ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 289K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
179 Extra
180 Extra
181 Extra
182 Extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

183 extra

3K 555 2
By Melinoe_Megami

Unicode

“ဝင်ခွင့်လက်မှတ်ရှိလား..?”

မိစ္ဆာစစ်သည်က သူ့အလုပ်သူလုပ်နေတာကြောင့် ရွှယ်ယို့ရှန်းလည်း အပြစ်တင်လို့မရတော့ဘူး။ ပြီးတော့ သူက လက်ရှိမိစ္ဆာဘုရင် ဖြစ်နေတာကြောင့် စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် မိစ္ဆာမျိုးနွယ်ဘက်က ရပ်တည်ပေးဖို့ လိုအပ်တယ်။ သူ့ကိုယ်သူ စိတ်ပြင်ဆင်ပြီးနောက် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ကလူကျီစယ်နေသလို လှည့်ကြည့်လိုက်တယ်။

သူတစ်ပါးရဲ့ကံဆိုးမှုကို ရပ်ကြည့်နေတာ မကောင်းဘူးဆိုပေမယ့် ‘ဝင်ခွင့်လက်မှတ်’ ပါမလာဖို့ သူမျှော်လင့်နေခဲ့တယ်ဆိုတာ ရင်းဆုယဲ့ကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး။ ‘ဝင်ခွင့်လက်မှတ်’ ပါမလာတော့မှ ရင်းဆုယဲ့ ဖြေရှင်းရခက်နေတဲ့ ပုံစံလေးကို သူမြင်ရမှာလေ။ အဲ့အချိန်ရောက်မှ သူက သူရဲကောင်းကြီးလို ရင်းဆုယဲ့ကို ကယ်တင်လိုက်မယ်ဆိုရင်… မိုက်တယ်မလား..?!

“မပါဘူး..”

ရင်းဆုယဲ့က သည်းခံအလိုလိုက်တဲ့ လေသံမျိုးနဲ့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။

ကောင်လေးရဲ့ နှစ်ထောင်းအားရဖြစ်နတဲ့ မျက်ဝန်းတွေက သိသာလွန်းလို့ သူ့မှာ လျစ်လျူမရှုရက်တော့ဘူး။ ကောင်လေးက ကစားချင်နေမှတော့ သူလည်း ပူးပေါင်းပေးရမှာပေါ့။ ဘာပဲပြောပြော သူ့အတွက် လက်ရှိအလုပ်က ကောင်လေးနဲ့ အတူတူနေဖို့၊ ပြီးတော့ ကောင်လေးပျော်ရွှင်အောင် တစ်သက်လုံး အလိုလိုက်ထားဖို့ပဲလေ..!

“ကျွန်တော့်အကူအညီလိုလား..?”

ရှောင်ယဲ့ယဲ့ဆီက သူမျှော်လင့်ထားသလို ‘ဝင်ခွင့်လက်မှတ်’ မရှိ’ ဆိုတဲ့စကားကို ကြားလိုက်ရတော့ ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက ရုတ်ချည်း တောက်ပသွားတယ်။ မျက်နှာအမူအရာက ‘ကျွန်တော့်ကို လာတောင်းဆိုလိုက်စမ်းပါ’ လို့ မျက်နှာပေါ်မှာ ရေးထားသယောင်။

ဒီတစ်ခေါက်တော့ ရှောင်ယဲ့ယဲ့ မတောင်းဆိုသရွေ့ သူ့ဘက်ကလည်း အလွယ်တကူ ကူညီပေးမှာမဟုတ်ဘူး..!

အမ်း.. သူက တကယ့်ကို စိတ်မာတာပဲ..!

“ရှောင်ယို့က ကိုယ့်ကို ဘယ်လိုကူညီပေးမှာလဲ..?”

ရင်းဆုယဲ့က ကောင်လေးရဲ့ ‘ချော်လဲသူကို ခဲနဲ့ထု’တဲ့ အပြုအမူလေးကို မသိချင်ယောင်ဆောင်ပြီး ခပ်ပြုံးပြုံးလေး မေးလိုက်တယ်။

“ကျွန်တော့်ရဲ့ပုံစံအမှန်ကို ကြေညာလိုက်မှာပေါ့.. ပြီးရင် ခင်ဗျားက ကျွန်တော့်ရဲ့ဧည့်သည်ပါဆိုပြီး မိတ်ဆက်ပေးလိုက်မယ်လေ..”

ရွှယ်ယို့ရှန်းက သူ့ရဲ့နည်းလမ်းကို ထုတ်ပြောလိုက်တယ်။

အခုဆို မိစ္ဆာနယ်မြေတစ်ခုလုံးက သူ့အပိုင်လေ။ သူ့ပိုင်နက်ထဲ လူတစ်ယောက်ခေါ်သွင်းတာများ ကိတ်မုန့်စားသလောက်ရှိတာ။ ဒုတိယမျိုးဆက် မိစ္ဆာဘုရင်ဖြစ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ‘ကိုယ်ရွေးချယ်ထားတဲ့အလုပ်ကို ကိုယ်တိုင်ချစ်မြတ်နိုးရမယ်’ ဆိုတဲ့စည်းမျဉ်းကို လိုက်နာရမှာပေါ့။ ဆိုလိုချင်တာကတော့ သူ့ရဲ့ ‘မိစ္ဆာဘုရင်’ဆိုတဲ့ရာထူးကို အသုံးချဖို့ မမေ့လျော့သင့်ဘူး။

Yup.. သူက အဲ့လိုမျိုး professional ဆန်တာ..!

ထိုသို့ပြန်ဖြေပြီးနောက် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို ‘ဒါလေးတောင် မသိဘူးလား..? တုံးလိုက်တာ..’ ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

“ကိုယ်သိပေမယ့် သူတို့တွေယုံအောင် ဘယ်လိုပြောပြမှာလဲ..?”

ရင်းဆုယဲ့က မျက်ခုံးအသာပင့်ကာ ထိုနည်းလမ်းရဲ့ ဟာကွက်ကို ထောက်ပြလာတယ်။

ကောင်လေးကို လိုက်လျောပေးပြီး စိတ်ကျေနပ်အောင် လုပ်ပေးချင်ပေမယ့်လည်း နည်းလမ်းက အလုပ်ဖြစ်မှာမဟုတ်ဘူး။ ကောင်လေးက ဟွမ်ထျန်နဲ့ အတော်လေးတူပါတယ်။ ဒါပေမဲ့ ဟွမ်ထျန်က မိစ္ဆာနယ်မြေထဲမှာ သိပ်ပြီးလူလုံးမပြတတ်ဘူးလေ။ အဲ့တာကြောင့် သူနဲ့တိုက်ရိုက်ဆက်သွယ်ရတဲ့ မိစ္ဆာတချို့ကလွဲရင် ကျန်တဲ့မိစ္ဆာတွေက သူတို့ဘုရင် ဘယ်လောက်စွမ်းအားကြီးကြောင်း၊ တော်ကြောင်း၊ ထက်မြက်ကြောင်း၊ ချောမောခန့်ညားကြောင်း ကြားရုံကြားဖူးကြပြီး ဘယ်လိုပုံပန်းသွင်ပြင်ဆိုတာ လုံးဝမမြင်ဖူးကြဘူး။

တခြားအရာတွေထက် ဟွမ်ထျန်က မိစ္ဆာနယ်မြေမှာဆိုရင် သူ့ရဲ့အရွယ်ရောက်ပြီးသား ပုံစံကိုပဲ အသုံးပြုတတ်တာ။ အဲ့တာကြောင့် ကလေးပုံစံကို မြင်ဖူးတဲ့လူ အတော်ရှားလိမ့်မယ်။ ကောင်လေး ၈ နှစ်လောက် ပျောက်သွားတုန်းက သူ့မှာ ဟွမ်ထျန်ထက်တောင် မိစ္ဆာနယ်မြေထဲ လျှောက်သွားခဲ့ရသေးတယ်။ ဒီမိစ္ဆာဂိတ်စောင့်က မိစ္ဆာနယ်မြေထဲ ဝင်လိုက်ထွက်လိုက်လုပ်ခဲ့ဖူးတဲ့ သူ့ကိုတောင် မသိဘူးဆိုတော့ လူသစ်ဖြစ်ရမယ်။ အဲ့တာကြောင့် ကောင်လေးကို မိစ္ဆာဘုရင်အသစ်ဆိုတာ သိလောက်မှာမဟုတ်ဘူး။ ပြီးတော့ ကောင်လေးရဲ့မိစ္ဆာဘုရင်ရာထူးကို အသိအမှတ်ပြုနိုင်မယ့်လူတွေက မိစ္ဆာနယ်မြေရဲ့ ရာထူးကြီးပုဂ္ဂိုလ်တွေပဲ။ အဲ့လိုလူတွေကလည်း မြို့တော်တံခါးဝကို ရောက်လာမှာတော့ မဟုတ်ဘူးဆိုတော့ လက်ရှိဒီနေရာမှာ ကောင်လေးက ဒုတိယမျိုးဆက်ဘုရင်ဆိုတာ သိတဲ့လူမရှိလောက်ဘူး။ အဲ့တော့ ဘာအခွင့်အာဏာမှ ပြလို့ရမှာမဟုတ်ဘူး။

“ကျွန်တော့်ရဲ့ ရွှေရောင်မျက်လုံးတွေက အကောင်းဆုံးသက်သေမဟုတ်ဘူးလား..”

ရွှယ်ယို့ရှန်းက innocent ရုပ်လေးနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလိုက်တယ်။

ရွှေရောင်မျက်ဝန်းဆိုတာ ဘုရင်တစ်ပါးရဲ့ သင်္ကေတပဲ။ သက်သေပြနိုင်သရွေ့ အဆင်ပြေပြီမဟုတ်ဘူးလား..?

“အခုမှပြန်ရောက်တာဆိုတော့ ခန္ဓာကိုယ်ကို စိတ်တိုင်းကျ သုံးလို့ရဦးမှာမဟုတ်ဘူး..”

ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေက ထိန်းချုပ်လို့မရအောင် မည်းမှောင်သွားတယ်။ ကောင်လေး သူ့ကိုထားရစ်ပြီး ထွက်သွားတဲ့မြင်ကွင်းကို ခုထိမမေ့သေးမှန်း သိသာနေတော့တယ်။ အဲ့အချိန်တုန်းက ကောင်လေးရဲ့ သဘောဆန္ဒအရ ထွက်သွားခြင်းမဟုတ်မှန်း သူသိနေပေမယ့် အခုထိ စိတ်မချနိုင်သေးဘူး။ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်ခံစားမှုကို နောက်တစ်ကြိမ် ထပ်မခံစားချင်တော့ဘူး။ အဲတာကြောင့် သူ စကားပြောတဲ့အချိန် ‘ထွက်သွားတယ်’ ဆိုတဲ့စကားလုံးကို ထည့်မပြောခဲ့ပေမယ့် သူ့ရဲ့အမူအရာက သိသိသာသာကို ပျက်ယွင်းသွားတယ်။

“…………”

ရင်းဆုယဲ့ သွယ်ဝိုက်ပြောလိုက်ပေမယ့် ရွှယ်ယို့ရှန်းလည်း ထိုစကားလုံးတွေရဲ့ ဆိုလိုရင်းအမှန်ကို နားလည်နေခဲ့တယ်။

ဆိုလိုတာက ခန္ဓာကိုယ်အသစ်ထဲ သိပ်မကြာခင်ကမှ ကူးပြောင်းလာတာဆိုတော့ ခန္ဓာကိုယ်နဲ့ 100% အသားမကျသေးဘူး။ ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ မထိန်းချုပ်နိုင်သေးကြောင့် တစ်ခုခုမှားယွင်းသွားနိုင်တယ်။ တစ်နည်းပြောရရင် အခုချိန်မှာ ရွှေရောင်မျက်လုံးဖြစ်အောင် စိတ်တိုင်းကျ မပြောင်းလဲနိုင်သေးဘူး..! အရေးကြီးတဲ့အချိန်ရောက်မှ တလွဲတွေဖြစ်နေရလား..! ဖြစ်နိုင်ခြေတွေကို တွေးတောရင်း ရွှယ်ယို့ရှန်းမှာ ဆက်တွေးရမှာတောင် ကြောက်လာခဲ့တယ်။

“အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ..?”

ရွှေရောင်မျက်လုံးတွေကို မဖော်ပြနိုင်မှတော့ ရွှယ်ယို့ရှန်းလည်း မိစ္ဆာဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ခေါင်းမာမနေတော့ဘူး။ မဟုတ်ရင် မျက်နှာပျက်ရမယ့်အပြင် သူ့ကို လူလိမ်လို့တောင် ထင်သွားနိုင်တယ်။ ထို့ကြောင့် အလျင်စလို မလုပ်ရဲခဲ့ဘူး။

“ရှောင်ယို့ သက်သေပြလို့မရပေမယ့် ကိုယ်သက်သေပြလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်မှမဟုတ်တာ..”

ဘုရင်တစ်ပါးဆိုတဲ့ အဆင့်အတန်းက နေရာစုံသွားလာနိုင်တဲ့ အထူးဝင်ခွင့်ကတ်ပဲ။ အဲ့တာကြောင့် ရင်းဆုယဲ့က ‘ဝင်ခွင့်လက်မှတ်’ ဆိုတာကို စိတ်ထဲမထားခဲ့တာပေါ့။ သူ့ရဲ့အဆင့်အတန်းက ဘယ်နေရာသွားသွား အထူးဧည့်သည်တော်မှန်း သိသာတယ်လေ။

“………….”

ရင်းဆုယဲ့ပြောတာမှန်ကြောင်း ရွှယ်ယို့ရှန်း နားလည်လိုက်တယ်။ သူ့မှာ ပြောစရာစကားမရှိတော့ဘူး။

ဒါပေမဲ့ သူစဉ်းစားထားတဲ့နည်းလမ်းကို တခြားတစ်ယောက်က အသုံးပြုသွားပြီ။ သူ့ရဲ့ခံစားချက်ကို ဘယ်သူနားလည်နိုင်ပါ့မလဲ..?

*သက်ပြင်းချ*

သူ့မှာတော့ အလှလေးရင်းဆုယဲ့ကို ကယ်တင်မယ့် သူရဲကောင်းကြီးအဖြစ် စိတ်ကူးယဉ်ထားလိုက်ရတာ။ ရုတ်တရက်ကြီး သူ့ရဲ့စိတ်ကူးယဉ်အိပ်မက်လေးက လက်လှမ်းမမီအောင် ဝေးကွာသွားသလိုပဲ..! ဒီတစ်ခေါက်တော့ ရှေ့ထွက်နိုင်ပြီလို့ ထင်ထားခဲ့တာ၊ စိတ်ကူးယဉ်အိပ်မက်လေး အကောင်အထည်ဖော်ဖို့ကို ဘာလို့ဒီလောက် ခက်ခဲနေရတာလဲလို့..?

……………………………………………………..

Zawgyi

“ဝင္ခြင့္လက္မွတ္ရွိလား..?”

မိစာၦစစ္သည္က သူ႔အလုပ္သူလုပ္ေနတာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း အျပစ္တင္လို႔မရေတာ့ဘူး။ ၿပီးေတာ့ သူက လက္ရွိမိစာၦဘုရင္ ျဖစ္ေနတာေၾကာင့္ စည္းမ်ဥ္းစည္းကမ္းေတြကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ မိစာၦမ်ိဳးႏြယ္ဘက္က ရပ္တည္ေပးဖို႔ လိုအပ္တယ္။ သူ႔ကိုယ္သူ စိတ္ျပင္ဆင္ၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို ကလူက်ီစယ္ေနသလို လွည့္ၾကည့္လိုက္တယ္။

သူတစ္ပါးရဲ႕ကံဆိုးမႈကို ရပ္ၾကည့္ေနတာ မေကာင္းဘူးဆိုေပမယ့္ ‘ဝင္ခြင့္လက္မွတ္’ ပါမလာဖို႔ သူေမွ်ာ္လင့္ေနခဲ့တယ္ဆိုတာ ရင္းဆုယဲ့ကို ဘယ္ေတာ့မွ ေျပာျပမွာမဟုတ္ဘူး။ ‘ဝင္ခြင့္လက္မွတ္’ ပါမလာေတာ့မွ ရင္းဆုယဲ့ ေျဖရွင္းရခက္ေနတဲ့ ပုံစံေလးကို သူျမင္ရမွာေလ။ အဲ့အခ်ိန္ေရာက္မွ သူက သူရဲေကာင္းႀကီးလို ရင္းဆုယဲ့ကို ကယ္တင္လိုက္မယ္ဆိုရင္… မိုက္တယ္မလား..?!

“မပါဘူး..”

ရင္းဆုယဲ့က သည္းခံအလိုလိုက္တဲ့ ေလသံမ်ိဳးနဲ႔ ေပါ့ေပါ့ပါးပါး ျပန္ေျဖလိုက္တယ္။

ေကာင္ေလးရဲ႕ ႏွစ္ေထာင္းအားရျဖစ္နတဲ့ မ်က္ဝန္းေတြက သိသာလြန္းလို႔ သူ႔မွာ လ်စ္လ်ဴမရႈရက္ေတာ့ဘူး။ ေကာင္ေလးက ကစားခ်င္ေနမွေတာ့ သူလည္း ပူးေပါင္းေပးရမွာေပါ့။ ဘာပဲေျပာေျပာ သူ႔အတြက္ လက္ရွိအလုပ္က ေကာင္ေလးနဲ႔ အတူတူေနဖို႔၊ ၿပီးေတာ့ ေကာင္ေလးေပ်ာ္႐ႊင္ေအာင္ တစ္သက္လုံး အလိုလိုက္ထားဖို႔ပဲေလ..!

“ကြၽန္ေတာ့္အကူအညီလိုလား..?”

ေရွာင္ယဲ့ယဲ့ဆီက သူေမွ်ာ္လင့္ထားသလို ‘ဝင္ခြင့္လက္မွတ္’ မရွိ’ ဆိုတဲ့စကားကို ၾကားလိုက္ရေတာ့ ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ဝန္းေတြက ႐ုတ္ခ်ည္း ေတာက္ပသြားတယ္။ မ်က္ႏွာအမူအရာက ‘ကြၽန္ေတာ့္ကို လာေတာင္းဆိုလိုက္စမ္းပါ’ လို႔ မ်က္ႏွာေပၚမွာ ေရးထားသေယာင္။

ဒီတစ္ေခါက္ေတာ့ ေရွာင္ယဲ့ယဲ့ မေတာင္းဆိုသေ႐ြ႕ သူ႔ဘက္ကလည္း အလြယ္တကူ ကူညီေပးမွာမဟုတ္ဘူး..!

အမ္း.. သူက တကယ့္ကို စိတ္မာတာပဲ..!

“ေရွာင္ယို႔က ကိုယ့္ကို ဘယ္လိုကူညီေပးမွာလဲ..?”

ရင္းဆုယဲ့က ေကာင္ေလးရဲ႕ ‘ေခ်ာ္လဲသူကို ခဲနဲ႔ထု’တဲ့ အျပဳအမူေလးကို မသိခ်င္ေယာင္ေဆာင္ၿပီး ခပ္ၿပဳံးၿပဳံးေလး ေမးလိုက္တယ္။

“ကြၽန္ေတာ့္ရဲ႕ပုံစံအမွန္ကို ေၾကညာလိုက္မွာေပါ့.. ၿပီးရင္ ခင္ဗ်ားက ကြၽန္ေတာ့္ရဲ႕ဧည့္သည္ပါဆိုၿပီး မိတ္ဆက္ေပးလိုက္မယ္ေလ..”

႐ႊယ္ယို႔ရွန္းက သူ႔ရဲ႕နည္းလမ္းကို ထုတ္ေျပာလိုက္တယ္။

အခုဆို မိစာၦနယ္ေျမတစ္ခုလုံးက သူ႔အပိုင္ေလ။ သူ႔ပိုင္နက္ထဲ လူတစ္ေယာက္ေခၚသြင္းတာမ်ား ကိတ္မုန႔္စားသေလာက္ရွိတာ။ ဒုတိယမ်ိဳးဆက္ မိစာၦဘုရင္ျဖစ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီဆိုေတာ့ ‘ကိုယ္ေ႐ြးခ်ယ္ထားတဲ့အလုပ္ကို ကိုယ္တိုင္ခ်စ္ျမတ္ႏိုးရမယ္’ ဆိုတဲ့စည္းမ်ဥ္းကို လိုက္နာရမွာေပါ့။ ဆိုလိုခ်င္တာကေတာ့ သူ႔ရဲ႕ ‘မိစာၦဘုရင္’ဆိုတဲ့ရာထူးကို အသုံးခ်ဖို႔ မေမ့ေလ်ာ့သင့္ဘူး။

Yup.. သူက အဲ့လိုမ်ိဳး professional ဆန္တာ..!

ထိုသို႔ျပန္ေျဖၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို ‘ဒါေလးေတာင္ မသိဘူးလား..? တုံးလိုက္တာ..’ ဆိုတဲ့အၾကည့္နဲ႔ ၾကည့္လိုက္တယ္။

“ကိုယ္သိေပမယ့္ သူတို႔ေတြယုံေအာင္ ဘယ္လိုေျပာျပမွာလဲ..?”

ရင္းဆုယဲ့က မ်က္ခုံးအသာပင့္ကာ ထိုနည္းလမ္းရဲ႕ ဟာကြက္ကို ေထာက္ျပလာတယ္။

ေကာင္ေလးကို လိုက္ေလ်ာေပးၿပီး စိတ္ေက်နပ္ေအာင္ လုပ္ေပးခ်င္ေပမယ့္လည္း နည္းလမ္းက အလုပ္ျဖစ္မွာမဟုတ္ဘူး။ ေကာင္ေလးက ဟြမ္ထ်န္နဲ႔ အေတာ္ေလးတူပါတယ္။ ဒါေပမဲ့ ဟြမ္ထ်န္က မိစာၦနယ္ေျမထဲမွာ သိပ္ၿပီးလူလုံးမျပတတ္ဘူးေလ။ အဲ့တာေၾကာင့္ သူနဲ႔တိုက္႐ိုက္ဆက္သြယ္ရတဲ့ မိစာၦတခ်ိဳ႕ကလြဲရင္ က်န္တဲ့မိစာၦေတြက သူတို႔ဘုရင္ ဘယ္ေလာက္စြမ္းအားႀကီးေၾကာင္း၊ ေတာ္ေၾကာင္း၊ ထက္ျမက္ေၾကာင္း၊ ေခ်ာေမာခန႔္ညားေၾကာင္း ၾကား႐ုံၾကားဖူးၾကၿပီး ဘယ္လိုပုံပန္းသြင္ျပင္ဆိုတာ လုံးဝမျမင္ဖူးၾကဘူး။

တျခားအရာေတြထက္ ဟြမ္ထ်န္က မိစာၦနယ္ေျမမွာဆိုရင္ သူ႔ရဲ႕အ႐ြယ္ေရာက္ၿပီးသား ပုံစံကိုပဲ အသုံးျပဳတတ္တာ။ အဲ့တာေၾကာင့္ ကေလးပုံစံကို ျမင္ဖူးတဲ့လူ အေတာ္ရွားလိမ့္မယ္။ ေကာင္ေလး ၈ ႏွစ္ေလာက္ ေပ်ာက္သြားတုန္းက သူ႔မွာ ဟြမ္ထ်န္ထက္ေတာင္ မိစာၦနယ္ေျမထဲ ေလွ်ာက္သြားခဲ့ရေသးတယ္။ ဒီမိစာၦဂိတ္ေစာင့္က မိစာၦနယ္ေျမထဲ ဝင္လိုက္ထြက္လိုက္လုပ္ခဲ့ဖူးတဲ့ သူ႔ကိုေတာင္ မသိဘူးဆိုေတာ့ လူသစ္ျဖစ္ရမယ္။ အဲ့တာေၾကာင့္ ေကာင္ေလးကို မိစာၦဘုရင္အသစ္ဆိုတာ သိေလာက္မွာမဟုတ္ဘူး။ ၿပီးေတာ့ ေကာင္ေလးရဲ႕မိစာၦဘုရင္ရာထူးကို အသိအမွတ္ျပဳႏိုင္မယ့္လူေတြက မိစာၦနယ္ေျမရဲ႕ ရာထူးႀကီးပုဂၢိဳလ္ေတြပဲ။ အဲ့လိုလူေတြကလည္း ၿမိဳ႕ေတာ္တံခါးဝကို ေရာက္လာမွာေတာ့ မဟုတ္ဘူးဆိုေတာ့ လက္ရွိဒီေနရာမွာ ေကာင္ေလးက ဒုတိယမ်ိဳးဆက္ဘုရင္ဆိုတာ သိတဲ့လူမရွိေလာက္ဘူး။ အဲ့ေတာ့ ဘာအခြင့္အာဏာမွ ျပလို႔ရမွာမဟုတ္ဘူး။

“ကြၽန္ေတာ့္ရဲ႕ ေ႐ႊေရာင္မ်က္လုံးေတြက အေကာင္းဆုံးသက္ေသမဟုတ္ဘူးလား..”

႐ႊယ္ယို႔ရွန္းက innocent ႐ုပ္ေလးနဲ႔ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး ေျပာလိုက္တယ္။

ေ႐ႊေရာင္မ်က္ဝန္းဆိုတာ ဘုရင္တစ္ပါးရဲ႕ သေကၤတပဲ။ သက္ေသျပႏိုင္သေ႐ြ႕ အဆင္ေျပၿပီမဟုတ္ဘူးလား..?

“အခုမွျပန္ေရာက္တာဆိုေတာ့ ခႏၶာကိုယ္ကို စိတ္တိုင္းက် သုံးလို႔ရဦးမွာမဟုတ္ဘူး..”

ရင္းဆုယဲ့ရဲ႕ မ်က္ဝန္းေတြက ထိန္းခ်ဳပ္လို႔မရေအာင္ မည္းေမွာင္သြားတယ္။ ေကာင္ေလး သူ႔ကိုထားရစ္ၿပီး ထြက္သြားတဲ့ျမင္ကြင္းကို ခုထိမေမ့ေသးမွန္း သိသာေနေတာ့တယ္။ အဲ့အခ်ိန္တုန္းက ေကာင္ေလးရဲ႕ သေဘာဆႏၵအရ ထြက္သြားျခင္းမဟုတ္မွန္း သူသိေနေပမယ့္ အခုထိ စိတ္မခ်ႏိုင္ေသးဘူး။ ခ်စ္ရသူကို ဆုံးရႈံးလိုက္ရတဲ့ နာက်င္ခံစားမႈကို ေနာက္တစ္ႀကိမ္ ထပ္မခံစားခ်င္ေတာ့ဘူး။ အဲတာေၾကာင့္ သူ စကားေျပာတဲ့အခ်ိန္ ‘ထြက္သြားတယ္’ ဆိုတဲ့စကားလုံးကို ထည့္မေျပာခဲ့ေပမယ့္ သူ႔ရဲ႕အမူအရာက သိသိသာသာကို ပ်က္ယြင္းသြားတယ္။

“…………”

ရင္းဆုယဲ့ သြယ္ဝိုက္ေျပာလိုက္ေပမယ့္ ႐ႊယ္ယို႔ရွန္းလည္း ထိုစကားလုံးေတြရဲ႕ ဆိုလိုရင္းအမွန္ကို နားလည္ေနခဲ့တယ္။

ဆိုလိုတာက ခႏၶာကိုယ္အသစ္ထဲ သိပ္မၾကာခင္ကမွ ကူးေျပာင္းလာတာဆိုေတာ့ ခႏၶာကိုယ္နဲ႔ 100% အသားမက်ေသးဘူး။ ခႏၶာကိုယ္ကို ျပည့္ျပည့္ဝဝ မထိန္းခ်ဳပ္ႏိုင္ေသးေၾကာင့္ တစ္ခုခုမွားယြင္းသြားႏိုင္တယ္။ တစ္နည္းေျပာရရင္ အခုခ်ိန္မွာ ေ႐ႊေရာင္မ်က္လုံးျဖစ္ေအာင္ စိတ္တိုင္းက် မေျပာင္းလဲႏိုင္ေသးဘူး..! အေရးႀကီးတဲ့အခ်ိန္ေရာက္မွ တလြဲေတြျဖစ္ေနရလား..! ျဖစ္ႏိုင္ေျခေတြကို ေတြးေတာရင္း ႐ႊယ္ယို႔ရွန္းမွာ ဆက္ေတြးရမွာေတာင္ ေၾကာက္လာခဲ့တယ္။

“အဲ့တာဆို ဘယ္လိုလုပ္ၾကမလဲ..?”

ေ႐ႊေရာင္မ်က္လုံးေတြကို မေဖာ္ျပႏိုင္မွေတာ့ ႐ႊယ္ယို႔ရွန္းလည္း မိစာၦဘုရင္ျဖစ္ေၾကာင္း သက္ေသျပဖို႔ ေခါင္းမာမေနေတာ့ဘူး။ မဟုတ္ရင္ မ်က္ႏွာပ်က္ရမယ့္အျပင္ သူ႔ကို လူလိမ္လို႔ေတာင္ ထင္သြားႏိုင္တယ္။ ထို႔ေၾကာင့္ အလ်င္စလို မလုပ္ရဲခဲ့ဘူး။

“ေရွာင္ယို႔ သက္ေသျပလို႔မရေပမယ့္ ကိုယ္သက္ေသျပလို႔မရဘူးဆိုတဲ့ အဓိပၸါယ္မွမဟုတ္တာ..”

ဘုရင္တစ္ပါးဆိုတဲ့ အဆင့္အတန္းက ေနရာစုံသြားလာႏိုင္တဲ့ အထူးဝင္ခြင့္ကတ္ပဲ။ အဲ့တာေၾကာင့္ ရင္းဆုယဲ့က ‘ဝင္ခြင့္လက္မွတ္’ ဆိုတာကို စိတ္ထဲမထားခဲ့တာေပါ့။ သူ႔ရဲ႕အဆင့္အတန္းက ဘယ္ေနရာသြားသြား အထူးဧည့္သည္ေတာ္မွန္း သိသာတယ္ေလ။

“………….”

ရင္းဆုယဲ့ေျပာတာမွန္ေၾကာင္း ႐ႊယ္ယို႔ရွန္း နားလည္လိုက္တယ္။ သူ႔မွာ ေျပာစရာစကားမရွိေတာ့ဘူး။

ဒါေပမဲ့ သူစဥ္းစားထားတဲ့နည္းလမ္းကို တျခားတစ္ေယာက္က အသုံးျပဳသြားၿပီ။ သူ႔ရဲ႕ခံစားခ်က္ကို ဘယ္သူနားလည္ႏိုင္ပါ့မလဲ..?

*သက္ျပင္းခ်*

သူ႔မွာေတာ့ အလွေလးရင္းဆုယဲ့ကို ကယ္တင္မယ့္ သူရဲေကာင္းႀကီးအျဖစ္ စိတ္ကူးယဥ္ထားလိုက္ရတာ။ ႐ုတ္တရက္ႀကီး သူ႔ရဲ႕စိတ္ကူးယဥ္အိပ္မက္ေလးက လက္လွမ္းမမီေအာင္ ေဝးကြာသြားသလိုပဲ..! ဒီတစ္ေခါက္ေတာ့ ေရွ႕ထြက္ႏိုင္ၿပီလို႔ ထင္ထားခဲ့တာ၊ စိတ္ကူးယဥ္အိပ္မက္ေလး အေကာင္အထည္ေဖာ္ဖို႔ကို ဘာလို႔ဒီေလာက္ ခက္ခဲေနရတာလဲလို႔..?

……………………………………………………..

Continue Reading

You'll Also Like

707K 31.4K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1M 120K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
194K 4.7K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗