Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[41]

344 16 0
By --KO--

[Unicode]

ပြဒါးရံတစ်ယောက် ဘာကိုမှနားမလည်တော့ဘဲ တိမ်ယံဆင့်၏ စကားများကို လျစ်လျူရှု၍ ခုံပေါ်မှထရပ်ကာ ထွက်သွားဖို့ပြင်လိုက်သော်လည်း အနောက်ဘက်မှလူ၏ အားသုံးကာပြန်ထိုင်ခိုင်းခြင်းကို ခံလိုက်ရလေသည်။ ထို့နောက် အားအင်ပြည့်ဝသည့် လက်များမှာ ပုခုံးကနေဖိထားပြီး လှုပ်မရအောင် တွန်းအားပေးလာခဲ့သည်။

" ဘယ်သွားမလို့လဲ.... အခုထိအံ့ဩစရာတွေမလာသေးဘူးလေ "

တိမ်ယံဆင့်၏ စကားဆုံးသည်နှင့် TV ရှိရာဘက်မှ အသံတစ်သံထွက်လာလေသည်။ ပထမဆုံးတွင် အာရုံစူးစိုက်မရနိုင်ခဲ့သည့်အတွက် TV ထံမှထွက်ပေါ်လာသောစကားတို့ကို ပြဒါးရံနားမလည်ခဲ့ပေ။ သို့သော် ခဏအကြာတွင်_

" ဒီနေ့သတင်းကတော့ တကယ့်ကိုသမိုင်းတွင်မယ့် သတင်းပါပဲ။ နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ KK company ကနောက်ဆုံးတော့ လုံးဝကို ပိတ်သိမ်းလိုက်ပါပြီတဲ့ရှင့်။ KK ကတစ်ချိန်တုန်းက ရှေ့ဆုံးကပြေးနေတဲ့ company  တစ်ခုဖြစ်ခဲ့တာပဲကို ဒီလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တစ်ခါမှတောင် မတွေးကြည့်ခဲ့ဖူးဘူး "

ပြဒါးရံ၏လက်များမှာ တုန်ယင်စပြုလာပြီး ခန္ဓာကိုယ်မှာလည်း ထိန်းမရအောင် ချောက်ခြားလာခဲ့တော့သည်။မျက်ဝန်းအိမ်မှာ မြင်နေရခဲ့လျင် သေချာပေါက် အံအားသင့်မှုတို့နှင့် ပြည့်နှက်နေခဲ့မည်မှာ အသေအချာပင်။ သို့ပါသော်ငြား TV ဘက်ကလာတဲ့အသံများကတော့ သူ့နားထဲ ဆက်တိုက်တိုးဝင်နေဆဲပင်။

" အဲ့တာအပြင်ကို KK မှာရှိတဲ့ အုပ်တစ်ချပ်သဲတစ်ပွင့်တိုင်းကိုပါ တစ်စစီဖျက်ဆီးပစ်ဖို့ ဆန္ဒရှိနေတဲ့ပုံပါပဲ။ အခုရရှိလာတဲ့ video ကတော့ ဆောက်လုပ်ရေးသမားတွေ အများကြီးနဲ့ company ကိုဖြိုချနေတာပဲ ဖြစ်ပါတယ်။ "

သူ၏မျက်လုံးများမှာ ဘယ်အရာကိုမှ မြင်နိုင်စွမ်းမရှိတော့သော်လည်း အကောင်းတိုင်းရှိနေသည့် နားများကြောင့် ပြဒါးရံ၏ ကျောပြင်မှာ တသိမ့်သိမ့်တုန်ယင်နေပါသည့်တိုင် အသက်ရှုန်နှုန်းများမှာ အလွန်အမင်းမြန်ဆန်လာပါတော့သည်။

Company ကို ဖြိုချနေသည့် ဆောက်လုပ်ရေးသမားဟာ TV ဖန်သားပြင်မှတစ်ဆင့် ပြဒါးရံ၏အရှေ့တွင် လုံးလုံးလျားလျား ရပ်နေပါသည့်အလား။ နှစ်ပေါင်းများစွာ တည်ထောင်ခဲ့သော ပြရုဒ်မှာ ယခုကဲ့သို့ တစစီဖျက်ဆီးခံဖို့တဲ့လား ။ ထိုင်ခုံလက်ရန်းကို အားပြု၍ ကျစ်ကျစ်ပါအောင် ဆုပ်ထွေးလိုက်သည့်အခါ ချွေးများဟာ သူ့ခန္ဓာကိုယ်မှ စိမ့်ထွက်လာခဲ့ပါတော့သည်။ မြင့်ချည်နိမ့်ချည်ဖြစ်နေသည့် ရင်ဘတ်အစုံမှာ ကူကယ်ရာမဲ့နေသည့် ပြဒါးရံနှင့် ယှဉ်တွဲနေလျက်။

" ကြိုက်လား ? "

သူ့ကိုအနောက်မှ ဖက်ထားပါသော သဏ္ဌာန်ဖြင့် တိမ်ယံဆင့်ဟာ မေးလာခဲ့လေသည်။ ရက်စက်သည်ထက်ပိုသော စကားပင်ဖြစ်ပါလင့်ကစား ပြဒါးရံမှာ တုန့်ပြန်ဖို့ရာအတွက် ပြိုလဲနေခဲ့လေသည်။ အညှာအတာကင်းမဲ့သည့်တိုင်  လှောင်ပြောင်မှုတို့ ရောယှက်နေပါသည့် မေးခွန်းတစ်ခု။

အချိန်အတော်အကြာထိ မည်သို့မှမတုန့်ပြန်ခဲ့သော်လည်း တိမ်ယံဆင့်ကဆက်ပြောလာခဲ့ပါသည်။ ၎င်းတို့မှာလည်း နှစ်ခါ‌ပြန်တွေးစရာမလိုအောင် ပြဒါးရံ၏ ရင်အစုံကို ဓားနှင့် မွှန်းနေပါသော စကားများပင် ဖြစ်တော့သည်။

" ကျွန်တော်က ခင်ဗျားမျက်လုံးနဲ့ သေချာမြင်စေချင်တာ။ နှမျောစရာပဲ အခုတော့ ကြားပဲကြားနိုင်တော့တယ်။ "

တိမ်ယံဆင့်က လမ်းအနည်းငယ် လျှောက်သွားပြီးနောက် ဆက်ပြောလာပြန်သည်။

" ဦးမင်းရံကိုလည်း မြင်ခဲ့စေချင်တာ။ ဒါပေမယ့် အရမ်းတော့လည်း မဆိုးပါဘူး......အခုလိုလည်းအဆင်ပြေနေတာပဲလေ "

" မင်း......ပြန်ပါတော့ "

တိုးဖွစွာဖြင့် ပြဒါးရံဟာ ရှိသမျှအားအလုံးစုံကို စုစည်းလိုက်ပြီး တိမ်ယံဆင့်ထံ ပြောလိုက်ပါသည်။ တုန်ယင်မှုတို့စွက်နေပြီး ဆက်လက်တောင့်ခံမထားနိုင်တော့သည့် ဝမ်းနည်းမှုများခိုအောင်း နေသည်မှာ သိသိသာသာပင်။ သို့သော်ငြား ထိုလူသားက လက်ခံမှာတဲ့လား။

" ခင်ဗျားမှာ ကျွန်တော့်ကို အမိန့်ပေးပိုင်ခွင့်ရှိလို့လား "

" ကိုယ် တောင်းဆိုနေတာပါ "

ဒီနေ့တစ်ရက်တော့ ပြဒါးရံဟာ တိမ်ယံဆင့်ကို အမှန်တစ်ကယ် မတွေ့ချင်ပါချေ။ သူဟာ ရူးသွပ်လောက်အောင် ပြင်းထန်သည့် ခံစားချက်ပေါင်း မြောက်များစွာကို ဖိနှိပ်နေရသည့်အတွက် ၎င်းတို့က သည်းမခံနိုင်သည့် အဆုံးသတ်ထိရောက်ရှိသွားပြီး ပေါက်ကွဲထွက်လာသည့်အခါ တိမ်ယံဆင့်ကို ထိခိုက်မိမှာဆိုးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သူ့အနေဖြင့် နောက်ဆုံးသော အသိစိတ်လေး လွတ်ထွက်မသွားခင် ဆင့်ကို တောင်းဆိုနေခဲ့ခြင်း ဖြစ်ပါသည်။

ဘယ်နေရာကစ၍ မှားယွင်းသွားလည်း မသိပါချေ ။ တိမ်ယံဆင့်မှာ အလွန်ဒေါသထွက်လာခဲ့ပြီး သူ့အား စကားပေါင်းများစွာဖြင့် နာကျင်အောင် အမျိုးမျိုး ဖိနှိပ်နေခဲ့ပါတော့သည်။ ပြဒါးရံ၏ ရစရာမရှိအောင် ပြိုလဲနေပုံကို ကြည့်ရသည်မှာ တိမ်ယံဆင့်အတွက်  အတော်သဘောခွေ့နေပုံရသည်။ ကိုယ်ထိလက်ရောက် ကျူးကျော်လာခြင်း မရှိပါသော်လည်း နောက်ဆုံး၌ ဆင့်မှာ သူ‌ဒေါသဖြေရမည့် နေရာအား ရှာတွေ့သွားခဲ့သည်။

" ဟက် "

ပြဒါးရံ၏ နတ်ဘုရားမှာ အသံတစ်ချက်ပြု၍ သရော်လာခဲ့ပြီး ဖြေးဖြေးချင်း ပန်းချီကားရှိရာထံ လျှောက်သွားလိုက်သည်။ သိသိသာသာပင် အသံမှာပြန်လည်နူးညံ့သွားပြီး စကားများကတော့ အက်ဆစ်နဲ့ဖော်စပ်ထားသည့် ပန်းသီးအလား ချိုလည်းချိုသလို အဆိပ်လည်းပြင်းလေသည်။

" ခင်ဗျားဒီပုံကို နှမျောလို့ မလွှင့်ပစ်သေးတာလား "

အသံသည်ကား လေးညှို့တင်ထားသည့် မြားတစ်စင်းလို တင်းမာသည့်အသွင်အဖြစ် ထပ်မံကူးပြောင်းသွားလျက်ရှိသည်။

" ဟုတ်မှာပေါ့‌လေ ဒီပုံအတွက်သုံးထားတဲ့ ပိုက်ဆံတွေက နည်းနည်းနှောနှောမှ မဟုတ်တာကို "

သူဟာ နံရံပေါ်တွင် နေရာအပြည့်ယူနေသည့် ပန်းချီကားကိုကြည့်၍ ပြောလာခဲ့ခြင်းပင်။

ပြဒါးရံအတွက် ခေါင်းကိုက်နေမှုမှာ အလွန်အမင်းပြင်းထန်နေခဲ့သည့်တွက် တိမ်ယံဆင့်၏ စကားများမှာ တစ်ဝက်တစ်ပျက် အပိုင်းအစများအသွင်ဖြင့် သူ့အကြားအာရုံကြောထဲ ဝင်ရောက်လာသည်။ အသံကြားရရုံဖြင့် တိမ်ယံဆင့်၏ ဒေါသထွက်နေမှုမှာ ဘယ်လောက်အတိုင်းအတာထိ မြင့်မားနေလဲ ပြဒါးရံ ခန့်မှန်းမိနေခဲ့ပါသည်။

" ဒါပေမယ့်.... ကျွန်တော်ကတော့ မုန်းတယ် '

တိမ်ယံဆင့်တစ်ယောက် အံကြိတ်လျက် ထပ်မံထပ်ပြောလာခဲ့သည်။

" ခင်ဗျားနဲ့ ပက်သက်ခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ အတိတ်တွေအားလုံးကို မုန်းတယ် "

ထို့နောက် ဆင့်မှာ သည်းမခံနိုင်လွန်းစွာဖြင့် စားပွဲပေါ်တွင်ရှိနေသည့် သစ်သီးခြင်းထဲမှ ဓားကို ဆွဲယူလိုက်ပြီး နံရံပေါ်က ပန်းချီကားကို တစစီဆွဲဆုတ်ပစ်ပါတော့သည်။ ဓားနှင့် ထပ်ကာထပ်ကာ မွှန်းနေသည့်အချိန်တွင် သူမျက်လုံးများမှာလဲ နီရဲတောက်လောင်နေခဲ့ပါသည်။ မြိုသိပ်ထားရသည်မှာ အလွန်များပြားနေသော အမုန်းတရား‌များကြောင့်ပေလား ၊သို့တည်းမဟုတ် အတိတ်ကလှပလွန်းခဲ့သည့် ပုံရိပ်တွေကို သူကိုယ်တိုင် လက်နဲ့ဖျက်ဆီးပစ်လိုက်သောကြောင့်လားဆိုတာ တိမ်ယံဆင့်ကိုယ်တိုင်ပဲ သိပါလိမ့်မည်။

ထိုပန်းချီကားမှာ ဓားရာများတစ်ချက်ပြီးတစ်ချက် လက်ခံရရှိနေခဲ့သည့်အတွက် မည်သို့မှအကောင်းတိုင်း မဖြစ်နိုင်တော့ပါချေ။ မည်သို့ပေဆိုစေကာမူ  ပြဒါးရံမှာ ခေါင်းကိုက်နေသည့် ဝေသနာကြားမှ တိမ်ယံဆင့်ကို တားဆီးရန် အစွမ်းကုန် ကြိုးစားလျက်ရှိပါသည်။

" ဆင့် ရပ်လိုက် ! "

တိမ်ယံဆင့်ဟာ မရပ်ပေးခဲ့ပါချေ။

" တော်ပါတော့ ကိုယ်တောင်းပန်ပါတယ် "

ပြဒါးရံ၏ အသံမှာ တုန်ယင်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး တိမ်ယံဆင့်၏ မလျော့သောဇွဲတို့ဖြင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။ နောက်ဆုံး၌မူ ပြဒါးရံမှာ ရွေးချယ်စရာလမ်းမရှိတော့သည့်အဆုံး တိမ်ယံဆင့်၏ ဓားကိုဆုပ်ကိုင်လို့သည့်အခါမှ ၎င်းက ရပ်တန့်သွားပါတော့သည်။

အကျိုးဆက်အနေဖြင့် လက်ဖဝါးပြင်ထဲသို့ နစ်နစ်နဲနဲစိုက်ဝင်နေပါသည့် ဓားတစ်ချောင်းပင်။ ဓား၏လက်ကိုင်ရိုးကို တိမ်ယံဆင့်မှ ကိုင်ထားမြဲဖြစ်ကာ ဓားသွားမှာကား ပြဒါးရံ၏ လက်ဖဝါးပြင်ထဲ၌ပင် နစ်မြုပ်နေခဲ့လေသည်။ မရှေးမနှောင်းပင် တစ်စတစ်စနှင့် စိမ့်ထွက်လာသော သွေးများမှာ ဓားတစ်ချောင်းလုံးကို စွန်းထင်းစေရုံသာမက ကုတင်ပေါ်သို့ပါ သက်ဆင်းကုန်ကြလေသည်။

ပြဒါးရံဟာ ခေါင်းခါလိုက်ပြီး ပြင်းပြင်းထန်ထန် ငိုပစ်ချင်နေခဲ့ပါသည့်တိုင် ခမ်းခြောက်သွားသည်ဟု ထင်ရသည့် မျက်ရည်များက ထွက်မလာခဲ့ပါချေ။ ထို့အပြင် ချင်းချင်းနီသည့် သွေးစက်တို့မှာ လက်ဖဝါးမှတဆင့် ဓားတစ်ချောင်းလုံးဆီ ပျံ့နှံ့နေသောကြောင့် တိမ်ယံဆင့်၏ လက်များမှာလည်း သွေးတို့ဖြင့် ဆေးချယ်ခြင်းခံလိုက်ရလေသည်။ ၎င်းတို့မှာ ပြဒါးရံ၏ တံထောင်ဆစ်မှတဆင့်လည်း အောက်သို့ကျဆင်းနေဆဲဖြစ်ပါသည်။

" လွှတ်စမ်း ! "

အသံသည်ကား ပိုမိုစိတ်ဆိုးနေသော အရိပ်အယောင်များ ကိမ်းအောင်းနေယုံသာမက အလွန်အမင်းဒေါ‌သထွက်နေသော ဟန်များလည်း ပါဝင်နေခဲ့လေသည်။ ဖျက်ဆီးခြင်းအတိပြီးနေသော ဓားမှာကား ပြဒါးရံ၏ တားဆီးခြင်း ခံလိုက်ရသောကြောင့်လည်း ဖြစ်နိုင်ပါသလို ထိုသူ၏လက်မှထွက်လာသော သွေးတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဘယ်အရာက တိမ်ယံဆင့်ကို ပိုဒေါသထွက်စေခဲ့လည်း မသိသော်လည်း စနပ်တံဖြုတ်ထားသည့် ဗုံးတစ်လုံးကဲ့သို့ အန္တရာယ်များလှသည့် အရိပ်အယောင်များမှာ တိမ်ယံဆင့် ထံမှာအတိုင်းသား။

" ကျွန်တော်ပြောနေတယ် လွှတ်လိုက် "

နှစ်ယောက်သားမှာ ထိုဓားအား ကိုင်ထားမြဲပါပင်။ မည်သူကမှနောက်မဆုတ်ဘဲ ဆက်လက်တောင့်ခံနေကြမြဲ။ အကယ်၍ ပြဒါးရံသာ မျက်လုံးမြင်နေရခဲ့လျှင် တိမ်ယံဆင့်၏ ယခုအကြည့်များကြောင့် ပြာကျသွားနိုင်ပြီး နှလုံးသားမှာ အေးခဲသွားနိုင်လေသည်။

" ကိုယ်တို့တွေ ဘယ်လိုလုပ်ပြီးများ ဒီအခြေအနေထိရောက်လာကြတာလဲ "

အလွန်နာကျင်‌စေသည့် ခံစားချက်အစုံမှာ ပြဒါးရံကို ဝါးမြိုတိုက်စားနေကြသည့်ကြားမှ အရာအားလုံးကို အံတုလိုက်ရင်း သူဟာ မေးခွန်းထုတ်နေခဲ့မိပါသည်။ ဘာဆိုဘာမှမကျန်တော့သည်အထိ ဖျက်ဆီးခံနေရသည့် လူတစ်ယောက်မှာ ကံကြမ္မာကို မေးခွန်းထုတ်ဖို့ စကားလုံးလေးနည်းနည်းတော့ ပြောခွင့်ရှိသည်ဟု သူထင်မိ‌သောကြောင့်ပင်။  လက်ဖဝါးနှစ်ဖက်ထဲ စိုက်ဝင်နေသည့် ဓားဒဏ်ရာမှာ သူ့နှလုံးအိမ်ကို စိုက်ထွင်းထားပါသည့်ဓားအလား အသည်းခိုက်မတတ် နာကျင်စေသောကြောင့် သူဟာယခုချက်ချင်းပင် သေဆုံးသွားလိုက်ချင်ပါတော့သည်။ ‌နာကျင်မှုဆိုတဲ့အရာတွေက စောလျင်လှသောအချိန်တွေထဲက အသားကျနေခဲ့ပြီဖြစ်သောကြောင့် တိမ်ယံဆင့်ကိုသာ ရပ်တန့်နိုင်မယ်ဆိုလျှင် ဘယ်လိုအရာမျိုးနဲ့ပဲ ကြုံတွေ့ရပါစေ ရှေ့ဆက်တိုးနေဦးမည်ဖြစ်သည်။

" သေချာပေါက် ကိုယ်တို့တွေ....အရမ်းချစ်ခဲ့ကြတာပါ "

အသံသည်ကား ဆို့နစ်ကြေကွဲများအပြည့်။

" ပြဒါးရံ ခင်ဗျားရဲ့ အလိမ်အညာတွေနဲ့ ကျွန်တော့်ကို ထပ်လှည့်စားဖို့ ကြံမနေနဲ့...... ကျွန်တော် ဘယ်တော့မှခင်ဗျားကို ထပ်မယုံတော့ဘူး "

" ကိုယ်သိတယ်.... ဘယ်တော့မှ အရင်လိုပြန်မဖြစ်နိုင်တော့ဘူး "

မျက်ဝန်းတစ်စုံကို မှိတ်လိုက်ပြီး လည်တိုင်ကို ဆန့်တန်းလျက် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ကာ ဓားကိုဆုပ်ကိုင်ထားသည့်လက်များက ပိုမိုတင်းကြပ်လာလျက်သား။

" အဲ့တာကြောင့် .....မင်းလိုချင်ရင် ကိုယ့်အသက်ကိုပဲ ယူသွားပါတော့ "

တစ်ဆက်တည်းမှာပင် ဓားကိုဆောင့်ဆွဲလိုက်သည့်အတွက် ဓားဖျားထိပ်မှာ ပြဒါးရံ၏ လည်တိုင်တည့်တည့်သို့ ဦးတည်ရာပြောင်းသွားပြီး တိမ်ယံဆင့်မှာလည်း အရှေ့သို့ နှစ်လှမ်းမျှ တိုးလိုက်ရလေသည်။

ဆင့်က တင်းခံ၍ပြန်ဆွဲကိုင်မထားပါလျှင် ၎င်းမှာ ပြဒါးရံ၏ လည်ချောင်းအတွင်းသို့ ဖောက်ထွင်းဝင်သွားမည်မှာ ဧကန်ပါပင်။ ထို့နောက် စိတ်မရှည်စွာဖြင့် ပြဒါးရံကို ထပ်မံသတိပေးလိုက်ပြန်ပါသည်။

" လွှတ်စမ်း.... ခင်ဗျားလက်ကိုလွှတ်လိုက် "

ခုချိန်မှာ ဆင့်က သူဘာတွေခံစားနေရလဲကို နားမလည်နိုင်အောင်အထိ ပူထူဝေဝါးနေခဲ့လေသည်။ ခံစားချက်အစုံက သောင်းပြောင်းရောနှောနေခဲ့သည့်အတွက် သူဟာလည်း ပြဒါးရံနဲ့ထပ်တူ အသိစိတ်လွတ်လျက်သားပင်။ သို့သော်ငြား ပြဒါးရံဟာ တုပ်တုပ်မှမလုပ်ခဲ့ပေ။ မျက်ဝန်းများကို မှိတ်ထားလျက် ခေါင်းမော့ကာ လည်ပင်းကို ဆန့်တန်းလျက် အနေအထားမှာ တစ်ချက်လေးမှ ပျက်ယွင်းမသွားခဲ့ပေ။

ချွင်...

စိတ်တိုလွန်းသဖြင့် ဆင့်ဟာ ပြဒါးရံလက်ထဲမှ ဓားကို အကြမ်းပတမ်း ဆွဲထုတ်လိုက်ပြီး အောက်ဘက်သို့ လွှင့်ပစ်ချလိုက်ပါတော့သည်။

" အဲ့လောက်တောင် သေချင်နေတာလား "

ပြဒါးရံ၏လည်ပင်းကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်လိုက်ပြီး ကျန်တစ်ဖက်ကတော့ ဆံပင်များကို ဆောင့်ဆွဲထားခြင်းကြောင့် မအားလပ်တော့ပေ။ အလွန်နီးကပ်နေသည့်အတွက် တိမ်ယံဆင့်ထံမှ အပူလှိုင်းများဟာ သူ့ခန္ဓာကိုယ်ပေါ်သို့ အပြည့်အဝလွှမ်းခြုံနေပါတော့သည်။ ထို့ပြင် တမြေ့မြေ့နှင့်တောက်လောင်နေပါသော မီးနှင့်သဏ္ဌာန်တူသည့် ဒေါသတရားများ။

" ကိစ္စတွေအားလုံးကို သေလိုက်တာနဲ့ ဖြေရှင်းမယ်ပေါ့လေ..... စိတ်ကူးတောင်မယဉ်နဲ့ "

လည်တိုင်နှင့် ခေါင်းပေါ်မှလက်များဟာ ပိုမိုတင်းကြပ်လာခဲ့ပါတော့သည်။

" ခင်ဗျားအသက်က ဘယ်လောက်တန်ဖိုးရှိမှာ မို့လို့လဲ။ ဆယ်ခါပြန်သေပေးရင်တောင် မလုံလောက်တာကို သေဖို့အဲ့လောက်လွယ်ကူနေမယ် ထင်နေတာလား "

အသံသည်ကား ထပ်ကာထပ်ကာ သွေးထားသည့် ဓားများနှယ် ပြဒါးရံ၏ အသွေးအသားထဲထိ စိမ့်ဝင်လျက် တတိတိတိုက်စားနေပါတော့သည်။

" ကိုယ်က အရာအားလုံးကို အဆုံးသတ်သွားစေချင်တာပါ "

စိတ်ထဲမှတွေးနေခဲ့သည့်တိုင် အပြင်သို့ထုတ်ပြောဖို့ရာ မစွမ်းနိုင်ခဲ့ပေ။ လည်ပင်းကိုဆုပ်ကိုင်ထားသည့်လက်များမှာ တင်းကြပ်လွန်းသောကြောင့် ပြဒါးရံမှာ အသက်ကိုပင် မနည်းဝအောင်ရှုနေရသော အနေအထားဖြစ်သည်။

ခဏအကြာတွင် တိမ်ယံဆင့်က သူ့ကိုလွှတ်ပေးလာခဲ့ပါသည်။ ပြဒါးရံမှာ အသက်ကိုပြည့်ပြည့်ဝဝ မရှုရသေးခင်မှာတင် ပေါက်ကွဲထွက်မတတ် ကိုက်နေသော ခေါင်းကို လက်ဖြင့်ထုလိုက်ပြီး အောက်ထပ်က သူ့အခန်းထဲကို အလျင်အမြန်ရောက်သွားရန် ကြံစည်ပါတော့သည်။ သို့သော်အရာအားလုံးက လွယ်ကူမနေခဲ့ပါချေ။

" ဘယ်လဲ ? "

ဆင့်က ပြဒါးရံကို လှမ်းဆွဲလိုက်ပြီး မေးလာခဲ့လေသည်။

" ကိုယ်..... ကိုယ်.... "

သူဘယ်လိုပြန်ဖြေရမည်နည်း။ သူ့ခေါင်းကအရမ်းကိုက်နေသည့်အတွက် ဆေးသောက်ပါရစေဆိုပြီး ပြန်ဖြေရမှာလား။ မဟုတ်ဘူး..... တစ်ခါတစ်လေမှာ ပြဒါးရံဟာ ဆိုးဝါးနေသည့် သူ့၏ပုံရိပ်တွေကို တိမ်ယံဆင့်ထံ မပြချင်တော့ပါပေ။ ၎င်းတို့ဟာ သူသိနေတာနဲ့ပင် အတော်လေးကို လုံလောက်နေပြီမို့ အခြားတစ်ယောက်ကို ပြဖို့အတွက် သူ့ထံတွင် ခွန်အားတို့ရှိမနေခဲ့ချေ။ ဒီဝေသနာကို ခံစားနိုင်စွမ်းတို့ ကုန်ဆုံးနေပြီဖြစ်တဲ့အတွက် ပြဒါးရံအဖို့ တိမ်ယံဆင့်၏ အမေးကိုဆက်မဖြေတော့ဘဲ ယိုင်တိယိုင်တိုင်ဖြင့် ‌အပြင်သို့ထွက်လာပါတော့သည်။

ဆင့် အတွက်လည်း မပြေသေးသည့်ဒေါသတို့က အဖော်ပြုနေသေးသည့်အတွက် အလိုအလျောက်ပင် ခြေထောက်များက ပြဒါးရံအနောက်သို့ ပြေးလိုက်လျက်မိနေသားပင်။ လှေကားများ အစွန်း၌ တိမ်ယံဆင့်မှာ ပြဒါးရံကို မှီသွားသည့်အတွက် ဒုတိယအကြိမ် လက်မောင်းကိုလှမ်းဆွဲကာ ရပ်တန့်စေလိုက်ကာ ကြမ်းတမ်းသည့်စကားများကိုသာ ဆိုနေခဲ့မိသည်။

" ဘယ်သွားမလို့လဲ..... KK ကပျက်ဆီးသွားတာကို လက်မခံနိုင်သေးလို့ ထွက်ပြေးနေတာလား "

" မဟုတ်ဘူး....လွှတ်ပေးပါတော့.... ငါလည်းအရမ်းနာကျင်နေပြီမို့လို့ပါ "

တိမ်ယံဆင့် ဆွဲကိုင်ထားသည့်အားမှာ အရမ်းလည်းမပြင်းထန်ပါသည့်တိုင် ပြဒါးရံ၏ စကားများကြောင့် မသိစိတ်အရ ထပ်မံပြေလျော့လိုက်ပါသည်။

" ခင်ဗျားတစ်ယောက်ထဲ နာကျင်ရတာလား။ ခင်ဗျားအလှည့်ကျတော့ မရင်ဆိုင်ရဲဘူးလား။ ကျွန်တော်ကော.... ကျွန်တော်ကတော့ မနာကျင်ရဘူးလား။ ခင်ဗျားရဲ့လုပ်ရက်တွေကြောင့် ကျွန်တော်နာကျင်ခဲ့ရတာတွေကို မမြင်ဘူးလား။ "

သို့သော် ပြဒါးရံမှာ တိမ်ယံဆင့်၏ လက်များအတွင်းမှ အတင်းကာရော ရုန်းထွက်လျက် အောက်ဘက်သို့သာ ပြေးဆင်းသွားခဲ့ပါသည်။ ပုံမှန်အခြေအနေနှင့်ဆိုလျှင် မျက်လုံးမမြင်ရလျှင်တောင်မှ လှေကားအတက်အဆင်းလုပ်ရသည်မှာ ပြဒါးရံအတွက် လွယ်ကူသည်ထက်ပင် ပိုလွန်းနေပါသည်။ သို့သော်ငြား ယခုအခြေအနေကား ဝေသနာပေါင်းစုံကို ရင်ဝယ်ပိုက်ထားရသည့်အတွက် နှစ်ထစ်မျှပင် လှမ်းရရုံရှိသေး ခေါင်းကိုက်ခြင်းကို အားနည်းလှသည့် ခန္ဓာကိုယ်မှာ တောင့်မခံနိုင်တော့သည့်အတွက် အနည်းငယ် မူးဝေယိုင်လဲပြီးလျှင် အောက်သို့အရှိန်ပြင်းပြင်း ပြုတ်ကျသွားခဲ့ပါတော့သည်။

" ရံ ! "

တိမ်ယံဆင့်ခမျာ လက်ကိုဆန့်တန်းလျက် ရမိရရာလှမ်းဆွဲလိုက်ပါသော်လည်း အင်္ကျီအစွန်းလေးကိုသာ ထိရုံမျှထိသွားပြီး မြင်လွှာရှေ့မှာလူဟာ အောက်သို့ပြုတ်ကျသွားသည်ကို ကြုံတွေ့လိုက်ရလေသည်။ ထို့ပြင်မရည်ရွယ်ပါဘဲ လွန်ခဲ့သောနှစ်များစွာက ခေါ်နေကျ နမ်စားတစ်ခုဟာ တိမ်ယံဆင့်၏ ပါးစပ်ဖျားမှ အံကျလာခဲ့ပါသည်။

သူ၏မျက်ဝန်းအစုံမှာ အလိုအလျောက်ပင် ပြူးကျယ်လာခဲ့ပါတော့သည်။ လက်တစ်ဖက်မှာ လေထဲတွင် ဆန့်တန်းထားသည့် အနေအထားဖြင့် လှေကားထစ်ထိပ်ဆုံးမှ ဟိုးအောက်ခြေထိ ပြဒါးရံ ပြုတ်ကျသွားသည်ကို ဝိညာဉ်မဲ့စွာ ကြည့်နေခဲ့မိသည်။

" ရံလေး "

ယွန်းဟေမီနှင့် လေပြေရှင်းမှာ အချိန်ကိုက်ပင် ရောက်ရှိလာခဲ့ပြီး ပြဒါးရံအားတွေ့လိုက်ရသည့်အခါ မှင်သက်သွားခဲ့လေသည်။ နှစ်ယောက်လုံးဟာ လှေကားထိတ်ဖျား၌ ရပ်နေသည့် တိမ်ယံဆင့်အား လှမ်းကြည့်လိုက်ပြီး ပြောစရာစကားများ ပျောက်ရှနေခဲ့သည်မှာ မျက်နှာများကြည့်ရုံဖြင့် သိသာလှပေသည်။ မသိလိုက်ပါလျှင် ဆင့်မှာ ပြဒါးရံအား လှေကားထိပ်ဖျားမှ တွန်းချလိုက်ပုံရသည်ဟု ယုံကြည်သွားသည့်အလား။

အပေါ်ကနေ အရာအားလုံးကို တိမ်ယံဆင့် လှမ်းမြင်နေရလေတော့သည်။ လှေကားအောက်မှာ မလှုပ်မယှက်နှင့် လဲလျောင်းနေသော ပြဒါးရံ၏ ပုံရိပ်သေးသေးလေး။ တစ်စထက်တစ်စ အိုင်ထွန်းလာပါသည့် သွေးများမှာ ဦးခေါင်းခွံကြားမှ စိမ့်ထွက်လာကြလေသည်။ ထို့ပြင် လက်ဖဝါးပြင်နှစ်ဖက်မှ သွေးများကလည်း ရပ်တန့်သွားခြင်းမရှိခဲ့ဘဲ ပိုမိုစိမ့်ထွက်နေခဲ့ပါတော့သည်။

ဘာမှမဖြစ်သလို အမူအယာနဲ့ မျက်နှာဖုံးကို ငှားရမ်းတပ်ဆင်လိုက်ပြီး လှေကားတစ်ထစ်ခြင်းဆီကို ခပ်ဖွဖွနင်းလျက် နှုတ်ခမ်းများမှာ ဖြူလျော့နေခဲ့လေသည်။ သူသည်အလွန်ကိုပင် ဟန်ဆောင်ကောင်းလွန်းလှပေသည်။ ဟန်ဆောင်ကောင်းလှသည်မှာ သူ့ခံစားချက်များနှင့် ဆန့်ကျင်၍ ကိုယ့်ကိုကိုယ်ပါ လိမ်ညာနေခဲ့ပြီး  မိုက်ရူးရဲဆန်လေသည်အထိ။ ရုတ်တရက်ပင် ထိုလှေကားများက အတော်လေးကို ရှည်လျားသည်ဟု တိမ်ယံဆင့် တွေးမိသည်။ အရင်ကသတိမထားမိခဲ့သော်ညား သိပ်ကိုလည်း မတ်စောက်ပါသေးသည်။ ရုတ်တရက် သူဟာ လှေကားအဆုံးကိုရောက်သွားမှာတောင် ကြောက်ရွံ့လာမိသည်။

ယွန်းဟေမီ၏ ပြဒါးရံအား လှုပ်နှိုးနေသံသဲ့သဲ့ကို ကြားနေရပြီး ကျန်သည့်အရာအားလုံးက ဆင့် ပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေခဲ့လေသည်။ တဖြည်းဖြည်းနှင့် လှေကားအဆုံးသို့ ရောက်ရှိသွားသည့်အခါ ပြဒါးရံအား သူထင်ထင်ရှားရှား မြင်တွေ့လိုက်ရလေသည်။ တစ်ချက်လောက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် ခံစားချက်မရှိသည့် အမူအယာဖြင့် ပုံသေအတိုင်းထွက်ခွာသွားဖို့ရန် ဆောက်ရွက်လိုက်ပါသည်။

" ဖြန်း "

အသံမှာ အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ယွန်းဟေမီက သူ့ကို ပါးရိုက်လိုက်ခြင်း ဖြစ်လေသည်။ ထို့နောက်သူမက ထိန်းချုပ်မရအောင် ငိုကြွေးလာခဲ့ပြီး ဆင့် ကတော့ နဂိုအတိုင်း အမူအယာကင်းမဲ့လျက်သား။

" ရံလေးအပေါ် ဘယ်လိုတောင် လုပ်ရက်တာလဲ။ သူနင့်ကို ဒီလောက်ထိချစ်တာ... ငါတို့အားလုံးမြင်တွေ့နေရတာ။ နင်တစ်ယောက်ဘဲ ဘာလို့မသိရတာလဲ။ '

" အချစ် ?  "

တိမ်ယံဆင့်ဟာ အချစ်ဆိုသည့် စကားအား ကြားလိုက်ရချိန်တွင် သရော်လာခဲ့ပါတော့သည်။

" အသုံးမဝင်တဲ့ အရာတွေ။ ခင်ဗျားတို့ပြောတဲ့ ခမ်းနားကြီးကျယ်လှပါချည်ရဲ့ဆိုတဲ့ အချစ်က ကျွန်တော့်ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားအောင် ဖန်တီးခဲ့တာ။ "

ဆင့်တစ်ယောက် ဆက်ပြောလာခဲ့ပါသည်။

" အဲ့အရာတွေကို အချစ်လို့ ခေါင်းစဉ်တပ်တာဆိုရင်။ ဝမ်းနည်းပါတယ် ..... ကျွန်တော်တော့မလိုချင်ဘူး။ ပြီးတော့ _ "

ဆင့်ရဲ့ မျက်လုံးများဟာ အညှာအတာကင်းမဲ့ စွာဖြင့် ပြဒါးရံအား အကြည့်တစ်ချက်ရွေ့လိုက်ပြီး ဆက်ပြောလာသည်။

" ဖြစ်ခဲ့တာတွေအားလုံးက သူနဲ့ထိုက်တန်လို့ဘဲ "

" ဖြန်း "

ဒုတိယအကြိမ်အဖြစ် လက်ဖဝါးဟာ တိမ်ယံဆင့်ပါးပေါ် ကျရောက်လာခဲ့လေသည်။ ယွန်းဟေမီသည် ပြဒါးရံအား ထိတွေ့ထားသည့်အတွက် သူမလက်များကလည်း သွေးတို့နှင့် ပေပွနေခဲ့လေသည်။ ဆင့်အား ပါးရိုက်လိုက်သည့်အခါတွင် ၎င်းတို့က ဆင့်ရဲ့ မျက်နှာအား သွေးတို့ဖြင့် ဖုံးလွှမ်းစေခဲ့သည်။

သို့သော် ဆင့်က အရိုက်ခံပြီးချိန်တွင် သူ့မအား မရှိလေသည့်ဟန် သဘောထား၍ ထွက်သွားခဲ့ပါသည်။

" ရံလေး မျက်လုံးတွေဘာလို့ မမြင်ရတော့တာလဲသိလား "

တိမ်ယံဆင့်၏ ခြေထောက်များမှာ လုံးဝဥဿုံရပ်တန့်သွားခဲ့ပါတော့သည်။ ယွန်းဟေမီ၏ အက်ကွဲနေသည့်အသံလှိုင်းသည် တိမ်ယံဆင့်အား ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်ခဲ့ချေ၏။

" မသိချင်ဘူး "

ဤသည်မှာ မျက်တောင်မခတ်တမ်း လိမ်ညာတတ်သည့် တိမ်ယံဆင့်၏ အလိမ်အညာများပင်။ သူ့ရဲ့အသိစိတ်ထဲမှာတော့ အမှန်တစ်ကယ်ပင် ပြဒါးရံနှင့်ပက်သက်၍ ဘာကိုမှသူမသိချင်တော့ပါပေ။ သို့သော်ငြား သူကိုယ်တိုင်တောင် မရိပ်မိသည့် နက်ရှိုင်းတဲ့ အတွင်းစိတ်တစ်နေရာမှတော့ မိမိလက်ခံထားသည့်အတိုင်း ဟုတ်မနေတော့ပေ။

" နင့်ကြောင့်ပဲ... "

တိမ်ယံဆင့်မှာ ချက်ခြင်းကို လှည့်ကြည့်လိုက်မိပါသည်။ ရုတ်တရက်ရင်ဘတ်မှာ မွန်းကြပ်လာလျက် အသက်ရှုကြပ်လာသည်ဟု တွေးထင်မိသည်။

" တော်တော့ ....ပြဒါးရံက ဒီလိုဖြစ်စေချင်မှာမဟုတ်ဘူးလေ။ သူ့ရဲ့တောင်းဆိုချက်ကို မေ့သွားပြီလား။ "

ရှင်း မှာ ယွန်းဟေမီ၏လက်အား လှမ်းဆွဲလိုက်ပြီး အသိစိတ်ဝင်လာအောင် အော်လိုက်လေသည်။ ထိုနှစ်ယောက်ကိုကြည့်ရင်း တိမ်ယံဆင့်မှာ နားမလည်နိုင်အောင်ဖြစ်နေရသည်မှာ မိမိကအပိုလူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည့်အလား။

" ရှင်း မင်းငါ့ကို ဘာတွေဖုံးကွယ်ထားတာလဲ "

" မဟုတ်ဘူး ဆင့်.... မင်းကိုနာကျင်စေမယ့် အကြောင်းအရာတွေကို ထပ်ပြီးမသိချင်ပါနဲ့တော့။ "

ရှင်းက ဖုံးကွယ်ဖို့ကြိုးစားနေခဲ့ပေမယ့် ယွန်းဟေမီကတော့ ထိုကဲ့သို့ဟုတ်မနေချေ။ သူမမှာ ချုပ်တည်းထားရသည်မှာကြာပြီဖြစ်တဲ့ အတိတ်ကဖြစ်ရပ်အချို့ကို ဆက်ပြီးထိန်းသိမ်းရန် မစွမ်းနိုင်တော့ချေ။ အကြောင်းမှာ တိမ်ယံဆင့်ထံမှရလာသည့် ဒဏ်ရာတွေကြောင့် သူမမောင်ကိုထပ်ပြီး မနာကျင်စေချင်တော့သည့်အတွက်ဖြစ်သည်။

" အရင်ဆုံး ပြဒါးရံကို ဆေးရုံခေါ်သွားရအောင်။ သူသွေးထွက်အရမ်းလွန်နေတာ ။ အချိန်မမှီဘဲနေလိမ့်မယ် "

ရှင်းက စကားလမ်းကြောင်းလွှဲကာ နှစ်ယောက်လုံးကို တိတ်ဆိတ်စေလိုက်လေသည်။

အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားသည့်တိုင် ဆင့်က လက်ရှိလောကနှင့်ပြန်၍ အဆက်အသွယ်မရသေးလျက်ရှိသည်။ သူ့ခေါင်းထဲတွင် ယွန်းဟေမီပြောသည့် " နင့်ကြောင့် " ဆိုသည့်စာသားက ထပ်ကာထပ်ကာ ဝန်းရံထားနေပါတော့သည်။ ထို့ပြင် သူဟာဆေးရုံပေါ် ဘယ်လိုလုပ် ရောက်လာလဲဆိုတာကို မမှတ်မိတော့ပေ။ သူ့ဘေးတွေ ရှင်း ထိုင်နေပြီး ရှင်း ၏ဘေးတွင် ယွန်းဟေမီက တရှုံ့ရှုံ့နှင့် ငိုနေခဲ့သည်။ မှတ်ဉာဏ်များမှာ ဖြတ်တောက်ခံထားရသလို ဆင့် အတွက် အရာအားလုံးက မေ့လျော့သလိုဖြစ်နေခဲ့လေသည်။ ခွဲစိတ်ခန်းထဲဝင်သွားတဲ့ ဆရာဝန်တွေက ပြန်မထွက်လာသေးသည့်အပြင် ပြဒါးရံ၏ အခေုအနေကိုလည်း သူတို့သုံးယောက်လုံး ခုထိမသိရသေးလျက်ရှိသည်။

တိမ်ယံဆင့်ဟာ ထိုင်ရာမှ ထရပ်လိုက်ပြိး စိတ်ဆုံးဖြတ်လိုက်လေသည်။ ပြဒါးရံ သေသည်ဖြစ်စေ ၊ရှင်သည်ဖြစ်စေ သူနဲ့မသက်ဆိုင်သည့် ကိစ္စတစ်ခုဖြစ်သည်ဟု။ ထို့ကြောင့် ဒီနေရာက သူနှင့်မသက်ဆိုင်ဘူးဟု တွေးလိုက်လျက် ထွက်သွားရန် ကြံစည်လိုက်ခြင်းဖြစ်ပါသည်။ အခြားတစ်ဖက်ကတွေးလျှင် သူဟာ ပျော်တောင်ပျော်နေသင့်သည် မဟုတ်ပါလား။ သူ့ဘဝကြီးကို ဖျက်ဆီးခဲ့တဲ့လူက ဆေးရုံပေါ်မှာ အသက်လုနေရချိန်မှာ သူဟာဝမ်းသာလွန်းလို့ ထတောင်ကသင့်သည်ပေ။ သို့သော် ခံစားချက်များက ထင်ထားသည့်အတိုင်း ဟုတ်မနေခဲ့ပေ။ ပျော်နေလားဝမ်းနည်းနေလား တိမ်ယံဆင့်ကိုယ်တိုင်တောင် မသိတော့ပေ။

" ရပ်လိုက် "

ယွန်းဟေမီ၏ အသံစူးစူးက တိမ်ယံဆင့်၏ ခြေလှမ်းတို့ကို တားမြစ်လိုက်ကာ မမြင်ရသည့် တံတိုင်းတစ်ခုလိုကာရံထားသည့် စကားတစ်ခွန်းကို ဆက်ပြောလာခဲ့သည်။

" တကယ်မသိချင်ဘူးလား ရံလေး မျက်လုံးတွေ ဘာကြောင့်မမြင်ရတော့တာလဲဆိုတာ "

" ........ "

သူဘာမှပြန်မဖြေခဲ့ပေ။ ထို့ပြင်ထွက်လည်းမသွားခဲ့။ ဒီတိုင်း ယွန်းဟေမီနှင့် ရှင်းကို ကျောပေးကာ မလှုပ်မယှက် ရပ်နေခဲ့ခြင်းသား။ အချိန်အနည်းငယ်အကြာတွင် ဆင့်က တည်ငြိမ်စွာ တုန့်ပြန်လိုက်ပါသည်။

" ဘာကြောင့်လဲ "

အသံသည်ကား တည်ငြိမ်မှုများ ဖုံးလွှမ်းနေလျက် တစ်စွန်းတစ်စလည်း အေးစက်နေခဲ့ပါသည်။

" အဲ့ဒီ့နှစ်တွေတုန်းက မင်းတစ်ယောက်ပဲ ခံစားခဲ့ရတာလို့ ထင်နေတာလား။ ရံလေးက မင်းကိုကာကွယ်ဖို့အတွက် အရာအားလုံးကို အဆုံးရှုံးခံခဲ့တာ။ သူခံစားခဲ့ရတာတွေကလည်း မင်းလောက်မများရင်တောင် မင်းထက်တော့မလျော့ဘူး "

" ယွန်းဟေမီပြောတဲ့ အနစ်နာခံတယ်ဆိုတာ ကျွန်တော့်ကိုလှည့်စားပြီး ချနင်းပစ်ဖို့လား။ ကျွန်တော့်ဘဝတစ်ခုလုံးကို သိမ်ငယ်စိတ်တွေနဲ့ပဲ နေသွားရအောင် လုပ်ခဲ့ရတာမျိုးလား။ နောက်တော့ ကျွန်တော့်အမေကိုပါ သေစေတာမျိုးကို ပြောတာလား။ ပြဒါးရံ လုပ်ခဲ့တဲ့အရာအားလုံး အခုချိန်ထိ စွဲစွဲမြဲမြဲမှတ်မိနေတုန်းပဲ "

လက်များမှာ အတင်းအကြပ် ဆုပ်ထွေးထားခြင်းကြောင့် လက်သည်းများမှာ အသားထဲစိုက်ဝင်လျက် သွေးများပင်စို့လာလေသည်။

" အဲ့ဒီ့နေ့က သတင်းစာရှင်းလင်းပွဲမှာ သူပြောခဲ့တာတွေကော ၊ KK ကိုရောက်လာတော့ ကျွန်တော့်ကို လှောင်ပြောင်သရော်ခဲ့တာတွေကော ရှင်းရှင်းလင်းလင်းကို မှတ်မိနေသေးတယ် ။ "

" အလိမ်အညာတွေပဲ.... အဲ့တာတွေအားလုံးက အလိမ်အညာတွေ။ မင်းထင်နေသလိုမျိုး မဟုတ်ဘူး.... ရံလေးက မင်းကိုဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ဖူးဘူး။ သူကမင်းကို ဒီလောက်ထိချစ်တာ အဲ့တာတွေက သူ့စိတ်ရင်းမှန် ဖြစ်နိုင်ပါ့မလား ဆင့်ရယ် "

ယွန်းဟေမီခမျာ ထိုနှစ်ယောက်၏ ရက်စက်လွန်းသည့်ကံကြမ္မာအတွက် ထိန်းသိမ်းမရအောင် ငိုကြွေးလာခဲ့ပါသည်။နှစ်ဖက်လုံးမမှားခဲ့တဲ့ အခြေအနေတစ်ရပ်မှာ အပစ်ပုံချဖို့ရာ ကံကြမ္မာတစ်ခုတည်းသာ ရှိနေပါတော့သည်။ လေပြေရှင်းမှာလည်း တစ်ချိန်ချိန်မှာ ပေါ်လာမည့် အမှန်တရားအတွက် ယွန်းဟေမီကို မတားတော့ပေ။ သူလည်းဖုံးကွယ်ထားရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ပြဒါးရံ၏ တောင်းဆိုချက်များနှင့် ဆန့်ကျင်စွာ တိမ်ယံဆင့် သိသင့်သည်ဟု ထင်မိသည်။ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေရင်း ကျောပေးထားသည့် ဆင့်၏ နောက်ကျောပုံရိပ်ကိုသာ ငေးကြည့်နေခဲ့မိသည်။ အလွန်အမင်း အထီးကျန်ဆန်နေသည့်ပုံရိပ်မှာ ရှင်း မျက်ဝန်းထဲမှာတော့ ပြေးမလွတ်နိုင်ခဲ့ပေ။

နောက်တစ်လှမ်းဆုတ်ပြီး လှည့်ကြည့်လိုက်ရင် သူ့ကိုမြင်ရမှာ အသိသာကြီးကို ဘာလို့ရှေ့ဆက်သွားဖို့ကိုပဲ ရွေးချယ်နေရတာလဲ။

________________________________

Note/

KO က spoiler သေးသေးလေးပေးပါမယ်။ Hate Poem  လေးက နောက်ပိုင်းတွေလည်းဆက်ပြီး လောင်ရဦးမှာပါ။ ဓားခန်းတွေလည်း အလျင်းသင့်သလို ပါလာချင် ပါလာဦးမှာပါ။ မပါချင်လည်း မပါတော့ဘူးပေါ့နော်😊🤗

______________________________

[Zawgyi]

ျပဒါးရံတစ္ေယာက္ ဘာကိုမွနားမလည္ေတာ့ဘဲ တိမ္ယံဆင့္၏ စကားမ်ားကို လ်စ္လ်ဴရႈ၍ ခုံေပၚမွထရပ္ကာ ထြက္သြားဖို႔ျပင္လိုက္ေသာ္လည္း အေနာက္ဘက္မွလူ၏ အားသုံးကာျပန္ထိုင္ခိုင္းျခင္းကို ခံလိုက္ရေလသည္။ ထို႔ေနာက္ အားအင္ျပည့္ဝသည့္ လက္မ်ားမွာ ပုခုံးကေနဖိထားၿပီး လႈပ္မရေအာင္ တြန္းအားေပးလာခဲ့သည္။

" ဘယ္သြားမလို႔လဲ.... အခုထိအံ့ဩစရာေတြမလာေသးဘူးေလ "

တိမ္ယံဆင့္၏ စကားဆုံးသည္ႏွင့္ TV ရွိရာဘက္မွ အသံတစ္သံထြက္လာေလသည္။ ပထမဆုံးတြင္ အာ႐ုံစူးစိုက္မရႏိုင္ခဲ့သည့္အတြက္ TV ထံမွထြက္ေပၚလာေသာစကားတို႔ကို ျပဒါးရံနားမလည္ခဲ့ေပ။ သို႔ေသာ္ ခဏအၾကာတြင္_

" ဒီေန႔သတင္းကေတာ့ တကယ့္ကိုသမိုင္းတြင္မယ့္ သတင္းပါပဲ။ ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာတဲ့ KK company ကေနာက္ဆုံးေတာ့ လုံးဝကို ပိတ္သိမ္းလိုက္ပါၿပီတဲ့ရွင့္။ KK ကတစ္ခ်ိန္တုန္းက ေရွ႕ဆုံးကေျပးေနတဲ့ company  တစ္ခုျဖစ္ခဲ့တာပဲကို ဒီလိုအျဖစ္မ်ိဳးနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ တစ္ခါမွေတာင္ မေတြးၾကည့္ခဲ့ဖူးဘူး "

ျပဒါးရံ၏လက္မ်ားမွာ တုန္ယင္စျပဳလာၿပီး ခႏၶာကိုယ္မွာလည္း ထိန္းမရေအာင္ ေခ်ာက္ျခားလာခဲ့ေတာ့သည္။မ်က္ဝန္းအိမ္မွာ ျမင္ေနရခဲ့လ်င္ ေသခ်ာေပါက္ အံအားသင့္မႈတို႔ႏွင့္ ျပည့္ႏွက္ေနခဲ့မည္မွာ အေသအခ်ာပင္။ သို႔ပါေသာ္ျငား TV ဘက္ကလာတဲ့အသံမ်ားကေတာ့ သူ႔နားထဲ ဆက္တိုက္တိုးဝင္ေနဆဲပင္။

" အဲ့တာအျပင္ကို KK မွာရွိတဲ့ အုပ္တစ္ခ်ပ္သဲတစ္ပြင့္တိုင္းကိုပါ တစ္စစီဖ်က္ဆီးပစ္ဖို႔ ဆႏၵရွိေနတဲ့ပုံပါပဲ။ အခုရရွိလာတဲ့ video ကေတာ့ ေဆာက္လုပ္ေရးသမားေတြ အမ်ားႀကီးနဲ႔ company ကိုၿဖိဳခ်ေနတာပဲ ျဖစ္ပါတယ္။ "

သူ၏မ်က္လုံးမ်ားမွာ ဘယ္အရာကိုမွ ျမင္ႏိုင္စြမ္းမရွိေတာ့ေသာ္လည္း အေကာင္းတိုင္းရွိေနသည့္ နားမ်ားေၾကာင့္ ျပဒါးရံ၏ ေက်ာျပင္မွာ တသိမ့္သိမ့္တုန္ယင္ေနပါသည့္တိုင္ အသက္ရႈန္ႏႈန္းမ်ားမွာ အလြန္အမင္းျမန္ဆန္လာပါေတာ့သည္။

Company ကို ၿဖိဳခ်ေနသည့္ ေဆာက္လုပ္ေရးသမားဟာ TV ဖန္သားျပင္မွတစ္ဆင့္ ျပဒါးရံ၏အေရွ႕တြင္ လုံးလုံးလ်ားလ်ား ရပ္ေနပါသည့္အလား။ ႏွစ္ေပါင္းမ်ားစြာ တည္ေထာင္ခဲ့ေသာ ျပ႐ုဒ္မွာ ယခုကဲ့သို႔ တစစီဖ်က္ဆီးခံဖို႔တဲ့လား ။ ထိုင္ခုံလက္ရန္းကို အားျပဳ၍ က်စ္က်စ္ပါေအာင္ ဆုပ္ေထြးလိုက္သည့္အခါ ေခြၽးမ်ားဟာ သူ႔ခႏၶာကိုယ္မွ စိမ့္ထြက္လာခဲ့ပါေတာ့သည္။ ျမင့္ခ်ည္နိမ့္ခ်ည္ျဖစ္ေနသည့္ ရင္ဘတ္အစုံမွာ ကူကယ္ရာမဲ့ေနသည့္ ျပဒါးရံႏွင့္ ယွဥ္တြဲေနလ်က္။

" ႀကိဳက္လား ? "

သူ႔ကိုအေနာက္မွ ဖက္ထားပါေသာ သဏၭာန္ျဖင့္ တိမ္ယံဆင့္ဟာ ေမးလာခဲ့ေလသည္။ ရက္စက္သည္ထက္ပိုေသာ စကားပင္ျဖစ္ပါလင့္ကစား ျပဒါးရံမွာ တုန႔္ျပန္ဖို႔ရာအတြက္ ၿပိဳလဲေနခဲ့ေလသည္။ အညႇာအတာကင္းမဲ့သည့္တိုင္  ေလွာင္ေျပာင္မႈတို႔ ေရာယွက္ေနပါသည့္ ေမးခြန္းတစ္ခု။

အခ်ိန္အေတာ္အၾကာထိ မည္သို႔မွမတုန႔္ျပန္ခဲ့ေသာ္လည္း တိမ္ယံဆင့္ကဆက္ေျပာလာခဲ့ပါသည္။ ၎တို႔မွာလည္း ႏွစ္ခါ‌ျပန္ေတြးစရာမလိုေအာင္ ျပဒါးရံ၏ ရင္အစုံကို ဓားႏွင့္ မႊန္းေနပါေသာ စကားမ်ားပင္ ျဖစ္ေတာ့သည္။

" ကြၽန္ေတာ္က ခင္ဗ်ားမ်က္လုံးနဲ႔ ေသခ်ာျမင္ေစခ်င္တာ။ ႏွေမ်ာစရာပဲ အခုေတာ့ ၾကားပဲၾကားႏိုင္ေတာ့တယ္။ "

တိမ္ယံဆင့္က လမ္းအနည္းငယ္ ေလွ်ာက္သြားၿပီးေနာက္ ဆက္ေျပာလာျပန္သည္။

" ဦးမင္းရံကိုလည္း ျမင္ခဲ့ေစခ်င္တာ။ ဒါေပမယ့္ အရမ္းေတာ့လည္း မဆိုးပါဘူး......အခုလိုလည္းအဆင္ေျပေနတာပဲေလ "

" မင္း......ျပန္ပါေတာ့ "

တိုးဖြစြာျဖင့္ ျပဒါးရံဟာ ရွိသမွ်အားအလုံးစုံကို စုစည္းလိုက္ၿပီး တိမ္ယံဆင့္ထံ ေျပာလိုက္ပါသည္။ တုန္ယင္မႈတို႔စြက္ေနၿပီး ဆက္လက္ေတာင့္ခံမထားႏိုင္ေတာ့သည့္ ဝမ္းနည္းမႈမ်ားခိုေအာင္း ေနသည္မွာ သိသိသာသာပင္။ သို႔ေသာ္ျငား ထိုလူသားက လက္ခံမွာတဲ့လား။

" ခင္ဗ်ားမွာ ကြၽန္ေတာ့္ကို အမိန႔္ေပးပိုင္ခြင့္ရွိလို႔လား "

" ကိုယ္ ေတာင္းဆိုေနတာပါ "

ဒီေန႔တစ္ရက္ေတာ့ ျပဒါးရံဟာ တိမ္ယံဆင့္ကို အမွန္တစ္ကယ္ မေတြ႕ခ်င္ပါေခ်။ သူဟာ ႐ူးသြပ္ေလာက္ေအာင္ ျပင္းထန္သည့္ ခံစားခ်က္ေပါင္း ေျမာက္မ်ားစြာကို ဖိႏွိပ္ေနရသည့္အတြက္ ၎တို႔က သည္းမခံႏိုင္သည့္ အဆုံးသတ္ထိေရာက္ရွိသြားၿပီး ေပါက္ကြဲထြက္လာသည့္အခါ တိမ္ယံဆင့္ကို ထိခိုက္မိမွာဆိုးေသာေၾကာင့္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ သူ႔အေနျဖင့္ ေနာက္ဆုံးေသာ အသိစိတ္ေလး လြတ္ထြက္မသြားခင္ ဆင့္ကို ေတာင္းဆိုေနခဲ့ျခင္း ျဖစ္ပါသည္။

ဘယ္ေနရာကစ၍ မွားယြင္းသြားလည္း မသိပါေခ် ။ တိမ္ယံဆင့္မွာ အလြန္ေဒါသထြက္လာခဲ့ၿပီး သူ႔အား စကားေပါင္းမ်ားစြာျဖင့္ နာက်င္ေအာင္ အမ်ိဳးမ်ိဳး ဖိႏွိပ္ေနခဲ့ပါေတာ့သည္။ ျပဒါးရံ၏ ရစရာမရွိေအာင္ ၿပိဳလဲေနပုံကို ၾကည့္ရသည္မွာ တိမ္ယံဆင့္အတြက္  အေတာ္သေဘာေခြ႕ေနပုံရသည္။ ကိုယ္ထိလက္ေရာက္ က်ဴးေက်ာ္လာျခင္း မရွိပါေသာ္လည္း ေနာက္ဆုံး၌ ဆင့္မွာ သူ‌ေဒါသေျဖရမည့္ ေနရာအား ရွာေတြ႕သြားခဲ့သည္။

" ဟက္ "

ျပဒါးရံ၏ နတ္ဘုရားမွာ အသံတစ္ခ်က္ျပဳ၍ သေရာ္လာခဲ့ၿပီး ေျဖးေျဖးခ်င္း ပန္းခ်ီကားရွိရာထံ ေလွ်ာက္သြားလိုက္သည္။ သိသိသာသာပင္ အသံမွာျပန္လည္ႏူးညံ့သြားၿပီး စကားမ်ားကေတာ့ အက္ဆစ္နဲ႔ေဖာ္စပ္ထားသည့္ ပန္းသီးအလား ခ်ိဳလည္းခ်ိဳသလို အဆိပ္လည္းျပင္းေလသည္။

" ခင္ဗ်ားဒီပုံကို ႏွေမ်ာလို႔ မလႊင့္ပစ္ေသးတာလား "

အသံသည္ကား ေလးညႇိဳ႕တင္ထားသည့္ ျမားတစ္စင္းလို တင္းမာသည့္အသြင္အျဖစ္ ထပ္မံကူးေျပာင္းသြားလ်က္ရွိသည္။

" ဟုတ္မွာေပါ့‌ေလ ဒီပုံအတြက္သုံးထားတဲ့ ပိုက္ဆံေတြက နည္းနည္းေႏွာေႏွာမွ မဟုတ္တာကို "

သူဟာ နံရံေပၚတြင္ ေနရာအျပည့္ယူေနသည့္ ပန္းခ်ီကားကိုၾကည့္၍ ေျပာလာခဲ့ျခင္းပင္။

ျပဒါးရံအတြက္ ေခါင္းကိုက္ေနမႈမွာ အလြန္အမင္းျပင္းထန္ေနခဲ့သည့္တြက္ တိမ္ယံဆင့္၏ စကားမ်ားမွာ တစ္ဝက္တစ္ပ်က္ အပိုင္းအစမ်ားအသြင္ျဖင့္ သူ႔အၾကားအာ႐ုံေၾကာထဲ ဝင္ေရာက္လာသည္။ အသံၾကားရ႐ုံျဖင့္ တိမ္ယံဆင့္၏ ေဒါသထြက္ေနမႈမွာ ဘယ္ေလာက္အတိုင္းအတာထိ ျမင့္မားေနလဲ ျပဒါးရံ ခန႔္မွန္းမိေနခဲ့ပါသည္။

" ဒါေပမယ့္.... ကြၽန္ေတာ္ကေတာ့ မုန္းတယ္ '

တိမ္ယံဆင့္တစ္ေယာက္ အံႀကိတ္လ်က္ ထပ္မံထပ္ေျပာလာခဲ့သည္။

" ခင္ဗ်ားနဲ႔ ပက္သက္ခဲ့ဖူးတဲ့ ကြၽန္ေတာ့္ရဲ႕ အတိတ္ေတြအားလုံးကို မုန္းတယ္ "

ထို႔ေနာက္ ဆင့္မွာ သည္းမခံႏိုင္လြန္းစြာျဖင့္ စားပြဲေပၚတြင္ရွိေနသည့္ သစ္သီးျခင္းထဲမွ ဓားကို ဆြဲယူလိုက္ၿပီး နံရံေပၚက ပန္းခ်ီကားကို တစစီဆြဲဆုတ္ပစ္ပါေတာ့သည္။ ဓားႏွင့္ ထပ္ကာထပ္ကာ မႊန္းေနသည့္အခ်ိန္တြင္ သူမ်က္လုံးမ်ားမွာလဲ နီရဲေတာက္ေလာင္ေနခဲ့ပါသည္။ ၿမိဳသိပ္ထားရသည္မွာ အလြန္မ်ားျပားေနေသာ အမုန္းတရား‌မ်ားေၾကာင့္ေပလား ၊သို႔တည္းမဟုတ္ အတိတ္ကလွပလြန္းခဲ့သည့္ ပုံရိပ္ေတြကို သူကိုယ္တိုင္ လက္နဲ႔ဖ်က္ဆီးပစ္လိုက္ေသာေၾကာင့္လားဆိုတာ တိမ္ယံဆင့္ကိုယ္တိုင္ပဲ သိပါလိမ့္မည္။

ထိုပန္းခ်ီကားမွာ ဓားရာမ်ားတစ္ခ်က္ၿပီးတစ္ခ်က္ လက္ခံရရွိေနခဲ့သည့္အတြက္ မည္သို႔မွအေကာင္းတိုင္း မျဖစ္ႏိုင္ေတာ့ပါေခ်။ မည္သို႔ေပဆိုေစကာမူ  ျပဒါးရံမွာ ေခါင္းကိုက္ေနသည့္ ေဝသနာၾကားမွ တိမ္ယံဆင့္ကို တားဆီးရန္ အစြမ္းကုန္ ႀကိဳးစားလ်က္ရွိပါသည္။

" ဆင့္ ရပ္လိုက္ ! "

တိမ္ယံဆင့္ဟာ မရပ္ေပးခဲ့ပါေခ်။

" ေတာ္ပါေတာ့ ကိုယ္ေတာင္းပန္ပါတယ္ "

ျပဒါးရံ၏ အသံမွာ တုန္ယင္မႈတို႔ျဖင့္ ျပည့္ႏွက္ေနခဲ့ၿပီး တိမ္ယံဆင့္၏ မေလ်ာ့ေသာဇြဲတို႔ျဖင့္ ထိပ္တိုက္ရင္ဆိုင္ေနရသည္။ ေနာက္ဆုံး၌မူ ျပဒါးရံမွာ ေ႐ြးခ်ယ္စရာလမ္းမရွိေတာ့သည့္အဆုံး တိမ္ယံဆင့္၏ ဓားကိုဆုပ္ကိုင္လို႔သည့္အခါမွ ၎က ရပ္တန္႔သြားပါေတာ့သည္။

အက်ိဳးဆက္အေနျဖင့္ လက္ဖဝါးျပင္ထဲသို႔ နစ္နစ္နဲနဲစိုက္ဝင္ေနပါသည့္ ဓားတစ္ေခ်ာင္းပင္။ ဓား၏လက္ကိုင္႐ိုးကို တိမ္ယံဆင့္မွ ကိုင္ထားၿမဲျဖစ္ကာ ဓားသြားမွာကား ျပဒါးရံ၏ လက္ဖဝါးျပင္ထဲ၌ပင္ နစ္ျမဳပ္ေနခဲ့ေလသည္။ မေရွးမေႏွာင္းပင္ တစ္စတစ္စႏွင့္ စိမ့္ထြက္လာေသာ ေသြးမ်ားမွာ ဓားတစ္ေခ်ာင္းလုံးကို စြန္းထင္းေစ႐ုံသာမက ကုတင္ေပၚသို႔ပါ သက္ဆင္းကုန္ၾကေလသည္။

ျပဒါးရံဟာ ေခါင္းခါလိုက္ၿပီး ျပင္းျပင္းထန္ထန္ ငိုပစ္ခ်င္ေနခဲ့ပါသည့္တိုင္ ခမ္းေျခာက္သြားသည္ဟု ထင္ရသည့္ မ်က္ရည္မ်ားက ထြက္မလာခဲ့ပါေခ်။ ထို႔အျပင္ ခ်င္းခ်င္းနီသည့္ ေသြးစက္တို႔မွာ လက္ဖဝါးမွတဆင့္ ဓားတစ္ေခ်ာင္းလုံးဆီ ပ်ံ႕ႏွံ႔ေနေသာေၾကာင့္ တိမ္ယံဆင့္၏ လက္မ်ားမွာလည္း ေသြးတို႔ျဖင့္ ေဆးခ်ယ္ျခင္းခံလိုက္ရေလသည္။ ၎တို႔မွာ ျပဒါးရံ၏ တံေထာင္ဆစ္မွတဆင့္လည္း ေအာက္သို႔က်ဆင္းေနဆဲျဖစ္ပါသည္။

" လႊတ္စမ္း ! "

အသံသည္ကား ပိုမိုစိတ္ဆိုးေနေသာ အရိပ္အေယာင္မ်ား ကိမ္းေအာင္းေနယုံသာမက အလြန္အမင္းေဒါ‌သထြက္ေနေသာ ဟန္မ်ားလည္း ပါဝင္ေနခဲ့ေလသည္။ ဖ်က္ဆီးျခင္းအတိၿပီးေနေသာ ဓားမွာကား ျပဒါးရံ၏ တားဆီးျခင္း ခံလိုက္ရေသာေၾကာင့္လည္း ျဖစ္ႏိုင္ပါသလို ထိုသူ၏လက္မွထြက္လာေသာ ေသြးတို႔ေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။ ဘယ္အရာက တိမ္ယံဆင့္ကို ပိုေဒါသထြက္ေစခဲ့လည္း မသိေသာ္လည္း စနပ္တံျဖဳတ္ထားသည့္ ဗုံးတစ္လုံးကဲ့သို႔ အႏၲရာယ္မ်ားလွသည့္ အရိပ္အေယာင္မ်ားမွာ တိမ္ယံဆင့္ ထံမွာအတိုင္းသား။

" ကြၽန္ေတာ္ေျပာေနတယ္ လႊတ္လိုက္ "

ႏွစ္ေယာက္သားမွာ ထိုဓားအား ကိုင္ထားၿမဲပါပင္။ မည္သူကမွေနာက္မဆုတ္ဘဲ ဆက္လက္ေတာင့္ခံေနၾကၿမဲ။ အကယ္၍ ျပဒါးရံသာ မ်က္လုံးျမင္ေနရခဲ့လွ်င္ တိမ္ယံဆင့္၏ ယခုအၾကည့္မ်ားေၾကာင့္ ျပာက်သြားႏိုင္ၿပီး ႏွလုံးသားမွာ ေအးခဲသြားႏိုင္ေလသည္။

" ကိုယ္တို႔ေတြ ဘယ္လိုလုပ္ၿပီးမ်ား ဒီအေျခအေနထိေရာက္လာၾကတာလဲ "

အလြန္နာက်င္‌ေစသည့္ ခံစားခ်က္အစုံမွာ ျပဒါးရံကို ဝါးၿမိဳတိုက္စားေနၾကသည့္ၾကားမွ အရာအားလုံးကို အံတုလိုက္ရင္း သူဟာ ေမးခြန္းထုတ္ေနခဲ့မိပါသည္။ ဘာဆိုဘာမွမက်န္ေတာ့သည္အထိ ဖ်က္ဆီးခံေနရသည့္ လူတစ္ေယာက္မွာ ကံၾကမၼာကို ေမးခြန္းထုတ္ဖို႔ စကားလုံးေလးနည္းနည္းေတာ့ ေျပာခြင့္ရွိသည္ဟု သူထင္မိ‌ေသာေၾကာင့္ပင္။  လက္ဖဝါးႏွစ္ဖက္ထဲ စိုက္ဝင္ေနသည့္ ဓားဒဏ္ရာမွာ သူ႔ႏွလုံးအိမ္ကို စိုက္ထြင္းထားပါသည့္ဓားအလား အသည္းခိုက္မတတ္ နာက်င္ေစေသာေၾကာင့္ သူဟာယခုခ်က္ခ်င္းပင္ ေသဆုံးသြားလိုက္ခ်င္ပါေတာ့သည္။ ‌နာက်င္မႈဆိုတဲ့အရာေတြက ေစာလ်င္လွေသာအခ်ိန္ေတြထဲက အသားက်ေနခဲ့ၿပီျဖစ္ေသာေၾကာင့္ တိမ္ယံဆင့္ကိုသာ ရပ္တန႔္ႏိုင္မယ္ဆိုလွ်င္ ဘယ္လိုအရာမ်ိဳးနဲ႔ပဲ ႀကဳံေတြ႕ရပါေစ ေရွ႕ဆက္တိုးေနဦးမည္ျဖစ္သည္။

" ေသခ်ာေပါက္ ကိုယ္တို႔ေတြ....အရမ္းခ်စ္ခဲ့ၾကတာပါ "

အသံသည္ကား ဆို႔နစ္ေၾကကြဲမ်ားအျပည့္။

" ျပဒါးရံ ခင္ဗ်ားရဲ႕ အလိမ္အညာေတြနဲ႔ ကြၽန္ေတာ့္ကို ထပ္လွည့္စားဖို႔ ႀကံမေနနဲ႔...... ကြၽန္ေတာ္ ဘယ္ေတာ့မွခင္ဗ်ားကို ထပ္မယုံေတာ့ဘူး "

" ကိုယ္သိတယ္.... ဘယ္ေတာ့မွ အရင္လိုျပန္မျဖစ္ႏိုင္ေတာ့ဘူး "

မ်က္ဝန္းတစ္စုံကို မွိတ္လိုက္ၿပီး လည္တိုင္ကို ဆန႔္တန္းလ်က္ အသက္ျပင္းျပင္း ရႈရႈိက္လိုက္ကာ ဓားကိုဆုပ္ကိုင္ထားသည့္လက္မ်ားက ပိုမိုတင္းၾကပ္လာလ်က္သား။

" အဲ့တာေၾကာင့္ .....မင္းလိုခ်င္ရင္ ကိုယ့္အသက္ကိုပဲ ယူသြားပါေတာ့ "

တစ္ဆက္တည္းမွာပင္ ဓားကိုေဆာင့္ဆြဲလိုက္သည့္အတြက္ ဓားဖ်ားထိပ္မွာ ျပဒါးရံ၏ လည္တိုင္တည့္တည့္သို႔ ဦးတည္ရာေျပာင္းသြားၿပီး တိမ္ယံဆင့္မွာလည္း အေရွ႕သို႔ ႏွစ္လွမ္းမွ် တိုးလိုက္ရေလသည္။

ဆင့္က တင္းခံ၍ျပန္ဆြဲကိုင္မထားပါလွ်င္ ၎မွာ ျပဒါးရံ၏ လည္ေခ်ာင္းအတြင္းသို႔ ေဖာက္ထြင္းဝင္သြားမည္မွာ ဧကန္ပါပင္။ ထို႔ေနာက္ စိတ္မရွည္စြာျဖင့္ ျပဒါးရံကို ထပ္မံသတိေပးလိုက္ျပန္ပါသည္။

" လႊတ္စမ္း.... ခင္ဗ်ားလက္ကိုလႊတ္လိုက္ "

ခုခ်ိန္မွာ ဆင့္က သူဘာေတြခံစားေနရလဲကို နားမလည္ႏိုင္ေအာင္အထိ ပူထူေဝဝါးေနခဲ့ေလသည္။ ခံစားခ်က္အစုံက ေသာင္းေျပာင္းေရာေႏွာေနခဲ့သည့္အတြက္ သူဟာလည္း ျပဒါးရံနဲ႔ထပ္တူ အသိစိတ္လြတ္လ်က္သားပင္။ သို႔ေသာ္ျငား ျပဒါးရံဟာ တုပ္တုပ္မွမလုပ္ခဲ့ေပ။ မ်က္ဝန္းမ်ားကို မွိတ္ထားလ်က္ ေခါင္းေမာ့ကာ လည္ပင္းကို ဆန႔္တန္းလ်က္ အေနအထားမွာ တစ္ခ်က္ေလးမွ ပ်က္ယြင္းမသြားခဲ့ေပ။

ခြၽင္...

စိတ္တိုလြန္းသျဖင့္ ဆင့္ဟာ ျပဒါးရံလက္ထဲမွ ဓားကို အၾကမ္းပတမ္း ဆြဲထုတ္လိုက္ၿပီး ေအာက္ဘက္သို႔ လႊင့္ပစ္ခ်လိုက္ပါေတာ့သည္။

" အဲ့ေလာက္ေတာင္ ေသခ်င္ေနတာလား "

ျပဒါးရံ၏လည္ပင္းကို လက္တစ္ဖက္ႏွင့္ ဆုပ္ကိုင္လိုက္ၿပီး က်န္တစ္ဖက္ကေတာ့ ဆံပင္မ်ားကို ေဆာင့္ဆြဲထားျခင္းေၾကာင့္ မအားလပ္ေတာ့ေပ။ အလြန္နီးကပ္ေနသည့္အတြက္ တိမ္ယံဆင့္ထံမွ အပူလႈိင္းမ်ားဟာ သူ႔ခႏၶာကိုယ္ေပၚသို႔ အျပည့္အဝလႊမ္းၿခဳံေနပါေတာ့သည္။ ထို႔ျပင္ တေျမ့ေျမ့ႏွင့္ေတာက္ေလာင္ေနပါေသာ မီးႏွင့္သဏၭာန္တူသည့္ ေဒါသတရားမ်ား။

" ကိစၥေတြအားလုံးကို ေသလိုက္တာနဲ႔ ေျဖရွင္းမယ္ေပါ့ေလ..... စိတ္ကူးေတာင္မယဥ္နဲ႔ "

လည္တိုင္ႏွင့္ ေခါင္းေပၚမွလက္မ်ားဟာ ပိုမိုတင္းၾကပ္လာခဲ့ပါေတာ့သည္။

" ခင္ဗ်ားအသက္က ဘယ္ေလာက္တန္ဖိုးရွိမွာ မို႔လို႔လဲ။ ဆယ္ခါျပန္ေသေပးရင္ေတာင္ မလုံေလာက္တာကို ေသဖို႔အဲ့ေလာက္လြယ္ကူေနမယ္ ထင္ေနတာလား "

အသံသည္ကား ထပ္ကာထပ္ကာ ေသြးထားသည့္ ဓားမ်ားႏွယ္ ျပဒါးရံ၏ အေသြးအသားထဲထိ စိမ့္ဝင္လ်က္ တတိတိတိုက္စားေနပါေတာ့သည္။

" ကိုယ္က အရာအားလုံးကို အဆုံးသတ္သြားေစခ်င္တာပါ "

စိတ္ထဲမွေတြးေနခဲ့သည့္တိုင္ အျပင္သို႔ထုတ္ေျပာဖို႔ရာ မစြမ္းႏိုင္ခဲ့ေပ။ လည္ပင္းကိုဆုပ္ကိုင္ထားသည့္လက္မ်ားမွာ တင္းၾကပ္လြန္းေသာေၾကာင့္ ျပဒါးရံမွာ အသက္ကိုပင္ မနည္းဝေအာင္ရႈေနရေသာ အေနအထားျဖစ္သည္။

ခဏအၾကာတြင္ တိမ္ယံဆင့္က သူ႔ကိုလႊတ္ေပးလာခဲ့ပါသည္။ ျပဒါးရံမွာ အသက္ကိုျပည့္ျပည့္ဝဝ မရႈရေသးခင္မွာတင္ ေပါက္ကြဲထြက္မတတ္ ကိုက္ေနေသာ ေခါင္းကို လက္ျဖင့္ထုလိုက္ၿပီး ေအာက္ထပ္က သူ႔အခန္းထဲကို အလ်င္အျမန္ေရာက္သြားရန္ ႀကံစည္ပါေတာ့သည္။ သို႔ေသာ္အရာအားလုံးက လြယ္ကူမေနခဲ့ပါေခ်။

" ဘယ္လဲ ? "

ဆင့္က ျပဒါးရံကို လွမ္းဆြဲလိုက္ၿပီး ေမးလာခဲ့ေလသည္။

" ကိုယ္..... ကိုယ္.... "

သူဘယ္လိုျပန္ေျဖရမည္နည္း။ သူ႔ေခါင္းကအရမ္းကိုက္ေနသည့္အတြက္ ေဆးေသာက္ပါရေစဆိုၿပီး ျပန္ေျဖရမွာလား။ မဟုတ္ဘူး..... တစ္ခါတစ္ေလမွာ ျပဒါးရံဟာ ဆိုးဝါးေနသည့္ သူ႔၏ပုံရိပ္ေတြကို တိမ္ယံဆင့္ထံ မျပခ်င္ေတာ့ပါေပ။ ၎တို႔ဟာ သူသိေနတာနဲ႔ပင္ အေတာ္ေလးကို လုံေလာက္ေနၿပီမို႔ အျခားတစ္ေယာက္ကို ျပဖို႔အတြက္ သူ႔ထံတြင္ ခြန္အားတို႔ရွိမေနခဲ့ေခ်။ ဒီေဝသနာကို ခံစားႏိုင္စြမ္းတို႔ ကုန္ဆုံးေနၿပီျဖစ္တဲ့အတြက္ ျပဒါးရံအဖို႔ တိမ္ယံဆင့္၏ အေမးကိုဆက္မေျဖေတာ့ဘဲ ယိုင္တိယိုင္တိုင္ျဖင့္ ‌အျပင္သို႔ထြက္လာပါေတာ့သည္။

ဆင့္ အတြက္လည္း မေျပေသးသည့္ေဒါသတို႔က အေဖာ္ျပဳေနေသးသည့္အတြက္ အလိုအေလ်ာက္ပင္ ေျခေထာက္မ်ားက ျပဒါးရံအေနာက္သို႔ ေျပးလိုက္လ်က္မိေနသားပင္။ ေလွကားမ်ား အစြန္း၌ တိမ္ယံဆင့္မွာ ျပဒါးရံကို မွီသြားသည့္အတြက္ ဒုတိယအႀကိမ္ လက္ေမာင္းကိုလွမ္းဆြဲကာ ရပ္တန႔္ေစလိုက္ကာ ၾကမ္းတမ္းသည့္စကားမ်ားကိုသာ ဆိုေနခဲ့မိသည္။

" ဘယ္သြားမလို႔လဲ..... KK ကပ်က္ဆီးသြားတာကို လက္မခံႏိုင္ေသးလို႔ ထြက္ေျပးေနတာလား "

" မဟုတ္ဘူး....လႊတ္ေပးပါေတာ့.... ငါလည္းအရမ္းနာက်င္ေနၿပီမို႔လို႔ပါ "

တိမ္ယံဆင့္ ဆြဲကိုင္ထားသည့္အားမွာ အရမ္းလည္းမျပင္းထန္ပါသည့္တိုင္ ျပဒါးရံ၏ စကားမ်ားေၾကာင့္ မသိစိတ္အရ ထပ္မံေျပေလ်ာ့လိုက္ပါသည္။

" ခင္ဗ်ားတစ္ေယာက္ထဲ နာက်င္ရတာလား။ ခင္ဗ်ားအလွည့္က်ေတာ့ မရင္ဆိုင္ရဲဘူးလား။ ကြၽန္ေတာ္ေကာ.... ကြၽန္ေတာ္ကေတာ့ မနာက်င္ရဘူးလား။ ခင္ဗ်ားရဲ႕လုပ္ရက္ေတြေၾကာင့္ ကြၽန္ေတာ္နာက်င္ခဲ့ရတာေတြကို မျမင္ဘူးလား။ "

သို႔ေသာ္ ျပဒါးရံမွာ တိမ္ယံဆင့္၏ လက္မ်ားအတြင္းမွ အတင္းကာေရာ ႐ုန္းထြက္လ်က္ ေအာက္ဘက္သို႔သာ ေျပးဆင္းသြားခဲ့ပါသည္။ ပုံမွန္အေျခအေနႏွင့္ဆိုလွ်င္ မ်က္လုံးမျမင္ရလွ်င္ေတာင္မွ ေလွကားအတက္အဆင္းလုပ္ရသည္မွာ ျပဒါးရံအတြက္ လြယ္ကူသည္ထက္ပင္ ပိုလြန္းေနပါသည္။ သို႔ေသာ္ျငား ယခုအေျခအေနကား ေဝသနာေပါင္းစုံကို ရင္ဝယ္ပိုက္ထားရသည့္အတြက္ ႏွစ္ထစ္မွ်ပင္ လွမ္းရ႐ုံရွိေသး ေခါင္းကိုက္ျခင္းကို အားနည္းလွသည့္ ခႏၶာကိုယ္မွာ ေတာင့္မခံႏိုင္ေတာ့သည့္အတြက္ အနည္းငယ္ မူးေဝယိုင္လဲၿပီးလွ်င္ ေအာက္သို႔အရွိန္ျပင္းျပင္း ျပဳတ္က်သြားခဲ့ပါေတာ့သည္။

" ရံ ! "

တိမ္ယံဆင့္ခမ်ာ လက္ကိုဆန႔္တန္းလ်က္ ရမိရရာလွမ္းဆြဲလိုက္ပါေသာ္လည္း အက်ႌအစြန္းေလးကိုသာ ထိ႐ုံမွ်ထိသြားၿပီး ျမင္လႊာေရွ႕မွာလူဟာ ေအာက္သို႔ျပဳတ္က်သြားသည္ကို ႀကဳံေတြ႕လိုက္ရေလသည္။ ထို႔ျပင္မရည္႐ြယ္ပါဘဲ လြန္ခဲ့ေသာႏွစ္မ်ားစြာက ေခၚေနက် နမ္စားတစ္ခုဟာ တိမ္ယံဆင့္၏ ပါးစပ္ဖ်ားမွ အံက်လာခဲ့ပါသည္။

သူ၏မ်က္ဝန္းအစုံမွာ အလိုအေလ်ာက္ပင္ ျပဴးက်ယ္လာခဲ့ပါေတာ့သည္။ လက္တစ္ဖက္မွာ ေလထဲတြင္ ဆန႔္တန္းထားသည့္ အေနအထားျဖင့္ ေလွကားထစ္ထိပ္ဆုံးမွ ဟိုးေအာက္ေျခထိ ျပဒါးရံ ျပဳတ္က်သြားသည္ကို ဝိညာဥ္မဲ့စြာ ၾကည့္ေနခဲ့မိသည္။

" ရံေလး "

ယြန္းေဟမီႏွင့္ ေလေျပရွင္းမွာ အခ်ိန္ကိုက္ပင္ ေရာက္ရွိလာခဲ့ၿပီး ျပဒါးရံအားေတြ႕လိုက္ရသည့္အခါ မွင္သက္သြားခဲ့ေလသည္။ ႏွစ္ေယာက္လုံးဟာ ေလွကားထိတ္ဖ်ား၌ ရပ္ေနသည့္ တိမ္ယံဆင့္အား လွမ္းၾကည့္လိုက္ၿပီး ေျပာစရာစကားမ်ား ေပ်ာက္ရွေနခဲ့သည္မွာ မ်က္ႏွာမ်ားၾကည့္႐ုံျဖင့္ သိသာလွေပသည္။ မသိလိုက္ပါလွ်င္ ဆင့္မွာ ျပဒါးရံအား ေလွကားထိပ္ဖ်ားမွ တြန္းခ်လိုက္ပုံရသည္ဟု ယုံၾကည္သြားသည့္အလား။

အေပၚကေန အရာအားလုံးကို တိမ္ယံဆင့္ လွမ္းျမင္ေနရေလေတာ့သည္။ ေလွကားေအာက္မွာ မလႈပ္မယွက္ႏွင့္ လဲေလ်ာင္းေနေသာ ျပဒါးရံ၏ ပုံရိပ္ေသးေသးေလး။ တစ္စထက္တစ္စ အိုင္ထြန္းလာပါသည့္ ေသြးမ်ားမွာ ဦးေခါင္းခြံၾကားမွ စိမ့္ထြက္လာၾကေလသည္။ ထို႔ျပင္ လက္ဖဝါးျပင္ႏွစ္ဖက္မွ ေသြးမ်ားကလည္း ရပ္တန႔္သြားျခင္းမရွိခဲ့ဘဲ ပိုမိုစိမ့္ထြက္ေနခဲ့ပါေတာ့သည္။

ဘာမွမျဖစ္သလို အမူအယာနဲ႔ မ်က္ႏွာဖုံးကို ငွားရမ္းတပ္ဆင္လိုက္ၿပီး ေလွကားတစ္ထစ္ျခင္းဆီကို ခပ္ဖြဖြနင္းလ်က္ ႏႈတ္ခမ္းမ်ားမွာ ျဖဴေလ်ာ့ေနခဲ့ေလသည္။ သူသည္အလြန္ကိုပင္ ဟန္ေဆာင္ေကာင္းလြန္းလွေပသည္။ ဟန္ေဆာင္ေကာင္းလွသည္မွာ သူ႔ခံစားခ်က္မ်ားႏွင့္ ဆန႔္က်င္၍ ကိုယ့္ကိုကိုယ္ပါ လိမ္ညာေနခဲ့ၿပီး  မိုက္႐ူးရဲဆန္ေလသည္အထိ။ ႐ုတ္တရက္ပင္ ထိုေလွကားမ်ားက အေတာ္ေလးကို ရွည္လ်ားသည္ဟု တိမ္ယံဆင့္ ေတြးမိသည္။ အရင္ကသတိမထားမိခဲ့ေသာ္ညား သိပ္ကိုလည္း မတ္ေစာက္ပါေသးသည္။ ႐ုတ္တရက္ သူဟာ ေလွကားအဆုံးကိုေရာက္သြားမွာေတာင္ ေၾကာက္႐ြံ႕လာမိသည္။

ယြန္းေဟမီ၏ ျပဒါးရံအား လႈပ္ႏႈိးေနသံသဲ့သဲ့ကို ၾကားေနရၿပီး က်န္သည့္အရာအားလုံးက ဆင့္ ပတ္ဝန္းက်င္တြင္ တိတ္ဆိတ္ေနခဲ့ေလသည္။ တျဖည္းျဖည္းႏွင့္ ေလွကားအဆုံးသို႔ ေရာက္ရွိသြားသည့္အခါ ျပဒါးရံအား သူထင္ထင္ရွားရွား ျမင္ေတြ႕လိုက္ရေလသည္။ တစ္ခ်က္ေလာက္ေစာင္းငဲ့ၾကည့္လိုက္ၿပီးေနာက္ ခံစားခ်က္မရွိသည့္ အမူအယာျဖင့္ ပုံေသအတိုင္းထြက္ခြာသြားဖို႔ရန္ ေဆာက္႐ြက္လိုက္ပါသည္။

" ျဖန္း "

အသံမွာ အလြန္က်ယ္ေလာင္စြာ ထြက္ေပၚလာခဲ့ၿပီး ယြန္းေဟမီက သူ႔ကို ပါး႐ိုက္လိုက္ျခင္း ျဖစ္ေလသည္။ ထို႔ေနာက္သူမက ထိန္းခ်ဳပ္မရေအာင္ ငိုေႂကြးလာခဲ့ၿပီး ဆင့္ ကေတာ့ နဂိုအတိုင္း အမူအယာကင္းမဲ့လ်က္သား။

" ရံေလးအေပၚ ဘယ္လိုေတာင္ လုပ္ရက္တာလဲ။ သူနင့္ကို ဒီေလာက္ထိခ်စ္တာ... ငါတို႔အားလုံးျမင္ေတြ႕ေနရတာ။ နင္တစ္ေယာက္ဘဲ ဘာလို႔မသိရတာလဲ။ '

" အခ်စ္ ?  "

တိမ္ယံဆင့္ဟာ အခ်စ္ဆိုသည့္ စကားအား ၾကားလိုက္ရခ်ိန္တြင္ သေရာ္လာခဲ့ပါေတာ့သည္။

" အသုံးမဝင္တဲ့ အရာေတြ။ ခင္ဗ်ားတို႔ေျပာတဲ့ ခမ္းနားႀကီးက်ယ္လွပါခ်ည္ရဲ႕ဆိုတဲ့ အခ်စ္က ကြၽန္ေတာ့္ဘဝတစ္ခုလုံး စုတ္ျပတ္သတ္သြားေအာင္ ဖန္တီးခဲ့တာ။ "

ဆင့္တစ္ေယာက္ ဆက္ေျပာလာခဲ့ပါသည္။

" အဲ့အရာေတြကို အခ်စ္လို႔ ေခါင္းစဥ္တပ္တာဆိုရင္။ ဝမ္းနည္းပါတယ္ ..... ကြၽန္ေတာ္ေတာ့မလိုခ်င္ဘူး။ ၿပီးေတာ့ _ "

ဆင့္ရဲ႕ မ်က္လုံးမ်ားဟာ အညႇာအတာကင္းမဲ့ စြာျဖင့္ ျပဒါးရံအား အၾကည့္တစ္ခ်က္ေ႐ြ႕လိုက္ၿပီး ဆက္ေျပာလာသည္။

" ျဖစ္ခဲ့တာေတြအားလုံးက သူနဲ႔ထိုက္တန္လို႔ဘဲ "

" ျဖန္း "

ဒုတိယအႀကိမ္အျဖစ္ လက္ဖဝါးဟာ တိမ္ယံဆင့္ပါးေပၚ က်ေရာက္လာခဲ့ေလသည္။ ယြန္းေဟမီသည္ ျပဒါးရံအား ထိေတြ႕ထားသည့္အတြက္ သူမလက္မ်ားကလည္း ေသြးတို႔ႏွင့္ ေပပြေနခဲ့ေလသည္။ ဆင့္အား ပါး႐ိုက္လိုက္သည့္အခါတြင္ ၎တို႔က ဆင့္ရဲ႕ မ်က္ႏွာအား ေသြးတို႔ျဖင့္ ဖုံးလႊမ္းေစခဲ့သည္။

သို႔ေသာ္ ဆင့္က အ႐ိုက္ခံၿပီးခ်ိန္တြင္ သူ႔မအား မရွိေလသည့္ဟန္ သေဘာထား၍ ထြက္သြားခဲ့ပါသည္။

" ရံေလး မ်က္လုံးေတြဘာလို႔ မျမင္ရေတာ့တာလဲသိလား "

တိမ္ယံဆင့္၏ ေျခေထာက္မ်ားမွာ လုံးဝဥႆုံရပ္တန႔္သြားခဲ့ပါေတာ့သည္။ ယြန္းေဟမီ၏ အက္ကြဲေနသည့္အသံလႈိင္းသည္ တိမ္ယံဆင့္အား ရပ္တန႔္သြားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေခ်၏။

" မသိခ်င္ဘူး "

ဤသည္မွာ မ်က္ေတာင္မခတ္တမ္း လိမ္ညာတတ္သည့္ တိမ္ယံဆင့္၏ အလိမ္အညာမ်ားပင္။ သူ႔ရဲ႕အသိစိတ္ထဲမွာေတာ့ အမွန္တစ္ကယ္ပင္ ျပဒါးရံႏွင့္ပက္သက္၍ ဘာကိုမွသူမသိခ်င္ေတာ့ပါေပ။ သို႔ေသာ္ျငား သူကိုယ္တိုင္ေတာင္ မရိပ္မိသည့္ နက္ရႈိင္းတဲ့ အတြင္းစိတ္တစ္ေနရာမွေတာ့ မိမိလက္ခံထားသည့္အတိုင္း ဟုတ္မေနေတာ့ေပ။

" နင့္ေၾကာင့္ပဲ... "

တိမ္ယံဆင့္မွာ ခ်က္ျခင္းကို လွည့္ၾကည့္လိုက္မိပါသည္။ ႐ုတ္တရက္ရင္ဘတ္မွာ မြန္းၾကပ္လာလ်က္ အသက္ရႈၾကပ္လာသည္ဟု ေတြးထင္မိသည္။

" ေတာ္ေတာ့ ....ျပဒါးရံက ဒီလိုျဖစ္ေစခ်င္မွာမဟုတ္ဘူးေလ။ သူ႔ရဲ႕ေတာင္းဆိုခ်က္ကို ေမ့သြားၿပီလား။ "

ရွင္း မွာ ယြန္းေဟမီ၏လက္အား လွမ္းဆြဲလိုက္ၿပီး အသိစိတ္ဝင္လာေအာင္ ေအာ္လိုက္ေလသည္။ ထိုႏွစ္ေယာက္ကိုၾကည့္ရင္း တိမ္ယံဆင့္မွာ နားမလည္ႏိုင္ေအာင္ျဖစ္ေနရသည္မွာ မိမိကအပိုလူတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရသည့္အလား။

" ရွင္း မင္းငါ့ကို ဘာေတြဖုံးကြယ္ထားတာလဲ "

" မဟုတ္ဘူး ဆင့္.... မင္းကိုနာက်င္ေစမယ့္ အေၾကာင္းအရာေတြကို ထပ္ၿပီးမသိခ်င္ပါနဲ႔ေတာ့။ "

ရွင္းက ဖုံးကြယ္ဖို႔ႀကိဳးစားေနခဲ့ေပမယ့္ ယြန္းေဟမီကေတာ့ ထိုကဲ့သို႔ဟုတ္မေနေခ်။ သူမမွာ ခ်ဳပ္တည္းထားရသည္မွာၾကာၿပီျဖစ္တဲ့ အတိတ္ကျဖစ္ရပ္အခ်ိဳ႕ကို ဆက္ၿပီးထိန္းသိမ္းရန္ မစြမ္းႏိုင္ေတာ့ေခ်။ အေၾကာင္းမွာ တိမ္ယံဆင့္ထံမွရလာသည့္ ဒဏ္ရာေတြေၾကာင့္ သူမေမာင္ကိုထပ္ၿပီး မနာက်င္ေစခ်င္ေတာ့သည့္အတြက္ျဖစ္သည္။

" အရင္ဆုံး ျပဒါးရံကို ေဆး႐ုံေခၚသြားရေအာင္။ သူေသြးထြက္အရမ္းလြန္ေနတာ ။ အခ်ိန္မမွီဘဲေနလိမ့္မယ္ "

ရွင္းက စကားလမ္းေၾကာင္းလႊဲကာ ႏွစ္ေယာက္လုံးကို တိတ္ဆိတ္ေစလိုက္ေလသည္။

အခ်ိန္အတိုင္းအတာတစ္ခုထိ ၾကာသြားသည့္တိုင္ ဆင့္က လက္ရွိေလာကႏွင့္ျပန္၍ အဆက္အသြယ္မရေသးလ်က္ရွိသည္။ သူ႔ေခါင္းထဲတြင္ ယြန္းေဟမီေျပာသည့္ " နင့္ေၾကာင့္ " ဆိုသည့္စာသားက ထပ္ကာထပ္ကာ ဝန္းရံထားေနပါေတာ့သည္။ ထို႔ျပင္ သူဟာေဆး႐ုံေပၚ ဘယ္လိုလုပ္ ေရာက္လာလဲဆိုတာကို မမွတ္မိေတာ့ေပ။ သူ႔ေဘးေတြ ရွင္း ထိုင္ေနၿပီး ရွင္း ၏ေဘးတြင္ ယြန္းေဟမီက တရႈံ႕ရႈံ႕ႏွင့္ ငိုေနခဲ့သည္။ မွတ္ဉာဏ္မ်ားမွာ ျဖတ္ေတာက္ခံထားရသလို ဆင့္ အတြက္ အရာအားလုံးက ေမ့ေလ်ာ့သလိုျဖစ္ေနခဲ့ေလသည္။ ခြဲစိတ္ခန္းထဲဝင္သြားတဲ့ ဆရာဝန္ေတြက ျပန္မထြက္လာေသးသည့္အျပင္ ျပဒါးရံ၏ အေခုအေနကိုလည္း သူတို႔သုံးေယာက္လုံး ခုထိမသိရေသးလ်က္ရွိသည္။

တိမ္ယံဆင့္ဟာ ထိုင္ရာမွ ထရပ္လိုက္ၿပိး စိတ္ဆုံးျဖတ္လိုက္ေလသည္။ ျပဒါးရံ ေသသည္ျဖစ္ေစ ၊ရွင္သည္ျဖစ္ေစ သူနဲ႔မသက္ဆိုင္သည့္ ကိစၥတစ္ခုျဖစ္သည္ဟု။ ထို႔ေၾကာင့္ ဒီေနရာက သူႏွင့္မသက္ဆိုင္ဘူးဟု ေတြးလိုက္လ်က္ ထြက္သြားရန္ ႀကံစည္လိုက္ျခင္းျဖစ္ပါသည္။ အျခားတစ္ဖက္ကေတြးလွ်င္ သူဟာ ေပ်ာ္ေတာင္ေပ်ာ္ေနသင့္သည္ မဟုတ္ပါလား။ သူ႔ဘဝႀကီးကို ဖ်က္ဆီးခဲ့တဲ့လူက ေဆး႐ုံေပၚမွာ အသက္လုေနရခ်ိန္မွာ သူဟာဝမ္းသာလြန္းလို႔ ထေတာင္ကသင့္သည္ေပ။ သို႔ေသာ္ ခံစားခ်က္မ်ားက ထင္ထားသည့္အတိုင္း ဟုတ္မေနခဲ့ေပ။ ေပ်ာ္ေနလားဝမ္းနည္းေနလား တိမ္ယံဆင့္ကိုယ္တိုင္ေတာင္ မသိေတာ့ေပ။

" ရပ္လိုက္ "

ယြန္းေဟမီ၏ အသံစူးစူးက တိမ္ယံဆင့္၏ ေျခလွမ္းတို႔ကို တားျမစ္လိုက္ကာ မျမင္ရသည့္ တံတိုင္းတစ္ခုလိုကာရံထားသည့္ စကားတစ္ခြန္းကို ဆက္ေျပာလာခဲ့သည္။

" တကယ္မသိခ်င္ဘူးလား ရံေလး မ်က္လုံးေတြ ဘာေၾကာင့္မျမင္ရေတာ့တာလဲဆိုတာ "

" ........ "

သူဘာမွျပန္မေျဖခဲ့ေပ။ ထို႔ျပင္ထြက္လည္းမသြားခဲ့။ ဒီတိုင္း ယြန္းေဟမီႏွင့္ ရွင္းကို ေက်ာေပးကာ မလႈပ္မယွက္ ရပ္ေနခဲ့ျခင္းသား။ အခ်ိန္အနည္းငယ္အၾကာတြင္ ဆင့္က တည္ၿငိမ္စြာ တုန႔္ျပန္လိုက္ပါသည္။

" ဘာေၾကာင့္လဲ "

အသံသည္ကား တည္ၿငိမ္မႈမ်ား ဖုံးလႊမ္းေနလ်က္ တစ္စြန္းတစ္စလည္း ေအးစက္ေနခဲ့ပါသည္။

" အဲ့ဒီ့ႏွစ္ေတြတုန္းက မင္းတစ္ေယာက္ပဲ ခံစားခဲ့ရတာလို႔ ထင္ေနတာလား။ ရံေလးက မင္းကိုကာကြယ္ဖို႔အတြက္ အရာအားလုံးကို အဆုံးရႈံးခံခဲ့တာ။ သူခံစားခဲ့ရတာေတြကလည္း မင္းေလာက္မမ်ားရင္ေတာင္ မင္းထက္ေတာ့မေလ်ာ့ဘူး "

" ယြန္းေဟမီေျပာတဲ့ အနစ္နာခံတယ္ဆိုတာ ကြၽန္ေတာ့္ကိုလွည့္စားၿပီး ခ်နင္းပစ္ဖို႔လား။ ကြၽန္ေတာ့္ဘဝတစ္ခုလုံးကို သိမ္ငယ္စိတ္ေတြနဲ႔ပဲ ေနသြားရေအာင္ လုပ္ခဲ့ရတာမ်ိဳးလား။ ေနာက္ေတာ့ ကြၽန္ေတာ့္အေမကိုပါ ေသေစတာမ်ိဳးကို ေျပာတာလား။ ျပဒါးရံ လုပ္ခဲ့တဲ့အရာအားလုံး အခုခ်ိန္ထိ စြဲစြဲၿမဲၿမဲမွတ္မိေနတုန္းပဲ "

လက္မ်ားမွာ အတင္းအၾကပ္ ဆုပ္ေထြးထားျခင္းေၾကာင့္ လက္သည္းမ်ားမွာ အသားထဲစိုက္ဝင္လ်က္ ေသြးမ်ားပင္စို႔လာေလသည္။

" အဲ့ဒီ့ေန႔က သတင္းစာရွင္းလင္းပြဲမွာ သူေျပာခဲ့တာေတြေကာ ၊ KK ကိုေရာက္လာေတာ့ ကြၽန္ေတာ့္ကို ေလွာင္ေျပာင္သေရာ္ခဲ့တာေတြေကာ ရွင္းရွင္းလင္းလင္းကို မွတ္မိေနေသးတယ္ ။ "

" အလိမ္အညာေတြပဲ.... အဲ့တာေတြအားလုံးက အလိမ္အညာေတြ။ မင္းထင္ေနသလိုမ်ိဳး မဟုတ္ဘူး.... ရံေလးက မင္းကိုဘယ္တုန္းကမွ မစြန႔္ပစ္ခဲ့ဖူးဘူး။ သူကမင္းကို ဒီေလာက္ထိခ်စ္တာ အဲ့တာေတြက သူ႔စိတ္ရင္းမွန္ ျဖစ္ႏိုင္ပါ့မလား ဆင့္ရယ္ "

ယြန္းေဟမီခမ်ာ ထိုႏွစ္ေယာက္၏ ရက္စက္လြန္းသည့္ကံၾကမၼာအတြက္ ထိန္းသိမ္းမရေအာင္ ငိုေႂကြးလာခဲ့ပါသည္။ႏွစ္ဖက္လုံးမမွားခဲ့တဲ့ အေျခအေနတစ္ရပ္မွာ အပစ္ပုံခ်ဖို႔ရာ ကံၾကမၼာတစ္ခုတည္းသာ ရွိေနပါေတာ့သည္။ ေလေျပရွင္းမွာလည္း တစ္ခ်ိန္ခ်ိန္မွာ ေပၚလာမည့္ အမွန္တရားအတြက္ ယြန္းေဟမီကို မတားေတာ့ေပ။ သူလည္းဖုံးကြယ္ထားရသည္မွာ ၾကာျမင့္ေနၿပီ ျဖစ္သည့္အတြက္ ျပဒါးရံ၏ ေတာင္းဆိုခ်က္မ်ားႏွင့္ ဆန႔္က်င္စြာ တိမ္ယံဆင့္ သိသင့္သည္ဟု ထင္မိသည္။ တိတ္ဆိတ္ၿငိမ္သက္စြာ ထိုင္ေနရင္း ေက်ာေပးထားသည့္ ဆင့္၏ ေနာက္ေက်ာပုံရိပ္ကိုသာ ေငးၾကည့္ေနခဲ့မိသည္။ အလြန္အမင္း အထီးက်န္ဆန္ေနသည့္ပုံရိပ္မွာ ရွင္း မ်က္ဝန္းထဲမွာေတာ့ ေျပးမလြတ္ႏိုင္ခဲ့ေပ။

နာက္စ္လွမ္းဆုတ္ၿပီး လွည့္ၾကည့္လိုက္င္ သူ႔ကိုျင္ရမွာ အသိသာႀကီးကို ဘာလို႔ေရွ႕ဆက္သြားဖို႔ကိုပဲ႐ြးခ်ယ္ေနရတာလဲ

________________________________

Note/

KO က spoiler ေသးေသးေလးေပးပါမယ္။ Hate Poem  ေလးက ေနာက္ပိုင္းေတြလည္းဆက္ၿပီး ေလာင္ရဦးမွာပါ။ ဓားခန္းေတြလည္း အလ်င္းသင့္သလို ပါလာခ်င္ ပါလာဦးမွာပါ။ မပါခ်င္လည္း မပါေတာ့ဘူးေပါ့ေနာ္😊🤗

Continue Reading

You'll Also Like

146K 15.8K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
174K 12.6K 53
အေးချမ်းရာကို ဖန်တီးပေးသည်မို့ မင်းဟာ ကိုယ့်ရဲ့ အေးမြရိပ်မြုံကလေး...။ ကိုယ့်နှလုံးသားရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်ကာကလေး....။ ေအးခ်မ္းရာကို ဖန္တီးေပးသ...
9K 642 38
Love Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)
289K 22.8K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024