Never (ဘယ်တော့မှ) Zawgyi -1

647 16 0
                                    

ရှောင်းကျန့်က အိမ်မှာ မောင်နှမ ငါးယောက်ရှိတဲ့အထဲမှာ အငယ်ဆုံးလည်းဖြစ် ယောက်ျားလေးလည်း ဖြစ်တာကြောင့် အလိုလိုက်ခံရတယ့်ကလေးပါ မိန်းကလေးတွေကြီးမွေးနေတာမို့ သားယောက်ျားလေး မရမချင်း ကလေးထပ်ယူရင်းကနေ ရှောင်းမားမား အသက် (၄၃)နှစ်ကျော်မှ ကလေးထပ်ရတာမို့ သက်ကြီးကိုယ်ဝန်သည်တွေရဲ့ ထုံးစံအတိုင်း လမစေ့ခင် ၇လမပြည့်ခင် မွေးဖွားခဲ့တာ ကြောင့် ၃လလောက်ကျော် ၄လနီးပါးက ဖန်ပေါင်းချောင်ထဲမှာ အသက်ဆက်ခဲ့ရတာပါ တစ်မိသားစုလုံး မျက်ရည်နဲ့ မျက်ခွက် ၄လနီးပါး တငိုငိုတရီရီဖြစ်ပြီး လက်လွှတ်ရတော့မှာလိုလို ခဏခဏ ကြုံတွေ့ခဲ့ရပြီးမှ ပြန်ကောင်းလာတဲ့ကလေးမို့ အားလုံးက အကုန်လုံးက သနားချစ်နဲ့ချစ်ခံရပါတယ်

အလိုလိုက် အကြိုက်ဆောင်ထားကြပါတယ် အစ်မအကြီး ရှောင်းကျန်းလီ နဲ့ ဆို အသက် ၁၃နှစ်ကွာတာမို့ အစ်မကြီးက လည်း ဘာဖြစ်ဖြစ် ရှောင်းကျန့်သဘော အမအငယ်ဆုံး ရှောင်းရှင်းလီ နဲ့တောင် ၂နှစ်ပဲကွာတယ်ဆိုပေမယ့် မကြာခဏရန်ဖြစ် စကားများ လုတတ်ပေမယ့် မမငယ် ရှင်းလီကလည်း နောက်ဆုံးတော့ ရှောင်းကျန့်ကို အလျော့ပေးတတ်စမြဲပါ

ရှောင်းပါးပါးက ရှောင်းကျန့်လေးမွေးပြီးမှ စီးပွါးအရမ်းတက်လာပြီး ပေကျင်းမှာ ကုမ္ပဏီထောင်ထား နိုင်တဲ့အပြင် ပေကျင်းမှာ အိမ်ဝယ်ထားနိုင်တဲ့ အခြေအနေဖြစ်လာပေမယ့် ရှောင်းမားမားက မွေးရပ်မြေကနေ မပြောင်းချင်တာမို့ ပေကျင်းကို မကြာခဏလိုက်သွားလိုက် ရှောင်းပါးပါး က ပြန်လာလိုက်နဲ့မို့ အိမ်မှာ ခရီးအမြဲ သွားလာတတ်သူ ရှိနေတော့ အိမ်ဆူရင် အိမ်မှာ ငိုယိုဂျီကျနေရင် ခရီးသွားနေရတဲ့သူ ထိခိုက်တတ်တယ်ဆိုတဲ့ အယူရှိတာကြောင့် လည်း ရှောင်းကျန့်ကို ကျန့်ကျန့် ကျန့်ကျန့်လေးဆိုပြီး နှုတ်ခမ်းတချက်စူတာနဲ့ အားလုံးက အလျော့ပေးတတ်ကြတာပေါ့

ဒါကြောင့် ရှောင်းကျန့်ဘဝက ပျော်စရာကြီးလို့အားလုံးက ထင်ထားကြတာပါ ဒါပေမယ့်ရှောင်းကျန့် မပျော်ပါဘူး ရှောင်းကျန့်က ညီလေး ဒါမှမဟုတ် ညီမလေးလိုချင်တာ အစ်ကိုကြီးလုပ်ချင်တာ ရှေ့ဆောင်လမ်းပြ ဆရာကြီးလုပ်ချင်တာ ရှောင်းမားမားကလည်း သားကြောဖြတ်လိုက်ပြီမို့ ကလေးထပ် မွေးလို့ မရတော့ အငယ်ဆုံးဖြစ်နေပြီး ဘယ်သူ့ကိုမှ ဆရာလုပ်လို့မရဘူးပေါ့

NeverWhere stories live. Discover now