Unicode
အပိုင်း (၄၁) ဉာဏ်မရှိသောလှုပ်ရှားမှု(၁)
ထိုသမင်၏ခေါင်းသို့ မြားဖြင့် မပစ်ခင်ကတည်းက အနားရှိလူတိုင်းက လောင်းကြေးထပ်ပြီးသား ဖြစ်သည်။ သူတို့က သူတို့၏ထန်းကျန့်ကို လောင်းကြေးထပ်ထား၏။ အကြောင်းမူကား ရလဒ်က သိသာနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်သာလျှင် ထန်းကျန့်က သူ၏ငွေရောင်ကြာပွတ်ကို အနိုင်ရသည့် အထိမ်းအမှတ်အဖြစ် ယဲ့ကျန်းအား ပေးလိုက်သောအခါ အားလုံး မေးရိုးပြုတ်ကျမတတ် အံ့ဩသွားကြသည်။
တကယ်ကို တွေးထင်ထားလို့မရတာပဲ၊ ထန်းကျန့်က သူတို့ လေးသည်တော်တပ်မှာ အတော်ဆုံးတစ်ယောက်လေ။
ဘယ်လိုဖြစ်ပြီး ဒီကလေးမလေးကို ရှုံးသွားတာလဲ။
ဒါမှမဟုတ် တမင်သက်သက် ယဲ့ကျန်းအပေါ် စိတ်ကူးရှိနေလို့ အရှုံးပေးလိုက်တာလား။
အို့ ဒါက အမှန်ဖြစ်ရမယ်။
ထန်းကျန့်ကလည်း ထိုကိစ္စကြောင့် အပြစ်မကင်းသလို ခံစားရဟန်ရသည်။ သူက သူ၏အာရုံကို သခင်မလေးလုထံသို့ ပို့ထားခဲ့ပြီး အမဲလိုက်ချိန်တစ်လျှောက်လုံး သူမအနားတွင်သာ အချိန်ဖြုန်းခဲ့၏။ သူ၏စိတ်အခြေအနေကောင်းကာ သဘောတကျဖြစ်နေသည့်တိုင်အောင် ယဲ့ကျန်းက မြို့တော်ရှိ အကောင်းဆုံး မြားပစ်ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် သတ်မှတ်နိုင်သေးသည်။
သူမက အမှန်ပင်တော်၏။
စည်ကားနေသော လူအုပ်ထဲတွင် လုလင်ကျစ်ကသာလျှင် တိတ်ဆိတ်နေပြီး ထောင့်တစ်နေရာတွင်နေကာ မြင်ကွင်းအားလုံးကို စောင့်ကြည့်နေသူ တစ်ယောက် ဖြစ်နေခဲ့၏။ သူ၏ တတိယညီမက အာရုံအလွန်ဆွဲဆောင်နိုင်ကြောင်း မြင်သောအခါ … သူမ၏ကိုယ်ပိုင်ကျွမ်းကျင်မှုနှင့် လုပ်ဆောင်နိုင်စွမ်းများဖြင့် စွမ်းဆောင်နိုင်စွမ်းရှိကြောင်း မြင်သောအခါ သူ ကူကယ်ရာမဲ့စွာ သက်ပြင်းချမိသည်။ ယခင်ဝမ်ဖေးက သူမနှင့်တူကြောင်း အခြားသူများ သိသွားကြပြီး သူမအတွက် ပြဿနာတက်လာမည်ကိုလည်း စိုးရိမ်မိသေး၏။
သူ အစိုးရိမ်ဆုံးက သည်တူညီမှုအားလုံးက လုဝူရှန်းနားအတွင်းသို့ မရောက်စေရန်သာ သူ မျှော်လင့်မိသည်။ သို့မဟုတ်လျှင် သူ၏ ထိုချစ်ရသောညီမက သူမ၏ လုပ်နိုင်စွမ်းအားကို သုံးပြီး ယဲ့ကျန်းအပေါ် အချိန်မရွေး ဖိနှိပ်လာနိုင်စွမ်းရှိကြောင်းကို သူ နားလည်နေသည်။
အပေါင်းအဖော်တစ်ယောက်က သူ၏ကျောပြင်ကို လာတို့မှသာ လုလင်ကျစ် အသိဝင်လာသည်။ သူ၏စိတ်ပျက်မှုများကို ဖုံးကွယ်ကာ ယာယီအားဖြင့် စိုးရိမ်မှုများအားလုံးကို ဖိနှိမ့်ထားလိုက်၏။ အခြားသူများကဲ့သို့ သူသည် ယုန်များရှိရာနေရာသို့ ပြေးသွားသော ယဲ့ကျန်း၏မြင်းကိုကြည့်ပြီး ပျော်ရွှင်စွာ ပြုံးလိုက်သည်။
နေဝင်ချိန်နီးလာသောအခါ ယဲ့ကျန်းက သူ၏ယုန်နှစ်ကောင်နှင့်အတူ သူတို့အဖွဲ့ထံသို့ ပြန်လာသည်။ သူမက လုရှန်းကျစ်ကို သူမ အမဲလိုက်၍ရလာသော ယုန်ကို ကင်ခိုင်းချင်သည်။ သို့သော် ထိုအချိန်တွင် အခြားတစ်ယောက်ကိုသာ မြင်လိုက်ရ၏။ သူမ ရပ်နေသောနေရာနှင့် သိပ်မဝေးသောနေရာတွင် လုလင်ကျစ်၏ဂုဏ်ယူနေဟန် ရပ်နေသော ပုံရိပ်ကိုမြင်ရသည်။ သူက လေထဲတွင်ရှိသော အနက်ရောင် သိမ်းငှက်တစ်ကောင်ကို ပစ်ရန်အတွက် လေးကြိုးကို ဆွဲထား၏။ သို့သော် သူမကို ကျောပေးထားသည်။
ယဲ့ကျန်း၏မျက်ဝန်းများ လင်းလက်တောက်ပသွားသည်။ သူမ၏သွေးများ ဆူပွက်လာပြီး ဒေါသနှင့်နာကျင်မှုက ပြည့်နှက်လာခဲ့ကာ သူမကို ရူးသွပ်မတတ်ဖြစ်သွားစေ၏။ အမဲလိုက်ပြီး အာရုံစိုက်နေသော လူထုကိုလည်း မြင်သည်။ ထိုထဲတွင် နစ်မြုပ်နေသော လုရှန်းကျစ်ကိုလည်းမြင်ရ၏။
တုန်ယင်နေသောလက်များဖြင့် သူမ မြားကိုကိုင်သည်။ ထို့နောက် ထိုသိမ်းငှက်ကို ချိန်ရွယ်လိုက်၏။
ငါ သူ့ကို သတ်နိုင်မယ်ဆိုရင် …
ယဲ့ကျန်း၏ နှလုံးခုန်နှုန်းမြန်လာသည်။
သူမ၏အာရုံခံစားမှုထဲတွင် ကလဲ့စားချေလိုက်မည်ဆိုသော စိတ်လှုပ်ရှားမှုက ပြည့်နှက်လာခဲ့၏။ လုလင်ကျစ်ကို သတ်ပြီးနောက်နေ့တွင် သူမကိုယ်တိုင် ကိုယ့်ကိုယ်ကို သတ်သေရဲသည်။ သူမက ထိုမျှသွေးအေးသူဖြစ်၏။ လက်ရှိအချိန်တွင် သူမ၏ရှေ့တွင် အခွင့်အရေးက ရောက်နေခဲ့ချေပြီ။ သူမ တစ်ခုတည်းသောလိုအပ်သည်မှာ သည်အခွင့်အရေးကို ဖမ်းဆုပ်ရန်ဖြစ်၏။
သူမ၏မြားက လုလင်ကျစ်၏ ခေါင်းအနောက်ပိုင်းကို ချိန်ရွယ်ထားသည်။ သူမ လေးကြိုးကိုဆွဲပြီး မြားကိုပစ်လိုက်၏။
သွားသေလိုက်တော့။
သူမ၏ကလဲ့စားချေမှုက ပြီးဆုံးသွားပြီဟု သူမ တွေးလိုက်ချိန်မှာပင် အနက်ရောင်မြားတစ်စင်းက သူမပစ်လိုက်သော မြားကို ထိုးခွင်းသွားပြီး လုလင်ကျစ်၏ခေါင်းကိုလွဲသွားစေကာ သူ၏လက်မောင်းကိုသာ ဒဏ်ရာရသွားစေသည်။ ယဲ့ကျန်း ကြောင်သွားကာ မြားလာရာဘက်သို့ ကြည့်လိုက်၏။
“အကြီးဆုံးအစ်ကိုကြီး အဆင်ပြေရဲ့လား”
ယဲ့ကျန်းက စိတ်ပျက်မှုကို ဖုံးကွယ်ထားပြီး စိုးရိမ်တကြီး အပြေးသွားလိုက်သည်။ လုလင်ကျစ်၏လက်မောင်းက သွေးများဖြင့် စိုရွှဲနေသည်။ နာကျင်မှုအပြင် ယဲ့ကျန်း၏ ဖြူဖျော့နေသော မျက်နှာကိုလည်း ကြည့်လိုက်၏။ သူမ၏မျက်နှာတွင် ထိတ်လန့်မှုက ပြည့်နှက်နေသည်။ထို့နောက် သူနှင့်သိပ်မဝေးသောနေရာ မြက်ခင်းပြင်ထဲတွင် ရှိနေသည့် ပုန်းနေသော ယုန်ဖြူလေးကို ကြည့်လိုက်သည်။ သူ၏တတိယညီမက အမဲလိုက်သည်မှာ ကြာရှည်လာ၍ လက်များ ထုံကျဉ်လာ၍ ဖြစ်ပါလိမ့်မည်။ သို့မဟုတ်လျှင် သူ့ကို မြားဖြင့်ပစ်လောက်သည်အထိ အခြားမုန်းတီးသည့် အကြောင်းအရင်းကို ရှာမရပေ။
“တတိယညီမ ပင်ပန်းနေရင် နားသင့်ပါပြီ”
ထန်းကျန့်က အခြားတစ်ဖက်မှ ထွက်လာသည်။ သူက ယဲ့ကျန်း၏မြားကိုပစ်ကာ လမ်းကြောင်းလွဲစေသောသူဖြစ်၏။ သူ့ကြောင့်သာမဟုတ်လျှင် လုလင်ကျစ် သေသွားလောက်လေပြီ။
ထိုမတော်တဆမှုကို ကြားသောအခါ လုရှန်းကျစ်က လုလင်ကျစ်ထံသို့ အပြေးသွားသည်။ သူ၏မျက်နှာက သေလုအောင် ဖြူဖျော့နေ၏။
“အစ်ကိုကြီး ယောင်ယောင် ယောင်ယောင်က ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပါဘူး”
“ငါ သိတယ်၊ ယောင်ယောင် ဒီလိုမလုပ်ချင်မှန်း ငါသိတယ်၊ ယောင်ယောင်က မြားပစ်တာကြာလို့ လက်က ထုံကျဉ်သွားတာဖြစ်မှာပါ၊ ယောင်ယောင့်ကို အိမ်ခေါ်သွား လိုက်တော့”
လုလင်ကျစ်က ပြောသည်။ သူ၏လက်မောင်းမှ သွေးထွက်နေသေးသည့် တိုင်အောင် ဒဏ်ရာ၏နာကျင်မှုကို လျစ်လျူရှုထား၏။
အခြားသော အပေါင်းအဖော်များက သူ့ကို ကူညီကြသည်။
“အစ်ကိုကြီး ကျွန်တော် အစ်ကိုကြီးရဲ့ဒဏ်ရာကို အရင်ဆေးထည့်ပြီး ပတ်တီးစည်းပေးပါရစေ”
လုရှန်းကျစ်က ပြောသည်။
“ရပါတယ်၊ ဒါက အသေးစားဒဏ်ရာလေးပဲ”
လုလင်ကျစ်က သူ့တတိယညီမ၏ တုန်ယင်နေသော စိုးရိမ်နေသည့်မျက်နှာထားကို မြင်လိုက်ရသည်။
လုရှန်းကျစ်က ခေါင်းညိတ်ပြီးနောက် အခြားသူများကိုသာ သူ၏အစ်ကိုအကြီးဆုံးကို ခေါ်သွားစေပြီး သူကမူ ယဲ့ကျန်းကိုခေါ်ကာ တောအုပ်ထဲမှ ထွက်လာခဲ့လိုက်၏။
...
Zawgyi
အပိုင္း (၄၁) ဉာဏ္မ႐ွိေသာလႈပ္႐ွားမႈ(၁)
ထိုသမင္၏ေခါင္းသို႔ ျမားျဖင့္ မပစ္ခင္ကတည္းက အနား႐ွိလူတိုင္းက ေလာင္းေၾကးထပ္ၿပီးသား ျဖစ္သည္။ သူတို႔က သူတို႔၏ထန္းက်န္႔ကို ေလာင္းေၾကးထပ္ထား၏။ အေၾကာင္းမူကား ရလဒ္က သိသာေနေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္သာလွ်င္ ထန္းက်န္႔က သူ၏ေငြေရာင္ၾကာပြတ္ကို အႏိုင္ရသည့္ အထိမ္းအမွတ္အျဖစ္ ယဲ့က်န္းအား ေပးလိုက္ေသာအခါ အားလုံး ေမး႐ိုးျပဳတ္က်မတတ္ အံ့ဩသြားၾကသည္။
တကယ္ကို ေတြးထင္ထားလို႔မရတာပဲ၊ ထန္းက်န္႔က သူတို႔ ေလးသည္ေတာ္တပ္မွာ အေတာ္ဆုံးတစ္ေယာက္ေလ။
ဘယ္လိုျဖစ္ၿပီး ဒီကေလးမေလးကို ႐ႈံးသြားတာလဲ။
ဒါမွမဟုတ္ တမင္သက္သက္ ယဲ့က်န္းအေပၚ စိတ္ကူး႐ွိေနလို႔ အ႐ႈံးေပးလိုက္တာလား။
အို႔ ဒါက အမွန္ျဖစ္ရမယ္။
ထန္းက်န္႔ကလည္း ထိုကိစၥေၾကာင့္ အျပစ္မကင္းသလို ခံစားရဟန္ရသည္။ သူက သူ၏အာ႐ုံကို သခင္မေလးလုထံသို႔ ပို႔ထားခဲ့ၿပီး အမဲလိုက္ခ်ိန္တစ္ေလွ်ာက္လုံး သူမအနားတြင္သာ အခ်ိန္ျဖဳန္းခဲ့၏။ သူ၏စိတ္အေျခအေနေကာင္းကာ သေဘာတက်ျဖစ္ေနသည့္တိုင္ေအာင္ ယဲ့က်န္းက ၿမိဳ႕ေတာ္႐ွိ အေကာင္းဆုံး ျမားပစ္ကြၽမ္းက်င္သူ တစ္ေယာက္အေနျဖင့္ သတ္မွတ္ႏိုင္ေသးသည္။
သူမက အမွန္ပင္ေတာ္၏။
စည္ကားေနေသာ လူအုပ္ထဲတြင္ လုလင္က်စ္ကသာလွ်င္ တိတ္ဆိတ္ေနၿပီး ေထာင့္တစ္ေနရာတြင္ေနကာ ျမင္ကြင္းအားလုံးကို ေစာင့္ၾကည့္ေနသူ တစ္ေယာက္ ျဖစ္ေနခဲ့၏။ သူ၏ တတိယညီမက အာ႐ုံအလြန္ဆြဲေဆာင္ႏိုင္ေၾကာင္း ျမင္ေသာအခါ … သူမ၏ကိုယ္ပိုင္ကြၽမ္းက်င္မႈႏွင့္ လုပ္ေဆာင္ႏိုင္စြမ္းမ်ားျဖင့္ စြမ္းေဆာင္ႏိုင္စြမ္း႐ွိေၾကာင္း ျမင္ေသာအခါ သူ ကူကယ္ရာမဲ့စြာ သက္ျပင္းခ်မိသည္။ ယခင္ဝမ္ေဖးက သူမႏွင့္တူေၾကာင္း အျခားသူမ်ား သိသြားၾကၿပီး သူမအတြက္ ျပႆနာတက္လာမည္ကိုလည္း စိုးရိမ္မိေသး၏။
သူ အစိုးရိမ္ဆုံးက သည္တူညီမႈအားလုံးက လုဝူ႐ွန္းနားအတြင္းသို႔ မေရာက္ေစရန္သာ သူ ေမွ်ာ္လင့္မိသည္။ သို႔မဟုတ္လွ်င္ သူ၏ ထိုခ်စ္ရေသာညီမက သူမ၏ လုပ္ႏိုင္စြမ္းအားကို သုံးၿပီး ယဲ့က်န္းအေပၚ အခ်ိန္မေ႐ြး ဖိႏွိပ္လာႏိုင္စြမ္း႐ွိေၾကာင္းကို သူ နားလည္ေနသည္။
အေပါင္းအေဖာ္တစ္ေယာက္က သူ၏ေက်ာျပင္ကို လာတို႔မွသာ လုလင္က်စ္ အသိဝင္လာသည္။ သူ၏စိတ္ပ်က္မႈမ်ားကို ဖုံးကြယ္ကာ ယာယီအားျဖင့္ စိုးရိမ္မႈမ်ားအားလုံးကို ဖိႏွိမ့္ထားလိုက္၏။ အျခားသူမ်ားကဲ့သို႔ သူသည္ ယုန္မ်ား႐ွိရာေနရာသို႔ ေျပးသြားေသာ ယဲ့က်န္း၏ျမင္းကိုၾကည့္ၿပီး ေပ်ာ္႐ႊင္စြာ ျပဳံးလိုက္သည္။
ေနဝင္ခ်ိန္နီးလာေသာအခါ ယဲ့က်န္းက သူ၏ယုန္ႏွစ္ေကာင္ႏွင့္အတူ သူတို႔အဖြဲ႕ထံသို႔ ျပန္လာသည္။ သူမက လု႐ွန္းက်စ္ကို သူမ အမဲလိုက္၍ရလာေသာ ယုန္ကို ကင္ခိုင္းခ်င္သည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ အျခားတစ္ေယာက္ကိုသာ ျမင္လိုက္ရ၏။ သူမ ရပ္ေနေသာေနရာႏွင့္ သိပ္မေဝးေသာေနရာတြင္ လုလင္က်စ္၏ဂုဏ္ယူေနဟန္ ရပ္ေနေသာ ပုံရိပ္ကိုျမင္ရသည္။ သူက ေလထဲတြင္႐ွိေသာ အနက္ေရာင္ သိမ္းငွက္တစ္ေကာင္ကို ပစ္ရန္အတြက္ ေလးႀကိဳးကို ဆြဲထား၏။ သို႔ေသာ္ သူမကို ေက်ာေပးထားသည္။
ယဲ့က်န္း၏မ်က္ဝန္းမ်ား လင္းလက္ေတာက္ပသြားသည္။ သူမ၏ေသြးမ်ား ဆူပြက္လာၿပီး ေဒါသႏွင့္နာက်င္မႈက ျပည့္ႏွက္လာခဲ့ကာ သူမကို ႐ူးသြပ္မတတ္ျဖစ္သြားေစ၏။ အမဲလိုက္ၿပီး အာ႐ုံစိုက္ေနေသာ လူထုကိုလည္း ျမင္သည္။ ထိုထဲတြင္ နစ္ျမဳပ္ေနေသာ လု႐ွန္းက်စ္ကိုလည္းျမင္ရ၏။
တုန္ယင္ေနေသာလက္မ်ားျဖင့္ သူမ ျမားကိုကိုင္သည္။ ထို႔ေနာက္ ထိုသိမ္းငွက္ကို ခ်ိန္႐ြယ္လိုက္၏။
ငါ သူ႕ကို သတ္ႏိုင္မယ္ဆိုရင္ …
ယဲ့က်န္း၏ ႏွလုံးခုန္ႏႈန္းျမန္လာသည္။
သူမ၏အာ႐ုံခံစားမႈထဲတြင္ ကလဲ့စားေခ်လိုက္မည္ဆိုေသာ စိတ္လႈပ္႐ွားမႈက ျပည့္ႏွက္လာခဲ့၏။ လုလင္က်စ္ကို သတ္ၿပီးေနာက္ေန႔တြင္ သူမကိုယ္တိုင္ ကိုယ့္ကိုယ္ကို သတ္ေသရဲသည္။ သူမက ထိုမွ်ေသြးေအးသူျဖစ္၏။ လက္႐ွိအခ်ိန္တြင္ သူမ၏ေ႐ွ႕တြင္ အခြင့္အေရးက ေရာက္ေနခဲ့ေခ်ၿပီ။ သူမ တစ္ခုတည္းေသာလိုအပ္သည္မွာ သည္အခြင့္အေရးကို ဖမ္းဆုပ္ရန္ျဖစ္၏။
သူမ၏ျမားက လုလင္က်စ္၏ ေခါင္းအေနာက္ပိုင္းကို ခ်ိန္႐ြယ္ထားသည္။ သူမ ေလးႀကိဳးကိုဆြဲၿပီး ျမားကိုပစ္လိုက္၏။
သြားေသလိုက္ေတာ့။
သူမ၏ကလဲ့စားေခ်မႈက ၿပီးဆုံးသြားၿပီဟု သူမ ေတြးလိုက္ခ်ိန္မွာပင္ အနက္ေရာင္ျမားတစ္စင္းက သူမပစ္လိုက္ေသာ ျမားကို ထိုးခြင္းသြားၿပီး လုလင္က်စ္၏ေခါင္းကိုလြဲသြားေစကာ သူ၏လက္ေမာင္းကိုသာ ဒဏ္ရာရသြားေစသည္။ ယဲ့က်န္း ေၾကာင္သြားကာ ျမားလာရာဘက္သို႔ ၾကည့္လိုက္၏။
“အႀကီးဆုံးအစ္ကိုႀကီး အဆင္ေျပရဲ႕လား”
ယဲ့က်န္းက စိတ္ပ်က္မႈကို ဖုံးကြယ္ထားၿပီး စိုးရိမ္တႀကီး အေျပးသြားလိုက္သည္။ လုလင္က်စ္၏လက္ေမာင္းက ေသြးမ်ားျဖင့္ စို႐ႊဲေနသည္။ နာက်င္မႈအျပင္ ယဲ့က်န္း၏ ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာကိုလည္း ၾကည့္လိုက္၏။ သူမ၏မ်က္ႏွာတြင္ ထိတ္လန္႔မႈက ျပည့္ႏွက္ေနသည္။ထို႔ေနာက္ သူႏွင့္သိပ္မေဝးေသာေနရာ ျမက္ခင္းျပင္ထဲတြင္ ႐ွိေနသည့္ ပုန္းေနေသာ ယုန္ျဖဴေလးကို ၾကည့္လိုက္သည္။ သူ၏တတိယညီမက အမဲလိုက္သည္မွာ ၾကာ႐ွည္လာ၍ လက္မ်ား ထုံက်ဥ္လာ၍ ျဖစ္ပါလိမ့္မည္။ သို႔မဟုတ္လွ်င္ သူ႕ကို ျမားျဖင့္ပစ္ေလာက္သည္အထိ အျခားမုန္းတီးသည့္ အေၾကာင္းအရင္းကို ႐ွာမရေပ။
“တတိယညီမ ပင္ပန္းေနရင္ နားသင့္ပါၿပီ”
ထန္းက်န္႔က အျခားတစ္ဖက္မွ ထြက္လာသည္။ သူက ယဲ့က်န္း၏ျမားကိုပစ္ကာ လမ္းေၾကာင္းလြဲေစေသာသူျဖစ္၏။ သူ႕ေၾကာင့္သာမဟုတ္လွ်င္ လုလင္က်စ္ ေသသြားေလာက္ေလၿပီ။
ထိုမေတာ္တဆမႈကို ၾကားေသာအခါ လု႐ွန္းက်စ္က လုလင္က်စ္ထံသို႔ အေျပးသြားသည္။ သူ၏မ်က္ႏွာက ေသလုေအာင္ ျဖဴေဖ်ာ့ေန၏။
“အစ္ကိုႀကီး ေယာင္ေယာင္ ေယာင္ေယာင္က ရည္႐ြယ္ခ်က္႐ွိ႐ွိလုပ္တာ မဟုတ္ပါဘူး”
“ငါ သိတယ္၊ ေယာင္ေယာင္ ဒီလိုမလုပ္ခ်င္မွန္း ငါသိတယ္၊ ေယာင္ေယာင္က ျမားပစ္တာၾကာလို႔ လက္က ထုံက်ဥ္သြားတာျဖစ္မွာပါ၊ ေယာင္ေယာင့္ကို အိမ္ေခၚသြား လိုက္ေတာ့”
လုလင္က်စ္က ေျပာသည္။ သူ၏လက္ေမာင္းမွ ေသြးထြက္ေနေသးသည့္ တိုင္ေအာင္ ဒဏ္ရာ၏နာက်င္မႈကို လ်စ္လ်ဴ႐ႈထား၏။
အျခားေသာ အေပါင္းအေဖာ္မ်ားက သူ႕ကို ကူညီၾကသည္။
“အစ္ကိုႀကီး ကြၽန္ေတာ္ အစ္ကိုႀကီးရဲ႕ဒဏ္ရာကို အရင္ေဆးထည့္ၿပီး ပတ္တီးစည္းေပးပါရေစ”
လု႐ွန္းက်စ္က ေျပာသည္။
“ရပါတယ္၊ ဒါက အေသးစားဒဏ္ရာေလးပဲ”
လုလင္က်စ္က သူ႕တတိယညီမ၏ တုန္ယင္ေနေသာ စိုးရိမ္ေနသည့္မ်က္ႏွာထားကို ျမင္လိုက္ရသည္။
လု႐ွန္းက်စ္က ေခါင္းညိတ္ၿပီးေနာက္ အျခားသူမ်ားကိုသာ သူ၏အစ္ကိုအႀကီးဆုံးကို ေခၚသြားေစၿပီး သူကမူ ယဲ့က်န္းကိုေခၚကာ ေတာအုပ္ထဲမွ ထြက္လာခဲ့လိုက္၏။
...