္သည္ထက္ပိုေသာ ေပြ႕ဖက္မႈတို႔ျဖင့္ တစ္ေယာက္ကို တစ္ေယာက္ႏွစ္သိမ့္ေနခဲ့ၾကေလသည္။ ဆင့္၏ ပုံစံမွာ အလြန္အမင္းဖ႐ိုဖရဲ ျဖစ္ေနခဲ့ၿပီး လက္ဖ်ားေလးျဖင့္ ထိလိုက္႐ုံျဖင့္ လဲက်သြားမွာေတာင္ စိုးရိမ္ရေလသည္။

တိမ္ယံဆင့္ ရင္မဆိုင္ရဲပါေပ။ အမွန္တရားမ်ားအားလုံးကို သူရင္မဆိုင္ရဲခဲ့ေခ်။ သန္မာသည္ဟု အၿမဲေႂကြးေၾကာ္ေနေသာ တိမ္ယံဆင့္မွာ လက္ေတြ႕တြင္ အားနည္းလွသည့္ လူသားေတြထဲက တစ္ေယာက္ပင္ျဖစ္ပါသည္။ ေရွ႕လည္းမတိုးသာ ေနာက္လည္း မဆုတ္သာအေျခအေနမွာ တိမ္ယံဆင့္တစ္ေယာက္ ဒီအတိုင္းသာရပ္ေနခဲ့မိပါသည္။ အနည္းငယ္လႈပ္ရွားလိုက္လွ်င္ေတာင္ သူ႔ဘဝတြင္ စြန္းထင္းေနမည့္ အတိတ္မ်ားကို ျဖစ္ေပၚေစမွာ ဆိုးေသာေၾကာင့္ပင္။

ေလေျပရွင္းကို တြန္းထုတ္လိုက္ၿပီး ဆင့္၏ေျခလွမ္းေတြဟာ အေနာက္ဘက္ဆီသာ ဦးတည္ေနခဲ့ေလသည္။ ခ်ီတုံခ်တုံျဖစ္ေနေသာ စိတ္အေျခအေနမွာ မီးျမႇိဳက္ခံထားရသလို အလြန္အမင္းပူေလာင္ေနလ်က္သားျဖင့္ မ်က္ရည္မ်ားမွာေတာ့ သူ႔ဘဝတစ္ေလွ်ာက္လုံး အေဖာ္ျပဳေနေလသည္။

" ဆင့္ "

ေလေျပရွင္းတစ္ေယာက္ သူ႔ထံသို႔အသံျပဳကာ ဟန႔္တားလိုက္သည္။ သို႔ေသာ္တိမ္ယံဆင့္မွာ ေနာက္ဆုတ္ေနသည့္ ေျခလွမ္းမ်ားကို ရပ္တန႔္ဖို႔ရာ စိတ္ကူးမရွိခဲ့ပါ‌ေခ်။ အၾကည့္မ်ားက ေဘးဘီဝဲယာဆီ ျဖတ္သန္းသြားလိုက္ၿပီး ေနာက္ဆုံးေတာ့ ရွင္း ထံ၌ပင္ ျပန္လည္အဆုံးသတ္သြားသည္။

" ငါ ...... ငါ ကားေသာ့ကို ဘယ္နားထားမိခဲ့ျပန္ၿပီလဲမသိေတာ့ဘူး

မ်က္ရည္မ်ားက ပါးျပင္ထက္မွတဆင့္ ၾကမ္းျပင္ေပၚသို႔ လိမ့္ဆင္းလာေလသည္။ အဆီအေငၚမတည့္သည့္  စကားမ်ားပင္ ျဖစ္လင့္ကစား နာက်င္ေနသည့္ ႏွလုံးသားကေတာ့ အစစ္အမွန္ျဖစ္ေခ်၏။ သို႔ေသာ္ဆင့္မွာ အတတ္ႏိုင္ဆုံး ဟန္ေဆာင္ၿပဳံးလ်က္ ရွင္းကို ၾကည့္ေနရင္းမွ အျခားေနရာသို႔ ေျပာင္းေ႐ြ႕လိုက္သည္။

" ဒီတစ္ခါေတာ့ ထပ္ေပ်ာက္လို႔မရေတာ့ဘူး....ဒါက မင္းလက္ေဆာင္ေပးထားတာေလ.... ငါ...ငါ... သြားရွာလိုက္ဦးမယ္ "

" ဆင့္..... မသြားပါနဲ႔ ။ မင္းဆႏၵရွိရင္ ငါထပ္ဝယ္ေပးလို႔ရပါတယ္ "

ယခင္နည္းလမ္းမ်ားအတိုင္းပင္ တိုးဖြစြာျဖင့္ တိမ္ယံဆင့္ကို နားခ်ရသည္မွာ ရွင္း၏ တာဝန္တစ္ခုလိုျဖစ္သည္။

" ထပ္ၿပီးေတာ့ ငါ့ကိုဆြဲမထားပါနဲ႔ေတာ့ ရွင္း ။ ငါအဲ့ဒီ့တစ္ခုကိုပဲ ျပန္လိုခ်င္တယ္ "

အမွန္စင္စစ္တြင္ ဆင့္အတြက္ လိုအပ္ေနသည္က ကားေသာ့မဟုတ္ခဲ့ပါ။ ခံစား‌ေနရသည္ကို ဖြင့္ထုတ္ငိုေႂကြးပစ္ဖို႔အတြက္ ေနရာတစ္ခုလိုအပ္ေနခဲ့ျခင္းသာျဖစ္သည္။ ထိုကားေသာ့ေလးမွာလည္း ဆင့္၏ အိတ္ကပ္ထဲတြင္ ေနရာတက်ရွိေနခဲ့သည္ကို သူတို႔ႏွစ္ေယာက္လုံး သိေနခဲ့ပါသည္။ ဆက္ၿပီး ေတာင့္ခံမထားႏိုင္ေတာ့သည့္ တိမ္ယံဆင့္အတြက္ အသုံးခ်စရာ ျပ႐ုဒ္သက္သက္ ျဖစ္သြားခဲ့ျခင္းရယ္သာ။

ေနာက္လွည့္မၾကည့္ေတာ့ဘဲ ရွင္းနဲ႔ယြန္းေဟမီကို ေက်ာခိုင္းကာ တန္းတန္းမတ္မတ္ေလွ်ာက္လွမ္းလာရင္း အားနည္းလွသည့္ ေျခေထာက္မ်ားကိုလည္း ေပ်ာ့ေခြမသြားေအာင္ ႀကိဳးစားထိန္းညႇီေနရေလသည္။  အမွန္တစ္ကယ္တြင္ သူဟာေရွာင္ေျပးခဲ့မိျခင္းပင္။ ျပႆနာအားလုံးကို မရင္ဆိုင္ရဲသည့္အတြက္ တိမ္ယံဆင့္တစ္ေယာက္ ထပ္ၿပီး သူရဲေဘာေၾကာင္မိျပန္ေလသည္။ ဒုတိယအႀကိမ္ ထပ္မံထြက္ေျပးမိခဲ့ျပန္သည္။

အရင္က သူ႔အေမႏွင့္ေနခဲ့သည့္ အိမ္ေလးအတြင္းသို႔ ဘယ္လိုျပန္ေရာက္ခဲ့တာလဲသူကိုယ္တိုင္လဲ မမွတ္မိေတာ့‌ေခ်။ အိမ္ထဲတြင္ အလြန္ေမွာင္မဲေနခဲ့ၿပီး ေလဟာနယ္မ်ားက ဆင့္အနားတြင္ ေဝ့ဝဲေနခဲ့သည္။ ႐ုတ္တရက္အထီးက်န္လာသလို ခံစားရၿပီး တင္းခံထားသည့္ ေျခေထာက္မ်ားမွာ ယခုအခါေတာ့ လုံးဝဥႆုံေပ်ာ့ေခြသြား‌ေတာ့သည္။ ၾကမ္းျပင္ေပၚလဲေလ်ာင္းလ်က္ ကိုယ္ကိုေကြးကာ ဆင့္က သည္းထန္စြာ ငိုေႂကြးေနခဲ့ပါေတာ့သည္။ ရပ္သြားမည့္အရိပ္အေယာင္လဲ မေတြ႕ခဲ့သလို သူ၏အသံသည္ကား အိမ္ထဲတြင္ အဆေပါင္းေထာင္ခ်ီ ပဲ့တင္ထပ္ေနလ်က္ မိမိကိုယ္တိုင္၏ နားထဲ ျပန္လည္ဆီးဝင္လာၾကသည္။ လြန္စြာမွ ေၾကကြဲဖြယ္ေကာင္းေနခဲ့သလို သိပ္ကိုလည္း သနားဖို႔ရာေကာင္းေနခဲ့ပါသည္။

ေနာက္တစ္ေန႔မနက္၌ ေအးစက္ေနသည့္  ၾကမ္းခင္းေပၚတြင္ တိမ္ယံဆင့္ ႏိုးထလာခဲ့ေလသည္။ ေအးစက္မႈမ်ားမွာ တိမ္ယံဆင့္၏ အေသြးအသားထဲထိ စိမ့္ဝင္လ်က္ ခႏၶာကိုယ္ကို ေတာင့္ခဲေစကာ ထုံထိုင္းမူးေဝေစသည္။ ဦးေႏွာက္ထဲတြင္ အရာအားလုံး ဗလာနထၳိျဖစ္ေနခဲ့ၿပီး ပတ္ဝန္းက်င္က ေလတိုးသံသာ အဆက္မျပတ္ၾကားေနရကာ ငိုထားသည့္အရွိန္ေၾကာင့္ မ်က္လုံးမ်ားမွာ အနည္းငယ္ေဖာင္းေန႐ုံသာမက အသံဝင္ၿပီး လည္ေခ်ာင္းကလည္း ရွတတျဖစ္ေနခဲ့သည္။

ေရတစ္ခြက္သြားေသာက္လိုက္ၿပီး ဆိုဖာေပၚ ထိုင္လိုက္ကာ တစ္ေနရာထဲကိုပဲ ထပ္မံေငးၾကည့္ေနခဲ့မိျပန္သည္။ အခ်ိန္ဘယ္ေလာက္ထိၾကာသြားလဲ မသိေတာ့ပါ အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ ေနေရာင္မ်ားက အိမ္ထဲကို ဆီးနင္းဝင္ေရာက္‌ေနႏွင့္ၿပီးၿပီ ျဖစ္သည္။ နာရီၾကည့္လိုက္ခ်ိန္တြင္ 11 နာရီထိုးေနၿပီျဖစ္ကာ ထူးဆန္းစြာပင္ သူဟာ ဗိုက္ဆာမေနခဲ့သလို ဘယ္ကိုမွလည္း စားခ်င္စိတ္ရွိမေနခဲ့ေပ။ ခဏအၾကာတြင္ ေရမိုးခ်ိဳးလိုက္ၿပီးေနာက္ ဆြယ္တာလက္ရွည္အနက္ေရာင္နဲ႔ ေျခမ်က္စိအထက္ရွိတဲ့ ေဘာင္းဘီအျဖဴေရာင္ကို ေပါ့ေပါ့ပါးပါးဝတ္ဆင္လိုက္ကာ အေစာကထိုင္ခဲ့တဲ့ ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ေျခေထာက္ႏွစ္ေခ်ာင္းတင္၍ ထိုင္ေနခဲ့ျပန္သည္။ အမူအယာသည္ကား တိတ္ဆိတ္ၿငိမ္သက္ေနခဲ့ၿပီး 5 မိနစ္ပင္မၾကာလိုက္ သူ၏မ်က္လုံးမ်ားက နီရဲလာျပန္ေလသည္။ ထို႔ေနာက္အေၾကာင္းအရင္း မရွိပါဘဲႏွင့္ ငိုမိျပန္သည္။ တိတ္ဆိတ္စြာ မ်က္ရည္မ်ား က်ဆင္းလာျခင္းမွ ထိန္းသိမ္းမရေအာင္ ရႈိက္ႀကီးတငင္ ငိုေႂကြးေနျခင္းအဆင့္သို႔ တျဖည္းျဖည္း ကူးေျပာင္းသြားသည္။ ဘာေၾကာင့္ငိုေနလဲ သူကိုယ္တိုင္လည္း နားမလည္ေတာ့ေပ။ သူ႔စိတ္ထဲ အလြန္ဝမ္းနည္းေနျခင္းေၾကာင့္ ငိုခ်လိုက္ျခင္းျဖစ္ေသာ္လည္း အေၾကာင္းျပခ်က္ေပးႏိုင္မည့္ အခ်ိဳ႕အရာမ်ားကိုေတာ့ ဆင့္ မသိဟန္ေဆာင္လိုက္ပါသည္။ ေမ့လို႔ရရင္ ေမ့ထားတာက သူ႔ကို တစ္စကၠန္႔ေလာက္ပဲျဖစ္ျဖစ္ အသက္ရွင္ဖို႔ေမွ်ာ္လင့္ခ်က္ ေပးသနားထားသလိုပါပင္။

နာလိုက္တာ .... ခႏၶာကိုယ္မွာရွိသမွ် အစိတ္အပိုင္းအားလုံးက က်ိဳးေၾကလုမတတ္ နာက်င္ေနတာပဲ သူသိတယ္။ 

တစ္အိမ္လုံးက ရွင္း၏ မၾကာခဏ သန႔္ရွင္းေပးျခင္း ခံရေသာေၾကာင့္ ဖုန္ဟူ၍ တစ္စက္ေတာင္ရွိမေနခဲ့ေခ်။ ထိုျပင္ ပစၥည္းမွန္သမွ်ကလည္း လြန္ခဲ့တဲ့ 3 ႏွစ္တုန္းကအတိုင္း ဟန္မပ်က္ရွိေနၾကေသးသည္။ ‌ဗီ႐ိုထဲတြင္ ဆင့္၏ အဝတ္အစားမ်ားကလည္း ေသေသသပ္သပ္ ေနရာယူေနပါေသးသည္ ။

တစ္ပါတ္ေလာက္အၾကာတြင္ တိမ္ယံဆင့္က ဆိုဖာေပၚတြင္ ထို‌င္ေနၿမဲထိုင္ေနဆဲပင္ ျဖစ္ေလသည္။ သူသည္ ညဘက္ေတြလည္း မအိပ္သလို အစားဟူ၍လည္း မယ္မယ္ရရမစားခဲ့ပါ။ တန္ဖိုးရွိလွသည့္ မ်က္ဝန္းတစ္ဝိုက္တြင္ အိပ္ေရးပ်က္၍ ညိဳမဲလာသည့္ အရာမ်ားက အတိုင္းသား ။ ပတ္ဝန္းက်င္ႏွင့္အဆက္အသြယ္ျဖတ္၍ ထြက္ေျပးလာခ်င္းျဖစ္ေသာ္လည္း မဝံ့မရဲ ခံစားခ်က္မ်ားက ဆင့္ကို ၿခိမ္းေျခာက္ေနျပန္ေလသည္။ တစ္ခါတစ္ေလတြင္ သူဟာ ဆံပင္ေတြၾကားထဲ လက္ထိုးထည့္ၿပီး တင္းတင္းၾကပ္ၾကပ္ ဆုပ္ေထြးလိုက္ခါ ႐ူးသြားေတာ့မည္ဟု မၾကာခဏေတြးမိသည္။ ထို႔ျပင္ သူ႔ဆီမွာမွ ဘာလို႔ဒါေတြလာျဖစ္ေနရလဲ ဆိုသည့္အေတြးမ်ားလည္း မပါမျဖစ္ေပ။

႐ုတ္တရက္ ကားအက္စီးဒင့္ျဖစ္တုန္းက ေဆး႐ုံတက္ေနခ်ိန္က ပုံရိပ္မ်ားကို ျပန္လည္ျမင္ေယာင္လာျပန္ပါသည္။ တစ္လေလာက္ၾကာၿပီး မ်က္လုံးျပန္ဖြင့္လိုက္တဲ့အခ်ိန္မွာ သူ႔မ်က္လုံးေတြက အရမ္းေဝဝါးၿပီး နာက်င္မႈေတြနဲ႔ ျပည့္ႏွက္ေနခဲ့ကာ ရွင္း သူ႔ကိုေျပာခဲ့သည္က_

ဖန္ကြဲစအနည္းငယ္ မ်က္လုံးထဲဝင္သြားလို႔ ခြဲစိတ္မႈအေသးစားေလး လုပ္ခဲ့တယ္တဲ့။ မ်က္လုံးကိုက္တာေတြ ေခါင္းမူးတာေတြ ၊ အျမင္အာ႐ုံေဝဝါးတာေတြက ေဘးထြက္ဆိုးက်ိဳးမလို႔ ယာယီေတာင့္ခံထားပါတဲ့ေလ။ ထပ္ေလာင္းၿပီး ရွင္းက သူ႔ကိုေျပာခဲ့ပါေသးတယ္ " အရမ္းငိုမေနပါနဲ႔ေတာ့.... ငါတို႔တူတူ အသစ္ကေနျပန္စၾကရေအာင္ ဟုတ္ၿပီလား "

ကုတင္‌ေပၚက ဆင့္ရဲ႕ လက္ကိုကိုင္ၿပီး ေလေျပရွင္း ေျပာခဲ့ဖူးတဲ့စကားေတြ ျဖစ္သည္။ လတ္စသတ္ေတာ့ သူ႔သူငယ္ခ်င္း အရင္းႀကီးကေတာင္ သူ႔ကိုလိမ္ညာခဲ့တာပဲ။ မင္း ေကာင္းဖို႔အတြက္ပါဆိုတဲ့ စကားေတြနဲ႔ပဲ တစ္ေယာက္ၿပီးတစ္ေယာက္ သူ႔အေပၚလိမ္ညာေနၾကတာ။ သူဆိုတဲ့အေၾကာင္းျပခ်က္က အလိမ္အညာေတြကို ျဖစ္ေပၚေစတဲ့ အဓိကတရားခံပါပဲ။

ပါဝါပိတ္ထားတဲ့ ဖုန္းကို ဖြင့္လိုက္ၿပီး ေလေျပရွင္းထံ ဖုန္းေခၚလိုက္ေလသည္။ အခုခ်ိန္ဆိုရင္ ျပဒါးရံရဲ႕ ခြဲစိတ္မႈၿပီးသြားတာ ၾကာေလာက္ၿပီေပါ။ တစ္ဖက္လူက ခ်က္ျခင္းပင္ ဖုန္းကိုင္လာခဲ့သည္။

" မင္းေနာက္ဆုံးေတာ့ ဖုန္းေခၚလာၿပီေပါ့ေလ.... ငါအရမ္းစိတ္ပူေနတာ "

" ခြဲစိတ္တာ အဆင္ေျပရဲ႕လား "

အသံမွာ တိုးဖြလြန္းေသာေၾကာင့္ ရွင္း အာ႐ုံစိုက္၍ ေသခ်ာနားေထာင္မွသာ ၾကားလိုက္ရသည္။

" ဟင့္အင္း "

" မေအာင္ျမင္ဘူးလား "

" ဒီေန႔ထပ္ၿပီး ခြဲစိတ္မႈလုပ္ရမယ္။ ဆရာဝန္ကေတာ့ အရမ္းႀကီးေမွ်ာ္လင့္မထားပါနဲ႔လို႔ ေျပာတယ္ "

သက္ျပင္းခ်လိုက္ၿပီးေနာက္ တိတ္ဆိတ္သြားေသာ တစ္ဖက္ကလူကို ေလေျပရွင္း ေမးလိုက္ေလသည္။

" ဆင့္ မင္းအဆင္ေျပရဲ႕လား "

" .......... "

" ဆင့္ "

" ဘာလို႔မ‌ေအာင္ျမင္တာလဲ.... အေျခအေနအရမ္းဆိုးလို႔လား "

" သူျပဳတ္က်တဲ့အျမင့္က ဘယ္ေလာက္ရွိလဲဆိုတာ။မင္းလည္းသိမွာပါ ။ ခြဲစိတ္မႈက ေအာင္ျမင္သြားရင္ေတာင္ အဆိုးဆုံး ကိုမာဝင္သြားတာအထိ ျဖစ္ႏိုင္တယ္ "

ေလေျပရွင္းကို ဆက္ေျပာခြင့္မေပးေတာ့ဘဲ တိမ္ယံဆင့္တစ္ေယာက္ ဖုန္းခ်သြားေတာ့သည္။ ဆိုဖာေပၚထိုင္ေနရင္းႏွင့္ပင္ ဖုန္းကိုအေဝးပစ္ခ်လိုက္ၿပီး အေတြးနယ္ခ်ဲ႕ကာ ကိုယ့္ကိုကိုယ္ အပစ္တင္မိျပန္သည္။

ေနာက္တစ္ေန႔မနက္၌ ရွင္း ဆီမွ ဖုန္းဝင္လာေလသည္။ ႏွစ္ခါမေတြးဘဲ ေကာက္ကိုင္လိုက္သည့္အခါ အနည္းငယ္တက္ႂကြေနတဲ့ အသံက တိုးဝင္လာသည္။

" မေန႔က ခြဲစိတ္မႈေအာင္ျမင္တယ္ ဆင့္ ။ ျပဒါးရံက ခုထိသတိမရေသးေပမယ့္ ေမွ်ာ္လင့္ခ်က္ရွိေသးတယ္ "

" တကယ္လား "

ေသခ်ာေအာင္ ထပ္ေမးလိုက္ၿပီး ကိုယ့္ကိုကိုယ္ ျပန္ႏွစ္သိမ့္ေလသည္။

" ေတာ္ေသးတယ္.... တကယ္ေတာ္ေသးတယ္ "

ရွင္း ႏွင့္ ဖုန္းေျပာအၿပီးတြင္ ပုံမွန္အစာမစားခဲ့သည့္အတြက္ ဗိုက္ဆာလာသလို ခံစားရတာေၾကာင့္ မီးဖိုေခ်ာင္ထဲသြားကာ လွန္‌ေလာရွာလိုက္ခ်ိန္၌ အသင့္စားေခါက္ဆြဲထုပ္ သုံးထုပ္ထြက္လာေလသည္။ ေရေႏြးအိုးတည္လိုက္ကာ သုံးထုပ္လုံးကို ထည့္ျပဳတ္ၿပီး ထိုင္ေစာင့္ေနရင္း မေန႔က ေတြ႕ထားတဲ့ ၾကက္ဥႏွစ္လုံးကို သတိရသြား‌ျပန္သည္။ မထူးပါဘူးဟုစဥ္းစားကာ ထိုၾကက္ဥႏွစ္လုံးကိုပါ ေဖာက္ထည့္လိုက္သည္။ ပထမတစ္လုံးမွာ စထည့္ထဲက အႏွစ္ကြဲသြားသည့္အတြက္ အိုးထဲတြင္ ၾကက္ဥအႏွစ္မ်ားတျဖည္းျဖည္းျပန႔္သြားေလသည္။ ဒုတိယတစ္လုံးမွာမူ ထည့္လိုက္ခ်ိန္၌ လွလွပပႏွင့္ အဆင္ေျပေျပက်သြားပါေသာ္လည္း အရသာျမည္းရန္ ဇြန္းနဲ႔ေမႊလိုက္ခ်ိန္၌ ထိမိၿပီးေပါက္သြားခဲ့ျပန္သည္။ သို႔ေသာ္ျငား တိမ္ယံဆင့္မွာ စိတ္တိုမေနခဲ့ပါေခ်။ သူဟာအနည္းငယ္ ေပ်ာ္႐ႊင္ေနသေယာင္ေတာင္ ရွိေနခဲ့သည့္အျပင္ ႐ုတ္တရက္မလွမ္းမကမ္းတြင္ ရွိေနသည့္ ကန္စြန္း႐ြက္တစ္စည္းကလည္း ဆင့္ မ်က္လုံးထဲ ဝင္ေရာက္လာျပန္သည္။ ဆြဲယူလိုက္ၿပီး ေရေသခ်ာေဆးကာ အိုးထဲေႁခြထည့္လိုက္သည့္အျပင္ သံပုရာသီး အနည္းငယ္ကိုလည္း လွီးၿပီးညႇစ္ထည့္လိုက္ပါေသးသည္။

ေနာက္ဆုံးအားလုံး က်က္သြားသည့္အခါ၌ တိမ္ယံဆင့္မွာ အိုးလိုက္ကို စားပြဲေပၚတင္လ်က္ တစ္လုတ္အရင္ျမည္းလိုက္ေလသည္။ သို႔ေသာ္အလြန္ပူေနခဲ့သည့္အတြက္ ျပန္ေထြးထုတ္ဖို႔ စဥ္းစားလိုက္ေသာ္လည္း အိုးထဲျပန္ေထြးထုတ္လွ်င္ သူဟာအလြန္႐ြံ႕ေလသည့္အတြက္ မလုပ္ခဲ့ေပ။ မိမိကိုယ္တိုင္ေထြးထားသည့္ အရာျဖစ္ေနလွ်င္ေတာင္မွ တိမ္ယံဆင့္၏ အသန႔္ႀကိဳက္တတ္တဲ့စိတ္က သူမ်ားထက္စာရင္  နည္းနည္းေတာ့ ထူးဆန္းေလသည္။ ေနာက္ဆုံးတြင္ ႀကံရာမရတဲ့အဆုံး ပါးစပ္ထဲ၌ပင္ ဆက္ငုံထားလိုက္ၿပီး ကိုယ့္လက္နဲ႔ပင္ ပါးစပ္ကိုဟလ်က္ ယက္ခပ္ေနခဲ့သည္။

မလုံေလာက္ေသးေသာေၾကာင့္ ေရခဲေသတၱာထဲက ေရခဲတုံးေတြကိုယူလာကာ ပါစပ္ထဲကို တစ္လုံးေလာက္ အရင္ပစ္ထည္လိုက္ေလသည္။ တျဖည္းျဖည္းႏွင့္ အရည္ေပ်ာ္သြားၿပီး ခံတြင္းထဲတြင္ ပိုလို႔ေအးစက္လာသည့္ ခံသားခ်က္ရလာခါမွ အနည္းငယ္ေက်နပ္သြားခဲ့သည္။ ေခါက္ဆြဲကို အေအးခံလိုက္ၿပီးခ်ိန္တြင္ တိမ္ယံဆင့္မွာ ေခါင္းမေဖာ္တမ္းစားေနခဲ့ကာ ခ်ဥ္ခ်ဥ္စပ္စပ္အရသာက သူ႔ကိုအလြန္အႀကိဳက္ေတြ႕ေစၿပီး ပိုလို႔ေတာင့္တေစသည္။ မၾကာခင္မွာတင္ တစ္အိုးလုံး ကုန္သြားခဲ့ေလသည္။

သို႔ေသာ္ အနည္းငယ္ပ်င္းရိေနသလို ခံစားရတာေၾကာင့္ အာလူးေၾကာ္တစ္ထုပ္ကို ေဖာက္လိုက္ကာ TV ဖြင့္လ်က္ ဆိုဖာေပၚျပန္ထိုင္လိုက္သည္။ စိတ္ထဲမွလည္း ၾကည့္စရာတစ္ခုခုရွိလွ်င္ ပိုေကာင္းမည္ဟုေတြးေန႐ုံရွိေသး ကာတြန္းကားတစ္ကားႏွင့္ စိုက္စိုက္ၿမိဳက္ၿမိဳက္တိုးေနေလသည္။

တစ္နာရီခြဲ ၾကာၿပီးေနာက္တြင္ ,

" ေသစမ္း..... ဘယ္လိုေတာင္ငိုေနရတာလဲ။ ငါ့မ်က္ရည္ေတြေတာင္ မက်န္ေတာ့ဘူးထင္တယ္ "

တစ္႐ူးဘူးကို လက္ထဲကိုင္ၿပီး အေတာမသတ္ႏိုင္သည့္ မ်က္ရည္မ်ားကို စိတ္ရွည္လက္ရွည္သုတ္ကာ ဆဲေရးေနပါေတာ့သည္။

" အစထဲက မၾကည့္လိုက္မိရင္ေကာင္းသား "

ဘယ္လိုမွ သည္းမခံႏိုင္ေတာ့သည့္ ေနာက္ဆုံးတြင္ သူဟာ ထပ္ေျပာလိုက္ပါေသးသည္။

" Happy Ending ဆိုေပမယ့္ ဇာတ္ေကာင္ေတြကို အဲ့ေလာက္ မခံစားခိုင္းပါနဲ႔လား..... စာနာစိတ္မရွိတဲ့ ဇာတ္ၫႊန္း၊ အက်င့္မေကာင္းတဲ့ director ။ "

Coco ကာတြန္းကားေလး ၿပီးသြားသည့္အခါတြင္ ေနာက္တစ္လိုင္းကိုလွည့္ရင္း ထပ္ၾကည့္ရန္ျပင္လိုက္ေလသည္။ အခုအခါတြင္ သူ႔ထံတြင္ လုပ္စရာအလုပ္ ရွိမေနသည့္အတြက္ အလြန္းအားယားေနသည့္ အတြက္ျဖစ္သည္။

ကာစေလာင္

Yaya က သူႀကိဳက္တဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္ပင္ ျဖစ္ေလသည္။ သူမ ဇာတ္ကားတိုင္းလိုလိုကို ၾကည့္ဖူးေသာ္လည္း ကာစေလာင္လို႔ အမည္ရတဲ့ကားကို အခုမွၾကည့္ဖူးတာျဖစ္ေနေလသည္။ ငိုရတာေမာေနသည့္အတြက္ ဆင့္က ၿငိမ့္ၿငိမ့္ေလးနဲ႔ သြားတဲ့ကားကို ၾကည့္ရန္ေ႐ြးခ်ယ္လိုက္ျခင္းျဖစ္သည္။ ေသခ်ာေပါက္ တိမ္ယံဆင့္မွာ review  ေတြလည္း ဖတ္မၾကည့္ခဲ့ပါေပ။

ေနာက္တစ္ေန႔မနက္၌ ,

" ေတာ္ၿပီ..... ငါအရႈံးေပးပါတယ္ ။ ဒီထက္ပိုၿပီးမငိုႏိုင္ေတာ့ဘူး....ေလးစားပါတယ္ မင္းတို႔အားလုံးကို ငါ့ကိုဒီေလာက္ငိုေအာင္ စြမ္းေဆာင္ႏိုင္တာ။ "

ဇာတ္ကားလည္း ၿပီးသြားခဲ့ေလၿပီ။ အဲ့ဒီ့ေနာက္ပိုင္းကစၿပီး ဇာတ္ကားမၾကည့္ခင္ review  ေတြအရင္ဖတ္ရမယ္ ဆိုတာကို တိမ္ယံဆင့္ေခါင္းထဲ စြဲစြဲၿမဲၿမဲ မွတ္ထားလိုက္ေတာ့သည္။

အားလပ္ေနသည့္ အခ်ိန္မ်ားထဲမွ ခ်စ္လွစြာေသာ သူငယ္ခ်င္းကို ဖုန္းဆက္အပူကပ္ရန္လည္း ေမ့ေလ်ာ့မေနခဲ့ပါ‌ေခ်။

" ရွင္း အဆင္ေျပရဲ႕လား "

" အကုန္အဆင္ေျပတယ္ေလ "

" ငါမင္းကို ေမးေနတာမဟုတ္ဘူး...သူ "

" ခုထိသတိမရေသးဘူး "

" ဘာ ခြဲစိတ္ၿပီး ႏွစ္ရက္ေတာင္ရွိေနၿပီ သတိမရေသးဘူးလား "

" အဲ့ေလာက္ေတာင္စိတ္ပူေနလဲ ဘာလို႔မင္းကိုယ္တိုင္သြားၿပီး မျပဳစုတာလဲ "

" ငါအဆင္သင့္မျဖစ္ေသးလို႔ "

မွန္ေပသည္။ ျပဒါးရံနဲ႔ေတြ႕ရင္ ဘယ္လိုရင္ဆိုင္ရမလဲ တိမ္ယံဆင့္ ခုခ်ိန္ထိ မသိေသးေပ။ ထိုခ်ိန္တုန္းက လိမ္ညာၿပီး သူ႔ကိုရက္စက္ခဲ့တဲ့အတြက္ ဆက္မုန္းေနရမွာလား ။ဒါမွမဟုတ္ မ်က္ၾကည္လႊာေပးခဲ့တဲ့သူ႔ကို မိုက္႐ူးရဲဆန္လိုက္တာဆိုၿပီး ေဒါသထြက္ရမွာလား။ အရာအားလုံးကို အတိတ္မွာထားခဲ့ၿပီး တစ္ကေနျပန္စဖို႔ ႀကိဳးစားရမွာလား သူအခုထိ မဆုံးျဖတ္ရေသးေပ။ ဒီရက္ပိုင္းအတြင္းမွာ အျပစ္ရွိသလို ခံစားေနရတဲ့ စိတ္ႀကီးေပ်ာက္ေအာင္ ဇာတ္ကားေတြၾကည့္ၿပီး နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ေျဖေဖ်ာက္ဖို႔ ႀကိဳးစားေသာ္လည္း ၎ ကမေျပေပ်ာက္ႏိုင္ဘဲ အစိုင္အခဲတစ္ခုအျဖစ္ ေနရာယူေနခဲ့သည္။

နာက်င္မႈက အသည္းခိုက္လာတဲ့အခါ လူတိုင္းလက္လႊတ္ပစ္ဖို႔ကို ေ႐ြးခ်ယ္ၾကတာပဲ။ နာက်င္ေစတဲ့အရာကို ဖမ္းဆုပ္ထားရင္ ၿပိဳလဲသြားတတ္တာ သဘာဝျဖစ္ေနလို႔ေလ ထပ္ၿပီးဆိုးမလာခင္မွာ လက္လႊတ္လိုက္တာက ပိုေကာင္းတဲ့ ေ႐ြးခ်ယ္မႈဆိုတာ လူေတြသိေနၾကလို႔ ။ ဒါေပမယ့္ ေ႐ြးခ်ယ္မႈေတြမ်ားလြန္းတဲ့ ေလာကႀကီးအလယ္မွာ တိမ္ယံဆင့္လည္း ေ႐ြးခ်ယ္မႈတစ္ခုကိုျပဳလုပ္ခဲ့ေလသည္။ လက္လႊတ္ပစ္လိုက္ဖို႔ ေ႐ြးခ်ယ္လိုက္တာက တစ္ႀကိမ္နဲ႔တင္ လုံေလာက္ၿပီမို႔ ဒီတစ္ခါ၌ ျပဒါးရံ ဆႏၵရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ တိမ္ယံဆင့္က ဒုတိယအႀကိမ္ ဖမ္းဆုပ္ထားတဲ့ လက္ကို ျပန္လႊတ္ဖို႔ အစီအစဥ္မရွိေတာ့သည္မွာ ေသခ်ာလွေလသည္။

ျပဒါးရံ ခင္ဗ်ားကေလ လူစြမ္းေကာင္း သိပ္လုပ္ခ်င္ေနတာပဲ။ တစ္ကယ္လို႔သာ ခင္ဗ်ားအစ္မက ကြၽန္ေတာ့္ကို အရာအားလုံး ေျပာမျပခဲ့ဖူးဆိုရင္ ခင္ဗ်ားဘယ္ခ်ိန္ထိ ကြၽန္ေတာ့္ကို ဆက္ဖုံးကြယ္ထားဦးမွာလဲ။ 10 ႏွစ္လား ၊ႏွစ္20လား ဒါမွမဟုတ္ တစ္သက္လုံးလား။  ခုခ်ိန္ကစၿပီး ခင္ဗ်ားေျပာသမွ်ကို မယုံေတာ့တာမို႔ ကြၽန္ေတာ္လုပ္ခ်င္တာကိုပဲ လုပ္ေတာ့မယ္ ။ ကြၽန္ေတာ္က အားနည္းတဲ့လူမဟုတ္လို႔ ခင္ဗ်ားကာကြယ္ေပးတာကိုလည္း မလိုအပ္ဘူး။ လွည့္စားခဲ့တာေတြကို ေျဖရွင္းခ်က္နားေထာင္ဖို႔ ခင္ဗ်ားအနားကို ကြၽန္ေတာ္ေသခ်ာေပါက္ ျပန္လာဦးမွာ ျပဒါးရံ။

အခ်စ္ေၾကာင့္ ေဝးခဲ့ၾကတယ္ဆိုတာ သိေနလဲေပါ့။ သိပ္ခ်စ္လို႔ မုန္းေအာင္ဖန္တီးခဲ့တယ္ဆိုတာမ်ိဳး ဒုတိယအႀကိမ္ ထပ္မရွိေစရဘူး။

Continue Reading

You'll Also Like

174K 12.6K 53
အေးချမ်းရာကို ဖန်တီးပေးသည်မို့ မင်းဟာ ကိုယ့်ရဲ့ အေးမြရိပ်မြုံကလေး...။ ကိုယ့်နှလုံးသားရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်ကာကလေး....။ ေအးခ်မ္းရာကို ဖန္တီးေပးသ...
136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
47.3K 2K 30
​သေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်​သန်​​စေခဲ့တဲ့ မင်းမျက်​ဝန်း လှလှ​လေး​တွေကို ကိုယ်​ချစ်​တယ်​ လွှမ်း..... ဒါ​ပေမယ့် အဲဒီမျက်​ဝန်းကို မြင်​တို...
1.7M 206K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။