Never

By Blacksheep303

24.5K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ္ေတာ့မွ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ္ေတာ့မွ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ္ေတာ့မွ) -Zawgyi 9
Never (ဘယ်တော့မှ)- 10
Never (ဘယ္ေတာ့မွ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ္ေတာ့မွ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ္ေတာ့မွ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ်တော့မှ) - Zawgyi 18
Never (ဘယ်တော့မှ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ္ေတာ့မွ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ္ေတာ့မွ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ္ေတာ့မွ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ္ေတာ့မွ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ္ေတာ့မွ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ္ေတာ့မွ) - Special Part (Zawgyi)

Never (ဘယ်တော့မှ) - 19

336 21 0
By Blacksheep303

ဒီနေ့က မင်္ဂလာပွဲနေ့မို့ အားလုံးက စောစောထ ပြင်ဆင်နေကြတာပါ ရိုးရာဓလေ့အလိုက် လုပ်တဲ့ပွဲမို့ အရမ်းကြီးလည်း အလုပ်မရှုပ်ပါဘူး
ဝတ်စုံက  ရိုးရာဝတ်စုံပဲ ဝတ်ဆင်ရတာပါ အတွင်းခံက အစ ဝတ်ပြုကျောင်းက ထုတ်ပေးတဲ့ လက်ထပ်ပွဲ ဝတ်စုံကိုသာ ဝတ်ဆင်ရတာက လည်း အများနဲ့ မတူတဲ့ ထူးခြားချက်ပါ
သတို့သားက နှစ်ယောက်မို့ ဝတ်စုံက ဒီဇိုင်းတူတူကိုမှ အရောင်လေးပဲ ကွဲတာပါ

ယွီပင်းနဲ့ ရှောင်းကျန့် က လေ့လာသူများမို့ နားလည်အောင် ရိပေါ်ပဲ ရှင်းပြလိုက်ပါတယ်

"ဝတ်စုံက လူပေါ် မူတည်ပြီး ကွာခြားတယ် လက်ထပ်မယ့်သူက ယောက်ျားလေးနှစ်ယောက်ဆိုရင် အင်္ကျီက နဂါးနှစ်ကောင်နဲ့ မိန်းကလေး နှစ်ယောက် ဆိုရင် ဇာမဏီ နှစ်ကောင် ယောက်ျားလေးနဲ့ မိန်းကလေးဆိုရင် တစ်ဘက်က နဂါး တစ်ဘက်က ဇာမဏီလေ

ဒီအဝတ်အစားတွေ အားလုံးက ဝတ်ပြုကျောင်းတော်က ကံကြမ္မာနတ်မင်းဆီ ဆက်သထားပေးထားတာ ကံကြမ္မာက သူတို့နှစ်ယောက်ကို ဘဝလက်တွဲဖော်တွေ အဖြစ် အသိအမှတ်ပြုအောင် လို့လေ ဒါကြောင့် တခြားဝတ်စုံ ဝတ်ဆင်ခွင့်မရှိဘူး ဒီကပေးတဲ့ ရိုးရာဝတ်စုံပဲ ဝတ်ရတာ"

ရိပေါ် စကားကြောင့် ယွီပင်းက ဖြည့်ပြီး မေးလိုက်ပါတယ်

" ဒီဓလေ့ထုံးစံကို ဘယ်အချိန်ကာလ လောက်ကစပြီး မိန်ကျားရွာလေးမှာ ကျင့်သုံးနေတာလဲ"

"သေချာအတိအကျတော့ မသိဘူး ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာတာ ကြာလှပြီ"

"ဒါဆိုရင် ဒီရွာက အရင်ကတည်း လိင်တူလက်ခံတာပေါ့"

"ရွာကလူတွေက ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပြီး လူကိုလူ လို့ပဲ သဘောထားတာလို့ ကျွန်တော်ကထင်တယ်"

"အကျွေးအမွေးက ရော ဘာကျွေးမှာလဲ ခုချိန်ထိ ပြင်ဆင်ထားတာ မတွေ့လို့"

စားမယ်သောက်မယ် လို့ ရည်ရွယ်ထားတဲ့ ယွီပင်းက မေးလိုက်တာပါ

"အကျွေးအမွေး အစီအစဉ် မပါဘူးအခုမှ ဘဝစမယ့် လက်တွဲဖော်တွေကို ပွဲတက်မယ့်ထဲက ကံထူးတဲ့သူ ရွာခံ ၉အိမ် ကို လက်ထပ်ပွဲမ တိုင် ခင်  ရွေးချယ်ပေးထားတာ အဲဒီ ၉အိမ်က လက်မထပ်ခင်နေ့၊ လက်ထပ်ပွဲနေ့၊ လက်ထပ်ပြီးနောက်နေ့ ၃ရက်စာ ကြင်စဦးတွေအတွက် မနက်စာ နေ့လည်စာ ညနေစာ တာဝန်ယူပေးရတယ် ကျန်တဲ့သူတွေကလည်း လက်ထပ်ပွဲနေ့မှာ ကိုယ်တတ်နိုင်သလောက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ငွေသားလက်ဖွဲ့ထည့်ဝင်ရတယ် ကောင်းချီးပေးတဲ့သဘောပေါ့ ဒါက ကြင်စဦးလူသားနှစ်ယောက်ကို မလိုအပ်ဘဲ မကုန်ကျ မပင်ပန်းရအောင် ဘဝခရီးဖြောင့်ဖြူးအောင် အားလုံးက ဝိုင်းပြီး ပံ့ပိုးပေးတဲ့ သဘောပဲ"

"အဲလိုဆို ငါတို့က ဘာမှ မစားရ မသောက်ရတော့ဘူးပေါ့"

"မဟုတ်လည်း လူတိုင်းကနေ့တိုင်း စားသောက်နေကြတာကိုး ဘာလို့ ကြင်စဦးတွေကို ကျွေးခိုင်းရမှာလည်း ဒါက ရွာရဲ့ ထုံးစံပဲ"

"ဒါဆို လူပျိုည Bachelor Night ပါတီရော"

"အဲဒါလည်း မရှိဘူး ဘာကြောင့်မရှိလဲ လက်ထပ်ပွဲရောက်ရင် တွေ့လိမ့်မယ်"

ရိပေါ်ရဲ့ ရှင်းပြချက်တွေကို ယွီပင်းကတော့ သဘောမကျသလို ဖြစ်နေပေမယ့် ရှောင်းကျန့်ကတော့ သဘောကျနေလေရဲ့

၁၀နာရီထိုးခါနီးပြီမို့ အကုန်လုံးက ဝတ်ပြုကျောင်းဆောင်ဘက်ကို လာခဲ့လိုက်ကြပါတယ် ခန်းမအကျယ်ကြီးမှာ ဘာဘုရားပုံတော်မှတော့ မရှိပါဘူး ဒါကြောင့် ရိပေါ်နားကပ်ပြီး

"ရိပေါ် ဘာထုံးတမ်းစဉ်လာနဲ့ မင်္ဂလာဆောင်မှာလဲဟင်"

"ရွာရဲ့ ထုံးတမ်းစဉ်လာအတိုင်းပါပဲ ဘယ်ဘာသာရေးနဲ့မှ မသက်ဆိုင်ပါဘူး ဘာသာရေးဆိုင်ရာ ဝတ်ပြုဆောင်တွေက သပ်သပ်ရှိတယ် ဒါက လက်ထပ်တဲ့အခါ အသုံးပြုတဲ့ခန်းမ လက်ထပ်ပွဲမှာ ရွာလူကြီးတွေကိုယ်တိုင် မင်္ဂလာဆောင်ပေးမှာ ကြည့်နေ"

အချိန်နီးကပ်လာတာမို့ သတို့သားနှစ်ယောက်ကို ခန်းမရှေ့ဘက်ကို ခေါ်လာခဲ့ကြပါတယ် ရွာလူကြီး ၃ယောက်က ရှေ့ကနေပြီး သူတို့ နှစ်ယောက်ကို သပြေခက်တွေနဲ့ အန္တရာယ်ကင်းအောင် ရွာရဲ့ နတ်ရေကန်လို့ သတ်မှတ်ထားတဲ့ ကန်က ရေနဲ့ နည်းနည်းစီ ပက်ဖြန်းပေးပါ တယ် ပြီးတာနဲ့ စံပယ်ပန်းကုံးနှစ်ကုံးစီကို စွပ်ပေးပါတယ် ပြီးတာနဲ့ သတို့သားနှစ်ယောက် ကို မျက်နှာချင်းဆိုင် စေပြီး လည်ပင်းက စံပယ်ပန်းကုံး တစ်ကုံးစီကို အပြန်အလှန် ချွတ်ပေးတာ အပြန်အလှန် ပြန်ဝတ်ပေးတာကို လုပ်ခိုင်းပါတယ် စံပယ်ပန်းကုံးလှဲနေတဲ့အချိန် ရိပေါ်က ရှင်းပြပါတယ်

"အဲဒါ ကောင်းတဲ့ကံ နဲ့ ဆိုးတဲ့ကံတွေကို မျှဝေခံစားသွားကြမယ်ဆိုတဲ့ အဓိပ္ပါယ်"

ပြီးတာနဲ့ ရွာလူကြီးက

"အသင်လူသားတို့ သင်တို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်နှစ်သက် မြတ်နိုးနေတာဆိုတာ ဟုတ်ပါသလား"

"ဟုတ်ပါတယ်"

"အသင်လူသားတို့ သင်တို့နှစ်ဦး ရဲ့ ကောင်းသည့်ကံ ဆိုးသည့်ကံ မျှဝေခံစားရန် အသင့်ဖြစ်ပါပြီလား"

"အသင့်ဖြစ်ပါပြီ"

"အသင်လူသားနှစ်ဦးတို့သည် လူ၊ စိတ်၊ ခန္ဓာ အလုံးစုံပေါင်းစည်း နေထိုင်ပေါင်းသင်းသွားရန် ကတိပြုနိုင်ပါသလား"

"ကတိပြုနိုင်ပါတယ်"

အဲဒီ ၃ခွန်းပဲ မေးပြီး သူတို့နှစ်ယောက်ရှေ့မှာ ရေဖန်ခွက်အကြည်အသေးလေး လာချလိုက်ပါတယ် ပြီးတာနဲ့ ဟောက်ရွှမ်းလက်ကိုတောင်းပြီး လက်သူကြွယ် ထိပ်ကို အပ်နဲ့ဖောက်ပြီး သွေးစက်တွေကို ခွက်ထဲချလိုက်ပါတယ် ပြီးတော့ စုန့်ကျိရန်ရဲ့ လက်ကိုလည်း အပ်နဲ့ဖောက်ပြီး သွေးစက်တွေကို စောစောက ခွက်ထဲကိုပဲ ထည့်လိုက်တာပါ ပြီးတော့ ဝိုင်နီတွေကို ခွက်ထဲထည့်ပြီး မွှေလိုက်ပါတယ်

"အသင်လူသားတို့နှစ်ဦး တစ်ဦးရဲ့ ကံကြမ္မာကို တစ်ဦးဆီပုံပေးပြီး လူစိတ်ခန္ဓာ အတူတကွပေါင်းသင်းနေထိုင်ကြရန် ကတိသစ္စာပြုပြီး သွေးသစ္စာကျိန်ဆိုနိုင်ပါသလား"

"ကျိန်ဆို နိုင်ပါတယ်"

"စိတ်ထဲက ကတိသစ္စာပြုပြီး ဒီသစ္စာတိုင်တည်ရမည့် သစ္စာရည်ကို တစ်ယောက်တစ်ဝက်စီ သောက်လိုက်ကြပါ"

ဟောက်ရွှမ်းနဲ့ကျိရန် သစ္စာရည်ကို ကုန်အောင်သောက်ပြီးတဲ့အချိန် ရွာလူကြီးက ကြေငြာပါတယ်

"ယခု လူသားနှစ်ဦးဟာ ကံကြမ္မာနတ်မင်းထံ သက်သေထားပြီး ဘဝလက်တွဲဖော် အဖြစ်တရားဝင် ပေါင်းသင်းနေထိုင်နိုင်ပြီ ဖြစ်ကြောင်း မိတ်သင်္ဂဟာ အပေါင်းကို ကြေငြာအပ်ပါတယ် သူတို့နှစ်ယောက်ကို ကောင်းချီး မင်္ဂလာအပေါင်း နဲ့ ပေါင်းစည်း နိုင်အောင် လက်ခုပ်ဩဘာသံများချီးမြှင့်လို့ ပေါင်းဖက်နိုင်အောင် ဖန်တီးပေးနိုင်ပါပြီ"

ရွာလူကြီးရဲ့ စကားအဆုံး လက်ခုပ်သံတွေ အများကြီးထွက်လာပါတယ် ယွီပင်းရဲ့ လက်ခေါက်မှုတ်သံတောင် ပါသေးတယ်

ပြီးတာနဲ့ ခန်းမထဲမှာ ထိုင်နေတဲ့သူတွေ ထဲက အလျှိုလျှို ထလာပြီး တစ်ချို့က ခန်းမရဲ့ အနောက်မှာရှိတဲ့ အခန်းလေးရဲ့မှာ ရွှေဆွဲကြိုးလေးတွေ သွားတားနေကြတာပါ  ရှောင်းကျန့်ရော ယွီပင်းရော စူးစမ်းနေမှန်းသိလို့ ရိပေါ်က ရှင်းပြပါတယ်

"အဲဒါ မင်္ဂလာဦး အခန်းရှေ့က ရွှေကြိုးတားတဲ့သူတွေက တားချင်တဲ့လူတိုင်း တားလို့မရဘူး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ စုံတွဲမှ ရတာ ဇနီးမောင်နှံဆိုရင် မိစုံဖစုံ သားစုံသမီးစုံရှိတဲ့သူမျိုး ၊ လိင်တူလက်ထပ်ထားတာဆိုရင်လည်း အနည်းဆုံး အိမ်ထောင်သက် ၃နှစ်ရှိပြီးမဖောက်မပြားနဲ့ သစ္စာရှိတဲ့သူမျိုးတွေမှ ရွှေကြိုးတားခွင့်ရှိတာ ရွှေကြိုးတားတဲ့သူကို ဘဝလက်တွဲဖော် နှစ်ဦးက အန်ပေါင်းပေးရတယ် နှစ်သစ်ကူးလိုမျိုး သူတို့က ဘဝသစ်ကို တူတူကူးဖြတ်ကြမှာမို့ တတ်နိုင်တဲ့အပေါ် မူတည်ပြီး အန်ပေါင်းပေးရတယ် ရွှေကြိုးတားတဲ့သူတွေက ဒီမင်္ဂလာဦးအခန်းက အိပ်ရာခင်း ခြင်ထောင်မွေ့ရာတွေကို ပြင်ဆင်ပေးထားရတာ သိမ်းလည်းသူတို့ပဲ သိမ်းဆည်းလျော်ဖွတ်ပြီး လက်ထပ်တဲ့သူတွေလက်ထဲ ကို လက်ဆောင်ထည့်ပေးရတာ"

"တကယ့်ကို ဆန်းပြားတာပဲ"

"ဟုတ်တယ် ဒီထက် ဆန်းကြယ်တာ လာဦးမယ် စောင့်ကြည့်"

အခုတောင် တော်တော်ဆန်းကြယ်တဲ့ ဓလေ့မို့ အံ့အားသင့်နေပါတယ် ဆိုနေမှ ဒီထက်အံ့အားသင့်ရဦးမှာတဲ့လား ခန်းမရှေ့ကနေ ခန်းမ
နောက် ကို ရွာခံတွေက ခေါ်လာပေးကြတာပါ ရွှေကြိုးတားကြတော့လည်း ပျော်ပျော်ပါးပါး စကြနောက်ကြနဲ့မို့ တကယ့်ကို ပျော်စရာ
ကောင်းပါတယ် မင်္ဂလာဦးအခန်းထဲကို သူတို့နှစ်ဦးဝင်သွားကြတော့ တံခါးပိတ် ပေးပြီးအားလုံးက ရွာဓလေ့ သီချင်းတစ်ပုဒ်ကို ဆိုပြီး သတို့သားနှစ်ဦးကို ဂုဏ်ပြုပေးကြပါတယ် ပြီးတာနဲ့ ရွာက လူကြီးသူမတွေက ပြန်သွားကြပါတယ် ကာလသားခေါင်းဆောင်နဲ့ လူငယ်တွေပဲ ကျန်ခဲ့တာပါ ကာလသားခေါင်းဆောင်က

"ကဲ ...ကဲ .... အထဲက သတို့သားနှစ်ယောက်ရေ လူစိတ်ခန္ဓာ အားလုံးပေါင်းစည်းဖို့ အချိန်ကြပါပြီ ကျွန်တော်တို့ကို ပထမသက်သေပစ္စည်းလေးများ အပြင်ကို ပြန်ပို့ပေးနိုင်ပါပြီ ခင်ဗျာ"

ကာလသားခေါင်းဆောင်ရဲ့ စကားကို ကြားလိုက်ပေမယ့် အဓိပ္ပါယ်ကို နားမလည်တာမို့ ရိပေါ်ဘက်ကို မေးငေါ့ပြီး ဘာလဲလို့ မေးလိုက်ကြပါတယ် ရိပေါ်ကတော့ ရီပြီး

"စောင့်ကြည့်လေ သိရမှာပေါ့လို့" သာအဖြေပေးပါတယ်

ဘာမှ မထူးလာတာမို့ ကာလသားခေါင်းဆောင်က ထပ်ပြောတာပါ

" သတို့သားဟောက်ရွှမ်း မင်္ဂလာပွဲ မတိုင်ခင်က ကျွန်တော် ရှင်းပြထားတယ်လေ အခုအပြင် မှာ အားလုံးက စောင့်နေကြပြီမို့ ပေါင်းစည်းကြောင်း သက်သေလေးတွေ အပြင်ကို မြန်မြန်ပို့ပါတော့"

ကာလသား ခေါင်းဆောင်ရဲ့ စကားအဆုံး ကန့်ထားတဲ့ သစ်သားတန်းအမြင့်ကြီးပေါ်ကနေ ကျော်ပြီး အဝတ်အစားတစ်ချို့ ကို အခန်းထဲက ပစ်လိုက်တာမို့ အပြင်ကို ပျံထွက်လာပါတယ်

အဝတ်တွေ အပြင်ကို ပစ်ပေးလာတာမို့ ကာလသားတွေက ဟေးခနဲ ဝိုင်းပြီးအားပေးကြပါတယ် အပြင်ရောက်လာတဲ့ အဝတ်တွေကို စစ်ကြည့်လိုက်တော့ သတိုးသားနှစ်ယောက် လက်ထပ်ပွဲမှာ ဝတ်တဲ့ ဝတ်စုံတွေ ဖြစ်နေပါတယ် ဝိုင်းပြီးစစ်ဆေးကြပြီး ကာလသားခေါင်းဆောင်က

"သတို့သားတို့ ပထမသက်သေတွေအားလုံး စုံလင်စွာ ရရှိပါပြီ ဒုတိယသက်သေ ကို ပေးပို့နိုင်ပါပြီ ခင်ဗျာ"

ဒီတစ်ခါတော့ သိပ်မစောင့်ရပါဘူး ပလတ်စတစ်နဲ့ အဝတ်ထုပ်အသေးလေးနှစ်ခု အပြင်ကို ပစ်ပေးလာတာပါ

ကာလသားတွေကတော့ ဝေး ဟေး ဟေးနဲ့ ထပ်အော်နေတာမို့ ယွီပင်းနဲ့ ရှောင်းကျန့်ပို အံ့ဩနေတာပါ ဒီတစ်ခါတော့ ရိပေါ်က ရှင်းပြပါတယ်

"ပထမ တစ်ခါတုန်းက သတိုးသားနှစ်ယောက်ဝတ် တဲ့ ဝတ်စုံတွေ ဒုတိယတစ်ခါကျတော့ အတွင်းခံတွေ အခုအထဲမှာ သတို့သားနှစ်ယောက် ကဘာမှမကျန်ဘူး မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေလောက်ပြီ ခုနက သောက်တဲ့သစ္စာရည်ထဲကို ထည့်တဲ့ ဝိုင်က သွေးသားစိတ်ဆန္ဒတွေကို အားပေးတယ်လေ ဒီအချိန်မှာ သူတို့နှစ်ယောက်က လူရော စိတ်ရော ခန္ဓကိုယ်ရော အားလုံးပေါင်းစည်းဖို့ အဆင်သင့်ပဲလေ"

"အိုးမိုင်ဂေါ့ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး"

"အခုကြုံဖူးပြီလေ ဒါကြောင့် ကျွန်တော်တို့ရွာက မိန်ကျားရွာဖြစ်နေတာပေါ့ ရွာမှာ မင်္ဂလာဆောင်သမျှက အစစ်အမှန်ကြီးပဲ ဟန်ဆောင် လက်ထပ်တာလုံးဝမရှိဘူး တစ်ယောက်ကို တစ်ယောက်က တကယ်သက်ဆိုင်ကြောင်း အများသိအောင် ပေါင်းဖက်နိုင်မှ ကျွန်တော်တို့ ရွာမှာ လက်ထပ်ပွဲလုပ်လို့ရမှာ"

ရိပေါ်စကားကြောင့် ယွီပင်းက ဝင်ထောက်ပါတယ်

"ရိပေါ်ကလည်း ဒီလိုမျိုး ပေါင်းဖက်ခိုင်းတာက တစ်မျိုးကြီးပဲ သိသာသိိစေ မမြင်စေနဲ့ဆိုတဲ့ စကားလည်းရှိနေသေးတာကို"

"အခုလည်း သိသာသိစေတာလေ ဘယ်မှာ မြင်နေရလို့လည်း ကျွန်တော်တို့ မိန်ကျားရွာက တစ်ခုပဲ နည်းနည်းပိုသွားတာ သိသာသိစေ မမြင်စေပေမယ့် သေချာရန်စီစဉ်ထားသည်လေ ဘယ်လိုလည်း ကျန့်ကော ကျွန်တော်တို့ရွာမှာ လက်ထပ်ပွဲလုပ်ချင်သေးရဲ့လားအများသိအောင် ပေါင်းဖက်ပြရမှာနော်"

ရှောင်းကျန့်မျက်နှာကို ခပ်တင်းတင်းစူးစိုက်ကြည့်ပြီး မေးလာတာမို့

"အောင်မာ လူမြင်ကွင်းမှာမှ မဟုတ်တာ ကိစ္စမရှိဘူး အများတင်မကဘူး တစ်ကမ္ဘာလုံးသိအောင်လည်း ပေါင်းဖက်ရဲပါတယ်  တခြားလူနဲ့တော့ မပြောတတ်ဘူး မင်းနဲ့ဆိုရင် ငါအသံအောင်တာ လူတွေသိသွားကြတာပေါ့"

ယွီပင်းက အဲဒီစကားကြားပြီး ပြောစရာ စကားလုံးတောင် ပျောက်ရှသွားပါတယ် ရှောင်းကျန့်ကော မပြောရဲတာကို မရှိဘူး

"ရိပေါ် ဒါဆို ငါတို့က ပြန်လို့ရပြီလား"

"အင်း အပြန်က လက်ဖွဲ့လက်ခံတဲ့လူငယ်အဖွဲ့မှာ ငွေသားလက်ဖွဲ့ပြီးရင် ပြန်လို့ရပြီ"

"သတို့သား နှစ်ယောက်ကရော ဘယ်အချိန်ပြန်ရမှာလဲ"

"သူတို့နှစ်ယောက်ကို နက်ဖြန် ညနေစောင်းရင် မိတ်ဆွေအပေါင်းအသင်းတွေက စောစောက ပစ်ထုတ်လိုက်တဲ့ မင်္ဂလာဝတ်စုံတွေနဲ့ လာကြိုရမှာ ပြီးရင် ရတဲ့လက်ဖွဲ့ငွေသားကို လက်ခံပြီး ရွာထဲကို လှည့်ပြီး ကျေးဇူးတင်ကြောင်း သူတို့က လှည့်ပြောရမှာ အဲဒါမှ လက်ထပ်မင်္ဂလာပွဲက အောင်အောင်မြင်မြင် ပြီးစီးမှာ"

ရိပေါ်ရဲ့ စကားအဆုံးမှာ ယွီပင်းကတော့ မှတ်ချက်ပေးပါတယ်

" တစ်မျိုးတော့လည်း ကောင်းပါတယ် ဒီမှာ လက်ထပ်ပွဲလုပ်ရတာ အေးချမ်းတယ် ဘာမှမပင်ပန်းဘူး ဘာ ပကာသနမှလည်း မပါဘူး အထူးသဖြင့် လက်ထပ်တဲ့သူတွေ မပင်ပန်းကြဘူးလေ ပကာသန မမက်ရင်တော့ ဒီလိုလေး အေးအေးချမ်းချမ်းနဲ့ လက်ထပ်ထိမ်းမြားတာလည်း ကောင်းတာပါပဲ"

ဟောက်ရွှမ်းတို့ လက်ထပ်မင်္ဂလာပွဲလေး အပြီးမှာ သူဒီရွာလေးမှာပဲ လက်ထပ်ပွဲကျင်းပမယ်လို့ ရှောင်းကျန့်ဆုံးဖြတ်လိုက်တာပါ ရိပေါ် မျက်နှာလေးကို ကြည့်ပြီးတော့ပေါ့
လက်ဖွဲ့ငွေ ထည့်ဝင်ပြီးတဲ့အခါမှာ ရိပေါ်က ယွီပင်းကို

"မင်း အရင် ပြန်နှင့်လိုက် အိမ်ရောက်ရင် ရေမိုးချိုးပြီး အသင့်စောင့်နေလိုက် အန်တီရှင်းရဲ့သား က လည်စရာ ပတ်စရာ နေရာတွေ လိုက်ပြပေးလိမ့်မယ်"

"မင်းတို့ကရော"

"ငါ ကျန့်ကောကို ခေါ်သွားပြစရာ နေရာတစ်ခုရှိလို့"

"ငါလည်း အဲဒါပဲ လိုက်ကြည့်မယ်လေ သူများမခေါ်နဲ့တော့လေ အားနာစရာကြီး တူတူပဲသွားကြမယ်လေ"

"မရဘူး အတွဲတွေကြားထဲ FA ကဘာလိုက်လုပ်မှာလဲ လိုက်လို့မရဘူး တောင်ပေါ်ကို Hiking သွားမလို့ ဟိုမှာ အိပ်စရာနေရာမရှိဘူး ကိုယ့်ဘာသာကိုယ် စခန်းချရမှာ နှစ်ယောက်စာပဲရှိလို့"

"မျက်နှာငယ်တယ် အတွဲမရှိတာ မျက်နှာငယ်တယ် ပြန်ရောက်ရင် တစ်ယောက်လောက်နဲ့ တွဲကိုတွဲဦးမယ်"

ယွီပင်းကို ထားခဲ့ပြီး နှစ်ယောက်သား Hikingအတွက်သင့်တော်မယ့် ဝတ်စုံတွေကိုလဲဝတ်ပြီး တောင်ပေါ်ကို Hiking ထွက်လာခဲ့တာပါ ရိပေါ်က ဘယ်တုန်းကတည်း စီစဉ််ထားမှန်းမသိဘူး သေချာတော့ ပြင််ဆင်ထားတာပါ ဝတ်ရမယ့်အဝတ်အစားကအစ ကျောပိုးအိတ်တွေ အဆုံး သူပဲစီစဉ်ထားတာပါ ရှောင်းကျန့်ကို ကျောပိုးအိတ် နည်းနည်းသေးတာပေးပြီး သူက ကျောပိုးအိတ်အကြီးလွယ်လို့ထွက်လာခဲ့ကြပါတယ်

မနက်၁၁ နာရီလောက်ကတည်းထွက်လာတာ ညနေ ၆နာရီလောက်မှ စခန်းချမယ့်နေရာကို ရောက်တာပါ
နေ့လည်စာကို မုန့်နဲ့ရေပဲ စားလာခဲ့တာမို့ နည်းနည်းမောသလိုတော့ရှိပေမယ့် အားကစားသမားများပီပီ ဒီလောက်ကတော့ ခံနိုင်ရည်ရှိကြပါတယ်

"ရိပေါ် နေရာလေးကတော်တော်လှတယ်နော်"

"ဟုတ်တယ် အခုတော့ စခန်းချဖို့ပြင်ဆင်လိုက်ဦးမယ်ပြီးရင် ဘာကြောင့်ခေါ်လာလဲ ရှင်းပြမယ်"

ပါလာတဲ့ပစ္စည်းတွေထုတ်ပြီး စခန်းချဖို့ပြင်ဆင်ပြီးချိန်မှာ နေဝင်ခါနီးတောင် ဖြစ်နေပါပြီ

"ကျန့်ကော လာဒီက တောင်ကြောလေးအောက်မှာ စမ်းချောင်းရှိတယ် ခြေလက်မျက်နှာသွားဆေးကြစို့"

"ငါ Toiletလည်းသွားချင်သေးတယ် ဘယ်လိုလုပ်ရမလဲ"

"စမ်းချောင်းနားမှာ ရှိတယ် နွေရာသီဆိုရင် Hiking Camping လာလုပ်တဲ့လူတွေများလွန်းလို့ တစ်ချို့ခရီးသွားတွေက စမ်းချောင်းထဲ အလေးအပေါ့ စွန့်ကြတာ ဒီချောင်းက ရွာဘက်ကိုလည်းရောက်တယ် ရွာက ချိုးရေအဖြစ်ဘဲသုံးတာ ဆိုပေမယ့် သဘာဝပတ်ဝန်းကျင် မညစ်ညမ်းရအောင် ရွာက တစ်ခါတည်း အိမ်သာတွေကို စခန်းချ Campလုပ်နိုင်တဲ့နေရာနားတွေမှာ ဆောက်ထားလိုက်တော့တာပါပဲ ရေတော့ ခပ်ထည့်ရမှာ လာသွားကြစို့ ကျန့်ကော"

ခြေလက်မျက်နှာဆေး နေတုန်းရိပေါ်က

"ကျန့်ကော ချောင်းထဲမှာ တစ်ပွဲတစ်လမ်းအကဲစမ်းကြမလား"

"မစမ်းဘူး တော်ကြာချောင်းထဲ မင်းပြောတဲ့  ဘာညာကွိကွတွေ မျောပါလာမှ ပြီးတော့ မှောင်စပျိုးနေပြီ ခြင်ကိုက်တယ် တော်ထဲက ခြင်တွေကိုက်ရင် ငှက်ဖျားဖြစ်လိမ့်မယ် မြန်မြန်လုပ် ပြန်စို့"

"မိုးလင်းရင်ရော..လင်းလင်းချင်းချင်းဆိုကောင်းတာပေါ့ ပြီးတော့ ဒီချောင်းရဲ့ အထက်ဘက်ကလူသူအရောက်အပေါက်မရှိတော့ ဘာညာကွိကွတွေ မျောပါလာမှာလဲ မစိုးရိမ်ရဘူးလေ"

"မရဘူး ချောင်းကဖြင့် ဒူးလောက်တောင်မရှိတာဘူး မတော်လို့ တစ်ယောက်ယောက်ကများလာပြီး ငါတို့လို Hikingထွက်လာရင် ဘယ်နားပေးပုန်းရ မှန်းမသိ ဟုတ်ပေ့ဖြစ်နေမယ်"

အကြောက်အကန်ငြင်းနေတဲ့သူကြောင့် ရိပေါ်  စိတ်ကူးထဲ ချစ်ကြည်နူးနေတုန်း လူတွေရောက်လာလို့ ပြေးပေါက်မှားနေတဲ့ပုံကို မြင်ယောင်မိပါတယ် ခြေလက်မျက်နှာဆေးပြီးတော့ လိုရမယ်ရ ရေတစ်ပုံးလောက်ပါ ခပ်ခဲ့ပြီး ပြန်ခဲ့ကြပါတယ် စခန်းချတဲ့နေရာမှာ ပါလာတဲ့ အသင့်သား အစားအသောက်တွေကို နွေး ကော်ဖီလေးဖျော်ပြီး နေ့လည်စာနဲ့ ညစာကို ပေါင်းပြီး အားရပါးရစားလိုက်ကြပါတယ် စားသောက်သိမ်းဆည်းပြီး မီးနားမှာ နှစ်ယောက်သား ထိုင်ခုံနဲ့ထိုင်ပြီး ခေါ်လာရတဲ့အကြောင်းအရင်းကို ပြောပြမိပါတယ်

"ကျန့်ကော ဘာလို့ ဒီခေါ်လာတယ်ထင်လဲ"

"မင်းအိမ်မှာ မကဲရလို့ တော်ထဲလာကဲမလို့ မလား"

"လုပ်ပြီ ကျန့်ကော က အရမ်းအမှန်တွေ ပြောတာပဲ ဒါပေမယ့် အဲဒါထက်ပိုတယ်"

"ပြောပြပါဦး"

"လက်ထပ်ပွဲ မတိုင်ခင်တစ်ရက်ရယ် လက်ထပ်ပွဲနေ့ရယ် လက်ထပ်ပြီးနေ့ရယ် အဲဒီ၃ရက်က ကြင်စဦးတွေဆီက ပေါင်းစည်းနိုင်ခြင်းဆိုတဲ့ ကောင်းတဲ့ကံတွေ ပျံနှံ့နေတဲ့အချိန်လေ တစ်ခြားလက်ထပ်ပွဲတွေမှာ သတို့သမီးလက်ထဲကပန်းစည်းရရင်ဖမ်းမိိတဲ့သူက မကြာခင်လက်ထပ် ရတယ်ဆိုတဲ့ အယူအဆလိုမျိုးပဲ ရွာမှာက အဲဒီ၃ရက်အတွင်း ချစ်ခင်ရသူတဲ့ ခက်ခဲတဲ့ခရီးလမ်းကို အတူလျောက်နိုင်တာမျိုး အခက်အခဲတွေကို အတူရင်ဆိုင်တာမျိုးလုပ်နိုင်ရင် အဲဒီချစ်သူစုံတွဲက အခက်အခဲရှိရင်တောင် ရိုးမြေကျ ပေါင်းဖက်နိုင်တယ်လို့ ယုံကြည်ကြတယ် ဒါကြောင့် ကျွန်တော်ဒီကို ခေါ်လာတာ အခု ခက်ခဲတဲ့ခရီးလမ်းကို အတူလျောက်ပြီးသွားပြီ ကြောက်စရာတောနက်ထဲမှာ ဖြစ်လာနိုင်မယ့် အခက်အခဲတွေကို အတူရင်ဆိုင်ကြမယ်လေ ဒါမှ ကျွန်တော်တို့ ရိုးမြေကျ ပေါင်းဖက်နိုင်မှာလေ"

"ဪ ဒါကြောင့်ကိုး ဒါပေမယ့် ဒီနေရာက ဒီလောက်အေးချမ်းပြီး လှပနေတော့ ကြောက်စရာလည်းမဟုတ်ဘူး လာရတဲ့ခရီးကလည်း လမ်းလျှောက်လာရတာလွှဲရင် သိပ်ကြမ်းကြမ်းတမ်းတမ်း မှ မဟုတ်တာ ငါတို့ ခက်ခဲတဲ့ ခရီးလမ်းလို့ ယူဆလို့ရပါ့မလား"

"ရတာပေါ့ ဒီနေရာက လှပေမယ့် မြွေပေါတယ် ညမြွေလာနိုင်တယ်လေ ဒါလည်း အခက်အခဲပဲ ပြီးတော့ တောထဲတောင်ထဲ တစ်ခြားအကောင်တွေလည်း ရှိရင်ရှိမှာပေါ့ ခရီးသွားရာသီဆိုရင် လူအများကြီးလာကြတော့ လူသံတွေကြောင့် အကောင်ပလောင် တွေ မလာတာနေမှာပေါ့"

"ဘယ်လိုလုပ်မလဲ ငါကြောက်လာပြီ"

"နည်းလမ်းရှိတယ်လေ လူသံကြားရအောင် ကျွန်တော်တို့ နှစ်ယောက်အတူ အမြဲလုပ်နေကြ Love Exercies လေး လုပ်လိုက်ရင် လူသံကြား တော့ တောကောင်တွေ မလာတော့ဘူးပေါ့"

"နောက်ဆုံးတော့ ဒီဘူတာ ဆိုက်တာပါပဲ ရိပေါ်ရယ်"

"လာ တောကောင်တွေ မလာအောင် အချိန်ရှိခိုက် လုံ့လစိုက်ကြစို့"

Continue Reading

You'll Also Like

655K 33.1K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
181K 18.6K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
3.2M 66.9K 136
Here you can read countless variations or the exact same characters Kohei Horikoshi has created. Maybe you're curious to who your perfect MHA...
19.7K 1.7K 15
Original Name: 美丽的战士(The Beautiful Warrior) Original Author: SpicyRoastDuck Start date - December 1.2023(Friday) Ending date- Mar 11.2024(Monday)