Tie the Knot (✔️)

بواسطة TtalgiJinnie

67.9K 6.9K 3K

(Unicode) အချစ်သည် ကမ္ဘာကြီးကိုလှပအောင်ဆန်းကြယ်စွာခြယ်မှုန်းနိုင်စွမ်း၏။ အချစ်သည် ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ... المزيد

Prologue 🪢
1 🪢
2 🪢
3 🪢
4 🪢
6 🪢
7 🪢
8 🪢
9 🪢
10 🪢
11 🪢
12 🪢
13 🪢
14 🪢
15 🪢
16 🪢
17 🪢
18 🪢
Final 🪢

5 🪢

2.9K 355 143
بواسطة TtalgiJinnie

"မင်းက.. တစ်နေ့ရှစ်ကြိမ်အဖက်ခံဖို့လိုအပ်နေတယ်"

ဆော့ဂျင်၏ကမ္ဘာကြီးသည်အတိတ်ကြီးတိတ်ကျသွား၏။ သူ့ကမ္ဘာထဲတွင်သူ၏လည်တိုင်ကိုထိခတ်ကျီစယ်နေသောဝင်သက်ထွက်သက်၊ တဖြည်းဖြည်းနွေးဖိုလှိုက်ဖြာလာစေသည့်နစ်မြုပ်မှု၊ ပြီးတော့.. ကလေးကစားသည့်ဘောလုံးတစ်လုံးလိုခုန်ပေါက်နေသောနှလုံးသားတစ်စုံ.. သာကျန်ခဲ့သည်။ ထိုတိတ်ဆိတ်မှု၏နေရာအနှံ့လွင့်မြောနေရှာသည့် သူ့ရဲ့စိတ်ဝိဉာဥ်လေးပြန်လည်သက်ဝင်လှုပ်ရှားလာချိန်မှာတော့.. ဒီအခိုက်အတန့်လေးမှာပဲအချိန်အကြာကြီးရပ်တန့်ချင်ခဲ့မိသည့်သူ့ရဲ့ခဏတာပျော့ညံ့မှုကို အားမလိုအားမရစိတ်တိုမိသည်။ ထိုအသိကြောင့်ဆော့ဂျင်.. နွေးနေသည့်အနှောင်အဖွဲ့မှဖျတ်ခနဲရုန်းဖယ်ဆောင့်တွန်းလိုက်သည်။

~ဒုတ်~

"အား!"

ဒီမေတ္တာတုံးစရာလေးသည်နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားများဖြစ်ခဲ့ဖူးသလားလို့သံသယဝင်စရာကောင်းလောက်အောင် ကန်ချက်ကတစ်လက်မတောင်မလွဲဘဲ မနေ့ကအကန်ခံထားရလို့အနာတောင်မပျောက်သေးတဲ့ညို့သကျည်းကိုမှကွက်တိဒုတ်ခနဲလာထိမှန်သည်။

"ရား! မင်း.. စကားနဲ့ပြောလို့မရဘူးလား။ မင်းက..လူမိုက်လား.. အကြမ်းဖက်သမားလား"

"ခ.. ခင်ဗျားဘက်ကအရင်လာစတာလေ။ ဘာ.. ရှစ်ကြိမ်အဖက်ခံသင့်တယ်တဲ့.. ပေါက်ကရတွေလည်းလျှောက်ပြောသေးတယ်။ ရူးနေလား.. ခင်ဗျား"

အမြဲလိုလိုစူးစူးစိုက်စိုက်ပြန်ကြည့်တတ်တဲ့မျက်ဝန်းလေးတွေကိုသူနဲ့အကြည့်ချင်းမဆုံစေဘဲမသိမသာမျက်လွှာလေးချထား၏။ ပန်းဆီရောင်တောက်နေတဲ့ပါးပြင်လေးတွေနှင့်နားရွက်ရဲရဲလေးတို့ကလည်း ဒီဆတ်ဆတ်ကြဲလေးရှက်ရမ်းရမ်းပြီးလုပ်မိလုပ်ရာလုပ်ခဲ့တဲ့အဖြစ်ကိုဖော်ပြနေလေရဲ့။ ဒါပေမယ့်မေတ္တာတုံးစရာလေးကတော့မာန်လျှော့မည့်ပုံမပေါ်ဘဲရှိရှိသမျှမာနများကိုစုစည်းကာမျက်နှာထားကိုတော့တင်းထားဆဲပင်။

"ဘာ! ရူးနေလား.. ဟုတ်လား။ ဝါး! ငါ..တကယ်.. တကယ်အကြီးကြီးစိတ်တိုသွားပြီနော်။ ဒီအတိုင်းတော့ ကျော်မသွားနိုင်ဘူး.. အခုချက်ချင်းတောင်းပန်။ မတောင်းပန်လို့ကတော့.. ငါ့ရှေ့နေကိုခေါ်လိုက်မှာ"

"ခေါ်လိုက်"

"ဘာ"

"ရှေ့နေခေါ်မယ်ဆို.. ခေါ်လိုက်လို့"

လက်ပိုက်၊ မေးငေါ့ပြီးမျက်ခုံးတစ်ဖက်ပင့်ကာပြောပုံကလုပ်ချင်သလိုလုပ်မကြောက်ဘူးဆိုပြီးစိန်ခေါ်နေသည့်ပုံ။

"တ.. တကယ်.. တကယ်ခေါ်မှာ။ တစ်ကနေသုံးအထိရေလို့မှမတောင်းပန်ရင်.. တကယ်ခေါ်လိုက်မှာနော်"

တကယ့်ကိုကိုင်ပေါက်ပစ်ချင်စရာမာနခဲလေးပါပဲ။ မှားနေမှန်းသိရက်နဲ့တောင် တောင်းပန်ဖို့အစီအစဥ်ရှိပုံမရဘဲ နှုတ်ခမ်းတို့ကိုတင်းတင်းစေ့ထားသေး၏။

"တစ်"

".........."

"နှစ်"

".........."

"န..နှစ်..ဒဿမငါး"

"ဟွန့်"

"နှစ်.. ဒဿမခွန်ငါး"

အကြောတင်းလေးဟာဆိုရင်ဖြင့် နှုတ်ခမ်းကိုမဲ့ကာခေါင်းတခါခါဖြင့်သူ့အနားကထွက်သွားတော့သည်။

"ကောင်းပြီ.. ခွင့်လွှတ်ပေးလိုက်မယ်... လှလို့"

ချာခနဲလှည့်လာတဲ့မျက်နှာလေးမှာမျက်မှောင်လေးကုတ်ထားပေမယ့်ပါးပြင်လေးနှစ်ဖက်သည်နှင်းဆီရောင်စိုထနေသည်။

"ဘာပြောတယ်"

"မင်းက.. စိတ်ဆိုးနေတဲ့အချိန်ဆို.. အလှဆုံးမို့လို့.. ခွင့်လွှတ်ပေးလိုက်မယ်။ အဲ့စကားကြားချင်လို့.. တမင် မတောင်းပန်ပဲမူနေတာမဟုတ်လား"

"ခင်ဗျား... "

"အလုပ်သွားမှာမဟုတ်လား.. လိုက်ပို့ပေးမယ်.. တက်"

ရန်တွေ့ဖို့ပြင်နေသည့်စကားလုံးလေးတွေရပ်တန့်သွားအောင်စကားဖြတ်ပြောလိုက်တော့ တည့်တည့်မတ်မတ်ရောက်လာသည့်ဒေါသမျက်စောင်းကဒိုင်းခနဲ..

"ကျွန်တော်ကဘာလို့ခင်ဗျားကားကိုလိုက်စီးရမှာလဲ"

"ပါးစပ်နဲ့ကောင်းကောင်းပြောနေတုန်းတက်လိုက်နော်.. မဟုတ်ရင်.. အတင်းပွေ့ချီပြီး.. "

"ထိရဲထိကြည့်ပါလား.. တခါတည်း.. ဟွက်.. "

သူ့စကားကြောင့်ဂျွန်ဂျောင်ကုက အကန်ခံရဖူးသည့် ခြေထောက်ကိုပိုက်၍ခြေတစ်ပေါင်ကျိုးဖြင့်အနောက်သို့ခုန်ဆွခုန်ဆွ ဆုတ်သွားသည်။ လူတစ်ကိုယ်လုံးကိုထိုးဖောက်မတတ်စူးစူးရဲရဲကြည့်တတ်သည့်မျက်ဝန်းတို့က အခုကျတော့လည်းဝိုင်းဝိုင်းစက်စက်ကြည်ကြည်လင်လင်လေးမို့ရယ်ချင်စရာ။ ဒါပေမယ့်.. သူ့သိက္ခာကိုစကားတွေနဲ့ထိပါးစော်ကားထားတယ်ဆိုတဲ့အသိကြောင့်ဒီလူဘာလုပ်လုပ်အမြင်ကတ်စရာလို့ပဲမြင်နေမိသည်။

"ရား.. ရား.. စကားနဲ့ပဲပြော.. လက်တွေခြေတွေမပါစေနဲ့။ ပြီးတော့.. နောက်တခါ.. အသားနာအောင်လုပ်ကြည့်.. အလျော်ပြန်ယူပြမယ်"

"အရူး"

ဟု.. ပါးစပ်လေးလှုပ်ရုံအသံတိတ်ကျိန်ဆဲပြီးဘတ်စ်ကားမှတ်တိုင်သို့ခပ်သွက်သွက်လှည့်ထွက်လာခဲ့သည်။

"ရား! လိုက်ပို့ပေးပါမယ်ဆိုမှ"

အနောက်ကနေ အပြေးလိုက်သွားပေမယ့်မမှီတော့မေတ္တာတုံးလေးကအချိန်ကိုက်ရောက်လာတဲ့ဘတ်စ်ကားပေါ်သို့တက်သွားခဲ့ပြီ။ သူ.. ဘတ်စ်ကားပေါ်ကိုလိုက်ဖို့ခြေလှမ်းပြင်လိုက်ပေမယ့်ဘတ်စ်ကားပေါ်မှတိုးဝှေ့ပြည့်သိပ်နေသည့်လူအုပ်ကိုမြင်တော့မျက်လုံးတွေပြာလာပြီးအသက်ရှူရခက်ခဲလာကာနဖူးကြောတစ်လျှောက်တွင်ချွေးများစီးကျလာသည်။ သူ.. ထိုသို့တုံ့ဆိုင်းနေမိချိန်တွင် ကားကသူ့နားမှတလှိမ့်ချင်းမောင်းထွက်သွား၏။  ဒူးညွတ်ကျမသွားအောင်ကိုယ့်ကိုယ်ထိန်းရင်း အသက်ကိုခပ်မှန်မှန်ရှူ၍ သူနှင့်ဝေးကွာသွားသည့်ကားကိုလှမ်းငေးမိတော့နောက်ဆုံးခုံတန်းတွင်ပါသွားသည့် မေတ္တာတုံးလေးကသူ့ကိုမျက်လုံးတောက်တောက်လေးများဖြင့်ပြန်လည်ငေးမောနေတာကိုမြင်လိုက်ရလေသည်။

********** **********

~တူ.. တူ.. တူ.. တူ~

နေလာခဲ့တဲ့ဘဝတစ်လျှောက်လုံး တဖက်ကိုဖုန်းဝင်သွားတဲ့အသံ တတူတူကဒီလောက်ထိရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီးနားဝင်ပီယံရှိမှန်းအခုမှပဲသိလိုက်ရတော့သည်။

"ဟဲလို"

ကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့်ရုတ်တရက်ဘာစကားမှပြန်မပြောဖြစ်​သေးဘဲကြည်ကြည်နူးနူးပြုံးနေမိသည်။ ရင်ခုန်စရာနောက်မှာကြည်နူးစရာလေးတွေထပ်ဆင့်ကဲလိုက်ပါလာသည့် ဒီအခြေအနေလေးကလည်းတစ်မျိုးတစ်ဖုံ ချိုမြိန်လွန်းလှပါဘိ။

"ဟဲလို"

ဒုတိယအကြိမ်ကြားလိုက်ရတဲ့အသံမှာတော့စိတ်မရှည်ခြင်းတွေအဖျားခတ်နေလေသည်.. ဒေါသအိုးလေးကတကယ့်ကိုစိတ်ကလက်တစ်ဆစ်ရယ်.. ထို့ကြောင့်အချိန်ဆွဲမနေတော့ဘဲ..

"ကင်ဆော့ဂျင်ရှီ"

"ဟုတ်ပါတယ်.. ကင်ဆော့ဂျင်ပါ။ အခုပြောနေတာ.. ဘယ်သူပါလဲ"

"ကိုယ့်အသံကိုမမှတ်မိဘူးလား။ လွယ်လွယ်နဲ့မေ့သွားနိုင်မယ့်အသံမျိုးလည်းမဟုတ်ဘဲနဲ့"

တစ်ဖက်ကခေတ္တမျှအသံတိတ်သွားသည်။ ထို့နောက်.. ဟင်းခနဲသက်ပြင်းချသံကိုကြားရ၏။

"ဘာကိစ္စလဲ"

လေသံကခပ်ပြတ်ပြတ်.. ဖုန်းဆက်တာသူမှန်းသိလိုက်ရလို့ဖြစ်သွားမယ့် ဒေါသမျက်နှာလေးကိုမြင်​ယောင်ပြီးအူမြူးလာ၏။

"နေ့လည်စာစားချိန်.. ခဏလောက်တွေ့ရအောင်"

"ဘာလို့လဲ"

"အကြောင်းအရင်းမမေးဘဲဒီအတိုင်းလာတွေ့လို့မရဘူးလား"

"မရဘူး"

~တီ~

"ဟဲလို.. ဟဲလို.. ဟား.. စိတ်ကလည်းမြန်လိုက်တာ"

"ကျွတ်.. ကျွတ်.. ကျွတ်.. ငါတို့ဂျောင်ကုလေး.. သနားပါတယ်။ attention ပေးချင်လွန်းလို့အနောက်ကနေတကောက်ကောက်လိုက်နေရရှာတယ်။ ဒါနဲ့.. attention လိုချင်တဲ့သူကလည်းအဆန်းနော်.. အမြဲအပေါ်စီးကချေမိုးနေတာပဲ"

"အဲ့ဒါ.. သူ.. ဝန်ခံရမှာ.. ရှက်လို့နေမှာပေါ့"

"အော်.. အော်.. ရှက်နေလို့ကိုး"

ဟိုဆော့ရဲ့နှုတ်ခမ်းတွေကအံ့ဩသွားသယောင်မပွင့်တပွင့်ဟ, ထားပေမယ့်မျက်လုံးအကြည့်တွေကတော့ခနဲ့သလိုလို.. လှောင်သလိုလိုနှင့်..

"မင်းက.. လက်ထပ်မှာလား"

"ဘာကိုလဲ"

"အိမ်ထောင်လည်းကျဖူးတယ်.. ဖောက်လည်းဖောက်ပြန်ဖူးတယ်.. ကလေးတောင်ဘယ်သူနဲ့ရမှန်းမသိတဲ့လူမျိုးကို..လက်ထပ်ဖို့ထိစဥ်းစားထားလို့.. ဒီလောက်ထိကြိုးစားအားထုတ်မှုတွေလုပ်နေတာလား.. လို့"

ဂျောင်ကုကမှင်တက်သွားသည့်ဟန်ဖြင့်မျက်တောင်မခတ်ဘဲငြိမ်သက်သွားသည်။

"ဖောက်ပြန်ခဲ့တယ်ဆိုတာ.. ကောလဟာလမို့မဟုတ်ဘူးပဲထားပါတော့။ ဒါပေမယ့်.. ကင်ဆော့ဂျင်က.. တစ်ခုလပ်ကလေးတစ်ယောက်အဖေဆိုတာတော့အမှန်တရားပဲမဟုတ်လား။ အဲ့လိုလူမျိုးကိုလက်ထပ်နိုင်မှာလည်းမဟုတ်ဘဲနဲ့ဘာလို့အချိန်တွေဖြုန်းနေမှာလဲ။ ဒီ့ထက်မလွန်ခင် ရပ်တန်းကရပ်လိုက်တော့"

သူ့စကားကြောင့်ဂျောင်ကုရဲ့မျက်နှာကကွက်ခနဲပျက်၏။

"ဘယ်သူကဘာပြောနေလို့လဲ။ မပူနဲ့.. ရပ်မှာ။ ဒါပေမယ့်.. အခုတော့မဟုတ်သေးဘူး"

"ရား.."

"ငါ.. ရှုထောင့်အမျိုးမျိုးကနေစဥ်းစားကြည့်ပြီးပြီ။ ငါ.. သူ့ကိုသဘောကျတယ်။ အဲ့ဒါကလည်းခဏတာစိတ်ကစားမိတဲ့သဘောမျိုးပါပဲ။ ဘယ်ပြောနိုင်မလဲ.. နောက်နှစ်လသုံးလလောက်ဆိုရင်.. ငါ သူ့ကိုရိုးချင်ရိုးသွားမှာ။ ဒီတော့.. နှစ်လသုံးလလောက်အခွင့်အရေးပေးကြည့်တာမမှားပါဘူးလို့ထင်တယ်။ ပြီးတော့.. သူကမာနကြီးတယ်.. သူ့မာနနဲ့ဆိုငါ့ဘက်ကစ,ပြီးထားသွားလည်းလိုက်တွယ်ကပ်နေမယ့်လူစားမျိုးမဟုတ်လို့ မင်းစိုးရိမ်နေသလိုဘာမှဖြစ်လာမှာမဟုတ်ဘူး"

"ငါ့အမြင်မှာတော့.. မင်းဘက်ကပဲလိုက်တွယ်ကပ်နေရသလိုပဲ"

ကင်ဆော့ဂျင်ကိုလေးနှစ်လုံးလုံးမမေ့နိုင်ခဲ့တဲ့လူက.. နှစ်လသုံးလလောက်ဆိုရိုးသွားမယ်ဆိုပဲ။ ရယ်ချင်စရာ။ ဒီစကားကိုအရူးကိုသွားပြောရင်တောင်ယုံလိမ့်မည်မထင်ပါ။

"အဲ့ဒါက... တွယ်ကပ်တာမဟုတ်ဘူး.. ငါ့ကိုယ်ငါချစ်တာ"

လုပ်လာပြန်ပြီ.. ဆင်ခြေနောက်တစ်မျိုး။ ကိုယ့်စိတ်ကိုယ်လိမ်ညာတဲ့နေရာမှာဂျွန်ဂျောင်ကုတို့ကအတော်ဆုံး။

"ဘယ်လို.. ဘယ်လို! ပြောတော့.. မင်းသူ့ကိုသဘောကျတယ်ဆို"

"ဟုတ်တယ်လေ။ ဒါပေမယ့်.. သဘောကျလို့တွယ်ကပ်နေတာမဟုတ်ဘူး"

"Heol"

"ငါ.. သူနဲ့မတွေ့ရရင်မနေတတ်ဘူး.. သူ့အကြောင်းမတွေးရရင်မနေနိုင်ဘူး.. သူ့ရဲ့ရန်တွေ့သံတတွတ်တွတ်မကြားရရင်အရမ်းစိတ်ဆင်းရဲတာပဲ။ အဲ့ဒါကြောင့်.. သူငါ့အနားမှာရှိနေမှဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့..ငါ့ကိုယ်ငါချစ်လို့.. သူ့ကြောင့်ငါ့ခန္ဓာကိုယ်ထဲမှာဝေဒနာတွေခံစားနေရမှာမကြည့်ရက်လို့.. သူ့ကိုငါ့အနားမှာရှိစေချင်တာ"

"တော်ပြီ.. မင်းကိုနားလည်ဖို့မကြိုးစားတော့ဘူး"

"အဲ့ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။ ဒါနဲ့လေ.. ဟိုဆော့.. "

"အင်း"

"မင်း.. အဲ့ဒါ..ဘယ်လိုပြောရမလဲ.. တစ်စုံတစ်ယောက်က.. ကိုယ့်ကို.. အသားနာအောင်လုပ်ခဲ့ပေမယ့်.. စိတ်မဆိုးတဲ့အပြင်နောက်ထပ်အနာခံဖို့မျှော်လင့်နေမိတာမျိုး.. အဲ့လိုခံစားချက်မျိုးဖြစ်ဖူးလား"

ဟိုဆော့ကယောင်နနမျက်နှာပေးဖြင့်သူ့စကားရဲ့အဓိပ္ပါယ်ကိုမျက်တောင်တဖျတ်ဖျတ်ခတ်၍ အသည်းအသန်စဥ်းစားသည်။

"အာ.. မင်းဆိုလိုချင်တာက.. ကြာပွတ်နဲ့အရိုက်ခံချင်တာတို့.. လက်နှစ်ဖက်လုံးကြိုးနဲ့အချည်နှောင်ခံချင်တာတို့.. လည်ပင်းအညှစ်ခံရမှခံစားမှုပိုကောင်းတာတို့.. အဲ့လိုမျိုးလား"

"ရား! ငါပြောတာအဲ့ဒါတွေမဟုတ်.. "

~ဒေါက်.. ဒေါက်.. ဒေါက်~

"ဒါရိုက်တာဂျွန်.. gallery ဖွင့်ပွဲသွားဖို့အချိန်ကျပါပြီ"

"အင်း.. သိပြီ။ အသင့်ပြင်ထားလိုက်"

"ဟုတ်ကဲ့"

သူ့ရဲ့အတွင်းရေးမှူးထွက်သွားမှဟိုဆော့ကပါးစပ်ကိုလက်နှစ်ဖက်ဖြင့်အုပ်ကာမျက်လုံးပြူးမျက်ဆံပြူးဖြင့်..

"ဂျောင်ကု.. မင်းက... "

"မဟုတ်ဘူး"

"မဟုတ်ဘူးလား"

"မဟုတ်ပါဘူးဆိုမှ.. အဲ့ဒီ့အကြည့်ကိုအခုချက်ချင်းပြင်လိုက်"

သူ.. ဟိုဆော့ကိုအံကြိတ်၍အသံမာမာဖြင့်ပိတ်ဟောက်ပစ်လိုက်သည်။ မဟောက်လို့လည်းမရ.. ဂျောင်ဟိုဆော့တို့ကတွေးလိုက်ရင်တလွဲတချော်တွေ။ ထို့နောက်အပေါ်ဝတ်ကုတ်အင်္ကျီကိုသပ်သပ်ရပ်ရပ်ဝတ်၍အခန်းတံခါးသို့ခြေဦးလှည့်တုန်း.. ဖျတ်ခနဲရလာတဲ့အကြံတစ်ခုကြောင့်ပြန်လှည့်လာပြီး..

"ဟိုဆော့.. ငါ့ကို.. ice-cream မှာပေးစမ်းပါ"

"Ice-cream?"

"အင်း.. chocolate ice-cream"

********** **********

"ဆော့ဂျီနီ!!!"

အော်သံနှင့်အတူသူ့ခါးတစ်ဝက်လောက်ရှိသည့်ရေခဲပုံးကြီးကိုမနိုင်မနင်းမ,၍ရုံးခန်းထဲဝင်လာသူက.. ဂျီမင်း။

"ဘာတွေလဲ"

သူကနေရာမှအလျင်အမြန်ထ,ကာရေခဲပုံးကြီးကိုဝိုင်းကူသယ်ပေးရင်းမေးတော့ဂျီမင်းကသူ့အမေးကိုချက်ချင်းမတုံ့ပြန်ဘဲအမောဖြေသည့်အနေဖြင့်ချွေးအနည်းငယ်စို့နေတဲ့မျက်နှာကိုလက်ဖဝါးဖြင့်ယပ်ခတ်ပြီးမှ သူ့ဘက်သို့မျက်နှာလှည့်၍..

"Ice-cream တဲ့"

"Ice-cream?"

ရေခဲပုံးကြီးကိုဖွင့်ကြည့်လိုက်တော့ ပုံးနဲ့အပြည့်ရေခဲမုန့်တွေ..

"ဒီလောက်အများကြီးဘယ်ကဝယ်လာတာလဲ။ ဘာလဲ.. မိဘမဲ့ဂေဟာမှာသွားလှူမလို့လား"

"ငါ.. ဝယ်လာတာမဟုတ်ပါဘူး။ မင်း.."

"ငါ? ရား.. ဒီလောက်အများကြီးငါဝယ်တာဖြစ်နိုင်ပါ့မလား။ မှားပြီးရောက်လာတာဖြစ်လိမ့်မယ်။ မင်းကလဲ.. မသိဘဲနဲ့ဘာလို့ယူလာတာလဲ"

"ဪ.. ကဲ.. ထင်ရာတွေစွတ်ပြောနေပြန်ပြီ။ စကားကိုလည်းဆုံးအောင်နားထောင်ပါဦး။ ဒါတွေ.. ငါဝယ်လာတာမဟုတ်ဘူး။ မင်းအတွက်တဲ့.. မင်းရဲ့ချစ်ချစ်ကြီးကပို့ခိုင်းလိုက်တာ။ မင်းကိုရေခဲမုန့်ဝယ်ကျွေးမယ်လို့ကတိပေးထားတယ်ဆို"

"ဘယ်သူလဲ"

"မသိချင်ယောင်ဆောင်ပြန်ပြီ။ မင်းရဲ့ချစ်ချစ်.. ဂျွန်ဂျောင်ကု"

ဂျွန်ဂျောင်ကုဆိုတဲ့နာမည်ကိုကြားမှညကသူမူးမူးနဲ့ပြောမိဆိုမိခဲ့တာတွေကိုပြန်အမှတ်ရသည်။ ဒီလူ.. ရူးများနေလားမသိဘူး။ အရက်မူးတဲ့လူလျှောက်ပြောတာကိုမှတ်မိပြီးဒါမျိုးလုပ်တာတော့မဖြစ်နိုင်.. ဒါသက်သက်ညကကိစ္စကိုအခွင့်ကောင်းယူပြီးသူ့ကိုရန်စ,တာပဲဖြစ်မှာ။

"ဘာချစ်ချစ်လဲ.. အဲ့လိုမပြောနဲ့လို့ပြောထားတာဘယ်နှစ်ခါရှိပြီလဲ"

"သဘောကျရဲ့သားနဲ့"

"တိတ်စမ်း! မင်း.. ဘာသိလို့လဲ။ အဲ့ဒီ့အမြင်ကပ်စရာလူကငါ့ကိုမနေ့ကခေါ်ပြီးဘာပြောတယ်မှတ်လဲ.. ငါ့ကိုများ ယောက်ျားတကာကိုမြူဆွယ်ပြီး...Aish! ပြန်တွေးမိရင်ဒေါသထွက်တယ်။ မနက်ကလည်း.. စောစောစီးစီးသူများအိမ်ရှေ့လာပြီးအူကြောင်ကြောင်တွေလာလုပ်သေးတယ်"

"မနက်ကလည်းရောက်လာသေးတာလား.. omo! မိုက်လိုက်တာ.. ညကလည်းမင်းအိပ်ပျော်တဲ့အထိစောင့်ပေးသွားသေးတယ်.. ရေခဲမုန့်စားချင်တယ်ဆိုတဲ့စကားလေးကိုလည်းသတိတရမှတ်ထားပေးပြီး... "

"ငါပြောချင်တာအဲ့ဒါမဟုတ်.."

ဂျီမင်းတို့ကသူ့စကားကိုအာရုံရှိပုံမရဘဲမျက်လုံးလေးတွေကွေးကျသွားအောင်ပြုံးရင်းကြည့်ခဲ့ဖူးတဲ့ဒရမ်မာတွေကိုစားမြုံ့ပြန်နေပုံရသည်။

"ဘာပဲဖြစ်ဖြစ်.. မင်းထင်သလိုဘယ်တော့မှဖြစ်လာမှာမဟုတ်လို့.. ဒါကြီးကိုခုချက်ချင်းသွားပြန်ပေးလိုက်"

"မပေးနိုင်ပါဘူး။ သိပ်ပေးချင်နေရင်လည်းမင်းဘာသာမင်း သွားပြန်ပေး"

"ရား! ပတ်ဂျီမင်း!"

ဂျီမင်းကသူ့အော်သံကိုဂရုမစိုက်ဘူးဆိုသည့်အထာဖြင့်သီချင်းလေးတအေးအေးနှင့်အခန်းထဲမှထွက်သွားသည်။ အခန်းထဲတွင်သူရယ်.. ရေခဲပုံးကြီးရယ်သာကျန်ခဲ့သည်။ စိတ်တိုတိုနဲ့ရေခဲပုံးကြီးကိုပိတ်ကန်ပစ်လိုက်ချင်ပေမယ့်.. အထဲကရေခဲမုန့်လေးတွေမှာအပြစ်မှမရှိဘဲနဲ့..

"ဒါရိုက်တာဂျွန်ဂျောင်ကုနဲ့တွေ့ချင်လို့ပါ"

သူကရေခဲပုံးကိုအတွင်းရေးမှူးကောင်တာပေါ် ဘုန်းခနဲမြည်အောင်တင်ရင်းမပျော့လွန်းမမာလွန်းသည့်လေသံဖြင့်စကားဆိုလိုက်တော့လန့်သွားပုံရသည့်ဂျွန်ဂျောင်ကုရဲ့အတွင်းရေးမှူးကပါးစပ်အဟောင်းသားဖြင့်မော့ကြည့်သည်။

"ဒါရိုက်တာ.. မရှိဘူးခင်ဗျ။ အလုပ်ကိစ္စနဲ့အပြင်ခဏသွားနေတယ်"

"ဟုတ်လား။ အဲ့ဒါဆို.. ဒါကြီးဒီမှာပဲထားခဲ့လိုက်မယ်။ သူပြန်လာရင်ပြန်ပေး,ပေးပါ"

"ဟိုလေ.. ဒါရိုက်တာကမှာသွားတယ်။ သူမရှိတဲ့အချိန်.. ဘာပစ္စည်းမှလက်မခံပါနဲ့တဲ့။ အဲ့ဒါကြောင့်လေ.. ဒါပြန်ပေးချင်တယ်ဆိုရင်.. သူပြန်လာတဲ့အထိစောင့်ပေးရပါလိမ့်မယ်"

"ဘာ"

********** **********

ရုံးခန်းထဲဝင်ဝင်ချင်းသူ့မျက်စိရှေ့ကိုဒေါနဲ့မောနဲ့ခြေလှမ်းကျဲများဖြင့်ရောက်လာသည့်ပုံရိပ်လေး.. ထိုပုံရိပ်လေးကထုံးစံအတိုင်းဒေါသရောင်တောက်နေသောမျက်လုံးလေးများနှင့်.. မျက်နှာပေါ်ကကြွက်သားများကိုအမာထန်ဆုံးတင်းထားသည်။ ထိုအခါ.. စိတ်ကူးနဲ့လက်တွေ့ကိုရေရေရာရာခွဲခြားနိုင်ခြင်းမရှိသေးသောသူ့ရဲ့အသိဉာဏ်ကိုမျက်တောင်တဖျတ်ဖျတ်ခတ်ကာမြန်မြန်ဆန်ဆန်ပုတ်နှိုးရသည်။

"ဒါ.. လူ.. အစစ်လား"

ပါးပြင်မို့မို့လေးကိုလက်ညှိုးဖြင့်ထိုးကြည့်လိုက်တော့သူ့လက်ချောင်းထိပ်မှတစ်ဆင့်ခံစားလိုက်ရသည့်အိထွေးမှုလေးတွေ။

"လူအတုဆိုတာရှိလို့လား"

"တကယ်ကြီးရောက်လာတာလား"

"ဘာလဲဟ"

သူ့မျက်နှာကိုမျက်လုံးကိုဝိုင်းနေအောင်ပြူးထားပြီးပါးစပ်အဟောင်းသားဖြင့်ကြည့်နေပုံက.. မသိရင်သရဲတွေ့လိုက်ရတဲ့အတိုင်း။ ဒီဂျွန်ဂျောင်ကုဆိုတဲ့လူက.. ဘယ်လိုမှပုံမှန်မဖြစ်နိုင်ဘူး။

"ခင်ဗျားပို့လိုက်တဲ့ဟာတွေလာပြန်ပို့တာ။ နောက်.. ဒါမျိုးလုပ်ရဲလုပ်ကြည့်.. "

လက်ညှိုးငေါက်ငေါက်ထိုး၍သတိပေးစကားပြောပြီးလှည့်အထွက်သူ့ကိုယ်လေးသည်အရှိန်ပြင်းပြင်းဖြင့်နံရံတွင်ဖိကပ်ခံလိုက်ရသည်။

"နောက်တစ်ခါလုပ်ရင်.. ဘာလုပ်မှာလဲ.. အသားနာအောင်လုပ်ဦးမှာလား။ အသားနာအောင်ထပ်လုပ်ရင်.. အလျော်ပြန်ယူမှာလို့သေချာသတိပေးထားရဲ့သားနဲ့"

"ခင်ဗျား.. လွှတ်.."

ရုန်းခါမှသူ့လက်နှစ်ဖက်လုံးနံရံတွင်တင်းတင်းကြပ်ကြပ်ချုပ်နှောင်ခြင်းခံလိုက်ရသည်။ လူချင်းထိလုမတတ်တိုးကပ်လာသည့်မျက်နှာမှာ.. နှုတ်ခမ်းပါးတို့သည်သိသိသာသာပြုံးနေလျှက်.. ရီဝေဝေအကြည့်တို့သည်ဆော့ဂျင်မျက်နှာပေါ်မှအစိတ်အပိုင်းတို့အနှံ့စုန်ချီဆန်ချီရစ်ဝဲနေလေတော့အနေရခက်စွာဖြင့်လက်ကိုအတင်းပြန်ဆွဲနုတ်ပေမယ့်ထိုသူဖိဆုပ်ထားတဲ့လက်ထဲကနေနည်းနည်းမှလှုပ်လို့မရ။

"လူကိုယ်တိုင်ရောက်လာတော့လည်းစိတ်ဆိုးတယ်.. ဖုန်းဆက်တော့လည်းစိတ်ဆိုးတယ်။ နောက်ဆုံး.. လက်ဆောင်ပေးတော့လည်းပိုလို့တောင်စိတ်ဆိုးသေးတယ်။ ကင်ဆော့ဂျင်.. မင်းက.. ဘာလို့အမြဲစိတ်ဆိုးနေတာလဲ။ အဲ့လို.. အမြဲစိတ်ဆိုးနေလို့.. မင်းအကြောင်းမတွေးဘဲမနေနိုင်တော့ဘူးလေ။ အဲ့ဒီ့အတွက်ဘာပြန်လုပ်ပေးမှာလဲ.. ဘယ်လိုတာဝန်ယူပေးမှာလဲ"

"ခင်ဗျား.. ကျွန်တော့်ကိုကြိုက်နေတာလား"

"ဟား"

ခေါင်းမော့ပြီးဟားခနဲရယ်ပုံက.. မချိတင်ကဲစိတ်တို့ကြောင့်လား.. လှောင်ရယ်တာလားဆိုတာကတော့ကာယကံရှင်ကိုယ်တိုင်ပဲသိနိုင်မယ်ထင်သည်။

"ဖြစ်နိုင်ပါ့မလား.. ရူးမှမရူးသေးတာ။ ဒါပေမယ့်.. "

စူးစိုက်ကြည့်လာတဲ့မျက်ဝန်းတို့ကြောင့်ရုန်းကန်ဖို့တာဆူနေတဲ့သူ့ကိုယ်လေးသည်ကြိုးချည်ခံရသလိုတုံ့ဆိုင်းရပ်တန့်သွား၏။ အကြည့်တစ်ချက်နှင့်လူကိုပြာကျမတတ်ပူလောင်သွားစေအောင်ပြုပဲပြုတတ်လွန်းပါ၏။

"အခုချိန်ကစပြီးရူးကြည့်တော့မလို့.. မျက်နှာပြောင်တိုက်ပြီးရူးကြည့်တော့မလို့"

ရွှန်းရွှန်းစားစားအကြည့်တို့အောက်မှာဆော့ဂျင်၏ကိုယ်လေးသည်ရေခဲရိုက်ခံရတဲ့ငါးတစ်ကောင်လိုအေးခဲတောင့်တင်းသွားကာပစ္စုပ္ပန်အခြေအနေကိုခဏတာမေ့သွားသည်။ လက်ကောက်ဝတ်မှပူနွေးနာကျင်ခြင်းဆိုသည့်အသိတွေသူ့ထံရောက်လာမှ.. ရုန်းထွက်ဖို့သတိရသွားကာ..

"လွှတ်.. လွှတ်လို့ပြောနေတယ်လေ"

ဘယ်လိုမှရုန်းကြည့်လို့မရတဲ့အဆုံး.. ခြေထောက်ဖြင့်ကန်ဖို့ကြိုးစားကြည့်တော့ကျင့်သားရနေပုံရသည့်ဂျွန်ဂျောင်ကုကသူ့ကန်ချက်ကိုလှလှပပရှောင်တိမ်းလိုက်နိုင်သည်။

"အလျော်ပြန်ယူမှာပါလို့.. သတိပေးထားရဲ့သားနဲ့ "

ရင်ခုန်သံတိုးတိတ်လှိုက်ဖိုရပ်တန့်သွားကာဆော့ဂျင်ရဲ့ကိုယ်လေးကိုထွေးခနဲရစ်ပွေ့လျက်တိုးကပ်လာသည့်နှုတ်ခမ်းတို့ကိုရှောင်တိမ်းဖို့​မေ့သွားသည်ထင်.. အငိုက်မိသွားရှာသည့်သူ့နှုတ်ခမ်းလွှာလေးသည်စက္ကန့်ပေါင်းများစွာပူနွေးစိုစွတ်သွားရသည်။ အမိန့်ပေးခံထားရတဲ့သူလိုခုခံအားမဲ့သွားခဲ့တဲ့ သူ့ကိုယ်သူမကျေနပ်သလို.. အားငယ်စိတ်လည်းဝင်မိသည်။

~ဒေါက်.. ဒေါက်.. ဒေါက်~

ရုတ်တရက်ထွက်ပေါ်လာသည့်တံခါးခေါက်သံကြောင့်အားပျော့သွားသည့်အချုပ်အနှောင်မှအတင်းရုန်းထွက်ကာ မျက်နှာတစ်ခုလုံးနီရဲကာရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့သူ့ကိုစူးစမ်းသလိုငေးကြည့်နေသည့်တံခါးဝမှလူနှစ်ဦးကိုတွန်းထိုး၍လှည့်မကြည့်စတမ်းပြေးထွက်ခဲ့တော့သည်။

ဒီနေ့.. သူ.. ဒုတိယအကြိမ်မြောက်ပျော့ညံ့ခဲ့ပြန်ပြီ။

********** **********

အချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰

Update ပေးပါဆိုပြီး message board မှာရော၊ မန့်မှာရော.. private chat မှာပါလာတောင်းဆိုထားကြတဲ့သူတွေ.. တောင်းတုန်းကတောင်းပြီး လာမဖတ်လို့ကတော့စိတ်ဆိုးမှာနော်.. လာတောင်းတဲ့သူတွေအကုန်မှတ်ထားတယ်.. ဟွင်း ဟွင်း 😆

**********

Zawgyi

"မင္းက.. တစ္ေန႕ရွစ္ႀကိမ္အဖက္ခံဖို႔လိုအပ္ေနတယ္"

ေဆာ့ဂ်င္၏ကမၻာႀကီးသည္အတိတ္ႀကီးတိတ္က်သြား၏။ သူ႕ကမၻာထဲတြင္သူ၏လည္တိုင္ကိုထိခတ္က်ီစယ္ေနေသာဝင္သက္ထြက္သက္၊ တျဖည္းျဖည္းႏြေးဖိုလွိုက္ျဖာလာေစသည့္နစ္ျမဳပ္မႈ၊ ၿပီးေတာ့.. ကေလးကစားသည့္ေဘာလုံးတစ္လုံးလိုခုန္ေပါက္ေနေသာႏွလုံးသားတစ္စုံ.. သာက်န္ခဲ့သည္။ ထိုတိတ္ဆိတ္မႈ၏ေနရာအႏွံ႕လြင့္ေျမာေနရွာသည့္ သူ႕ရဲ႕စိတ္ဝိဉာဥ္ေလးျပန္လည္သက္ဝင္လႈပ္ရွားလာခ်ိန္မွာေတာ့.. ဒီအခိုက္အတန့္ေလးမွာပဲအခ်ိန္အၾကာႀကီးရပ္တန့္ခ်င္ခဲ့မိသည့္သူ႕ရဲ႕ခဏတာေပ်ာ့ညံ့မႈကို အားမလိုအားမရစိတ္တိုမိသည္။ ထိုအသိေၾကာင့္ေဆာ့ဂ်င္.. ႏြေးေနသည့္အႏွောင္အဖြဲ႕မွဖ်တ္ခနဲ႐ုန္းဖယ္ေဆာင့္တြန္းလိုက္သည္။

~ဒုတ္~

"အား!"

ဒီေမတၱာတုံးစရာေလးသည္နိုင္ငံ့လက္ေ႐ြးစင္ေဘာလုံးသမားမ်ားျဖစ္ခဲ့ဖူးသလားလို႔သံသယဝင္စရာေကာင္းေလာက္ေအာင္ ကန္ခ်က္ကတစ္လက္မေတာင္မလြဲဘဲ မေန႕ကအကန္ခံထားရလို႔အနာေတာင္မေပ်ာက္ေသးတဲ့ညို႔သက်ည္းကိုမွကြက္တိဒုတ္ခနဲလာထိမွန္သည္။

"ရား! မင္း.. စကားနဲ႕ေျပာလို႔မရဘူးလား။ မင္းက..လူမိုက္လား.. အၾကမ္းဖက္သမားလား"

"ခ.. ခင္ဗ်ားဘက္ကအရင္လာစတာေလ။ ဘာ.. ရွစ္ႀကိမ္အဖက္ခံသင့္တယ္တဲ့.. ေပါက္ကရေတြလည္းေလွ်ာက္ေျပာေသးတယ္။ ႐ူးေနလား.. ခင္ဗ်ား"

အၿမဲလိုလိုစူးစူးစိုက္စိုက္ျပန္ၾကည့္တတ္တဲ့မ်က္ဝန္းေလးေတြကိုသူနဲ႕အၾကည့္ခ်င္းမဆုံေစဘဲမသိမသာမ်က္လႊာေလးခ်ထား၏။ ပန္းဆီေရာင္ေတာက္ေနတဲ့ပါးျပင္ေလးေတြႏွင့္နား႐ြက္ရဲရဲေလးတို႔ကလည္း ဒီဆတ္ဆတ္ႀကဲေလးရွက္ရမ္းရမ္းၿပီးလုပ္မိလုပ္ရာလုပ္ခဲ့တဲ့အျဖစ္ကိုေဖာ္ျပေနေလရဲ႕။ ဒါေပမယ့္ေမတၱာတုံးစရာေလးကေတာ့မာန္ေလွ်ာ့မည့္ပုံမေပၚဘဲရွိရွိသမွ်မာနမ်ားကိုစုစည္းကာမ်က္ႏွာထားကိုေတာ့တင္းထားဆဲပင္။

"ဘာ! ႐ူးေနလား.. ဟုတ္လား။ဝါး!ငါ..တကယ္.. တကယ္အႀကီးႀကီးစိတ္တိုသြားၿပီေနာ္။ ဒီအတိုင္းေတာ့ ေက်ာ္မသြားနိုင္ဘူး.. အခုခ်က္ခ်င္းေတာင္းပန္။ မေတာင္းပန္လို႔ကေတာ့.. ငါ့ေရွ႕ေနကိုေခၚလိုက္မွာ"

"ေခၚလိုက္"

"ဘာ"

"ေရွ႕ေနေခၚမယ္ဆို.. ေခၚလိုက္လို႔"

လက္ပိုက္၊ ေမးေငါ့ၿပီးမ်က္ခုံးတစ္ဖက္ပင့္ကာေျပာပုံကလုပ္ခ်င္သလိုလုပ္မေၾကာက္ဘူးဆိုၿပီးစိန္ေခၚေနသည့္ပုံ..

"တ.. တကယ္.. တကယ္ေခၚမွာ။ တစ္ကေနသုံးအထိေရလို႔မွမေတာင္းပန္ရင္.. တကယ္ေခၚလိုက္မွာေနာ္"

တကယ့္ကိုကိုင္ေပါက္ပစ္ခ်င္စရာမာနခဲေလးပါပဲ။ မွားေနမွန္းသိရက္နဲ႕ေတာင္ ေတာင္းပန္ဖို႔အစီအစဥ္ရွိပုံမရဘဲ ႏႈတ္ခမ္းတို႔ကိုတင္းတင္းေစ့ထားေသး၏။

"တစ္"

".........."

"ႏွစ္"

".........."

"န..ႏွစ္..ဒႆမငါး"

"ဟြန့္"

"ႏွစ္.. ဒႆမခြန္ငါး"

အေၾကာတင္းေလးဟာဆိုရင္ျဖင့္ ႏႈတ္ခမ္းကိုမဲ့ကာေခါင္းတခါခါျဖင့္သူ႕အနားကထြက္သြားေတာ့သည္။

"ေကာင္းၿပီ.. ခြင့္လႊတ္ေပးလိုက္မယ္... လွလို႔"

ခ်ာခနဲလွည့္လာတဲ့မ်က္ႏွာေလးမွာမ်က္ေမွာင္ေလးကုတ္ထားေပမယ့္ပါးျပင္ေလးႏွစ္ဖက္သည္ႏွင္းဆီေရာင္စိုထေနသည္။

"ဘာေျပာတယ္"

"မင္းက.. စိတ္ဆိုးေနတဲ့အခ်ိန္ဆို.. အလွဆုံးမို႔လို႔.. ခြင့္လႊတ္ေပးလိုက္မယ္။ အဲ့စကားၾကားခ်င္လို႔.. တမင္ မေတာင္းပန္ပဲမူေနတာမဟုတ္လား"

"ခင္ဗ်ား... "

"အလုပ္သြားမွာမဟုတ္လား.. လိုက္ပို႔ေပးမယ္.. တက္"

ရန္ေတြ႕ဖို႔ျပင္ေနသည့္စကားလုံးေလးေတြရပ္တန့္သြားေအာင္စကားျဖတ္ေျပာလိုက္ေတာ့ တည့္တည့္မတ္မတ္ေရာက္လာသည့္ေဒါသမ်က္ေစာင္းကဒိုင္းခနဲ..

"ကြၽန္ေတာ္ကဘာလို႔ခင္ဗ်ားကားကိုလိုက္စီးရမွာလဲ"

"ပါးစပ္နဲ႕ေကာင္းေကာင္းေျပာေနတုန္းတက္လိုက္ေနာ္.. မဟုတ္ရင္.. အတင္းေပြ႕ခ်ီၿပီး.. "

"ထိရဲထိၾကည့္ပါလား.. တခါတည္း.. ဟြက္.. "

သူ႕စကားေၾကာင့္ဂြၽန္ေဂ်ာင္ကုက အကန္ခံရဖူးသည့္ ေျခေထာက္ကိုပိုက္၍ေျခတစ္ေပါင္က်ိဳးျဖင့္အေနာက္သို႔ခုန္ဆြခုန္ဆြ ဆုတ္သြားသည္။ လူတစ္ကိုယ္လုံးကိုထိုးေဖာက္မတတ္စူးစူးရဲရဲၾကည့္တတ္သည့္မ်က္ဝန္းတို႔က အခုက်ေတာ့လည္းဝိုင္းဝိုင္းစက္စက္ၾကည္ၾကည္လင္လင္ေလးမို႔ရယ္ခ်င္စရာ။ဒါေပမယ့္.. သူ႕သိကၡာကိုစကားေတြနဲ႕ထိပါးေစာ္ကားထားတယ္ဆိုတဲ့အသိေၾကာင့္ဒီလူဘာလုပ္လုပ္အျမင္ကပ္စရာလို႔ပဲျမင္ေနမိသည္။

"ရား.. ရား.. စကားနဲ႕ပဲေျပာ.. လက္ေတြေျခေတြမပါေစနဲ႕။ ၿပီးေတာ့.. ေနာက္တခါ.. အသားနာေအာင္လုပ္ၾကည့္.. အေလ်ာ္ျပန္ယူျပမယ္"

"အ႐ူး"

ဟု.. ပါးစပ္ေလးလႈပ္႐ုံအသံတိတ္က်ိန္ဆဲၿပီးဘတ္စ္ကားမွတ္တိုင္သို႔ခပ္သြက္သြက္လွည့္ထြက္လာခဲ့သည္။

"ရား! လိုက္ပို႔ေပးပါမယ္ဆိုမွ"

အေနာက္ကေန အေျပးလိုက္သြားေပမယ့္မမွီေတာ့ေမတၱာတုံးေလးကအခ်ိန္ကိုက္ေရာက္လာတဲ့ဘတ္စ္ကားေပၚသို႔တက္သြားခဲ့ၿပီ။ သူ.. ဘတ္စ္ကားေပၚကိုလိုက္ဖို႔ေျခလွမ္းျပင္လိုက္ေပမယ့္ဘတ္စ္ကားေပၚမွတိုးေဝွ႕ျပည့္သိပ္ေနသည့္လူအုပ္ကိုျမင္ေတာ့မ်က္လုံးေတြျပာလာၿပီးအသက္ရႉရခက္ခဲလာကာနဖူးေၾကာတစ္ေလွ်ာက္တြင္ေခြၽးမ်ားစီးက်လာသည္။ သူ.. ထိုသို႔တုံ႕ဆိုင္းေနမိခ်ိန္တြင္ ကားကသူ႕နားမွတလွိမ့္ခ်င္းေမာင္းထြက္သြား၏။ ဒူးၫြတ္က်မသြားေအာင္ကိုယ့္ကိုယ္ထိန္းရင္း အသက္ကိုခပ္မွန္မွန္ရႉ၍ သူႏွင့္ေဝးကြာသြားသည့္ကားကိုလွမ္းေငးမိေတာ့ေနာက္ဆုံးခုံတန္းတြင္ပါသြားသည့္ ေမတၱာတုံးေလးကသူ႕ကိုမ်က္လုံးေတာက္ေတာက္ေလးမ်ားျဖင့္ျပန္လည္ေငးေမာေနတာကိုျမင္လိုက္ရေလသည္။

********** **********

~တူ.. တူ.. တူ.. တူ~

ေနလာခဲ့တဲ့ဘဝတစ္ေလွ်ာက္လုံး တဖက္ကိုဖုန္းဝင္သြားတဲ့အသံ တတူတူကဒီေလာက္ထိရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းၿပီးနားဝင္ပီယံရွိမွန္းအခုမွပဲသိလိုက္ရေတာ့သည္။

"ဟဲလို"

ၾကားလိုက္ရတဲ့အသံခ်ိဳခ်ိဳေလးေၾကာင့္႐ုတ္တရက္ဘာစကားမွျပန္မေျပာျဖစ္ေသးဘဲၾကည္ၾကည္ႏူးႏူးၿပဳံးေနမိသည္။ ရင္ခုန္စရာေနာက္မွာၾကည္ႏူးစရာေလးေတြထပ္ဆင့္ကဲလိုက္ပါလာသည့္ ဒီအေျခအေနေလးကလည္းတစ္မ်ိဳးတစ္ဖုံ ခ်ိဳၿမိန္လြန္းလွပါဘိ။

"ဟဲလို"

ဒုတိယအႀကိမ္ၾကားလိုက္ရတဲ့အသံမွာေတာ့စိတ္မရွည္ျခင္းေတြအဖ်ားခတ္ေနေလသည္.. ေဒါသအိုးေလးကတကယ့္ကိုစိတ္ကလက္တစ္ဆစ္ရယ္.. ထို႔ေၾကာင့္အခ်ိန္ဆြဲမေနေတာ့ဘဲ..

"ကင္ေဆာ့ဂ်င္ရွီ"

"ဟုတ္ပါတယ္.. ကင္ေဆာ့ဂ်င္ပါ။ အခုေျပာေနတာ.. ဘယ္သူပါလဲ"

"ကိုယ့္အသံကိုမမွတ္မိဘူးလား။ လြယ္လြယ္နဲ႕ေမ့သြားနိုင္မယ့္အသံမ်ိဳးလည္းမဟုတ္ဘဲနဲ႕"

တစ္ဖက္ကေခတၱမွ်အသံတိတ္သြားသည္။ ထို႔ေနာက္.. ဟင္းခနဲသက္ျပင္းခ်သံကိုၾကားလိုက္ရ၏။

"ဘာကိစၥလဲ"

ေလသံကခပ္ျပတ္ျပတ္.. ဖုန္းဆက္တာသူမွန္းသိလိုက္ရလို႔ျဖစ္သြားမယ့္ေဒါသမ်က္ႏွာေလးကိုျမင္ေယာင္ၿပီးအူျမဴးလာ၏။

"ေန႕လည္စာစားခ်ိန္.. ခဏေလာက္ေတြ႕ရေအာင္"

"ဘာလို႔လဲ"

"အေၾကာင္းအရင္းမေမးဘဲဒီအတိုင္းလာေတြ႕လို႔မရဘူးလား"

"မရဘူး"

~တီ~

"ဟဲလို.. ဟဲလို.. ဟား.. စိတ္ကလည္းျမန္လိုက္တာ"

"ကြၽတ္.. ကြၽတ္.. ကြၽတ္.. ငါတို႔ေဂ်ာင္ကုေလး.. သနားပါတယ္။ attention ေပးခ်င္လြန္းလို႔အေနာက္ကေနတေကာက္ေကာက္လိုက္ေနရရွာတယ္။ ဒါနဲ႕.. attention လိုခ်င္တဲ့သူကလည္းအဆန္းေနာ္.. အၿမဲအေပၚစီးကေခ်မိဳးေနတာပဲ"

"အဲ့ဒါ.. သူ.. ဝန္ခံရမွာ.. ရွက္လို႔ေနမွာေပါ့"

"ေအာ္.. ေအာ္.. ရွက္ေနလို႔ကိုး"

ဟိုေဆာ့ရဲ႕ႏႈတ္ခမ္းေတြကအံ့ဩသြားသေယာင္မပြင့္တပြင့္ဟ, ထားေပမယ့္မ်က္လုံးအၾကည့္ေတြကေတာ့ခနဲ႕သလိုလို.. ေလွာင္သလိုလိုႏွင့္..

"မင္းက.. လက္ထပ္မွာလား"

"ဘာကိုလဲ"

"အိမ္ေထာင္လည္းက်ဖဴးတယ္..ေဖာက္လည္းေဖာက္ျပန္ဖူးတယ္.. ကေလးေတာင္ဘယ္သူနဲ႕ရမွန္းမသိတဲ့လူမ်ိဳးကို..လက္ထပ္ဖို႔ထိစဥ္းစားထားလို႔.. ဒီေလာက္ထိႀကိဳးစားအားထုတ္မႈေတြလုပ္ေနတာလား.. လို႔"

ေဂ်ာင္ကုကမွင္တက္သြားသည့္ဟန္ျဖင့္မ်က္ေတာင္မခတ္ဘဲၿငိမ္သက္သြားသည္။

"ေဖာက္ျပန္ခဲ့တယ္ဆိုတာ.. ေကာလဟာလမို႔မဟုတ္ဘူးပဲထားပါေတာ့။ ဒါေပမယ့္.. ကင္ေဆာ့ဂ်င္က.. တစ္ခုလပ္ကေလးတစ္ေယာက္အေဖဆိုတာေတာ့အမွန္တရားပဲမဟုတ္လား။အဲ့လိုလူမ်ိဳးကိုလက္ထပ္နိုင္မွာလည္းမဟုတ္ဘဲနဲ႕ဘာလို႔အခ်ိန္ေတြျဖဳန္းေနမွာလဲ။ ဒီ့ထက္မလြန္ခင္ ရပ္တန္းကရပ္လိုက္ေတာ့"

သူ႕စကားေၾကာင့္ေဂ်ာင္ကုရဲ႕မ်က္ႏွာကကြက္ခနဲပ်က္၏။

"ဘယ္သူကဘာေျပာေနလို႔လဲ။ မပူနဲ႕.. ရပ္မွာ။ ဒါေပမယ့္.. အခုေတာ့မဟုတ္ေသးဘူး"

"ရား.."

"ငါ..ရႈေထာင့္အမ်ိဳးမ်ိဳးကေနစဥ္းစားၾကည့္ၿပီးၿပီ..ငါ.. သူ႕ကိုသေဘာက်တယ္။ အဲ့ဒါကလည္းခဏတာစိတ္ကစားမိတဲ့သေဘာမ်ိဳးပါပဲ။ ဘယ္ေျပာနိုင္မလဲ.. ေနာက္ႏွစ္လသုံးလေလာက္ဆိုရင္..ငါ သူ႕ကိုရိုးခ်င္ရိုးသြားမွာ။ ဒီေတာ့.. ႏွစ္လသုံးလေလာက္အခြင့္အေရးေပးၾကည့္တာမမွားပါဘူးလို႔ထင္တယ္။ ၿပီးေတာ့.. သူကမာနႀကီးတယ္.. သူ႕မာနနဲ႕ဆိုငါ့ဘက္ကစ,ၿပီးထားသြားလည္းလိုက္တြယ္ကပ္ေနမယ့္လူစားမ်ိဳးမဟုတ္လို႔ မင္းစိုးရိမ္ေနသလိုဘာမွျဖစ္လာမွာမဟုတ္ဘူး"

"ငါ့အျမင္မွာေတာ့.. မင္းဘက္ကပဲလိုက္တြယ္ကပ္ေနရသလိုပဲ"

ကင္ေဆာ့ဂ်င္ကိုေလးႏွစ္လုံးလုံးမေမ့နိုင္ခဲ့တဲ့လူက.. ႏွစ္လသုံးလေလာက္ဆိုရိုးသြားမယ္ဆိုပဲ.. ရယ္ခ်င္စရာ။ ဒီစကားကိုအ႐ူးကိုသြားေျပာရင္ေတာင္ယုံလိမ့္မည္မထင္ပါ။

"အဲ့ဒါက... တြယ္ကပ္တာမဟုတ္ဘူး.. ငါ့ကိုယ္ငါခ်စ္တာ"

လုပ္လာျပန္ၿပီ.. ဆင္ေျခေနာက္တစ္မ်ိဳး။ ကိုယ့္စိတ္ကိုယ္လိမ္ညာတဲ့ေနရာမွာဂြၽန္ေဂ်ာင္ကုတို႔ကအေတာ္ဆုံး..

"ဘယ္လို.. ဘယ္လို! ေျပာေတာ့.. မင္းသူ႕ကိုသေဘာက်တယ္ဆို"

"ဟုတ္တယ္ေလ။ ဒါေပမယ့္.. သေဘာက်လိဳ႕တြယ္ကပ္ေနတာမဟုတ္ဘူး"

"Heol"

"ငါ.. သူနဲ႕မေတြ႕ရရင္မေနတတ္ဘူး.. သူ႕အေၾကာင္းမေတြးရရင္မေနနိုင္ဘူး.. သူ႕ရဲ႕ရန္ေတြ႕သံတတြတ္တြတ္မၾကားရရင္အရမ္းစိတ္ဆင္းရဲတာပဲ။ အဲ့ဒါေၾကာင့္.. သူငါ့အနားမွာရွိေနမွျဖစ္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့..ငါ့ကိုယ္ငါခ်စ္လို႔.. သူ႕ေၾကာင့္ငါ့ခႏၶာကိုယ္ထဲမွာေဝဒနာေတြခံစားေနရမွာမၾကည့္ရက္လို႔.. သူ႕ကိုငါ့အနားမွာရွိေစခ်င္တာ"

"ေတာ္ၿပီ.. မင္းကိုနားလည္ဖို႔မႀကိဳးစားေတာ့ဘူး"

"အဲ့ဒါမွန္ကန္တဲ့ဆုံးျဖတ္ခ်က္ပဲ။ ဒါနဲ႕ေလ.. ဟိုေဆာ့.. "

"အင္း"

"မင္း.. အဲ့ဒါ..ဘယ္လိုေျပာရမလဲ..တစ္စုံတစ္ေယာက္က.. ကိုယ့္ကို.. အသားနာေအာင္လုပ္ခဲ့ေပမယ့္.. စိတ္မဆိုးတဲ့အျပင္ေနာက္ထပ္အနာခံဖို႔ေမွ်ာ္လင့္ေနမိတာမ်ိဳး.. အဲ့လိုခံစားခ်က္မ်ိဳးျဖစ္ဖူးလား"

ဟိုဆော့ကယောင်နနမျက်နှာပေးဖြင့်သူ့စကားရဲ့အဓိပ္ပါယ်ကိုမျက်တောင်တဖျတ်ဖျတ်ခတ်၍ အသည္းအသန္စဥ္းစားသည္။

"အာ.. မင္းဆိုလိုခ်င္တာက.. ၾကာပြတ္နဲ႕အရိုက္ခံခ်င္တာတို႔.. လက္ႏွစ္ဖက္လုံးႀကိဳးနဲ႕အခ်ည္ႏွောင္ခံခ်င္တာတို႔.. လည္ပင္းအညွစ္ခံရမွခံစားမႈပိုေကာင္းတာတို႔.. အဲ့လိုမ်ိဳးလား"

"ရား! ငါေျပာတာအဲ့ဒါေတြမဟုတ္.. "

~ေဒါက္.. ေဒါက္.. ေဒါက္~

"ဒါရိုက္တာဂြၽန္.. gallery ဖြင့္ပြဲသြားဖို႔အခ်ိန္က်ပါၿပီ"

"အင္း.. သိၿပီ။ အသင့္ျပင္ထားလိုက္"

"ဟုတ္ကဲ့"

သူ႕ရဲ႕အတြင္းေရးမႉးထြက္သြားမွဟိုေဆာ့ကပါးစပ္ကိုလက္ႏွစ္ဖက္ျဖင့္အုပ္ကာမ်က္လုံးျပဴးမ်က္ဆံျပဴးျဖင့္..

"ေဂ်ာင္ကု.. မင္းက... "

"မဟုတ္ဘူး"

"မဟုတ္ဘူးလား"

"မဟုတ္ပါဘူးဆိုမွ.. အဲ့ဒီ့အၾကည့္ကိုအခုခ်က္ခ်င္းျပင္လိုက္"

သူ.. ဟိုေဆာ့ကိုအံႀကိတ္၍အသံမာမာျဖင့္ပိတ္ေဟာက္ပစ္လိုက္သည္။ မေဟာက္လို႔လည္းမရ.. ေဂ်ာင္ဟိုေဆာ့တို႔ကေတြးလိုက္ရင္တလြဲတေခ်ာ္ေတြ.. ထို႔ေနာက္အေပၚဝတ္ကုတ္အကၤ်ီကိုသပ္သပ္ရပ္ရပ္ဝတ္၍အခန္းတံခါးသို႔ေျခဦးလွည့္တုန္း.. ဖ်တ္ခနဲရလာတဲ့အႀကံတစ္ခုေၾကာင့္ျပန္လွည့္လာၿပီး..

"ဟိုေဆာ့.. ငါ့ကို.. ice-cream မွာေပးစမ္းပါ"

"Ice-cream?"

"အင္း.. chocolate ice-cream"

********** **********

"ေဆာ့ဂ်ီနီ!!!"

ေအာ္သံႏွင့္အတူသူ႕ခါးတစ္ဝက္ေလာက္ရွိသည့္ေရခဲပုံးႀကီးကိုမနိုင္မနင္းမ,၍႐ုံးခန္းထဲဝင္လာသူက.. ဂ်ီမင္း။

"ဘာေတြလဲ"

သူကေနရာမွအလ်င္အျမန္ထ,ကာေရခဲပုံးႀကီးကိုဝိုင္းကူသယ္ေပးရင္းေမးေတာ့ဂ်ီမင္းကသူ႕အေမးကိုခ်က္ခ်င္းမတုံ႕ျပန္ဘဲအေမာေျဖသည့္အေနျဖင့္ေခြၽးအနည္းငယ္စို႔ေနတဲ့မ်က္ႏွာကိုလက္ဖဝါးျဖင့္ယပ္ခတ္ၿပီးမွ သူ႕ဘက္သို႔မ်က္ႏွာလွည့္၍..

"Ice-cream တဲ့"

"Ice-cream?"

ေရခဲပုံးႀကီးကိုဖြင့္ၾကည့္လိုက္ေတာ့ ပုံးနဲ႕အျပည့္ေရခဲမုန့္ေတြ..

"ဒီေလာက္အမ်ားႀကီးဘယ္ကဝယ္လာတာလဲ။ ဘာလဲ.. မိဘမဲ့ေဂဟာမွာသြားလႉမလို႔လား"

"ငါ.. ဝယ္လာတာမဟုတ္ပါဘူး။ မင္း.."

"ငါ? ရား.. ဒီေလာက္အမ်ားႀကီးငါဝယ္တာျဖစ္နိုင္ပါ့မလား။ မွားၿပီးေရာက္လာတာျဖစ္လိမ့္မယ္။ မင္းကလဲ.. မသိဘဲနဲ႕ဘာလို႔ယူလာတာလဲ"

"ဪ.. ကဲ.. ထင္ရာေတြစြတ္ေျပာေနျပန္ၿပီ။ စကားကိုလည္းဆုံးေအာင္နားေထာင္ပါဦး။ ဒါေတြ.. ငါဝယ္လာတာမဟုတ္ဘူး။ မင္းအတြက္တဲ့.. မင္းရဲ႕ခ်စ္ခ်စ္ႀကီးကပို႔ခိုင္းလိုက္တာ။ မင္းကိုေရခဲမုန့္ဝယ္ေကြၽးမယ္လို႔ကတိေပးထားတယ္ဆို"

"ဘယ္သူလဲ"

"မသိခ်င္ေယာင္ေဆာင္ျပန္ၿပီ။ မင္းရဲ႕ခ်စ္ခ်စ္.. ဂြၽန္ေဂ်ာင္ကုက.. "

ဂြၽန္ေဂ်ာင္ကုဆိုတဲ့နာမည္ကိုၾကားမွညကသူမူးမူးနဲ႕ေျပာမိဆိုမိခဲ့တာေတြကိုျပန္အမွတ္ရသည္။ဒီလူ.. ႐ူးမ်ားေနလားမသိဘူး။ အရက္မူးတဲ့လူေလွ်ာက္ေျပာတာကိုမွတ္မိၿပီးဒါမ်ိဳးလုပ္တာေတာ့မျဖစ္နိုင္.. ဒါသက္သက္ညကကိစၥကိုအခြင့္ေကာင္းယူၿပီးသူ႕ကိုရန္စ,တာပဲျဖစ္မွာ..

"ဘာခ်စ္ခ်စ္လဲ.. အဲ့လိုမေျပာနဲ႕လို႔ေျပာထားတာဘယ္ႏွစ္ခါရွိၿပီလဲ"

"သေဘာက်ရဲ႕သားနဲ႕"

"တိတ္စမ္း! မင္း.. ဘာသိလို႔လဲ။ အဲ့ဒီ့အျမင္ကပ္စရာလူကငါ့ကိုမေန႕ကေခၚၿပီးဘာေျပာတယ္မွတ္လဲ.. ငါ့ကိုမ်ား ေယာက္်ားတကာကိုျမဴဆြယ္ၿပီး...Aish! ျပန္ေတြးမိရင္ေဒါသထြက္တယ္။ မနက္ကလည္း.. ေစာေစာစီးစီးသူမ်ားအိမ္ေရွ႕လာၿပီးအူေၾကာင္ေၾကာင္ေတြလာလုပ္ေသးတယ္"

"မနက္ကလည္းေရာက္လာေသးတာလား.. omo! မိုက္လိုက္တာ.. ညကလည္းမင္းအိပ္ေပ်ာ္တဲ့အထိေစာင့္ေပးသြားေသးတယ္.. ေရခဲမုန့္စားခ်င္တယ္ဆိုတဲ့စကားေလးကိုလည္းသတိတရမွတ္ထားေပးၿပီး... "

"ငါေျပာခ်င္တာအဲ့ဒါမဟုတ္.."

ဂ်ီမင္းတို႔ကသူ႕စကားကိုအာ႐ုံရွိပုံမရဘဲမ်က္လုံးေလးေတြေကြးက်သြားေအာင္ၿပဳံးရင္းၾကည့္ခဲ့ဖူးတဲ့ဒရမ္မာေတြကိုစားၿမဳံ႕ျပန္ေနပုံရသည္။

"ဘာပဲျဖစ္ျဖစ္.. မင္းထင္သလိုဘယ္ေတာ့မွျဖစ္လာမွာမဟုတ္လို႔.. ဒါႀကီးကိုခုခ်က္ခ်င္းသြားျပန္ေပးလိုက္"

"မေပးနိုင္ပါဘူး။ သိပ္ေပးခ်င္ေနရင္လည္းမင္းဘာသာမင္း သြားျပန္ေပး"

"ရား! ပတ္ဂ်ီမင္း!"

ဂ်ီမင္းကသူ႕ေအာ္သံကိုဂ႐ုမစိုက္ဘူးဆိုသည့္အထာျဖင့္သီခ်င္းေလးတေအးေအးႏွင့္အခန္းထဲမွထြက္သြားသည္။ အခန္းထဲတြင္သူရယ္.. ေရခဲပုံးႀကီးရယ္သာက်န္ခဲ့သည္။ စိတ္တိုတိုနဲ႕ေရခဲပုံးႀကီးကိုပိတ္ကန္ပစ္လိုက္ခ်င္ေပမယ့္.. အထဲကေရခဲမုန့္ေလးေတြမွာအျပစ္မွမရွိဘဲနဲ႕..

"ဒါရိုက္တာဂြၽန္ေဂ်ာင္ကုနဲ႕ေတြ႕ခ်င္လို႔ပါ"

သူကေရခဲပုံးကိုအတြင္းေရးမႉးေကာင္တာေပၚဘုန္းခနဲျမည္ေအာင္တင္ရင္းမေပ်ာ့လြန္းမမာလြန္းသည့္ေလသံျဖင့္စကားဆိုလိုက္ေတာ့လန့္သြားပုံရသည့္ဂြၽန္ေဂ်ာင္ကုရဲ႕အတြင္းေရးမႉးကပါးစပ္အေဟာင္းသားျဖင့္ေမာ့ၾကည့္သည္။

"ဒါရိုက္တာ.. မရွိဘူးခင္ဗ်။ အလုပ္ကိစၥနဲ႕အျပင္ခဏသြားေနတယ္"

"ဟုတ္လား။ အဲ့ဒါဆို.. ဒါႀကီးဒီမွာပဲထားခဲ့လိုက္မယ္။ သူျပန္လာရင္ျပန္ေပး,ေပးပါ"

"ဟိုေလ.. ဒါရိုက္တာကမွာသြားတယ္။ သူမရွိတဲ့အခ်ိန္.. ဘာပစၥည္းမွလက္မခံပါနဲ႕တဲ့။ အဲ့ဒါေၾကာင့္ေလ.. ဒါျပန္ေပးခ်င္တယ္ဆိုရင္.. သူျပန္လာတဲ့အထိေစာင့္ေပးရပါလိမ့္မယ္"

"ဘာ"

********** **********

႐ုံးခန္းထဲဝင္ဝင္ခ်င္းသူ႕မ်က္စိေရွ႕ကိုေဒါနဲ႕ေမာနဲ႕ေျခလွမ္းက်ဲမ်ားျဖင့္ေရာက္လာသည့္ပုံရိပ္ေလး.. ထိုပုံရိပ္ေလးကထုံးစံအတိုင္းေဒါသေရာင္ေတာက္ေနေသာမ်က္လုံးေလးမ်ားႏွင့္.. မ်က္ႏွာေပၚကႂကြက္သားမ်ားကိုအမာထန္ဆုံးတင္းထားသည္။ ထိုအခါ.. စိတ္ကူးနဲ႕လက္ေတြ႕ကိုေရေရရာရာခြဲျခားနိုင္ျခင္းမရွိေသးေသာသူ႕ရဲ႕အသိဉာဏ္ကိုမ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ကာျမန္ျမန္ဆန္ဆန္ပုတ္ႏွိုးရသည္။

"ဒါ.. လူ.. အစစ္လား"

ပါးျပင္မို႔မို႔ေလးကိုလက္ညွိုးျဖင့္ထိုးၾကည့္လိုက္ေတာ့သူ႕လက္ေခ်ာင္းထိပ္မွတစ္ဆင့္ခံစားလိုက္ရသည့္အိေထြးမႈေလးေတြ။

"လူအတုဆိုတာရွိလို႔လား"

"တကယ္ႀကီးေရာက္လာတာလား"

"ဘာလဲဟ"

သူ႕မ်က္ႏွာကိုမ်က္လုံးကိုဝိုင္းေနေအာင္ျပဴးထားၿပီးပါးစပ္အေဟာင္းသားျဖင့္ၾကည့္ေနပုံက.. မသိရင္သရဲေတြ႕လိုက္ရတဲ့အတိုင္း။ ဒီဂြၽန္ေဂ်ာင္ကုဆိုတဲ့လူက.. ဘယ္လိုမွပုံမွန္မျဖစ္နိုင္ဘူး။

"ခင္ဗ်ားပို႔လိုက္တဲ့ဟာေတြလာျပန္ပို႔တာ။ ေနာက္.. ဒါမ်ိဳးလုပ္ရဲလုပ္ၾကည့္.. "

လက္ညွိုးေငါက္ေငါက္ထိုး၍သတိေပးစကားေျပာၿပီးလွည့္အထြက္သူ႕ကိုယ္ေလးသည္အရွိန္ျပင္းျပင္းျဖင့္နံရံတြင္ဖိကပ္ခံလိုက္ရသည္။

"ေနာက္တစ္ခါလုပ္ရင္.. ဘာလုပ္မွာလဲ.. အသားနာေအာင္လုပ္ဦးမွာလား။ အသားနာေအာင္ထပ္လုပ္ရင္.. အေလ်ာ္ျပန္ယူမွာလို႔ေသခ်ာသတိေပးထားရဲ႕သားနဲ႕"

"ခင္ဗ်ား.. လႊတ္.."

႐ုန္းခါမွသူ႕လက္ႏွစ္ဖက္လုံးနံရံတြင္တင္းတင္းၾကပ္ၾကပ္ခ်ဳပ္ႏွောင္ျခင္းခံလိုက္ရသည္။ လူခ်င္းထိလုမတတ္တိုးကပ္လာသည့္မ်က္ႏွာမွာ.. ႏႈတ္ခမ္းပါးတို႔သည္သိသိသာသာၿပဳံးေနလွ်က္.. ရီေဝေဝအၾကည့္တို႔သည္ေဆာ့ဂ်င္မ်က္ႏွာေပၚမွအစိတ္အပိုင္းတို႔အႏွံ႕စုန္ခ်ီဆန္ခ်ီရစ္ဝဲေနေလေတာ့အေနရခက္စြာျဖင့္လက္ကိုအတင္းျပန္ဆြဲႏုတ္ေပမယ့္ထိုသူဖိဆုပ္ထားတဲ့လက္ထဲကေနနည္းနည္းမွလႈပ္လို႔မရ။

"လူကိုယ္တိုင္ေရာက္လာေတာ့လည္းစိတ္ဆိုးတယ္.. ဖုန္းဆက္ေတာ့လည္းစိတ္ဆိုးတယ္။ေနာက္ဆုံး.. လက္ေဆာင္ေပးေတာ့လည္းပိုလို႔ေတာင္စိတ္ဆိုးေသးတယ္။ကင္ေဆာ့ဂ်င္.. မင္းက.. ဘာလို႔အၿမဲစိတ္ဆိုးေနတာလဲ။ အဲ့လို.. အၿမဲစိတ္ဆိုးေနလို႔.. မင္းအေၾကာင္းမေတြးဘဲမေနနိုင္ေတာ့ဘူးေလ။ အဲ့ဒီ့အတြက္ဘာျပန္လုပ္ေပးမွာလဲ.. ဘယ္လိုတာဝန္ယူေပးမွာလဲ"

"ခင္ဗ်ား.. ကြၽန္ေတာ့္ကိုႀကိဳက္ေနတာလား"

"ဟား"

ေခါင္းေမာ့ၿပီးဟားခနဲရယ္ပုံက.. မခ်ိတင္ကဲစိတ္တို႔ေၾကာင့္လား.. ေလွာင္ရယ္တာလားဆိုတာကေတာ့ကာယကံရွင္ကိုယ္တိုင္ပဲသိနိုင္မယ္ထင္သည္။

"ျဖစ္နိုင္ပါ့မလား.. ႐ူးမွမ႐ူးေသးတာ။ ဒါေပမယ့္.. "

စူးစိုက္ၾကည့္လာတဲ့မ်က္ဝန္းတို႔ေၾကာင့္႐ုန္းကန္ဖို႔တာဆူေနတဲ့သူ႕ကိုယ္ေလးသည္ႀကိဳးခ်ည္ခံရသလိုတုံ႕ဆိုင္းရပ္တန့္သြား၏။ အၾကည့္တစ္ခ်က္ႏွင့္လူကိုျပာက်မတတ္ပူေလာင္သြားေစေအာင္ျပဳပဲျပဳတတ္လြန္းပါ၏။

"အခုခ်ိန္ကစၿပီး႐ူးၾကည့္ေတာ့မလို႔.. မ်က္ႏွာေျပာင္တိုက္ၿပီး႐ူးၾကည့္ေတာ့မလို႔"

႐ႊန္း႐ႊန္းစားစားအၾကည့္တို႔ေအာက္မွာေဆာ့ဂ်င္၏ကိုယ္ေလးသည္ေရခဲရိုက္ခံရတဲ့ငါးတစ္ေကာင္လိုေအးခဲေတာင့္တင္းသြားကာပစၥဳပၸန္အေျခအေနကိုခဏတာေမ့သြားသည္။ လက္ေကာက္ဝတ္မွပူႏြေးနာက်င္ျခင္းဆိုသည့္အသိေတြသူ႕ထံေရာက္လာမွ.. ႐ုန္းထြက္ဖို႔သတိရသြားကာ..

"လႊတ္.. လႊတ္လို႔ေျပာေနတယ္ေလ"

ဘယ္လိုမွ႐ုန္းၾကည့္လို႔မရတဲ့အဆုံး.. ေျခေထာက္ျဖင့္ကန္ဖို႔ႀကိဳးစားၾကည့္ေတာ့က်င့္သားရေနပုံရသည့္ဂြၽန္ေဂ်ာင္ကုကသူ႕ကန္ခ်က္ကိုလွလွပပေရွာင္တိမ္းလိုက္နိုင္သည္။

"အေလ်ာ္ျပန္ယူမွာပါလို႔.. သတိေပးထားရဲ႕သားနဲ႕.. "

ရင္ခုန္သံတိုးတိတ္လွိုက္ဖိုရပ္တန့္သြားကာေဆာ့ဂ်င္ရဲ႕ကိုယ္ေလးကိုေထြးခနဲရစ္ေပြ႕လ်က္တိုးကပ္လာသည့္ႏႈတ္ခမ္းတို႔ကိုေရွာင္တိမ္းဖို႔ေမ့သြားသည္ထင္.. အငိုက္မိသြားရွာသည့္သူ႕ႏႈတ္ခမ္းလႊာေလးသည္စကၠန့္ေပါင္းမ်ားစြာပူႏြေးစိုစြတ္သြားရသည္။ အမိန့္ေပးခံထားရတဲ့သူလိုခုခံအားမဲ့သြားခဲ့တဲ့ သူ႕ကိုယ္သူမေက်နပ္သလို.. အားငယ္စိတ္လည္းဝင္မိသည္။

~ေဒါက္.. ေဒါက္.. ေဒါက္~

႐ုတ္တရက္ထြက္ေပၚလာသည့္တံခါးေခါက္သံေၾကာင့္အားေပ်ာ့သြားသည့္အခ်ဳပ္အႏွောင္မွအတင္း႐ုန္းထြက္ကာ မ်က္ႏွာတစ္ခုလုံးနီရဲကာ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့သူ႕ကိုစူးစမ္းသလိုေငးၾကည့္ေနသည့္တံခါးဝမွလူႏွစ္ဦးကိုတြန္းထိုး၍လွည့္မၾကည့္စတမ္းေျပးထြက္ခဲ့ေတာ့သည္။

ဒီေန႕.. သူ.. ဒုတိယအႀကိမ္ေျမာက္ေပ်ာ့ညံ့ခဲ့ျပန္ၿပီ။

********** **********

အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰

Update ေပးပါဆိုၿပီး message board မွာေရာ၊ မန့္မွာေရာ.. private chat မွာပါလာေတာင္းဆိုထားၾကတဲ့သူေတြ.. ေတာင္းတုန္းကေတာင္းၿပီး လာမဖတ္လို႔ကေတာ့စိတ္ဆိုးမွာေနာ္.. လာေတာင္းတဲ့သူေတြအကုန္မွတ္ထားတယ္.. ဟြင္း ဟြင္း 😆




































































































واصل القراءة

ستعجبك أيضاً

43.8K 5.3K 31
လက်ဝှေ့မှလက်ဝှေ့...ဘယ်ချိန်မဆိုလက်သီးကအဆင်သင့်ဖြစ်နေတဲ့ကောင်လေးနှင့်...ဖိုက်တာလေးကိုမှအသည်းစွဲချစ်ပါတယ်ဆိုတဲ့ပျိုတိုင်းရဲ့အသည်းကျော်သူဌေးသားလေးတို့ရဲ...
9.6K 1.1K 8
"ဒီည ကိုယ်သခင်လေးမလုပ်တော့ဘူး မင်းက သခင်လေးလုပ်လိုက် ကလေး ကိုယ်က မင်းကို စောင့်ရှောက်မယ်"
204K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
369K 10.9K 85
The starting of the story mainly it is your point of view, you, unlike any other girl, is in love with their song instead of the Bangtan members. Rea...