|| 45 ||

11.1K 570 9
                                    


Unicode

" တောက်.. !! တော်တော်အရှက်
တရားမရှိတဲ့ ဘိုးတော်''

" ဟုတ်ပါ့တော်.. !
မင်းသားခေါင်းဆောင်းထားတဲ့
ဘီလူးမှန်းအစထဲကမသိဘဲ
လေးစားမိခဲ့တာရင်နာလို့
မဆုံးဘူး''

" တော်သေးတာပေါ့.. သူကြီးလင်
အဲ..ယောင်လို့..သူကြီးအမျိုးသား
ဘားမှမဖြစ်သွားတာ''

" ကျုပ်မကျေနပ်ဘူးဗျာ..
ဒီလူအပြေးမြန်လို့ကံကောင်းတယ်မှတ်''

" ပြောရင်းနဲ့စိတ်တိုလာပြီး
ဟာကွာ.. ''!!

ဒေါသထွက်နေတဲ့ရွာသူရွာသား
တွေကိုကြည့်ပြီးအာဏာဘားမှ
မပြောမိ။

သူကြီးတစ်ယောက်ရဲ့ဂုဏ်သိက္ခာ
ကိုမှမကြည့်လူယုတ်မာကို
တောင်းပန်မိသည်အထိ
ချစ်ရတဲ့နှလုံးသားပေါက်စ
လေးကိုသာပွေ့ဖက်ထားလိုက်သည်။

ကြောက်နေခဲ့မိတာ။သူ့ကလေးငယ်ကို
ဦးထွန်းသောက်အန္တရာယ်ကြီးကြီးမားမား
ပေးမှာကို။

" စိတ်တိုသင့်တယ်..သားကော
အဖေကောတစ်ပုံစံထဲ
အကျင့်မကောင်းတဲ့နေရာမှာ''

ရွာသူတစ်ယောက်ဆီက
ထွက်ပေါ်လာတဲ့စကားကြောင့်
လက်ရာကိုဖက်ထားတဲ့လက်ကို
ခွာချပြီးကွမ်းပျစ်မှာထိုင်နေရာက
အာဏာထရပ်လိုက်မိသည်။

" ဒါပေါ့..တစ်သွေးတစ်သား
ထဲကိုတစ်ပုံစံထဲဖြစ်တာဆန်း
တာမှမဟုတ်တာ..''

" သူ့အဖေသွေးအပြည့်ပါလို့ဘဲ
ဖိုးသောက်ဆိုတဲ့ကောင်က
ငါတို့ရွာသူရွာသားတွေဆီ
အာဏာနဲ့လက်နက်ဗန်းပြပြီး
ယာထွက်ပစ္စည်းတွေကိုနိမ့်ကျတဲ့
စျေးနဲ့ဝယ်တာပေါ့''

" တိတ်ကျစမ်း.. ''!!

ဖိုးသောက်ကိုမကောင်းပြောနေကြတာ
ဖိုးသောက်လုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့်
မှန်းသူသိတယ်။

ဒါပေမဲ့ဖိုးသောက်ကိုယ်တိုင်က
သူ့အဖေဆီကဖိအားပေးခံနေရတယ်
ဆိုတာဒီရွာသားတွေသိသင့်နေပြီ။

အဖေလုပ်သူကမကောင်းတာလုပ်တိုင်း
သားဖြစ်သူကလုပ်ရောလား။အဓိပ္ပါယ်
မရှိတာ။သူဖိုးသောက်ကိုအရင်က
မုန်းတယ်ဆိုရင်တောင့်သူ့အဖေကြောင့်
မုန်းခဲ့လိုက်ခြင်းမျိုးမရှိဖူးဘူး။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now