𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

Da SuuNanChal

694K 33.6K 2.6K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... Altro

အမှာစာ / အမွာစာ
1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
46
47
48
ဖတ်ပေးကြပါ
49
50
51
real51

5

14.6K 1K 22
Da SuuNanChal

Unicode





မြူဒေါင်းတို့ ညနေစောင်းတဲ့အထိ ပန်းရောင်းခဲ့ကြပြီ ပန်းအကုန်ရောင်းပြီးမှပဲ အိမ်ကိုပြန်လာခဲ့သည် ။ လက်ထဲက ငွေတစ်သောင်းကျော်လေးကို လွယ်အိတ်လေးထဲ သေချာထည့်ပြီး အိမ်ပြန်လာတဲ့ မြူဒေါင်းမှာ အပြုံးလေးတွေကို ပျော်ရွှင်မှုအတိုင်းသား မြင်ရစေသည် ။

သူ့အိမ်ရောက်တော့ အိမ်ရှေ့မှာ ခပ်ထွားထွားလူကြီးနှစ်ယောက်က ရပ်စောင့်နေတာကိုတွေ့လိုက်သည် ။ ကြောင်ကြောင်နနနဲ့ပဲ အိမ်ထဲဝင်လာခဲ့တော့ လူတစ်ယောက်ရှေ့မှာ ဖေဖေရော မေမေရောက ဒူးထောက်ထိုင်နေကြပြီး မေမေက ငိုယိုက အဖေ့ကိုထုနှက်နေသည် ။ ဖေဖေကတော့ စိတ်ရှုပ်သလိုတဲ့ပုံစံနဲ့ ခေါင်းငုံ့နေ၏ ။

"မေမေ.......''

"သား.....အမလေး သားရယ် မင်းအဖေလုပ်တာတွေ ကောင်းသေးရဲ့လား သားရဲ့!''

မေမေက သူ့အသံကြားတော့ ငိုယိုကာ ပြောလာတော့သည် ။ ဘာကိုဆိုလိုမှန်းတော့ သူမသိပေ ။ မြူဒေါင်းအမေ့နားပြေးသွားလိုက်ပြီး သေချာမေးရတော့၏ ။

"မေမေ ဘာဖြစ်လို့လဲဟင် ဒီလူတွေကရော ဘယ်သူတွေလဲ''

"မင်းအဖေပေါ့သားရယ် ဒီအကို့စီက ပိုက်ဆံသိန်းနှစ်ဆယ်ချေးပြီး ဖဲရိုက်ပစ်လိုက်တယ်တဲ့ အခုသူတို့က ပြန်မပေးရင် အမေတို့ကို သတ်ပစ်မှာတဲ့ သားရယ် ''

မေမေစကားကို သူ့မှာကြာပြီး ခေါင်းတစ်ခုလုံး ဗလာကျင်းသွားရ၏ ။ ရှေ့ကလူရဲ့ ပုံစံကလည်း တကယ်ကြီးလုပ်မဲ့ရုပ်တွေပေ ။ ဖေဖေနဲ့ပတ်သတ်ကတည်းက သူတို့သည် လူကောင်းတွေမဖြစ်နိုင် ။ လောင်းကစားသမားတွေပဲ ဖြစ်ဖို့များကြသည် ။ မြူဒေါင်းငိုပင်ငိုချင်လာမိ၏ ။

"ဖေဖေ.....ဖေဖေဘာလို့ အဲ့တာတွေဆက်လုပ်နေရတာလဲ ဖေဖေရယ် အဲ့လောင်းကစားတွေကြောင့်ပဲ သားတို့ဒီအခြေနေထိရောက်ခဲ့ကြရတာလေ အခုဒီလောက်ငွေတွေကို ဘယ်မှာသွားရှာရမှာလဲဖေဖေရာ ''

သူမငိုမိအောင် အံတင်းတင်းကြိတ်ပြီး ပြောနေရသည် ။ သူ့ဘဝက အခုတော့ ပြန်ဆပ်စရာမရှိလို့အသတ်ပင်ခံရနိုင်သည်လေ ။

"ငဒေါင်း!''

"ခင်.....ခင်ဗျာ အကိုကြီး''

"ငါနဲ့ဟိုနားခဏလိုက်ခဲ့ ပြောစရာရှိတယ်! "

ထိုလူကြီးက အဖေ့ကိုခေါ်ပြီး တိုးတိုးလေး ပြောနေသည် ။ အဖေ့မျက်နှာတွင်လည်း အရောင်အမျိုးမျိုး ပုံစံအမျိုးမျိုးပြောင်းနေခဲ့၏ ။ နောက်ဆုံး အဖေက မျက်နှာမကောင်းစွာနဲ့ပဲ သူတို့စီလျှောက်လာပြီး

"သား.....မြူဒေါင်း''

"ဗျာ....ဖေဖေ''

"သူတို့က အကြွေးတွေမဆပ်နိုင်ရင် ဖေဖေတို့ကို တကယ်သတ်မှာ သူတို့က လူဆိုးဂိုဏ်းကလူတွေပဲသား''

"ဒါကိုသိသိရက်နဲ့ ဖေဖေဘာလို့အဲ့လိုတွေလုပ်ခဲ့တာလဲ ဖေဖေ''

အနားကပ်ကာ ခပ်တိုးတိုးပြောလာသော အဖေ့၏စကားကို သူပြန်တုန့်ပြန်လိုက်သည် ။ ဖေဖေလည်း ကိုယ့်အပြစ်ကိုသိသည်ထင်၏ ခဏတိတ်ဆိတ်သွားပြီး

"သူတို့အကြွေးတွေကို သားက သူ့ရဲ့ဆိုင်မှာ အလုပ်လုပ်ပြီးဆပ်ရမယ်တဲ့သား အဖေတောင်းပန်ပါတယ်သားရယ် အဖေ့ကိုဒီတစ်ခါလောက်ပဲ ကူညီပေးပါနော် နော် သားနော်''

လေသံအေးအေးနဲ့ ခယပြီးပြောလာသည့် ဖေဖေကို မြူဒေါင်းမကြည့်ရက်ပြန်ပေ ။ မေမေကတော့ ငိုနေတာမရပ်သေး ။ မြူဒေါင်းဘာကို ရွေးချယ်ရမယ် မသိချင်တော့ပါ ။

"ဘာအလုပ်လုပ်ရမှာလဲ ဖေဖေ ၊ မဟုတ်တာတွေတော့ သားမလုပ်ပါရစေနဲ့ ''

"သူ့ဆိုင်မှာ စားပွဲထိုးလုပ်ပေးရမှာပါ သားရယ် ၊ အဖေက သားကို မဟုတ်တာလုပ်ခိုင်းပါ့မလားကွယ်''

"ဟုတ်ပါပြီ ဖေဖေရယ် ရွေးစရာလမ်းမှ မရှိတာ လုပ်ရတော့မှာပေါ့''

ထိုအခါ ဦးဒေါင်း၏မျက်နှာက ဝင်းသွားတော့သည် ။ သူက ခုနလူဘက်ပြန်သွားပြီး ပြောလိုက်တော့၏ ။ ထိုနောက် ဟိုလူက မြူဒေါင်းအနားကို ရောက်လာပြီး မြူဒေါင်းကို သေချာကြည့်လိုက်၏ ။

"မနက်ဖြန် ညနေ ၆နာရီ ဒီလိပ်စာအတိုင်းလာခဲ့!''

လက်တစ်ဖက်ကို မြူဒေါင်းရှေ့ ဆန့်တင်ရင်း လက်ထဲက ကဒ်ကိုယူစေသည် ။ မြူဒေါင်းခေါင်းလေးညိမ့်ပြီး ယူလိုက်တော့သည် ။

"ငဒေါင်း! မင်းကတိတည်ပါစေနော်''

"ဟုတ် ဟုတ်ကဲ့ပါ အကိုထင်း''

"အေး ငါသွားပြီ''

ဦးထင်းဆိုသောလူက သူတပည့်တွေအားခေါ်ပြီး ထွက်သွားတော့သည် ။ မေမေက မြူဒေါင်းကိုဖက်၍​ ငိုနေတုန်းပေ ။ ဖေဖေကိုလည်း ကျိန်ဆဲနေခဲ့သေးသည် ။ အရာရာဖြစ်သမျှ ကြည့်ကဖို့သာ ရှိတော့၏ ။

နောက်တစ်နေ့မနက်ရောက်တော့ မြူဒေါင်းခါတိုင်းလိုပဲ ပန်းရောင်းထွက်ခဲ့သည် ။ ပန်းတွေနဲ့ အမြဲပျော်နေတတ်တဲ့ကောင်လေးက အခုတော့ အရင်ကနဲ့မတူပဲ မှိုင်ဝေနေခဲ့သည် ။

"ဟဲ့ မြူဒေါင်း.......''

"ဗျာ...... ဒေါ်လေး''

"နင့်မလဲဟယ် ဒီတစ်နေ့လုံးဘာဖြစ်နေတာတုန်း တမှိုင်မှိုင်နဲ့''

"ဘာမှ မဖြစ်ပါဘူး ဒေါ်လေးရယ်''

မဖြစ်တဲ့ ရုပ်ကလဲဟယ် လင်းဒမှိုင် မှိုင်နေတယ်ဟဲ့''

"စိတ်ညစ်လို့ပါ ဒေါ်လေးရာ''

"ဘာလဲ နင့်အဖေ မူးပြီးပြဿနာရှာ ပြန်ပြီလား''

"ဒီတစ်ခါ ရှာလိုက်တဲ့ပြဿနာက အကြီးကြီးပဲ ဒေါ်လေးရယ်''

"အေးဟယ် ဒီအသက်အရွယ်ထိတောင် ရောက်နေပြီ အခုထိအသိတရားကမရသေးဘူး''

"ဟင်းး......''

မြူဒေါင်း သက်ပြင်းရှည်ရှိုက်ဖို့သာ တတ်နိုင်တော့သည် ။ လက်ထဲက ပန်းတွေကို စိုက်ကြည့်နေလိုက်၏ ။

ဘာလိုလိုနဲ့ ညနေစောင်းနေပြီဖြစ်လို့ မြူဒေါင်း လိပ်စာအတိုင်း ဦးထင်း၏ဆိုင်ကိုသာ လာခဲ့လိုက်သည် ။ ဆိုင်ထဲဝင်ပြီး ဦးထင်းကိုတွေ့ခွင့်တောင်းလိုက်ပြီး ခဏထိုင်စောင့်နေရသေး၏ ။

"မင်းရောက်လာပြီလား''

"ဟုတ် ဟုတ်ကဲ့ ''

"ရော့..... ဒီအဝတ်တွေကို လဲလိုက် ပြီးရင်အပြင်ထွက်ခဲ့ အပြင်မှာစောင့်နေမယ်''

သူပေးတဲ့အဝတ်တွေကို ဝတ်ပြီးတော့ လူကအသက်ပင်ရှူလို့မဝချင်တော့ ။ ကိုယ်မှာကပ်လွန်းတဲ့ ဘောင်းဘီဒူးပေါ်ကိုမှ အပေါ်က ခါးတိုအိင်္ကျီအနီရောင်ကို တွဲဝတ်ထားရတာပဲ ဖြစ်သည် ။ မြူဒေါင်းလေပူတစ်ချက်မှုတ်လိုက်ပြီး သည်းခံရင်း အပြင်ကိုသာ ထွက်ခဲ့လိုက်သည် ။

ဦးထင်းက ရှေ့ကလမ်းပြလာပြီး သူ့ကနောက်ကလိုက်လို့ ထောင့်အကွေ့ထဲဝင်လိုက်ချိန်မှာတော့ များစွာသော အမျိုးသားထုကြီး ။ မြူးကြွကြွ တီးလုံးတွေနဲ့ ကခုန်သူအချို့ရယ် ဝိုင်းဖွဲ့ထိုင်ပြီး သောက်စားနေကြတဲ့လူတစ်ချို့ ရှိနေပြီ သူနဲ့အဝတ်တူဝတ်ထားတဲ့ ကောင်လေးချောချောလေးတွေလည်း ရှိနေသည် ။ သူတို့က အရက်ဝိုင်းတွေမှာ စားစရာနဲ့သောက်စရာမျာကို လိုက်လှန်ပို့ချနေကြ၏ ။

"မင်းက အသစ်ဆိုတော့ ဝိုင်းတစ်ဝိုင်းကို ဧည့်ခံပေးရမယ်''

နောက်ဆုံး အရက်ဗန်းလေးကိုင်က ရှေ့ကလမ်းပြသူနောက် သူလိုက်ရတော့၏ ။

.....................

"ဟိတ်ကောင်....စိုင်း ၊ မင်းမျက်နှာကြီးလဲ နည်းနည်းတော့ ပြုံးပါအုံးလားကွာ ကောင်လေးတွေ မင်းအနားမကပ်ရဲဖြစ်နေပြီဟ!''

"မလိုဘူး မင်းတို့ပဲ ပျော်ကြ''

အလောင်းအစားကြောင့် စိုင်းမှာ ဒီနှစ်ကောင်ခေါ်ရာ gay barကို ရောက်လာရတာပင် ။ ဒီရောက်တော့လဲ ဘာမှထူးခြားတာမျိုး မရှိ။ ယောက်ျားတွေအများဆုံး ရှိတာကလွဲရင် ဘာကိုမှ စိတ်ဝင်စားစရာမတွေ့ပေ ။ သုံးယောက်သား အရက်ခွက်ကိုယ်စီနဲ့ ဖြစ်ကာ ဂျိန်းနဲ့ကောင်းခန့်ကတော့ ကောင်လေးတွေခေါ်ပြီး စားသောက်လိုက် အီလိုက်နဲ့ အလုပ်ရှုပ်နေကြ၏။ သူ့အတွက်ပါ အဖော်ခေါ်ပေးထားသော်လည်း ခပ်တည်တည် မျက်နှာကြောင့် ကောင်ငယ်လေးများ အနားကပ်ဖို့ရဲပုံမရ ။နောက်ဆုံး မနေနိုင်တော့တဲ့ ဂျိန်းကပင် ဝင်ပြောလာသည်အထိ စိုင်းမျက်နှာ တည်တင်းနေတာပင် ။

စိုင်း အရက်ခွက်ကိုမော့သောက်နေတုန်း မြင်လိုက်ရတဲ့ အရိပ်လေး ။ ရင်းနှီးနေတဲ့ အရိပ်လေးကြောင့် စိုင်းသေချာကြည့်လိုက်ချိန်တွင် ခုနကအရိပ်လေးမှာပျောက်သွားချေပြီ

မြူဒေါင်းတစ်ယောက် လူတစ်ယောက်နဲ့အတူ အခန်းတစ်ခုထဲ ရောက်နေရသည် ။ ခုဏလူတွေက သူ့ကိုဒီအခန်းထဲ ပို့ခဲ့ပြီး ပြန်ထွက်သွားကြပြီဖြစ်ရာ ဘယ်ကမှန်း မသိတဲ့ လူတစ်ယောက်က အခန်းထဲမှာ ရှိနှင့်နေ၏ ။ ထိုလူက ပြင်သစ်လူမျိုးဖြစ်ပုံရပြီး သူစကားတွေပြောနေပေမဲ့ မြူဒေါင်း ဘာမှ နားမလည်ပေ ။ ထိုလူကက အရက်ခွက်သူကိုကိုင်းရင်း အရက်ပုလင်းကို မျက်စောင်းထိုးပြတော့ မြူဒေါင်းအရက်ခွက်ထဲ အရက်ထည့်ပေးလိုက်သည် ။

ထို့နောက် မြူဒေါင်းကိုယ်ကို လှဲချလိုက်ပြီး အပေါ်ကအုပ်မိုးလာတာကြောင့် မြူဒေါင်းကြောက်အားလန့်အားနဲ့ ရုန်းကန်မိတော့၏

"ခင်ဗျား ဘာလုပ်မလို့လဲ လွှတ်!''

ထိုလူက ပြင်သစ်စကားတွေပြောပြီး သူ့ရဲ့အဝတ်တွေကို မရမကရန်ရှာနေတော့သည် ။ မြူဒေါင်း အားအကုန်စုကာ တွန်းကန်လိုက်ပြီး အခန်းပြင်ကို ထွက်ပြေးခဲ့တော့၏ ။ ခုနလူက ကုန်းရုန်းထရင်း သူ့အစောင့်တွေကိုပါ အော်ခေါ်လို့ မြူဒေါင်းနောက်လိုက်ခိုင်းတော့သည် ။

"ဟိတ် မပြေးနဲ့ အခုရပ်''

"အင့်! "

မြူဒေါင်း လွတ်အောင်ပြေးရင်း လူတစ်ယောက်ကို ဝင်တိုက်မိသွားသည် ။ မြူဒေါင်း တိုက်မိတဲ့လူရဲ့ ရင်ခွင်ထဲမှာ မျက်စိဆုံမှတ်ပြီး အကူညီတောင်းနေမိ၏ ။

"အကို အကို သားကို ကူညီပါနော် နောက်ကလူတွေက သားကို လိုက်ဖမ်းနေလို့ပါ အဟင့်!''

"တကယ် ကူညီစေချင်လား''

"ဟုတ် ဟုတ်ကဲ့အကို ကျေးဇူးပြုပြီး ကူညီပါနော် ''

"ကိုယ့်ကိုကြည့်!''

"ဟုတ်.....ဟင် အကိုချောချော....အု''

ရုတ်တရက် ပူးကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ။ ငုံထွေးပြီး စုပ်ယူခြင်းခံလိုက်ရတဲ့ အောက်နှုတ်ခမ်းလေးကို ဖွင့်ဟဖို့လျှာထိုးနေပေမဲ့ မြူဒေါင်း ဖွင့်မပေးမိ ။ ဒါသူ့ရဲ့ ပထမဆုံး အနမ်းဦးလေးပင် ။ ပထမဆုံး အနမ်းအား သိမ်းပိုက်ခြင်းခံလိုက်ရသည့်အပြင် အောက်နှုတ်ခမ်းကို ဖိကိုက်ခြင်းခံလိုက်ရသည်မို့ အာ့ကနဲ ညည်းသံပြုလို့ နှုတ်ခမ်းလေး ဖွင့်ဟသွားပြီး လျှာပြားနဲ့ ဇွတ်တိုးဝင်ခြင်းခံနေရ၏ ။

သတိမေ့မတက် ကြောင်အနေခဲ့ပြီးမှ ပြန်အသိဝင်လာလို့ ရုန်းကန်တွန်းဖယ်ပေမဲ့ အားမမျှပဲ သူကဖြင့် ရွေ့တောင်မရွေ့ မျက်လုံးမှိတ်ကာ မြူရဲ့ နှုတ်ခမ်းလေးအား နမ်းရှိုက်နေတုန်းပေ ။

စိုင်းအတွေးထဲမှာတော့ ထိုနူးနူးညံ့ညံ့နှုတ်ခမ်းလေးကို လွတ်မပေးချင်တော့ ။ သောက်သုံးလေ ငတ်မပြေလေပဲ ဖြစ်နေခဲ့၏ ။ ယမကာအစွမ်းကြောင့်ပဲလား နှုတ်ခမ်းပိုင်ရှင်လေးကြောင့်ပဲလား သူမသိတော့ သူသိတာဒီနှုတ်ခမ်းအား ရူးမူးစွဲလန်းနေပြီဆိုတာပဲ ။

အသက်ရှူကြပ်လာပုံရတဲ့ကောင်လေးက မျက်နှာလေးမှာ နီရဲလို့ ။ မျက်ဝန်းမှာလဲ အရည်ကြည်လေးများ ရစ်ဝိုင်းလာတာကြောင့် စိုင်းအလွတ်ပေးလိုက်ရ၏ ။လွှတ်တော့မလွှတ်ချင်သေး ကောင်လေးမှာတော့ ရေထဲကငါးလေး ကုန်းပေါ်ရောက်နေသလိုမျိုး ရင်ဘတ်လေး ပိန်လိုက်ဖောင်းလိုက်နဲ့ အသက်လုရှူနေရ၏ ။ ထပ်နမ်းဖို့ လုပ်နေတုန်း.....

"ဟိတ်ကောင် ရပ်လိုက်! အဲ့တာ မင်းအတွက်မဟုတ်ဘူး!''

#TBC

ပြောတော့ အဖြောင့်ပါဆို သူလူလိင်: )
ရှင်တို့လဲ တန်းလန်းနေခဲ့ (@3@)
အရင်အပိုင်းတွေလောက် view မရှိတော့ဘူးနော် မကြိုက်ကြလို့လားဟင် နှစ်ရက်တစ်ပိုင်းပြောထားတာ အခုတစ်ရက်တောင်မပြည့်သေးပဲတင်ပေးတာကို မဖတ်ကြဖူး စိတ်ဆိုးမယ် update မမှန်မှာမစိုးရပါဘူးလို့ သာသာ update မှန်တယ်နော်






Zawgyi









ျမဴေဒါင္းတို႔ ညေနေစာင္းတဲ့အထိ ပန္းေရာင္းခဲ့ၾကၿပီ ပန္းအကုန္ေရာင္းၿပီးမွပဲ အိမ္ကိုျပန္လာခဲ့သည္ ။ လက္ထဲက ေငြတစ္ေသာင္းေက်ာ္ေလးကို လြယ္အိတ္ေလးထဲ ေသခ်ာထည့္ၿပီး အိမ္ျပန္လာတဲ့ ျမဴေဒါင္းမွာ အၿပဳံးေလးေတြကို ေပ်ာ္႐ႊင္မႈအတိုင္းသား ျမင္ရေစသည္ ။

သူ႕အိမ္ေရာက္ေတာ့ အိမ္ေရွ႕မွာ ခပ္ထြားထြားလူႀကီးႏွစ္ေယာက္က ရပ္ေစာင့္ေနတာကိုေတြ႕လိုက္သည္ ။ ေၾကာင္ေၾကာင္နနနဲ႕ပဲ အိမ္ထဲဝင္လာခဲ့ေတာ့ လူတစ္ေယာက္ေရွ႕မွာ ေဖေဖေရာ ေမေမေရာက ဒူးေထာက္ထိုင္ေနၾကၿပီး ေမေမက ငိုယိုက အေဖ့ကိုထုႏွက္ေနသည္ ။ ေဖေဖကေတာ့ စိတ္ရႈပ္သလိုတဲ့ပုံစံနဲ႕ ေခါင္းငုံ႕ေန၏ ။

"ေမေမ.......''

"သား.....အမေလး သားရယ္ မင္းအေဖလုပ္တာေတြ ေကာင္းေသးရဲ႕လား သားရဲ႕!''

ေမေမက သူ႕အသံၾကားေတာ့ ငိုယိုကာ ေျပာလာေတာ့သည္ ။ ဘာကိုဆိုလိုမွန္းေတာ့ သူမသိေပ ။ ျမဴေဒါင္းအေမ့နားေျပးသြားလိုက္ၿပီး ေသခ်ာေမးရေတာ့၏ ။

"ေမေမ ဘာျဖစ္လို႔လဲဟင္ ဒီလူေတြကေရာ ဘယ္သူေတြလဲ''

"မင္းအေဖေပါ့သားရယ္ ဒီအကို႔စီက ပိုက္ဆံသိန္းႏွစ္ဆယ္ေခ်းၿပီး ဖဲရိုက္ပစ္လိုက္တယ္တဲ့ အခုသူတို႔က ျပန္မေပးရင္ အေမတို႔ကို သတ္ပစ္မွာတဲ့ သားရယ္ ''

ေမေမစကားကို သူ႕မွာၾကာၿပီး ေခါင္းတစ္ခုလုံး ဗလာက်င္းသြားရ၏ ။ ေရွ႕ကလူရဲ႕ ပုံစံကလည္း တကယ္ႀကီးလုပ္မဲ့႐ုပ္ေတြေပ ။ ေဖေဖနဲ႕ပတ္သတ္ကတည္းက သူတို႔သည္ လူေကာင္းေတြမျဖစ္နိုင္ ။ ေလာင္းကစားသမားေတြပဲ ျဖစ္ဖို႔မ်ားၾကသည္ ။ ျမဴေဒါင္းငိုပင္ငိုခ်င္လာမိ၏ ။

"ေဖေဖ.....ေဖေဖဘာလို႔ အဲ့တာေတြဆက္လုပ္ေနရတာလဲ ေဖေဖရယ္ အဲ့ေလာင္းကစားေတြေၾကာင့္ပဲ သားတို႔ဒီအေျခေနထိေရာက္ခဲ့ၾကရတာေလ အခုဒီေလာက္ေငြေတြကို ဘယ္မွာသြားရွာရမွာလဲေဖေဖရာ ''

သူမငိုမိေအာင္ အံတင္းတင္းႀကိတ္ၿပီး ေျပာေနရသည္ ။ သူ႕ဘဝက အခုေတာ့ ျပန္ဆပ္စရာမရွိလို႔အသတ္ပင္ခံရနိုင္သည္ေလ ။

"ငေဒါင္း!''

"ခင္.....ခင္ဗ်ာ အကိုႀကီး''

"ငါနဲ႕ဟိုနားခဏလိုက္ခဲ့ ေျပာစရာရွိတယ္! "

ထိုလူႀကီးက အေဖ့ကိုေခၚၿပီး တိုးတိုးေလး ေျပာေနသည္ ။ အေဖ့မ်က္ႏွာတြင္လည္း အေရာင္အမ်ိဳးမ်ိဳး ပုံစံအမ်ိဳးမ်ိဳးေျပာင္းေနခဲ့၏ ။ ေနာက္ဆုံး အေဖက မ်က္ႏွာမေကာင္းစြာနဲ႕ပဲ သူတို႔စီေလွ်ာက္လာၿပီး

"သား.....ျမဴေဒါင္း''

"ဗ်ာ....ေဖေဖ''

"သူတို႔က အေႂကြးေတြမဆပ္နိုင္ရင္ ေဖေဖတို႔ကို တကယ္သတ္မွာ သူတို႔က လူဆိုးဂိုဏ္းကလူေတြပဲသား''

"ဒါကိုသိသိရက္နဲ႕ ေဖေဖဘာလို႔အဲ့လိုေတြလုပ္ခဲ့တာလဲ ေဖေဖ''

အနားကပ္ကာ ခပ္တိုးတိုးေျပာလာေသာ အေဖ့၏စကားကို သူျပန္တုန့္ျပန္လိုက္သည္ ။ ေဖေဖလည္း ကိုယ့္အျပစ္ကိုသိသည္ထင္၏ ခဏတိတ္ဆိတ္သြားၿပီး

"သူတို႔အေႂကြးေတြကို သားက သူ႕ရဲ႕ဆိုင္မွာ အလုပ္လုပ္ၿပီးဆပ္ရမယ္တဲ့သား အေဖေတာင္းပန္ပါတယ္သားရယ္ အေဖ့ကိုဒီတစ္ခါေလာက္ပဲ ကူညီေပးပါေနာ္ ေနာ္ သားေနာ္''

ေလသံေအးေအးနဲ႕ ခယၿပီးေျပာလာသည့္ ေဖေဖကို ျမဴေဒါင္းမၾကည့္ရက္ျပန္ေပ ။ ေမေမကေတာ့ ငိုေနတာမရပ္ေသး ။ ျမဴေဒါင္းဘာကို ေ႐ြးခ်ယ္ရမယ္ မသိခ်င္ေတာ့ပါ ။

"ဘာအလုပ္လုပ္ရမွာလဲ ေဖေဖ ၊ မဟုတ္တာေတြေတာ့ သားမလုပ္ပါရေစနဲ႕ ''

"သူ႕ဆိုင္မွာ စားပြဲထိုးလုပ္ေပးရမွာပါ သားရယ္ ၊ အေဖက သားကို မဟုတ္တာလုပ္ခိုင္းပါ့မလားကြယ္''

"ဟုတ္ပါၿပီ ေဖေဖရယ္ ေ႐ြးစရာလမ္းမွ မရွိတာ လုပ္ရေတာ့မွာေပါ့''

ထိုအခါ ဦးေဒါင္း၏မ်က္ႏွာက ဝင္းသြားေတာ့သည္ ။ သူက ခုနလူဘက္ျပန္သြားၿပီး ေျပာလိုက္ေတာ့၏ ။ ထိုေနာက္ ဟိုလူက ျမဴေဒါင္းအနားကို ေရာက္လာၿပီး ျမဴေဒါင္းကို ေသခ်ာၾကည့္လိုက္၏ ။

"မနက္ျဖန္ ညေန ၆နာရီ ဒီလိပ္စာအတိုင္းလာခဲ့!''

လက္တစ္ဖက္ကို ျမဴေဒါင္းေရွ႕ ဆန့္တင္ရင္း လက္ထဲက ကဒ္ကိုယူေစသည္ ။ ျမဴေဒါင္းေခါင္းေလးညိမ့္ၿပီး ယူလိုက္ေတာ့သည္ ။

"ငေဒါင္း! မင္းကတိတည္ပါေစေနာ္''

"ဟုတ္ ဟုတ္ကဲ့ပါ အကိုထင္း''

"ေအး ငါသြားၿပီ''

ဦးထင္းဆိုေသာလူက သူတပည့္ေတြအားေခၚၿပီး ထြက္သြားေတာ့သည္ ။ ေမေမက ျမဴေဒါင္းကိုဖက္၍ ငိုေနတုန္းေပ ။ ေဖေဖကိုလည္း က်ိန္ဆဲေနခဲ့ေသးသည္ ။ အရာရာျဖစ္သမွ် ၾကည့္ကဖို႔သာ ရွိေတာ့၏ ။

ေနာက္တစ္ေန႕မနက္ေရာက္ေတာ့ ျမဴေဒါင္းခါတိုင္းလိုပဲ ပန္းေရာင္းထြက္ခဲ့သည္ ။ ပန္းေတြနဲ႕ အၿမဲေပ်ာ္ေနတတ္တဲ့ေကာင္ေလးက အခုေတာ့ အရင္ကနဲ႕မတူပဲ မွိုင္ေဝေနခဲ့သည္ ။

"ဟဲ့ ျမဴေဒါင္း.......''

"ဗ်ာ...... ေဒၚေလး''

"နင့္မလဲဟယ္ ဒီတစ္ေန႕လုံးဘာျဖစ္ေနတာတုန္း တမွိုင္မွိုင္နဲ႕''

"ဘာမွ မျဖစ္ပါဘူး ေဒၚေလးရယ္''

မျဖစ္တဲ့ ႐ုပ္ကလဲဟယ္ လင္းဒမွိုင္ မွိုင္ေနတယ္ဟဲ့''

"စိတ္ညစ္လို႔ပါ ေဒၚေလးရာ''

"ဘာလဲ နင့္အေဖ မူးၿပီးျပႆနာရွာ ျပန္ၿပီလား''

"ဒီတစ္ခါ ရွာလိုက္တဲ့ျပႆနာက အႀကီးႀကီးပဲ ေဒၚေလးရယ္''

"ေအးဟယ္ ဒီအသက္အ႐ြယ္ထိေတာင္ ေရာက္ေနၿပီ အခုထိအသိတရားကမရေသးဘူး''

"ဟင္းး......''

ျမဴေဒါင္း သက္ျပင္းရွည္ရွိုက္ဖို႔သာ တတ္နိုင္ေတာ့သည္ ။ လက္ထဲက ပန္းေတြကို စိုက္ၾကည့္ေနလိုက္၏ ။

ဘာလိုလိုနဲ႕ ညေနေစာင္းေနၿပီျဖစ္လို႔ ျမဴေဒါင္း လိပ္စာအတိုင္း ဦးထင္း၏ဆိုင္ကိုသာ လာခဲ့လိုက္သည္ ။ ဆိုင္ထဲဝင္ၿပီး ဦးထင္းကိုေတြ႕ခြင့္ေတာင္းလိုက္ၿပီး ခဏထိုင္ေစာင့္ေနရေသး၏ ။

"မင္းေရာက္လာၿပီလား''

"ဟုတ္ ဟုတ္ကဲ့ ''

"ေရာ့..... ဒီအဝတ္ေတြကို လဲလိုက္ ၿပီးရင္အျပင္ထြက္ခဲ့ အျပင္မွာေစာင့္ေနမယ္''

သူေပးတဲ့အဝတ္ေတြကို ဝတ္ၿပီးေတာ့ လူကအသက္ပင္ရႉလို႔မဝခ်င္ေတာ့ ။ ကိုယ္မွာကပ္လြန္းတဲ့ ေဘာင္းဘီဒူးေပၚကိုမွ အေပၚက ခါးတိုအိကၤ်ီအနီေရာင္ကို တြဲဝတ္ထားရတာပဲ ျဖစ္သည္ ။ ျမဴေဒါင္းေလပူတစ္ခ်က္မႈတ္လိုက္ၿပီး သည္းခံရင္း အျပင္ကိုသာ ထြက္ခဲ့လိုက္သည္ ။

ဦးထင္းက ေရွ႕ကလမ္းျပလာၿပီး သူ႕ကေနာက္ကလိုက္လို႔ ေထာင့္အေကြ႕ထဲဝင္လိုက္ခ်ိန္မွာေတာ့ မ်ားစြာေသာ အမ်ိဳးသားထုႀကီး ။ ျမဴးႂကြႂကြ တီးလုံးေတြနဲ႕ ကခုန္သူအခ်ိဳ႕ရယ္ ဝိုင္းဖြဲ႕ထိုင္ၿပီး ေသာက္စားေနၾကတဲ့လူတစ္ခ်ိဳ႕ ရွိေနၿပီ သူနဲ႕အဝတ္တူဝတ္ထားတဲ့ ေကာင္ေလးေခ်ာေခ်ာေလးေတြလည္း ရွိေနသည္ ။ သူတို႔က အရက္ဝိုင္းေတြမွာ စားစရာနဲ႕ေသာက္စရာမ်ာကို လိုက္လွန္ပို႔ခ်ေနၾက၏ ။

"မင္းက အသစ္ဆိုေတာ့ ဝိုင္းတစ္ဝိုင္းကို ဧည့္ခံေပးရမယ္''

ေနာက္ဆုံး အရက္ဗန္းေလးကိုင္က ေရွ႕ကလမ္းျပသူေနာက္ သူလိုက္ရေတာ့၏ ။

.....................

"ဟိတ္ေကာင္....စိုင္း ၊ မင္းမ်က္ႏွာႀကီးလဲ နည္းနည္းေတာ့ ၿပဳံးပါအုံးလားကြာ ေကာင္ေလးေတြ မင္းအနားမကပ္ရဲျဖစ္ေနၿပီဟ!''

"မလိုဘူး မင္းတို႔ပဲ ေပ်ာ္ၾက''

အေလာင္းအစားေၾကာင့္ စိုင္းမွာ ဒီႏွစ္ေကာင္ေခၚရာ gay barကို ေရာက္လာရတာပင္ ။ ဒီေရာက္ေတာ့လဲ ဘာမွထူးျခားတာမ်ိဳး မရွိ။ ေယာက္်ားေတြအမ်ားဆုံး ရွိတာကလြဲရင္ ဘာကိုမွ စိတ္ဝင္စားစရာမေတြ႕ေပ ။ သုံးေယာက္သား အရက္ခြက္ကိုယ္စီနဲ႕ ျဖစ္ကာ ဂ်ိန္းနဲ႕ေကာင္းခန့္ကေတာ့ ေကာင္ေလးေတြေခၚၿပီး စားေသာက္လိုက္ အီလိုက္နဲ႕ အလုပ္ရႈပ္ေနၾက၏။ သူ႕အတြက္ပါ အေဖာ္ေခၚေပးထားေသာ္လည္း ခပ္တည္တည္ မ်က္ႏွာေၾကာင့္ ေကာင္ငယ္ေလးမ်ား အနားကပ္ဖို႔ရဲပုံမရ ။ေနာက္ဆုံး မေနနိုင္ေတာ့တဲ့ ဂ်ိန္းကပင္ ဝင္ေျပာလာသည္အထိ စိုင္းမ်က္ႏွာ တည္တင္းေနတာပင္ ။

စိုင္း အရက္ခြက္ကိုေမာ့ေသာက္ေနတုန္း ျမင္လိုက္ရတဲ့ အရိပ္ေလး ။ ရင္းႏွီးေနတဲ့ အရိပ္ေလးေၾကာင့္ စိုင္းေသခ်ာၾကည့္လိုက္ခ်ိန္တြင္ ခုနကအရိပ္ေလးမွာေပ်ာက္သြားေခ်ၿပီ

ျမဴေဒါင္းတစ္ေယာက္ လူတစ္ေယာက္နဲ႕အတူ အခန္းတစ္ခုထဲ ေရာက္ေနရသည္ ။ ခုဏလူေတြက သူ႕ကိုဒီအခန္းထဲ ပို႔ခဲ့ၿပီး ျပန္ထြက္သြားၾကၿပီျဖစ္ရာ ဘယ္ကမွန္း မသိတဲ့ လူတစ္ေယာက္က အခန္းထဲမွာ ရွိႏွင့္ေန၏ ။ ထိုလူက ျပင္သစ္လူမ်ိဳးျဖစ္ပုံရၿပီး သူစကားေတြေျပာေနေပမဲ့ ျမဴေဒါင္း ဘာမွ နားမလည္ေပ ။ ထိုလူကက အရက္ခြက္သူကိုကိုင္းရင္း အရက္ပုလင္းကို မ်က္ေစာင္းထိုးျပေတာ့ ျမဴေဒါင္းအရက္ခြက္ထဲ အရက္ထည့္ေပးလိုက္သည္ ။

ထို႔ေနာက္ ျမဴေဒါင္းကိုယ္ကို လွဲခ်လိဳက္ၿပီး အေပၚကအုပ္မိုးလာတာေၾကာင့္ ျမဴေဒါင္းေၾကာက္အားလန့္အားနဲ႕ ႐ုန္းကန္မိေတာ့၏

"ခင္ဗ်ား ဘာလုပ္မလို႔လဲ လႊတ္!''

ထိုလူက ျပင္သစ္စကားေတြေျပာၿပီး သူ႕ရဲ႕အဝတ္ေတြကို မရမကရန္ရွာေနေတာ့သည္ ။ ျမဴေဒါင္း အားအကုန္စုကာ တြန္းကန္လိုက္ၿပီး အခန္းျပင္ကို ထြက္ေျပးခဲ့ေတာ့၏ ။ ခုနလူက ကုန္း႐ုန္းထရင္း သူ႕အေစာင့္ေတြကိုပါ ေအာ္ေခၚလို႔ ျမဴေဒါင္းေနာက္လိုက္ခိုင္းေတာ့သည္ ။

"ဟိတ္ မေျပးနဲ႕ အခုရပ္''

"အင့္! "

ျမဴေဒါင္း လြတ္ေအာင္ေျပးရင္း လူတစ္ေယာက္ကို ဝင္တိုက္မိသြားသည္ ။ ျမဴေဒါင္း တိုက္မိတဲ့လူရဲ႕ ရင္ခြင္ထဲမွာ မ်က္စိဆုံမွတ္ၿပီး အကူညီေတာင္းေနမိ၏ ။

"အကို အကို သားကို ကူညီပါေနာ္ ေနာက္ကလူေတြက သားကို လိုက္ဖမ္းေနလို႔ပါ အဟင့္!''

"တကယ္ ကူညီေစခ်င္လား''

"ဟုတ္ ဟုတ္ကဲ့အကို ေက်းဇူးျပဳၿပီး ကူညီပါေနာ္ ''

"ကိုယ့္ကိုၾကည့္!''

"ဟုတ္.....ဟင္ အကိုေခ်ာေခ်ာ....အု''

႐ုတ္တရက္ ပူးကပ္လာတဲ့ ႏႈတ္ခမ္းတစ္စုံ။ ငုံေထြးၿပီး စုပ္ယူျခင္းခံလိုက္ရတဲ့ ေအာက္ႏႈတ္ခမ္းေလးကို ဖြင့္ဟဖို႔လွ်ာထိုးေနေပမဲ့ ျမဴေဒါင္း ဖြင့္မေပးမိ ။ ဒါသူ႕ရဲ႕ ပထမဆုံး အနမ္းဦးေလးပင္ ။ ပထမဆုံး အနမ္းအား သိမ္းပိုက္ျခင္းခံလိုက္ရသည့္အျပင္ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ျခင္းခံလိုက္ရသည္မို႔ အာ့ကနဲ ညည္းသံျပဳလို႔ ႏႈတ္ခမ္းေလး ဖြင့္ဟသြားၿပီး လွ်ာျပားနဲ႕ ဇြတ္တိုးဝင္ျခင္းခံေနရ၏ ။

သတိေမ့မတက္ ေၾကာင္အေနခဲ့ၿပီးမွ ျပန္အသိဝင္လာလို႔ ႐ုန္းကန္တြန္းဖယ္ေပမဲ့ အားမမွ်ပဲ သူကျဖင့္ ေ႐ြ႕ေတာင္မေ႐ြ႕ မ်က္လုံးမွိတ္ကာ ျမဴရဲ႕ ႏႈတ္ခမ္းေလးအား နမ္းရွိုက္ေနတုန္းေပ ။

စိုင္းအေတြးထဲမွာေတာ့ ထိုႏူးႏူးညံ့ညံ့ႏႈတ္ခမ္းေလးကို လြတ္မေပးခ်င္ေတာ့ ။ ေသာက္သုံးေလ ငတ္မေျပေလပဲ ျဖစ္ေနခဲ့၏ ။ ယမကာအစြမ္းေၾကာင့္ပဲလား ႏႈတ္ခမ္းပိုင္ရွင္ေလးေၾကာင့္ပဲလား သူမသိေတာ့ သူသိတာဒီႏႈတ္ခမ္းအား ႐ူးမူးစြဲလန္းေနၿပီဆိုတာပဲ ။

အသက္ရႉၾကပ္လာပုံရတဲ့ေကာင္ေလးက မ်က္ႏွာေလးမွာ နီရဲလို႔ ။ မ်က္ဝန္းမွာလဲ အရည္ၾကည္ေလးမ်ား ရစ္ဝိုင္းလာတာေၾကာင့္ စိုင္းအလြတ္ေပးလိုက္ရ၏ ။လႊတ္ေတာ့မလႊတ္ခ်င္ေသး ေကာင္ေလးမွာေတာ့ ေရထဲကငါးေလး ကုန္းေပၚေရာက္ေနသလိုမ်ိဳး ရင္ဘတ္ေလး ပိန္လိုက္ေဖာင္းလိုက္နဲ႕ အသက္လုရႉေနရ၏ ။ ထပ္နမ္းဖို႔ လုပ္ေနတုန္း.....

"ဟိတ္ေကာင္ ရပ္လိုက္! အဲ့တာ မင္းအတြက္မဟုတ္ဘူး!''

#TBC

ေျပာေတာ့ အေျဖာင့္ပါဆို သူလူလိင္: )
ရွင္တို႔လဲ တန္းလန္းေနခဲ့ (@3@)
အရင္အပိုင္းေတြေလာက္ view မရွိေတာ့ဘူးေနာ္ မႀကိဳက္ၾကလို႔လားဟင္ ႏွစ္ရက္တစ္ပိုင္းေျပာထားတာ အခုတစ္ရက္ေတာင္မျပည့္ေသးပဲတင္ေပးတာကို မဖတ္ၾကဖူး စိတ္ဆိုးမယ္ update မမွန္မွာမစိုးရပါဘူးလို႔ သာသာ update မွန္တယ္ေနာ္



















Continua a leggere

Ti piacerà anche

145K 5.4K 32
ခင်ဗျားဟာခင်ဗျား ဘယ်လောက်ဖြောင့်ဖြောင့် နောက်ဆုံးတော့လည်း ကျုပ်အောက်မှာ ခံရတာပဲမလား? (Khun Phara Mo) မင်းနဲ့တစ်ခါလောက်အတူနေမိရုံနဲ့ ငါ gay သွားမယ် ထ...
1.2M 41K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
810K 8.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.9M 104K 63
ဇာတ်ကောင်များ၏ စိတ်နေစိတ်ထားများနှင့် အပြုအမူများသည် စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာဖြစ်ပါသဖြင့် မည်သည့် အဖွဲ့အစည်း/ပုဂ္ဂိုလ်ကိုမှ ကိုယ်စားမပြုပါ။ Warni...