ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက်...

By Melinoe_Megami

1.6M 289K 11.1K

ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36.1
36.2
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61.1
61.2
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
Ads
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
Just Memes
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168 - Unicode
168 - Zawgyi
169 - End
170 - Second Ending part 1
171 - Second Ending part 2
172 - Second Ending Part 3
173 - လွေ့ရွယ် POV 1
174 - လွေ့ရွယ် POV 2
175 - လွေ့ရွယ် POV 3
176 Extra
177 Extra
178 Extra
180 Extra
181 Extra
182 Extra
183 extra
184 Extra
185 Extra
186 Extra
187 Extra
188 Extra
189 Extra
190 Extra
191 Extra
192 Extra End

179 Extra

3.5K 637 4
By Melinoe_Megami

Unicode

“တကယ်တော့ ဒီကိစ္စတွေက အတော်ရိုးရှင်းပါတယ်..”

ရွှယ်ယို့ရှန်းက စကားလုံးရွေးကာ ဖြည်းဖြည်းချင်း ရှင်းပြလိုက်တယ်။

“ဒီကိုရောက်မလာခင်ကပေါ့.. ကျွန်တော်က အွန်လိုင်းစာရေးဆရာ.. <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်>> ဆိုတဲ့နာမည်နဲ့ ဝတ္ထုရေးခဲ့တယ်.. ခင်ဗျားနဲ့ဟွမ်ပေ့ချန်တို့ ကတောက်ကဆဖြစ်တဲ့အပိုင်း ရေးနေတဲ့အချိန်မှာပဲ ကျွန်တော် ဒီနေရာကို ဝိဉာဉ်ကူးပြောင်းလာတယ်.. ပြီးတော့ ခင်ဗျားနဲ့တွေ့တယ်….”

မပြောခင်ကတော့ ရွှယ်ယို့ရှန်းက ရှင်းပြရခက်မယ်လို့ ထင်နေခဲ့တာ။ ထို့ကြောင့် အချိန်ဆွဲကာ ဈေးဆစ်ခဲ့တယ်။ ဒါပေမဲ့ ပါးစပ်ဖွင့်လိုက်တာနဲ့ ခက်မယ်ထင်ထားတဲ့ ကိစ္စအားလုံးက သိပ်မခက်ခဲတော့ဘူး။ ဒီလိုနဲ့ ရွှယ်ယို့ရှန်းလည်း သူဖုံးကွယ်ထားသမျှ လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းချင်း ရှင်းပြနေခဲ့မိတယ်။

ဒီလိုမှန်းသိရင် အစကတည်းက ရှင်းပြလိုက်ပါတယ်။ ဒါပေမဲ့ အကြောက်လွန်နေပြီး အချိန်ကြာသွားတာတောင် ဖွင့်မပြောရဲခဲ့ဘူး။ အခု ရင်းဆုယဲ့ အကျပ်ကိုင်တော့မှ ထုတ်ပြောပြဖို့ သတ္တိရှိလာတော့တယ်။ ရှင်းပြမယ်ဆိုမှတော့ ဘာတစ်ခုမှ ထိမ်ချန်ထားစရာ မလိုတော့ဘူး။ အဲ့တော့ ရွှယ်ယို့ရှန်းလည်း အချိန်ပေးပြီး အသေးစိတ်ပြောပြလိုက်တယ်။ သူတို့ လက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးအကြောင်း၊ အွန်လိုင်းစာပေရဲ့ အဓိပ္ပါယ်၊ ပြီးတော့ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်>> ဝတ္ထုက ဘယ်လိုဇာတ်လမ်းမျိုးလဲဆိုတာ၊ စသည်ဖြင့်ပေါ့။

“ဒီကမ္ဘာကို ရောက်လာကတည်းက ခင်ဗျားနဲ့ပဲ အချိန်ကုန်နေခဲ့တာလေ.. အဲ့တာပဲ.. ရှင်းပြစရာမကျန်တော့ဘူး..”

အရာအားလုံး ရှင်းပြပြီးနောက် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို မော့ကြည့်လိုက်တယ်။ သူ့ပုံစံက ရင်းဆုယဲ့ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေဟန်၊ ဂနာမငြိမ်ဖြစ်နေတဲ့ မျက်ဝန်းတွေက လက်ရှိအခြေအနေကြောင့် နေရခက်နေမှန်း သိသာနေတော့တယ်။

“ကျွန်တော် ရှင်းပြပြီးပြီဆိုတော့ တခြားသိချင်တာ ရှိသေးလားဟင်..?”

တစ်ခုမကျန် ပြောပြပြီးနောက် ရွှယ်ယို့ရှန်းက အချိန်တစ်ခုအထိ စောင့်ဆိုင်းနေခဲ့တယ်။ ဒါပေမဲ့ ရင်းဆုယဲ့က ဘာမှမတုံ့ပြန်ခဲ့ဘူး။ ထို့ကြောင့် ရွှယ်ယို့ရှန်းလည်း တိတ်ဆိတ်မှုကို ချိုးဖြတ်ကာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ထပ်မေးလိုက်တယ်။ ရင်းဆုယဲ့ ဘယ်လိုပဲဆုံးဖြတ်ပါစေ ကိစ္စမရှိဘူး၊ သူ့အနေနဲ့ တုံ့ပြန်မှုတချို့ ပြန်ရချင်ရုံလေးပဲ။ ဒီလိုမှ ဘယ်လိုစွဲချက်မျိုးနဲ့ အပြစ်တင်ခံရမလဲဆိုတာ သိနိုင်မှာလေ။ ဒါပေမဲ့ ရင်းဆုယဲ့က အသံတိတ်နေတယ်။ မျက်နှာသေကြီးကို ဘယ်လိုမှ နားမလည်နိုင်တာကြောင့် ရွှယ်ယို့ရှန်းမှာ ပိုပြီးဂနာမငြိမ်ဖြစ်လာခဲ့တယ်။

အသံတိတ်နေတာက ကြောက်စရာအကောင်းဆုံးပဲ..!

“ဘာမှမရှိတော့ဘူး..”

ရင်းဆုယဲ့က အသာအယာ မျက်လုံးပင့်ကာ စိတ်အေးလက်အေး ပြန်ဖြေလာတယ်။

“ဘာမှထပ်မေးစရာ မရှိတော့ဘူးလား..?”

ရင်းဆုယဲ့ရဲ့အဖြေက ရွှယ်ယို့ရှန်းကို အနည်းငယ် စိတ်သက်သာသွားစေတယ်။ အနည်းဆုံးတော့ ရင်းဆုယဲ့က အေးတိအေးစက် မဆက်ဆံခဲ့ဘူးလေ။ သူခန့်မှန်းထားတာထက် သာလွန်နေတယ် မဟုတ်ပါလား။ ဒီကိစ္စတွေက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို တိုးတက်စေနိုင်တာကြောင့် ရွှယ်ယို့ရှန်းလည်း ဦးနှောက်ကို အလုပ်ပေးကာ နောက်ထပ်ပြောရမယ့် စကားတွေကို စာစီလိုက်တယ်။

“မရှိဘူး..”

ရင်းဆုယဲ့က တစ်ခဏတွေးပြီး ပြန်ဖြေတယ်။

“……….”

မျက်နှာသေကြီးနဲ့ ပြန်ဖြေလာတာကြောင့် ရွှယ်ယို့ရှန်းမှာ ရူးသွားတော့မလိုပဲ။

အဲ့တော့ ဘာဆက်ပြောရမှာလဲဟင်..? အများစုကို ရှင်းပြပြီးသားဆိုပေမယ့် ဒီကြားထဲမှာ ကျန်ခဲ့တာတွေ ရှိသေးတယ်လေ။ ရင်းဆုယဲ့က ထပ်မမေးတော့ဘူးလား..? မေးစရာမလိုဘူးလို့ ထင်နေတာလား..? ဒါမှမဟုတ် ထုတ်မေးရလောက်အောင် မတန်ဘူးလို့ သဘောထားနေတာလား..? ဒါမှမဟုတ် သိချင်စိတ်ကို မရှိတာလား..?

စက္ကန့်ပိုင်းအတွင်း ရွှယ်ယို့ရှန်းရဲ့စိတ်ထဲမှာ မေးခွန်းအမြောက်အမြား ဖြတ်ပြေးသွားတယ်။ ဒါပေမဲ့ ဘာဆက်ပြောရမှန်း မသိခဲ့ဘူး။ အဆုံးမှာတော့ အရာအားလုံး ပြောပြရန်သာ ဆုံးဖြတ်လိုက်တော့တယ်။

စခဲ့ပြီးမှတော့ အလယ်မှာတင် ရပ်တန့်လိုက်လို့မဖြစ်ဘူး။ အဆုံးထိသွားရမယ်။ ပြဿနာဆိုတာ ရှောင်ပြေးနေလို့ မပြီးဆုံးသွားဘူး။ ဖြေရှင်းနိုင်မှဖြစ်မယ်။ အနှေးနဲ့အမြန် ရှင်းပြရမယ့်ကိစ္စတွေပဲလေ။ ဘာလို့ အခုထဲက မပြောပြရမှာလဲ..?

“ရင်းဆုယဲ့.. ခင်ဗျား မမေးလည်း ကျွန်တော် ပြောပြမှဖြစ်မယ်..”

ရွှယ်ယို့ရှန်းက ဆုံးဖြတ်ချက်ချလိုက်ပေမယ့် တကယ်တမ်း ပြောရမယ့်အချိန်ရောက်တော့ လက်သီးဆုပ်ထားမိတယ်။ ရင်းဆုယဲ့မမေးလည်း သူ့ဘက်က ပြောပြမှဖြစ်မယ်။

“ကျွန်တော် ပြောပြမယ်.. ခင်ဗျားကို ကံဆိုးမိုးမှောင်ကျအောင်၊ ဒုက္ခဆင်းရဲတွေ ခံစားရအောင် လုပ်ခဲ့တဲ့လူက ကျွန်တော်ပဲ..!”

ရင်းဆုယဲ့ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခအားလုံးရဲ့ လက်သည်တရားခံက သူပဲ..!

အမှန်တရားကို ဝန်ခံပြီးနောက် ရွှယ်ယို့ရှန်းမှာ အားကုန်သုံးလိုက်ရသလိုမျိုး အချိန်အတော်ကြာတဲ့အထိ စကားတစ်လုံးတောင် ထပ်မပြောရဲခဲ့ဘူး။

“အင်း..”

ရင်းဆုယဲ့က သူကြားလိုက်ကြောင်း ရိုးရိုးရှင်းရှင်းသာ အသံပြုလာတယ်။

“………..”

ရွှယ်ယို့ရှန်းခမျာ ရင်းဆုယဲ့ရဲ့ စိတ်အေးလက်အေး အပြုအမူတွေကြောင့် ရူးသွပ်လုဆဲဆဲ။ အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် လုပ်လိုက်ရတယ်။

“ရင်းဆုယဲ့.. ကျွန်တော် ပြောလိုက်တာကို တကယ်ရော နားလည်ရဲ့လား..?”

‘အင်း..’ ဆိုတာ ဘာသဘောတုန်း..?

“ဘာကိုကြောက်နေတာလဲ..? ကိုယ့်ကိုပြောပြ..”

ရင်းဆုယဲ့က အသာအယာ မေးလာတယ်။

ကောင်လေးက ဒီကိစ္စနဲ့ပက်သက်ပြီး ဘာလို့အရမ်းစိုးရိမ်နေရတာလဲ..? သူနားမလည်နိုင်တော့ဘူး။ ကောင်လေး ပြောခဲ့သမျှ စကားတစ်လုံးချင်းစီတိုင်းကို သူနားလည်တယ်။ အဲ့တော့ ဘာဖြစ်လဲ..? ကောင်လေးနဲ့သူ့ကြားမှာ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူးလေ။

ကောင်လေး စိတ်ပူနေတာဆိုရင် သူက စိတ်ပူတာတွေ ပြေပျောက်သွားအောင် ကူညီပေးမယ်..!

ကောင်လေး စိတ်တထင့်ထင့် ဖြစ်နေတာဆိုရင် သူက စိတ်တည်ငြိမ်အောင် ကူညီပေးမယ်..!

“ခင်ဗျား အပြစ်တင်မှာစိုးတာ..!”

ရွှယ်ယို့ရှန်းက မျက်လုံးမှိတ်လိုက်တယ်။ တစ်ခဏကြာပြီးနောက် မျက်လုံးပြန်ဖွင့်ကာ သူကြောက်နေတဲ့ကိစ္စကို အမြန် ထုတ်ပြောလိုက်တော့တယ်။ သူ့ရဲ့လေသံက မျှော်လင့်ချက်အားလုံး လက်လွတ်လိုက်သယောင်။ ထို့နောက် ရင်းဆုယဲ့ရဲ့ တုံပြန်မှုကို မစောင့်တော့ဘဲ မျက်နှာလွှဲကာ ကိုယ့်ကိုယ်ကို လိမ်ညာနှစ်သိမ့်နိုင်ရန် ကြိုးစားနေမိတော့တယ်။

………………………………………….

Zawgyi

“တကယ္ေတာ့ ဒီကိစၥေတြက အေတာ္႐ိုးရွင္းပါတယ္..”

႐ႊယ္ယို႔ရွန္းက စကားလုံးေ႐ြးကာ ျဖည္းျဖည္းခ်င္း ရွင္းျပလိုက္တယ္။

“ဒီကိုေရာက္မလာခင္ကေပါ့.. ကြၽန္ေတာ္က အြန္လိုင္းစာေရးဆရာ.. <<ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္>> ဆိုတဲ့နာမည္နဲ႔ ဝတၳဳေရးခဲ့တယ္.. ခင္ဗ်ားနဲ႔ဟြမ္ေပ့ခ်န္တို႔ ကေတာက္ကဆျဖစ္တဲ့အပိုင္း ေရးေနတဲ့အခ်ိန္မွာပဲ ကြၽန္ေတာ္ ဒီေနရာကို ဝိဉာဥ္ကူးေျပာင္းလာတယ္.. ၿပီးေတာ့ ခင္ဗ်ားနဲ႔ေတြ႕တယ္….”

မေျပာခင္ကေတာ့ ႐ႊယ္ယို႔ရွန္းက ရွင္းျပရခက္မယ္လို႔ ထင္ေနခဲ့တာ။ ထို႔ေၾကာင့္ အခ်ိန္ဆြဲကာ ေဈးဆစ္ခဲ့တယ္။ ဒါေပမဲ့ ပါးစပ္ဖြင့္လိုက္တာနဲ႔ ခက္မယ္ထင္ထားတဲ့ ကိစၥအားလုံးက သိပ္မခက္ခဲေတာ့ဘူး။ ဒီလိုနဲ႔ ႐ႊယ္ယို႔ရွန္းလည္း သူဖုံးကြယ္ထားသမွ် လွ်ိဳ႕ဝွက္ခ်က္ေတြကို ျဖည္းျဖည္းခ်င္း ရွင္းျပေနခဲ့မိတယ္။

ဒီလိုမွန္းသိရင္ အစကတည္းက ရွင္းျပလိုက္ပါတယ္။ ဒါေပမဲ့ အေၾကာက္လြန္ေနၿပီး အခ်ိန္ၾကာသြားတာေတာင္ ဖြင့္မေျပာရဲခဲ့ဘူး။ အခု ရင္းဆုယဲ့ အက်ပ္ကိုင္ေတာ့မွ ထုတ္ေျပာျပဖို႔ သတၱိရွိလာေတာ့တယ္။ ရွင္းျပမယ္ဆိုမွေတာ့ ဘာတစ္ခုမွ ထိမ္ခ်န္ထားစရာ မလိုေတာ့ဘူး။ အဲ့ေတာ့ ႐ႊယ္ယို႔ရွန္းလည္း အခ်ိန္ေပးၿပီး အေသးစိတ္ေျပာျပလိုက္တယ္။ သူတို႔ လက္ရွိေနထိုင္ေနတဲ့ ကမာၻႀကီးအေၾကာင္း၊ အြန္လိုင္းစာေပရဲ႕ အဓိပၸါယ္၊ ၿပီးေတာ့ <<ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္>> ဝတၳဳက ဘယ္လိုဇာတ္လမ္းမ်ိဳးလဲဆိုတာ၊ စသည္ျဖင့္ေပါ့။

“ဒီကမာၻကို ေရာက္လာကတည္းက ခင္ဗ်ားနဲ႔ပဲ အခ်ိန္ကုန္ေနခဲ့တာေလ.. အဲ့တာပဲ.. ရွင္းျပစရာမက်န္ေတာ့ဘူး..”

အရာအားလုံး ရွင္းျပၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက ရင္းဆုယဲ့ကို ေမာ့ၾကည့္လိုက္တယ္။ သူ႔ပုံစံက ရင္းဆုယဲ့ရဲ႕ အဆုံးအျဖတ္ကို ေစာင့္ဆိုင္းေနဟန္၊ ဂနာမၿငိမ္ျဖစ္ေနတဲ့ မ်က္ဝန္းေတြက လက္ရွိအေျခအေနေၾကာင့္ ေနရခက္ေနမွန္း သိသာေနေတာ့တယ္။

“ကြၽန္ေတာ္ ရွင္းျပၿပီးၿပီဆိုေတာ့ တျခားသိခ်င္တာ ရွိေသးလားဟင္..?”

တစ္ခုမက်န္ ေျပာျပၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက အခ်ိန္တစ္ခုအထိ ေစာင့္ဆိုင္းေနခဲ့တယ္။ ဒါေပမဲ့ ရင္းဆုယဲ့က ဘာမွမတုံ႔ျပန္ခဲ့ဘူး။ ထို႔ေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း တိတ္ဆိတ္မႈကို ခ်ိဳးျဖတ္ကာ တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ ထပ္ေမးလိုက္တယ္။ ရင္းဆုယဲ့ ဘယ္လိုပဲဆုံးျဖတ္ပါေစ ကိစၥမရွိဘူး၊ သူ႔အေနနဲ႔ တုံ႔ျပန္မႈတခ်ိဳ႕ ျပန္ရခ်င္႐ုံေလးပဲ။ ဒီလိုမွ ဘယ္လိုစြဲခ်က္မ်ိဳးနဲ႔ အျပစ္တင္ခံရမလဲဆိုတာ သိႏိုင္မွာေလ။ ဒါေပမဲ့ ရင္းဆုယဲ့က အသံတိတ္ေနတယ္။ မ်က္ႏွာေသႀကီးကို ဘယ္လိုမွ နားမလည္ႏိုင္တာေၾကာင့္ ႐ႊယ္ယို႔ရွန္းမွာ ပိုၿပီးဂနာမၿငိမ္ျဖစ္လာခဲ့တယ္။

အသံတိတ္ေနတာက ေၾကာက္စရာအေကာင္းဆုံးပဲ..!

“ဘာမွမရွိေတာ့ဘူး..”

ရင္းဆုယဲ့က အသာအယာ မ်က္လုံးပင့္ကာ စိတ္ေအးလက္ေအး ျပန္ေျဖလာတယ္။

“ဘာမွထပ္ေမးစရာ မရွိေတာ့ဘူးလား..?”

ရင္းဆုယဲ့ရဲ႕အေျဖက ႐ႊယ္ယို႔ရွန္းကို အနည္းငယ္ စိတ္သက္သာသြားေစတယ္။ အနည္းဆုံးေတာ့ ရင္းဆုယဲ့က ေအးတိေအးစက္ မဆက္ဆံခဲ့ဘူးေလ။ သူခန႔္မွန္းထားတာထက္ သာလြန္ေနတယ္ မဟုတ္ပါလား။ ဒီကိစၥေတြက သူတို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို တိုးတက္ေစႏိုင္တာေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ဦးေႏွာက္ကို အလုပ္ေပးကာ ေနာက္ထပ္ေျပာရမယ့္ စကားေတြကို စာစီလိုက္တယ္။

“မရွိဘူး..”

ရင္းဆုယဲ့က တစ္ခဏေတြးၿပီး ျပန္ေျဖတယ္။

“……….”

မ်က္ႏွာေသႀကီးနဲ႔ ျပန္ေျဖလာတာေၾကာင့္ ႐ႊယ္ယို႔ရွန္းမွာ ႐ူးသြားေတာ့မလိုပဲ။

အဲ့ေတာ့ ဘာဆက္ေျပာရမွာလဲဟင္..? အမ်ားစုကို ရွင္းျပၿပီးသားဆိုေပမယ့္ ဒီၾကားထဲမွာ က်န္ခဲ့တာေတြ ရွိေသးတယ္ေလ။ ရင္းဆုယဲ့က ထပ္မေမးေတာ့ဘူးလား..? ေမးစရာမလိုဘူးလို႔ ထင္ေနတာလား..? ဒါမွမဟုတ္ ထုတ္ေမးရေလာက္ေအာင္ မတန္ဘူးလို႔ သေဘာထားေနတာလား..? ဒါမွမဟုတ္ သိခ်င္စိတ္ကို မရွိတာလား..?

စကၠန႔္ပိုင္းအတြင္း ႐ႊယ္ယို႔ရွန္းရဲ႕စိတ္ထဲမွာ ေမးခြန္းအေျမာက္အျမား ျဖတ္ေျပးသြားတယ္။ ဒါေပမဲ့ ဘာဆက္ေျပာရမွန္း မသိခဲ့ဘူး။ အဆုံးမွာေတာ့ အရာအားလုံး ေျပာျပရန္သာ ဆုံးျဖတ္လိုက္ေတာ့တယ္။

စခဲ့ၿပီးမွေတာ့ အလယ္မွာတင္ ရပ္တန႔္လိုက္လို႔မျဖစ္ဘူး။ အဆုံးထိသြားရမယ္။ ျပႆနာဆိုတာ ေရွာင္ေျပးေနလို႔ မၿပီးဆုံးသြားဘူး။ ေျဖရွင္းႏိုင္မွျဖစ္မယ္။ အေႏွးနဲ႔အျမန္ ရွင္းျပရမယ့္ကိစၥေတြပဲေလ။ ဘာလို႔ အခုထဲက မေျပာျပရမွာလဲ..?

“ရင္းဆုယဲ့.. ခင္ဗ်ား မေမးလည္း ကြၽန္ေတာ္ ေျပာျပမွျဖစ္မယ္..”

႐ႊယ္ယို႔ရွန္းက ဆုံးျဖတ္ခ်က္ခ်လိုက္ေပမယ့္ တကယ္တမ္း ေျပာရမယ့္အခ်ိန္ေရာက္ေတာ့ လက္သီးဆုပ္ထားမိတယ္။ ရင္းဆုယဲ့မေမးလည္း သူ႔ဘက္က ေျပာျပမွျဖစ္မယ္။

“ကြၽန္ေတာ္ ေျပာျပမယ္.. ခင္ဗ်ားကို ကံဆိုးမိုးေမွာင္က်ေအာင္၊ ဒုကၡဆင္းရဲေတြ ခံစားရေအာင္ လုပ္ခဲ့တဲ့လူက ကြၽန္ေတာ္ပဲ..!”

ရင္းဆုယဲ့ခံစားခဲ့ရတဲ့ ဆင္းရဲဒုကၡအားလုံးရဲ႕ လက္သည္တရားခံက သူပဲ..!

အမွန္တရားကို ဝန္ခံၿပီးေနာက္ ႐ႊယ္ယို႔ရွန္းမွာ အားကုန္သုံးလိုက္ရသလိုမ်ိဳး အခ်ိန္အေတာ္ၾကာတဲ့အထိ စကားတစ္လုံးေတာင္ ထပ္မေျပာရဲခဲ့ဘူး။

“အင္း..”

ရင္းဆုယဲ့က သူၾကားလိုက္ေၾကာင္း ႐ိုး႐ိုးရွင္းရွင္းသာ အသံျပဳလာတယ္။

“………..”

႐ႊယ္ယို႔ရွန္းခမ်ာ ရင္းဆုယဲ့ရဲ႕ စိတ္ေအးလက္ေအး အျပဳအမူေတြေၾကာင့္ ႐ူးသြပ္လုဆဲဆဲ။ အသက္ျပင္းျပင္းရႉကာ စိတ္တည္ၿငိမ္ေအာင္ လုပ္လိုက္ရတယ္။

“ရင္းဆုယဲ့.. ကြၽန္ေတာ္ ေျပာလိုက္တာကို တကယ္ေရာ နားလည္ရဲ႕လား..?”

‘အင္း..’ ဆိုတာ ဘာသေဘာတုန္း..?

“ဘာကိုေၾကာက္ေနတာလဲ..? ကိုယ့္ကိုေျပာျပ..”

ရင္းဆုယဲ့က အသာအယာ ေမးလာတယ္။

ေကာင္ေလးက ဒီကိစၥနဲ႔ပက္သက္ၿပီး ဘာလို႔အရမ္းစိုးရိမ္ေနရတာလဲ..? သူနားမလည္ႏိုင္ေတာ့ဘူး။ ေကာင္ေလး ေျပာခဲ့သမွ် စကားတစ္လုံးခ်င္းစီတိုင္းကို သူနားလည္တယ္။ အဲ့ေတာ့ ဘာျဖစ္လဲ..? ေကာင္ေလးနဲ႔သူ႔ၾကားမွာ ဘာျပႆနာမွ ရွိလာမွာမဟုတ္ဘူးေလ။

ေကာင္ေလး စိတ္ပူေနတာဆိုရင္ သူက စိတ္ပူတာေတြ ေျပေပ်ာက္သြားေအာင္ ကူညီေပးမယ္..!

ေကာင္ေလး စိတ္တထင့္ထင့္ ျဖစ္ေနတာဆိုရင္ သူက စိတ္တည္ၿငိမ္ေအာင္ ကူညီေပးမယ္..!

“ခင္ဗ်ား အျပစ္တင္မွာစိုးတာ..!”

႐ႊယ္ယို႔ရွန္းက မ်က္လုံးမွိတ္လိုက္တယ္။ တစ္ခဏၾကာၿပီးေနာက္ မ်က္လုံးျပန္ဖြင့္ကာ သူေၾကာက္ေနတဲ့ကိစၥကို အျမန္ ထုတ္ေျပာလိုက္ေတာ့တယ္။ သူ႔ရဲ႕ေလသံက ေမွ်ာ္လင့္ခ်က္အားလုံး လက္လြတ္လိုက္သေယာင္။ ထို႔ေနာက္ ရင္းဆုယဲ့ရဲ႕ တုံျပန္မႈကို မေစာင့္ေတာ့ဘဲ မ်က္ႏွာလႊဲကာ ကိုယ့္ကိုယ္ကို လိမ္ညာႏွစ္သိမ့္ႏိုင္ရန္ ႀကိဳးစားေနမိေတာ့တယ္။

………………………………………….

Continue Reading

You'll Also Like

897K 134K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...
129K 12.7K 59
မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ့အတွက် ကံတရားကသတ်မှတ်ထားပြီးသားလား......
94.6K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...
1.4M 184K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။