Part-6

17K 981 61
                                    


Unicode

သူကြီး...လင်

Part-6

" သူကြီး..တမင်လုပ်လိုက်တာမလား.. ''?

လက်ရာအမေးကို သူကြီးကတော့
ရေနွေးကြမ်းငှဲ့သောက်ရင်း
ခတ်အေးအေးနဲ့သာ ခေါင်းငြိမ့်လာသည်။

ဒါဘယ်လောက်စိတ်တိုဖို့ကောင်းလိုက်သလဲ။

နှင်းနွယ်ကတော့ သူနဲ့သူကြီး တစ်ကယ်
လက်ထပ်တော့မယ်ထင်ပြီးငိုယိုပြီး
အိမ်ခြံထဲကပြေးထွက်သွားရှာတာ။
သူဆိုလဲ ပျော်လွန်းလို့ထကမိတော့မဲ့အထိ။

နှင်းနွယ်ခြံထဲ ရှိနေတဲ့တစ်လျှောက်လုံး
တစ်ကယ်ဘဲ သူနဲ့ ကိုယ်ကလက်ထပ်ကြတော့မဲ့
ချစ်သူတွေအတိုင်း။သူ့သမီးလဲ သူကြီးကိုကော
သူ့ကိုပါ စိတ်ဆိုးပြီးခြံထဲကလည်းထွက်ရော
ပြောင်းလဲသွားတဲ့ သူကြီးမျက်နှာက
ဖြတ်ရိုက်ပလိုက်ခြင်စရာ။

ကိုယ်ကအငယ်မို့သာ သိခံနေရသည်။

လက်ရာ အောက်နှုတ်ခမ်းစကို
ပေါက်ထွက်လုမတတ်ဖိကိုက်လိုက်ပြီး
ရေနွေးအေးအေးဆေးဆေးထိုင်သောက်နေတဲ့
သူကြီးအရှေ့ ​ကွပ်ပျစ်ကိုလက်နှစ်ဖက်ထောက်
ချပြီး စူးစူးရဲရဲမော့ကြည့်ကာမေးလိုက်သည်။

" ဒါဆို ခုဏက ကျွန်တော်ခေါင်းကို
သုတ်ပေးဒါ..နှင်းနွယ်ဝင်လာဒါတွေ့လို့ပေါ့
နှင်းနွယ် ကျွန်တော်နဲ့ခများကို
အထင်လွဲအောင်တမင်လုပ်တာပေါ့... ''!!

လက်ရာ နာကျဥ်ရသည်။ ကိုယ်ချစ်တဲ့သူက
ကိုယ့်ကို အသုံးချလိုက်တဲ့ခံစားချက်။
ဘာရည်ရွယ်ချက်နဲ့လုပ်ရက်ရတာလဲ
သူကြီးရာ။

" မင်းအခုမှ သိဒါလား...ဟက်.. !?
ညံ့လိုက်တာ.. ''

" သူကြီး... !! ကျွန်တော့်စိတ်တွေလန်းဆန်း
မနေဘူးနော်...ဘာအတွက်လုပ်တာလဲ
ဘာရည်ရွယ်ချက်နဲ့ ကျွန်တော့်ခံစား
ချက်ကိုကစားရတာလဲ... ''

" တောက်.. !! ငါ့အိမ်မှာလာပြီး
ဆူညံမနေနဲ့လင်းလက်ရာ...
ငါ့အိမ်က မင်းမလာခင်အထိ
မြင့်မြတ်နေသေးတယ်..မင်းလာပြီးမှ
ယုတ်ညံ့ကုန်လိမ့်မယ်... ''

" ဘာ... !! "

လင်းလက်ရာဆိုတဲ့ကောင်က။ရိုင်းတယ်
ဟုတ်တယ်။လူကြီးကိုလူကြီးမှန်းမသိတာ
လည်းဟုတ်တယ်။ ဒါပေမဲ့
ဘယ်သူ့ကိုမှ မလိုအပ်ဘဲ။အကြောင်းမရှိဘဲ။
ထိခိုက်အောင်လုပ်တဲ့ မိမအုပ်နိုင်ဖမအုပ်နိုင်အောင်
ရိုင်းစိုင်းနေတဲ့ကောင်မျိုးလည်းမဟုတ်ဘူး။
ဒါကိုသူကြီးက ယုတ်ညံ့တဲ့ကောင်လို့
ပြောတယ်။

သူကြီး..လင်.. (unicode./ zawgyi) जहाँ कहानियाँ रहती हैं। अभी खोजें