Unicode
17
" ကိုမျိုးမင်း..ခများမပြန်နိုင်သေးဘူးလား''?
" ဘာလို့အဲ့လောက်နှင်နေတာလည်း
ကောင်းကောင်း...မင့်အဖေကြီးတောင်
ငါ့ကိုနေခွင့်ပြုထားဒါ..
ဘာတွေအဲ့လာက်တွန့်တိုနေတာလည်း..''
" တွန့်တိုနေတာမဟုတ်ဘူး...
ခများရှိတော့..ကျုပ်တို့ထန်းတော..
လူမလာတော့ဘူးဗျ..ဟိုဘက်ထန်းတစ်ပင်
ရွာဘဲလူတွေသွားကုန်ကြပြီ''
" ဟိုက်...အဲ့ဒါ..ငါနဲ့ဘာဆိုင်လို့လည်း''
" ဆိုင်ဒါပေါ့..ခများကတစ်ရွာလုံး
ကြောက်ရတဲ့လူဆိုးကြီးလေ...
လူဆိုးကြီးရှိတဲ့ဒီနေရာကို
ဘယ်ရွာသားကထန်းရည်လာသောက်ရဲမှာလည်း
အဖေခများကိုနေခိုင်းတယ်ဆိုတာလည်း
ဒါကြောင့်ဘဲဖြစ်မယ်...ခများကိုကြောက်လို့
မနေ့ကသူကြီးကတော်..အဲ..သူကြီးလင်
ပြောသလို..ထန်းရည်ဆိုင်ကိုဖျက်စီးပစ်မှာ
စိုးလို့''
" သူကြီးလင်...လင်းလက်ရာကိုပြောတာလား''
" သူဘဲရှိတာလေ..ဘယ်သူရှိလို့လည်း''
ကောင်းကောင်းက..ရုပ်ချောချောအသားသား
ဖြူဖြူကောင်လေးတစ်တော့
မဟုတ်ဘူး.. .။ အသားညိုညို
ပိန်ပိန်သေးသေး..နဖူးမောက်မောက်
နရောင်ကောက်ကောက်နဲရုပ်ဆိုးတဲ့
အထဲပါတဲ့ကောင်လေးမျိုး။ဆံပင်ကို
အုပ်အုပ်ကလေးအရှည်ထားထားပြီး
နှုတ်သီးကောင်းလျှာပါးထက်သူလေး။
ထန်းရည်ရောင်းတော့လည်း
အမူးသမားတွေရစ်တဲ့ဒဏ်ကလွှတ်အောင်
စကားကိုလျှာပါးလေးနဲ့ရန်လိုရန်ရှာ
တွက်တွက်ကလေးပြောတတ်သည်။
ဒါပေမဲ့..မျိုးမင်း...သူ့ကိုလိုက်နေတာ
လက်ရာ..သူကြီးနဲ့မရခင်ကတည်းကဘဲ။
သူမှာကြိုက်တဲ့လူရှိတယ်ဆိုပြီး
ညင်းနေတာနှစ်တောင်ချီပြီ။
သူကြိုက်တဲ့လူကဘယ်သူမှန်း
အခုထိမသိရေသးဘူး။
" ကောင်းကောင်း... ''
" သူကြီး...ဟင်...ကိုကြီး..''
ကိုကြီးဆိုပြီးရွှင်လန်းစွာခေါ်လိုက်တဲ့
ထိုလူကိုမျိုးမင်းကြည့်လိုက်ချိန်။
ဖိုးသောက်...တဏှာရူး..။
" ကောင်လေး..နေကောင်းတယ်နော်''
" ဟုတ်..ကိုကြီး..ပြန်မလာတာ
ကြာပြီနော်...ကောင်းကောင်းက
ပြန်မလာတော့ဘူးထင်နေတာ''
" ကိုကြီးက..မြို့မှာတာဝန်ရှိတယ်လေ
ဒါကြောင့်ပြန်မလာဖြစ်တာ''
လိုတာထပ်ပိုဖော်ရွှေပြုံးပြနေပုံထောက်ရင်
ကောင်းကောင်းပြောတဲ့သူကြိုက်တဲ့လူ
ဆိုတာဒီတဏှာရူးလား။
" မျိုးမင်း...မနေ့ထဲကအခုထိအပြန်ရသေးဘူးလား''?
" ဟုတ်တယ်သူကြီး...''?
ဖြေတာကတော့အာဏာကိုပင်။အကြည့်ကတော့
ဖိုးသောက်ထံစူးစူးရဲရဲနှင့်။
" ဘယ်သူများလည်းမှတ်တယ်...
ရွာရဲ့အချစ်တော်သုံးယောက်ထဲက
မျိုးမင်းဆိုတဲ့တစ်ယောက်ပါလား
ဘာလဲ..ထန်းရည်အသောက်များပြီး
ထန်းရည်ဆိုင်မှာဘဲသောင်တင်နေတယ်ပေါ့လေ..''
" အဲ့ဒါကျုပ်အလုပ်...ခများအလုပ်
မဟုတ်ဘူး..''
မျိုမင်း...ဒီကောင့်သောက်ခွက်မြင်ရင်
ပိတ်ထိုးခြင်စိတ်တစ်ဖွားဖွားထလာဒါနဲ့
အဲ့ကောင်ကိုတစ်စောင်းတိုက်လွင့်ပြီး
ထန်းရည်တောကထွက်ခဲ့လိုက်သည်။
သို့သော်...ကောင်းကောင်းဆီက
သူ ဖိုးသောက်ကိုတိုက်ထွက်ခဲ့လို့
မကျေမနပ်ပြောဆိုခဲ့တဲ့'' ရိုင်းလိုက်တာ ''
ဆိုတဲ့စကားကိုတော့ကြားဖြစ်အောင်
ကြားလိုက်၏။
ကိုယ်မြတ်နိုးတန်ဖိုးထားလို့တာ
ဘာမှမပြောဘဲမကြားဟန်ဆောင်ခဲ့လိုက်တာ။
အဲ့နေရာမှာဒီစကားပြောတာ
သူကြီးဖြစ်နေရောင်တောင်ဘယ်သူ့မျက်နှာ
မှမကြည့်ဘဲ..ပိတ်ထိုးခဲ့မိမှာအမှန်။
" အကို...ကျွန်တော့တို့ဒီနေ့
ဒီလောက်ဘဲပြောကြရအောင်
ခရီးထွက်ဖို့ကိစ္စစီစဉ်ထားစေခြင်တယ်..
ကျွန်တော်အချိန်ပေးရတာမကြိုက်ဘူး''
" အတင်အကြတ်မလုပ်နဲ့..ဖိုးသောက်
ငါလိုက်ခြင်လိုက်မယ်မလိုက်ခြင်မလိုက်ဘူး
အကယ်၍ ငါလိုက်ခဲ့ရင်တောင်
ငါ့ရွာသူရွာသားတွေအတွက်ဘဲ..
မင်းကမ်းလှမ်းတဲ့ကမ်းလှမ်းချက်ကို
မက်မောလို့မဟုတ်ဘူး''
" ဟက်...ဒါတွေကြောင့်...
ကျွန်တော့်..အကို့ကို..သဘောကျတာ''
ဖိုးသောက်စကားကြောင့်အာဏာဒေါသ
ထောင်ကနဲထသွားသလို..ထန်းရည်ချပေး
လာတဲ့ကောင်းကောင်းမျက်နှာမှာလည်း
ကွက်ကနဲပျက်သွားသည်။
အာဏာ..ထပ်ပြီးစကားမပြောခြင်တော့ဒါနဲ့
ဝတ်ထားတဲရှပ်အကျီ်ထဲကငါးရာ
တစ်ရွက်ထုတ်ကာ။
" မနေ့ကလက်ရာထန်းရည်ဖိုး..''
" ပြန်အမ်းရအုန်းမယ် သူကြီး''
" ယူလိုက်တော့''
အာဏာအပိုအမ်းငွေကို ကောင်းကောင်းပြန်
ပေးနေသော်လည်းမယူဘဲ..
ဒဏ်ရာရပြီးထွက်သွားတဲ့
ကောင်လေးအခြေအနေမေးဖို့သာ
ထန်းတောထဲကအမြန်ထွက်လာခဲ့လိုက်သည်။
သူကြီးထန်းတောထဲကပျောက်ကွယ်သည်အထိ
အေးအေးလူလူကြည့်နေတဲ့
ဖိုးသောက်မှာတော့ရိုးသားတဲ့
စိတ်တစ်စက်ကလေးမှမရှိ။
အကြံအစည်တွေပြည့်နက်နေတဲ့
အကြည့်စူးတွေသာရှိနေ၏။
" ကိုကြီး...အမြည်းဘာယူမလည်း''
ကောင်လေး..အသံကြားမှ အကြည့်လွှဲလိုက်တဲ့
ဖိုးသောက်လက်ရာပေးထားတဲ့တဏှာ
ရူးဆိုတဲ့ဂုဏ်နဲ့လိုက်အောင်
သေးသွယ်တဲ့ကောင်လေးရဲ့ခါးကျည်းလေးကို
ဆက်ကနဲပွေ့ယူပြီး..။
" ဒီနေ့အတွက်..ကိုကြီးအမြည်းက
ကိုကြီးလက်ထဲက.ကောင်လေး
ဆိုရင်ကော..ရောင်းမှာလား''
ကောင်းကောင်းဘားမှမပြော..
ဖိုးသောက်လက်ပေါ်ငြိမ်လို့သာ
နေလိုက်သည်။ဒီအခြေအနေကို
ထန်းတဲထဲကကြည့်နေတဲ့ကောင်းကောင်း
ဖခင်ဦးထွန်းကောင်းဦးမှာတော့
ရင်တစ်မတ်မတ်နဲ့စိုးထိတ်နေရှာ၏။
////////////////////////////
" တောက်... !! ခွေးလောက်မှ
အသိဉာဏ်မရှိတဲ့ကောင်က
ငါ့လူရဲ့..ရည်စားတဲ့လား..
ခံပြင်းလိုက်တာကွာ.. ''
ညမိုးချုပ်စဆိုပေမဲ့ခြံထဲ
အော်ကြီးဟစ်ကျယ်ဝင်လာတဲ့
လူကို..လက်ရာသေခြာမြင်ရသည်။
" ဘာဖြစ်လာတာလည်း..မျိုးမင်း''
" ဘာဖြစ်ရမှာလည်း..ဖိုးသောက်
တဏှာရူးကောင်ကြောင့်ပေါ့..
ဟိုထန်းရည်ဆိုင်ကမသာလေးက
အဲ့ကောင်ကိုကြိုက်နေတာလေ..
ဒီကောင်မိန်းမဆိုဗိုက်တစ်လုံးနဲ့
ကျန်နေဖို့များတွေးထားသလားဘဲ''
" ဆိုလိုတာက.ကောင်းကောင်းက
အဲ့ခွေးနဲ့ဘာညာလား..''
" မသိဘူး..နေအုန်းမင့်ခေါင်းက
ဘယ်မှာသွားချှော်လဲထားလို့
ပတ်တီးစည်းထားဒါလည်း..''
" ငါလည်းမင့်လို့ဘဲအဲ့ခွေးကြောင့်
ကိုယ့်ဟာကိုယ်ရိုက်ခွဲလာဒါ''
" တောက်... !!သေနာက
ရောက်တာနဲ့ငါတို့ကိုပြသနာ
တန်းရှာတော့ဒါဘဲ... ဖွေးဥ သိလို့ကတော့
သေသွားမလားဘဲ...''
" ဖွေးဥ ကိစ္စပူမနေနဲ့..သူ့အကိုဝမ်းကွဲကို
လွှတ်လိုက်ပြီး...အနောက်ကမ်းရွာကနေ
ခေါ်ထုတ်သွားဖို့''
" မင်းလူ...နဲ့လား... ''
" အေ...အဌေးလည်းပါသွားတယ်..
ငါ့အမေပိုက်ဆံခိုးပြီး..လမ်းစရိတ်တော့
ပေးလိုက်တယ်..လောက်မလောက်တော့
ငါလည်းမသိဘူး..အမေသေတ္တာထဲက
ရှာတွေ့တဲ့နှစ်သောင်းတော့ပါသွားတယ်''
" လုပ်ပြန်ပြီမင်းတော့..ဓားပြတိုက်လိုက်ခိုး
လိုက်နဲ့''
"လုပ်ရမှာဘဲ..ဖွေးဥသိလို့
မရဘူး...ဖိုးသောက်ရွာပြန်ရောက်တာ
သိလို့ပျောက်နေတဲ့ရောဂါလေး
ပြန်ဆိုးသွားရင်..သေဖို့ရာဘဲကျန်တော့တယ်''
" ဒါတွေအားလုံး..အဲ့ခွေးတဏှာရူးကြောင့်
မွှေးရာပါရောဂါသည်ကလေးကို
တဏှာထခဲ့လို့...ဖွေးဥလေးအသက်
မနည်းလုခဲ့ရတာ''
" ဝမ်းနည်းစရာတွေပြန်မတွေးနဲ့..မတော်လို့
ဒီနားကလူတွေကြားသွားရင်
မကောင်းဘူး...ရပ်လိုက်တော့''
စကားလမ်းကြောင်းကိုခြံအရှေ့တွေ့
လိုက်တဲ့လူရိပ်ကြောင့်..
ရပ်လိုက်ကြသည်။
" ဟဲ့သား...အမေလး...ခေါင်းမှာလည်း
ပတ်တီးကြီးနဲ့..ဘာဖြစ်ထားဒါလည်း..''
" အမေ...ပြောတော့ကိုတင်ဖေမိန်းမသွားအိပ်စောင့်
ကူတယ်ဆို...ဘာလို့ပြန်လာဒါလည်း...''
" တင်ဖေရွာထဲထွက်ခဲ့လို့အမေပြန်လာဒါ
အမလေး...လာပါအုန်း ဒဏ်ရာ
ပြပါအုန်းအမေ့ကို''
မိဘဆိုတာသားသမီးဘယ်လောက်ဆိုးဆိုး
ဒဏ်ရာလေးတွေ့လိုက်တာနဲ့
သူ့တို့ရင်ထဲကမ်ဘာပျက်သလို
မျိုးဖြစ်သွားတတ်ကြတယ်။
လက်ရာအနားအပြေးအလွှားဝင်ထိုင်ပြီး
ခေါင်းပတ်ပတ်လည်းလည် ကြည့်ကာ
စိုးရိမ်နေတဲ့အမေကြောင့်
ဘယ်သူလုပ်တာလည်းလို့..မေးလာခဲ့
ရင်လက်ရာ ဘယ်လိုဖြေရမည်
မသိတော့ပေ။
" သား..အေမ့သားကို..ဘယ်သူ
ရိုက်ခဲ့တာလည်း..အမေ့ကိုပြောပြစမ်းပါ'
လက်ရာအတွေးပင်မဆုံးသေး
အမေဆီကဘယ်သူရိုက်ခဲ့တာလည်း
ဆိုတဲ့မေးခွန်းကြီးကထွက်လာခဲ့ပြီ။
စိုးရိမ်နေတဲ့အမေကိုဆက်မဖုန်း
ခြင်တာကြောင့်။
" ဘယ်သူမှမရိုက်ပါဘူး..အမေ..
သားဟာသားအရက်ပုလင်းနဲ့ရိုက်ခွဲးလာဒါ''
" အမလေး...ဘုရားဘုရား
မိုက်ရူးရဲဆန်လှကြီလားသားရယ်
ကိုယ့်ခေါင်းကိုယ်များရိုက်ခွဲးရတယ်လို့
အမေ့ကိုမှန်မှန်ပြောစမ်းသား...
ဘာပြသနာတွေဖြစ်လို့ကိုယ့်ကိုယ်ကို
ထိခိုက်အောင်လုပ်ရတာလည်း..
အမေ့သားအကြောင်းအမေသိတယ်
အကြောင်းမရှိဘဲ...ကိုယ့်အသားနာအောင်တော့
လုပ်မှာမဟုတ်ဘူး''
သားအကြောင်းကကြီးကနေအ.အထိ
အသွင်းကျကျသိတဲ့အမေကြောင့်
လက်ရာအမှန်အတိုင်းဖြစ်ကြောင်းကို
ပြောပြလိုက်တော့..
" ဖိုးသောက်ကဘာဖြစ်နေလို့လည်းသား
ဖိုးသောက်ကမြို့အရာရှိလူကောင်းလေးပါ
ပြီးတော့မောင်အာဏာခွန်းဆက်ကို
အကိုလို့ခေါ်ဒါကလည်းဟိုးငယ်ငယ်ပေါက်စ
ကတည်းက...သားအဲ့ပြသနာလောက်နဲ့
ကိုယ့်ကိုယ့်ထိခိုက်အောင်လုပ်တာက
သဝန်ကြောင်လွန်းတာဘဲသား..''
" အမေ...ဖိုးသောက်..အကြောင်း
ဘားမှမသိဘဲနဲ့...မပြောပါနဲ့
အမေသားအကြောင်းသိပါတယ်
လင်းလက်ရာဆိုတဲ့အမေ့သားက
ဆိုးတယ်မိုက်တယ်..ဒါပေမဲ့ဘယ်တော့မှမရမ်းကားဘူး
ဆိုးခြင်းမိုက်ခြင်းရဲ့နောက်ကွယ်မှာ
အကြောင်းပြချက်ဆိုတာလည်းရှိတယ်
အသာလွှတ်ရိုင်းစိုင်းခဲ့တာမျိုး
အမေတွေ့ဖူးသလား''?
ဘာမှမသိဘဲ တဏှာရူးကိုကောင်းကြောင်း
ချီးကျူးနေတဲ့အမေကြောင့်လက်ရာ
စိတ်ပျက်ပျက်အော်လိုက်တော့။
" သားအကြောင်းအမေသိပ။တယ်။
ပြီးတော့ဖိုးသောက်ကလူကောင်းဆိုတာလည်း
အမေသိတယ်သား..''
တောသူပီပီအပေါ်ယံကြည့်ပြီး
ယုံလွယ်တတ်တဲ့အမေ့ကိုလက်ရာ
စိတ်တိုမိသည်။သားစကားကို
မယုံဘဲတဏှာရူးကိုမှလူကောင်းတဲ့။
" အမေ... အမေသိပ်ကိုရိုးလွန်းနေပြီ
လူတွေကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်တဲ့
နေရာမှာအမေကသူကြီးဆိုတဲ့ဦးအာဏာ
ခွန်းဆက်နဲ့တစ်ပုံစံထည်းဘဲ'
" ကိုယ်. ဘယ်တုန်းကလူတွေကို
အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့လည်းလက်ရာ''
အမေနဲ့ပြောနေတုန်းအနောက်က
စကားသံကြောင့်ခြံပေါက်ဝက်ကျောပေး
ထိုင်ထားတဲ့လက်ရာလှည့်ကာ
မျက်စောင်းထိုးပြီးပြန်လှည့်နေလိုက်သည်။
မျိုးမင်းကတော့နံဘေးကနေ
ဘာတစ်ခွန်းမှမပြောဘဲထိုင်တာ
ထိုင်နေလိုက်၏။ သူပြောစရာလည်းမလိုဘူးလေ
လက်ရာပြောတဲ့စကားတွေကသူပြောမဲ့စကား
တွေနဲ့ထပ်တူဘဲကို။
" မောင်အာဏာခွန်းဆက်..''
" အစ်မ...နေကောင်းတယ်မလား..''
" အပိုလုပ်ပြီးမေးမနေနဲ့...ခများ
ကျုပ်အိမ်ထဲဘာလာလုပ်တာလည်း
ခများမှာအိမ်မရှိဘူးလား...အာ့''
လက်ရာစကားဆုံးအောင်မပြောလိုက်ရ။
အမေ့ခေါင်းခေါက်မှု့ကြောင့်တိတ်
သွားရသည်။
" ကိုယ့်ယောကျာ်းကို..အဲ့လိုပြော
ရတယ်လို့ဘယ်သူသင်ထားသလဲ
လင်းလက်ရာ..''
" သားပြောတာမဟုတ်လို့လား
အမေရာ..ဒဏ်ရာရှိတဲ့ခေါင်းကိုဘဲ
ရန်ရှာနေကြတယ်...အဲ့ဒါခများကြောင်း''
"နောက်တစ်ချက်ထပ်အခေါက်ခံ
ခြင်နေသလားလင်းလက်ရာ..''
" ကျစ်... !! သွားမယ်
မျိုးမင်း..မင့်အိမ်မှာဘဲသွားအိပ်မယ်''
"သွားရဲသွားကြည့်လိုက်လင်းလက်ရာ''
မျိုးမင်းနောက်လိုက်အိပ်မယ်
ဆိုတဲ့လက်ရာအာဏာ့အသံခပ်ပြတ်ပြတ်
ကြောင့်။
" သွားတော့..ခများဘာလုပ်ခြင်သလဲ..''
" ငါဘာလုပ်ခြင်သလည်း
သိခြင်ရင်သွားလိုက်လေ... ''
" နေစမ်းပါအုန်း..ခများမှာဘာအမိန့်ပေး
ပိုင်ခွင့်ရှိလို့..ကျုပ်ကိုလာအမိန့်ပေးနေတာလည်း
ခများအိမ်က ကျုပ်ထွက်လာတုန်းကတောင်
မသွားနဲ့လို့တစ်ခွန်းမတားဘဲ..ချစ်လှစွာသော
တဏှာရူးညီလေးနဲ့နေနေတဲ့ခများက
အခုမှဘာတားပိုင်ခွင့်လာတားနေတာလည်း''
" နင့်လင်ဆိုတဲ့..တားပိုင်ခွင့်နဲ့တားဒါ
ရှင်းလား...''
ကျယ်လောင်သွားတဲ့အာဏာ့အသံကြောင့်
လက်ရာအံတင်းတင်းဖိကြိတ်လိုက်သည်။
ငါ့လင်။.ဦးအာဏာခွန်းဆက်စိတ်ထဲမှာ
ငါက...သူ့လင်ဆိုပြီးဘယ်တုန်းက
လက်ခံသွားပါလိမ့်။
လက်ရာနှုတ်ခမ်းဒေါင့်ကွေးညွှတ်ကာ
မချိသလိုပြုံးလိုက်သည်။
" ကျုပ်လင်...ဟက်...ဘယ်လင်ယောကျာ်းကမှ
တစ်ခြားတစ်ယောက်ကို ကိုယ့်မိန့်းမကို
တောင်းပန်ခိုင်းကြမှာမဟုတ်ဘူး..
ဦးအာဏာခွန်းဆက်...''
" အမှားလုပ်ထားရင်တော့ဘယ်ယောကျာ်း
မဆိုတောင်းပန်ခိုင်းကြမှာဘဲ..
ဘာလို့ဆိုသူတို့မိန်းမတွေကို
ယဥ်ကျေးမှု့သိတတ်တဲ့လူဖြစ်စေခြင်ကြလို့''
ဆိုလိုလိုက်တဲ့သဘောက
ကျုပ်ကယဥ်ကျေးမှု့မရှိဘူးပေါ့။
လက်ရာမဲ့ကာပြုံးလိုက်ပြီး။
" ဒါပေါ့..ကျုပ်ကရိုင်းတယ်..
ယဥ်ကျေးမှု့မရှိဘူး...ဒါပေမဲ့..
ကျုပ်အမှားမလုပ်ထားဘူး...
အမှားလုပ်တိုင်းတောင်းပန်ရမယ်ဆ်ို
ကိုယ့်အိမ်သူကိုကလေကခြေလို့
ပြောဆိုတာကိုရပ်ကြည့်နေတဲ့ခများကသာ
ကျုပ်ကိုတောင်းပန်ရမှာ..ခများကသာ
ကျုပ်အပေါ်အမှားလုပ်တာ...''
အလျော့မရှိပိုလို့တင်းမာနေတဲ့
စကားတွေကြောင့်ဒေါ်ဇင်မာခိုင်
သက်ပြင်းတွေသာချပြီး
စိတ်သာညစ်နေမိတော့သည်။
" လက်ရာပြောဒါမှန်တယ်သူကြီး
ဖိုးသောက်လိုတဏှာရူးကို
တောင်းပန်ခိုင်းတာကတော့
သူကြီးလွန်လွန်းတယ်...ကျုပ်တို့သူငယ်ချင်းကို
ခများမကာကွယ်နိုင်ခြင်နေပါတဏှာရူး
ကောင်ကိုတော့မတောင်းပန်ခိုင်းပါနဲ့
သွားမယ်လက်ရာ..ထန်းတောမှာအဲ့တဏှာရူး
ငါ့လူကိုဘာလုပ်နေပြီလည်းမသိဘူး
တစ်ခုခုဒါလုပ်လို့ကတော့အဲ့ကောင်ကို
ထန်းတောသွားပို့ထားတဲ့နင့်လည်
သူကြီးကော..အဲ့တဏှာရူးကိုကော
ငါအရှင်မထားဘူး''
ဒေါသထန်နေတဲ့မျက်ဝန်းနဲ့ကြည့်ပြီး
လက်ရာကိုဆွဲခေါ်သွားလိုက်တဲ့မျိုးမင်း။
သူငယ်ချင်းတွေဒေါသကတော့
ထပ်တူတွေကြီးဘဲ။
အာဏာတောင်းပန်ဖို့လာခဲ့ပေမဲ့။
အချေအတင်စကားဒါထပ်များပြီးသူ့ကို
တွေ့ကိုမတွေ့ခြင်တဲ့ကလေးငယ်က
ရှောင်ပြေးသွားလေသည်။
ဟက်... !!အာဏာခွန်းဆက်ကို..ဒီလိုရှောင်ထွက်လို့
မရဘူးကလေးငယ်။
" အား...ခများ..လွှတ်..လွှတ်...''!!
" ဘုတ်. !!..ဘုတ်.. !!''
" လွှတ်...ခများ..လွှတ်ပေး.'' ့.'''!!
" ဖြန်း... !!!''
" အ့. !!..ခများ... ''
"ငြိမ်ငြိမ်နေနော်..နောက်တစ်ချက်ထပ်အရိုက်မ
ခံခြင်ရင်''
ခြံပေါက်ရောက်သွားပြီဖြစ်တဲ့လက်ရာကို
ကျောပေါ်ထမ်းတင်လိုက်တဲ့အာဏာ။
အတင်းရုန်းကန်နေပြီးကျောပြင်ကိုပါ
တစ်ဘုတ်ဘုတ်ထုရိုက်နေလို့
တင်ပါးကိုခပ်ပြင်းပြင်းလေးတစ်ချက်ရိုက်ချ
လိုက်ပြီးချိန်းခြောက်လိုက်မှ
ငြိမ်ကျသွား၍ အာဏာတစ်ချက်ပြုံးလိုက်သည်။
ကောက်စမ်း...မင်းစိတ်ကြိုက်ကောက်။
ရိုက်ပြီးချော့ရမှာကမင့်ယောကျာ်းဖြစ်တဲ့
ငါ့တာဝန်ဘဲလေ။
😍😍 အဆင်ပြေဘူး..😁😁
လာမယ်နော်လက်ရာလေးရဲ့ဆိုးကွက်တွေကြားက
မထိတစ်ထိလူလေးစားလောက်စေတဲ့ကောင်းမူ့လေးတွေ။
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်အတွဲလေးကို
ဆက်အားပေးကြပါအုန်းနော်..ငယ့်ကလေးတို့။
ခွင့်တောင်းစရာတစ်ခုလည်းရှိသေးတယ်။
ငယ်..ဆရာတော်ပျံပွဲတစ်ခုမှာရှမ်းရိုးရာ
ယဥ်ကျေးမူ့ကလေး..ပရဟိတကပြပေး
စရာရှိလို့လေးငါးရက်လောက်အကတိုက်ရမယ်။
ဒီရက်ပိုင်းစာအပ်ပျက်သွားရင်
စိတ်မဆိုးကြနဲ့နော်..အတပ်နိုင်ဆုံးအချိန်ပေးပြီး
ရေးပါ့မယ်😁😁
‼ အိမ့်ဂျူး !!
***********
Zawgyi
စိုးလို့''
မဟုတ်ဘူး.. .။ အသားညိုညို
အခုထိမသိရေသးဘူး။
" ကောင်းကောင်း... ''
" သူကြီး...ဟင်...ကိုကြီး..''
ဖိုးသောက်...တဏှာရူး..။
ဆိုတာဒီတဏှာရူးလား။
" ဟုတ်တယ်သူကြီး...''?
မဟုတ်ဘူး..''
ကြားလိုက်၏။
မက်မောလို့မဟုတ်ဘူး''
" ဟက်...ဒါတွေကြောင့်...
ကွက်ကနဲပျက်သွားသည်။
တစ်ရွက်ထုတ်ကာ။
" ယူလိုက်တော့''
ပေးနေသော်လည်းမယူဘဲ..
ဆက်ကနဲပွေ့ယူပြီး..။
နေလိုက်သည်။ဒီအခြေအနေကို
////////////////////////////
" တောက်... !! ခွေးလောက်မှ
ခံပြင်းလိုက်တာကွာ.. ''
အဲ့ခွေးနဲ့ဘာညာလား..''
ပတ်တီးစည်းထားဒါလည်း..''
" တောက်... !!သေနာက
သေသွားမလားဘဲ...''
ခေါ်ထုတ်သွားဖို့''
" မင်းလူ...နဲ့လား... ''
" အေ...အဌေးလည်းပါသွားတယ်..
လိုက်နဲ့''
မနည်းလုခဲ့ရတာ''
ရပ်လိုက်ကြသည်။
အမလေး...လာပါအုန်း ဒဏ်ရာ
ပြပါအုန်းအမေ့ကို''
မသိတော့ပေ။
" သား..အေမ့သားကို..ဘယ်သူ
ခြင်တာကြောင့်။
" အမလေး...ဘုရားဘုရား
လုပ်မှာမဟုတ်ဘူး''
ပြောပြလိုက်တော့..
အမေတွေ့ဖူးသလား''?
" သားအကြောင်းအမေသိပ။တယ်။
အမေသိတယ်သား..''
စိတ်တိုမိသည်။သားစကားကို
တွေနဲ့ထပ်တူဘဲကို။
" မောင်အာဏာခွန်းဆက်..''
" အစ်မ...နေကောင်းတယ်မလား..''
သွားရသည်။
လင်းလက်ရာ..''
ခြင်နေသလားလင်းလက်ရာ..''
" ကျစ်... !! သွားမယ်
ကြောင့်။
" ငါဘာလုပ်ခြင်သလည်း
ရှင်းလား...''
လက်ခံသွားပါလိမ့်။
ဦးအာဏာခွန်းဆက်...''
ဆိုလိုလိုက်တဲ့သဘောက
အမှားလုပ်တိုင်းတောင်းပန်ရမယ်ဆို
သက်ပြင်းတွေသာချပြီး
ငါအရှင်မထားဘူး''
ထပ်တူတွေကြီးဘဲ။
ရှောင်ပြေးသွားလေသည်။
မရဘူးကလေးငယ်။
" အား...ခများ..လွှတ်..လွှတ်...''!!
" ဘုတ်. !!..ဘုတ်.. !!''
" လွှတ်...ခများ..လွှတ်ပေး.''့ .'''!!
" ဖြန်း... !!!''
" အ့. !!..ခများ... ''
ခံခြင်ရင်''
ငါ့တာဝန်ဘဲလေ။
😍😍 အဆင်ပြေဘူး..😁😁
ရေးပါ့မယ်😁😁
‼ အိမ့်ဂျူး !!