Unicode
အပိုင်း ၃၇။ ပြိုင်ပွဲ(၁)
မြင်းပေါ်မှ ဆင်းပြီးနောက် ယဲ့ကျန်းက လုရှန်းကျစ်နှင့်အတူ မီးခိုးရောင်ဝံပုလွေကို သွားယူသည်။ သူမ၏အမြွှာညီမနှင့်သူမက စိတ်နေသဘောထား ကွာခြားသည်။ သို့ရာတွင် သူတို့တွေ တစ်ခုတည်းသော တူညီသောအချက်မှာ သွေးကို ကြောက်ခြင်းဖြစ်သည်။ ယုန်အနားသို့ ရောက်သွားသည်နှင့် သူမ အော်လိုက်မိ၏။
“အစ်ကိုကြီး မြန်မြန် ညီမကို ယူပေး”
“ဘာလဲ သွေးကြောက်နေပြန်ပြီလား”
လုရှန်းကျစ်က သူမကိုစသည်။ သူမကို စုန်ချည်ဆန်ချည်ကြည့်ပြီးနောက်တွင် နားနားကပ်ကာ ခပ်တိုးတိုးပြောလာ၏။
“ယောင်ယောင် ဒီနေ့ ကြည့်ကောင်းနေတယ်လို့ ဒီအစ်ကိုကြီး ခံစားလိုက်မိပြီ၊ ကြည့်ရတာ မြို့ပေါ်မှာ မျောက်လို့အခေါ်ခံရဖို့ သင့်လျော်သေးတာပဲ”
ယဲ့ကျန်းက ဒေါသထွက်သွားကာ သူ့ကို စိုက်ကြည့်သည်။
“ညီမက မဟာအလှလေးနော်”
လုရှန်းကျစ်က အော်ရယ်တော့သည်။ သို့သော် သူက ခေါင်းကိုခါပြီးနောက် သူမ၏ပုခုံးကို ပုတ်လာ၏။ ထို့နောက် မည်းမှောင်နေသော မျက်နှာလေးကို ကြည့်ပြီးပြော၏သည်။
“လာပါ လာပါ၊ ဒီအစ်ကိုကြီးက ညီမလေးကို အမဲလိုက်ဖို့ခေါ်သွားပေးမယ်”
“အဟမ်း”
လုလင်ကျစ်၏ ညင်သာသော ချောင်းဆိုးသံက ထွက်လာသည်။ လျစ်လျူရှုခံထားရပြီး မေ့လျော့ခံထားရသော ခံစားချက်နှင့်အတူ ထိုနှစ်ယောက်ကိုကြည့်နေရင်းမှ နှောင့်ယှက်လိုက်တော့၏။ သူ၏အကြည့်က ယဲ့ကျန်းထံတွင်သာ ရှိသည်။ သည်ငယ်ရွယ်သောသခင်မလေးက သူ့ကို ထိုသို့တစ်ခါမှ မပြုံးပြခဲ့ဖူးပေ။ ထိုမျှကြည့်ကောင်းသော ပျော်ရွှင်နေသည့် အပြုံးက သူမ၏နှလုံးသားထဲမှ လာသော ခံစားချက်ကို ဖော်ထုတ်ပြသနေပြီး သူမ၏မျက်နှာကို တောက်ပသွားစေ၏။ သူမ၏အသားအရေက လုံလောက်အောင် မဖွေးဖြူနေသေးသည့်တိုင်အောင် သူမကို မြင်လိုက်ရရုံဖြင့် အကြည့်မလွှဲနိုင်အောင် ထင်ရှားလွန်းနေခဲ့သည်။
“အကြီးဆုံးအစ်ကို ရောက်လာတာပဲ”
လုရှန်းကျစ်က ရိုကျိုးစွာနှုတ်ဆက်သည်။
“ကျွန်တော် ယောင်ယောင်ကို အမဲလိုက်ဖို့ခေါ်သွားမလို့၊ ကျွန်တော် အစ်ကိုကြီးတို့ကို မနှောင့်ယှက်ပါဘူး”
“လင်ကျစ် ဒါက မင်းရဲ့ဝမ်းကွဲလား အာ”
ထန်းကျန်းက ယဲ့ကျန်းကိုသာ ကြည့်နေသည်။
သူ အထင်မမှားလျှင် ထိုကောင်မလေးက လုရှန်းကျစ်ကို အစ်ကိုကြီးဟုခေါ်လိုက်၏။ သို့ဆိုလျှင် သူတို့က ဆွေမျိုးဖြစ်ပေလိမ့်မည်။ အကြောင်းမူကား လုရှန်းကျစ်က လုလင်ကျစ်၏ဝမ်းကွဲမှန်း သူ သိထားလေသည်။
လုလင်ကျစ်က ထိုတစ်ခဏမှသာ ယဲ့ကျန်းကို မိတ်မဆက်ပေးရကြောင်း သတိထားမိပြီး မိတ်ဆက်ပေးလိုက်၏။
“ဒါက ငါ့ရဲ့စတုတ္ထညီငယ်နဲ့တတိယညီမပဲ၊ သူတို့က နယ်မြို့က ရောက်လာကြတာ”
“ညီမ”
ထန်းကျန်းက ထိုစကားကိုကြားသည်နှင့် မျက်ဝန်းက တောက်ပသွားသည်။ သူက ချက်ချင်းပင် ယဲ့ကျန်းကိုကြည့်ပြီး ရယ်လိုက်၏။
“လုသခင်မလေးက မြင်းစီးနဲ့လေးအတတ် တကယ်တော်တာပဲ”
ယဲ့ကျန်း၏နှုတ်ခမ်းထောင့်မှ အပြုံးက ကျုံ့သွားပြီး မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ သူမက ရိုကျိုးစွာသာ တစ်ချက်ခေါင်းညိတ်ပြလိုက်၏။
“ကျေးဇူး အများကြီးတင်ပါတယ်”
“တတိယညီမ ငါတို့ ပြိုင်ရအောင်”
ယဲ့ကျန်းက ထန်းကျန်းကို ခပ်တင်းတင်းကြည့်လိုက်သည်။ သူမကို သူ၏ညီမအလား ခေါ်နေခြင်းကို သဘောကျခြင်းမရှိပေ။
ပြန်ဖြေရမည့်အစား သူမက နောက်လှည့်ပြီး လုရှန်းကျစ်ကို ကြည့်လိုက်၏။ ပြောရလျှင် သူမက မိန်းမငယ်လေးတစ်ယောက်မျှသာ ဖြစ်သည်။ သည်လိုဖိတ်ကြားချက်ကို ရသောအခါ သဘာဝကျကျပင် သူမ၏ စီနီယာများ၊ အစ်ကိုကြီးများကသာ ဦးစွာလက်ခံသင့်သည်။
နောင်တပြည့်နေသောအမူအရာမျိုးဖြင့် လုရှန်းကျစ်က သူ၏ညီမလေးက ပြိုင်ပွဲများကို ဘယ်တော့မှ ဂရုစိုက်ခြင်း မရှိကြောင်း နားလည်နေသည်။ သူ၏ညီမက ဝင်ပြိုင်ချင်ကြောင်း သူ နားလည်၏။ သို့ရာတွင် သူတို့၏မိခင်ထံမှ အဆူခံရမည်ကို စိုးရိမ်နေသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သည်လိုကူကယ်ရာမဲ့စွာကြည့်လာသည်ဟု ခံစားရ၏။
“ကောင်းပြီ၊ အစ်ကိုကြီးက မင်းနဲ့အတူရှိတယ်၊ ညီမလေး ဘာလုပ်နိုင်လဲ သူတို့ကို ပြလိုက်ရအောင်”
လုရှန်းကျစ်က ယဲ့ကျန်းကို မျက်လုံးမှိတ်ပြသည်။ သူ၏ညီမက ပြိုင်ချင်နေသည်ကို သူက ကူညီပေးသည့်အတွက် သူ လုပ်တာကောင်းသည်ဟု ခံစားမိနေ၏။ သူတို့နယ်မြို့တွင်ဆိုလျှင် အခြားသူများနှင့်အတူ အမဲလိုက်ထွက်ချိန်တိုင်း ဖေးရှီကို သူတို့ ပြောပြခဲ့ခြင်းမရှိပေ။ သည်တစ်ကြိမ်တွင်မူ ကွာခြားသည်ဟု သူ ခန့်မှန်းလိုက်၏။
ယဲ့ကျန်းက သူ့ကို စိုက်ကြည့်ကာ ဖိအားများသလို ခံစားလိုက်ရ၏။
ငါ ဒီလိုဆိုလိုတာ မဟုတ်ဘူးလေ၊ ဒီအကောင်တွေနဲ့ လုံးဝ အချိန်မဖြုန်းချင်ဘူး ဟုတ်ပြီလား၊ ပြိုင်ဖို့မဆိုထားနဲ့ အဲဒီလူရဲ့ကျွန်တွေကို ဂရုကိုမစိုက်ချင်တာ။
“ဘာပဲဖြစ်ဖြစ် ယောင်ယောင်ကို သူနဲ့ပြိုင်ခိုင်းလိုက်ပါ”
လုလင်ကျစ်ကလည်း ဝင်ပြောလာသည်။
ယဲ့ကျန်းက ထန်းကျန်းကို ပေါ့ပါးစွာ ကြည့်လိုက်၏။ သူမ ကန်းနေခြင်းမဟုတ်ပေ။ သဘာဝကျကျပင် ထန်းကျန်းက သူမကို ကျေနပ်အောင်လုပ်ပြီး ချဉ်းကပ်လိုနေကြောင်း နားလည်လိုက်၏။
“ပြိုင်တာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ နိုင်ရင် ဘာရမှာလဲ”
“တတိယညီမက ဘာလိုချင်လို့လဲ”
ထန်းကျန်းက ရှက်ရွံ့စွာပြောသည်။ ယဲ့ကျန်းက သူ၏ဟန်ဆောင်နေခြင်းကို ဂရုမစိုက်ပေ။ သူ့ကိုသာ သေချာကြည့်လိုက်ပြီးနောက် သူ၏ကြည်သာသောအမူအရာကို သတိထားလိုက်မိသည်။
“ကျွန်မကို တတိယညီမဆိုပြီးတော့ ရင်းနှီးသလို မခေါ်နေပါနဲ့၊ ကျွန်မအစ်ကိုတွေ ဒီမှာရှိတယ်”
ထန်းကျန်းက ဝမ်းမနည်းသွားဘဲ ရယ်သည်။
“လုလင်ကျစ်နဲ့ငါက သွေးသောက်ညီအစ်ကိုတွေပဲ၊ သူ့ညီမက ငါ့ညီမပဲပေါ့”
ယဲ့ကျန်းက သူ့ကို အေးစက်စွာ စိုက်ကြည့်သည်။ တစ်စုံတစ်ရာကို သတိထားမိသွား၏။ နေရောင်အောက်တွင် တောက်ပသောအလင်းများ ဖြာထွက်နေသော ငွေရောင်ကြာပွတ်ဖြစ်သည်။ ဒါက သူ၏ခါးတွင်ရှိနေ၏။
“ကျွန်မနိုင်ရင် အဲဒီငွေရောင်ကြာပွတ်ကို ကျွန်မကို ပေးရမယ်”
...
Zawgyi
အပိုင္း ၃၇။ ၿပိဳင္ပြဲ(၁)
ျမင္းေပၚမွ ဆင္းၿပီးေနာက္ ယဲ့က်န္းက လု႐ွန္းက်စ္ႏွင့္အတူ မီးခိုးေရာင္ဝံပုေလြကို သြားယူသည္။ သူမ၏အႁမႊာညီမႏွင့္သူမက စိတ္ေနသေဘာထား ကြာျခားသည္။ သို႔ရာတြင္ သူတို႔ေတြ တစ္ခုတည္းေသာ တူညီေသာအခ်က္မွာ ေသြးကို ေၾကာက္ျခင္းျဖစ္သည္။ ယုန္အနားသို႔ ေရာက္သြားသည္ႏွင့္ သူမ ေအာ္လိုက္မိ၏။
“အစ္ကိုႀကီး ျမန္ျမန္ ညီမကို ယူေပး”
“ဘာလဲ ေသြးေၾကာက္ေနျပန္ၿပီလား”
လု႐ွန္းက်စ္က သူမကိုစသည္။ သူမကို စုန္ခ်ည္ဆန္ခ်ည္ၾကည့္ၿပီးေနာက္တြင္ နားနားကပ္ကာ ခပ္တိုးတိုးေျပာလာ၏။
“ေယာင္ေယာင္ ဒီေန႔ ၾကည့္ေကာင္းေနတယ္လို႔ ဒီအစ္ကိုႀကီး ခံစားလိုက္မိၿပီ၊ ၾကည့္ရတာ ၿမိဳ႕ေပၚမွာ ေမ်ာက္လို႔အေခၚခံရဖို႔ သင့္ေလ်ာ္ေသးတာပဲ”
ယဲ့က်န္းက ေဒါသထြက္သြားကာ သူ႕ကို စိုက္ၾကည့္သည္။
“ညီမက မဟာအလွေလးေနာ္”
လု႐ွန္းက်စ္က ေအာ္ရယ္ေတာ့သည္။ သို႔ေသာ္ သူက ေခါင္းကိုခါၿပီးေနာက္ သူမ၏ပုခုံးကို ပုတ္လာ၏။ ထို႔ေနာက္ မည္းေမွာင္ေနေသာ မ်က္ႏွာေလးကို ၾကည့္ၿပီးေျပာ၏သည္။
“လာပါ လာပါ၊ ဒီအစ္ကိုႀကီးက ညီမေလးကို အမဲလိုက္ဖို႔ေခၚသြားေပးမယ္”
“အဟမ္း”
လုလင္က်စ္၏ ညင္သာေသာ ေခ်ာင္းဆိုးသံက ထြက္လာသည္။ လ်စ္လ်ဴ႐ႈခံထားရၿပီး ေမ့ေလ်ာ့ခံထားရေသာ ခံစားခ်က္ႏွင့္အတူ ထိုႏွစ္ေယာက္ကိုၾကည့္ေနရင္းမွ ေႏွာင့္ယွက္လိုက္ေတာ့၏။ သူ၏အၾကည့္က ယဲ့က်န္းထံတြင္သာ ႐ွိသည္။ သည္ငယ္႐ြယ္ေသာသခင္မေလးက သူ႕ကို ထိုသို႔တစ္ခါမွ မျပဳံးျပခဲ့ဖူးေပ။ ထိုမွ်ၾကည့္ေကာင္းေသာ ေပ်ာ္႐ႊင္ေနသည့္ အျပဳံးက သူမ၏ႏွလုံးသားထဲမွ လာေသာ ခံစားခ်က္ကို ေဖာ္ထုတ္ျပသေနၿပီး သူမ၏မ်က္ႏွာကို ေတာက္ပသြားေစ၏။ သူမ၏အသားအေရက လုံေလာက္ေအာင္ မေဖြးျဖဴေနေသးသည့္တိုင္ေအာင္ သူမကို ျမင္လိုက္ရ႐ုံျဖင့္ အၾကည့္မလႊဲႏိုင္ေအာင္ ထင္႐ွားလြန္းေနခဲ့သည္။
“အႀကီးဆုံးအစ္ကို ေရာက္လာတာပဲ”
လု႐ွန္းက်စ္က ႐ိုက်ိဳးစြာႏႈတ္ဆက္သည္။
“ကြၽန္ေတာ္ ေယာင္ေယာင္ကို အမဲလိုက္ဖို႔ေခၚသြားမလို႔၊ ကြၽန္ေတာ္ အစ္ကိုႀကီးတို႔ကို မေႏွာင့္ယွက္ပါဘူး”
“လင္က်စ္ ဒါက မင္းရဲ႕ဝမ္းကြဲလား အာ”
ထန္းက်န္းက ယဲ့က်န္းကိုသာ ၾကည့္ေနသည္။
သူ အထင္မမွားလွ်င္ ထိုေကာင္မေလးက လု႐ွန္းက်စ္ကို အစ္ကိုႀကီးဟုေခၚလိုက္၏။ သို႔ဆိုလွ်င္ သူတို႔က ေဆြမ်ိဳးျဖစ္ေပလိမ့္မည္။ အေၾကာင္းမူကား လု႐ွန္းက်စ္က လုလင္က်စ္၏ဝမ္းကြဲမွန္း သူ သိထားေလသည္။
လုလင္က်စ္က ထိုတစ္ခဏမွသာ ယဲ့က်န္းကို မိတ္မဆက္ေပးရေၾကာင္း သတိထားမိၿပီး မိတ္ဆက္ေပးလိုက္၏။
“ဒါက ငါ့ရဲ႕စတုတၳညီငယ္နဲ႔တတိယညီမပဲ၊ သူတို႔က နယ္ၿမိဳ႕က ေရာက္လာၾကတာ”
“ညီမ”
ထန္းက်န္းက ထိုစကားကိုၾကားသည္ႏွင့္ မ်က္ဝန္းက ေတာက္ပသြားသည္။ သူက ခ်က္ခ်င္းပင္ ယဲ့က်န္းကိုၾကည့္ၿပီး ရယ္လိုက္၏။
“လုသခင္မေလးက ျမင္းစီးနဲ႔ေလးအတတ္ တကယ္ေတာ္တာပဲ”
ယဲ့က်န္း၏ႏႈတ္ခမ္းေထာင့္မွ အျပဳံးက က်ံဳ႕သြားၿပီး မ်က္လုံးကို က်ဥ္းေျမာင္းလိုက္သည္။ သူမက ႐ိုက်ိဳးစြာသာ တစ္ခ်က္ေခါင္းညိတ္ျပလိုက္၏။
“ေက်းဇူး အမ်ားႀကီးတင္ပါတယ္”
“တတိယညီမ ငါတို႔ ၿပိဳင္ရေအာင္”
ယဲ့က်န္းက ထန္းက်န္းကို ခပ္တင္းတင္းၾကည့္လိုက္သည္။ သူမကို သူ၏ညီမအလား ေခၚေနျခင္းကို သေဘာက်ျခင္းမ႐ွိေပ။
ျပန္ေျဖရမည့္အစား သူမက ေနာက္လွည့္ၿပီး လု႐ွန္းက်စ္ကို ၾကည့္လိုက္၏။ ေျပာရလွ်င္ သူမက မိန္းမငယ္ေလးတစ္ေယာက္မွ်သာ ျဖစ္သည္။ သည္လိုဖိတ္ၾကားခ်က္ကို ရေသာအခါ သဘာဝက်က်ပင္ သူမ၏ စီနီယာမ်ား၊ အစ္ကိုႀကီးမ်ားကသာ ဦးစြာလက္ခံသင့္သည္။
ေနာင္တျပည့္ေနေသာအမူအရာမ်ိဳးျဖင့္ လု႐ွန္းက်စ္က သူ၏ညီမေလးက ၿပိဳင္ပြဲမ်ားကို ဘယ္ေတာ့မွ ဂ႐ုစိုက္ျခင္း မ႐ွိေၾကာင္း နားလည္ေနသည္။ သူ၏ညီမက ဝင္ၿပိဳင္ခ်င္ေၾကာင္း သူ နားလည္၏။ သို႔ရာတြင္ သူတို႔၏မိခင္ထံမွ အဆူခံရမည္ကို စိုးရိမ္ေနသည္ဟု ခံစားေနရသည္။ ထို႔ေၾကာင့္ သည္လိုကူကယ္ရာမဲ့စြာၾကည့္လာသည္ဟု ခံစားရ၏။
“ေကာင္းၿပီ၊ အစ္ကိုႀကီးက မင္းနဲ႔အတူ႐ွိတယ္၊ ညီမေလး ဘာလုပ္ႏိုင္လဲ သူတို႔ကို ျပလိုက္ရေအာင္”
လု႐ွန္းက်စ္က ယဲ့က်န္းကို မ်က္လုံးမွိတ္ျပသည္။ သူ၏ညီမက ၿပိဳင္ခ်င္ေနသည္ကို သူက ကူညီေပးသည့္အတြက္ သူ လုပ္တာေကာင္းသည္ဟု ခံစားမိေန၏။ သူတို႔နယ္ၿမိဳ႕တြင္ဆိုလွ်င္ အျခားသူမ်ားႏွင့္အတူ အမဲလိုက္ထြက္ခ်ိန္တိုင္း ေဖး႐ွီကို သူတို႔ ေျပာျပခဲ့ျခင္းမ႐ွိေပ။ သည္တစ္ႀကိမ္တြင္မူ ကြာျခားသည္ဟု သူ ခန္႔မွန္းလိုက္၏။
ယဲ့က်န္းက သူ႕ကို စိုက္ၾကည့္ကာ ဖိအားမ်ားသလို ခံစားလိုက္ရ၏။
ငါ ဒီလိုဆိုလိုတာ မဟုတ္ဘူးေလ၊ ဒီအေကာင္ေတြနဲ႔ လုံးဝ အခ်ိန္မျဖဳန္းခ်င္ဘူး ဟုတ္ၿပီလား၊ ၿပိဳင္ဖို႔မဆိုထားနဲ႔ အဲဒီလူရဲ႕ကြၽန္ေတြကို ဂ႐ုကိုမစိုက္ခ်င္တာ။
“ဘာပဲျဖစ္ျဖစ္ ေယာင္ေယာင္ကို သူနဲ႔ၿပိဳင္ခိုင္းလိုက္ပါ”
လုလင္က်စ္ကလည္း ဝင္ေျပာလာသည္။
ယဲ့က်န္းက ထန္းက်န္းကို ေပါ့ပါးစြာ ၾကည့္လိုက္၏။ သူမ ကန္းေနျခင္းမဟုတ္ေပ။ သဘာဝက်က်ပင္ ထန္းက်န္းက သူမကို ေက်နပ္ေအာင္လုပ္ၿပီး ခ်ဥ္းကပ္လိုေနေၾကာင္း နားလည္လိုက္၏။
“ၿပိဳင္တာက အဆင္ေျပပါတယ္၊ ဒါေပမဲ့ ႏိုင္ရင္ ဘာရမွာလဲ”
“တတိယညီမက ဘာလိုခ်င္လို႔လဲ”
ထန္းက်န္းက ႐ွက္႐ြံ႕စြာေျပာသည္။ ယဲ့က်န္းက သူ၏ဟန္ေဆာင္ေနျခင္းကို ဂ႐ုမစိုက္ေပ။ သူ႕ကိုသာ ေသခ်ာၾကည့္လိုက္ၿပီးေနာက္ သူ၏ၾကည္သာေသာအမူအရာကို သတိထားလိုက္မိသည္။
“ကြၽန္မကို တတိယညီမဆိုၿပီးေတာ့ ရင္းႏွီးသလို မေခၚေနပါနဲ႔၊ ကြၽန္မအစ္ကိုေတြ ဒီမွာ႐ွိတယ္”
ထန္းက်န္းက ဝမ္းမနည္းသြားဘဲ ရယ္သည္။
“လုလင္က်စ္နဲ႔ငါက ေသြးေသာက္ညီအစ္ကိုေတြပဲ၊ သူ႕ညီမက ငါ့ညီမပဲေပါ့”
ယဲ့က်န္းက သူ႕ကို ေအးစက္စြာ စိုက္ၾကည့္သည္။ တစ္စုံတစ္ရာကို သတိထားမိသြား၏။ ေနေရာင္ေအာက္တြင္ ေတာက္ပေသာအလင္းမ်ား ျဖာထြက္ေနေသာ ေငြေရာင္ၾကာပြတ္ျဖစ္သည္။ ဒါက သူ၏ခါးတြင္႐ွိေန၏။
“ကြၽန္မႏိုင္ရင္ အဲဒီေငြေရာင္ၾကာပြတ္ကို ကြၽန္မကို ေပးရမယ္”
...