Unicode
“ရှောင်ယဲ့ယဲ့ရေ.. ကျွန်တော်တို့ တော်ဝင်မြို့တော်ကို ပြန်ကြမှာလား..?”
ရွှယ်ယို့ရှန်း အိပ်ရာနိုးလာတဲ့အချိန် ရင်းဆုယဲ့က သူ့ကိုပွေ့ချီပြီး မြူနှင်းတောအုပ်ထဲ လမ်းလျှောက်နေတာကို တွေ့လိုက်ရတယ်။ ရွှယ်ယို့ရှန်းတစ်ယောက် ရင်းဆုယဲ့ကို အခမဲ့ပို့ဆောင်ယာဉ်လို သဘောထားပြီး ရင်ခွင်ထဲ ပျော်မွေ့နေတော့တယ်။ လမ်းကိုအာရုံစိုက်နေတဲ့ ရင်းဆုယဲ့နဲ့ယှဉ်ရင် ရွှယ်ယို့ရှန်းက ပိုပြီးအတွေးလွန်နေခဲ့တယ်။
ရင်းဆုယဲ့ အိမ်ပြန်မယ်လို့ ပြောတုန်းက သူလည်း သိပ်မတွေးခဲ့မိဘူး။ နောက်မှ သတိရလိုက်တယ်၊ အခုဆို သူက ဒီကမ္ဘာကြီးအတွက် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ လူသစ်တစ်ယောက် ဖြစ်နေပြီလေ။ အိမ်ပြန်မယ်ဆို ရင်းဆုယဲ့နောက်ကိုပဲ လိုက်သွားရတော့မှာ။ ဒီလိုဆိုတော့ သူတို့အတွက် ‘အိမ်’ဆိုတာ တော်ဝင်မြို့တော်ပဲပေါ့။
သူထွက်သွားတုန်းက လူသားတွေနဲ့ မိစ္ဆာမျိုးနွယ်တွေ စစ်ဖြစ်နေတာဆိုတော့ အခုချိန်မှာ စစ်ပွဲရပ်စဲသွားပေမယ့်လည်း တစ်ဖက်နဲ့တစ်ဖက် သိပ်ကြည်ဦးမှာမဟုတ်ဘူး။ မိစ္ဆာတစ်ကောင်ဖြစ်တဲ့သူသာ ရင်းဆုယဲ့နောက်လိုက်သွားရင် အန္တရာယ်ရှိလာနိုင်တယ် မဟုတ်ဘူးလား..?
ရင်းဆုယဲ့က သူ့အတွက် ကံကြမ္မာကူးပြောင်းခြင်း လုပ်ပေးပြီးပြီဆိုပေမယ့် သူ့ပုံစံက ကလေးပုံပြန်ဖြစ်သွားပြန်ပြီ။ နှစ်တွေလည်း ကြာညောင်းခဲ့ပြီဆိုတော့ ကံကြမ္မာကူးပြောင်းခြင်းအကြောင်း မှတ်မိသေးတဲ့လူ ကျန်သေးရဲ့လား..? သူလည်း သေချာမသိတော့ဘူး။ ဘယ်သူမှမသိရင် အဲ့အကြောင်းတွေကို သောက်ကျိုးနည်း ထပ်ရှင်းပြရဦးမယ်..! တွေးကြည့်ရုံနဲ့တင် စိတ်ပျက်စရာကောင်းနေပြီ..!
“မဟုတ်ဘူး.. ကိုယ်တို့ အိမ်မပြန်ခင် မိစ္ဆာနယ်မြေ အရင်သွားရဦးမယ်..”
ရင်းဆုယဲ့က ကလေးငယ်ကို အသာအယာ ခေါင်းပွတ်ပေးရင်း ဘယ်အရာကိုမှ စိတ်ပူစရာမလိုကြောင်း၊ အရာအားလုံး ပြင်ဆင်ပြီးသားဖြစ်ကြောင်း ရှင်းပြလာခဲ့တယ်။
“မိစ္ဆာနယ်မြေကို သွားမလို့..?”
ရွှယ်ယို့ရှန်းက မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်သလို ပဲ့တင်ထပ်လိုက်တယ်။ သူက မိစ္ဆာမျိုးနွယ်ဆိုပေမယ့်လည်း မိစ္ဆာနယ်မြေမှာ အသိမရှိဘူးလေ..!
“မေ့သွားပြီလား..? ဟွမ်ထျန်က မိစ္ဆာမျိုးနွယ်တစ်ခုလုံးကို မင်းလက်ထဲ အပ်ခဲ့တယ်လေ..”
ရင်းဆုယဲ့တစ်ယောက် ကောင်ငယ်လေးရဲ့ သံသယမျက်ဝန်းတွေကိုကြည့်ရင်း ဟွမ်ထျန်ပြောခဲ့တာတွေကို ဒီကောင်လေး အတည်မယူမှန်း သိလိုက်တယ်။ ရွှယ်ယို့ရှန်း လူကြီးပုံစံမပြောင်းနိုင်တာကြောင့် စိတ်ဓာတ်ကျနေတဲ့ ရင်းဆုယဲ့လည်း ထိုအခါမှ စိတ်ပြန်ကြည်သွားတော့တယ်။
သူ့ကောင်လေးက သူ့တစ်ယောက်တည်းကိုပဲ စိတ်ထဲထည့်ထားတာပေါ့..!
“လုံးဝမေ့သွားတာ..!”
ရွှယ်ယို့ရှန်းခမျာ မျက်လုံးလှိမ့်လိုက်မိတယ်။
အခုလေးတင် ဟွမ်ထျန် သူ့အတွက်ချန်ထားခဲ့တဲ့ အရှုပ်ထုပ်တွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေသေးတာ။ ဘယ်လိုလုပ် တခြားကိစ္စကို အာရုံရောက်သွားရတာလဲ..?!
“ဟုတ်ပါပြီ..”
ရင်းဆုယဲ့က ရွှယ်ယို့ရှန်းရဲ့ ဦးခေါင်းသေးသေးလေးကို ထပ်မံပွတ်သပ်လိုက်တယ်။
သူ့ကောင်လေးက ရိုးရိုးအအလေး..!
“ဟွမ်ထျန်က ဘယ်လိုဖြစ်စေချင်တာလဲ..?”
ဟွမ်ထျန်က သူ့ရဲ့စိတ်နယ်မြေထဲမှာ အမှာစာချန်ခဲ့ပေမယ့်လည်း မိစ္ဆာနယ်မြေအကြောင်း တစ်ခွန်းပဲပြောခဲ့တာဆိုတော့ ရွှယ်ယို့ရှန်းလည်း အခြေအနေကို နားမလည်တော့ဘူး။ ပြီးတော့ ၈ နှစ်တောင် ကြာခဲ့ပြီလေ။ ဘာတွေပြောင်းလဲသွားသလဲဆိုတာ ဘယ်လိုလုပ်သိဦးမှာလဲ။ အဲ့တော့ ဘာကိစ္စမှမလုပ်ခင် အခြေအနေတွေကို အရင်ဆုံး စစ်ဆေးကြည့်ရမယ်။ အင်း.. သူက အတွေးအခေါ်ကောင်းတဲ့ လူငယ်လေးပဲ..!
“ဟွမ်ထျန် သူထွက်မသွားခင် သူ့ရဲ့သားက ဒုတိယမျိုးဆက် မိစ္ဆာဘုရင်ဖြစ်လာလိမ့်မယ်.. ပြီးရင် မိစ္ဆာနယ်မြေတစ်ခုလုံးကို ပြန်လည်ထွန်းသစ်လာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မိစ္ဆာတွေအားလုံးကို တစ်ခါတည်း အသိပေးသွားတယ်..”
ရင်းဆုယဲ့က မသိမသာလေး မျက်မှောင်ကြုတ်သွားတယ်။ သိသာစွာပဲ ရန်သူတော်ကြီး ဟွမ်ထျန်အကြောင်း ပြောချင်ပုံမရဘူး။ ဒါပေမဲ့ ကောင်လေးရဲ့မေးခွန်းကို ပြန်မဖြေဘဲလည်း မနေနိုင်တာကြောင့် မိစ္ဆာမျိုးနွယ်တစ်ခုလုံးရဲ့ ရှေ့မှောက်မှာ ဟွမ်ထျန်ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားရင်း ရွှယ်ယို့ရှန်းကို ပြောပြလိုက်ရတယ်။
“………….”
ရင်းဆုယဲ့ရဲ့စကားကို နားထောင်ပြီးနောက် ရွှယ်ယို့ရှန်းမှာ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားပြီး သူ့ရဲ့ခံစားချက်ကို ဖော်ပြနိုင်ဖို့အတွက် ‘ဟီးဟီး’လို့သာ အေးစက်စက် ရယ်လိုက်မိတယ်။
ဟွမ်ထျန်က သူပြန်မရောက်ခင် အရင်ထွက်သွားပြီး လက်ဦးမှုယူသွားတယ်ပေါ့။ သူ့ကို ပြဿနာရှာချင်ရုံ သပ်သပ်နဲ့လေ..?
ပြီးတော့ မိစ္ဆာဘုရင်ဆိုတဲ့ ရာထူးက အမွေပေးလို့ရလို့လား..?
ဟွမ်ထျန်က နာမည်တစ်ခွန်း ပြောလိုက်ရုံနဲ့ အဲ့လူက မိစ္ဆာဘုရင်နေရာကို ဒီအတိုင်းလေး ဆက်ခံနိုင်တယ်ပေါ့..?
အဲ့ကိစ္စတွေ အသာထားပါဦး၊ ‘ဒုတိယမျိုးဆက်’ ဆိုတဲ့စကားလုံးက သူ့ကို ‘ငတုံး’လို့ ပြောနေသလိုပဲ။ သိရဲ့လားလို့..?!
(TN : တရုတ်ဗန်းစကားမှာ No.2 or 2nd ဆိုတာ ‘ငတုံး’ နဲ့ အသံထွက်ဆင်နေတာပါ။)
“ကျွန်တော်က ဒုတိယမြောက်မိစ္ဆာဘုရင်ပေါ့..?”
ရွှယ်ယို့ရှန်းက စိတ်ရှုပ်ရှုပ်နဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးရင်း ထပ်မေးလိုက်တယ်။ သူ့ရဲ့အကြည့်က တွေဝေနေသလို။
ဟွမ်ထျန်ရဲ့ 'သား' ဆိုတာ သူကိုရည်ညွှန်းနေမှန်းတော့ ရွှယ်ယို့ရှန်း သိပါတယ်။ ဘာပဲပြောပြော မှော်နဲ့ဓားနယ်မြေတစ်ခုလုံးမှာ ဟွမ်ထျန်နဲ့ သွေးချင်းစပ်နေတာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်လေ။ ဒါပေမဲ့ သူနားမလည်နိုင်တာက သူ ဒုတိယမျိုးဆက် မိစ္ဆာဘုရင်ဖြစ်လာမယ်ဆိုတာ ဟွမ်ထျန်က ဘယ်လိုလုပ်သေချာသိနေတာလဲ..?
အဲ့အချိန်တုန်းက သူကိုယ်တိုင်တောင် ဒီကမ္ဘာကို ပြန်လာနိုင်ပါ့မလားဆိုတာ မသေချာခဲ့ဘူး။ ပြန်လာနိုင်ခဲ့ရင်လည်း အချိန်မှန်၊ လူမှန် (သူချစ်ခဲ့ဖူးတဲ့ ရင်းဆုယဲ့)နဲ့ တွေ့ပါ့မလားဆိုတာ သေချာမသိခဲ့ဘူး။ ပြီးတော့ ကူးပြောင်းနိုင်ခဲ့ရင်လည်း ဟွမ်ထျန်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်လာပါ့မလားဆိုတာ မသေချာဘူး။
ဒီလိုမသေချာခြင်းတွေကြားမှာ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်တာတွေမှ အများကြီးပဲ။ အဲ့တာကို ဟွမ်ထျန်က သူပြန်ရောက်လာပြီး ဒုတိယမျိုးဆက် မိစ္ဆာဘုရင်ဖြစ်မယ်ဆိုတာ ဘယ်လိုလုပ် သေချာနေရတာလဲ..?
ဟွမ်ထျန်က ပြောချင်ရာတွေ လျှောက်ပြောခဲ့တာ ဖြစ်ရမယ်.. ဟုတ်တယ်မလား..?
ဖြစ်နိုင်ချေတွေများလွန်းလို့ ဘယ်သူမှ အနာဂါတ်ကို ကြိုမခန့်မှန်းနိုင်ဘူးလေ။ သူပြန်ရောက်လာတဲ့အချိန် ဟွမ်ထျန် အသက်ရှင်နေဦးမှာလား၊ သေသွားပြီလားဆိုတာလည်း ဘယ်သူမှမသိနိုင်ဘူး။ ဟွမ်ထျန် အသက်ရှင်နေသရွေ့ ဒုတိယမျိုးဆက်ဘုရင်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။
ဒီကမ္ဘာကြီးအတွက် မျိုးနွယ်တစ်ခုမှာ ဘုရင်တစ်ပါးပဲ ရှိရမယ်ဆိုတာ ပြောင်းလဲလို့မရတဲ့ တရားသေစည်းမျဉ်းတစ်ခုပဲ..!
“ဟုတ်တယ်..”
ရင်းဆုယဲ့ပင် တွေဝေသွားရတယ်။
ကောင်လေးက ဒီသတင်းကြားရုံနဲ့ ဘာဖြစ်လို့ အထိတ်တလန့်ဖြစ်သွားရတာလဲ..? သူနားမလည်နိုင်တော့ဘူး။
“ကျွန်တော့်ဆီမှာ ဘုရင်တစ်ပါးဖြစ်နိုင်လောက်တဲ့ စွမ်းအားမျိုးရှိနေတယ်လို့ ခင်ဗျားထင်နေတာလား..?”
ရွှယ်ယို့ရှန်းလည်း သူ့အတွေးတွေကို ရင်းဆုယဲ့ မရိပ်မိတာကြောင့် မကျေမနပ်ဖြစ်နေတော့တယ်။ ဒါပေမဲ့လည်း စိတ်ရှည်လက်ရှည် ရှင်ပြလိုက်တယ်။
သူ့မှာ Golden Finger တွေအများကြီးရှိပေမယ့် သူ့က အားနည်းတယ်ဆိုတာ ပြောင်းလဲလို့မရတဲ့အချက်ပဲ။ ပထမအကြိမ် ကူးပြောင်းလာတုန်းက အသည်းအသန် ကျင့်ကြံခဲ့တာတောင် ‘ရွှေရောင်တော်ဝင်’ အဆင့်ထိပဲ ရောက်ခဲ့တယ်။ အခု ဒုတိယအကြိမ် ကူးပြောင်းလာတော့ သူ့ရဲ့ခန္ဓာကိုယ်က အသစ်ဖြစ်သွားပြီလေ။ တစ်ခါမှတောင် မကျင့်ကြံရသေးတဲ့ ခန္ဓာကိုယ်နဲ့ ဒုတိယမျိုးဆက် မိစ္ဆာဘုရင် ဖြစ်လာနိုင်ပါ့မလား..?
………………………………………….
Zawgyi
“ေရွာင္ယဲ့ယဲ့ေရ.. ကြၽန္ေတာ္တို႔ ေတာ္ဝင္ၿမိဳ႕ေတာ္ကို ျပန္ၾကမွာလား..?”
႐ႊယ္ယို႔ရွန္း အိပ္ရာႏိုးလာတဲ့အခ်ိန္ ရင္းဆုယဲ့က သူ႔ကိုေပြ႕ခ်ီၿပီး ျမဴႏွင္းေတာအုပ္ထဲ လမ္းေလွ်ာက္ေနတာကို ေတြ႕လိုက္ရတယ္။ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ ရင္းဆုယဲ့ကို အခမဲ့ပို႔ေဆာင္ယာဥ္လို သေဘာထားၿပီး ရင္ခြင္ထဲ ေပ်ာ္ေမြ႕ေနေတာ့တယ္။ လမ္းကိုအာ႐ုံစိုက္ေနတဲ့ ရင္းဆုယဲ့နဲ႔ယွဥ္ရင္ ႐ႊယ္ယို႔ရွန္းက ပိုၿပီးအေတြးလြန္ေနခဲ့တယ္။
ရင္းဆုယဲ့ အိမ္ျပန္မယ္လို႔ ေျပာတုန္းက သူလည္း သိပ္မေတြးခဲ့မိဘူး။ ေနာက္မွ သတိရလိုက္တယ္၊ အခုဆို သူက ဒီကမာၻႀကီးအတြက္ ဘာပိုင္ဆိုင္မႈမွမရွိတဲ့ လူသစ္တစ္ေယာက္ ျဖစ္ေနၿပီေလ။ အိမ္ျပန္မယ္ဆို ရင္းဆုယဲ့ေနာက္ကိုပဲ လိုက္သြားရေတာ့မွာ။ ဒီလိုဆိုေတာ့ သူတို႔အတြက္ ‘အိမ္’ဆိုတာ ေတာ္ဝင္ၿမိဳ႕ေတာ္ပဲေပါ့။
သူထြက္သြားတုန္းက လူသားေတြနဲ႔ မိစာၦမ်ိဳးႏြယ္ေတြ စစ္ျဖစ္ေနတာဆိုေတာ့ အခုခ်ိန္မွာ စစ္ပြဲရပ္စဲသြားေပမယ့္လည္း တစ္ဖက္နဲ႔တစ္ဖက္ သိပ္ၾကည္ဦးမွာမဟုတ္ဘူး။ မိစာၦတစ္ေကာင္ျဖစ္တဲ့သူသာ ရင္းဆုယဲ့ေနာက္လိုက္သြားရင္ အႏၲရာယ္ရွိလာႏိုင္တယ္ မဟုတ္ဘူးလား..?
ရင္းဆုယဲ့က သူ႔အတြက္ ကံၾကမၼာကူးေျပာင္းျခင္း လုပ္ေပးၿပီးၿပီဆိုေပမယ့္ သူ႔ပုံစံက ကေလးပုံျပန္ျဖစ္သြားျပန္ၿပီ။ ႏွစ္ေတြလည္း ၾကာေညာင္းခဲ့ၿပီဆိုေတာ့ ကံၾကမၼာကူးေျပာင္းျခင္းအေၾကာင္း မွတ္မိေသးတဲ့လူ က်န္ေသးရဲ႕လား..? သူလည္း ေသခ်ာမသိေတာ့ဘူး။ ဘယ္သူမွမသိရင္ အဲ့အေၾကာင္းေတြကို ေသာက္က်ိဳးနည္း ထပ္ရွင္းျပရဦးမယ္..! ေတြးၾကည့္႐ုံနဲ႔တင္ စိတ္ပ်က္စရာေကာင္းေနၿပီ..!
“မဟုတ္ဘူး.. ကိုယ္တို႔ အိမ္မျပန္ခင္ မိစာၦနယ္ေျမ အရင္သြားရဦးမယ္..”
ရင္းဆုယဲ့က ကေလးငယ္ကို အသာအယာ ေခါင္းပြတ္ေပးရင္း ဘယ္အရာကိုမွ စိတ္ပူစရာမလိုေၾကာင္း၊ အရာအားလုံး ျပင္ဆင္ၿပီးသားျဖစ္ေၾကာင္း ရွင္းျပလာခဲ့တယ္။
“မိစာၦနယ္ေျမကို သြားမလို႔..?”
႐ႊယ္ယို႔ရွန္းက မ်က္လုံးျပဴးသြားၿပီး မယုံၾကည္ႏိုင္သလို ပဲ့တင္ထပ္လိုက္တယ္။ သူက မိစာၦမ်ိဳးႏြယ္ဆိုေပမယ့္လည္း မိစာၦနယ္ေျမမွာ အသိမရွိဘူးေလ..!
“ေမ့သြားၿပီလား..? ဟြမ္ထ်န္က မိစာၦမ်ိဳးႏြယ္တစ္ခုလုံးကို မင္းလက္ထဲ အပ္ခဲ့တယ္ေလ..”
ရင္းဆုယဲ့တစ္ေယာက္ ေကာင္ငယ္ေလးရဲ႕ သံသယမ်က္ဝန္းေတြကိုၾကည့္ရင္း ဟြမ္ထ်န္ေျပာခဲ့တာေတြကို ဒီေကာင္ေလး အတည္မယူမွန္း သိလိုက္တယ္။ ႐ႊယ္ယို႔ရွန္း လူႀကီးပုံစံမေျပာင္းႏိုင္တာေၾကာင့္ စိတ္ဓာတ္က်ေနတဲ့ ရင္းဆုယဲ့လည္း ထိုအခါမွ စိတ္ျပန္ၾကည္သြားေတာ့တယ္။
သူ႔ေကာင္ေလးက သူ႔တစ္ေယာက္တည္းကိုပဲ စိတ္ထဲထည့္ထားတာေပါ့..!
“လုံးဝေမ့သြားတာ..!”
႐ႊယ္ယို႔ရွန္းခမ်ာ မ်က္လုံးလွိမ့္လိုက္မိတယ္။
အခုေလးတင္ ဟြမ္ထ်န္ သူ႔အတြက္ခ်န္ထားခဲ့တဲ့ အရႈပ္ထုပ္ေတြေၾကာင့္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနေသးတာ။ ဘယ္လိုလုပ္ တျခားကိစၥကို အာ႐ုံေရာက္သြားရတာလဲ..?!
“ဟုတ္ပါၿပီ..”
ရင္းဆုယဲ့က ႐ႊယ္ယို႔ရွန္းရဲ႕ ဦးေခါင္းေသးေသးေလးကို ထပ္မံပြတ္သပ္လိုက္တယ္။
သူ႔ေကာင္ေလးက ႐ိုး႐ိုးအအေလး..!
“ဟြမ္ထ်န္က ဘယ္လိုျဖစ္ေစခ်င္တာလဲ..?”
ဟြမ္ထ်န္က သူ႔ရဲ႕စိတ္နယ္ေျမထဲမွာ အမွာစာခ်န္ခဲ့ေပမယ့္လည္း မိစာၦနယ္ေျမအေၾကာင္း တစ္ခြန္းပဲေျပာခဲ့တာဆိုေတာ့ ႐ႊယ္ယို႔ရွန္းလည္း အေျခအေနကို နားမလည္ေတာ့ဘူး။ ၿပီးေတာ့ ၈ ႏွစ္ေတာင္ ၾကာခဲ့ၿပီေလ။ ဘာေတြေျပာင္းလဲသြားသလဲဆိုတာ ဘယ္လိုလုပ္သိဦးမွာလဲ။ အဲ့ေတာ့ ဘာကိစၥမွမလုပ္ခင္ အေျခအေနေတြကို အရင္ဆုံး စစ္ေဆးၾကည့္ရမယ္။ အင္း.. သူက အေတြးအေခၚေကာင္းတဲ့ လူငယ္ေလးပဲ..!
“ဟြမ္ထ်န္ သူထြက္မသြားခင္ သူ႔ရဲ႕သားက ဒုတိယမ်ိဳးဆက္ မိစာၦဘုရင္ျဖစ္လာလိမ့္မယ္.. ၿပီးရင္ မိစာၦနယ္ေျမတစ္ခုလုံးကို ျပန္လည္ထြန္းသစ္လာေအာင္ လုပ္ေဆာင္ေပးႏိုင္လိမ့္မယ္လို႔ မိစာၦေတြအားလုံးကို တစ္ခါတည္း အသိေပးသြားတယ္..”
ရင္းဆုယဲ့က မသိမသာေလး မ်က္ေမွာင္ၾကဳတ္သြားတယ္။ သိသာစြာပဲ ရန္သူေတာ္ႀကီး ဟြမ္ထ်န္အေၾကာင္း ေျပာခ်င္ပုံမရဘူး။ ဒါေပမဲ့ ေကာင္ေလးရဲ႕ေမးခြန္းကို ျပန္မေျဖဘဲလည္း မေနႏိုင္တာေၾကာင့္ မိစာၦမ်ိဳးႏြယ္တစ္ခုလုံးရဲ႕ ေရွ႕ေမွာက္မွာ ဟြမ္ထ်န္ေျပာခဲ့တဲ့ စကားေတြကို ျပန္စဥ္းစားရင္း ႐ႊယ္ယို႔ရွန္းကို ေျပာျပလိုက္ရတယ္။
“………….”
ရင္းဆုယဲ့ရဲ႕စကားကို နားေထာင္ၿပီးေနာက္ ႐ႊယ္ယို႔ရွန္းမွာ ဦးေႏွာက္တစ္ခုလုံး ဗလာက်င္းသြားၿပီး သူ႔ရဲ႕ခံစားခ်က္ကို ေဖာ္ျပႏိုင္ဖို႔အတြက္ ‘ဟီးဟီး’လို႔သာ ေအးစက္စက္ ရယ္လိုက္မိတယ္။
ဟြမ္ထ်န္က သူျပန္မေရာက္ခင္ အရင္ထြက္သြားၿပီး လက္ဦးမႈယူသြားတယ္ေပါ့။ သူ႔ကို ျပႆနာရွာခ်င္႐ုံ သပ္သပ္နဲ႔ေလ..?
ၿပီးေတာ့ မိစာၦဘုရင္ဆိုတဲ့ ရာထူးက အေမြေပးလို႔ရလို႔လား..?
ဟြမ္ထ်န္က နာမည္တစ္ခြန္း ေျပာလိုက္႐ုံနဲ႔ အဲ့လူက မိစာၦဘုရင္ေနရာကို ဒီအတိုင္းေလး ဆက္ခံႏိုင္တယ္ေပါ့..?
အဲ့ကိစၥေတြ အသာထားပါဦး၊ ‘ဒုတိယမ်ိဳးဆက္’ ဆိုတဲ့စကားလုံးက သူ႔ကို ‘ငတုံး’လို႔ ေျပာေနသလိုပဲ။ သိရဲ႕လားလို႔..?!
(TN : တ႐ုတ္ဗန္းစကားမွာ No.2 or 2nd ဆိုတာ ‘ငတုံး’ နဲ႔ အသံထြက္ဆင္ေနတာပါ။)
“ကြၽန္ေတာ္က ဒုတိယေျမာက္မိစာၦဘုရင္ေပါ့..?”
႐ႊယ္ယို႔ရွန္းက စိတ္ရႈပ္ရႈပ္နဲ႔ သူ႔ကိုယ္သူ လက္ညႇိဳးထိုးရင္း ထပ္ေမးလိုက္တယ္။ သူ႔ရဲ႕အၾကည့္က ေတြေဝေနသလို။
ဟြမ္ထ်န္ရဲ႕ 'သား' ဆိုတာ သူကိုရည္ၫႊန္းေနမွန္းေတာ့ ႐ႊယ္ယို႔ရွန္း သိပါတယ္။ ဘာပဲေျပာေျပာ ေမွာ္နဲ႔ဓားနယ္ေျမတစ္ခုလုံးမွာ ဟြမ္ထ်န္နဲ႔ ေသြးခ်င္းစပ္ေနတာဆိုလို႔ သူတစ္ေယာက္ပဲ ရွိတယ္ေလ။ ဒါေပမဲ့ သူနားမလည္ႏိုင္တာက သူ ဒုတိယမ်ိဳးဆက္ မိစာၦဘုရင္ျဖစ္လာမယ္ဆိုတာ ဟြမ္ထ်န္က ဘယ္လိုလုပ္ေသခ်ာသိေနတာလဲ..?
အဲ့အခ်ိန္တုန္းက သူကိုယ္တိုင္ေတာင္ ဒီကမာၻကို ျပန္လာႏိုင္ပါ့မလားဆိုတာ မေသခ်ာခဲ့ဘူး။ ျပန္လာႏိုင္ခဲ့ရင္လည္း အခ်ိန္မွန္၊ လူမွန္ (သူခ်စ္ခဲ့ဖူးတဲ့ ရင္းဆုယဲ့)နဲ႔ ေတြ႕ပါ့မလားဆိုတာ ေသခ်ာမသိခဲ့ဘူး။ ၿပီးေတာ့ ကူးေျပာင္းႏိုင္ခဲ့ရင္လည္း ဟြမ္ထ်န္ရဲ႕ ခႏၶာကိုယ္ထဲ ေရာက္လာပါ့မလားဆိုတာ မေသခ်ာဘူး။
ဒီလိုမေသခ်ာျခင္းေတြၾကားမွာ အေျခအေနေပၚမူတည္ၿပီး ေျပာင္းလဲသြားႏိုင္တာေတြမွ အမ်ားႀကီးပဲ။ အဲ့တာကို ဟြမ္ထ်န္က သူျပန္ေရာက္လာၿပီး ဒုတိယမ်ိဳးဆက္ မိစာၦဘုရင္ျဖစ္မယ္ဆိုတာ ဘယ္လိုလုပ္ ေသခ်ာေနရတာလဲ..?
ဟြမ္ထ်န္က ေျပာခ်င္ရာေတြ ေလွ်ာက္ေျပာခဲ့တာ ျဖစ္ရမယ္.. ဟုတ္တယ္မလား..?
ျဖစ္ႏိုင္ေခ်ေတြမ်ားလြန္းလို႔ ဘယ္သူမွ အနာဂါတ္ကို ႀကိဳမခန႔္မွန္းႏိုင္ဘူးေလ။ သူျပန္ေရာက္လာတဲ့အခ်ိန္ ဟြမ္ထ်န္ အသက္ရွင္ေနဦးမွာလား၊ ေသသြားၿပီလားဆိုတာလည္း ဘယ္သူမွမသိႏိုင္ဘူး။ ဟြမ္ထ်န္ အသက္ရွင္ေနသေ႐ြ႕ ဒုတိယမ်ိဳးဆက္ဘုရင္ဆိုတာ ဘယ္ေတာ့မွ ရွိလာမွာမဟုတ္ဘူး။
ဒီကမာၻႀကီးအတြက္ မ်ိဳးႏြယ္တစ္ခုမွာ ဘုရင္တစ္ပါးပဲ ရွိရမယ္ဆိုတာ ေျပာင္းလဲလို႔မရတဲ့ တရားေသစည္းမ်ဥ္းတစ္ခုပဲ..!
“ဟုတ္တယ္..”
ရင္းဆုယဲ့ပင္ ေတြေဝသြားရတယ္။
ေကာင္ေလးက ဒီသတင္းၾကား႐ုံနဲ႔ ဘာျဖစ္လို႔ အထိတ္တလန႔္ျဖစ္သြားရတာလဲ..? သူနားမလည္ႏိုင္ေတာ့ဘူး။
“ကြၽန္ေတာ့္ဆီမွာ ဘုရင္တစ္ပါးျဖစ္ႏိုင္ေလာက္တဲ့ စြမ္းအားမ်ိဳးရွိေနတယ္လို႔ ခင္ဗ်ားထင္ေနတာလား..?”
႐ႊယ္ယို႔ရွန္းလည္း သူ႔အေတြးေတြကို ရင္းဆုယဲ့ မရိပ္မိတာေၾကာင့္ မေက်မနပ္ျဖစ္ေနေတာ့တယ္။ ဒါေပမဲ့လည္း စိတ္ရွည္လက္ရွည္ ရွင္ျပလိုက္တယ္။
သူ႔မွာ Golden Finger ေတြအမ်ားႀကီးရွိေပမယ့္ သူ႔က အားနည္းတယ္ဆိုတာ ေျပာင္းလဲလို႔မရတဲ့အခ်က္ပဲ။ ပထမအႀကိမ္ ကူးေျပာင္းလာတုန္းက အသည္းအသန္ က်င့္ႀကံခဲ့တာေတာင္ ‘ေ႐ႊေရာင္ေတာ္ဝင္’ အဆင့္ထိပဲ ေရာက္ခဲ့တယ္။ အခု ဒုတိယအႀကိမ္ ကူးေျပာင္းလာေတာ့ သူ႔ရဲ႕ခႏၶာကိုယ္က အသစ္ျဖစ္သြားၿပီေလ။ တစ္ခါမွေတာင္ မက်င့္ႀကံရေသးတဲ့ ခႏၶာကိုယ္နဲ႔ ဒုတိယမ်ိဳးဆက္ မိစာၦဘုရင္ ျဖစ္လာႏိုင္ပါ့မလား..?
………………………………………….