Tie the Knot (✔️)

By TtalgiJinnie

72.6K 7K 3K

(Unicode) အချစ်သည် ကမ္ဘာကြီးကိုလှပအောင်ဆန်းကြယ်စွာခြယ်မှုန်းနိုင်စွမ်း၏။ အချစ်သည် ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ... More

Prologue 🪢
1 🪢
2 🪢
3 🪢
4 🪢
5 🪢
7 🪢
8 🪢
9 🪢
10 🪢
11 🪢
12 🪢
13 🪢
14 🪢
15 🪢
16 🪢
17 🪢
18 🪢
Final 🪢

6 🪢

2.9K 347 155
By TtalgiJinnie

"ဒါရိုက်တာဂျွန်"

ခေါင်းတစ်ချက်သာအသာအယာညိတ်ပြ၍ ဝင်ပါ,ထိုင်ပါစသည့်ဧည့်ထောက်ခံစကားတစ်ခွန်းတလေမှမဆိုဘဲအလုပ်စားပွဲဆီသို့တန်းတန်းမတ်မတ်သွားကာဝင်ထိုင်သည်။ သူတို့နှစ်ဦး၏ တည်ရှိမှုကိုအင်္ကျီကော်လံပေါ်တွင်ပြေးလွှားနေသည့်ပုရွတ်ဆိတ်တစ်ကောင်​လောက်တောင်အရေးတယူမရှိလှပါ။ ထိုသို့မထီမဲ့မြင်အပြုအမူများသည်မာနကိုထိခိုက်စေသဖြင့်အသားတွေဆတ်ဆတ်တုန်သည်အထိဒေါသဖြစ်မိပေမယ့် ကိုယ့်အထက်လူကြီးမို့အံကြိတ်သည်းခံနေရသည်။

"ဆောင်းဦးရာသီအတွက် event idea အသေးစိတ်ကိုအချောသတ်ပြီးလာတင်ပြတာပါ.. ဒါရိုက်တာဂျွန်"

ဂျောင်ကုကဌာနမှူးဟန် ကမ်းပေးလာသည့် file ကိုယူ၍ စားပွဲပေါ်သို့ပစ်တင်လိုက်ပြီးမျက်လုံးဖြင့်တစ်ချက်သာမြင်ရတယ်ဆိုရုံလေးစွေကြည့်သည်။

"အချောသတ်ပြီးပြီဆိုတော့.. ဒါအကောင်းဆုံးဆိုတာသေချာပြီဆိုတဲ့သဘောပေါ့.. အဲ့လိုလား"

"ဟို.. ဟို.. အဲ့ဒါကလေ.. ဟို.. ဒါရိုက်တာဂျွန်.. မကြိုက်တာတို့.. ပြင်စေချင်တာတို့ရှိတယ်ဆိုရင်ပြော.. "

"ဘယ်လိုလုပ်သိမှာလဲ.. ကျွန်တော်ကခေါင်းစဥ်ပဲဖတ်ရသေးတာကို"

ဌာနမှူးဟန်ကတော့ကပျာကယာဖြင့်ဖြေရှင်းချက်ဝင်ပေးပေမယ့်ဒေါသတွေကိုကျိတ်မျိုသိပ်နေရတဲ့မန်နေဂျာဘတ်ကတော့စကားတစ်ခွန်းမှဝင်မပြောဘဲပါးစပ်ကိုတင်းတင်းစေ့၍သာရပ်နေ၏။

"ဒါပေမယ့်.. ပုံစံတွေကြည့်ရတာတော့ယုံကြည်ချက်မရှိကြတဲ့ပုံပဲ။ မသေချာဘဲနဲ့.. အချောသတ်ဆိုတဲ့စကားမျိုးသုံးနှုန်းတာ ပိုတယ်လို့မထင်ဘူးလား.. မန်နေဂျာဘတ်"

"တောင်းပန်ပါတယ်.. ကျွန်တော်နောက်တစ်ခါပြန်လုပ်လိုက်ပါမယ်"

"သေချာတာပေါ့.. အစအဆုံးကိုပြန်လုပ်သင့်တာ။ မနှစ်ကလုပ်ခဲ့တဲ့ charity event ကိုပဲခေါင်းစဥ်ပြောင်းပြီးလာရောချတာကိုကျွန်တော်သတိထားမိမှာမဟုတ်ဘူးလို့ထင်နေတာလား။ ဘာလဲ.. ကျွန်တော်ကခင်ဗျားတို့ဘာလာတင်ပြ,တင်ပြမျက်စိမှိတ်ပြီးလက်မှတ်ထိုးပေးမယ့်ခပ်ညံ့ညံ့အလုပ်ရှင်ပေါ့.. အဲ့လိုလား"

"အဲ့လိုမဟုတ်ပါဘူး.. အဲ့ဒီ့ event ကလည်းအရမ်းအောင်မြင်ခဲ့တော့ဒီနှစ်လည်း... "

"အောင်မြင်ခဲ့တာပေါ့။ အလှူငွေတွေလည်းအများကြီးရလိုက်တယ်လေ.. အဲ့ဒီ့အလှူငွေတွေလိုအပ်နေတဲ့လူတွေရဲ့လက်ထဲအကုန်အပြည့်အဝမရောက်တာတစ်ခုပဲ"

သူ့စကားကြောင့်မန်နေဂျာဘတ်ရော၊ ဌာနမှူးဟန်ပါမျက်နှာတွေအရောင်ပြောင်းကာသိသိသာသာပျက်ယွင်းသွားကြသည်။

"အလှူငွေနဲ့ဆိုင်လားမဆိုင်ဘူးလားမသိပေမယ့်စကားစပ်မိလို့ ကျွန်တော်သတိထားမိတာလေးတစ်ခု​ပြောဦးမယ်။ မန်နေဂျာဘတ်.. အခုစီးနေတဲ့ကားက.. ကျွန်တော်ပေးတဲ့လစာနဲ့ယှဥ်ရင်.. မော်ဒယ်အရမ်းမြင့်လွန်းနေသလိုပဲနော်"

"ဒါ.. ဒါရိုက်တာဂျွန်.. "

"လောကကြီးမှာလေ အလှူဆိုတာကြီးကိုပြိုင်ပွဲတစ်ခုလိုလုပ်နေကြတဲ့လူချမ်းသာတွေဆီက charity လို့ခေါင်းစဥ်တပ်.. ရနိုင်သလောက်ဖဲ့ယူပြီး.. အဲ့ဒီ့အလှူငွေတွေကိုတကယ်လိုအပ်လို့မျှော်လင့်နေတဲ့မရှိဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်ပြီးငွေရှာရတာအလွယ်ကူဆုံးပဲ.. သိလား"

မန်နေဂျာဘတ်ဆီက ဘာစကားသံမှထွက်မလာဘဲအသံတိတ်နေ၏။ တင်းနေအောင်ကားထွက်နေသည့်မေးရိုးတွေကိုကြည့်ခြင်းအားဖြင့်ဒေါသတွေကိုဘယ်လောက်ထိမျိုချနေရလဲခန့်မှန်းနိုင်သည်။

"ကျွန်တော်က.. မန်နေဂျာဘတ်ကိုအလွယ်နည်းနဲ့ငွေရှာမိမှာစိုးလို့စေတနာနဲ့သတိပေးတာ"

"စေတနာနဲ့သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"ရပါတယ်.. ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမျိုးတွေပဲမဟုတ်လား။ Vegas မှာတုန်းကမန်နေဂျာဘတ်.. ကျွန်တော့်အပေါ်စေတနာတွေပိုခဲ့တဲ့အတွက်ကျေးဇူးပြန်ဆပ်တဲ့သဘောပေါ့"

မန်နေဂျာဘတ်ကဣန္ဒြေဆယ်ပြီးတော့ပြုံးနေသော်လည်းမျက်နှာပေးကအရှိုက်ထိသွားသည့်ဟန်အီလည်လည်နှင့်..

"ဒါတွေအကုန်အစအဆုံးပြန်လုပ်ပါ.. သွားလို့ရပြီ"

"ဟုတ်ကဲ့"

"ဪ.. ဒါနဲ့.. ကျွန်တော်ဒီနေ့အလုပ်စောစောဆင်းမယ်နော်။ ကွယ်ရာမှာတော့အတင်းမပြောကြဘူးမဟုတ်လား"

"မဟုတ်တာ.. ဒါရိုက်တာဂျွန်ကလဲ"

ဟန်လုပ်ပြီးတာရယ်ပြနေရသည်စိတ်ထဲကတော့မကျေနပ်ချင်.. ဒါပေမယ့်ပြန်လည်ချေပနိုင်မယ့်အရည်အချင်းလည်းသူတို့မှာရှိမနေတာကြောင့်ခေါင်းငိုက်စိုက်ချပြီးတော့သာဒါရိုက်တာရုံးခန်းမှထွက်လာခဲ့ရသည်။

"တောက်! အဲ့ဒီ့ညက.. ဆေးမခတ်ဘဲအဆိပ်ခတ်ခဲ့ရမှာ"

"အဲ့ဒီ့ကောင်ကစကားပြောတာမရိုင်းလွန်းဘူးလား။နေဦး.. မန်နေဂျာဘတ်က ဂျွန်ဂျောင်ကုအဖွားရဲ့မောင်ဆိုတော့.. ဘယ်လိုတော်လဲ.. သူ့ရဲ့ဘကြီးလား"

"ဖိုးလေး ပါကွ"

"အော်.. ဟုတ်သားပဲ။ ဒီလောက်အမျိုးအရင်းကြီးကိုအဲ့လောက်ထိပြောစရာလိုလို့လား။ ကားအကောင်းစားစီးတော့ရောဘာဖြစ်လဲ.. သူကျတော့တစ်စီးပြီးတစ်စီး ပြောင်းစီးနေပြီးတော့"

"ဟွန့်.. တွေ့ကြသေးတာပေါ့ကွာ။ စောင့်ကြည့်နေ.. အဲ့ဒီ့ကောင်တစ်နေ့.. ငါ့ရှေ့မှာဒူးထောက်စေရမယ်"

"စိတ်ချ။ အဲ့ဒီ့နေ့မြန်မြန်ရောက်လာဖို့အတွက်.. ကျွန်တော်ကမန်နေဂျာဘတ်ကိုအများကြီးပံ့ပိုးပေးဦးမှာ"

သူတို့နှစ်ဦးစိတ်ကူးယဥ်သင်္ဘောကြီးပေါ်တွင်အားပါးတရရွက်လွင့်ရင်းမတိုင်ပင်ထားဘဲပြိုင်တူတဟားဟားအော်ရယ်လိုက်ကြသည်။

"ဒါနဲ့.. ဌာနမှူးဟန်.. ခုနကအခန်းထဲကပြေးထွက်သွားတဲ့ကောင်လေးကဘယ်သူလဲသိလား။ ဂျွန်ဂျောင်ကုနဲ့ဘယ်လိုပတ်သက်နေလဲ"

"ဟင့်အင်း.. ကျွန်တော်လည်းမသိဘူး။ ဒါပေမယ့်.. တစ်နေရာရာမှာမြင်ဖူးသလိုလိုပဲ"

********** **********

~ဒုန်း~

"ပလုတ်တုတ်! ဟဲ့.. ဪ.. လန့်လိုက်တာဆော့ဂျင်ရယ်။ ဘာတွေဖြစ်လာတာလဲ"

ဆော့ဂျင်ကအသက်ပါတော့မတတ်ဒေါသတွေထွက်နေသောမျက်နှာနှင့်ရုံးခန်းထဲသို့ဝုန်းခနဲ၊ ဒိုင်းခနဲဝင်လာပြီး tissue box ထဲမှ tissue လေးငါးရွက်လောက်ကိုအကြမ်းပတမ်းဆွဲယူကာသန့်စင်ခန်းရှိရာသို့ခြေလှမ်းကျဲများဖြင့်လျှောက်သွားသည်။ အမြဲတစေတည်ငြိမ်ချောမွေ့နေသောမျက်နှာလေးကကြောက်စရာကောင်းလောက်အောင်ကျောက်သားပြင်ကဲ့သို့မာကျောခက်ထန်နေ၏။

"ဆော့ဂျင်.. ဘာဖြစ်လာတာလဲလို့"

ဂျီမင်း၏အမေးကိုလျစ်လျူရှုကာသန့်စင်ခန်းတံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။ ထို့နောက်.. ပူနွေးစိုစွတ်ဆဲသူ့နှုတ်ခမ်းလေးကိုရေဖြင့်ခပ်ကြမ်းကြမ်းပွတ်ကာ tissue ဖြင့်သုတ်သည်။ ဒါပေမယ့် တစ်ကြိမ်တည်းပွတ်သုတ်ရုံနဲ့အားမရနိုင်သဖြင့်အကြိမ်ကြိမ်အခါခါမညှာမတာကြမ်းကြမ်းတမ်းတမ်းပွတ်သုတ်မိတော့ သူ့နှုတ်ခမ်းလေးတွေနီရဲပူလောင်လာသည်ကမျက်ရည်ကြည်များဝေ့တက်လာသည့်အထိပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်းဒေါသတွေ၏လောင်မြိုက်မှုကြောင့်အငွေ့တောင်ပျံနိုင်သည်ထင်.. စိမ်းသက်နေသည့်ခံစားမှုများကြားမွန်းကြပ်ရလွန်းလို့ကလေးတစ်ယောက်လိုအော်ဟစ်ပြီးငိုပစ်လိုက်ချင်ပါ၏။

"တောက်! မကောင်းတဲ့ကောင်"

သူ.. အိမ်ထောင်ကျဖူးတာမှန်ပေမယ့်တကယ်တမ်းဂျွန်းနဲ့အကြင်ခင်ပွန်းအဖြစ်ပေါင်းဖက်ခွင့်ရခဲ့တာကနာရီပိုင်းမျှသာ.. မင်္ဂလာပွဲပြီးပြီးချင်း ဂျွန်းကအလုပ်ကိစ္စကြောင့် Vegas ကိုအားချင်းထွက်ခဲ့ရသည်။ ပြီးတော့ခဏတောင်အတူတူနေခွင့်မရလိုက်ဘဲလမ်းခွဲခဲ့ရသည်။ သူနဲ့ချစ်သူဘဝတစ်လျှောက်လုံးမှာလည်းဂျွန်းကသူ့နဖူးကိုသာမြတ်မြတ်နိုးနိုးနမ်းရှိုက်တတ်တာမို့.. ဒီအနမ်းကသူအသိစိတ်ပုံမှန်ရှိနေသည့်အချိန်မှာရဖူးတဲ့ပထမဆုံးအနမ်း။

"ဟား"

သူ့ရဲ့ချစ်သူလည်းမဟုတ်.. သူနဲ့ဘာမှပတ်သက်မှုမရှိတဲ့အဲ့ဒီ့အမြင်ကတ်စရာလူရဲ့ပိုင်စိုးပိုင်နင်းလုပ်ရပ်ကိုမတားနိုင်ခဲ့တဲ့သူ့ကိုယ်သူလည်းတစ်စက်မှရစရာမရှိလောက်သောအပြစ်ရှိသူအဖြစ်မြင်မိပြန်တော့တရိပ်ရိပ်လှိမ့်တက်လာတဲ့ဒေါသတွေကဖြေသိမ့်လို့မရ။ ဘယ်လိုမှမပြေနိုင်တဲ့အဆုံးမှာ.. ဘေစင်မှရေဆင်းသည့်အပေါက်ကိုအဆို့ဖြင့်ပိတ်၍ ရေအပြည့်ဖြည့်လိုက်ပြီးထိုရေထဲသို့မျက်နှာနှစ်ထားလိုက်သည်။ ရုန်းမထွက်နိုင်ခဲ့တဲ့သူ့ကိုယ်သူအပြစ်ပေးသည့်အနေဖြင့်အသက်ရှူရခက်ခဲပြီးရေမွန်းလာသည့်တိုင်ခေါင်းမဖော်ဘဲနှစ်ထားမိသည်။

"ကင်ဆော့ဂျင်! အဲ့ဒါဘာလုပ်တာလဲ.. သေကုန်တော့မှာပဲ"

ဂျီမင်းကသူ့ပခုံးမှဆောင့်ဆွဲ၍ ပခုံးနှစ်ဖက်ကိုညှစ်ကိုင်ကာသူနှင့်မျက်လုံးချင်းဆုံအောင်ကြည့်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ကိုယ့်ကိုယ်ကိုအပြစ်ပေးတာ.. ပျော့ညံ့မိလို့... "

"ဆော့ဂျင်.. "

"ငါ.. ဘာလို့ဒီလောက်တောင်ပျော့ညံ့ရတာလဲ။ အဲ့ဒီ့ညကလည်းငါမရုန်းနိုင်ခဲ့ဘူး။ ဒီနေ့လည်း.. ငါ... ငါ... "

"ဒီမှာ.. ဆော့ဂျင်.. ငါ့ကိုကြည့်... "

ဂျီမင်းကသူ့ပါးပြင်လေးကိုလက်နှစ်ဖက်ဖြင့်အသာအယာအုပ်ကိုင်၍..

"ကျောင်းတုန်းကငါ့ကိုအနိုင်ကျင့်တဲ့သူတွေကိုမကြောက်မရွံ့ပညာပြခဲ့တာဘယ်သူလဲ"

"ရား.. "

"ပြောလေ.. ငါ့ရှေ့ကနေအမြဲကာကွယ်ပေးခဲ့တာဘယ်သူလဲလို့"

"ငါ.. ကင်ဆော့ဂျင်"

"ငါတို့မေဂျာမှာ.. မိန်းကလေးတွေကိုမထိတထိအသားယူပြီးအမြတ်ထုတ်တဲ့သူလို့နာမည်ကြီးတဲ့ ပရော်ဖက်ဆာကိုတစ်တန်းလုံးရဲ့ရှေ့မှာရဲရဲဝံ့ဝံ့တစ်ခွန်းမကျန်ပြန်ပြောပြီးအမျိုးသမီးထုကြီးရှေ့ကမားမားမတ်မတ်ရပ်တည်ပေးခဲ့တာကရော.. ဘယ်သူလဲ"

"အဲ့ဒါလည်း.. ငါပဲ"

"ပိုက်ဆံတစ်ပြားမှမရှိတဲ့ဘဝကနေကလေးတစ်ဖက်နဲ့ဒီအခြေအနေထိရောက်လာခဲ့တာကရော.. ဘယ်သူလဲ"

"ငါပဲ.. ငါ.. ငါ.. ဟူချူ့ Appa"

"ကြည့်ပါလား.. ဟူချူ့ Appa ကဘယ်မှာပျော့ညံ့လို့လဲ။ ဟူချူ့ Appa ကသူများတွေထက်အများကြီးပိုသန်မာတယ်။ ပြီးတော့.. သူများတွေထက်အဆတစ်ရာပိုရုပ်ချောတယ်"

သူ့စကားကြောင့်ဆော့ဂျင်ကခန္ဓာကိုလေးကိုလှုပ်ကာ,လှုပ်ကာဖြင့်ဟက်ဟက်ပက်ပက်အော်ရယ်သည်။

"မဟုတ်တာတွေ.. ဘာအဆတစ်ရာလဲ။ တိတိကျကျပြောရမှာပေါ့.. ကင်ဆော့ဂျင်ကတခြားသူတွေထက် တစ်ရာနှစ်ဆယ့်ငါးဆ ပိုချောတယ်"

"အယ်"

"တခါတလေတော့လည်း.. တွေးမိတယ်သိလား.. ငါ့အမေကဘာလို့ငါ့ကိုဒီလောက်ရုပ်ချောအောင်မွေးခဲ့တာလဲလို့။ အဝတ်အစားဆိုလည်းဘာဝတ်ဝတ်ကြည့်ကောင်းတယ်။ အသားအရေကအစ.. ဘာ skincare မှမလုပ်ဘဲတွေ့ရာ lotion လျှောက်လိမ်းတာတောင် ရူးလောက်အောင် glow နေတဲ့အပြင် အသက်ကြီးလာလေ ပိုနုပျိုလာလေဖြစ်နေလို့ ကြာရင် ဟူချူ့ကိုတောင် hyung လို့ပြန်ခေါ်ရမယ်ထင်တယ်နော်"

"ပြောမိတဲ့ငါပဲ.. မှားပါတယ်"

"ဟား.. ဟား.. ဟား.. ဒါနဲ့.. ဘာလို့ကိုယ့်ဘာသာကိုယ်ပြန်ပြောပြီးရှက်နေမိပါလိမ့်"

ကိုယ့်ကိုယ်ကိုအမွှန်းတွေစွတ်တင်တုန်းကတင်ပြီးအခုမှရှက်ကိုးရှက်ကန်းဟန်ဖြင့်ဆော့ဂျင်ကလည်ပင်းရဲရဲလေးကိုရွရွလေးပွတ်နေသည်.. နားရွက်လေးနှစ်ဖက်ကလည်းနီရဲလို့။

"ကလေးလေးမို့လို့.. ကလေးလေးမို့လို့ရှက်နေတာ"

"ရား.. အသက် ၂၉ နှစ်အရွယ်ကလေးတစ်ယောက်အဖေက ကလေးဖြစ်နိုင်ပါ့မလား။ နောက်တစ်ခါ အဲ့လိုပြောကြည့်.. မင်းကိုတနေကုန်စကားမပြောဘူး.. ဟွန့်"

ဆော့ဂျင်ကခေါင်းလေးကိုမော့ပြီးနှုတ်ခမ်းလေးစူကာရန်တွေ့သလိုလေးပြန်​ပြောသည်။ အဲ့ဒီ့လိုကလေးဆန်တဲ့ပုံစံလေးကြောင့်လွန်ခဲ့တဲ့လေးနှစ်ကျော်ကသူ့အချစ်ဆုံးသူငယ်ချင်းကင်ဆော့ဂျင်ကိုပြန်အမှတ်ရစေတာကြောင့်အရင်ကလိုကလေးလေးတစ်ယောက်လိုအတွေးအခေါ်လေးတွေကအစဖြူစင်ပြီးအမြဲသွက်လက်တက်ကြွနေတတ်တဲ့ဆော့ဂျီနီလေးကိုပြန်မြင်ခွင့်ရရင်သိပ်ကောင်းမှာပဲလို့တွေးနေမိတော့သည်။

********** **********

"ဂျီမင်း.. တံခါးကိုပိတ်ပြီးပြန်စစ်ဦးနော်။ ဟိုတစ်ခေါက်က မင်း.. တံခါးကိုသေချာမပိတ်ခဲ့လို့ငါ့မှာညဖက်ကြီးဟူချူ့ကိုအိမ်မှာတစ်ယောက်တည်းထားပြီးအပြေးလာခဲ့ရသေးတယ်။ တော်သေးတာပေါ့.. လုံခြုံရေးဦးလေးကြီးကဖုန်းဆက်ပြောပေးလို့။ မဟုတ်ရင်.. ရှိစုမဲ့စုပစ္စည်းလေးတွေသူခိုးခိုးခံရလို့အကုန်ပြောင်မှာ"

"သိပါတယ်ကွာ။ မင်းကလဲ.. အရမ်းပွစိပွစိပြောတာပဲ"

"ဪ.. ဒီလောက်ပြောနေတာတောင်မင်းက.. "

ဂျီမင်းရုံးခန်းတံခါးပိတ်တာကိုစောင့်ကြည့်ရင်းတစ်ဖက်သို့အလှည့်.. နံရံကိုမှီရပ်ရင်းဘောင်းဘီအိတ်ထဲလက်နှိုက်ကာသူ့ကိုကျကျနနရပ်ကြည့်​နေတဲ့သူတစ်ယောက်ကြောင့်သူ.. ရုတ်တရက်လန့်သွားကာစကားသံလေးတိတ်ကျသွား၏။

"တစ်သက်နဲ့တစ်ကိုယ်.. သူများရုံးခန်းရှေ့မှာ ၁၅မိနစ်နဲ့ ၄၄စက္ကန့်တိတိရပ်စောင့်ရမယ့်အဖြစ်မျိုးကြုံလိမ့်မယ်လို့အိပ်မက်တောင်မမက်ခဲ့ဖူးဘူး"

"ဒါ.. ဒါရိုက်တာဂျွန်ဂျောင်ကုက.. ဒီကိုဘယ်လိုလုပ်.. "

"ငါ့ကိုကြိုက်လွန်းလို့.. မမြင်ရ၊ မတွေ့ရရင်ရူးသွားတော့မှာမို့လို့.. ရောက်လာတာနေမှာပေါ့"

"ဟမ်"

ဆော့ဂျင်၏မျက်နှာထားကတင်းကာမာထန်နေ၏။ ဂျာမန်ဂတ်စ်တာပိုစစ်သားက ဂျူးတွေကိုကြည့်သည့်အကြည့်မျိုး.. ဘက်ပေါင်းစုံကတောက်ပြောင်နေအောင်သွေးထားတဲ့ဓါးမြှောင်တစ်ချောင်းလိုအကြည့်မျိုးဖြင့်ဂျွန်ဂျောင်ကုရဲ့မျက်နှာကိုစူးစူးရဲရဲစိုက်ကြည့်​နေလေသည်။

"ရား.. ဘာလို့ဒီလောက်တောင်စိတ်တွေဆိုးနေတာလဲ"

"သူ့ကို.. စိတ်ဆိုးတဲ့အချိန်ဆိုရင်အလှဆုံးပဲလို့ပြောထားမိလို့လေ။ ခင်ဗျားရဲ့သူငယ်ချင်းက.. ကျွန်တော့်ရှေ့မှာသူ့ရဲ့အလှဆုံးပုံစံကိုပဲပြချင်တယ်ထင်ပါရဲ့"

တစ်ဖက်ကတော့ခက်ထန်နေသလောက်.. တစ်ဖက်ကကြည်နူးရိပ်သမ်းနေတဲ့အပြုံးတွေနဲ့...

"မင်းတို့ကဘာတွေလဲ"

"အင်း.. ဘယ်လိုပြောရမလဲ။ အနမ်းပေးဖူးတဲ့ဆက်ဆံရေးလို့ပဲပြောရ... "

~ဒုတ်~

ဘောလုံးသမားဝင်စားတဲ့ကင်ဆော့ဂျင်တို့အစွမ်းပြလိုက်တာဒီတစ်ခါလည်းအထိနာပါ၏။

"အ! မင်း.. စကားနဲ့ပြောလို့မရဘူးလား။ ဘာသာစကားတွေရှိနေတာဘာအတွက်လဲ.. ပြောဖို့မဟုတ်ဘူးလား"

"ဂျီမင်း.. သွားရအောင်"

"အဲ့လိုထွက်သွားလို့ရမလား"

လက်ကောက်ဝတ်မှဆောင့်ဆွဲလိုက်တော့ချာခနဲလှည့်လာသည့်မျက်နှာလေးမှာဒေါသအရှိန်ကြောင့်ရဲရဲနီကာအကြည့်တို့ကမာကြောစူးရှမှုအပြည့်..

"ပတ်ဂျီမင်းရှီ.. အရင်သွားနှင့်လို့ရမလား။ ကျွန်တော်.. ခင်ဗျားသူငယ်ချင်းနဲ့ပြောစရာရှိလို့"

"ဂျီမင်း.. မသွားနဲ့"

ဂျီမင်းကသူတို့နှစ်ယောက်ရဲ့မျက်နှာတွေကိုတစ်လှည့်စီယောင်နနလေးကြည့်နေရင်းကဆုံးဖြတ်ချက်ချလိုက်သည့်ဟန်ဖြင့်တံတွေးမြိုချပြီး..

"ဟိုလေ.. ဆော့ဂျီနီ.. မနက်ဖြန်မှတွေ့မယ်နော်"

"ရား!"

အားကိုးရလွန်းသည့်သူ၏တစ်ဦးတည်းသောအချစ်ဆုံးသူငယ်ချင်းကြီးပတ်ဂျီမင်း.. သူ့စကားကိုတသွေမတိမ်းနားထောင်ပုံကတော့မြင်တဲ့အတိုင်းပင်။ မျက်စိတစ်မှိတ်အတွင်းဓါတ်လှေကားထဲပြေးဝင်သွားလိုက်တာ.. လှစ်ခနဲ။ ဓါတ်လှေကားတံခါးမပိတ်ခင်လက်သီးလေးနှစ်ဖက်ဆုပ်ပြီး fighting တောင်လုပ်ပြသွားသေးသည်။

"လွှတ်.. ခင်ဗျား.. "

"မျက်နှာလေးမြင်ချင်လို့လာပါတယ်ဆိုမှ.. ဘာလို့ကျောခိုင်းချင်နေတာလဲ.. မေတ္တာတုံးလေးရဲ့"

ပြုံးလိုက်သလိုလိုနှင့်ရီဝေစွာစူးစိုက်ငေးကြည့်ရင်းပြောလာတော့ရုတ်တရက်ဒေါသထွက်ဖို့သတိမရ။ ရန်တွေ့ဖို့မေ့နေလောက်သည်အထိ အကြည့်မလွှဲချင်လောက်အောင်ညှို့ချက်ပြင်းတဲ့မျက်နှာပေါ်ကကောက်ကြောင်းတွေမှာပဲစိတ်ဝင်တစားရှိလှကာ... နေပါဦး! ခုနကငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ..

"နာကျင်ရတယ်.. မင်းအဲ့လိုကိုယ့်ကိုကျောခိုင်းသွားတိုင်း.. ခန္ဓာကိုယ်ထဲကအစိတ်အပိုင်းတစ်ခုလုံးပြုတ်ထွက်သွားသလိုပဲ"

ပခုံးနှစ်ဖက်လုံးကိုဆွဲကိုင်ပြီးတောင့်တောင့်တတပြောလာတဲ့စကားတွေကိုလှောင်ပြောင်ပြုံးပစ်ဖို့ကြိုးစားပေမယ့်နှုတ်ခမ်းတွေကအမိန့်ကိုမနာခံတတ်ဘဲရှက်ရိပ်တို့စွန်းထင်းလျှက်..

"ခ.. ခင်ဗျားတော့.. အသားနာချင်ပြီနဲ့တူတယ်"

ပြောခါမှသူ့ခါးလေးကိုဆွဲသိမ်းပွေ့လိုက်တော့မျက်နှာချင်းထုလုမတတ်နီးကပ်သွားပြီး..

"မင်းကရော.. အရမ်းအလျော်ပေးချင်နေတာလား"

စကားဆုံးတာနဲ့တစ်ကိုယ်လုံးရင်ခွင်ထဲမြုပ်နေအောင်ဖက်ထားပြီး နှုတ်ခမ်းတွေဆီသို့ရောက်လာတဲ့အနမ်းတွေမှာအားအပြည့်နဲ့မို့သူ့မျက်လုံးတွေမှိတ်သွားမိသည်။ ရင်းနှီးစပြုနေပြီဖြစ်တဲ့ကိုယ်သင်းရနံ့နှင့်ရေမွှေးနံ့ရောနေသည့်ရင်ခွင်ထဲမှာနစ်မြုပ်ရင်းသူ့နှုတ်ခမ်းတစ်ခုလုံးနူးညံ့စွာစုပ်ယူခံနေရတာကြောင့်အမျိုးအမည်မသိသောခံစားမှုတို့ကြောင့်လှိုက်ဖိုမိန်းမောလာရသည်။ မဟုတ်သေးပါဘူး.. ခုနကသူ.. ဒေါသတွေထွက်နေခဲ့တာပါ။ အခု.. ဘာလို့.. ထစ်ခနဲရှိရှူးခနဲ.. ဒိုင်းခနဲပေါက်ကွဲတတ်သောဒေါသတွေလည်းဘယ်ချောင်သွားပုန်းနေမှန်းမသိဘဲ.. ရင်ဘတ်တစ်ခုလုံးရင်ခုန်သံတစ်ခုတည်းသာ စိတ်ကြိုက်မင်းမူနေလေ၏။

"ဒုက္ခပဲကွာ.. နောက်ထပ်ရူးစရာတစ်ခုထပ်တိုးလာပြန်ပြီ"

နဖူးချင်းထိကပ်ထားရင်းမှရင်ခွင်ထဲမှာအသက်မှန်မှန်ရှူရင်းငြိမ်သက်နေသည့်မျက်နှာလေးကိုကြည့်မိတော့.. ဘယ်လောက်ငေး,ငေး.. ငေးမဝနိုင်အောင်လှရက်နိုင်လွန်းတဲ့မျက်နှာလေးမှာ.. ဂျယ်လီတုံးလေးလိုနုအိဖောင်းတွတ်နေတဲ့နှုတ်ခမ်းဖူးဖူးလေးက.. သူ စိတ်လိုလက်ရပြေးဝင်ချင်မိတဲ့ထောင်ချောက်ငယ်လေး.. သိပ်လှလွန်းတဲ့ထောင်ချောက်လေး။ ဒီမျက်နှာလေးကိုဆက်ကြည့်မိရင်ထိန်းချုပ်နိုင်စွမ်းတွေပြိုလဲလာနိုင်သည်မို့ အကြည့်လွှဲကာထိုမျက်နှာလေးကိုသူ့ရင်ဘတ်တွင်ဖိကပ်စေပြီးတင်းနေအောင်ဖက်ထားလိုက်သည်။

"လွှတ်.. အသက်ရှုကျပ်နေပြီလို့"

ရှက်သံနှောနေသည့်အသံလေးကတိုးတိုးညင်ညင်လေး..

"စကားနဲ့ပြောနေတုန်းလွှတ်နော်.. ခင်ဗျား"

သူကကြည်ကြည်နူးနူးပြုံး၍ပိုလို့တိုးဖက်လိုက်သည်။

"ခင်ဗျားတော့.. အသက်ရှင်ရတာငြီးငွေ့နေပြီနဲ့တူတယ်။ စကားအကောင်းပြောနေတုန်းလွှတ်လိုက်နော်.. မဟုတ်ရင်ဘဝတစ်ပါးကိုကူးပြောင်းသွားမယ်.. ဘာမှတ်နေလဲ"

စကားလုံးကြီးတွေနဲ့ခြိမ်းခြောက်ပြောဆိုနေသူလေးက.. လောလောဆယ်မှာတော့သူ့ရင်ခွင်ထဲမှတုတ်တုတ်တောင်မလှုပ်နိုင်သေး.. ခေါင်းလေးကိုခပ်ဖွဖွပွတ်သပ်ပေးမိတော့ရုန်းနေတဲ့ကိုယ်ငယ်လေးကငြိမ်ကျသွားသည်။ ပူးကပ်ဖက်ထားသောဒီလူသားလေးဆီမှတဒိတ်ဒိတ်ခုန်နေသောရင်ခုန်သံကိုလည်းအတိုင်းသားကြားနေရ၏။ သူသိတာပေါ့.. ဒီကလေးလေးက ဂရုစိုက်မှုတွေလိုအပ်နေတယ်ဆိုတာကို။

"တောင်းပန်ပါတယ်။ ဒါပေမယ့်.. မင်းကိုနမ်းမိတဲ့အတွက်တောင်းပန်တာမဟုတ်ဘူးနော်။ အဲ့ဒါက.. အမှားလုပ်မိတာမဟုတ်တဲ့အတွက်တောင်းပန်စရာမလိုဘူးလို့ယူဆတယ်"

".........."

"မင်းကို.. အရင်ကစွပ်စွဲပြီးပြောဆိုခဲ့မိတာတွေအတွက်တောင်းပန်တာ။ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း.. ရူးနေခဲ့မိတာကို.. ဘာအပြစ်မှမရှိတဲ့မင်းအပေါ်ဒေါသတွေပုံချခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်..တကယ်.. စိတ်ရင်းနဲ့တောင်းပန်ပါတယ်"

".........."

"ကိုယ့်ဘက်က.. နောက်ဆိုအလျှော့ပေးတော့မှာမို့.. မင်းဘက်ကလည်း တစ်ထစ်လောက်လျှော့ပေးမယ်ဆိုရင်.. ကောင်း.. "

~ဒုတ်~

"အား!"

"အဲ့ဒါကြောင့်.. စကားနဲ့ပြောနေတုန်းလွှတ်လိုက်လို့ပြောခဲ့သားပဲ"

"ရား! ဘာလို့ဒီတစ်နေရာတည်းကိုပဲလာကန်နေတာလဲ"

"ပိုနာစေချင်လို့"

မေတ္တာတုံးစရာလေးကမျက်စောင်းတစ်ချက်ထိုးကာသူ့အနားကနေဆောင့်ကြီးအောင့်ကြီးထွက်သွားသည်။

"ဟူချူ့ကိုသွားကြိုရမှာမဟုတ်လား.. လိုက်ပို့ပေးမယ်"

"လိုက်ပို့ရဲလိုက်ပို့ကြည့်.. အသေသတ်ပစ်မယ်"

ခက်တော့တာပဲ.. သူ့ကိုနာကျင်စေချင်သူကိုမှကြင်နာချင်မိတဲ့သူ့အဖြစ်။ ဘာပဲဖြစ်ဖြစ်.. ဒီတစ်ခါတော့အကန်ခံရတာတန်တယ်လို့ပဲပြောရမည်။

ဘာဖြစ်လို့လဲဆိုတော့.. မေတ္တာတုံးစရာလေးရဲ့ရင်ခုန်သံတွေကိုကြားခွင့်ရခဲ့တယ်လေ...

********** **********

အချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰

တစ်ခုတော့ကြေငြာချင်ပါတယ်

တစ်ချို့လည်းသိလောက်မှာပါ JinKook author ကိုးယောက်ပေါင်းပြီးရေးထားကြတဲ့ "နွေဦးပုံပြင်" ဆိုတဲ့ JinKook one-shot collection လေးအကြောင်းကို..

အဲ့ဒီ့စာအုပ်လေးထဲမှာ user TtalgiJinnie ကလည်းပါဝင်အားဖြည့်ပြီးရေးထားပါတယ်လို့ (အမေကတောင်ပြောနေတယ်.. နင်ကကို့လို့ကန့်လန့်နဲ့ဘာဝင်ရှုပ်တာလဲတဲ့ 😅 သားအမိချင်းအဲ့လိုဖဲ့တာ)

ကိုယ့်အရေးအသားတွေကစာအုပ်ထဲထည့်ရလောက်တဲ့အထိမဟုတ်ပေမယ့် ကိုယ်အနားယူသွားတဲ့အခါ.. ငါစာတွေရေးခဲ့ပါလားဆိုတဲ့အမှတ်တရလေးကျန်ခဲ့အောင်ဒီစာအုပ်လေးထဲမှာဝင်ရေးဖြစ်ခဲ့တာပါ

ဒီစာအုပ်လေးရဲ့အမြတ်ငွေတွေကိုလည်း ကိုယ်ကျိုးအတွက်မသုံးဘဲလိုအပ်တဲ့နေရာတွေမှာလှူဒါန်းသွားမှာမို့လို့စာအုပ်လေးကိုအိမ်အပါခေါ်တာမမှားဘူးလို့ထင်ပါတယ် 😊

**********

Zawgyi

"ဒါရိုက္တာဂြၽန္"

ေခါင္းတစ္ခ်က္သာအသာအယာညိတ္ျပ၍ဝင္ပါ,ထိုင္ပါစသည့္ဧည့္ေထာက္ခံစကားတစ္ခြန္းတေလမွမဆိုဘဲအလုပ္စားပြဲဆီသို႔တန္းတန္းမတ္မတ္သြားကာဝင္ထိုင္လိုက္သည္။ သူတို႔ႏွစ္ဦး၏ တည္ရွိမႈကိုအကၤ်ီေကာ္လံေပၚတြင္ေျပးလႊားေနသည့္ပု႐ြတ္ဆိတ္တစ္ေကာင္ေလာက္ေတာင္အေရးတယူမရွိလွပါ။ ထိုသို႔မထီမဲ့ျမင္အျပဳအမူမ်ားသည္မာနကိုထိခိုက္ေစသျဖင့္အသားေတြဆတ္ဆတ္တုန္သည္အထိေဒါသျဖစ္မိေပမယ့္ ကိုယ့္အထက္လူႀကီးမို႔အံႀကိတ္သည္းခံေနရသည္။

"ေဆာင္းဦးရာသီအတြက္ event idea အေသးစိတ္ကိုအေခ်ာသတ္ၿပီးလာတင္ျပတာပါ.. ဒါရိုက္တာဂြၽန္"

ေဂ်ာင္ကုကဌာနမႉးဟန္ ကမ္းေပးလာသည့္ file ကိုယူ၍ စားပြဲေပၚသို႔ပစ္တင္လိုက္ၿပီးမ်က္လုံးျဖင့္တစ္ခ်က္သာျမင္ရတယ္ဆို႐ုံေလးေစြၾကည့္သည္။

"အေခ်ာသတ္ၿပီးၿပီဆိုေတာ့.. ဒါအေကာင္းဆုံးဆိုတာေသခ်ာၿပီဆိုတဲ့သေဘာေပါ့.. အဲ့လိုလား"

"ဟို.. ဟို.. အဲ့ဒါကေလ.. ဟို.. ဒါရိုက္တာဂြၽန္.. မႀကိဳက္တာတို႔.. ျပင္ေစခ်င္တာတို႔ရွိတယ္ဆိုရင္ေျပာ.. "

"ဘယ္လိုလုပ္သိမွာလဲ.. ကြၽန္ေတာ္ကေခါင္းစဥ္ပဲဖတ္ရေသးတာကို"

ဌာနမႉးဟန္ကေတာ့ကပ်ာကယာျဖင့္ေျဖရွင္းခ်က္ဝင္ေပးေပမယ့္ေဒါသေတြကိုက်ိတ္မ်ိဳသိပ္ေနရတဲ့မန္ေနဂ်ာဘတ္ကေတာ့စကားတစ္ခြန္းမွဝင္မေျပာဘဲပါးစပ္ကိုတင္းတင္းေစ့၍သာရပ္ေန၏။

"ဒါေပမယ့္.. ပုံစံေတြၾကည့္ရတာေတာ့ယုံၾကည္ခ်က္မရွိၾကတဲ့ပုံပဲ။ မေသခ်ာဘဲနဲ႕.. အေခ်ာသတ္ဆိုတဲ့စကားမ်ိဳးသုံးႏႈန္းတာ ပိုတယ္လို႔မထင္ဘူးလား.. မန္ေနဂ်ာဘတ္"

"ေတာင္းပန္ပါတယ္.. ကြၽန္ေတာ္ေနာက္တစ္ခါျပန္လုပ္လိုက္ပါမယ္"

"ေသခ်ာတာေပါ့.. အစအဆုံးကိုျပန္လုပ္သင့္တာ။ မႏွစ္ကလုပ္ခဲ့တဲ့ charity event ကိုပဲေခါင္းစဥ္ေျပာင္းၿပီးလာေရာခ်တာကိုကြၽန္ေတာ္သတိထားမိမွာမဟုတ္ဘူးလို႔ထင္ေနတာလား။ ဘာလဲ.. ကြၽန္ေတာ္ကခင္ဗ်ားတို႔ဘာလာတင္ျပ,တင္ျပမ်က္စိမွိတ္ၿပီးလက္မွတ္ထိုးေပးမယ့္ခပ္ညံ့ညံ့အလုပ္ရွင္ေပါ့.. အဲ့လိုလား"

"အဲ့လိုမဟုတ္ပါဘူး.. အဲ့ဒီ့ event ကလည္းအရမ္းေအာင္ျမင္ခဲ့ေတာ့ဒီႏွစ္လည္း... "

"ေအာင္ျမင္ခဲ့တာေပါ့။ အလႉေငြေတြလည္းအမ်ားႀကီးရလိုက္တယ္ေလ.. အဲ့ဒီ့အလႉေငြေတြလိုအပ္ေနတဲ့လူေတြရဲ႕လက္ထဲအကုန္အျပည့္အဝမေရာက္တာတစ္ခုပဲ"

သူ႕စကားေၾကာင့္မန္ေနဂ်ာဘတ္ေရာ၊ ဌာနမႉးဟန္ပါမ်က္ႏွာေတြအေရာင္ေျပာင္းကာသိသိသာသာပ်က္ယြင္းသြားၾကသည္။

"အလႉေငြနဲ႕ဆိုင္လားမဆိုင္ဘူးလားမသိေပမယ့္စကားစပ္မိလို႔ ကြၽန္ေတာ္သတိထားမိတာေလးတစ္ခုေျပာဦးမယ္။ မန္ေနဂ်ာဘတ္.. အခုစီးေနတဲ့ကားက.. ကြၽန္ေတာ္ေပးတဲ့လစာနဲ႕ယွဥ္ရင္.. ေမာ္ဒယ္အရမ္းျမင့္လြန္းေနသလိုပဲေနာ္"

"ဒါ.. ဒါရိုက္တာဂြၽန္.. "

"ေလာကႀကီးမွာေလ အလႉဆိုတာႀကီးကိုၿပိဳင္ပြဲတစ္ခုလိုလုပ္ေနၾကတဲ့လူခ်မ္းသာေတြဆီက charity လို႔ေခါင္းစဥ္တပ္.. ရနိုင္သေလာက္ဖဲ့ယူၿပီး.. အဲ့ဒီ့အလႉေငြေတြကိုတကယ္လိုအပ္လို႔ေမွ်ာ္လင့္ေနတဲ့မရွိဆင္းရဲသားေတြဆီကေခါင္းပုံျဖတ္ၿပီးေငြရွာရတာအလြယ္ကူဆုံးပဲ.. သိလား"

မန္ေနဂ်ာဘတ္ဆီက ဘာစကားသံမွထြက္မလာဘဲအသံတိတ္ေန၏။ တင္းေနေအာင္ကားထြက္ေနသည့္ေမးရိုးေတြကိုၾကည့္ျခင္းအားျဖင့္ေဒါသေတြကိုဘယ္ေလာက္ထိမ်ိဳခ်ေနရလဲခန့္မွန္းနိုင္သည္။

"ကြၽန္ေတာ္က.. မန္ေနဂ်ာဘတ္ကိုအလြယ္နည္းနဲ႕ေငြရွာမိမွာစိုးလို႔ေစတနာနဲ႕သတိေပးတာ"

"ေစတနာနဲ႕သတိေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္"

"ရပါတယ္.. ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔ကအမ်ိဳးေတြပဲမဟုတ္လား။ Vegas မွာတုန္းကမန္ေနဂ်ာဘတ္.. ကြၽန္ေတာ့္အေပၚေစတနာေတြပိုခဲ့တဲ့အတြက္ေက်းဇူးျပန္ဆပ္တဲ့သေဘာေပါ့"

မန္ေနဂ်ာဘတ္ကဣႏၵျေဆယ္ၿပီးေတာ့ၿပဳံးေနေသာ္လည္းမ်က္ႏွာေပးကအရွိုက္ထိသြားသည့္ဟန္အီလည္လည္ႏွင့္..

"ဒါေတြအကုန္အစအဆုံးျပန္လုပ္ပါ.. သြားလို႔ရၿပီ"

"ဟုတ္ကဲ့"

"ဪ.. ဒါနဲ႕.. ကြၽန္ေတာ္ဒီေန႕အလုပ္ေစာေစာဆင္းမယ္ေနာ္။ ကြယ္ရာမွာေတာ့အတင္းမေျပာၾကဘူးမဟုတ္လား"

"မဟုတ္တာ.. ဒါရိုက္တာဂြၽန္ကလဲ"

ဟန္လုပ္ၿပီးတာရယ္ျပေနရသည္စိတ္ထဲကေတာ့မေက်နပ္ခ်င္.. ဒါေပမယ့္ျပန္လည္ေခ်ပနိုင္မယ့္အရည္အခ်င္းလည္းသူတို႔မွာရွိမေနတာေၾကာင့္ေခါင္းငိုက္စိုက္ခ်ၿပီးေတာ့သာဒါရိုက္တာ႐ုံးခန္းမွထြက္လာခဲ့ရသည္။

"ေတာက္! အဲ့ဒီ့ညက.. ေဆးမခတ္ဘဲအဆိပ္ခတ္ခဲ့ရမွာ"

"အဲ့ဒီ့ေကာင္ကစကားေျပာတာမရိုင္းလြန္းဘူးလား။ေနဦး.. မန္ေနဂ်ာဘတ္က ဂြၽန္ေဂ်ာင္ကုအဖြားရဲ႕ေမာင္ဆိုေတာ့.. ဘယ္လိုေတာ္လဲ.. သူ႕ရဲ႕ဘႀကီးလား"

"ဖိုးေလး ပါကြ"

"ေအာ္.. ဟုတ္သားပဲ။ ဒီေလာက္အမ်ိဳးအရင္းႀကီးကိုအဲ့ေလာက္ထိေျပာစရာလိုလို႔လား။ ကားအေကာင္းစားစီးေတာ့ေရာဘာျဖစ္လဲ.. သူက်ေတာ့တစ္စီးၿပီးတစ္စီး ေျပာင္းစီးေနၿပီးေတာ့"

"ဟြန့္.. ေတြ႕ၾကေသးတာေပါ့ကြာ။ ေစာင့္ၾကည့္ေန.. အဲ့ဒီ့ေကာင္တစ္ေန႕.. ငါ့ေရွ႕မွာဒူးေထာက္ေစရမယ္"

"စိတ္ခ်။ အဲ့ဒီ့ေန႕ျမန္ျမန္ေရာက္လာဖို႔အတြက္.. ကြၽန္ေတာ္ကမန္ေနဂ်ာဘတ္ကိုအမ်ားႀကီးပံ့ပိုးေပးဦးမွာ"

သူတို႔ႏွစ္ဦးစိတ္ကူးယဥ္သေဘၤာႀကီးေပၚတြင္အားပါးတရ႐ြက္လြင့္ရင္းမတိုင္ပင္ထားဘဲၿပိဳင္တူတဟားဟားေအာ္ရယ္လိုက္ၾကသည္။

"ဒါနဲ႕.. ဌာနမႉးဟန္.. ခုနကအခန္းထဲကေျပးထြက္သြားတဲ့ေကာင္ေလးကဘယ္သူလဲသိလား။ ဂြၽန္ေဂ်ာင္ကုနဲ႕ဘယ္လိုပတ္သက္ေနလဲ"

"ဟင့္အင္း.. ကြၽန္ေတာ္လည္းမသိဘူး။ ဒါေပမယ့္.. တစ္ေနရာရာမွာျမင္ဖူးသလိုလိုပဲ"

********** **********

~ဒုန္း~

"ပလုတ္တုတ္! ဟဲ့.. ဪ.. လန့္လိုက္တာေဆာ့ဂ်င္ရယ္။ ဘာေတြျဖစ္လာတာလဲ"

ေဆာ့ဂ်င္ကအသက္ပါေတာ့မတတ္ေဒါသေတြထြက္ေနေသာမ်က္ႏွာႏွင့္႐ုံးခန္းထဲသို႔ဝုန္းခနဲ၊ ဒိုင္းခနဲဝင္လာၿပီး tissue box ထဲမွ tissue ေလးငါး႐ြက္ေလာက္ကိုအၾကမ္းပတမ္းဆြဲယူကာသန့္စင္ခန္းရွိရာသို႔ေျခလွမ္းက်ဲမ်ားျဖင့္ေလွ်ာက္သြားသည္။ အၿမဲတေစတည္ၿငိမ္ေခ်ာေမြ႕ေနေသာမ်က္ႏွာေလးကေၾကာက္စရာေကာင္းေလာက္ေအာင္ေက်ာက္သားျပင္ကဲ့သို႔မာေက်ာခက္ထန္ေန၏။

"ေဆာ့ဂ်င္.. ဘာျဖစ္လာတာလဲလို႔"

ဂ်ီမင္း၏အေမးကိုလ်စ္လ်ဴရႈကာသန့္စင္ခန္းတံခါးကို ေဆာင့္ပိတ္ပစ္လိုက္သည္။ ထို႔ေနာက္.. ပူႏြေးစိုစြတ္ဆဲသူ႕ႏႈတ္ခမ္းေလးကိုေရျဖင့္ခပ္ၾကမ္းၾကမ္းပြတ္ကာ tissue ျဖင့္သုတ္သည္။ ဒါေပမယ့္တစ္ႀကိမ္တည္းပြတ္သုတ္႐ုံနဲ႕အားမရနိုင္သျဖင့္အႀကိမ္ႀကိမ္အခါခါမညွာမတာၾကမ္းၾကမ္းတမ္းတမ္းပြတ္သုတ္မိေတာ့ သူ႕ႏႈတ္ခမ္းေလးေတြနီရဲပူေလာင္လာသည္ကမ်က္ရည္ၾကည္မ်ားေဝ့တက္လာသည့္အထိပင္။ သူ႕ခႏၶာကိုယ္တစ္ခုလုံးလည္းေဒါသေတြ၏ေလာင္ၿမိဳက္မႈေၾကာင့္အေငြ႕ေတာင္ပ်ံနိုင္သည္ထင္.. စိမ္းသက္ေနသည့္ခံစားမႈမ်ားၾကားမြန္းၾကပ္ရလြန္းလို႔ကေလးတစ္ေယာက္လိုေအာ္ဟစ္ၿပီးငိုပစ္လိုက္ခ်င္ပါ၏။

"ေတာက္! မေကာင္းတဲ့ေကာင္"

သူ.. အိမ္ေထာင္က်ဖဴးတာမွန္ေပမယ့္တကယ္တမ္းဂြၽန္းနဲ႕အၾကင္ခင္ပြန္းအျဖစ္ေပါင္းဖက္ခြင့္ရခဲ့တာကနာရီပိုင္းမွ်သာ.. မဂၤလာပြဲၿပီးၿပီးခ်င္းဂြၽန္းကအလုပ္ကိစၥေၾကာင့္ Vegas ကိုအားခ်င္းထြက္ခဲ့ရသည္။ ၿပီးေတာ့ခဏေတာင္အတူတူေနခြင့္မရလိုက္ဘဲလမ္းခြဲခဲ့ရသည္။ သူနဲ႕ခ်စ္သူဘဝတစ္ေလွ်ာက္လုံးမွာလည္းဂြၽန္းကသူ႕နဖူးကိုသာျမတ္ျမတ္နိုးနိုးနမ္းရွိုက္တတ္တာမို႔.. ဒီအနမ္းကသူအသိစိတ္ပုံမွန္ရွိေနသည့္အခ်ိန္မွာရဖူးတဲ့ပထမဆုံးအနမ္း..

"ဟား"

သူ႕ရဲ႕ခ်စ္သူလည္းမဟုတ္.. သူနဲ႕ဘာမွပတ္သက္မႈမရွိတဲ့အဲ့ဒီ့အျမင္ကပ္စရာလူရဲ႕ပိုင္စိုးပိုင္နင္းလုပ္ရပ္ကိုမတားနိုင္ခဲ့တဲ့သူ႕ကိုယ္သူလည္းတစ္စက္မွရစရာမရွိေလာက္ေသာအျပစ္ရွိသူအျဖစ္ျမင္မိျပန္ေတာ့တရိပ္ရိပ္လွိမ့္တက္လာတဲ့ေဒါသေတြကေျဖသိမ့္လို႔မရ။ ဘယ္လိုမွမေျပနိုင္တဲ့အဆုံးမွာ.. ေဘစင္မွေရဆင္းသည့္အေပါက္ကိုအဆို႔ျဖင့္ပိတ္၍ ေရအျပည့္ျဖည့္လိုက္ၿပီးထိုေရထဲသို႔မ်က္ႏွာႏွစ္ထားလိုက္သည္။႐ုန္းမထြက္နိုင္ခဲ့တဲ့သူ႕ကိုယ္သူအျပစ္ေပးသည့္အေနျဖင့္အသက္ရႉရခက္ခဲၿပီးေရမြန္းလာသည့္တိုင္ေခါင္းမေဖာ္ဘဲႏွစ္ထားမိသည္။

"ကင္ေဆာ့ဂ်င္! အဲ့ဒါဘာလုပ္တာလဲ.. ေသကုန္ေတာ့မွာပဲ"

ဂ်ီမင္းကသူ႕ပခုံးမွေဆာင့္ဆြဲ၍ပခုံးႏွစ္ဖက္ကိုညွစ္ကိုင္ကာသူႏွင့္မ်က္လုံးခ်င္းဆုံေအာင္ၾကည့္သည္။

"ဘာေတြျဖစ္ေနတာလဲ"

"ကိုယ့္ကိုယ္ကိုအျပစ္ေပးတာ.. ေပ်ာ့ညံ့မိလို႔... "

"ေဆာ့ဂ်င္.. "

"ငါ.. ဘာလို႔ဒီေလာက္ေတာင္ေပ်ာ့ညံ့ရတာလဲ။ အဲ့ဒီ့ညကလည္းငါမ႐ုန္းနိုင္ခဲ့ဘူး။ ဒီေန႕လည္း.. ငါ... ငါ... "

"ဒီမွာ.. ေဆာ့ဂ်င္.. ငါ့ကိုၾကည့္... "

ဂ်ီမင္းကသူ႕ပါးျပင္ေလးကိုလက္ႏွစ္ဖက္ျဖင့္အသာအယာအုပ္ကိုင္၍..

"ေက်ာင္းတုန္းကငါ့ကိုအနိုင္က်င့္တဲ့သူေတြကိုမေၾကာက္မ႐ြံ႕ပညာျပခဲ့တာဘယ္သူလဲ"

"ရား.. "

"ေျပာေလ.. ငါ့ေရွ႕ကေနအၿမဲကာကြယ္ေပးခဲ့တာဘယ္သူလဲလို႔"

"ငါ.. ကင္ေဆာ့ဂ်င္"

"ငါတို႔ေမဂ်ာမွာ.. မိန္းကေလးေတြကိုမထိတထိအသားယူၿပီးအျမတ္ထုတ္တဲ့သူလို႔နာမည္ႀကီးတဲ့ ပေရာ္ဖက္ဆာကိုတစ္တန္းလုံးရဲ႕ေရွ႕မွာရဲရဲဝံ့ဝံ့တစ္ခြန္းမက်န္ျပန္ေျပာၿပီးအမ်ိဳးသမီးထုႀကီးေရွ႕ကမားမားမတ္မတ္ရပ္တည္ေပးခဲ့တာကေရာ.. ဘယ္သူလဲ"

"အဲ့ဒါလည္း.. ငါပဲ"

"ပိုက္ဆံတစ္ျပားမွမရွိတဲ့ဘဝကေနကေလးတစ္ဖက္နဲ႕ဒီအေျခအေနထိေရာက္လာခဲ့တာကေရာ.. ဘယ္သူလဲ"

"ငါပဲ.. ငါ.. ငါ.. ဟူခ်ဴ႕ Appa"

"ၾကည့္ပါလား.. ဟူခ်ဴ႕ Appa ကဘယ္မွာေပ်ာ့ညံ့လို႔လဲ။ ဟူခ်ဴ႕ Appa ကသူမ်ားေတြထက္အမ်ားႀကီးပိုသန္မာတယ္။ၿပီးေတာ့.. သူမ်ားေတြထက္အဆတစ္ရာပို႐ုပ္ေခ်ာတယ္"

သူ႕စကားေၾကာင့္ေဆာ့ဂ်င္ကခႏၶာကိုေလးကိုလႈပ္ကာ,လႈပ္ကာျဖင့္ဟက္ဟက္ပက္ပက္ေအာ္ရယ္သည္။

"မဟုတ္တာေတြ.. ဘာအဆတစ္ရာလဲ။ တိတိက်က်ေျပာရမွာေပါ့.. ကင္ေဆာ့ဂ်င္ကတျခားသူေတြထက္ တစ္ရာႏွစ္ဆယ့္ငါးဆ ပိုေခ်ာတယ္"

"အယ္"

"တခါတေလေတာ့လည္း.. ေတြးမိတယ္သိလား.. ငါ့အေမကဘာလို႔ငါ့ကိုဒီေလာက္႐ုပ္ေခ်ာေအာင္ေမြးခဲ့တာလဲလို႔။ အဝတ္အစားဆိုလည္းဘာဝတ္ဝတ္ၾကည့္ေကာင္းတယ္။ အသားအေရကအစ.. ဘာ skincare မွမလုပ္ဘဲေတြ႕ရာ lotion ေလွ်ာက္လိမ္းတာေတာင္ ႐ူးေလာက္ေအာင္ glow ေနတဲ့အျပင္ အသက္ႀကီးလာေလ ပိုႏုပ်ိဳလာေလျဖစ္ေနလို႔ ၾကာရင္ ဟူခ်ဴ႕ကိုေတာင္ hyung လို႔ျပန္ေခၚရမယ္ထင္တယ္ေနာ္"

"ေျပာမိတဲ့ငါပဲ.. မွားပါတယ္"

"ဟား.. ဟား.. ဟား.. ဒါနဲ႕.. ဘာလို႔ကိုယ့္ဘာသာကိုယ္ျပန္ေျပာၿပီးရွက္ေနမိပါလိမ့္"

ကိုယ့္ကိုယ္ကိုအမႊန္းေတြစြတ္တင္တုန္းကတင္ၿပီးအခုမွရွက္ကိုးရွက္ကန္းဟန္ျဖင့္ေဆာ့ဂ်င္ကလည္ပင္းရဲရဲေလးကို႐ြ႐ြေလးပြတ္ေနသည္.. နား႐ြက္ေလးႏွစ္ဖက္ကလည္းနီရဲလို႔။

"ကေလးေလးမို႔လို႔.. ကေလးေလးမို႔လို႔ရွက္ေနတာ"

"ရား.. အသက္ ၂၉ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္အေဖက ကေလးျဖစ္နိုင္ပါ့မလား။ ေနာက္တစ္ခါ အဲ့လိုေျပာၾကည့္.. မင္းကိုတေနကုန္စကားမေျပာဘူး.. ဟြန့္"

ေဆာ့ဂ်င္ကေခါင္းေလးကိုေမာ့ၿပီးႏႈတ္ခမ္းေလးစူကာရန္ေတြ႕သလိုေလးျပန္ေျပာသည္။ အဲ့ဒီ့လိုကေလးဆန္တဲ့ပုံစံေလးေၾကာင့္လြန္ခဲ့တဲ့ေလးႏွစ္ေက်ာ္ကသူ႕အခ်စ္ဆုံးသူငယ္ခ်င္းကင္ေဆာ့ဂ်င္ကိုျပန္အမွတ္ရေစတာေၾကာင့္အရင္ကလိုကေလးေလးတစ္ေယာက္လိုအေတြးအေခၚေလးေတြကအစျဖဴစင္ၿပီးအၿမဲသြက္လက္တက္ႂကြေနတတ္တဲ့ေဆာ့ဂ်ီနီေလးကိုျပန္ျမင္ခြင့္ရရင္သိပ္ေကာင္းမွာပဲလို႔ေတြးေနမိေတာ့သည္။

********** **********

"ဂ်ီမင္း.. တံခါးကိုပိတ္ၿပီးျပန္စစ္ဦးေနာ္။ ဟိုတစ္ေခါက္ကမင္း.. တံခါးကိုေသခ်ာမပိတ္ခဲ့လို႔ငါ့မွာညဖက္ႀကီးဟူခ်ဴ႕ကိုအိမ္မွာတစ္ေယာက္တည္းထားၿပီးအေျပးလာခဲ့ရေသးတယ္။ ေတာ္ေသးတာေပါ့.. လုံၿခဳံေရးဦးေလးႀကီးကဖုန္းဆက္ေျပာေပးလို႔။ မဟုတ္ရင္.. ရွိစုမဲ့စုပစၥည္းေလးေတြသူခိုးခိုးခံရလို႔အကုန္ေျပာင္မွာ"

"သိပါတယ္ကြာ။ မင္းကလဲ.. အရမ္းပြစိပြစိေျပာတာပဲ"

"ဪ.. ဒီေလာက္ေျပာေနတာေတာင္မင္းက.. "

ဂ်ီမင္း႐ုံးခန္းတံခါးပိတ္တာကိုေစာင့္ၾကည့္ရင္းတစ္ဖက္သို႔အလွည့္.. နံရံကိုမွီရပ္ရင္းေဘာင္းဘီအိတ္ထဲလက္ႏွိုက္ကာသူ႕ကိုက်က်နနရပ္ၾကည့္ေနတဲ့သူတစ္ေယာက္ေၾကာင့္သူ.. ႐ုတ္တရက္လန့္သြားကာစကားသံေလးတိတ္က်သြား၏။

"တစ္သက္နဲ႕တစ္ကိုယ္.. သူမ်ား႐ုံးခန္းေရွ႕မွာ ၁၅မိနစ္နဲ႕ ၄၄စကၠန့္တိတိရပ္ေစာင့္ရမယ့္အျဖစ္မ်ိဳးႀကဳံလိမ့္မယ္လို႔အိပ္မက္ေတာင္မမက္ခဲ့ဖူးဘူး"

"ဒါ.. ဒါရိုက္တာဂြၽန္ေဂ်ာင္ကုက.. ဒီကိုဘယ္လိုလုပ္.. "

"ငါ့ကိုႀကိဳက္လြန္းလို႔.. မျမင္ရ၊ မေတြ႕ရရင္႐ူးသြားေတာ့မွာမို႔လို႔.. ေရာက္လာတာေနမွာေပါ့"

"ဟမ္"

ေဆာ့ဂ်င္၏မ်က္ႏွာထားကတင္းကာမာထန္ေန၏။ ဂ်ာမန္ဂတ္စ္တာပိုစစ္သားက ဂ်ဴးေတြကိုၾကည့္သည့္အၾကည့္မ်ိဳး.. ဘက္ေပါင္းစုံကေတာက္ေျပာင္ေနေအာင္ေသြးထားတဲ့ဓါးျမႇောင္တစ္ေခ်ာင္းလိုအၾကည့္မ်ိဳးျဖင့္ဂြၽန္ေဂ်ာင္ကုရဲ႕မ်က္ႏွာကိုစူးစူးရဲရဲစိုက္ၾကည့္ေနေလသည္။

"ရား.. ဘာလို႔ဒီေလာက္ေတာင္စိတ္ေတြဆိုးေနတာလဲ"

"သူ႕ကို.. စိတ္ဆိုးတဲ့အခ်ိန္ဆိုရင္အလွဆုံးပဲလို႔ေျပာထားမိလို႔ေလ။ ခင္ဗ်ားရဲ႕သူငယ္ခ်င္းက.. ကြၽန္ေတာ့္ေရွ႕မွာသူ႕ရဲ႕အလွဆုံးပုံစံကိုပဲျပခ်င္တယ္ထင္ပါရဲ႕"

တစ္ဖက္ကေတာ့ခက္ထန္ေနသေလာက္.. တစ္ဖက္ကၾကည္ႏူးရိပ္သမ္းေနတဲ့အၿပဳံးေတြနဲ႕...

"မင္းတို႔ကဘာေတြလဲ"

"အင္း.. ဘယ္လိုေျပာရမလဲ။ အနမ္းေပးဖူးတဲ့ဆက္ဆံေရးလို႔ပဲေျပာရ... "

~ဒုတ္~

ေဘာလုံးသမားဝင္စားတဲ့ကင္ေဆာ့ဂ်င္တို႔အစြမ္းျပလိုက္တာဒီတစ္ခါလည္းအထိနာပါ၏။

"အ! မင္း.. စကားနဲ႕ေျပာလို႔မရဘူးလား။ ဘာသာစကားေတြရွိေနတာဘာအတြက္လဲ.. ေျပာဖို႔မဟုတ္ဘူးလား"

"ဂ်ီမင္း.. သြားရေအာင္"

"အဲ့လိုထြက္သြားလို႔ရမလား"

လက္ေကာက္ဝတ္မွေဆာင့္ဆြဲလိုက္ေတာ့ခ်ာခနဲလွည့္လာသည့္မ်က္ႏွာေလးမွာေဒါသအရွိန္ေၾကာင့္ရဲရဲနီကာအၾကည့္တို႔ကမာေၾကာစူးရွမႈအျပည့္..

"ပတ္ဂ်ီမင္းရွီ.. အရင္သြားႏွင့္လို႔ရမလား။ ကြၽန္ေတာ္.. ခင္ဗ်ားသူငယ္ခ်င္းနဲ႕ေျပာစရာရွိလို႔"

"ဂ်ီမင္း.. မသြားနဲ႕"

ဂ်ီမင္းကသူတို႔ႏွစ္ေယာက္ရဲ႕မ်က္ႏွာေတြကိုတစ္လွည့္စီေယာင္နနေလးၾကည့္ေနရင္းကဆုံးျဖတ္ခ်က္ခ်လိဳက္သည့္ဟန္ျဖင့္တံေတြးၿမိဳခ်ၿပီး..

"ဟိုေလ.. ေဆာ့ဂ်ီနီ.. မနက္ျဖန္မွေတြ႕မယ္ေနာ္"

"ရား!"

အားကိုးရလြန္းသည့္သူ၏တစ္ဦးတည္းေသာအခ်စ္ဆုံးသူငယ္ခ်င္းႀကီးပတ္ဂ်ီမင္း.. သူ႕စကားကိုတေသြမတိမ္းနားေထာင္ပုံကေတာ့ျမင္တဲ့အတိုင္းပင္။ မ်က္စိတစ္မွိတ္အတြင္းဓါတ္ေလွကားထဲေျပးဝင္သြားလိုက္တာ.. လွစ္ခနဲ။ ဓါတ္ေလွကားတံခါးမပိတ္ခင္လက္သီးေလးႏွစ္ဖက္ဆုပ္ၿပီး fighting ေတာင္လုပ္ျပသြားေသးသည္။

"လႊတ္.. ခင္ဗ်ား.. "

"မ်က္ႏွာေလးျမင္ခ်င္လို႔လာပါတယ္ဆိုမွ.. ဘာလို႔ေက်ာခိုင္းခ်င္ေနတာလဲ.. ေမတၱာတုံးေလးရဲ႕"

ၿပဳံးလိုက္သလိုလိုႏွင့္ရီေဝစြာစူးစိုက္ေငးၾကည့္ရင္းေျပာလာေတာ့႐ုတ္တရက္ေဒါသထြက္ဖို႔သတိမရ။ ရန္ေတြ႕ဖို႔ေမ့ေနေလာက္သည္အထိ အၾကည့္မလႊဲခ်င္ေလာက္ေအာင္ညွို႔ခ်က္ျပင္းတဲ့မ်က္ႏွာေပၚကေကာက္ေၾကာင္းေတြမွာပဲစိတ္ဝင္တစားရွိလွကာ... ေနပါဦး! ခုနကငါ့ကိုဘယ္လိုေခၚလိုက္တာလဲ..

"နာက်င္ရတယ္.. မင္းအဲ့လိုကိုယ့္ကိုေက်ာခိုင္းသြားတိုင္း.. ခႏၶာကိုယ္ထဲကအစိတ္အပိုင္းတစ္ခုလုံးျပဳတ္ထြက္သြားသလိုပဲ"

ပခုံးႏွစ္ဖက္လုံးကိုဆြဲကိုင္ၿပီးေတာင့္ေတာင့္တတေျပာလာတဲ့စကားေတြကိုေလွာင္ေျပာင္ၿပဳံးပစ္ဖို႔ႀကိဳးစားေပမယ့္ႏႈတ္ခမ္းေတြကအမိန့္ကိုမနာခံတတ္ဘဲရွက္ရိပ္တို႔စြန္းထင္းလွ်က္..

"ခ.. ခင္ဗ်ားေတာ့.. အသားနာခ်င္ၿပီနဲ႕တူတယ္"

ေျပာခါမွသူ႕ခါးေလးကိုဆြဲသိမ္းေပြ႕လိုက္ေတာ့မ်က္ႏွာခ်င္းထုလုမတတ္နီးကပ္သြားၿပီး..

"မင္းကေရာ.. အရမ္းအေလ်ာ္ေပးခ်င္ေနတာလား"

စကားဆုံးတာနဲ႕တစ္ကိုယ္လုံးရင္ခြင္ထဲျမဳပ္ေနေအာင္ဖက္ထားၿပီး ႏႈတ္ခမ္းေတြဆီသို႔ေရာက္လာတဲ့အနမ္းေတြမွာအားအျပည့္နဲ႕မို႔သူ႕မ်က္လုံးေတြမွိတ္သြားမိသည္။ ရင္းႏွီးစျပဳေနၿပီျဖစ္တဲ့ကိုယ္သင္းရနံ႕ႏွင့္ေရေမႊးနံ႕ေရာေနသည့္ရင္ခြင္ထဲမွာနစ္ျမဳပ္ရင္းသူ႕ႏႈတ္ခမ္းတစ္ခုလုံးႏူးညံ့စြာစုပ္ယူခံေနရတာေၾကာင့္အမ်ိဳးအမည္မသိေသာခံစားမႈတို႔ေၾကာင့္လွိုက္ဖိုမိန္းေမာလာရသည္။ မဟုတ္ေသးပါဘူး.. ခုနကသူ.. ေဒါသေတြထြက္ေနခဲ့တာပါ။ အခု.. ဘာလို႔.. ထစ္ခနဲရွိရႉးခနဲ.. ဒိုင္းခနဲေပါက္ကြဲတတ္ေသာေဒါသေတြလည္းဘယ္ေခ်ာင္သြားပုန္းေနမွန္းမသိဘဲ.. ရင္ဘတ္တစ္ခုလုံးရင္ခုန္သံတစ္ခုတည္းသာ စိတ္ႀကိဳက္မင္းမူေနေလ၏။

"ဒုကၡပဲကြာ.. ေနာက္ထပ္႐ူးစရာတစ္ခုထပ္တိုးလာျပန္ၿပီ"

နဖူးခ်င္းထိကပ္ထားရင္းမွရင္ခြင္ထဲမွာအသက္မွန္မွန္ရႉရင္းၿငိမ္သက္ေနသည့္မ်က္ႏွာေလးကိုၾကည့္မိေတာ့.. ဘယ္ေလာက္ေငး,ေငး.. ေငးမဝနိုင္ေအာင္လွရက္နိုင္လြန္းတဲ့မ်က္ႏွာေလးမွာ.. ဂ်ယ္လီတုံးေလးလိုႏုအိေဖာင္းတြတ္ေနတဲ့ႏႈတ္ခမ္းဖူးဖူးေလးက.. သူ စိတ္လိုလက္ရေျပးဝင္ခ်င္မိတဲ့ေထာင္ေခ်ာက္ငယ္ေလး.. သိပ္လွလြန္းတဲ့ေထာင္ေခ်ာက္ေလး.. ဒီမ်က္ႏွာေလးကိုဆက္ၾကည့္မိရင္ထိန္းခ်ဳပ္နိုင္စြမ္းေတြၿပိဳလဲလာနိုင္သည္မို႔ အၾကည့္လႊဲကာထိုမ်က္ႏွာေလးကိုသူ႕ရင္ဘတ္တြင္ဖိကပ္ေစၿပီးတင္းေနေအာင္ဖက္ထားလိုက္သည္။

"လႊတ္.. အသက္ရႈက်ပ္ေနၿပီလို႔"

ရွက္သံႏွောေနသည့္အသံေလးကတိုးတိုးညင္ညင္ေလး..

"စကားနဲ႕ေျပာေနတုန္းလႊတ္ေနာ္.. ခင္ဗ်ား"

သူကၾကည္ၾကည္ႏူးႏူးၿပဳံး၍ပိုလို႔တိုးဖက္လိုက္သည္။

"ခင္ဗ်ားေတာ့.. အသက္ရွင္ရတာၿငီးေငြ႕ေနၿပီနဲ႕တူတယ္။ စကားအေကာင္းေျပာေနတုန္းလႊတ္လိုက္ေနာ္.. မဟုတ္ရင္ဘဝတစ္ပါးကိုကူးေျပာင္းသြားမယ္.. ဘာမွတ္ေနလဲ"

စကားလုံးႀကီးေတြနဲ႕ၿခိမ္းေျခာက္ေျပာဆိုေနသူေလးက.. ေလာေလာဆယ္မွာေတာ့သူ႕ရင္ခြင္ထဲမွတုတ္တုတ္ေတာင္မလႈပ္နိုင္ေသး.. ေခါင္းေလးကိုခပ္ဖြဖြပြတ္သပ္ေပးမိေတာ့႐ုန္းေနတဲ့ကိုယ္ငယ္ေလးကၿငိမ္က်သြားသည္.. ပူးကပ္ဖက္ထားေသာဒီလူသားေလးဆီမွတဒိတ္ဒိတ္ခုန္ေနေသာရင္ခုန္သံကိုလည္းအတိုင္းသားၾကားေနရ၏။ သူသိတာေပါ့.. ဒီကေလးေလးကဂ႐ုစိုက္မႈေတြလိုအပ္ေနတယ္ဆိုတာကို..

"ေတာင္းပန္ပါတယ္။ ဒါေပမယ့္.. မင္းကိုနမ္းမိတဲ့အတြက္ေတာင္းပန္တာမဟုတ္ဘူးေနာ္။ အဲ့ဒါက.. အမွားလုပ္မိတာမဟုတ္တဲ့အတြက္ေတာင္းပန္စရာမလိုဘူးလို႔ယူဆတယ္"

".........."

"မင္းကို.. အရင္ကစြပ္စြဲၿပီးေျပာဆိုခဲ့မိတာေတြအတြက္ေတာင္းပန္တာ။ ကိုယ့္ဘာသာကိုယ္တစ္ေယာက္တည္း.. ႐ူးေနခဲ့မိတာကို.. ဘာအျပစ္မွမရွိတဲ့မင္းအေပၚေဒါသေတြပုံခ်ခဲ့မိတဲ့အတြက္ေတာင္းပန္ပါတယ္..တကယ္.. စိတ္ရင္းနဲ႕ေတာင္းပန္ပါတယ္"

".........."

"ကိုယ့္ဘက္က.. ေနာက္ဆိုအေလွ်ာ့ေပးေတာ့မွာမို႔.. မင္းဘက္ကလည္း တစ္ထစ္ေလာက္ေလွ်ာ့ေပးမယ္ဆိုရင္.. ေကာင္း.. "

~ဒုတ္~

"အား!"

"အဲ့ဒါေၾကာင့္.. စကားနဲ႕ေျပာေနတုန္းလႊတ္လိုက္လို႔ေျပာခဲ့သားပဲ"

"ရား! ဘာလို႔ဒီတစ္ေနရာတည္းကိုပဲလာကန္ေနတာလဲ"

"ပိုနာေစခ်င္လို႔"

ေမတၱာတုံးစရာေလးကမ်က္ေစာင္းတစ္ခ်က္ထိုးကာသူ႕အနားကေနေဆာင့္ႀကီးေအာင့္ႀကီးထြက္သြားသည္။

"ဟူခ်ဴ႕ကိုသြားႀကိဳရမွာမဟုတ္လား.. လိုက္ပို႔ေပးမယ္"

"လိုက္ပို႔ရဲလိုက္ပို႔ၾကည့္.. အေသသတ္ပစ္မယ္"

ခက္ေတာ့တာပဲ.. သူ႕ကိုနာက်င္ေစခ်င္သူကိုမွၾကင္နာခ်င္မိတဲ့သူ႕အျဖစ္။ ဘာပဲျဖစ္ျဖစ္.. ဒီတစ္ခါေတာ့အကန္ခံရတာတန္တယ္လို႔ပဲေျပာရမည္။

ဘာျဖစ္လို႔လဲဆိုေတာ့.. ေမတၱာတုံးစရာေလးရဲ႕ရင္ခုန္သံေတြကိုၾကားခြင့္ရခဲ့တယ္ေလ...

********** **********

အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰

တစ္ခုေတာ့ေၾကျငာခ်င္ပါတယ္

တစ္ခ်ိဳ႕လည္းသိေလာက္မွာပါ JinKook author ကိုးေယာက္ေပါင္းၿပီးေရးထားၾကတဲ့ "ႏြေဦးပုံျပင္" ဆိုတဲ့ JinKook one-shot collection ေလးအေၾကာင္းကို..

အဲ့ဒီ့စာအုပ္ေလးထဲမွာ user TtalgiJinnie ကလည္းပါဝင္အားျဖည့္ၿပီးေရးထားပါတယ္လို႔ (အေမကေတာင္ေျပာေနတယ္.. နင္ကကို႔လို႔ကန့္လန့္နဲ႕ဘာဝင္ရႈပ္တာလဲတဲ့ 😅 သားအမိခ်င္းအဲ့လိုဖဲ့တာ)

ကိုယ့္အေရးအသားေတြကစာအုပ္ထဲထည့္ရေလာက္တဲ့အထိမဟုတ္ေပမယ့္ ကိုယ္အနားယူသြားတဲ့အခါ.. ငါစာေတြေရးခဲ့ပါလားဆိုတဲ့အမွတ္တရေလးက်န္ခဲ့ေအာင္ဒီစာအုပ္ေလးထဲမွာဝင္ေရးျဖစ္ခဲ့တာပါ

ဒီစာအုပ္ေလးရဲ႕အျမတ္ေငြေတြကိုလည္း ကိုယ္က်ိဳးအတြက္မသုံးဘဲလိုအပ္တဲ့ေနရာေတြမွာလႉဒါန္းသြားမွာမို႔လို႔စာအုပ္ေလးကိုအိမ္အပါေခၚတာမမွားဘူးလို႔ထင္ပါတယ္ 😊






Continue Reading

You'll Also Like

5.7K 522 6
ဂန္ဓမာပန်းခင်းထဲကမုန်လာဥလေးအကြောင်းသိချင်လား။ သိချင် ဖတ်ကြည့်အားရှိမှာသေချာတယ်နော်။ NamJin Jikook
374K 32.4K 92
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
10.9K 284 14
U+Z I don't own any of this story. For Offline Purpose Only © to original uploader. Start date-12,March,2021 Birthday of Rosé's Solo "ON THE GROUND"...
25.5K 3.2K 28
Remember your words can plant gardens or burn whole forests down.