Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[40]

388 17 6
By --KO--

[Unicode]

TV ဖန်သားပြင်ထက်က သတင်းကြေညာသူထံတွင် ခေါင်းစီးပိုင်းမှပါလာသည့် သတင်း။ စစမြင်လိုက်ရခြင်းတွင် ရှင်း သူ့မျက်လုံးများနှင့် အကြားအာရုံကပင် ချို့ယွင်းသွားပြီလားဟု သံသယဝင်မိသည်။ သို့သော်ငြား ၎င်းသတင်းမှာကား အမှန်ပင်ဖြစ်လေသည်။ KK Company ရဲ့ပိုင်ရှင်အသစ်နေရာမှာ Alex  ဆိုတဲ့နာမည်က အထင်းသား။ မသိပါလျှင် ကျောက်သားနံရံထက်မှာ ထွင်းထုထားသည့် စာလုံးများအတိုင်း ၎င်းသည်လည်း မပျက်မယွင်း ပိုမိုထင်းရှားလာလျက်ရှိသည့် အသွင်ဖြင့်။

" ရူးသွားပြီလား "

TV ကိုကြည့်ရင်း ရှင်း၏အမျက်ဒေါသမှာ ငယ်ထိပ်တက်သွားလေတော့သည်။ တိမ်ယံဆင့်၏ အခန်းထဲအလောတကြီး ဝင်သွားလိုက်ပြီး ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဆင့်ကို လှုပ်နှိုးလိုက်သည်။ အနည်းငယ်လှုပ်ရွလာသော်လည်း ဆင့်၏ မျက်လုံးများကတော့ ပွင့်မလာခဲ့ပေ။

" တိမ်ယံဆင့် .... မင်းမထလာရင် ငါရေဖျန်းလိုက်တော့မယ် "

အမှန်တစ်ကယ်တော့ ဆင့် နိုးနေခဲ့တာ ကြာပြီဖြစ်လေသည်။ တမင်တကာမထချင်၍သာ အိပ်ချင်ယောင်ဆောင်နေ‌ခဲ့သော်လည်း ရှင်းကပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တဲ့ စရိုက်ရှိတာကြောင့် အိပ်ယာထဲမှာ စက္ကန့်အနည်းငယ် လူးလိမ့်လိုက်ရင်း အသံပေးလိုက်သည်။

" မင်းနောက်ခါကျရင် ငါ့အခန်းထဲမဝင်လာခင် တံခါးခေါက်လို့ရမလား "

သို့သော် လေပြေရှင်းက မကြားချင်ယောင်ဆောင်လိုက်ပြီး သူသိချင်တာကိုသာ မေးမြန်းလာခဲ့ပါသည်။

" KK ရဲ့ ရှယ်ယာတွေကိုဝယ်ပြီး မင်းဘာလုပ်ချင်‌နေတာလဲ "

" ငါပြောပြရင်ကော မင်းက ဘာတက်နိုင်မှာလဲ "

" ငါမေးတာကိုပဲ ဖြေစမ်းပါ ဆင့်.... မဟုတ်မှလွှဲရော..... "

ရှင်း ဆက်ပြီး မစဉ်းစားရဲပါချေ။ သူ့သူငယ်ချင်းက အရာအားလုံးကို ဝါးမြိုပစ်မည့် နတ်ဆိုးတစ်ကောင်လိုမျိုး ပြောင်းလဲသွားမှာကို အတွေးထဲမှာတောင် ရှင်း တွေးမကြည့်ရဲဘူး။

သို့သော် တိမ်ယံဆင့်မှာ လေပြေရှင်း၏ အတွေးပုံရိပ်ထဲမှ စကားတို့ကို သူ့နှုတ်ခမ်းများနှင့် တစ်လုံးချင်းပြောလာခဲ့သည်။

" ပြဒါးရံကိုတောင် ငါကအလွတ်မပေးတာကို ။ သူတန်ဖိုးထားတဲ့ KK ကိုဆိုရင် ပိုပြီးတော့တောင် ဖျက်ဆီးသင့်တာ မဟုတ်ဘူးလား "

" ဒါပေမယ့် KK နဲ့ဘာမှမဆိုင်ဘူးလေ။ KK ကိုမှီခိုနေတဲ့ အလုပ်သမားတွေ ထောင်သောင်းများစွာရှိတယ်။ သူတို့ရဲ့ အနာဂတ်ကတော့ မင်းမစဉ်းစားတော့ဘူးလား "

" ငါဂရုမစိုက်ဘူး...... ငါ့အနာဂတ်ပျက်ဆီးသွားတုန်းကကော ဘယ်သူ ဂရုစိုက်ပေးဖူးခဲ့လဲ "

ဆင့်ဟာ သက်ပြင်းချလိုက်ပြီး လေပြေရှင်းထံ ပြောလာခဲ့ပါသည်။

" ရှင်း တစ်ကယ်လို့များ ငါ့နေရာမှာ မင်းဆိုရင် ဘယ်လိုလုပ်မှာလဲ "

" ငါ....ငါ "

ရှင်းတစ်ယောက် ဘယ်လိုပြန်ဖြေရမလဲ မသိခဲ့ပါချေ။ စကားအလုံးစုံဟာ ထစ်ငေါ့နေခဲ့ပြီး လေသံမှာ တိုးတိမ်ဖျော့ရော့နေလျက်သားဖြင့် သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မိသည်။ အကယ်၍ ဆင့်နေရာမှာဆိုရင် သူ့ရဲ့တုန့်ပြန်မှုတွေကကော ဘယ်လိုဖြစ်နေခဲ့မလဲ ။ ဆင့်နဲ့ထပ်တူ ဝမ်းနည်းရသည်မှာ မှန်ကန်သောသစ္စာဖြစ်သော်လည်း သူဟာ ကာယကံရှင်ကိုယ်တိုင်မဟုတ်သည့်အတွက် အကျွင်းမဲ့တော့ တိမ်ယံဆင့်ကို နားလည်ပေးနိုင်မည်မဟုတ်ခဲ့ပေ။ ဘယ်လောက်ပဲ ထပ်တူခံစားနာကျင်ရပါတယ်ပြောပြော ဆင့် လောက်တော့ သူက နာကျင်ရဦးမည်တဲ့လား

" မင်းမဖြေနိုင်တော့ဘူးလား "

လေပြေရှင်းမှာ အသံတိတ်နေလျက်သား

" ငါရှေ့ဆက်တိုး‌နေဦးမှာ ဘယ်သူမှငါ့ကိုတားလို့မရဘူး။ မင်းဆိုရင်တောင်မှမရဘူး "

" ငါမင်းကိုတားနေတာမဟုတ်ဘူး ဆင့် ။ ဖြောင့်ဖြနေတာ.... တချိန်ချိန်မှာ မင်းကိုယ့်ကိုကိုယ် ပြန်အပြစ်တင်နေတာမျိုး ငါမမြင်ချင်လို့ "

" ငါအိပ်ချင်သေးတယ်။ မင်းခဏလောက် ထွက်သွားပါလား "

ဆင့် အလိုရှိရာအတိုင်း လေပြေရှင်းမှာ ဘာကိုမှဆက်မပြောတော့ဘဲ တိတ်တဆိတ်ထွက်လာလိုက်လေသည်။  အမှန်တစ်ကယ်တော့ ဆင့် ဆက်မအိပ်ချင်တော့ပါ။ သူဟာ ရှင်း နဲ့ဆက်ပြီး စကားများနေမှာဆိုးသည့်အတွက် တမင်စကားလမ်းကြောင်း လွှဲလိုက်ခြင်းဖြစ်သည်။ TV တွင် ပါလာသည့် KK ၏သတင်းမှာ အမှန်တကယ်ဆိုလျှင် တစ်ပါတ်တိတိလောက် နောက်ကျပြီဖြစ်လေသည်။ ပိုင်ရှင်အသစ် ပြောင်းလဲသွားသည့်ကိစ္စကို ရုတ်တရက်ကြေညာလိုက်လျှင် အတော်လေးပွဲစည်သွားမှာ ဆိုးရိမ်တဲ့အတွက် တစ်စွန်းတစ်စသာ သတင်းလွှင့်ထားပြီး တစ်ပါတ်လောက်ကြာတော့မှ အတိအလင်းကြေညာခဲ့တာဖြစ်သည်။ သို့သည့်တိုင် လူတိုင်းအားလုံးမှာ KK ရဲ့ပိုင်ရှင်အသစ်အား နာမည်သာကြားဖူးပြီး မျက်နှာမမြင်ဖူးဘဲ ရှိနေကြလေတော့သည်။ဤသည်မှာ လူလုံးထွက်မပြသော တိမ်ယံဆင့် ကြောင့်ပေ။

တစ်နေကုန်အခန်းထဲက အခန်းပြင်မထွက်သော ပြဒါးရံကြောင့် ယွန်းဟေမီမှာလည်း စိုးရိမ်စိတ်တို့ ဒီရေအလား တရိပ်ရိပ်မြင့်တက်လာလျက်သာ ရှိလေသည်။ ယွန်းဟေမီတစ်ယောက် အခန်းအပြင်ကနေ တံခါးခေါက်လိုက်ပြီး သူမမောင်ကို အဆက်မပြတ်စကားတွေ ပြောနေခဲ့သည်။

" ရံလေး.... အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုဦးလေ။ အခန်းထဲမှာဘဲ တစ်နေကုန်နေမနေနဲ့ "

" ........ "

သို့သော်ပြဒါးရံဟာ သူမထံဘာကိုမှ တုန့်ပြန်မလာခဲ့ပေ။ နောက်ဆုံး၌ ယွန်းဟေမီတစ်ယောက် သက်ပြင်းချပြီး ထိုနေရာမှ ထွက်ခွာသွားခဲ့ပါသည်အထိ အခန်းထဲမှလူဟာ ကန်‌ေရပြင်အလာ တိတ်ဆိတ်ငြိမ်သက်နေလျက်သား။

ကုတင်ဘေးက ကြမ်းပြင်ပေါ် ထိုင်ချရင်း ပြဒါးရံ၏ အတွေးများမှာ ဟိုတစ်စဒီတစ်စ ပြန့်ကြဲနေခဲ့ကာ နေရောင်ခြည်ခပ်နွေးနွေးက မှန်တံခါးမှတစ်ဆင့် ပြဒါးရံ၏ ခန္ဓာကိုယ်တစ်ဝက်ပေါ်သို့ ဖျာကျနေခဲ့သည်။ အရမ်းကြီး ပူမနေခဲ့ပါသလို အရမ်းကြီးလည်း အေးလွန်းမနေခဲ့။ ပြဒါးရံ၏ အမူအယာမှာလည်း ခန့်မှန်းလို့မရအောင် ငြိမ်သက်နေလျက်သား။ ထို့နောက် ထိုသူဟာ လေဟာနယ်ထဲ လက်လှမ်းလျက် ခေတ္တမျှရပ်တန့်နေခဲ့ပြန်သည်မှာ သူ၏စိတ်ကူးထဲတွင် ပုံဖော်ထားသည့် တိမ်ယံဆင့်၏ ပုံရိပ်ယောင်အား လက်နှင့်ခပ်ဖွဖွ ထိတွေ့နေပါသည့်အလား။ တစ်နည်းတစ်ဖုံး အထီးကျန်စဖွယ်ကောင်း နေခဲ့သလို ၊တစ်နည်းဖြင့်လည်း သနားချင်စဖွယ်ကောင်းနေခဲ့ပြန်ပါသည်။

" I only one call away.......  "

ပြဒါးရံတစ်ယောက် ဟိုစမ်းဒီစမ်းလုပ်လိုက်ပြီး အသံမြည်နေသော သူ့ဖုန်းကို ရှာတွေရန်ကြိုးပမ်းလိုက်ရလေသည်။ ထို့နောက်အကျွမ်းတဝင်ရှိစွာ ဖုန်းကိုင်လိုက်ပြီး တစ်ဖက်လူစကားပြောလာသည်ကို အသာတကြည် နားထောင်လိုက်သည်။

" ကျွန်တော်ပါ စုံစမ်းခိုင်းထားတဲ့ ကိစ္စက..... "

" အခြေအနေဘယ်လိုရှိလဲ "

ပြဒါးရံဟာ စိတ်မရှည်စွာ မေးမြန်းလိုက်ပါသည်။

" ခြေရာခံမိပေမယ့် ကျွန်တော်တို့ရောက်တဲ့ချိန်မှာ သူမရှိတော့ဘူး "

" ဘယ်အချိန်ထိ ဆင်ခြေတွေပဲတင်ပြနေမှာလဲ။ နှစ်နှစ်တောင်ကြာပြီ အခုထိ မဖမ်းနိုင်သေးဘူးလား "

ပြဒါးရံမှာ စိတ်တိုလွန်းသဖြင့် အော်ဟစ်လိုက်ပါတော့သည်။

" တောင်းပန်ပါတယ်။ သူ့နောက်မှာလည်း နောက်ခံကောင်းကောင်းရှိပုံရတယ် "

" တစ်လအတွင်း အဲ့သတင်းထောက်ကို ငါ့ရှေ့ခေါ်မလာနိုင်ရင် မင်းတို့အားလုံးအလုပ်ပြုတ်ပြီလို့ မှတ်လိုက်တော့ "

ဖုန်းချလိုက်ပြီးနောက်တွင်တောင်မှ ပြဒါးရံဟာ ဒေါသထွက်နေဆဲဖြစ်သည်။ သူ့အနေဖြင့် လွန်ခဲ့တဲ့နှစ်တွေတုန်းက မိမိတို့သတင်းကို ဖြန့်ခဲ့သော သတင်းထောက်အား ယနေ့ထိတိုင် လိုက်လံစုံစမ်းနေဆဲဖြစ်ပါသည်။ ဆင့်နဲ့ မိမိတို့၏ဘဝနှစ်ခုလုံးကို တစမကျန်ဖျက်ဆီးသွားသော ထိုသတင်းထောက်အား အသေရရ၊ အရှင်ရရ မတွေ့,တွေ့အောင်ရှာပြီး ထိုသူ၏နောက်ကွယ်မှာရှိတဲ့လူရဲ့ အညွန့်ကိုရိုက်ချိုးပစ်နိုင်ရန်အတွက်ပင် ဖြစ်သည်။ ထို့နောက် တိမ်ယံဆင့်ကြေနပ်တဲ့ထိ ဒူးထောက်ခိုင်းထားမည်ဖြစ်ကာ နောက်ဆုံး၌ "ကျေးဇူးပြုပြီး သတ်ပေးပါဟု "ကိုယ်တိုင်ကိုယ်ကျ  တောင်းဆိုလာသည်အထိ ဒုက္ခခံခိုင်းဦးမည်ဖြစ်သည်။  သို့သည့်တိုင် ၎င်းမှာ ပွတ်ကာသီကာဖြင့် မကြာခဏလွတ်မြောက်နေခဲ့လေသည်။

မတ်တပ်ရပ်လိုက်ပြီး ပြဒါးရံ အခန်းအပြင်သို့ထွက်ကာ မီးဖိုချောင်ထဲက ရေကိုသွားသောက်ရန် ဟန်ပြင်လိုက်သည် ။ ပုံပန်းသဏ္ဌာန်မှာ အလွန်တည်ငြိမ်နေလျက် လျောလျောရှုရှုပင် သွားလာနေခဲ့လေသည်။ ပြဒါးရံအဖို့ ဒီအိမ်ထဲ၌နေခဲ့ရသည့်ရက်များမှာ မရေမတွက်နိုင်အောင် များပြားနေခဲ့သည့်အတွက် အိမ်ထဲရှိအရာဝတ္ထုများသာမက နေရာတွေအကုန်လုံးကို ရင်းနှီးအကျွမ်းတဝင်ရှိနေခဲ့လေသည်။ ထို့ကြောင့် အိမ်ထဲမှာဆိုလျှင် သူ့အတွက်အခက်အခဲဆိုတာ မရှိပေ။ အရာအားလုံးဟာ လွယ်ကူနေခဲ့သည်ပေ။

ရေသောက်ပြီးနောက်တွင် အပေါ်ထပ်ရှိအခန်းတစ်ခန်းဆီသို့ ပြဒါးရံ ဆက်သွားလေပြီး လှေကားထှစ်များအား အမူအယာကင်းစွာ ဆက်လက်ကျော်ဖြတ်နေခဲ့သည်။ သူ၏ပုံစံမှာ အလွန်တရာ ရင်းနှီးကျွမ်းဝင်နေပါသလို။ အချိန်ခဏအကြာမှာ အပေါ်ထပ်ရှိ အခန်းတစ်ခန်းထဲသို့ ပြဒါးရံ ဝင်သွားခဲ့ပြန်ပါသည်။

ဒီအခန်းထဲမှာရှိနေလျှင် ပြဒါးရံ၏ စိတ်အခြေအနေမှာ ပို၍မွန်းကြပ်လာတတ်ပြီး ရင်ဘတ်ကနှလုံးခုန်နှုန်းများမှာလည်း စည်းချက်ပျက်ကာ ကပြောင်းကပြန်ဖြစ်မြဲတိုင်းပေ။ ရင်ခွင်မှာစိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းကို ဆွဲနှုတ်ဖို့မစွမ်းသာ သကဲ့သို့ ထိုဆူး၏ ဘေးဒဏ်ကို အန္တရာယ်ရှိမှန်းသိသိ ဆက်လက်ထားရစ်ရန် ပြဒါးရံရွေးချယ်ထားခဲ့ပါသည်။ ထိုဆူးလေးမှာ ဒီအတိုင်း စိုက်ဝင်နေရုံမျှဆိုလျှင် အဆင်ပြေနေပါသေးသည်။ သို့သည့်တိုင် ၎င်းမှာ ညစဉ်တိုင်းကို အိမ်မရအောင် နှောက်ယှက်နေခဲ့ပါသည့်အပြင် နေ့အခါတွင်လည်း ကံကြမ္မာဆိုးတစ်ခုလို ညှင်းပန်းနှိပ်စက်နေပါတော့သည်။ တုံးအလွန်းသူ ပြဒါးရံမှာ နာကျင်နေမှန်းသိသိနှင့် ထိုစိုက်ဝင်နေသော ဆူးအားတယုတယ ထိန်းသိမ်းထားနေခဲ့သည်မှာ မိမိအားအန္တရယ်ပေးရန်အသင့်ဖြစ်နေသော တိမ်ယံဆင့်အား အမြတ်တနိုးယုယကြင်‌နာ နေပါသည့်အတိုင်းပင်။

မည်သို့ပေဆိုစေကာမူ ပြဒါးရံတစ်ယောက် လွန်ခဲ့တဲ့ သုံးနှစ်လုံး တစ်ရက်မှမပျက်ကွက်ဘဲ နေ့စဉ်ရက်ဆက်ထိုအခန်းထဲကို လာခဲ့ဖူးသည်။ နှိပ်စက်နေသည့်ဝေဒနာများက သူ့အသက်ကိုပင် ယူသွားပါစေ သူဟာနောင်တွင်လည်း အစဉ်အလာမပျက် လာမြဲလာနေဦးမည်ဖြစ်ပါသည်။ အကြောင်းမှာ ဆင့်နဲ့ ပက်သက်လေသမျှအရာအားလုံး ဒီအခန်းထဲမှာ သူသိမ်းဆည်းထားသောကြောင့်ပေဖြစ်သည်။

အခန်းထဲသို့ ဝင်လိုက်ခြင်းမှာတင် တိမ်ယံဆင့်၏ အငွေ့အသက်များက မိမိထံအား ထိတွေ့ကလူနေပါသည့်နှယ်။ တစ်ချိန်က ပြောခဲ့ဖူးသည့် စကားပေါင်းမြောက်များစွာဟာလည်း ယခုချိန်ထိ မိမိနားထဲကို တိမ်ယံဆင့်ကိုယ်တိုင် တိုးညှင်းစွာလာပြောနေပါသည့် ခံစားချက်အတိုင်းပင်။ ထို့ပြင် ကုတင်ခေါင်းရင်းမှာရှိတဲ့ ကြီးမားလှသည့် ပန်းချီကားအား လက်ချောင်းများနှင့် အသာအယာထိတွေ့လိုက်ပြီး နောက်ဆုံးတွင် မျက်နှာကိုအပ်လျက် လက်ငါးချောင်းမှာ ပန်ချီကားပေါ်မှာ ပြေးလွှားနေခဲ့ပါတော့သည်။ တစ်ချိန်တုန်းက တိမ်ယံဆင့်၏ အငွေ့အသက်များ ပြည့်နှက်နေခဲ့ပါသည့်တိုင် အခုတော့ ဗလာကျင်းနေသည့် စက္ကူဖြူတစ်ရွက်အလား။

ပန်းချီကားတစ်ချက်ရယ် အတိတ်တုန်းက တိမ်ယံဆင့်ပြောခဲ့ဖူးတဲ့ စကားအချို့ရယ် မကြာခဏပြန်လည်တမ်းတရင်း  သူ့ဘဝမှာပုံသေအတိုင်း ရှေ့ဆက်သွားနေသည်ဖြစ်သည်။ ဒီအိမ်ကြီး၏သော့ကို တစ်ခါတုန်းက ဆင့်လက်ထဲ သူကိုယ်တိုင် ထည့်ပေးဖူးခဲ့ပါသည့်တိုင် ပိုင်ရှင်ပျောက်နေသည့် စံအိမ်ကြီးအား သူသည်မှာ အိမ်စောင့်အဖြစ် လာရောက်ထိန်းသိမ်းနေခြင်းပေ။ အကယ်၍ဆင့်သာ ပြန်လက်ခံမည်ဆိုပါက ဒုတိယအကြိမ် အိမ်သော့ကို တိမ်ယံဆင့်လက်ထဲထည့်၍ အိမ်ပေါ်မှ ငြင်းဆန်ခြင်းမရှိ ဆင်းခဲ့မည်ဖြစ်သည်။

ပြဒါးရံ၏ လွမ်းဆွတ်တမ်းတမှုများမှာ တိမ်ယံဆင့်၏ အမုန်းတရားများနှင့် နှိုင်းယှဉ်လိုက်လျှင် ရေစုန်နဲ့ရေဆန်ပမာ ဦးတည်ချက်များက ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သို့သည့်တိုင် ဘယ်လောက်ဘဲ ဒူးထောက်အရှုံးပေးထားပါစေ ထပ်ခါတလဲလဲ အနိုင်လိုချင်ကြတာ လူတွေရဲ့သဘာဝပဲ မဟုတ်ပါလား။ အရှုံးပေး၍ အလံဖြူပြထားရင်တောင် အနိုင်လိုချင်သူအတွက်တော့ ဟာသတစ်ခုအဖြစ် လှောင်ရယ်ခံရလိမ့်မည်ဖြစ်သည်။

ကြီးမားသည့် အဆောက်အအုံအတွင်းမှာ လူပေါင်းများစွာ ရှိနေခဲ့ကြသော်လည်း အခုတော့ဖြင့် တစ်စပြင်ပမာ တိတ်ဆိတ်ငြိမ်သက်မှု လွှမ်းမိုးချုပ်ကိုင်နေပါတော့သည်။ ရေခဲပြင်ပေါ် လမ်းလျှောက်နေရသည့်နှယ် လူအားလုံးမှာ သတိကြီးကြီးကပ်၍ တုပ်တုပ်မျှပင် မလှုပ်ရဲကြ။ အနည်းငယ်လှုပ်ရှားလိုက်ရုံမျှဖြင့် ခြေချထားသော ရေခဲပြင်မှာ အက်ကွဲကြောင်းများအပြည့်ဖြင့် ပြိုကွဲသွားမည်ကို ကြောက်ရွံ့ထိတ်လန့်နေသည့်အတိုင်းပါပေ။

" လာနောက်နေတာလား  ဆိုင်ခွဲတွေကနေ တစ်ရက်တစ်ရက်ဝင်နေတဲ့ ငွေတွေက နည်းတာမဟုတ်ဘူး။ ပြီးတော့ တစ်ဆိုင်နှစ်ဆိုင် ပိတ်ခိုင်းတာလည်းမဟုတ် ၊ ဆိုင်ပေါင်း ၅၀၀၀ ကျော်ကို ၊၅၀၀၀‌ ကျော်တောင်  "

အဆင့်အတန်းမြင့်မားလှသည့် အစည်းအဝေးခန်းမှာ ဒေါသထွက်နေသည့် ယောက်ျားတစ်ယောက်၏ အော်ဟစ်ပြောဆိုမှုများ အပြည့်လွှမ်းမိုးနေခဲ့လေသည်။ ထို့အပြင်တစ်ဆက်ထဲ၌ တစ်ယောက်တစ်ပေါက် တီးတိုးပြောဆိုနေကြသည့် စကားသံများလည်း အပါအဝင်ဖြစ်သည်။

" တိတ်စမ်း !  "

သည်းမခံနိုင်တော့သည့်နောက်တွင် တိမ်ယံဆင့်၏ စူးစူးဝါးဝါးအ‌မိန့်ပေးသံကြောင့် အစည်းအဝေးခန်းမှာ တမှုတ်ခြင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဘာကိုမှဂရုမစိုက်သည့် ပုံသဏ္ဌာန်ဖြင့် တိမ်ယံဆင့်မှာ ရာထူးအကြီးဆုံးလူသာထိုင်ရသည့် ထိုင်ခုံထက်တွင်ထိုင်ရင်း ထပ်မံမေးခွန်းထုတ်လာခဲ့သည်။

" ငါ့အမိန့်ကို ဖီဆန်ချင်တာလား "

ကျန်သူများမှာ မျက်နှာမကောင်းကြပေ။

" သုံးရက်အတွင်း အဲ့ဆိုင်တွေအကုန်လုံးကိုပိတ်ပစ် "

သို့သော် တိမ်ယံဆင့်၏ တစ်ဖက်သက်အမိန့်တွေအား သည်းမခံနိုင်သည့် တစ်ယောက်မှာ ဝင်ပြောလေသည်။

" Alex  ! အခုလုပ်နေတာ company ရဲ့နစ်နာမှုတွေကို လက်ယက်ခေါ်လိုက်သလိုပဲ "

" ခင်ဗျားက ကျွန်တော့်ကို ပြန်သင်ပေးနေတာလား "

ထိုသူမှာ ပါးရိုက်ခံလိုက်ရသလို စကားလုံးများနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ဘာပြန်ပြောရမလဲမသိ ဖြစ်သွားကာ မျက်နှာမှာ ချက်ချင်းနီရဲလာတော့သည်။ ဒေါသထွက်နေသည့် ဆင့်၏အသံမှာ လေထုအလယ် ဆက်လက်ပျံ့နှံ့သွားပြန်သည်။

" အခုပြောတာတွေအကုန်လုံးက ဆွေးနွေးတိုင်ပင်နေတာမဟုတ်ဘူး။ အမိန့်ပေးနေတာ။ အမိန့်ကိုမနာခံနိုင်ရင် ခင်ဗျားတို့ရှယ်ယာတွေကို ရောင်းပြီး ထွက်သွားကြ "

တိမ်ယံဆင့်၏ အာဏစက်ကြောင့် ဘယ်သူမှဆက်လက်မဖိန်ဆန်‌ရဲတော့ဘဲ အစည်းအဝေးဟာ ထိုအတိုင်းပင် ပြီးဆုံးသွားခဲ့သည်။ သို့သော် လူအချို့ကတော့ ကွယ်ရာမှာ အပြစ်တင်ဝေဖန်ဖို့ မမေ့လျော့ခဲ့ကြပေ။

" သူရူးနေတာလား။ သူ့ရည်ရွယ်ချက်က ဒီ company ကြီးတစ်ခုလုံးကို ပျက်ဆီးစေချင်နေတာလား။ အခု ပြည်တွင်းမှာရှိတဲ့ ဆိုင် ၅၀၀၀ နောက်ကျတော့ကော ဘာတွေထပ် ပိတ်ချင်သေးတာလဲ "

စောစောက တိမ်ယံဆင့်နှင့်အပြိုင် အငြင်းပွားခဲ့သောသူသည် မကြေနပ်ချက်မှာကို အစည်းအဝေးခန်းထဲက ထွက်လာသည့်အခါ၌ ထပ်မံပေါက်ကွဲနေတော့သည်။

" စိတ်ထိန်းပါ... ကျွန်တော်တို့ရဲ့ ရှယ်ယာတွေက သူနဲ့ယှဉ်လိုက်ရင် အရမ်းနည်းတာလေ။ ဘယ်လိုလုပ် သူပြောသမျှကို မနာခံလို့ ရမှာလဲ "

" ဟွန့် "

ထိုသူမှာ လေတစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်နှာမသာမယာဖြင့် ထွက်သွားလေသည်။ ထိုသူ့အား အတက်နိုင်ဆုံး ဖြောင့်ဖြနေသော လူမှာလည်း အလျင်အမြန် ပြေးလိုက်သွားသည်။

နောက်ရက်ပိုင်းအတွင်းတွင် သတင်းဌာနအသီးသီး၌ KK ၏ ဆိုင်ခွဲများအားလုံး ဖျက်သိမ်းလိုက်သော သတင်းမှာ မိုးမီးလောင်နေသည့်နှယ် အဆက်မပျက် တင်ဆက်ခြင်းခံနေရလေသည်။ လူတိုင်း၏ပါးစပ်ဖျားမှလည်း နားမလည်နိုင်သည့် ပဟေဠိပေါင်းများစွာနှင့်အတူ ထိုကိစ္စကို အာဂုံဆောင်းထားပါသည့်အတိုင်း လူပြောများလျက် ရှိနေခဲ့သည်ပင်။ သတင်းခေါင်းစဉ်မှာမူ " KK Company၏ ပိုင်ရှင်အသစ် Alex ဖြစ်သူမှာ နိုင်ငံတွင်းရှိ KK နှင့်သက်ဆိုင်သော ဆိုင်ခွဲများအားလုံး ဖျက်သိမ်းခြင်း " ဟူ၍ပင်ဖြစ်လေသည်။

ဟိုးလေးတကျော်ဖြစ်နေသော သတင်းများကြောင့် မာယာသစ္စာမှာ KK သို့ ရောက်ရှိလာပြီး CEO ရုံးခန်းတံခါးကို ဆွဲဖွင့်လျက် စားပွဲထံသို့ အရှိန်ပြင်းပြင်း ရိုက်ချလိုက်ပါသည်။ မျက်နှာမှာ အလွန်ဒေါသထွက်နေပါသဖြင့် သူမ၏အလှအပများပင် အစရှာမရလေအောင် ပျောက်သွားလေတော့သည် ။သို့သော် တိမ်ယံဆင့်ကတော့ လုပ်နေသည့်အလုပ်ကိုသာ အာရုံစိုက်နေခဲ့ပြီး သူမကိုတော့ ရှိသည်ဟုတောင်မထင်ချေ။ ထို့ကြောင့် သူမပြန်ရလိုက်သည်မှာ တိမ်ယံဆင့်၏  အဆုံးစွန်ထိ လျစ်လျူရှုနေမှုများဖြစ်သည်။

" ပြန်ရုတ်သိမ်း ! "

" မလုပ်ချင်ဘူး "

Laptop သုံးနေရင်း ပုံမှန်လေသံဖြင့် မာယာသစ္စာထံ ပြန်ဖြေလိုက်သည်။

" တိမ်ယံဆင့် ! ......ဒီတိုင်းဆက်သွားရင် KK ကမကြာခင် ပျက်ဆီးတော့မှာ "

" ကျွန်တော် လိုချင်တာလည်း အဲ့တာပဲ "

မာယာသစ္စာမှာ ထိုစကားကြောင့် ပြောစရာများ ပျောက်ရှသွားရလေသည်။ တစ်ချိန်လုံး အဖြေရှာနေသော ပုစ္ဆာမှာ နောက်ဆုံးတော့ အဖြေပေါ်သွားခဲ့ပြီ။ တိမ်ယံဆင့် ပြန်လာတဲ့ရည်ရွယ်ချက်က KK ကို ဖျက်ဆီးပစ်ဖို့ပေါ့လေ။ သူမ ရိပ်မိလိုက်ပါတော့သည်။ KK ကို ကယ်တင်ဖို့ ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်တော့ဘူး ဆိုတာတွေကိုပေါ့။ KK ဟာ ကျောက်ဆောင်ကို တိုက်မိသွားတဲ့ သင်္ဘောတစ်စင်းလို တစ်ဖြည်းဖြည်းနစ်မြုပ်လာတာကို ရပ်ကြည့်နေရုံမှအပ မည်သူကမှတတ်နိုင်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ထိုသင်္ဘောမှာ ရေအောက်တွင် ထာဝရနစ်မြုပ်ပျောက်ကွယ်သွားသည့်အတိုင်း KK လည်း ဒီလောကထဲကနေ ပျောက်ကွယ်သွားဖို့ ရက်တွေနီးလာပြီဆိုတာကိုလည်း မာယာသစ္စသိလိုက်ပါသည်။ မာယာသစ္စာက သူမ၏ဒေါသကိုပြန်ထိန်းချုပ်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ဆိုလာသည်။

" ကျွန်မကလည်း ဒီ company ရဲ့ ရှယ်ယာရှင်တစ်ယောက်ပဲ။ နောက်ခါ အစည်းအဝေးလုပ်ရင် ကျွန်မကိုအသိပေးဖို့ မမေ့ပါနဲ့ "

တိမ်ယံဆင့်ဘက်က မည်သည့်အမှုအယာမှာ မတုန့်ပြန်လာသည့်အပြင် သူမလည်း စကားပြောပြီးသည်နှင့် ချက်ခြင်းထွက်သွားတော့သည်။

ဆိုင်ပေါင်း ၅၀၀၀ကျော်ကို ဖျက်သိမ်းလိုက်ခြင်းသည် KK အားလုံးဝ မပြိုလဲသွားစေသော်ငြား ခြေထောက်တစ်ချောင်း ရိုက်ချိုးလိုက်သလို ဟန်ချက်ပျက်ယွင်းသွားစေမည်မှာ အသေအချာပင်။  နောက်ထပ်ဘာတွေထပ်လုပ်ရမလဲ ဆင့်ခေါင်းထဲမှာ အကုန်လုံးတွေးခေါ်ပြီးသားပင်။

မာယာသစ္စာနှင့်ထပ်တူ ယွန်းဟေမီလည်း ထိုသတင်းကြားပြီး အလွန်တုန်လှုပ်သွားခဲ့လေတော့သည်။ ပြဒါးရံအား အတက်နိုင်ဆုံး ဖုံးကွယ်ထားရန်ကြိုးစားလိုက်သော်လည်း သူမမောင်မှာ TV ဖွင့်ပြီး သတင်းနားထောင်ရန်ကြံနေသောကြောင့် ပြဒါးရံလက်ထဲက remote  ကို ဆွဲလုလိုက်သည်။

" မမဟေမီ ဘာဖြစ်လို့လဲ ကျွန်တော် သတင်းနားထောင်ချင်လို့ပါ "

" ဟို....ဟိုလေ TV က ပျက်နေတာ ။ မမပြင်ဖို့မေ့သွားလို့ "

" ရပါတယ် ကျွန်တော့်အခန်းထဲက TV နဲ့ပဲ သွားနားထောင်လိုက်ပါ့မယ် "

" ရံ ....ရံလေး "

" ဗျာ "

" မီးပျက်နေတယ် ရံလေး "

ယွန်းဟေမီက main ချလိုက်ပြီးနောက် ဆက်ပြောလေသည်။

" မမနဲ့အတူ ကမ်းခြေဘက်သွားကြမလား "

အချိန်အတော်အတန် စဉ်စားလိုက်ပြီး အင်း တစ်လုံးသာ အဖြေပြန်ပေးလေသည်။

တလိမ့်လိမ့်တက်လာတဲ့ ရေလှိုင်းများက ပြဒါးရံ၏ခြေထောက်ကို မကြာခဏ လာရောက်ထိတွေ့နေလေသည်။ ယွန်ဟေမီမှာလည်း သူ့လက်တစ်ဖက်ကို ချိတ်ထားပြီး လမ်းလျှောက်ရတာ အဆင်ပြေအောင် ကူညီပေးနေသည့်အပြင် သူမပျင်းရအောင် စကားတွေအများကြီးပြောပေးနေခဲ့သည်။ ‌နားစည်ကိုမကြာခဏ တိုးဝင်လာတဲ့ ရေသံများအပြင် လေတိုးသံခပ်ညှင်းညှင်းကိုလည်း ကြားနေရသေးသည်။ စိတ်အသင်္ချေမှာ လွတ်လပ်ပေါ့ပါးနေခဲ့သည့်တိုင် ခြေလှမ်းများကတော့ လေးပင်နေခဲ့ကာ ရှေ့ဆက်လျှောက်ဖို့တောင် အားအင်ကုန်ခမ်းသည်အထိ အရာအားလုံးဟာ ပြဒါးရံအတွက် ခက်ခဲနေပါသည့်အလား။

" မမဟေမီ သူအဆင်ပြေရဲ့လား "

အရှိန်ပြင်းသည့် လေများနှင့်အတူ ယွန်းဟေမီထံ ကျရောက်လာသည့် ပြဒါးရံ၏ စကားတစ်ခွန်း။

" ဘယ်... ဘယ်သူလဲ "

ယွန်းဟေမီ အမှန်တကယ်တာ့ ဘယ်သူ့ကိုရည်ညွှန်း၍ မေးသလဲဆိုတာသိနေခဲ့ပါသည်။ သို့သော်သူမဟာ မသိကျေးကျွံပြု၍ ပြန်ဖြေလိုက်ပါသော်လည်း စကားအလုံးစုံမှာ မသိစိတ်အလျှောက် ထစ်ငေါ့သွားရသည်။

" ဆင့် လေ "

ပြဒါးရံ၏ နှုတ်ခမ်းတစ်ဖက်မှာ အပေါ်ဘက်သို့ တွန့်ကွေးသွားလေသည်။

" ရံလေး အပြင်ထွက်လာတာ အရမ်းကြာနေပြီ မမတို့အိမ်ထဲပြန်ဝင်ကြရအောင် "

":ဆက်ပြီး စကားလမ်းကြောင်းမလွှဲပါနဲ့တော့။ ကျွန်တော်အကုန်သိထားပြီးသား။ ဆင့် ပြန်ရောက်လာပြီဆိုတာကို "

" ရံလေး ဖြစ်နိုင်ရင်လေ မင်းသူ့ကိုမေ့ပစ်လိုက်ရင်ကောင်းမယ် "

ယွန်းဟေမီဟာ အလွန်ဝမ်းနည်းနေသောအသံဖြင့် ပြဒါးရံထံတိုးဖွဖွလေး ပြောလာခဲ့ပါသည်။

" မမဟေမီသိပါတယ်။ ကျွန်တော်အဲ့လိုမလုပ်နိုင်ဘူးဆိုတာ "

" သူမင်းကိုအရမ်းမုန်းနေတယ် "

" ကျွန်တော်ရိပ်မိပါတယ် "

ပြဒါးရံမှာ ပြုံးနေဆဲပင်။ သို့သော်ငြား ယွန်ဟေမီမှာတော့ ဆန့်ကျင်ဘက် ဝမ်းနည်းနေခဲ့သည်။

" ကျွန်တော်သိချင်တာက သူအဆင်ပြေရဲ့လား ဆိုတာလေးပါပဲ "

စက္ကန့်အနည်းငယ်ကြာတော့ ယွန်းဟေမီက သူမပါးပေါ်က မျက်ရည်များကို တိတ်ဆိတ်စွာ သုတ်လိုက်ပြီး အဖြေပြန်ပေးလာခဲ့သည်။

" သူအဆင်ပြေပါတယ် "

ထိုအဖြေကြောင့် ပြဒါးရံမှာ ပိုလို့ပြုံးလာခဲ့လေသည်။

နောက်သုံးလေးရက်အကြာတွင် တိမ်ယံဆင့်၏ လုပ်ရက်များက ပိုလို့ဆိုးဝါးလာလေသည်။ ရှယ်ယာရှင်များမှာလည်း ခေါင်းငုံ့လျက် သူပြောသမျှကို နာခံကြရသည်ချည်းသာ။ မာယာသစ္စာပါ အပါအဝင်လေ။

TV မှာပါလာသည့် Alex ၏ မပြီးဆုံးနိုင်သည့်သတင်းများမှာ _

" မင်္ဂလာပါရှင် အခုတင်ဆက်ပေးသွားမှာကတော့ KK ရဲ့ ပိုင်ရှင်အသစ်တဲ့ Alex  ဟာ ယနေ့မနက်ပိုင်းကပဲ အစည်းဝေးပြုလုပ်ခဲ့ပြီး ကနေဒါ၊ ပြင်သစ်  ၊ အီတလီတို့မှာရှိတဲ့ company  ခွဲတွေကို ပိတ်သိမ်းလိုက်ကြောင်းပဲ ဖြစ်ပါတယ်။ ဝန်ထမ်းများအားလုံးကိုတော့ လျော်ကြေးငွေ ငါးနှစ်စာပေးကာ အလုပ်ထုတ်ပစ်လိုက်ပြီး ၎င်းတို့ကို ယာယီပိတ်သိမ်းကြောင်း မဟုတ်ဘဲ အပြီးတိုင် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပါတယ်ရှင် "

" ဟုတ်ကဲ့ အခုလတ်တလော KK ရဲ့အခြေအနေကတော့ စိုးရိမ်စရာပါပဲ။ Alex က ဘာတွေလုပ်ချင်နေတာလဲ ဆိုတာ ဘယ်သူမှခန့်မှန်းလို့ မရကြပါဘူး။ သေချာတာကတော့  company  ရဲ့အတွင်းပိုင်းမှာ တစ်ခုခုတော့ ဖြစ်နေကြပြီထင်ပါတယ် ။ "

ယွန်းဟေမီမှာ လက်ထဲ၌ကိုင်ထားသော ရေခွက်ပင် ထိုသတင်းကြောင့် လွတ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားလေတော့သည်။ သတိပြန်ဝင်လာချိန်တွင် သန့်ရှင်းရေးလုပ်ဖို့  တံမြတ်စည်းယူရန် အနောက်လှည့်လိုက်ချိန်၌ .....

" ရံလေး "

ယွန်းဟေမီခမျာ စိုးရိမ်ပူပန်မှုများအပြည့်

" အကုန်ကြားသွားတာလား "

" Alex  ဆိုတာ တိမ်ယံဆင့်လား "

ခန့်မှန်းဖို့ရာအတွက် အရမ်းကြီးလည်း ခက်ခဲမနေပါချေ။ ဆင့်က သူအရာအားလုံးကိုဖျက်ဆီးပစ်မည်ဟု ကျုံးဝါးထားသည်မဟုတ်ပါလား။ ပြဒါးရံအဖို့ ပထမဆုံးစဉ်းစားမိသည်က တိမ်ယံဆင့်ဖြစ်နေသည်မှာ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပေ။ ဤသည်မှာ ပြဒါးရံ၏ ခန့်မှန်းခြေသက်သက်မျှသာ ဖြစ်သော်လည်း အတွင်းစိတ်ထဲတွင်တော့ မဟုတ်ပါစေနဲ့ဟု ဆုတောင်းမိနေဆဲပင်။ သို့သော် ယွန်းဟေမီထံမှ ထွက်လာပါသော စကားတို့သည် ပြဒါးရံ၏ နှလုံးအိမ်ကို ဓားနဲ့ထိုးနေသည့်နှယ်

" ဟုတ်တယ် "

" ဒါဆို KK ရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့တာက ဆင့်ပဲလား "

ဖုံးကွယ်ထားလျှင်လည်း တချိန်ချိန်မှာပေါ်လာမယ့် အမှန်တရားပဲ မဟုတ်ပါလား။ ယွန်းဟေမီလည်း ပြဒါးရံကို ဆက်ပြီးမလိမ်ချင်တော့ပေ။

" အင်း "

ခေါင်းငြိမ့်လျက် သူမဟာပြန်ဖြေလေသည်။

" ကျွန်တော့်ကြောင့်ပါ.... ဆင့်က ဒီလိုမျိုးပြောင်းလဲသွားခဲ့တာ အားလုံးကျွန်တော့်ကြောင့်ပါပဲ။ "

" မဟုတ်ဘူး....မဟုတ်ဘူး....ရံလေး။ ရံလေးကြောင့် မဟုတ်ပါဘူး။ ရံလေးမှာလည်း ရွေးချယ်စရာမရှိခဲ့ဘူးလေ အားလုံးက တိမ်ယံဆင့်ကို ကာကွယ်ဖို့လုပ်ခဲ့တာကြီးပဲ မဟုတ်လား။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ "

" သူပြောခဲ့တယ်....KKနဲ့ကျွန်တော့်ကို လုံးဝချမ်းသာမပေးဘူးတဲ့ "

အက်ရှကြမ်းတမ်းနေပါသည့် အသံလှိုင်းသည် လေထုထဲတွင် ကူကယ်ရာမဲ့စွာဖြင့် သွားလာနေခဲ့သည်။

" ကြည့်ရတာ KK ကိုဖျက်ဆီးပြီးသွားရင် သူကျွန်တော့်ဆီ ရောက်အောင်လာမယ်ထင်တယ် "

" ရံလေး... "

ပြဒါးရံနာမည်ကို ခေါ်လိုက်သော်လည်း သူမမှာ မည်သို့နှစ်သိမ့်ပေးရမလဲ မသိခဲ့ပေ။ အရာရာဟာ တစစီကျကွဲသွားပါသည့် ဖန်ကွဲစများလို အလွန်အမင်း အန္တရာယ်များလွန်းလှသည် မဟုတ်ပါလား။

တစ်ပါတ်လောက်ကြာသည်အထိ ပြဒါးရံ၏ စိတ်အခြေအနေက ပုံမှန်အတိုင်း ပြန်မကောင်းမွန်လာသေးပေ။ ယွန်းဟေမီမှာတော့ စီးပွားရေးလုပ်ငန်းအသေးစားကို လုပ်ကိုင်နေပါသဖြင့် ပြဒါးရံအား အချိန်ပြည့် အချိန်မပေးနိုင်တော့ပါ။ ဒီရက်ပိုင်း ပြဒါးရံတစ်ယောက် TV ဖွင့်လျက် မကြာခဏဆိုသလို တိမ်ယံဆင့်၏ သတင်းတွေကို နားထောင်ဖြစ်လေသည်။ စိတ်ချမ်းသာစရာများ မဟုတ်သော်လည်း တစ်စထက်တစ်စ ‌အခြေအနေဆိုးဝါးလာသော KK၏ ပုံရိပ်ကို သူမှန်းကြည့်ရုံဖြင့် သိနိုင်သည်။ အချို့ရှယ်ယာရှင်တွေကတော့ သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချပြီး ထွက်ခွာသွားကြသည်။

တိမ်ယံဆင့်အခန်းအဖြစ် ရည်ရွယ်ထားပါသော အခန်းအတွင်းသို့ ပြဒါးရံအချိန်ကုန်နေသည်မှာ မနက်အစောပိုင်းထဲပင် ဖြစ်လိမ့်မည်ပင်။ ခပ်နွေးနွေးနေရောင်ခြည်ကို ခံစားမိနေရုံသာမက နှလုံးသားတစ်စုံဟာလည်း နွေးထွေးနေပါတော့သည်။ ရှားရှားပါးပါးပင် ပြဒါးရံ၏ စိတ်အခြေအနေဟာ အိမ်အောက်ဘက်မှ ရရှိလာသော ပန်းနံသင်းသင်းနှင့် ပင်လယ်လေညှင်းတို့၏ အငွေ့အသက်ကြောင့် အနည်းငယ်ပျော်မြူးလာဟန် ရှိနေခဲ့လေသည်။

သက်ပြင်းချသံအဆုံးတွင် ပြဒါးရံဟာ ထိုင်ခုံပေါ်စိတ်လွတ်လက်လွတ် ထိုင်ချလိုက်သည်။ ထို့ပြင် ခွင့်မတောင်းဘဲ တိုးဝင်လာသည့် ရင်းနှီးနေကြ ကိုယ်သင်းနံ့တစ်ခုကို အာရုံခံစားမိလိုက်လေသည်။ ပြဒါးရံထင်ထားသည်က မမှားလျှင် ဒီအခန်းထဲမှာ ဒုတိယလူတစ်ယောက် ထပ်ရှိနေလိမ့်မည်ဖြစ်သည်။

" ဆင့်လား "

ပြဒါးရံတစ်ယောက် အသံပြုလျက် ချက်ခြင်းမေးမြန်းလိုက်ပါ၏။

" ကျွန်တော်အချိန်ကိုက် ရောက်လာပါ့မလားလို့ စိတ်ပူနေတာ "

တိမ်ယံဆင့်၏ အသံမှာ ပြဒါးရံ နောက်ကျောက်ဘက်မှ ထွက်ပေါ်လာလေသည်။

" ခုချိန်လောက်ဆို သူတို့လွှင့်နေလောက်ရောပေါ့ "

" ဘာကိုလဲ ? "

ပြဒါးရံမှာ ဘာကိုမှသိမနေခဲ့ပေ။ တိမ်ယံဆင့် ဘာတွေပြောနေလဲဆိုတာကိုလည်း သူနည်းနည်းလေးမှ နားမလည်ခဲ့။ အေးစက်သည့် လေထုနှင့် လိုက်ဖက်ညီစွာ နောက်ကျောမှနေ၍ တိမ်ယံဆင့်က ပြဒါးရံကို သိုင်းဖက်လာလေသည်။ ပုခုံးပေါ်မေးထောက်ထားကာ  လက်တစ်ဖက်က ပြဒါးရံ၏ မေးဖျားကိုဆုပ်ကိုင်လာပြီး ကျန်လက်တစ်ဖက်က TV remote ကို မြဲမြံစွာ ဖမ်းဆုပ်ထားသည်။ ထို့နောက်နားဆီကပ်ကာ စွဲစွဲငင်ငင်ပြောလာသော တိုးဖွသည့် တေးသံသာလို စကားတစ်ခွန်း။

" သေချာနားထောင်ကြည့် ခင်ဗျားအတွက် အထူးပြင်ဆင်ထားတာ "

ထိုအသံလေးမှာ အလွန်သာယာနေခဲ့သည့်တိုင် ပြဒါးရံမှာတော့ အကြောက်တရားတစ်စွန်းတစ ခိုအောင်းလာခဲ့တော့သည်။

___________________________

[Zawgyi]

TV ဖန္သားျပင္ထက္က သတင္းေၾကညာသူထံတြင္ ေခါင္းစီးပိုင္းမွပါလာသည့္ သတင္း။ စစျမင္လိုက္ရျခင္းတြင္ ရွင္း သူ႔မ်က္လုံးမ်ားႏွင့္ အၾကားအာ႐ုံကပင္ ခ်ိဳ႕ယြင္းသြားၿပီလားဟု သံသယဝင္မိသည္။ သို႔ေသာ္ျငား ၎သတင္းမွာကား အမွန္ပင္ျဖစ္ေလသည္။ KK Company ရဲ႕ပိုင္ရွင္အသစ္ေနရာမွာ Alex  ဆိုတဲ့နာမည္က အထင္းသား။ မသိပါလွ်င္ ေက်ာက္သားနံရံထက္မွာ ထြင္းထုထားသည့္ စာလုံးမ်ားအတိုင္း ၎သည္လည္း မပ်က္မယြင္း ပိုမိုထင္းရွားလာလ်က္ရွိသည့္ အသြင္ျဖင့္။

" ႐ူးသြားၿပီလား "

TV ကိုၾကည့္ရင္း ရွင္း၏အမ်က္ေဒါသမွာ ငယ္ထိပ္တက္သြားေလေတာ့သည္။ တိမ္ယံဆင့္၏ အခန္းထဲအေလာတႀကီး ဝင္သြားလိုက္ၿပီး ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ဆင့္ကို လႈပ္ႏႈိးလိုက္သည္။ အနည္းငယ္လႈပ္႐ြလာေသာ္လည္း ဆင့္၏ မ်က္လုံးမ်ားကေတာ့ ပြင့္မလာခဲ့ေပ။

" တိမ္ယံဆင့္ .... မင္းမထလာရင္ ငါေရဖ်န္းလိုက္ေတာ့မယ္ "

အမွန္တစ္ကယ္ေတာ့ ဆင့္ ႏိုးေနခဲ့တာ ၾကာၿပီျဖစ္ေလသည္။ တမင္တကာမထခ်င္၍သာ အိပ္ခ်င္ေယာင္ေဆာင္ေန‌ခဲ့ေသာ္လည္း ရွင္းကေျပာရင္ ေျပာတဲ့အတိုင္းလုပ္တတ္တဲ့ စ႐ိုက္ရွိတာေၾကာင့္ အိပ္ယာထဲမွာ စကၠန႔္အနည္းငယ္ လူးလိမ့္လိုက္ရင္း အသံေပးလိုက္သည္။

" မင္းေနာက္ခါက်ရင္ ငါ့အခန္းထဲမဝင္လာခင္ တံခါးေခါက္လို႔ရမလား "

သို႔ေသာ္ ေလေျပရွင္းက မၾကားခ်င္ေယာင္ေဆာင္လိုက္ၿပီး သူသိခ်င္တာကိုသာ ေမးျမန္းလာခဲ့ပါသည္။

" KK ရဲ႕ ရွယ္ယာေတြကိုဝယ္ၿပီး မင္းဘာလုပ္ခ်င္‌ေနတာလဲ "

" ငါေျပာျပရင္ေကာ မင္းက ဘာတက္ႏိုင္မွာလဲ "

" ငါေမးတာကိုပဲ ေျဖစမ္းပါ ဆင့္.... မဟုတ္မွလႊဲေရာ..... "

ရွင္း ဆက္ၿပီး မစဥ္းစားရဲပါေခ်။ သူ႔သူငယ္ခ်င္းက အရာအားလုံးကို ဝါးၿမိဳပစ္မည့္ နတ္ဆိုးတစ္ေကာင္လိုမ်ိဳး ေျပာင္းလဲသြားမွာကို အေတြးထဲမွာေတာင္ ရွင္း ေတြးမၾကည့္ရဲဘူး။

သို႔ေသာ္ တိမ္ယံဆင့္မွာ ေလေျပရွင္း၏ အေတြးပုံရိပ္ထဲမွ စကားတို႔ကို သူ႔ႏႈတ္ခမ္းမ်ားႏွင့္ တစ္လုံးခ်င္းေျပာလာခဲ့သည္။

" ျပဒါးရံကိုေတာင္ ငါကအလြတ္မေပးတာကို ။ သူတန္ဖိုးထားတဲ့ KK ကိုဆိုရင္ ပိုၿပီးေတာ့ေတာင္ ဖ်က္ဆီးသင့္တာ မဟုတ္ဘူးလား "

" ဒါေပမယ့္ KK နဲ႔ဘာမွမဆိုင္ဘူးေလ။ KK ကိုမွီခိုေနတဲ့ အလုပ္သမားေတြ ေထာင္ေသာင္းမ်ားစြာရွိတယ္။ သူတို႔ရဲ႕ အနာဂတ္ကေတာ့ မင္းမစဥ္းစားေတာ့ဘူးလား "

" ငါဂ႐ုမစိုက္ဘူး...... ငါ့အနာဂတ္ပ်က္ဆီးသြားတုန္းကေကာ ဘယ္သူ ဂ႐ုစိုက္ေပးဖူးခဲ့လဲ "

ဆင့္ဟာ သက္ျပင္းခ်လိုက္ၿပီး ေလေျပရွင္းထံ ေျပာလာခဲ့ပါသည္။

" ရွင္း တစ္ကယ္လို႔မ်ား ငါ့ေနရာမွာ မင္းဆိုရင္ ဘယ္လိုလုပ္မွာလဲ "

" ငါ....ငါ "

ရွင္းတစ္ေယာက္ ဘယ္လိုျပန္ေျဖရမလဲ မသိခဲ့ပါေခ်။ စကားအလုံးစုံဟာ ထစ္ေငါ့ေနခဲ့ၿပီး ေလသံမွာ တိုးတိမ္ေဖ်ာ့ေရာ့ေနလ်က္သားျဖင့္ သူ႔ကိုယ္သူ ေမးခြန္းျပန္ထုတ္မိသည္။ အကယ္၍ ဆင့္ေနရာမွာဆိုရင္ သူ႔ရဲ႕တုန႔္ျပန္မႈေတြကေကာ ဘယ္လိုျဖစ္ေနခဲ့မလဲ ။ ဆင့္နဲ႔ထပ္တူ ဝမ္းနည္းရသည္မွာ မွန္ကန္ေသာသစၥာျဖစ္ေသာ္လည္း သူဟာ ကာယကံရွင္ကိုယ္တိုင္မဟုတ္သည့္အတြက္ အကြၽင္းမဲ့ေတာ့ တိမ္ယံဆင့္ကို နားလည္ေပးႏိုင္မည္မဟုတ္ခဲ့ေပ။ ဘယ္ေလာက္ပဲ ထပ္တူခံစားနာက်င္ရပါတယ္ေျပာေျပာ ဆင့္ ေလာက္ေတာ့ သူက နာက်င္ရဦးမည္တဲ့လား

" မင္းမေျဖႏိုင္ေတာ့ဘူးလား "

ေလေျပရွင္းမွာ အသံတိတ္ေနလ်က္သား

" ငါေရွ႕ဆက္တိုး‌ေနဦးမွာ ဘယ္သူမွငါ့ကိုတားလို႔မရဘူး။ မင္းဆိုရင္ေတာင္မွမရဘူး "

" ငါမင္းကိုတားေနတာမဟုတ္ဘူး ဆင့္ ။ ေျဖာင့္ျဖေနတာ.... တခ်ိန္ခ်ိန္မွာ မင္းကိုယ့္ကိုကိုယ္ ျပန္အျပစ္တင္ေနတာမ်ိဳး ငါမျမင္ခ်င္လို႔ "

" ငါအိပ္ခ်င္ေသးတယ္။ မင္းခဏေလာက္ ထြက္သြားပါလား "

ဆင့္ အလိုရွိရာအတိုင္း ေလေျပရွင္းမွာ ဘာကိုမွဆက္မေျပာေတာ့ဘဲ တိတ္တဆိတ္ထြက္လာလိုက္ေလသည္။  အမွန္တစ္ကယ္ေတာ့ ဆင့္ ဆက္မအိပ္ခ်င္ေတာ့ပါ။ သူဟာ ရွင္း နဲ႔ဆက္ၿပီး စကားမ်ားေနမွာဆိုးသည့္အတြက္ တမင္စကားလမ္းေၾကာင္း လႊဲလိုက္ျခင္းျဖစ္သည္။ TV တြင္ ပါလာသည့္ KK ၏သတင္းမွာ အမွန္တကယ္ဆိုလွ်င္ တစ္ပါတ္တိတိေလာက္ ေနာက္က်ၿပီျဖစ္ေလသည္။ ပိုင္ရွင္အသစ္ ေျပာင္းလဲသြားသည့္ကိစၥကို ႐ုတ္တရက္ေၾကညာလိုက္လွ်င္ အေတာ္ေလးပြဲစည္သြားမွာ ဆိုးရိမ္တဲ့အတြက္ တစ္စြန္းတစ္စသာ သတင္းလႊင့္ထားၿပီး တစ္ပါတ္ေလာက္ၾကာေတာ့မွ အတိအလင္းေၾကညာခဲ့တာျဖစ္သည္။ သို႔သည့္တိုင္ လူတိုင္းအားလုံးမွာ KK ရဲ႕ပိုင္ရွင္အသစ္အား နာမည္သာၾကားဖူးၿပီး မ်က္ႏွာမျမင္ဖူးဘဲ ရွိေနၾကေလေတာ့သည္။ဤသည္မွာ လူလုံးထြက္မျပေသာ တိမ္ယံဆင့္ ေၾကာင့္ေပ။

တစ္ေနကုန္အခန္းထဲက အခန္းျပင္မထြက္ေသာ ျပဒါးရံေၾကာင့္ ယြန္းေဟမီမွာလည္း စိုးရိမ္စိတ္တို႔ ဒီေရအလား တရိပ္ရိပ္ျမင့္တက္လာလ်က္သာ ရွိေလသည္။ ယြန္းေဟမီတစ္ေယာက္ အခန္းအျပင္ကေန တံခါးေခါက္လိုက္ၿပီး သူမေမာင္ကို အဆက္မျပတ္စကားေတြ ေျပာေနခဲ့သည္။

" ရံေလး.... အျပင္ထြက္ၿပီး ေလေကာင္းေလသန႔္ရႈဦးေလ။ အခန္းထဲမွာဘဲ တစ္ေနကုန္ေနမေနနဲ႔ "

" ........ "

သို႔ေသာ္ျပဒါးရံဟာ သူမထံဘာကိုမွ တုန႔္ျပန္မလာခဲ့ေပ။ ေနာက္ဆုံး၌ ယြန္းေဟမီတစ္ေယာက္ သက္ျပင္းခ်ၿပီး ထိုေနရာမွ ထြက္ခြာသြားခဲ့ပါသည္အထိ အခန္းထဲမွလူဟာ ကန္‌ေရျပင္အလာ တိတ္ဆိတ္ၿငိမ္သက္ေနလ်က္သား။

ကုတင္ေဘးက ၾကမ္းျပင္ေပၚ ထိုင္ခ်ရင္း ျပဒါးရံ၏ အေတြးမ်ားမွာ ဟိုတစ္စဒီတစ္စ ျပန႔္ႀကဲေနခဲ့ကာ ေနေရာင္ျခည္ခပ္ေႏြးေႏြးက မွန္တံခါးမွတစ္ဆင့္ ျပဒါးရံ၏ ခႏၶာကိုယ္တစ္ဝက္ေပၚသို႔ ဖ်ာက်ေနခဲ့သည္။ အရမ္းႀကီး ပူမေနခဲ့ပါသလို အရမ္းႀကီးလည္း ေအးလြန္းမေနခဲ့။ ျပဒါးရံ၏ အမူအယာမွာလည္း ခန႔္မွန္းလို႔မရေအာင္ ၿငိမ္သက္ေနလ်က္သား။ ထို႔ေနာက္ ထိုသူဟာ ေလဟာနယ္ထဲ လက္လွမ္းလ်က္ ေခတၱမွ်ရပ္တန႔္ေနခဲ့ျပန္သည္မွာ သူ၏စိတ္ကူးထဲတြင္ ပုံေဖာ္ထားသည့္ တိမ္ယံဆင့္၏ ပုံရိပ္ေယာင္အား လက္ႏွင့္ခပ္ဖြဖြ ထိေတြ႕ေနပါသည့္အလား။ တစ္နည္းတစ္ဖုံး အထီးက်န္စဖြယ္ေကာင္း ေနခဲ့သလို ၊တစ္နည္းျဖင့္လည္း သနားခ်င္စဖြယ္ေကာင္းေနခဲ့ျပန္ပါသည္။

" I only one call away.......  "

ျပဒါးရံတစ္ေယာက္ ဟိုစမ္းဒီစမ္းလုပ္လိုက္ၿပီး အသံျမည္ေနေသာ သူ႔ဖုန္းကို ရွာေတြရန္ႀကိဳးပမ္းလိုက္ရေလသည္။ ထို႔ေနာက္အကြၽမ္းတဝင္ရွိစြာ ဖုန္းကိုင္လိုက္ၿပီး တစ္ဖက္လူစကားေျပာလာသည္ကို အသာတၾကည္ နားေထာင္လိုက္သည္။

" ကြၽန္ေတာ္ပါ စုံစမ္းခိုင္းထားတဲ့ ကိစၥက..... "

" အေျခအေနဘယ္လိုရွိလဲ "

ျပဒါးရံဟာ စိတ္မရွည္စြာ ေမးျမန္းလိုက္ပါသည္။

" ေျခရာခံမိေပမယ့္ ကြၽန္ေတာ္တို႔ေရာက္တဲ့ခ်ိန္မွာ သူမရွိေတာ့ဘူး "

" ဘယ္အခ်ိန္ထိ ဆင္ေျခေတြပဲတင္ျပေနမွာလဲ။ ႏွစ္ႏွစ္ေတာင္ၾကာၿပီ အခုထိ မဖမ္းႏိုင္ေသးဘူးလား "

ျပဒါးရံမွာ စိတ္တိုလြန္းသျဖင့္ ေအာ္ဟစ္လိုက္ပါေတာ့သည္။

" ေတာင္းပန္ပါတယ္။ သူ႔ေနာက္မွာလည္း ေနာက္ခံေကာင္းေကာင္းရွိပုံရတယ္ "

" တစ္လအတြင္း အဲ့သတင္းေထာက္ကို ငါ့ေရွ႕ေခၚမလာႏိုင္ရင္ မင္းတို႔အားလုံးအလုပ္ျပဳတ္ၿပီလို႔ မွတ္လိုက္ေတာ့ "

ဖုန္းခ်လိုက္ၿပီးေနာက္တြင္ေတာင္မွ ျပဒါးရံဟာ ေဒါသထြက္ေနဆဲျဖစ္သည္။ သူ႔အေနျဖင့္ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက မိမိတို႔သတင္းကို ျဖန႔္ခဲ့ေသာ သတင္းေထာက္အား ယေန႔ထိတိုင္ လိုက္လံစုံစမ္းေနဆဲျဖစ္ပါသည္။ ဆင့္နဲ႔ မိမိတို႔၏ဘဝႏွစ္ခုလုံးကို တစမက်န္ဖ်က္ဆီးသြားေသာ ထိုသတင္းေထာက္အား အေသရရ၊ အရွင္ရရ မေတြ႕,ေတြ႕ေအာင္ရွာၿပီး ထိုသူ၏ေနာက္ကြယ္မွာရွိတဲ့လူရဲ႕ အၫြန႔္ကို႐ိုက္ခ်ိဳးပစ္ႏိုင္ရန္အတြက္ပင္ ျဖစ္သည္။ ထို႔ေနာက္ တိမ္ယံဆင့္ေၾကနပ္တဲ့ထိ ဒူးေထာက္ခိုင္းထားမည္ျဖစ္ကာ ေနာက္ဆုံး၌ "ေက်းဇူးျပဳၿပီး သတ္ေပးပါဟု "ကိုယ္တိုင္ကိုယ္က်  ေတာင္းဆိုလာသည္အထိ ဒုကၡခံခိုင္းဦးမည္ျဖစ္သည္။  သို႔သည့္တိုင္ ၎မွာ ပြတ္ကာသီကာျဖင့္ မၾကာခဏလြတ္ေျမာက္ေနခဲ့ေလသည္။

မတ္တပ္ရပ္လိုက္ၿပီး ျပဒါးရံ အခန္းအျပင္သို႔ထြက္ကာ မီးဖိုေခ်ာင္ထဲက ေရကိုသြားေသာက္ရန္ ဟန္ျပင္လိုက္သည္ ။ ပုံပန္းသဏၭာန္မွာ အလြန္တည္ၿငိမ္ေနလ်က္ ေလ်ာေလ်ာရႈရႈပင္ သြားလာေနခဲ့ေလသည္။ ျပဒါးရံအဖို႔ ဒီအိမ္ထဲ၌ေနခဲ့ရသည့္ရက္မ်ားမွာ မေရမတြက္ႏိုင္ေအာင္ မ်ားျပားေနခဲ့သည့္အတြက္ အိမ္ထဲရွိအရာဝတၳဳမ်ားသာမက ေနရာေတြအကုန္လုံးကို ရင္းႏွီးအကြၽမ္းတဝင္ရွိေနခဲ့ေလသည္။ ထို႔ေၾကာင့္ အိမ္ထဲမွာဆိုလွ်င္ သူ႔အတြက္အခက္အခဲဆိုတာ မရွိေပ။ အရာအားလုံးဟာ လြယ္ကူေနခဲ့သည္ေပ။

ေရေသာက္ၿပီးေနာက္တြင္ အေပၚထပ္ရွိအခန္းတစ္ခန္းဆီသို႔ ျပဒါးရံ ဆက္သြားေလၿပီး ေလွကားထွစ္မ်ားအား အမူအယာကင္းစြာ ဆက္လက္ေက်ာ္ျဖတ္ေနခဲ့သည္။ သူ၏ပုံစံမွာ အလြန္တရာ ရင္းႏွီးကြၽမ္းဝင္ေနပါသလို။ အခ်ိန္ခဏအၾကာမွာ အေပၚထပ္ရွိ အခန္းတစ္ခန္းထဲသို႔ ျပဒါးရံ ဝင္သြားခဲ့ျပန္ပါသည္။

ဒီအခန္းထဲမွာရွိေနလွ်င္ ျပဒါးရံ၏ စိတ္အေျခအေနမွာ ပို၍မြန္းၾကပ္လာတတ္ၿပီး ရင္ဘတ္ကႏွလုံးခုန္ႏႈန္းမ်ားမွာလည္း စည္းခ်က္ပ်က္ကာ ကေျပာင္းကျပန္ျဖစ္ၿမဲတိုင္းေပ။ ရင္ခြင္မွာစိုက္ဝင္ေနတဲ့ ဆူးတစ္ေခ်ာင္းကို ဆြဲႏႈတ္ဖို႔မစြမ္းသာ သကဲ့သို႔ ထိုဆူး၏ ေဘးဒဏ္ကို အႏၲရာယ္ရွိမွန္းသိသိ ဆက္လက္ထားရစ္ရန္ ျပဒါးရံေ႐ြးခ်ယ္ထားခဲ့ပါသည္။ ထိုဆူးေလးမွာ ဒီအတိုင္း စိုက္ဝင္ေန႐ုံမွ်ဆိုလွ်င္ အဆင္ေျပေနပါေသးသည္။ သို႔သည့္တိုင္ ၎မွာ ညစဥ္တိုင္းကို အိမ္မရေအာင္ ေႏွာက္ယွက္ေနခဲ့ပါသည့္အျပင္ ေန႔အခါတြင္လည္း ကံၾကမၼာဆိုးတစ္ခုလို ညႇင္းပန္းႏွိပ္စက္ေနပါေတာ့သည္။ တုံးအလြန္းသူ ျပဒါးရံမွာ နာက်င္ေနမွန္းသိသိႏွင့္ ထိုစိုက္ဝင္ေနေသာ ဆူးအားတယုတယ ထိန္းသိမ္းထားေနခဲ့သည္မွာ မိမိအားအႏၲရယ္ေပးရန္အသင့္ျဖစ္ေနေသာ တိမ္ယံဆင့္အား အျမတ္တႏိုးယုယၾကင္‌နာ ေနပါသည့္အတိုင္းပင္။

မည္သို႔ေပဆိုေစကာမူ ျပဒါးရံတစ္ေယာက္ လြန္ခဲ့တဲ့ သုံးႏွစ္လုံး တစ္ရက္မွမပ်က္ကြက္ဘဲ ေန႔စဥ္ရက္ဆက္ထိုအခန္းထဲကို လာခဲ့ဖူးသည္။ ႏွိပ္စက္ေနသည့္ေဝဒနာမ်ားက သူ႔အသက္ကိုပင္ ယူသြားပါေစ သူဟာေနာင္တြင္လည္း အစဥ္အလာမပ်က္ လာၿမဲလာေနဦးမည္ျဖစ္ပါသည္။ အေၾကာင္းမွာ ဆင့္နဲ႔ ပက္သက္ေလသမွ်အရာအားလုံး ဒီအခန္းထဲမွာ သူသိမ္းဆည္းထားေသာေၾကာင့္ေပျဖစ္သည္။

အခန္းထဲသို႔ ဝင္လိုက္ျခင္းမွာတင္ တိမ္ယံဆင့္၏ အေငြ႕အသက္မ်ားက မိမိထံအား ထိေတြ႕ကလူေနပါသည့္ႏွယ္။ တစ္ခ်ိန္က ေျပာခဲ့ဖူးသည့္ စကားေပါင္းေျမာက္မ်ားစြာဟာလည္း ယခုခ်ိန္ထိ မိမိနားထဲကို တိမ္ယံဆင့္ကိုယ္တိုင္ တိုးညႇင္းစြာလာေျပာေနပါသည့္ ခံစားခ်က္အတိုင္းပင္။ ထို႔ျပင္ ကုတင္ေခါင္းရင္းမွာရွိတဲ့ ႀကီးမားလွသည့္ ပန္းခ်ီကားအား လက္ေခ်ာင္းမ်ားႏွင့္ အသာအယာထိေတြ႕လိုက္ၿပီး ေနာက္ဆုံးတြင္ မ်က္ႏွာကိုအပ္လ်က္ လက္ငါးေခ်ာင္းမွာ ပန္ခ်ီကားေပၚမွာ ေျပးလႊားေနခဲ့ပါေတာ့သည္။ တစ္ခ်ိန္တုန္းက တိမ္ယံဆင့္၏ အေငြ႕အသက္မ်ား ျပည့္ႏွက္ေနခဲ့ပါသည့္တိုင္ အခုေတာ့ ဗလာက်င္းေနသည့္ စကၠဴျဖဴတစ္႐ြက္အလား။

ပန္းခ်ီကားတစ္ခ်က္ရယ္ အတိတ္တုန္းက တိမ္ယံဆင့္ေျပာခဲ့ဖူးတဲ့ စကားအခ်ိဳ႕ရယ္ မၾကာခဏျပန္လည္တမ္းတရင္း  သူ႔ဘဝမွာပုံေသအတိုင္း ေရွ႕ဆက္သြားေနသည္ျဖစ္သည္။ ဒီအိမ္ႀကီး၏ေသာ့ကို တစ္ခါတုန္းက ဆင့္လက္ထဲ သူကိုယ္တိုင္ ထည့္ေပးဖူးခဲ့ပါသည့္တိုင္ ပိုင္ရွင္ေပ်ာက္ေနသည့္ စံအိမ္ႀကီးအား သူသည္မွာ အိမ္ေစာင့္အျဖစ္ လာေရာက္ထိန္းသိမ္းေနျခင္းေပ။ အကယ္၍ဆင့္သာ ျပန္လက္ခံမည္ဆိုပါက ဒုတိယအႀကိမ္ အိမ္ေသာ့ကို တိမ္ယံဆင့္လက္ထဲထည့္၍ အိမ္ေပၚမွ ျငင္းဆန္ျခင္းမရွိ ဆင္းခဲ့မည္ျဖစ္သည္။

ျပဒါးရံ၏ လြမ္းဆြတ္တမ္းတမႈမ်ားမွာ တိမ္ယံဆင့္၏ အမုန္းတရားမ်ားႏွင့္ ႏႈိင္းယွဥ္လိုက္လွ်င္ ေရစုန္နဲ႔ေရဆန္ပမာ ဦးတည္ခ်က္မ်ားက ဆန႔္က်င္ဘက္ပင္ျဖစ္သည္။ သို႔သည့္တိုင္ ဘယ္ေလာက္ဘဲ ဒူးေထာက္အရႈံးေပးထားပါေစ ထပ္ခါတလဲလဲ အႏိုင္လိုခ်င္ၾကတာ လူေတြရဲ႕သဘာဝပဲ မဟုတ္ပါလား။ အရႈံးေပး၍ အလံျဖဴျပထားရင္ေတာင္ အႏိုင္လိုခ်င္သူအတြက္ေတာ့ ဟာသတစ္ခုအျဖစ္ ေလွာင္ရယ္ခံရလိမ့္မည္ျဖစ္သည္။

ႀကီးမားသည့္ အေဆာက္အအုံအတြင္းမွာ လူေပါင္းမ်ားစြာ ရွိေနခဲ့ၾကေသာ္လည္း အခုေတာ့ျဖင့္ တစ္စျပင္ပမာ တိတ္ဆိတ္ၿငိမ္သက္မႈ လႊမ္းမိုးခ်ဳပ္ကိုင္ေနပါေတာ့သည္။ ေရခဲျပင္ေပၚ လမ္းေလွ်ာက္ေနရသည့္ႏွယ္ လူအားလုံးမွာ သတိႀကီးႀကီးကပ္၍ တုပ္တုပ္မွ်ပင္ မလႈပ္ရဲၾက။ အနည္းငယ္လႈပ္ရွားလိုက္႐ုံမွ်ျဖင့္ ေျခခ်ထားေသာ ေရခဲျပင္မွာ အက္ကြဲေၾကာင္းမ်ားအျပည့္ျဖင့္ ၿပိဳကြဲသြားမည္ကို ေၾကာက္႐ြံ႕ထိတ္လန႔္ေနသည့္အတိုင္းပါေပ။

" လာေနာက္ေနတာလား  ဆိုင္ခြဲေတြကေန တစ္ရက္တစ္ရက္ဝင္ေနတဲ့ ေငြေတြက နည္းတာမဟုတ္ဘူး။ ၿပီးေတာ့ တစ္ဆိုင္ႏွစ္ဆိုင္ ပိတ္ခိုင္းတာလည္းမဟုတ္ ၊ ဆိုင္ေပါင္း ၅၀၀၀ ေက်ာ္ကို ၊၅၀၀၀‌ ေက်ာ္ေတာင္  "

အဆင့္အတန္းျမင့္မားလွသည့္ အစည္းအေဝးခန္းမွာ ေဒါသထြက္ေနသည့္ ေယာက္်ားတစ္ေယာက္၏ ေအာ္ဟစ္ေျပာဆိုမႈမ်ား အျပည့္လႊမ္းမိုးေနခဲ့ေလသည္။ ထို႔အျပင္တစ္ဆက္ထဲ၌ တစ္ေယာက္တစ္ေပါက္ တီးတိုးေျပာဆိုေနၾကသည့္ စကားသံမ်ားလည္း အပါအဝင္ျဖစ္သည္။

" တိတ္စမ္း !  "

သည္းမခံႏိုင္ေတာ့သည့္ေနာက္တြင္ တိမ္ယံဆင့္၏ စူးစူးဝါးဝါးအ‌မိန႔္ေပးသံေၾကာင့္ အစည္းအေဝးခန္းမွာ တမႈတ္ျခင္း တိတ္ဆိတ္ၿငိမ္သက္သြားခဲ့သည္။ ဘာကိုမွဂ႐ုမစိုက္သည့္ ပုံသဏၭာန္ျဖင့္ တိမ္ယံဆင့္မွာ ရာထူးအႀကီးဆုံးလူသာထိုင္ရသည့္ ထိုင္ခုံထက္တြင္ထိုင္ရင္း ထပ္မံေမးခြန္းထုတ္လာခဲ့သည္။

" ငါ့အမိန႔္ကို ဖီဆန္ခ်င္တာလား "

က်န္သူမ်ားမွာ မ်က္ႏွာမေကာင္းၾကေပ။

" သုံးရက္အတြင္း အဲ့ဆိုင္ေတြအကုန္လုံးကိုပိတ္ပစ္ "

သို႔ေသာ္ တိမ္ယံဆင့္၏ တစ္ဖက္သက္အမိန႔္ေတြအား သည္းမခံႏိုင္သည့္ တစ္ေယာက္မွာ ဝင္ေျပာေလသည္။

" Alex  ! အခုလုပ္ေနတာ company ရဲ႕နစ္နာမႈေတြကို လက္ယက္ေခၚလိုက္သလိုပဲ "

" ခင္ဗ်ားက ကြၽန္ေတာ့္ကို ျပန္သင္ေပးေနတာလား "

ထိုသူမွာ ပါး႐ိုက္ခံလိုက္ရသလို စကားလုံးမ်ားႏွင့္ ရင္ဆိုင္လိုက္ရခ်ိန္တြင္ ဘာျပန္ေျပာရမလဲမသိ ျဖစ္သြားကာ မ်က္ႏွာမွာ ခ်က္ခ်င္းနီရဲလာေတာ့သည္။ ေဒါသထြက္ေနသည့္ ဆင့္၏အသံမွာ ေလထုအလယ္ ဆက္လက္ပ်ံ႕ႏွံ႔သြားျပန္သည္။

" အခုေျပာတာေတြအကုန္လုံးက ေဆြးေႏြးတိုင္ပင္ေနတာမဟုတ္ဘူး။ အမိန႔္ေပးေနတာ။ အမိန႔္ကိုမနာခံႏိုင္ရင္ ခင္ဗ်ားတို႔ရွယ္ယာေတြကို ေရာင္းၿပီး ထြက္သြားၾက "

တိမ္ယံဆင့္၏ အာဏစက္ေၾကာင့္ ဘယ္သူမွဆက္လက္မဖိန္ဆန္‌ရဲေတာ့ဘဲ အစည္းအေဝးဟာ ထိုအတိုင္းပင္ ၿပီးဆုံးသြားခဲ့သည္။ သို႔ေသာ္ လူအခ်ိဳ႕ကေတာ့ ကြယ္ရာမွာ အျပစ္တင္ေဝဖန္ဖို႔ မေမ့ေလ်ာ့ခဲ့ၾကေပ။

" သူ႐ူးေနတာလား။ သူ႔ရည္႐ြယ္ခ်က္က ဒီ company ႀကီးတစ္ခုလုံးကို ပ်က္ဆီးေစခ်င္ေနတာလား။ အခု ျပည္တြင္းမွာရွိတဲ့ ဆိုင္ ၅၀၀၀ ေနာက္က်ေတာ့ေကာ ဘာေတြထပ္ ပိတ္ခ်င္ေသးတာလဲ "

ေစာေစာက တိမ္ယံဆင့္ႏွင့္အၿပိဳင္ အျငင္းပြားခဲ့ေသာသူသည္ မေၾကနပ္ခ်က္မွာကို အစည္းအေဝးခန္းထဲက ထြက္လာသည့္အခါ၌ ထပ္မံေပါက္ကြဲေနေတာ့သည္။

" စိတ္ထိန္းပါ... ကြၽန္ေတာ္တို႔ရဲ႕ ရွယ္ယာေတြက သူနဲ႔ယွဥ္လိုက္ရင္ အရမ္းနည္းတာေလ။ ဘယ္လိုလုပ္ သူေျပာသမွ်ကို မနာခံလို႔ ရမွာလဲ "

" ဟြန႔္ "

ထိုသူမွာ ေလတစ္ခ်က္ မႈတ္ထုတ္လိုက္ၿပီး မ်က္ႏွာမသာမယာျဖင့္ ထြက္သြားေလသည္။ ထိုသူ႔အား အတက္ႏိုင္ဆုံး ေျဖာင့္ျဖေနေသာ လူမွာလည္း အလ်င္အျမန္ ေျပးလိုက္သြားသည္။

ေနာက္ရက္ပိုင္းအတြင္းတြင္ သတင္းဌာနအသီးသီး၌ KK ၏ ဆိုင္ခြဲမ်ားအားလုံး ဖ်က္သိမ္းလိုက္ေသာ သတင္းမွာ မိုးမီးေလာင္ေနသည့္ႏွယ္ အဆက္မပ်က္ တင္ဆက္ျခင္းခံေနရေလသည္။ လူတိုင္း၏ပါးစပ္ဖ်ားမွလည္း နားမလည္ႏိုင္သည့္ ပေဟဠိေပါင္းမ်ားစြာႏွင့္အတူ ထိုကိစၥကို အာဂုံေဆာင္းထားပါသည့္အတိုင္း လူေျပာမ်ားလ်က္ ရွိေနခဲ့သည္ပင္။ သတင္းေခါင္းစဥ္မွာမူ " KK Company၏ ပိုင္ရွင္အသစ္ Alex ျဖစ္သူမွာ ႏိုင္ငံတြင္းရွိ KK ႏွင့္သက္ဆိုင္ေသာ ဆိုင္ခြဲမ်ားအားလုံး ဖ်က္သိမ္းျခင္း " ဟူ၍ပင္ျဖစ္ေလသည္။

ဟိုးေလးတေက်ာ္ျဖစ္ေနေသာ သတင္းမ်ားေၾကာင့္ မာယာသစၥာမွာ KK သို႔ ေရာက္ရွိလာၿပီး CEO ႐ုံးခန္းတံခါးကို ဆြဲဖြင့္လ်က္ စားပြဲထံသို႔ အရွိန္ျပင္းျပင္း ႐ိုက္ခ်လိုက္ပါသည္။ မ်က္ႏွာမွာ အလြန္ေဒါသထြက္ေနပါသျဖင့္ သူမ၏အလွအပမ်ားပင္ အစရွာမရေလေအာင္ ေပ်ာက္သြားေလေတာ့သည္ ။သို႔ေသာ္ တိမ္ယံဆင့္ကေတာ့ လုပ္ေနသည့္အလုပ္ကိုသာ အာ႐ုံစိုက္ေနခဲ့ၿပီး သူမကိုေတာ့ ရွိသည္ဟုေတာင္မထင္ေခ်။ ထို႔ေၾကာင့္ သူမျပန္ရလိုက္သည္မွာ တိမ္ယံဆင့္၏  အဆုံးစြန္ထိ လ်စ္လ်ဴရႈေနမႈမ်ားျဖစ္သည္။

" ျပန္႐ုတ္သိမ္း ! "

" မလုပ္ခ်င္ဘူး "

Laptop သုံးေနရင္း ပုံမွန္ေလသံျဖင့္ မာယာသစၥာထံ ျပန္ေျဖလိုက္သည္။

" တိမ္ယံဆင့္ ! ......ဒီတိုင္းဆက္သြားရင္ KK ကမၾကာခင္ ပ်က္ဆီးေတာ့မွာ "

" ကြၽန္ေတာ္ လိုခ်င္တာလည္း အဲ့တာပဲ "

မာယာသစၥာမွာ ထိုစကားေၾကာင့္ ေျပာစရာမ်ား ေပ်ာက္ရွသြားရေလသည္။ တစ္ခ်ိန္လုံး အေျဖရွာေနေသာ ပုစာၦမွာ ေနာက္ဆုံးေတာ့ အေျဖေပၚသြားခဲ့ၿပီ။ တိမ္ယံဆင့္ ျပန္လာတဲ့ရည္႐ြယ္ခ်က္က KK ကို ဖ်က္ဆီးပစ္ဖို႔ေပါ့ေလ။ သူမ ရိပ္မိလိုက္ပါေတာ့သည္။ KK ကို ကယ္တင္ဖို႔ ဘယ္လိုနည္းႏွင့္မွ မျဖစ္ႏိုင္ေတာ့ဘူး ဆိုတာေတြကိုေပါ့။ KK ဟာ ေက်ာက္ေဆာင္ကို တိုက္မိသြားတဲ့ သေဘၤာတစ္စင္းလို တစ္ျဖည္းျဖည္းနစ္ျမဳပ္လာတာကို ရပ္ၾကည့္ေန႐ုံမွအပ မည္သူကမွတတ္ႏိုင္လိမ့္မည္မဟုတ္ေပ။ ေနာက္ဆုံးတြင္ ထိုသေဘၤာမွာ ေရေအာက္တြင္ ထာဝရနစ္ျမဳပ္ေပ်ာက္ကြယ္သြားသည့္အတိုင္း KK လည္း ဒီေလာကထဲကေန ေပ်ာက္ကြယ္သြားဖို႔ ရက္ေတြနီးလာၿပီဆိုတာကိုလည္း မာယာသစၥသိလိုက္ပါသည္။ မာယာသစၥာက သူမ၏ေဒါသကိုျပန္ထိန္းခ်ဳပ္လိုက္ၿပီးေနာက္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ဆိုလာသည္။

" ကြၽန္မကလည္း ဒီ company ရဲ႕ ရွယ္ယာရွင္တစ္ေယာက္ပဲ။ ေနာက္ခါ အစည္းအေဝးလုပ္ရင္ ကြၽန္မကိုအသိေပးဖို႔ မေမ့ပါနဲ႔ "

တိမ္ယံဆင့္ဘက္က မည္သည့္အမႈအယာမွာ မတုန႔္ျပန္လာသည့္အျပင္ သူမလည္း စကားေျပာၿပီးသည္ႏွင့္ ခ်က္ျခင္းထြက္သြားေတာ့သည္။

ဆိုင္ေပါင္း ၅၀၀၀ေက်ာ္ကို ဖ်က္သိမ္းလိုက္ျခင္းသည္ KK အားလုံးဝ မၿပိဳလဲသြားေစေသာ္ျငား ေျခေထာက္တစ္ေခ်ာင္း ႐ိုက္ခ်ိဳးလိုက္သလို ဟန္ခ်က္ပ်က္ယြင္းသြားေစမည္မွာ အေသအခ်ာပင္။  ေနာက္ထပ္ဘာေတြထပ္လုပ္ရမလဲ ဆင့္ေခါင္းထဲမွာ အကုန္လုံးေတြးေခၚၿပီးသားပင္။

မာယာသစၥာႏွင့္ထပ္တူ ယြန္းေဟမီလည္း ထိုသတင္းၾကားၿပီး အလြန္တုန္လႈပ္သြားခဲ့ေလေတာ့သည္။ ျပဒါးရံအား အတက္ႏိုင္ဆုံး ဖုံးကြယ္ထားရန္ႀကိဳးစားလိုက္ေသာ္လည္း သူမေမာင္မွာ TV ဖြင့္ၿပီး သတင္းနားေထာင္ရန္ႀကံေနေသာေၾကာင့္ ျပဒါးရံလက္ထဲက remote  ကို ဆြဲလုလိုက္သည္။

" မမေဟမီ ဘာျဖစ္လို႔လဲ ကြၽန္ေတာ္ သတင္းနားေထာင္ခ်င္လို႔ပါ "

" ဟို....ဟိုေလ TV က ပ်က္ေနတာ ။ မမျပင္ဖို႔ေမ့သြားလို႔ "

" ရပါတယ္ ကြၽန္ေတာ့္အခန္းထဲက TV နဲ႔ပဲ သြားနားေထာင္လိုက္ပါ့မယ္ "

" ရံ ....ရံေလး "

" ဗ်ာ "

" မီးပ်က္ေနတယ္ ရံေလး "

ယြန္းေဟမီက main ခ်လိုက္ၿပီးေနာက္ ဆက္ေျပာေလသည္။

" မမနဲ႔အတူ ကမ္းေျခဘက္သြားၾကမလား "

အခ်ိန္အေတာ္အတန္ စဥ္စားလိုက္ၿပီး အင္း တစ္လုံးသာ အေျဖျပန္ေပးေလသည္။

တလိမ့္လိမ့္တက္လာတဲ့ ေရလႈိင္းမ်ားက ျပဒါးရံ၏ေျခေထာက္ကို မၾကာခဏ လာေရာက္ထိေတြ႕ေနေလသည္။ ယြန္ေဟမီမွာလည္း သူ႔လက္တစ္ဖက္ကို ခ်ိတ္ထားၿပီး လမ္းေလွ်ာက္ရတာ အဆင္ေျပေအာင္ ကူညီေပးေနသည့္အျပင္ သူမပ်င္းရေအာင္ စကားေတြအမ်ားႀကီးေျပာေပးေနခဲ့သည္။ ‌နားစည္ကိုမၾကာခဏ တိုးဝင္လာတဲ့ ေရသံမ်ားအျပင္ ေလတိုးသံခပ္ညႇင္းညႇင္းကိုလည္း ၾကားေနရေသးသည္။ စိတ္အသေခ်ၤမွာ လြတ္လပ္ေပါ့ပါးေနခဲ့သည့္တိုင္ ေျခလွမ္းမ်ားကေတာ့ ေလးပင္ေနခဲ့ကာ ေရွ႕ဆက္ေလွ်ာက္ဖို႔ေတာင္ အားအင္ကုန္ခမ္းသည္အထိ အရာအားလုံးဟာ ျပဒါးရံအတြက္ ခက္ခဲေနပါသည့္အလား။

" မမေဟမီ သူအဆင္ေျပရဲ႕လား "

အရွိန္ျပင္းသည့္ ေလမ်ားႏွင့္အတူ ယြန္းေဟမီထံ က်ေရာက္လာသည့္ ျပဒါးရံ၏ စကားတစ္ခြန္း။

" ဘယ္... ဘယ္သူလဲ "

ယြန္းေဟမီ အမွန္တကယ္တာ့ ဘယ္သူ႔ကိုရည္ၫႊန္း၍ ေမးသလဲဆိုတာသိေနခဲ့ပါသည္။ သို႔ေသာ္သူမဟာ မသိေက်းကြၽံျပဳ၍ ျပန္ေျဖလိုက္ပါေသာ္လည္း စကားအလုံးစုံမွာ မသိစိတ္အေလွ်ာက္ ထစ္ေငါ့သြားရသည္။

" ဆင့္ ေလ "

ျပဒါးရံ၏ ႏႈတ္ခမ္းတစ္ဖက္မွာ အေပၚဘက္သို႔ တြန႔္ေကြးသြားေလသည္။

" ရံေလး အျပင္ထြက္လာတာ အရမ္းၾကာေနၿပီ မမတို႔အိမ္ထဲျပန္ဝင္ၾကရေအာင္ "

":ဆက္ၿပီး စကားလမ္းေၾကာင္းမလႊဲပါနဲ႔ေတာ့။ ကြၽန္ေတာ္အကုန္သိထားၿပီးသား။ ဆင့္ ျပန္ေရာက္လာၿပီဆိုတာကို "

" ရံေလး ျဖစ္ႏိုင္ရင္ေလ မင္းသူ႔ကိုေမ့ပစ္လိုက္ရင္ေကာင္းမယ္ "

ယြန္းေဟမီဟာ အလြန္ဝမ္းနည္းေနေသာအသံျဖင့္ ျပဒါးရံထံတိုးဖြဖြေလး ေျပာလာခဲ့ပါသည္။

" မမေဟမီသိပါတယ္။ ကြၽန္ေတာ္အဲ့လိုမလုပ္ႏိုင္ဘူးဆိုတာ "

" သူမင္းကိုအရမ္းမုန္းေနတယ္ "

" ကြၽန္ေတာ္ရိပ္မိပါတယ္ "

ျပဒါးရံမွာ ၿပဳံးေနဆဲပင္။ သို႔ေသာ္ျငား ယြန္ေဟမီမွာေတာ့ ဆန႔္က်င္ဘက္ ဝမ္းနည္းေနခဲ့သည္။

" ကြၽန္ေတာ္သိခ်င္တာက သူအဆင္ေျပရဲ႕လား ဆိုတာေလးပါပဲ "

စကၠန႔္အနည္းငယ္ၾကာေတာ့ ယြန္းေဟမီက သူမပါးေပၚက မ်က္ရည္မ်ားကို တိတ္ဆိတ္စြာ သုတ္လိုက္ၿပီး အေျဖျပန္ေပးလာခဲ့သည္။

" သူအဆင္ေျပပါတယ္ "

ထိုအေျဖေၾကာင့္ ျပဒါးရံမွာ ပိုလို႔ၿပဳံးလာခဲ့ေလသည္။

ေနာက္သုံးေလးရက္အၾကာတြင္ တိမ္ယံဆင့္၏ လုပ္ရက္မ်ားက ပိုလို႔ဆိုးဝါးလာေလသည္။ ရွယ္ယာရွင္မ်ားမွာလည္း ေခါင္းငုံ႔လ်က္ သူေျပာသမွ်ကို နာခံၾကရသည္ခ်ည္းသာ။ မာယာသစၥာပါ အပါအဝင္ေလ။

TV မွာပါလာသည့္ Alex ၏ မၿပီးဆုံးႏိုင္သည့္သတင္းမ်ားမွာ _

" မဂၤလာပါရွင္ အခုတင္ဆက္ေပးသြားမွာကေတာ့ KK ရဲ႕ ပိုင္ရွင္အသစ္တဲ့ Alex  ဟာ ယေန႔မနက္ပိုင္းကပဲ အစည္းေဝးျပဳလုပ္ခဲ့ၿပီး ကေနဒါ၊ ျပင္သစ္  ၊ အီတလီတို႔မွာရွိတဲ့ company  ခြဲေတြကို ပိတ္သိမ္းလိုက္ေၾကာင္းပဲ ျဖစ္ပါတယ္။ ဝန္ထမ္းမ်ားအားလုံးကိုေတာ့ ေလ်ာ္ေၾကးေငြ ငါးႏွစ္စာေပးကာ အလုပ္ထုတ္ပစ္လိုက္ၿပီး ၎တို႔ကို ယာယီပိတ္သိမ္းေၾကာင္း မဟုတ္ဘဲ အၿပီးတိုင္ ပိတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိခဲ့ပါတယ္ရွင္ "

" ဟုတ္ကဲ့ အခုလတ္တေလာ KK ရဲ႕အေျခအေနကေတာ့ စိုးရိမ္စရာပါပဲ။ Alex က ဘာေတြလုပ္ခ်င္ေနတာလဲ ဆိုတာ ဘယ္သူမွခန႔္မွန္းလို႔ မရၾကပါဘူး။ ေသခ်ာတာကေတာ့  company  ရဲ႕အတြင္းပိုင္းမွာ တစ္ခုခုေတာ့ ျဖစ္ေနၾကၿပီထင္ပါတယ္ ။ "

ယြန္းေဟမီမွာ လက္ထဲ၌ကိုင္ထားေသာ ေရခြက္ပင္ ထိုသတင္းေၾကာင့္ လြတ္က်ၿပီး အစိတ္စိတ္အမႊာမႊာ ကြဲသြားေလေတာ့သည္။ သတိျပန္ဝင္လာခ်ိန္တြင္ သန႔္ရွင္းေရးလုပ္ဖို႔  တံျမတ္စည္းယူရန္ အေနာက္လွည့္လိုက္ခ်ိန္၌ .....

" ရံေလး "

ယြန္းေဟမီခမ်ာ စိုးရိမ္ပူပန္မႈမ်ားအျပည့္

" အကုန္ၾကားသြားတာလား "

" Alex  ဆိုတာ တိမ္ယံဆင့္လား "

ခန႔္မွန္းဖို႔ရာအတြက္ အရမ္းႀကီးလည္း ခက္ခဲမေနပါေခ်။ ဆင့္က သူအရာအားလုံးကိုဖ်က္ဆီးပစ္မည္ဟု က်ဳံးဝါးထားသည္မဟုတ္ပါလား။ ျပဒါးရံအဖို႔ ပထမဆုံးစဥ္းစားမိသည္က တိမ္ယံဆင့္ျဖစ္ေနသည္မွာ ထူးဆန္းသည့္ ကိစၥေတာ့ မဟုတ္ေပ။ ဤသည္မွာ ျပဒါးရံ၏ ခန႔္မွန္းေျခသက္သက္မွ်သာ ျဖစ္ေသာ္လည္း အတြင္းစိတ္ထဲတြင္ေတာ့ မဟုတ္ပါေစနဲ႔ဟု ဆုေတာင္းမိေနဆဲပင္။ သို႔ေသာ္ ယြန္းေဟမီထံမွ ထြက္လာပါေသာ စကားတို႔သည္ ျပဒါးရံ၏ ႏွလုံးအိမ္ကို ဓားနဲ႔ထိုးေနသည့္ႏွယ္

" ဟုတ္တယ္ "

" ဒါဆို KK ရဲ႕ ရွယ္ယာေတြကို ဝယ္ယူခဲ့တာက ဆင့္ပဲလား "

ဖုံးကြယ္ထားလွ်င္လည္း တခ်ိန္ခ်ိန္မွာေပၚလာမယ့္ အမွန္တရားပဲ မဟုတ္ပါလား။ ယြန္းေဟမီလည္း ျပဒါးရံကို ဆက္ၿပီးမလိမ္ခ်င္ေတာ့ေပ။

" အင္း "

ေခါင္းၿငိမ့္လ်က္ သူမဟာျပန္ေျဖေလသည္။

" ကြၽန္ေတာ့္ေၾကာင့္ပါ.... ဆင့္က ဒီလိုမ်ိဳးေျပာင္းလဲသြားခဲ့တာ အားလုံးကြၽန္ေတာ့္ေၾကာင့္ပါပဲ။ "

" မဟုတ္ဘူး....မဟုတ္ဘူး....ရံေလး။ ရံေလးေၾကာင့္ မဟုတ္ပါဘူး။ ရံေလးမွာလည္း ေ႐ြးခ်ယ္စရာမရွိခဲ့ဘူးေလ အားလုံးက တိမ္ယံဆင့္ကို ကာကြယ္ဖို႔လုပ္ခဲ့တာႀကီးပဲ မဟုတ္လား။ ကိုယ့္ကိုကိုယ္ အျပစ္မတင္ပါနဲ႔ "

" သူေျပာခဲ့တယ္....KKနဲ႔ကြၽန္ေတာ့္ကို လုံးဝခ်မ္းသာမေပးဘူးတဲ့ "

အက္ရွၾကမ္းတမ္းေနပါသည့္ အသံလႈိင္းသည္ ေလထုထဲတြင္ ကူကယ္ရာမဲ့စြာျဖင့္ သြားလာေနခဲ့သည္။

" ၾကည့္ရတာ KK ကိုဖ်က္ဆီးၿပီးသြားရင္ သူကြၽန္ေတာ့္ဆီ ေရာက္ေအာင္လာမယ္ထင္တယ္ "

" ရံေလး... "

ျပဒါးရံနာမည္ကို ေခၚလိုက္ေသာ္လည္း သူမမွာ မည္သို႔ႏွစ္သိမ့္ေပးရမလဲ မသိခဲ့ေပ။ အရာရာဟာ တစစီက်ကြဲသြားပါသည့္ ဖန္ကြဲစမ်ားလို အလြန္အမင္း အႏၲရာယ္မ်ားလြန္းလွသည္ မဟုတ္ပါလား။

တစ္ပါတ္ေလာက္ၾကာသည္အထိ ျပဒါးရံ၏ စိတ္အေျခအေနက ပုံမွန္အတိုင္း ျပန္မေကာင္းမြန္လာေသးေပ။ ယြန္းေဟမီမွာေတာ့ စီးပြားေရးလုပ္ငန္းအေသးစားကို လုပ္ကိုင္ေနပါသျဖင့္ ျပဒါးရံအား အခ်ိန္ျပည့္ အခ်ိန္မေပးႏိုင္ေတာ့ပါ။ ဒီရက္ပိုင္း ျပဒါးရံတစ္ေယာက္ TV ဖြင့္လ်က္ မၾကာခဏဆိုသလို တိမ္ယံဆင့္၏ သတင္းေတြကို နားေထာင္ျဖစ္ေလသည္။ စိတ္ခ်မ္းသာစရာမ်ား မဟုတ္ေသာ္လည္း တစ္စထက္တစ္စ ‌အေျခအေနဆိုးဝါးလာေသာ KK၏ ပုံရိပ္ကို သူမွန္းၾကည့္႐ုံျဖင့္ သိႏိုင္သည္။ အခ်ိဳ႕ရွယ္ယာရွင္ေတြကေတာ့ သူတို႔ရဲ႕ ရွယ္ယာေတြကို ေရာင္းခ်ၿပီး ထြက္ခြာသြားၾကသည္။

တိမ္ယံဆင့္အခန္းအျဖစ္ ရည္႐ြယ္ထားပါေသာ အခန္းအတြင္းသို႔ ျပဒါးရံအခ်ိန္ကုန္ေနသည္မွာ မနက္အေစာပိုင္းထဲပင္ ျဖစ္လိမ့္မည္ပင္။ ခပ္ေႏြးေႏြးေနေရာင္ျခည္ကို ခံစားမိေန႐ုံသာမက ႏွလုံးသားတစ္စုံဟာလည္း ေႏြးေထြးေနပါေတာ့သည္။ ရွားရွားပါးပါးပင္ ျပဒါးရံ၏ စိတ္အေျခအေနဟာ အိမ္ေအာက္ဘက္မွ ရရွိလာေသာ ပန္းနံသင္းသင္းႏွင့္ ပင္လယ္ေလညႇင္းတို႔၏ အေငြ႕အသက္ေၾကာင့္ အနည္းငယ္ေပ်ာ္ျမဴးလာဟန္ ရွိေနခဲ့ေလသည္။

သက္ျပင္းခ်သံအဆုံးတြင္ ျပဒါးရံဟာ ထိုင္ခုံေပၚစိတ္လြတ္လက္လြတ္ ထိုင္ခ်လိုက္သည္။ ထို႔ျပင္ ခြင့္မေတာင္းဘဲ တိုးဝင္လာသည့္ ရင္းႏွီးေနၾက ကိုယ္သင္းနံ႔တစ္ခုကို အာ႐ုံခံစားမိလိုက္ေလသည္။ ျပဒါးရံထင္ထားသည္က မမွားလွ်င္ ဒီအခန္းထဲမွာ ဒုတိယလူတစ္ေယာက္ ထပ္ရွိေနလိမ့္မည္ျဖစ္သည္။

" ဆင့္လား "

ျပဒါးရံတစ္ေယာက္ အသံျပဳလ်က္ ခ်က္ျခင္းေမးျမန္းလိုက္ပါ၏။

" ကြၽန္ေတာ္အခ်ိန္ကိုက္ ေရာက္လာပါ့မလားလို႔ စိတ္ပူေနတာ "

တိမ္ယံဆင့္၏ အသံမွာ ျပဒါးရံ ေနာက္ေက်ာက္ဘက္မွ ထြက္ေပၚလာေလသည္။

" ခုခ်ိန္ေလာက္ဆို သူတို႔လႊင့္ေနေလာက္ေရာေပါ့ "

" ဘာကိုလဲ ? "

ျပဒါးရံမွာ ဘာကိုမွသိမေနခဲ့ေပ။ တိမ္ယံဆင့္ ဘာေတြေျပာေနလဲဆိုတာကိုလည္း သူနည္းနည္းေလးမွ နားမလည္ခဲ့။ ေအးစက္သည့္ ေလထုႏွင့္ လိုက္ဖက္ညီစြာ ေနာက္ေက်ာမွေန၍ တိမ္ယံဆင့္က ျပဒါးရံကို သိုင္းဖက္လာေလသည္။ ပုခုံးေပၚေမးေထာက္ထားကာ  လက္တစ္ဖက္က ျပဒါးရံ၏ ေမးဖ်ားကိုဆုပ္ကိုင္လာၿပီး က်န္လက္တစ္ဖက္က TV remote ကို ၿမဲၿမံစြာ ဖမ္းဆုပ္ထားသည္။ ထို႔ေနာက္နားဆီကပ္ကာ စြဲစြဲငင္ငင္ေျပာလာေသာ တိုးဖြသည့္ ေတးသံသာလို စကားတစ္ခြန္း။

" ေသခ်ာနားေထာင္ၾကည့္ ခင္ဗ်ားအတြက္ အထူးျပင္ဆင္ထားတာ "

ထိုအသံေလးမွာ အလြန္သာယာေနခဲ့သည့္တိုင္ ျပဒါးရံမွာေတာ့ အေၾကာက္တရားတစ္စြန္းတစ ခိုေအာင္းလာခဲ့ေတာ့သည္။

Continue Reading

You'll Also Like

565K 35.8K 63
Unicode ငယ်ငယ်လေးထဲကနှစ်အိမ်တစ်အိမ်နေလာတဲ့သူနှစ်ယောက်ကြီးလာတော့ တစ်ယောက်က သဘောထားတွေစတင်ပြောင်းလဲလာတဲ့အခါ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အတူတူစီးမြောလိုက်က...
1.7M 207K 164
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။