|| 22 ||

13.9K 695 13
                                    

Unicode

[ 22 ]

အညိုအမဲစွဲနေတဲ့မျက်နှာကို
နှင်းနွယ်...ငေးကြည့်နေလိုက်တယ်။
လူယုတ်မာတစ်ယောက်ရဲ့
မျက်နှာမှာအညိုအမဲကွက်တွေ
ထင်နေတာလောက်ကြည့်ရတာဇိန်
ရှိတာမရှိဘူး။

သူ့ကိုအလင်းမရှိတဲ့ဒီနေရာမှာ
လက်ပြန်ကြိုးတုတ်ပြီးလှောင်ပိတ်ထား
ဒါဘယ်နှစ်ရက်ရှိပြီလည်း။
မနက်စာစားချိန်နဲ့ညနေစာစားချိန်မှသာ
မီးအလင်းကို မြင်ရတာတဲ့
သူ့ဘဝဟာမျက်ကန်းတစ်ယောက်နဲ့
မထူးခြားနားဘဲ။

လှောင်ပိတ်ထားတဲ့ဒီရက်တွေအတွင်း
အရှေ့ကလူယုတ်မာသူ့ကိုလာတွေ့သာ
ဒီတစ်ကြိမ်ဟာဒုတိယအကြိမ်ဘဲ။
ပထမဆုံအကြိမ်လာတွေ့တုန်းက
မင်းသားတစ်ယောက်
လိုချောမောပြေပစ်တဲ့မျက်နှာထက်
အော​​​င်နိုင်​​သူ​တစ်
ယောက်အပြုံးတွေ
တည်ရှိနိုင်သလောက်ဒီတစ်ကြိမ်မှာတော့
အကွက်လိုက်ညိုနေတဲ့လက်သီး
ရာတွေကြောင့်သူတောင်းစားသာသာ
ဒါလာတွေ့နိုင်တော့တယ်။

ဒီမြင်ကိုမျက်စိအရှေ့ကပျောက်ကွယ်မသွားစေခြင်ဘူး။
သူ့ကိုဒီပုံစံနဲ့အရသာခံပြီးတစ်စိမ့်စိမ့်
ထိုင်ကြည့်ခြင်သေးတယ်။

" သက်သောင့်သက်သာ
ရှိရဲ့လား...ညီမလေး..''

" ဟက်!!... အဲ့စကားက
ကျွန်မမေးရမှာပါ..ဘယ်လိုလည်း
ပါးပြင်ကအညိုကွက်တွေက
သက်သောင့်သက်သာမှရှိရဲ့လား''?

ကြိုးတုတ်ခံထားရတာတောင်
လေသံမာနိုင်သေးတဲ့သူမ..ကလည်း
သူကြီးသမီးဆိုတဲ့ဂုဏ်ပုဒ်နဲ့
ထိုက်တန်အောင်သတ္တိကဂုဏ်ပြု
လောက်စရာကောင်းလွန်းပါတယ်။

" သိပ်ရှိတာပေါ့..သိရဲ့လား..
ဒီအညိုကွက်တွေဖြစ်အောင်
ဖန်တီးပေးခဲ့တဲ့လက်သီးပိုင်ရှင်က
သိပ်လှတယ်ဆိုတာ...လှယုံတင်မကဘူး
သူ့ဆဲသံလေးကအစချိုမှိန်နေတာ..
ရင်ထဲအထိအေးချမ်းသွားဒါဘဲ''

" လိုက်ဖက်ပါပေတယ်..လက်ရာပြောပြော
နေတဲ့တဏှာရူးဆိုတဲ့ဂုဏ်ပုဒ်နဲ့
သိပ်လည်းစိတ်ကူးယဥ်မနေနဲ့
ဖိုးသောက်... မင်းမြတ်နိုးတဲ့လူက
မင့်ဆီဘယ်တော့မှရောက်လာမှာမဟုတ်ဘူး''

သူကြီး..လင်.. (unicode./ zawgyi) Место, где живут истории. Откройте их для себя