Unicode
အပိုင်း(၄၄) တွန့်ဆုတ်မှု (၂)
သူမက တွန်ဆုတ်နေသော်လည်း ယဲ့ကျန်း အနေဖြင့် ငြင်းဆန်၍ မရဘဲ လုလင်ကျစ်ထံသို့ သူမ၏ အမျိုးမျိုးသော ဆေးများကို ယူလျက် သွားတွေ့ရသည်။ သူမက အရှေ့ခြံဝန်းသို့ ရောက်သွားသောအခါ ဝင်ရန် တုံ့ဆိုင်းသွားပြန်၏။ သူမက လက်ရှိအချိန်တွင် အလွန် ဖိအား များနေကာ စိတ်ထဲတွင်လည်း သဘောမကျမှုက ပြည့်နှက်နေခဲ့သည်။ သူမက သူ၏ ဒဏ်ရာကို သက်သာအောင် မလုပ်ပေးချင်ပေ။
အား
လုလင်ကျစ်တွင် သူ့အတွက် ဆေးများ ပြင်ဆင် ပေးနေသော အစေခံ တစ်ယောက် ရှိသည်။ သူမက လုယောင်ယောင်ကို အပြင်ဘက်တွင် မြင်သောအခါ ခပ်မြန်မြန်ပင် သူမ၏ သခင်ကို အကြောင်းကြား၏။
"တတိယ သခင်မလေး အပြင်မှာ ရောက်နေပါတယ်"
ယဲ့ကျန်း သူ့ထံ လာတွေ့ကြောင်း ကြားရသောအခါ သူ၏ ရင်ထဲတွင် ပျော်ရွှင်မှုက မြင့်တက် လာသည်။ သူက ကိုယ်တိုင် ကိုယ်ကျပင် ထွက်ကြည့်သောအခါ ခြံဝန်း အပြင်ဘက်တွင် ရပ်နေသော စိတ်လေလွင့် နေပုံရသည့် ယဲ့ကျန်းကို မြင်ရသည်။ သူ ကျေနပ်သွားရ၏။
" တတိယညီမက ဒီနေရာကို ရောက်နေမှ အထဲကို ဘာလို့ မဝင်လာတာလဲ"
ယဲ့ကျန်းက သူ့ကို တစ်ချက် ကြည့်ပြီးနောက် သူမ၏ အကြည့်က သူမ ယူလာသော ခြင်းတောင်းထံသို့ ရောက်သွားသည်။
"ဒါက ဆေးတွေပဲ၊ ယူလာပေးတာပါ"
"ကောင်းပြီ၊ အထဲ ဝင်လာပြီးတော့ ဒဏ်ရာကို ပတ်တီး စည်းပေးလေ"
သူ၏ ဒဏ်ရာက ပြင်းထန်ခြင်း မရှိပေ။ အင်ပါယာ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပြီး နောက်တွင် အမျိုးမျိုးသော ပြင်းထန်လွန်းသည့် ဒဏ်ရာများကို ခံစားရခဲ့ပြီးလေပြီ။ အနည်းငယ် ဆေးထည့် ပတ်တီးစည်းလိုက်ရုံမျှဖြင့် သူ၏ ဒဏ်ရာက အချိန်တစ်ခုအကြာတွင် ပျောက်သွားပေလိမ့်မည်။ လက်ရှိအခါတွင် ထိုကလေးမလေးက တွန့်ဆုတ်စွာနှင့် ဆေးများထည့်ပေးမည့် အနေအထားကို သူ စောင့်ကြည့်ချင်သွားသည်။
ယဲ့ကျန်းက မျက်မှောင် ကြုတ်ပြီး ပြောသည်။
"အစေခံ ရှိတာပဲ မဟုတ်ဘူးလား၊ သူ့ကိုပဲ လုပ်ခိုင်းလိုက်ပါလား။ ကျွန်မ မလုပ်ဘူး"
လုလင်ကျစ်က သူမကို သဘောတကျ ကြည့်ပြီး ပြောသည်။
"တတိယ ညီမက ငယ်ငယ်ကတည်းက ဆေးပင်များကို လေ့လာခဲ့တာ မဟုတ်ဘူးလား၊ ဆေးဝါး အကယ်ဒမီ ကျောင်းတော်ကိုတောင် တက်ချင် သေးတာဆို၊ လုံလောက်တဲ့ လေ့ကျင့်မှု မရှိဘဲ ဖြစ်ပါ့မလား"
ယဲ့ကျန်းက နှာခေါင်း ရှုံ့ကာ သူမ ထွက်သွားရန် ဆုံးဖြတ်လိုက်၏။ သူမ နောက်လှည့်ပြီး နောက်တွင် လုရှီမင်နှင့် လုရှန်းကျစ်တို့ သားအဖ နှစ်ယောက် ချဉ်းကပ်လာနေ၍ အဝေးမှ လက်ပြ နေခြင်းကို မြင်လိုက်ရသည်။ ချက်ချင်းလိုလိုပင် ယဲ့ကျန်းက မျက်မှောင် ကြုတ်လိုက် မိတော့သည်။
"ယောင်ယောင် မင်းရဲ့ အစ်ကိုကြီးကို ဆေးလာ ပေးတာလား"
လုရှန်းကျစ်က ထိုနှစ်ယောက်၏ အခြေအနေကို မြင်လိုက်ရုံမျှဖြင့် သူ နားလည်နေသည်။ ထို့ကြောင့် ချက်ချင်းပင် ရှေ့တက်လာပြီး ပြောလိုက်၏။
သူတို့ ရောက်လာသည်နှင့် လုရှီမင်က ယဲ့ကျန်း၏ နှဖူးကို တစ်ချက် ခေါက်သည်။
"မင်းက မင်းရဲ့ အစ်ကိုကြီးကို ဒဏ်ရာ ရအောင် လုပ်လိုက်ပြီ၊ အခုကစပြီး အမဲ မလိုက်ရတော့ဘူး"
"တတိယ ဦးလေး ယောင်ယောင်က တမင် လုပ်တာ မဟုတ်ပါဘူး၊ ပြောရမယ်ဆိုရင် ဒီနေရာကို ရောက်နေပြီပဲ။ အခု ဆေးလာပေးရင်း တောင်းပန်နေတာပါ"
လုလင်ကျစ်က ယဲ့ကျန်းအစား ခုခံပြောဆို ပေးသည်။
လုရှန်းကျစ်က လုလင်ကျစ်၏ လက်မောင်းကို ကြည့်ပြီးနောက် ဒဏ်ရာကို သေချာ ပတ်တီး ထပ်စည်းထားခြင်း မရှိကြောင်း သတိထားမိပြီး ပြောသည်။
"ကောင်းပြီ ကြည့်ရတာ ယောင်ယောင်က ပတ်တီး ထပ်မစည်း ပေးရသေးတဲ့ပုံပဲ"
ယဲ့ကျန်း ဆက်၍ ငြင်းမနေတော့ပေ။ သူမက ဆန္ဒ မရှိသော်လည်း လုလင်ကျစ် နောက်မှ လိုက်ပြီး သူ၏ အဆောင်ခန်း အတွင်းသို့ ဝင်လိုက်ရသည်။ အနောက်မှ လုရှီမင်နှင့် လုရှန်းကျစ်တို့ကလည်း လိုက်လာကြ၏။
...
Zawgyi
အပိုင္း(၄၄) တြန္႔ဆုတ္မႈ (၂)
သူမက တြန္ဆုတ္ေနေသာ္လည္း ယဲ့က်န္း အေနျဖင့္ ျငင္းဆန္၍ မရဘဲ လုလင္က်စ္ထံသို႔ သူမ၏ အမ်ိဳးမ်ိဳးေသာ ေဆးမ်ားကို ယူလ်က္ သြားေတြ႕ရသည္။ သူမက အေ႐ွ႕ျခံဝန္းသို႔ ေရာက္သြားေသာအခါ ဝင္ရန္ တုံ႔ဆိုင္းသြားျပန္၏။ သူမက လက္႐ွိအခ်ိန္တြင္ အလြန္ ဖိအား မ်ားေနကာ စိတ္ထဲတြင္လည္း သေဘာမက်မႈက ျပည့္ႏွက္ေနခဲ့သည္။ သူမက သူ၏ ဒဏ္ရာကို သက္သာေအာင္ မလုပ္ေပးခ်င္ေပ။
အား
လုလင္က်စ္တြင္ သူ႕အတြက္ ေဆးမ်ား ျပင္ဆင္ ေပးေနေသာ အေစခံ တစ္ေယာက္ ႐ွိသည္။ သူမက လုေယာင္ေယာင္ကို အျပင္ဘက္တြင္ ျမင္ေသာအခါ ခပ္ျမန္ျမန္ပင္ သူမ၏ သခင္ကို အေၾကာင္းၾကား၏။
"တတိယ သခင္မေလး အျပင္မွာ ေရာက္ေနပါတယ္"
ယဲ့က်န္း သူ႕ထံ လာေတြ႕ေၾကာင္း ၾကားရေသာအခါ သူ၏ ရင္ထဲတြင္ ေပ်ာ္႐ႊင္မႈက ျမင့္တက္ လာသည္။ သူက ကိုယ္တိုင္ ကိုယ္က်ပင္ ထြက္ၾကည့္ေသာအခါ ျခံဝန္း အျပင္ဘက္တြင္ ရပ္ေနေသာ စိတ္ေလလြင့္ ေနပုံရသည့္ ယဲ့က်န္းကို ျမင္ရသည္။ သူ ေက်နပ္သြားရ၏။
" တတိယညီမက ဒီေနရာကို ေရာက္ေနမွ အထဲကို ဘာလို႔ မဝင္လာတာလဲ"
ယဲ့က်န္းက သူ႕ကို တစ္ခ်က္ ၾကည့္ၿပီးေနာက္ သူမ၏ အၾကည့္က သူမ ယူလာေသာ ျခင္းေတာင္းထံသို႔ ေရာက္သြားသည္။
"ဒါက ေဆးေတြပဲ၊ ယူလာေပးတာပါ"
"ေကာင္းၿပီ၊ အထဲ ဝင္လာၿပီးေတာ့ ဒဏ္ရာကို ပတ္တီး စည္းေပးေလ"
သူ၏ ဒဏ္ရာက ျပင္းထန္ျခင္း မ႐ွိေပ။ အင္ပါယာ ေနာက္သို႔ ႏွစ္ေပါင္းမ်ားစြာ လိုက္ၿပီး ေနာက္တြင္ အမ်ိဳးမ်ိဳးေသာ ျပင္းထန္လြန္းသည့္ ဒဏ္ရာမ်ားကို ခံစားရခဲ့ၿပီးေလၿပီ။ အနည္းငယ္ ေဆးထည့္ ပတ္တီးစည္းလိုက္႐ုံမွ်ျဖင့္ သူ၏ ဒဏ္ရာက အခ်ိန္တစ္ခုအၾကာတြင္ ေပ်ာက္သြားေပလိမ့္မည္။ လက္႐ွိအခါတြင္ ထိုကေလးမေလးက တြန္႔ဆုတ္စြာႏွင့္ ေဆးမ်ားထည့္ေပးမည့္ အေနအထားကို သူ ေစာင့္ၾကည့္ခ်င္သြားသည္။
ယဲ့က်န္းက မ်က္ေမွာင္ ၾကဳတ္ၿပီး ေျပာသည္။
"အေစခံ ႐ွိတာပဲ မဟုတ္ဘူးလား၊ သူ႕ကိုပဲ လုပ္ခိုင္းလိုက္ပါလား။ ကြၽန္မ မလုပ္ဘူး"
လုလင္က်စ္က သူမကို သေဘာတက် ၾကည့္ၿပီး ေျပာသည္။
"တတိယ ညီမက ငယ္ငယ္ကတည္းက ေဆးပင္မ်ားကို ေလ့လာခဲ့တာ မဟုတ္ဘူးလား၊ ေဆးဝါး အကယ္ဒမီ ေက်ာင္းေတာ္ကိုေတာင္ တက္ခ်င္ ေသးတာဆို၊ လုံေလာက္တဲ့ ေလ့က်င့္မႈ မ႐ွိဘဲ ျဖစ္ပါ့မလား"
ယဲ့က်န္းက ႏွာေခါင္း ႐ႈံ႕ကာ သူမ ထြက္သြားရန္ ဆုံးျဖတ္လိုက္၏။ သူမ ေနာက္လွည့္ၿပီး ေနာက္တြင္ လု႐ွီမင္ႏွင့္ လု႐ွန္းက်စ္တို႔ သားအဖ ႏွစ္ေယာက္ ခ်ဥ္းကပ္လာေန၍ အေဝးမွ လက္ျပ ေနျခင္းကို ျမင္လိုက္ရသည္။ ခ်က္ခ်င္းလိုလိုပင္ ယဲ့က်န္းက မ်က္ေမွာင္ ၾကဳတ္လိုက္ မိေတာ့သည္။
"ေယာင္ေယာင္ မင္းရဲ႕ အစ္ကိုႀကီးကို ေဆးလာ ေပးတာလား"
လု႐ွန္းက်စ္က ထိုႏွစ္ေယာက္၏ အေျခအေနကို ျမင္လိုက္႐ုံမွ်ျဖင့္ သူ နားလည္ေနသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းပင္ ေ႐ွ႕တက္လာၿပီး ေျပာလိုက္၏။
သူတို႔ ေရာက္လာသည္ႏွင့္ လု႐ွီမင္က ယဲ့က်န္း၏ ႏွဖူးကို တစ္ခ်က္ ေခါက္သည္။
"မင္းက မင္းရဲ႕ အစ္ကိုႀကီးကို ဒဏ္ရာ ရေအာင္ လုပ္လိုက္ၿပီ၊ အခုကစၿပီး အမဲ မလိုက္ရေတာ့ဘူး"
"တတိယ ဦးေလး ေယာင္ေယာင္က တမင္ လုပ္တာ မဟုတ္ပါဘူး၊ ေျပာရမယ္ဆိုရင္ ဒီေနရာကို ေရာက္ေနၿပီပဲ။ အခု ေဆးလာေပးရင္း ေတာင္းပန္ေနတာပါ"
လုလင္က်စ္က ယဲ့က်န္းအစား ခုခံေျပာဆို ေပးသည္။
လု႐ွန္းက်စ္က လုလင္က်စ္၏ လက္ေမာင္းကို ၾကည့္ၿပီးေနာက္ ဒဏ္ရာကို ေသခ်ာ ပတ္တီး ထပ္စည္းထားျခင္း မ႐ွိေၾကာင္း သတိထားမိၿပီး ေျပာသည္။
"ေကာင္းၿပီ ၾကည့္ရတာ ေယာင္ေယာင္က ပတ္တီး ထပ္မစည္း ေပးရေသးတဲ့ပုံပဲ"
ယဲ့က်န္း ဆက္၍ ျငင္းမေနေတာ့ေပ။ သူမက ဆႏၵ မ႐ွိေသာ္လည္း လုလင္က်စ္ ေနာက္မွ လိုက္ၿပီး သူ၏ အေဆာင္ခန္း အတြင္းသို႔ ဝင္လိုက္ရသည္။ အေနာက္မွ လု႐ွီမင္ႏွင့္ လု႐ွန္းက်စ္တို႔ကလည္း လိုက္လာၾက၏။
...