Reborn Only to Love You Again...

By _little_strawberry

261K 39.9K 1.4K

Original Title: 重生只为再爱你一次 Author: 一个小瓶盖 Chapter: 76 Chapters (Completed) *MTLမှတိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။... More

Description
Chapter 1:ပြန်လည်မွေးဖွားခြင်း
Chapter 2: ချင်းရန်
Chapter 3:စောင့်ရှောက်ပေးခြင်း
Chapter 4:ဆွေမျိုးများ
Chapter 5:မိဘများ
Chapter 6:မသင်္ကာဖွယ်ရာများ
Chapter 7:ခွဲခွါခြင်း
Chapter 8:ဒဏ်ရာကိုတို့ထိခြင်း
Chapter 9:ကိုယ်ဝန်ရှိခြင်း
Chapter 10:ခရီးထွက်ခြင်း
Chapter 11:ရတနာ
Chapter 12:ပျောက်ဆုံးခြင်း
Chapter 13:ရှာဖွေခြင်း
Chapter 14:အရောင်းအဝယ်
Chapter 15:ရှောင်ယွီ
Chapter 16:ခွေးများကို လွှတ်ပေးခြင်း
Chapter 17:တွက်ချက်ခြင်း
Chapter 18:အရှက်မရှိခြင်း
Chapter 19:လူယုတ်မာ
Chapter 20:ပြန်ပေးဆွဲရန်
Chapter 21:အကူအညီတောင်းခြင်း
Chapter 22:ကယ်ဆယ်ခံရခြင်း
Chapter 23:တရားမျှတမှု၏ပိုက်ကွန်
Chapter 24:အိမ်ဆောက်ခြင်း
Chapter 25:ကြီးပြင်းလာခြင်း
Chapter 26:ရည်းစားစာ
Chapter 27: Homosexual Love (1)
Chapter 28:Homosexual Love (2)
Chapter 29:အိမ်မက်ဆိုး(1)
Chapter 30:အိမ်မက်ဆိုး(2)
Chapter 31:အိမ်မက်ဆိုး(3)
Chapter 32:အိမ်မက်ဆိုး(4)
Chapter 33:အိမ်မက်ဆိုး(5)
Chapter 34:အိမ်မက်ဆိုး(6)
Chapter 35:စတင်မှုအသစ်
Chapter 36:နားလည်မှုလွဲခြင်း
Chapter 37:သဝန်တိုခြင်း
Chapter 38:လက်ဆောင်
Chapter 39:ချိုမြိန်မှု
Chapter 40:ယှဉ်ပြိုင်မှု
Chapter 41:ငါသိတယ်
Chapter 42:ပုံပြင်ဟောင်းများ
Chapter 43:ခင်မင်ကျွမ်းဝင်မှု
Chapter 44:ခရစ္စမတ်(အမွှာများ)
Chapter 45:ခရစ္စမတ်(ထိုကိစ္စတွင်)
Chapter 46:ခရစ္စမတ်(တောက်လောင်သောည)
Chapter 47: စိတ်အနှောင့်အယှက်ပေးသော
Chapter 48: ချေးငှါးခြင်း
Chapter 49: အသိပေးခြင်း
Chapter 50:အရူး
Chapter 51:ဘာလဲ?
Chapter 52:ဒေါသ
Chapter 53: တရားခံလက်သည်
Chapter 54:ဒဏ်ခတ်ခံရခြင်း
Chapter 55:ကျောင်းကပွဲ
Chapter 56:တက္ကသိုလ်
Chapter 58:ပြေလည်ခြင်း
Chapter 59:ပြိုင်ဘက်
Chapter 60: ခိုးကြောင်ခိုးဝှက်
Chapter 61:စစ်ဆင်ရေး
Chapter 62: အံ့ဖွယ်ပြောင်းလဲသွားခြင်း
Chapter 63:ကျောက်ကပ်
Chapter 64:ဓာတ်ပုံ
Chapter 65: စိတ်မကောင်းဖြစ်ခြင်း
Chapter 66:ပြန်လာခြင်း
Chapter 67:တွေ့ရှိသွားခြင်း
Chapter 68:မိသားစု
Chapter 69:အမုန်းတရား
Chapter 70: ရိုက်ခြင်း
Chapter 71:စိတ်ပူပန်ခြင်း
Chapter 72: ရိုးသားခြင်း
Chapter 73:ထိုနေ့
Chapter 74: စွဲလန်းခြင်း
Chapter 75:ကျောင်းသားဟောင်းများတွေ့ဆုံပွဲ
Chapter 76:အဆုံးသတ်

Chapter 57: ချောမောသောအမျိုးသားအဆင့်သတ်မှတ်ချက်

2K 371 4
By _little_strawberry

(တဟူဒေါသထွက်ခြင်း)

"ကလေးလေးဖုန်း?"

လီချင်းရန်ကသူ့လက်ထဲမှဓားနှင့်ခရင်းကိုချကာ မျက်မှောင်ကြုတ်ရင်းပြန်မေးလာ၏။

"ဟုတ်တယ်! မင်းကိုပြောဖူးတဲ့ အရင်ကကိုယ်နဲ့အတူပြန်ပေးဆွဲပြီးရောင်းစားခံရတဲ့ကလေးလေ သူကကိုယ့်ရဲ့တက္ကသိုလ်အတန်းဖော်ဖြစ်နေတာ ဒါကတကယ့်ကိုကံကြမ္မာပဲ!"

ကံကြမ္မာ?

လီချင်းရန်၏မျက်လုံးများက ရုတ်တရက်
အေးစက်သွားသော်လည်း တစ်ဖက်ခြမ်းရှိဝမ်တဟူကတော့မသိဘဲ ၎င်းတို့နှစ်ဦးတွေ့ဆုံပုံ၊ထိုကလေးအဖျားကြီးနေချိန်၌ သူကယ်တင်ခဲ့ပုံ၊နှစ်ပေါင်းများစွာကြာသွားပြီဖြစ်သော်လည်း ထိုကလေးမှာငယ်စဉ်ကလိုပင် သေးငယ်ကာဝိုင်းစက်သောမှိုငယ်လေးကဲ့သိုပင်ဟူ၍ ဆက်ကာပေါက်ပေါက်ဖောက်နေတော့သည်။

"သူကကိုယ့်ကိုစာလည်းပို့ခဲ့သေးတယ်တဲ့.........ဒါပေမဲ့ကိုယ်မရခဲ့ဘူးလေ........လိပ်စာမှားသွားတာဖြစ်မယ်.....ဟားဟား အဲ့ဒီတုန်းကသူဘာတွေများရေးထားလဲကိုယ်တစ်ကယ်သိချင်မိတယ်"

"စာပို့သည်"ဟူသောစကားကိုပြောလာသည့်အခါ မည်သူမှမတွေ့နိုင်သောနေရာမှ လီချင်းရန်၏ လက်များကပေါ့ပါးစွာတုန်ခါသွားပြီး သူ့မျက်နှာပေါ်၌လည်း အနည်းငယ်စိတ်မသက်မသာဖြစ်နေသောအကြည့်များ ပေါ်လာတော့သည်။

ဝမ်တဟူက၎င်းကိုသတိထားမိသွားပြီး အလျင်အမြန်မေးလာ၏။

"ရန်ရန် ဘာဖြစ်လို့လဲ? ကိုယ်လုပ်ထားတဲ့အမဲသားကင်ကမကောင်းလို့လား?"

လီချင်းရန်ကသူ့ကိုအေးစက်စက်ဖြင့်တစ်ချက်ကြည့်ကာ ရုတ်တရက်သူ့လက်ထဲမှဓားနှင့်ခရင်းကိုချလိုက်ပြီး မတ်တပ်ထရပ်ကာပြောလာ၏။

"သေချင်လောက်အောင်ကိုအရသာကအရမ်းဆိုးလွန်းတယ်!"

ဝမ်တဟူမှာတစ်ကိုက်မျှမျိုချလိုက်ပြီးနောက် လှည့်ထွက်သွားသောသူကိုကြည့်ကာအံ့ဩသင့်နေပြီး အရာအားလုံးအဆင်ပြေနေသည့် ဤကြောင်ပေါက်လေးမှာမည်သည့်ကိုစိတ်ဆိုးသွားသည်လဲ ဝမ်တဟူမှာမသိတော့။

ညဘက်၌လီချင်းရန်သည် အိပ်ယာပေါ်၌စောစီးစွာပင်လှဲလျောင်းနေပြီး လူညစ်ဝမ်တဟူမှာစကားပြောရန်ပြင်လိုက်သော်လည်း ထိုကောင်လေးမှာတစ်ဖက်သို့လှည့်သွားသဖြင့် ဝမ်တဟူမှာစောင်ကိုသာကိုက်ရင်း မကျေမနပ်ပြောနေရတော့သည်။သို့သော်ဝမ်တဟူမသိသည်က သူအိပ်ပျော်သွားသည့်အခါ သူ့ဘေးနားမှလူကမျက်လုံးများကိုတိတ်တဆိတ်ဖွင့်ရင်း သူ့အားတစ်ညလုံးကြည့်နေခဲ့ခြင်းပင်။

"မနက်ပိုင်းအတန်းရှိလို့စောစောထွက်သွားတယ် စားပွဲပေါ်မှာကြက်ဥကြော်နဲ့ဝက်အူချောင်းတွေတင်ထားခဲ့တယ်"

သူ့လက်ထဲမှစာရွက်လေးအားကြည့်ရင်း ဝမ်တဟူမှာပျင်းရိစွာဖြင့်ခါးကိုဆန့်လိုက်ကာ ရယ်စရာကောင်းသည့်အတွေးတစ်ခုကိုတွေးလိုက်မိ၏။

သူတို့မိသားစုမှရန်ရန်လေးသည်အလုပ်ကြိုးစားလွန်းလှ၏။တက္ကသိုလ်နှစ်စသာဖြစ်သော်လည်း ထိုကောင်လေးမှာဤသို့အစွမ်းကုန်ကြိုးစားနေပြီး ကြိုတင်တွက်ဆထား၍မရသောအခြေအနေများကိုလက်ခံရမည်ဆိုသည်ကိုလည်း မသိသောသူ၏ "ချစ်စဖွယ်မှင်စာပေါက်လေး"ပင်။

နံနက်စာစားပြီးနောက် ဝမ်တဟူကအချိန်ကို ကြည့်လိုက်ရာ ခုနစ်နာရီခွဲပင်ရှိသေးသည်။ယနေ့နံနက်အတန်းမရှိသဖြင့် အလျင်လိုရန်မလိုအပ်ပေ။ ပန်းကန်ပြားကိုဖြည်းညှင်းစွာဆေးကြောပြီးနောက် ကျောင်းဘက်သို့မလှမ်းမီ "မနက်ခင်းသတင်း" ကို ခဏမျှကြည့်လိုက်၏။

ဝမ်တဟူအတန်းထဲသို့ဝင်လိုက်သည်နှင့် သူ့အားလှမ်း၍နှုတ်ဆက်နေသောမှိုငယ်လေးကိုတွေ့လိုက်ရ၏။

"ကိုကိုတဟူ Morning!"

"Morning!"

ဝမ်တဟူကပြုံးကာ သူ့ဘေး၌လွတ်နေသောထိုင်ခုံကိုတွေ့လျှင်မေးလိုက်၏။

"ငါ့အတွက်လား?"

"ဟုတ်တယ်! ကျွန်တော်စောစောလာခဲ့တာ!"

မှိုငယ်လေးကပြုံးကာ တောက်ပြောင်ဖြူဖွေးနေသည့်သွားလေးများကို ပေါ်လွင်သွားစေ၏။

"ကျေးဇူး"

ဝမ်တဟူကထိုင်ပြီးနောက် မေးလိုက်၏။

"ဘယ်လိုလဲ ကျောင်းမှာအဆင်ပြေပြီလား?"

မှိုငယ်လေးကခဏမျှတုံ့ဆိုင်းသွားပြီးနောက် ပြောလာ၏။

"ကောင်းပါတယ် လူတိုင်းကကျွန်တော့်ကိုကောင်းကောင်းဆက်ဆံကြတယ်"

"တစ်ယောက်ယောက်က မင်းကိုအနိုင်ကျင့်ရင်ငါ့ကိုပြော မင်းအတွက်ဖြေရှင်းပေးမယ်"

"ဟုတ် ကိုကိုတဟူကျေးဇူးပါ ဒါနဲ့ကိုကိုတဟူကဘယ်အဆောင်မှာနေတာလဲ?"

"အာ ငါကနေ့ကျောင်းပဲတက်တာ ကျောင်းနဲ့နီးတဲ့နေရာမှာအိမ်ငှါးနေတယ်လေ"

"တစ်ယောက်ထဲနေတာလား?"

"မဟုတ်ဘူး!"

ဝမ်တဟူပြုံးရွှင်နေသောမျက်နှာအားပြသလာပြီး မင်းသိပါတယ်ဟူသောအကြည့်မျိုးဖြင့်ပြောလာ၏။

"ငါ့အချစ်လေးနဲ့အတူနေတာ!"

".....ဒါဆို ကိုကိုတဟူမှာရည်းစားရှိနေပြီပေါ့!"

မှိုငယ်လေးကရုတ်တရက်စိတ်ပျက်သွားသောအကြည့်မျိုးဖြင့်။

"အာ? မင်းဘာပြောတာလဲ?"

"ဘာမှမဟုတ်ဘူး"

ဤသို့ဖြင့်ဆရာမရောက်လာပြီး သူတို့နှစ်ယောက်စကားရပ်သွားကြ၏။

ဝမ်တဟူကဂရုတစိုက်နားထောင်ပြီး သေချာမှတ်သား၏။တက္ကသိုလ်ရောက်သည်နှင့် သူတို့၏အင်အားများကိုလွှတ်ချကာ သောက်စားပျော်ပါးနေကြသည့်သူများနှင့်မတူဘဲ ဝမ်တဟူ၌ သူ့ကိုယ်ပိုင်ဘဝအစီအစဉ်များရှိသောကြောင့် "တက္ကသိုလ်" ကိုအနာဂတ်အတွက်"အခြေခံအုတ်မြစ်"အဖြစ်သတ်မှတ်ပြီး လက်တွေ့၌သေချာပေါက်ကိုတတ်ကျွမ်းရမည်ပင်။

နေ့လည်၌ မှိုငယ်လေးနှင့်အတူနေ့လည်စာစားခဲ့၏။

ထိုကလေးမှာငယ်စဉ်ကနှင့်အတူတူပင်။ဤကဲ့သို့အလိုက်ခံထားရသလိုဖြစ်နေသော်လည်း သူသည် အလွန်ချစ်စဖွယ်ကောင်းပြီး ပေါင်းသင်းရသည်ကစိတ်အနှောက်အယှက်မဖြစ်စေပေ။

အချိန်များတဖြည်းဖြည်းကုန်လာသည်နှင့်အမျှ ဝမ်တဟူနှင့်လီချင်းရန်တို့သည် မတူညီသောအရပ်ဒေသမှနေထိုင်မှုပုံစံများဖြင့် တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာခဲ့ကြ၏။သူတို့၏ဘေးကင်းမှုကိုသတင်းပို့ရန် ရက်အနည်းငယ်ကြာတိုင်းအိမ်ကိုဖုန်းဆက်သည်မှလွဲ၍ သူတို့နှစ်ယောက်လုံးကကျွမ်းကျင်ရန်လိုအပ်သည့်ဗဟုသုတမျိုးစုံကိုသာ သင်ယူရန်အလုပ်များနေခဲ့ကြလေသည်။

အထူးသဖြင့် လီချင်းရန်သည်အလွန်ပင် လုံ့လဝီရိယရှိ၍ အစာစားရန်နှင့်အိပ်ရန်ကိုပင် မေ့လုနီးပါးဖြစ်နေခဲ့၏။ညတိုင်းအိမ်ပြန်ရောက်ပြီးသည်နှင့် ဆေးစာအုပ်များကိုလှန်ကြည့်ခြင်း သို့မဟုတ် ကွန်ပျူတာရှေ့ထိုင်ကာ "ရောဂါဗေဒဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်း" အကြောင်းရေးနေခြင်းကြောင့် မလွှဲမရှောင်သာ၎င်းသည် ဝမ်တဟူ၏ "လိင်ပိုင်းဆိုင်ရာသုခချမ်းသာဘဝ" ကိုသွယ်ဝိုက်၍ ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့လေသည်။

ဤကိစ္စအားသူကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည့်တိုင် ချစ်ဇနီးလေး၏အေးစက်လှသောအကြည့်များကြောင့် အံကြိတ်ကာသည်းခံနေရုံသာတတ်နိုင်ခဲ့လေသည်!

"ဝမ်တဟူ ကြည့်ရတာမင်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကကောင်းတာပဲ ငါတို့ဘောလုံးအသင်းမှာ ပါဝင်ဖို့စိတ်ဝင်စားလား?"

"ဟ ဝမ်တဟူကို မင်းတို့ကလပ်ကိုလာပူးပေါင်ခိုင်းနေတယ်ပေါ့ အဲ့ဒါကထူးချွန်တဲ့အရည်အချင်းကိုအလကားဖြုန်းတီးပစ်သလိုဖြစ်နေမှာ ငါတို့ဘတ်စကတ်ဘောအသင်းကသာ သူ့အတွက်ရွေးချယ်မှုကောင်းပဲ!"

"ဒီနွေရာသီမှာ တက္ကသိုလ်ကဘောလုံးနဲ့ဘတ်စကတ်ဘောနှစ်မျိုးလုံးကပြေးရတာတွေ ချွေးအရမ်းထွက်တာအဆင်မပြေဘူး နောက်ပြီးကလပ်နှစ်ခုလုံးမှာအများစုကအမျိုးသားတွေပဲ ငါတို့ရေကူးအသင်းလိုမဟုတ်ဘူး ဟီးဟီး.....ညီလေး မင်းနားလည်တယ်မလား?"

"ငါတို့ရဲ့musicကလပ်ကိုလာခဲ့ပါ မင်းရဲ့ဒီလိုပုံစံနဲ့စင်မြင့်ပေါ်မှာရပ်နေရင် လုံးဝကိုရော့ခ်စတားစတိုင်ပဲ!ငါတို့ကျောင်းမှာဖျော်ဖြေပွဲရှိတဲ့အခါ မင်းရေပန်းစားလာလိမ့်မယ်! ချစ်ဖို့ကောင်းတဲ့ကောင်မလေးတွေကမင်းအတွက်အော်ဟစ်နေကြတာကို တွေးကြည့်လိုက် မင်းဘာကိုစောင့်နေတာလဲ! ဘာတွေများတုံ့ဆိုင်းနေတာလဲ? Musicကလပ်ကိုလာခဲ့!"

"အတန်းဖော်ဝမ်တဟူ........"

"အတန်းဖော်ဝမ်တဟူ........."

ဝမ်တဟူသည် လူအုပ်ကြီးထံမှလိုက်ကာဝိုင်းပြီးနှောင့်ယှက်ခံနေရခြင်းကြောင့် နီရဲနေသောမျက်နှာဖြင့်ပြေးထွက်လာကာ မှိုငယ်လေးကိုလည်းဆွဲထုတ်ရင်းရှေ့သို့ဆက်ပြေးသွားပြီး ထိုလူများကိုရှောင်နိုင်သည့်နေရာထိရောက်အောင်တန်းသွားခဲ့ပြီးနောက်တွင်တော့ သူမှာအသက်ရှူပင်မဝတော့။

"ကို ကိုကိုတဟူကအရမ်းနာမည်ကြီးတာပဲ!"

ဖုန်းနန်၏မျက်နှာငယ်လေးသည်နီရဲနေပြီး စိတ်လှုပ်ရှားမှုဖြင့်သက်ပြင်းချလိုက်လေသည်။

၎င်းကိုကြားပြီးနောက် ဝမ်တဟူကခနဲ့တဲ့တဲ့အပြုံးမျိုးပြုံးလာပြီး တွေးလိုက်မိ၏။

အရာအားလုံးမှာ "တက္ကသိုလ်Z၏ချောမောသောအမျိုးသားအဆင့်သတ်မှတ်ချက်စာရင်း"ကိုသာအပြစ်တင်ရမည်ပင်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကကျောင်းဝန်းအတွင်းမှတစ်ယောက်ကBBSဖြင့် ကျောင်းရှိချောမောသော ယောက်ျားလေးများစာရင်းကိုပို့စ်တင်ခဲ့ပြီး ကျောင်း၌အသစ်ဝင်ရောက်လာသူဝမ်တဟူသည် လက္ခဏာရပ်နှစ်ခုဖြစ်သည့် "ရက်စက်သောကျားတစ်ကောင်လိုထက်သန်သောစိတ်ဓာတ်မျိုးအပြည့်ရှိပြီး တောက်ပသောမက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းများ"ဖြင့် ထိပ်တန်းဆယ်ယောက်တွင်ဒုတိယနေရာအဖြစ် ရွေးချယ်ခံခဲ့ရလေသည်။

၎င်းမှာ ကျောင်းတစ်ကျောင်းလုံးရှိမိန်းကလေးများ၏ အာရုံစူးစိုက်မှုနှင့်ဆွေးနွေးမှုများကို နှိုးဆွပေးခဲ့လေသည်။တိုက်ဆိုင်စွာပင် ဤအချိန်သည် ကလပ်အသီးသီးမှအဖွဲ့ဝင်အသစ်များစုဆောင်းနေချိန်ဖြစ်ပြီး လူသိများသောဆိုင်းဘုတ်ဖြစ်သည့်ဝမ်တဟူသည် လူတိုင်း၏ပြိုင်ဆိုင်မှုပစ်မှတ်ဖြစ်လာခဲ့တော့သည်။

"မင်းငါ့ကိုမလှောင်ပါနဲ့ မင်းလည်းနာမည်မကြီးတာမှမဟုတ်တာ ဒီစကားကိုဘယ်လိုပြောရမလဲစဉ်းစားနေတာ သေးသေးသွယ်သွယ်သိမ်မွေ့နူးညံ့ပြီးအမူအကျင့်ကောင်းတွေပေါင်းစပ်ထားတာက မိန်းကလေးတွေရဲ့မိခင်စိတ်ကိုအပြည့်အဝနှိုးဆွပေးနိုင်တာပဲ အတန်းဖော်ဖုန်းနန် ချောမောတဲ့အမျိုးသားစာရင်းမှာ အဆင့်8ချိတ်တဲ့အတွက်ဂုဏ်ပြုပါတယ်"

"ကိုကိုတဟူ!"

ဝမ်တဟူ၏ပြက်ရယ်ပြုသည့်စကားကိုကြားလျှင် မှိုငယ်လေးကဒေါသတကြီးဖြင့် နှုတ်ခမ်းစူကာပြောလာ၏။

"ဒါပေမဲ့သူတို့ကဘာလို့ကျွန်တော့်ကို "လက်မှုပညာကလပ်" "အရုပ်မော်ဒယ်ဌာန"အဲ့လိုမျိုးတွေကိုပဲခေါ်နေကြတာလဲ အချို့လူတွေကအားကစားကလပ်ကိုလဲဝင်ချင်ကြမှာပဲကို!"

"ဟားဟားဟား......."

ဝမ်တဟူကလှောင်ပြောင်လိုက်၏။

"ဒါကပုံပန်းသဏ္ဍာန် ဒါမှမဟုတ် အဲ့လိုတစ်ခုခုနဲ့ အများကြီးသက်ဆိုင်နိုင်တယ်လေ"

"မုန်းလိုက်တာ!"

ဖုန်းနန်ကလက်သီးကိုတင်းတင်းဆုပ်ပြီး သူ့အားအကြိမ်အနည်းငယ်မျှဖွဖွလေးရိုက်လာ၏။

"ကျွန်တော့်ကိုလျှော့မတွက်ပါနဲ့! ကျွန်တော်လည်း တိုက်ကွမ်ဒိုကိုတတ်မြောက်ထားတဲ့သူပါနော်"

"မင်းက—တိုက်ကွမ်ဒိုသင်ထားတာ? Tsk Tsk ငါပြောမယ် နှစ်တွေဒီလောက်ကြာသွားတာတောင်မင်းကဘာလို့နည်းနည်းလေးမှကြီးမလာရတာလဲ တစ်ယောက်ယောက်ကမင်းကိုပစ်လှဲချလိုက်ရင်ဘယ်လိုလုပ်မလဲ? နောက်ပိုင်းငါမင်းကို မှိုပြားလေးလို့ပဲခေါ်တော့မယ်"

"ကိုကိုတဟူ!!"

နှစ်ယောက်သားရယ်မောကာ ငြင်းခုံနေကြချိန်၌ဝမ်တဟူ၏ဖုန်းကရုတ်တရက်မြည်လာ၏။

ဖုန်းနန်သည် ရုတ်တရက်ညို့မှိုင်းသွားသောမျက်နှာကိုကြည့်ကာ စိုးရိမ်တကြီးမေးလိုက်လေသည်။

" ဘာဖြစ်တာလဲ?"

"နေ့ခင်းဘက်အတွက် ငါ့ကိုကူပြီးခွင့်တိုင်ထားပေးပါ"

ဝမ်တဟူကသိပ်ရှင်းပြမနေဘဲ အမြန်ထွက်သွားကာကျောင်းတံခါးဆီသို့ပြေးသွားတော့သည်။

တက္ကသိုလ်Y၏ဆေးပေးခန်း၌။

ဝမ်တဟူကတံခါးကိုတွန်းဖွင့်လိုက်ချိန်၌ အခန်းထဲမှဆရာမကထကာမေးလာ၏။

"ဘယ်သူလဲ?"

"မင်းကဘယ်လိုလူလဲ? ကျောင်းသား မင်းယဉ်ကျေးမှုမရှိဘူးလား တံခါးခေါက်ရမယ်ဆိုတာကိုမသိဘူးလား?"

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဆရာမ ကျွန်တော်လီချင်းရန်ကိုရှာနေတာပါ"

အသက်လေးဆယ်အရွယ်အမျိုးသမီးဆရာမက သူ့ကိုလှမ်းကြည့်ကာ မေးလာ၏။

"မင်းက ဘယ်သူလဲ?"

"ကျွန်တော်က သူ့အစ်ကိုကြီးပါ"

"အိုး! စိတ်မပူပါနဲ့ ငါသူ့ကိုစစ်ဆေးကြည့်ထားတယ် ဘယ်ဘက်ခြေကျင်းဝတ်ကပဲ နည်းနည်းအဆစ်လွဲသွားတာပါ ဒါနဲ့အရင်ကခြေထောက်ခွဲစိတ်ဖူးတာလား?"

"ဟုတ်ပါတယ် ဟုတ်ပါတယ် ရန်ရန်ကအရင်ကခြေထောက်ဒဏ်ရာရခဲ့ဖူးတယ် ဒါပေမဲ့နောက်ပိုင်းပျေက်သွားတယ် အဲ့ဒါကဖြစ်နိုင်လား....?"

"အဲ့ဒါတော့မဟုတ်ဘူး သူကအရင်ကဒဏ်ရာရဖူးတော့ သူ့ရဲ့ဒီperiosteum(အရိုးပေါ်ဖုံးအုပ်ထားသည့်အမြှေးအသားမျှင်)တွေကသာမန်လူတွေထပ်ပိုပါးနေတယ် ဒါကြောင့်ခြေထောက်ပေါ်ကိုဝန်ထုတ်ဝန်ပိုးမဖြစ်အောင် သတိထားနေသင့်တယ် ပြီးတော့ကျောင်းသားလီကမကြာသေးခင်တုန်းက တော်တော်လေးဆိုးတဲ့သွေးအားနည်းရောဂါနဲ့ အလယ်အလတ်အာရုံကြောအားနည်းတာတွေဖြစ်နေသေးတယ် ဒါကသူ့အတွက်ငါညွှန်ကြားထားတဲ့ဆေးတွေပဲ ယူသွားပြီးအချိန်မှန်သောက်ခိုင်းပါ သူအထဲမှာရှိတယ် မင်းသူ့ကိုသွားတွေ့လိုက်ပါ!"

ပိုးသတ်ဆေးရနံ့ရနေသောအဖြူရောင်ကုလားကာကိုဖွင့်လိုက်ပြီး ဝမ်တဟူသည်ဆေးပေးခန်း၏ကုတင်ပေါ်၌လှဲလျောင်းနေသောလီချင်းရန်ကိုတစ်ချက်မျှကြည့်လိုက်၏။

သူ၏ခြေကျင်းဝတ်တစ်ဝိုက်၌ပတ်တီးစည်းထားပြီး IVလည်းချိတ်ထား၏။

ဝမ်တဟူက သူ့အနားသို့ညင်သာစွာလျှောက်သွားလိုက်လေသည်။

တစ်ခုခုကိုခံစားလိုက်မိသဖြင့် လီချင်းရန်ကလည်း မျက်လုံးများကိုဖွင့်လိုက်၏။

"နာနေသေးလား?"

ဝမ်တဟူကသွေးရောင်ကင်းမဲ့နေသောမျက်နှာလေးအား ပူပန်စွာဖြင့်ထိလိုက်၏။

"ရန်ရန်အဆင်ပြေပါတယ်! ဘာလို့ဒီကိုရောက်နေတာလဲ?"

"မင်းရဲ့အတန်းဖော်ကမင်းရဲ့ဖုန်းနဲ့ကိုယ့်ကိုဆက်တယ်လေ"

ဝမ်တဟူကသူ့ကိုယ်သူအပြစ်တင်နေရင်း ပြောလာ၏။

"ဒါကကိုယ့်အမှားပဲ မင်းရဲ့လတ်တလောအဆင်မပြေမှုတွေကိုတောင် ကိုယ်သတိမထားမိခဲ့ဘူး!"

လီချင်းရန်ကခေါင်းခါကာ အက်ကွဲနေသောအသံလေးဖြင့်ပြောလာ၏။

"ရန်ရန်ကမတော်တဆလှေကားပေါ်ကပြုတ်ကျတာလေ ဘယ်လိုလုပ်တဟူရဲ့အပြစ်ဖြစ်ရမှာလဲ!"

နေ့ခင်းတလျှောက်လုံး ဝမ်တဟူကသူနှင့်အတူရှိနေခဲ့ပြီး ဆေးသွင်းခြင်းပြီးသွားသောအခါတွင် သူ၏ငြင်းဆန်နေမှုကြားမှ အိမ်သို့အတင်းအဓမ္မခေါ်သွားခဲ့လေသည်။လီချင်းရန်သည် ဆိုဖာပေါ်တွင်ထိုင်ကာ မီးဖိုချောင်တွင်အလုပ်များနေသော ဝမ်တဟူကိုကြည့်ရင်း နှုတ်ခမ်းစူလိုက်မိ၏။

တဟူဒေါသထွက်နေကြောင်း သူသိလေသည်။

-Zawgyi

(တဟူေဒါသထြက္ျခင္း)

"ကေလးေလးဖုန္း?"

လီခ်င္းရန္ကသူ႔လက္ထဲမွဓားႏွင့္ခရင္းကိုခ်ကာ မ်က္ေမွာင္ၾကဳတ္ရင္းျပန္ေမးလာ၏။

"ဟုတ္တယ္! မင္းကိုေျပာဖူးတဲ့ အရင္ကကိုယ္နဲ႔အတူျပန္ေပးဆြဲၿပီးေရာင္းစားခံရတဲ့ကေလးေလ သူကကိုယ့္ရဲ႕တကၠသိုလ္အတန္းေဖာ္ျဖစ္ေနတာ ဒါကတကယ့္ကိုကံၾကမၼာပဲ!"

ကံၾကမၼာ?

လီခ်င္းရန္၏မ်က္လုံးမ်ားက ႐ုတ္တရက္
ေအးစက္သြားေသာ္လည္း တစ္ဖက္ျခမ္းရွိဝမ္တဟူကေတာ့မသိဘဲ ၎တို႔ႏွစ္ဦးေတြ႕ဆုံပုံ၊ထိုကေလးအဖ်ားႀကီးေနခ်ိန္၌ သူကယ္တင္ခဲ့ပုံ၊ႏွစ္ေပါင္းမ်ားစြာၾကာသြားၿပီျဖစ္ေသာ္လည္း ထိုကေလးမွာငယ္စဥ္ကလိုပင္ ေသးငယ္ကာဝိုင္းစက္ေသာမႈိငယ္ေလးကဲ့သိုပင္ဟူ၍ ဆက္ကာေပါက္ေပါက္ေဖာက္ေနေတာ့သည္။

"သူကကိုယ့္ကိုစာလည္းပို႔ခဲ့ေသးတယ္တဲ့.........ဒါေပမဲ့ကိုယ္မရခဲ့ဘူးေလ........လိပ္စာမွားသြားတာျဖစ္မယ္.....ဟားဟား အဲ့ဒီတုန္းကသူဘာေတြမ်ားေရးထားလဲကိုယ္တစ္ကယ္သိခ်င္မိတယ္"

"စာပို႔သည္"ဟူေသာစကားကိုေျပာလာသည့္အခါ မည္သူမွမေတြ႕ႏိုင္ေသာေနရာမွ လီခ်င္းရန္၏ လက္မ်ားကေပါ့ပါးစြာတုန္ခါသြားၿပီး သူ႔မ်က္ႏွာေပၚ၌လည္း အနည္းငယ္စိတ္မသက္မသာျဖစ္ေနေသာအၾကည့္မ်ား ေပၚလာေတာ့သည္။

ဝမ္တဟူက၎ကိုသတိထားမိသြားၿပီး အလ်င္အျမန္ေမးလာ၏။

"ရန္ရန္ ဘာျဖစ္လို႔လဲ? ကိုယ္လုပ္ထားတဲ့အမဲသားကင္ကမေကာင္းလို႔လား?"

လီခ်င္းရန္ကသူ႔ကိုေအးစက္စက္ျဖင့္တစ္ခ်က္ၾကည့္ကာ ႐ုတ္တရက္သူ႔လက္ထဲမွဓားႏွင့္ခရင္းကိုခ်လိုက္ၿပီး မတ္တပ္ထရပ္ကာေျပာလာ၏။

"ေသခ်င္ေလာက္ေအာင္ကိုအရသာကအရမ္းဆိုးလြန္းတယ္!"

ဝမ္တဟူမွာတစ္ကိုက္မွ်မ်ိဳခ်လိုက္ၿပီးေနာက္ လွည့္ထြက္သြားေသာသူကိုၾကည့္ကာအံ့ဩသင့္ေနၿပီး အရာအားလုံးအဆင္ေျပေနသည့္ ဤေၾကာင္ေပါက္ေလးမွာမည္သည့္ကိုစိတ္ဆိုးသြားသည္လဲ ဝမ္တဟူမွာမသိေတာ့။

ညဘက္၌လီခ်င္းရန္သည္ အိပ္ယာေပၚ၌ေစာစီးစြာပင္လွဲေလ်ာင္းေနၿပီး လူညစ္ဝမ္တဟူမွာစကားေျပာရန္ျပင္လိုက္ေသာ္လည္း ထိုေကာင္ေလးမွာတစ္ဖက္သို႔လွည့္သြားသျဖင့္ ဝမ္တဟူမွာေစာင္ကိုသာကိုက္ရင္း မေက်မနပ္ေျပာေနရေတာ့သည္။သို႔ေသာ္ဝမ္တဟူမသိသည္က သူအိပ္ေပ်ာ္သြားသည့္အခါ သူ႔ေဘးနားမွလူကမ်က္လုံးမ်ားကိုတိတ္တဆိတ္ဖြင့္ရင္း သူ႔အားတစ္ညလုံးၾကည့္ေနခဲ့ျခင္းပင္။

"မနက္ပိုင္းအတန္းရွိလို႔ေစာေစာထြက္သြားတယ္ စားပြဲေပၚမွာၾကက္ဥေၾကာ္နဲ႔ဝက္အူေခ်ာင္းေတြတင္ထားခဲ့တယ္"

သူ႔လက္ထဲမွစာ႐ြက္ေလးအားၾကည့္ရင္း ဝမ္တဟူမွာပ်င္းရိစြာျဖင့္ခါးကိုဆန္႔လိုက္ကာ ရယ္စရာေကာင္းသည့္အေတြးတစ္ခုကိုေတြးလိုက္မိ၏။

သူတို႔မိသားစုမွရန္ရန္ေလးသည္အလုပ္ႀကိဳးစားလြန္းလွ၏။တကၠသိုလ္ႏွစ္စသာျဖစ္ေသာ္လည္း ထိုေကာင္ေလးမွာဤသို႔အစြမ္းကုန္ႀကိဳးစားေနၿပီး ႀကိဳတင္တြက္ဆထား၍မရေသာအေျခအေနမ်ားကိုလက္ခံရမည္ဆိုသည္ကိုလည္း မသိေသာသူ၏ "ခ်စ္စဖြယ္မွင္စာေပါက္ေလး"ပင္။

နံနက္စာစားၿပီးေနာက္ ဝမ္တဟူကအခ်ိန္ကို ၾကည့္လိုက္ရာ ခုနစ္နာရီခြဲပင္ရွိေသးသည္။ယေန႔နံနက္အတန္းမရွိသျဖင့္ အလ်င္လိုရန္မလိုအပ္ေပ။ ပန္းကန္ျပားကိုျဖည္းညႇင္းစြာေဆးေၾကာၿပီးေနာက္ ေက်ာင္းဘက္သို႔မလွမ္းမီ "မနက္ခင္းသတင္း" ကို ခဏမွ်ၾကည့္လိုက္၏။

ဝမ္တဟူအတန္းထဲသို႔ဝင္လိုက္သည္ႏွင့္ သူ႔အားလွမ္း၍ႏႈတ္ဆက္ေနေသာမႈိငယ္ေလးကိုေတြ႕လိုက္ရ၏။

"ကိုကိုတဟူ Morning!"

"Morning!"

ဝမ္တဟူကၿပဳံးကာ သူ႔ေဘး၌လြတ္ေနေသာထိုင္ခုံကိုေတြ႕လွ်င္ေမးလိုက္၏။

"ငါ့အတြက္လား?"

"ဟုတ္တယ္! ကြၽန္ေတာ္ေစာေစာလာခဲ့တာ!"

မႈိငယ္ေလးကၿပဳံးကာ ေတာက္ေျပာင္ျဖဴေဖြးေနသည့္သြားေလးမ်ားကို ေပၚလြင္သြားေစ၏။

"ေက်းဇူး"

ဝမ္တဟူကထိုင္ၿပီးေနာက္ ေမးလိုက္၏။

"ဘယ္လိုလဲ ေက်ာင္းမွာအဆင္ေျပၿပီလား?"

မႈိငယ္ေလးကခဏမွ်တုံ႔ဆိုင္းသြားၿပီးေနာက္ ေျပာလာ၏။

"ေကာင္းပါတယ္ လူတိုင္းကကြၽန္ေတာ့္ကိုေကာင္းေကာင္းဆက္ဆံၾကတယ္"

"တစ္ေယာက္ေယာက္က မင္းကိုအႏိုင္က်င့္ရင္ငါ့ကိုေျပာ မင္းအတြက္ေျဖရွင္းေပးမယ္"

"ဟုတ္ ကိုကိုတဟူေက်းဇူးပါ ဒါနဲ႔ကိုကိုတဟူကဘယ္အေဆာင္မွာေနတာလဲ?"

"အာ ငါကေန႔ေက်ာင္းပဲတက္တာ ေက်ာင္းနဲ႔နီးတဲ့ေနရာမွာအိမ္ငွါးေနတယ္ေလ"

"တစ္ေယာက္ထဲေနတာလား?"

"မဟုတ္ဘူး!"

ဝမ္တဟူၿပဳံး႐ႊင္ေနေသာမ်က္ႏွာအားျပသလာၿပီး မင္းသိပါတယ္ဟူေသာအၾကည့္မ်ိဳးျဖင့္ေျပာလာ၏။

"ငါ့အခ်စ္ေလးနဲ႔အတူေနတာ!"

".....ဒါဆို ကိုကိုတဟူမွာရည္းစားရွိေနၿပီေပါ့!"

မႈိငယ္ေလးက႐ုတ္တရက္စိတ္ပ်က္သြားေသာအၾကည့္မ်ိဳးျဖင့္။

"အာ? မင္းဘာေျပာတာလဲ?"

"ဘာမွမဟုတ္ဘူး"

ဤသို႔ျဖင့္ဆရာမေရာက္လာၿပီး သူတို႔ႏွစ္ေယာက္စကားရပ္သြားၾက၏။

ဝမ္တဟူကဂ႐ုတစိုက္နားေထာင္ၿပီး ေသခ်ာမွတ္သား၏။တကၠသိုလ္ေရာက္သည္ႏွင့္ သူတို႔၏အင္အားမ်ားကိုလႊတ္ခ်ကာ ေသာက္စားေပ်ာ္ပါးေနၾကသည့္သူမ်ားႏွင့္မတူဘဲ ဝမ္တဟူ၌ သူ႔ကိုယ္ပိုင္ဘဝအစီအစဥ္မ်ားရွိေသာေၾကာင့္ "တကၠသိုလ္" ကိုအနာဂတ္အတြက္"အေျခခံအုတ္ျမစ္"အျဖစ္သတ္မွတ္ၿပီး လက္ေတြ႕၌ေသခ်ာေပါက္ကိုတတ္ကြၽမ္းရမည္ပင္။

ေန႔လည္၌ မႈိငယ္ေလးႏွင့္အတူေန႔လည္စာစားခဲ့၏။

ထိုကေလးမွာငယ္စဥ္ကႏွင့္အတူတူပင္။ဤကဲ့သို႔အလိုက္ခံထားရသလိုျဖစ္ေနေသာ္လည္း သူသည္ အလြန္ခ်စ္စဖြယ္ေကာင္းၿပီး ေပါင္းသင္းရသည္ကစိတ္အေႏွာက္အယွက္မျဖစ္ေစေပ။

အခ်ိန္မ်ားတျဖည္းျဖည္းကုန္လာသည္ႏွင့္အမွ် ဝမ္တဟူႏွင့္လီခ်င္းရန္တို႔သည္ မတူညီေသာအရပ္ေဒသမွေနထိုင္မႈပုံစံမ်ားျဖင့္ တျဖည္းျဖည္းလိုက္ေလ်ာညီေထြျဖစ္လာခဲ့ၾက၏။သူတို႔၏ေဘးကင္းမႈကိုသတင္းပို႔ရန္ ရက္အနည္းငယ္ၾကာတိုင္းအိမ္ကိုဖုန္းဆက္သည္မွလြဲ၍ သူတို႔ႏွစ္ေယာက္လုံးကကြၽမ္းက်င္ရန္လိုအပ္သည့္ဗဟုသုတမ်ိဳးစုံကိုသာ သင္ယူရန္အလုပ္မ်ားေနခဲ့ၾကေလသည္။

အထူးသျဖင့္ လီခ်င္းရန္သည္အလြန္ပင္ လုံ႔လဝီရိယရွိ၍ အစာစားရန္ႏွင့္အိပ္ရန္ကိုပင္ ေမ့လုနီးပါးျဖစ္ေနခဲ့၏။ညတိုင္းအိမ္ျပန္ေရာက္ၿပီးသည္ႏွင့္ ေဆးစာအုပ္မ်ားကိုလွန္ၾကည့္ျခင္း သို႔မဟုတ္ ကြန္ပ်ဴတာေရွ႕ထိုင္ကာ "ေရာဂါေဗဒဆိုင္ရာခြဲျခမ္းစိတ္ျဖာျခင္း" အေၾကာင္းေရးေနျခင္းေၾကာင့္ မလႊဲမေရွာင္သာ၎သည္ ဝမ္တဟူ၏ "လိင္ပိုင္းဆိုင္ရာသုခခ်မ္းသာဘဝ" ကိုသြယ္ဝိုက္၍ ျပင္းျပင္းထန္ထန္ထိခိုက္ေစခဲ့ေလသည္။

ဤကိစၥအားသူကျပင္းျပင္းထန္ထန္ကန္႔ကြက္ခဲ့သည့္တိုင္ ခ်စ္ဇနီးေလး၏ေအးစက္လွေသာအၾကည့္မ်ားေၾကာင့္ အံႀကိတ္ကာသည္းခံေန႐ုံသာတတ္ႏိုင္ခဲ့ေလသည္!

"ဝမ္တဟူ ၾကည့္ရတာမင္းရဲ႕႐ုပ္ပိုင္းဆိုင္ရာအေျခအေနကေကာင္းတာပဲ ငါတို႔ေဘာလုံးအသင္းမွာ ပါဝင္ဖို႔စိတ္ဝင္စားလား?"

"ဟ ဝမ္တဟူကို မင္းတို႔ကလပ္ကိုလာပူးေပါင္ခိုင္းေနတယ္ေပါ့ အဲ့ဒါကထူးခြၽန္တဲ့အရည္အခ်င္းကိုအလကားျဖဳန္းတီးပစ္သလိုျဖစ္ေနမွာ ငါတို႔ဘတ္စကတ္ေဘာအသင္းကသာ သူ႔အတြက္ေ႐ြးခ်ယ္မႈေကာင္းပဲ!"

"ဒီေႏြရာသီမွာ တကၠသိုလ္ကေဘာလုံးနဲ႔ဘတ္စကတ္ေဘာႏွစ္မ်ိဳးလုံးကေျပးရတာေတြ ေခြၽးအရမ္းထြက္တာအဆင္မေျပဘူး ေနာက္ၿပီးကလပ္ႏွစ္ခုလုံးမွာအမ်ားစုကအမ်ိဳးသားေတြပဲ ငါတို႔ေရကူးအသင္းလိုမဟုတ္ဘူး ဟီးဟီး.....ညီေလး မင္းနားလည္တယ္မလား?"

"ငါတို႔ရဲ႕musicကလပ္ကိုလာခဲ့ပါ မင္းရဲ႕ဒီလိုပုံစံနဲ႔စင္ျမင့္ေပၚမွာရပ္ေနရင္ လုံးဝကိုေရာ့ခ္စတားစတိုင္ပဲ!ငါတို႔ေက်ာင္းမွာေဖ်ာ္ေျဖပြဲရွိတဲ့အခါ မင္းေရပန္းစားလာလိမ့္မယ္! ခ်စ္ဖို႔ေကာင္းတဲ့ေကာင္မေလးေတြကမင္းအတြက္ေအာ္ဟစ္ေနၾကတာကို ေတြးၾကည့္လိုက္ မင္းဘာကိုေစာင့္ေနတာလဲ! ဘာေတြမ်ားတုံ႔ဆိုင္းေနတာလဲ? Musicကလပ္ကိုလာခဲ့!"

"အတန္းေဖာ္ဝမ္တဟူ........"

"အတန္းေဖာ္ဝမ္တဟူ........."

ဝမ္တဟူသည္ လူအုပ္ႀကီးထံမွလိုက္ကာဝိုင္းၿပီးေႏွာင့္ယွက္ခံေနရျခင္းေၾကာင့္ နီရဲေနေသာမ်က္ႏွာျဖင့္ေျပးထြက္လာကာ မႈိငယ္ေလးကိုလည္းဆြဲထုတ္ရင္းေရွ႕သို႔ဆက္ေျပးသြားၿပီး ထိုလူမ်ားကိုေရွာင္ႏိုင္သည့္ေနရာထိေရာက္ေအာင္တန္းသြားခဲ့ၿပီးေနာက္တြင္ေတာ့ သူမွာအသက္ရွဴပင္မဝေတာ့။

"ကို ကိုကိုတဟူကအရမ္းနာမည္ႀကီးတာပဲ!"

ဖုန္းနန္၏မ်က္ႏွာငယ္ေလးသည္နီရဲေနၿပီး စိတ္လႈပ္ရွားမႈျဖင့္သက္ျပင္းခ်လိုက္ေလသည္။

၎ကိုၾကားၿပီးေနာက္ ဝမ္တဟူကခနဲ႔တဲ့တဲ့အၿပဳံးမ်ိဳးၿပဳံးလာၿပီး ေတြးလိုက္မိ၏။

အရာအားလုံးမွာ "တကၠသိုလ္Z၏ေခ်ာေမာေသာအမ်ိဳးသားအဆင့္သတ္မွတ္ခ်က္စာရင္း"ကိုသာအျပစ္တင္ရမည္ပင္။

လြန္ခဲ့သည့္ရက္အနည္းငယ္ကေက်ာင္းဝန္းအတြင္းမွတစ္ေယာက္ကBBSျဖင့္ ေက်ာင္းရွိေခ်ာေမာေသာ ေယာက္်ားေလးမ်ားစာရင္းကိုပို႔စ္တင္ခဲ့ၿပီး ေက်ာင္း၌အသစ္ဝင္ေရာက္လာသူဝမ္တဟူသည္ လကၡဏာရပ္ႏွစ္ခုျဖစ္သည့္ "ရက္စက္ေသာက်ားတစ္ေကာင္လိုထက္သန္ေသာစိတ္ဓာတ္မ်ိဳးအျပည့္ရွိၿပီး ေတာက္ပေသာမက္မြန္ပြင့္သဏၭာန္မ်က္ဝန္းမ်ား"ျဖင့္ ထိပ္တန္းဆယ္ေယာက္တြင္ဒုတိယေနရာအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရေလသည္။

၎မွာ ေက်ာင္းတစ္ေက်ာင္းလုံးရွိမိန္းကေလးမ်ား၏ အာ႐ုံစူးစိုက္မႈႏွင့္ေဆြးေႏြးမႈမ်ားကို ႏႈိးဆြေပးခဲ့ေလသည္။တိုက္ဆိုင္စြာပင္ ဤအခ်ိန္သည္ ကလပ္အသီးသီးမွအဖြဲ႕ဝင္အသစ္မ်ားစုေဆာင္းေနခ်ိန္ျဖစ္ၿပီး လူသိမ်ားေသာဆိုင္းဘုတ္ျဖစ္သည့္ဝမ္တဟူသည္ လူတိုင္း၏ၿပိဳင္ဆိုင္မႈပစ္မွတ္ျဖစ္လာခဲ့ေတာ့သည္။

"မင္းငါ့ကိုမေလွာင္ပါနဲ႔ မင္းလည္းနာမည္မႀကီးတာမွမဟုတ္တာ ဒီစကားကိုဘယ္လိုေျပာရမလဲစဥ္းစားေနတာ ေသးေသးသြယ္သြယ္သိမ္ေမြ႕ႏူးညံ့ၿပီးအမူအက်င့္ေကာင္းေတြေပါင္းစပ္ထားတာက မိန္းကေလးေတြရဲ႕မိခင္စိတ္ကိုအျပည့္အဝႏႈိးဆြေပးႏိုင္တာပဲ အတန္းေဖာ္ဖုန္းနန္ ေခ်ာေမာတဲ့အမ်ိဳးသားစာရင္းမွာ အဆင့္8ခ်ိတ္တဲ့အတြက္ဂုဏ္ျပဳပါတယ္"

"ကိုကိုတဟူ!"

ဝမ္တဟူ၏ျပက္ရယ္ျပဳသည့္စကားကိုၾကားလွ်င္ မႈိငယ္ေလးကေဒါသတႀကီးျဖင့္ ႏႈတ္ခမ္းစူကာေျပာလာ၏။

"ဒါေပမဲ့သူတို႔ကဘာလို႔ကြၽန္ေတာ့္ကို "လက္မႈပညာကလပ္" "အ႐ုပ္ေမာ္ဒယ္ဌာန"အဲ့လိုမ်ိဳးေတြကိုပဲေခၚေနၾကတာလဲ အခ်ိဳ႕လူေတြကအားကစားကလပ္ကိုလဲဝင္ခ်င္ၾကမွာပဲကို!"

"ဟားဟားဟား......."

ဝမ္တဟူကေလွာင္ေျပာင္လိုက္၏။

"ဒါကပုံပန္းသ႑ာန္ ဒါမွမဟုတ္ အဲ့လိုတစ္ခုခုနဲ႔ အမ်ားႀကီးသက္ဆိုင္ႏိုင္တယ္ေလ"

"မုန္းလိုက္တာ!"

ဖုန္းနန္ကလက္သီးကိုတင္းတင္းဆုပ္ၿပီး သူ႔အားအႀကိမ္အနည္းငယ္မွ်ဖြဖြေလး႐ိုက္လာ၏။

"ကြၽန္ေတာ့္ကိုေလွ်ာ့မတြက္ပါနဲ႔! ကြၽန္ေတာ္လည္း တိုက္ကြမ္ဒိုကိုတတ္ေျမာက္ထားတဲ့သူပါေနာ္"

"မင္းက—တိုက္ကြမ္ဒိုသင္ထားတာ? Tsk Tsk ငါေျပာမယ္ ႏွစ္ေတြဒီေလာက္ၾကာသြားတာေတာင္မင္းကဘာလို႔နည္းနည္းေလးမွႀကီးမလာရတာလဲ တစ္ေယာက္ေယာက္ကမင္းကိုပစ္လွဲခ်လိုက္ရင္ဘယ္လိုလုပ္မလဲ? ေနာက္ပိုင္းငါမင္းကို မႈိျပားေလးလို႔ပဲေခၚေတာ့မယ္"

"ကိုကိုတဟူ!!"

ႏွစ္ေယာက္သားရယ္ေမာကာ ျငင္းခုံေနၾကခ်ိန္၌ဝမ္တဟူ၏ဖုန္းက႐ုတ္တရက္ျမည္လာ၏။

ဖုန္းနန္သည္ ႐ုတ္တရက္ညိဳ႕မႈိင္းသြားေသာမ်က္ႏွာကိုၾကည့္ကာ စိုးရိမ္တႀကီးေမးလိုက္ေလသည္။

" ဘာျဖစ္တာလဲ?"

"ေန႔ခင္းဘက္အတြက္ ငါ့ကိုကူၿပီးခြင့္တိုင္ထားေပးပါ"

ဝမ္တဟူကသိပ္ရွင္းျပမေနဘဲ အျမန္ထြက္သြားကာေက်ာင္းတံခါးဆီသို႔ေျပးသြားေတာ့သည္။

တကၠသိုလ္Y၏ေဆးေပးခန္း၌။

ဝမ္တဟူကတံခါးကိုတြန္းဖြင့္လိုက္ခ်ိန္၌ အခန္းထဲမွဆရာမကထကာေမးလာ၏။

"ဘယ္သူလဲ?"

"မင္းကဘယ္လိုလူလဲ? ေက်ာင္းသား မင္းယဥ္ေက်းမႈမရွိဘူးလား တံခါးေခါက္ရမယ္ဆိုတာကိုမသိဘူးလား?"

"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ ဆရာမ ကြၽန္ေတာ္လီခ်င္းရန္ကိုရွာေနတာပါ"

အသက္ေလးဆယ္အ႐ြယ္အမ်ိဳးသမီးဆရာမက သူ႔ကိုလွမ္းၾကည့္ကာ ေမးလာ၏။

"မင္းက ဘယ္သူလဲ?"

"ကြၽန္ေတာ္က သူ႔အစ္ကိုႀကီးပါ"

"အိုး! စိတ္မပူပါနဲ႔ ငါသူ႔ကိုစစ္ေဆးၾကည့္ထားတယ္ ဘယ္ဘက္ေျခက်င္းဝတ္ကပဲ နည္းနည္းအဆစ္လြဲသြားတာပါ ဒါနဲ႔အရင္ကေျခေထာက္ခြဲစိတ္ဖူးတာလား?"

"ဟုတ္ပါတယ္ ဟုတ္ပါတယ္ ရန္ရန္ကအရင္ကေျခေထာက္ဒဏ္ရာရခဲ့ဖူးတယ္ ဒါေပမဲ့ေနာက္ပိုင္းေပ်က္သြားတယ္ အဲ့ဒါကျဖစ္ႏိုင္လား....?"

"အဲ့ဒါေတာ့မဟုတ္ဘူး သူကအရင္ကဒဏ္ရာရဖူးေတာ့ သူ႔ရဲ႕ဒီperiosteum(အ႐ိုးေပၚဖုံးအုပ္ထားသည့္အေျမႇးအသားမွ်င္)ေတြကသာမန္လူေတြထပ္ပိုပါးေနတယ္ ဒါေၾကာင့္ေျခေထာက္ေပၚကိုဝန္ထုတ္ဝန္ပိုးမျဖစ္ေအာင္ သတိထားေနသင့္တယ္ ၿပီးေတာ့ေက်ာင္းသားလီကမၾကာေသးခင္တုန္းက ေတာ္ေတာ္ေလးဆိုးတဲ့ေသြးအားနည္းေရာဂါနဲ႔ အလယ္အလတ္အာ႐ုံေၾကာအားနည္းတာေတြျဖစ္ေနေသးတယ္ ဒါကသူ႔အတြက္ငါၫႊန္ၾကားထားတဲ့ေဆးေတြပဲ ယူသြားၿပီးအခ်ိန္မွန္ေသာက္ခိုင္းပါ သူအထဲမွာရွိတယ္ မင္းသူ႔ကိုသြားေတြ႕လိုက္ပါ!"

ပိုးသတ္ေဆးရနံ႔ရေနေသာအျဖဴေရာင္ကုလားကာကိုဖြင့္လိုက္ၿပီး ဝမ္တဟူသည္ေဆးေပးခန္း၏ကုတင္ေပၚ၌လွဲေလ်ာင္းေနေသာလီခ်င္းရန္ကိုတစ္ခ်က္မွ်ၾကည့္လိုက္၏။

သူ၏ေျခက်င္းဝတ္တစ္ဝိုက္၌ပတ္တီးစည္းထားၿပီး IVလည္းခ်ိတ္ထား၏။

ဝမ္တဟူက သူ႔အနားသို႔ညင္သာစြာေလွ်ာက္သြားလိုက္ေလသည္။

တစ္ခုခုကိုခံစားလိုက္မိသျဖင့္ လီခ်င္းရန္ကလည္း မ်က္လုံးမ်ားကိုဖြင့္လိုက္၏။

"နာေနေသးလား?"

ဝမ္တဟူကေသြးေရာင္ကင္းမဲ့ေနေသာမ်က္ႏွာေလးအား ပူပန္စြာျဖင့္ထိလိုက္၏။

"ရန္ရန္အဆင္ေျပပါတယ္! ဘာလို႔ဒီကိုေရာက္ေနတာလဲ?"

"မင္းရဲ႕အတန္းေဖာ္ကမင္းရဲ႕ဖုန္းနဲ႔ကိုယ့္ကိုဆက္တယ္ေလ"

ဝမ္တဟူကသူ႔ကိုယ္သူအျပစ္တင္ေနရင္း ေျပာလာ၏။

"ဒါကကိုယ့္အမွားပဲ မင္းရဲ႕လတ္တေလာအဆင္မေျပမႈေတြကိုေတာင္ ကိုယ္သတိမထားမိခဲ့ဘူး!"

လီခ်င္းရန္ကေခါင္းခါကာ အက္ကြဲေနေသာအသံေလးျဖင့္ေျပာလာ၏။

"ရန္ရန္ကမေတာ္တဆေလွကားေပၚကျပဳတ္က်တာေလ ဘယ္လိုလုပ္တဟူရဲ႕အျပစ္ျဖစ္ရမွာလဲ!"

ေန႔ခင္းတေလွ်ာက္လုံး ဝမ္တဟူကသူႏွင့္အတူရွိေနခဲ့ၿပီး ေဆးသြင္းျခင္းၿပီးသြားေသာအခါတြင္ သူ၏ျငင္းဆန္ေနမႈၾကားမွ အိမ္သို႔အတင္းအဓမၼေခၚသြားခဲ့ေလသည္။လီခ်င္းရန္သည္ ဆိုဖာေပၚတြင္ထိုင္ကာ မီးဖိုေခ်ာင္တြင္အလုပ္မ်ားေနေသာ ဝမ္တဟူကိုၾကည့္ရင္း ႏႈတ္ခမ္းစူလိုက္မိ၏။

တဟူေဒါသထြက္ေနေၾကာင္း သူသိေလသည္။

Continue Reading

You'll Also Like

292K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
579K 92.3K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
571K 99.3K 147
eng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိ...
378K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."