<Unicode>
မနက်အလင်းရောင်ထွက်ဘာသည်နှင့်အကျင့်ဖြစ်နေတဲ့မျက်လုံးကလေပြည်အားနိုးထစေသည်။မျက်လုံးဖွင့်လိုက်သည်နှင့်ပထမဆုံးမြင်လိုက်ရသည်ကနတ်သားတစ်ပါးအလားခန့်ညားတဲ့မျက်နှာလေးကိုပင်။လေပြည်ထိုမျက်နှာလေးကိုတမေ့တမောငေးနေမိသည်။ဒီလောက်ပြီးပြည့်စုံတဲ့ယောက်ျားတစ်ယောက်ကသူ့မျက်စိရှေ့မှာပဲသူနဲ့နီးနီးကပ်ကပ်အိပ်နေသည်မှာဘယ်လိုတောင်ကံကောင်းခြင်းမျိုပါလဲ။ငေးလို့ဝတော့မှပဲတိမ်တိုက်နိုးလာရင်သူ့များမြင်ပီးစိတ်တိုသွားမှာမလိုလားတာကြောင့်သူမနိုးခင်ထမှဖြစ်မည်။
လေပြည်ထရန်ပြင်တော့ခါးပေါ်ကတိမ်တိုက်ရဲ့လက်ကခပ်တင်းတင်းဖက်လာသည်။ထိုအခါတိမ်တိုက်မနိုးသွားစေရန်ခန ငြိမ်နေလိုက်ပီးမှခါးပေါ်ကလက်ကိုဖြည်းဖြည်းချင်းဖယ်ချလိုက်ပီးကုတင်ပေါ်ကဆင်းလိုက်သည်။ထို့နောက်တနေ့တာအလုပ်တေဖစ်တဲ့ တိမ်တိုက်အတွက်မျက်နှာသစ်ရန်၊သွားတိုက်ရန်၊ရေချိုးရန် စတာတေပြင်ဆင်ပေးထားခဲ့ပီးသူလဲကိုယ်လက်သန့်စင်ကာ မနက်ပြင်ရန်အောက်ထပ်သို့ဆင်းလာလိုက်သည်။
မနက်စာဆိုဂျေးများတတ်တဲ့တိမ်တိုက်က ပေါင်မုန့်ကြက်ဥကြော်ဆိုရင်ဘယ်တော့မှမငြင်းပါ။ထို့ကြောင့်ပေါင်မုန့်နဲ့ကြက်ဥကြော် ကော်ဖီလေးပါဖျော်ပေးလိုက်သည်။သူ့အတွက်နွားနို့တစ်ခွက်ကြိုပီး စားစရာများကိုစားပွဲပေါ်နေတာချနေတုန်း မနေ့ကကွဲထားတဲ့ကြွေပန်းကန်ကိုသတိရသွားတော့သည်။
အိမ်အကူအဒေါ်ကြီးတေလဲမလာသေးတာကြောင့်သူ့ဘာသာပဲကောက်သိမ်းနေလိုက်သည်။
"အ့!"
စပ်ဖြင်းဖြင်းနာကျင်မှုနဲ့အတူသွေးလေးတေစိမ့်ထွက်လာတာကြောင့်ရှသွားမှန်းလိုက်သည်။
"ကလေး!!"
တိမိတိုက်မှာနိုးနိုးချင်းလေပြည်အားမတွေ့တာကြောင့်အောက်ထပ်သို့ပြေးဆင်းလာတော့ သွေးထွက်နေတဲ့လက်လေးကြည့်ကာမျက်နှာလေးမဲ့နေတဲ့သူလေးကြောင့်စိုးရိမ်တကြီးအနားပြေးလာကာဒဏ်ရာရထားတဲ့လက်လေးကိုဆွဲယူပီး...
"တွေ့လား အဲ့လိုဖြစ်မှာဆိုးလို့မလုပ်နဲ့လို့ပြောတာကို ကိုယ့်စကားနားမထောင်ဘူး အခုကြည့်လက်ရှသွားပီ"
"တောင်းပန်ပါတယ် ကိုကိုလေး"
"ကျစ် ကိုယ်ကတောင်းပန်ခိုင်းနေတာမဟုတ်ဘူးလေကွာ ကိုယ်က.."
ဆက်ပြောမယ့်စကားတေကပါးပြင်ပေါ်လှိမ့်စီးကျလာတဲ့သူလေးရဲ့မျက်ရည်တေကြောင့်ပြန်မြိုချလိုက်ရတော့သည်။
"ကလေး ကိုယ်ကဆူတာမဟုတ်ဘူးလေ ကိုယ်ကစိတ်ပူသွားလို့ပါကွာ မငိုပါနဲ့"
"ကိုကိုလေး လေပြည့်ကိုအပြစ်ပေးမှာလားဟင်"
"ဘာလို့အပြစ်ပေးရမှာလဲကွာ ကိုယ်ပြောပီးပီလေ ကိုယ်မင်းကိုထပ်ပီးနာကျင်အောင်မလုပ်တော့ပါဘူးလို့"
"အဲ့တာကမူးနေလို့ပြောတာလေ"
"ဘယ်ကသာ ကိုယ်မမူးပါဘူးကွာ ဘာလို့မူးတယ်ထင်တာလဲ"
"မသိဘူးလေ ကိုကိုလေးက မူးလာတဲ့အခါတေဆိုရင်လေပြည့်ကိုအမြဲအဲ့လိုကြင်နာနေကြ အမူပြေသွားမှပြောခဲ့သမျှအကုန်မေ့ကုန်တာ"
"ကိုယ်မူးမနေဘူကလေး မယုံရင်သက်သေပြမယ်"
"အွန့် အွင်း!"
ရုတ်တရက်ဆွဲနမ်းခံလိုက်ရတာကြောင့်လေပြည့်အလန့်တကြားတိမ်တိုက်ရင်ဘတ်အားတွန်းဖယ်နေမိပေမယ့် တစ်လက်မလေးတောင်ရွေ့မသွားပါ။ရိုးရိုးနမ်းနေတာမဟုတ်ပဲ လျှာချင်းပါရစ်ပတ်ဆော့ကစားနေတာမို့လေပြည်ခြေထောက်များခွေကျကာ အသက်ရှူကခက်လာသည်။ထိုတော့မှတိမ်တိုက်ကနမ်းနေရာမှဖယ်ခွာပေးပီး နှုတ်ခမ်းနားကသွားရည်လေးများကိုလက်မနဲ့ဖိသုတ်ပေးလိုက်သည်။
"ကိုယ့်ကိုမူးနေတယ်ထင်သေးလား"
လေပြည်ခေါင်းသာခါပြလိုက်ပီး သူ့ဦးနောက်ထဲအချက်ပေးသံတေပလုံစီနေသည်။
*ကိုကိုလေးကငါ့ကိုနမ်းတယ် မူးမနေပဲနဲ့လေ*
*သူဘာဖြစ်သွားတာလဲ*
*ငါ့ကိုအိမ်ပေါ်ကနှင်ချဖို့လုပ်နေတာများလား*
•°•°•°•°•°•°•
A/N
ဝါလေဒီရက်ပိုင်းficကို တစ်ရက်ခြား၂ပိုင်းပဲupပါတော့မယ် ပုံမှန်တစ်ရက်၂ပိုင်းupချင်ပေမယ့် မနေ့ကသွေးပေါင်ချိန်တာအောက်သွေး၆၀ပဲရှိတယ် သွေးပေါင်တေကျနေလို့ဆရာဝန်ကအိပ်ရေးဝဝအိပ်ပီးအနားယူဖို့ပြောတယ် သင်တန်းကစာကလဲကျက်နေရသေးတော့ တစ်ရက်ခြားတစ်ခါပဲupနိုင်ပါတော့မယ် တောင်းပန်ပါတယ် နားလည်ပေးမယ်လို့မျှော်လင့်ပါတယ်😞
<Zawgyi>
မနက္အလင္းေရာင္ထြက္ဘာသည္ႏွင့္အက်င့္ျဖစ္ေနတဲ့မ်က္လံုးကေလျပည္အားႏိုးထေစသည္။မ်က္လံုးဖြင့္လိုက္သည္ႏွင့္ပထမဆံုးျမင္လိုက္ရသည္ကနတ္သားတစ္ပါးအလားခန္႔ညားတဲ့မ်က္ႏွာေလးကိုပင္။ေလျပည္ထိုမ်က္ႏွာေလးကိုတေမ့တေမာေငးေနမိသည္။ဒီေလာက္ၿပီးျပည့္စံုတဲ့ေယာက်္ားတစ္ေယာက္ကသူ႔မ်က္စိေ႐ွ႕မွာပဲသူနဲ႔နီးနီးကပ္ကပ္အိပ္ေနသည္မွာဘယ္လိုေတာင္ကံေကာင္းျခင္းမ်ိဳပါလဲ။ေငးလို႔ဝေတာ့မွပဲတိမ္တိုက္ႏိုးလာရင္သူ႔မ်ားျမင္ပီးစိတ္တိုသြားမွာမလိုလားတာေၾကာင့္သူမႏိုးခင္ထမွျဖစ္မည္။
ေလျပည္ထရန္ျပင္ေတာ့ခါးေပၚကတိမ္တိုက္ရဲ႕လက္ကခပ္တင္းတင္းဖက္လာသည္။ထိုအခါတိမ္တိုက္မႏိုးသြားေစရန္ခန ၿငိမ္ေနလိုက္ပီးမွခါးေပၚကလက္ကိုျဖည္းျဖည္းခ်င္းဖယ္ခ်လိုက္ပီးကုတင္ေပါ္ကဆင္းလိုက္သည္။ထို့ေနာက္တေန႔တာအလုပ္ေတဖစ္တဲ့ တိမ္တိုက္အတြက္မ်က္ႏွာသစ္ရန္၊သြားတိုက္ရန္၊ေရခ်ိဳးရန္ စတာေတျပင္ဆင္ေပးထားခဲ့ပီးသူလဲကိုယ္လက္သန္႔စင္ကာ မနက္ျပင္ရန္ေအာက္ထပ္သိူ႔ဆင္းလာလိုက္သည္။
မနက္စာဆိုေဂ်းမ်ားတတ္တဲ့တိမ္တိုက္က ေပါင္မုန္႔ၾကက္ဥေၾကာ္ဆိုရင္ဘယ္ေတာ့မွမျငင္းပါ။ထို႔ေၾကာင့္ေပါင္မုန္႔နဲ႔ၾကက္ဥေၾကာ္ ေကာ္ဖီေလးပါေဖ်ာ္ေပးလိုက္သည္။သူ႔အတြက္ႏြားႏို႔တစ္ခြက္ႀကိဳပီး စားစရာမ်ားကိုစားပြဲေပၚေနတာခ်ေနတုန္း မေန႔ကကြဲထားတဲ့ေႂကြပန္းကန္ကိုသတိရသြားေတာ့သည္။
အိမ္အကူအေဒၚႀကီးေတလဲမလာေသးတာေၾကာင့္သူ႔ဘာသာပဲေကာက္သိမ္းေနလိုက္သည္။
"အ့!"
စပ္ျဖင္းျဖင္းနာက်င္မႈနဲ႔အတူေသြးေလးေတစိမ့္ထြက္လာတာေၾကာင့္႐ွသြားမွန္းလိုက္သည္။
"ကေလး!!"
တိမိတိုက္မွာႏိုးႏိုးခ်င္းေလျပည္အားမေတြ႔တာေၾကာင့္ေအာက္ထပ္သို႔ေျပးဆင္းလာေတာ့ ေသြးထြက္ေနတဲ့လက္ေလးၾကည့္ကာမ်က္ႏွာေလးမဲ့ေနတဲ့သူေလးေၾကာင့္စိုးရိမ္တႀကီးအနားေျပးလာကာဒဏ္ရာရထားတဲ့လက္ေလးကိုဆြဲယူပီး...
"ေတြ႔လား အဲ့လိုျဖစ္မွာဆိုးလို႔မလုပ္နဲ႔လို႔ေျပာတာကို ကိုယ့္စကားနားမေထာင္ဘူး အခုၾကည့္လက္႐ွသြားပီ"
"ေတာင္းပန္ပါတယ္ ကိုကိုေလး"
"က်စ္ ကိုယ္ကေတာင္းပန္ခိုင္းေနတာမဟုတ္ဘူးေလကြာ ကိုယ္က.."
ဆက္ေျပာမယ့္စကားေတကပါးျပင္ေပၚလွိမ့္စီးက်လာတဲ့သူေလးရဲ႕မ်က္ရည္ေတေၾကာင့္ျပန္ၿမိဳခ်လိုက္ရေတာ့သည္။
"ကေလး ကိုယ္ကဆူတာမဟုတ္ဘူးေလ ကိုယ္ကစိတ္ပူသြားလို႔ပါကြာ မငိုပါနဲ႔"
"ကိုကိုေလး ေလျပည့္ကိုအျပစ္ေပးမွာလားဟင္"
"ဘာလို႔အျပစ္ေပးရမွာလဲကြာ ကိုယ္ေျပာပီးပီေလ ကိုယ္မင္းကိုထပ္ပီးနာက်င္ေအာင္မလုပ္ေတာ့ပါဘူးလို႔"
"အဲ့တာကမူးေနလို႔ေျပာတာေလ"
"ဘယ္ကသာ ကိုယ္မမူးပါဘူးကြာ ဘာလို႔မူးတယ္ထင္တာလဲ"
"မသိဘူးေလ ကိုကိုေလးက မူးလာတဲ့အခါေတဆိုရင္ေလျပည့္ကိုအျမဲအဲ့လိုၾကင္နာေနၾက အမူေျပသြားမွေျပာခဲ့သမ်ွအကုန္ေမ့ကုန္တာ"
"ကိုယ္မူးမေနဘူကေလး မယံုရင္သက္ေသျပမယ္"
"အြန္႔ အြင္း!"
႐ုတ္တရက္ဆြဲနမ္းခံလိုက္ရတာေၾကာင့္ေလျပည့္အလန္႔တၾကားတိမ္တိုက္ရင္ဘတ္အားတြန္းဖယ္ေနမိေပမယ့္ တစ္လက္မေလးေတာင္ေရြ႔မသြားပါ။႐ိုး႐ိုးနမ္းေနတာမဟုတ္ပဲ လ်ွာခ်င္းပါရစ္ပတ္ေဆာ့ကစားေနတာမို႔ေလျပည္ေျခေထာက္မ်ားေခြက်ကာ အသက္႐ွဴကခက္လာသည္။ထိုေတာ့မွတိမ္တိုက္ကနမ္းေနရာမွဖယ္ခြာေပးပီး ႏႈတ္ခမ္းနားကသြားရည္ေလးမ်ားကိုလက္မနဲ့ဖိသုတ္ေပးလိုက္သည္။
"ကိုယ့္ကိုမူးေနတယ္ထင္ေသးလား"
ေလျပည္ေခါင္းသာခါျပလိုက္ပီး သူ႔ဦးေနာက္ထဲအခ်က္ေပးသံေတပလံုစီေနသည္။
*ကိုကိုေလးကငါ့ကိုနမ္းတယ္ မူးမေနပဲနဲ႔ေလ*
*သူဘာျဖစ္သြားတာလဲ*
*ငါ့ကိုအိမ္ေပၚကႏွင္ခ်ဖို႔လုပ္ေနတာမ်ားလား*
•°•°•°•°•°•°•
A/N
ဝါေလဒီရက္ပိုင္းficကို တစ္ရက္ျခား၂ပိုင္းပဲupပါေတာ့မယ္ ပံုမွန္တစ္ရက္၂ပိုင္းupခ်င္ေပမယ့္ မေန႔ကေသြးေပါင္ခ်ိန္တာေအာက္ေသြး၆၀ပဲ႐ွိတယ္ ေသြးေပါင္ေတက်ေနလို႔ဆရာဝန္ကအိပ္ေရးဝဝအိပ္ပီးအနားယူဖို႔ေျပာတယ္ သင္တန္းကစာကလဲက်က္ေနရေသးေတာ့ တစ္ရက္ျခားတစ္ခါပဲupႏိုင္ပါေတာ့မယ္ ေတာင္းပန္ပါတယ္ နားလည္ေပးမယ္လို႔ေမ်ွာ္လင့္ပါတယ္😞