Unicode
ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၅
ကျောင်းဖွင့်ကာလတစ်လကျော်သည့်နောက် ခွန်းနစ်တို့ကျူရှင်ရဲ့ မောင်းနှုန်းကလဲ အတော်မြင့်လာသည်။ မနက်အစောထရတာ မခက်ခဲပေမဲ့ ညဆယ်နာရီကျော်မှ အိမ်ပြန်ရတာကြောင့် အဆုတ်အအေးပတ်တတ်သည့် ခွန်းနစ်အတွက် ရေမိုးချိုးဖို့အရေး စိန်ခေါ်ပွဲကြီးလို ဖြစ်နေတတ်၏။ သို့သော် ကျောင်းအတန်းချိန်တွေဆို အာရုံလွင့်နေတတ်သည့်အတွက် ကျူရှင်အတန်းများကိုလည်း ဖြုတ်ချမရပြန်ပေ။
ဒီကြားထဲမှာ ကိုကိုကြီးဆီတစ်ခေါက်ရောက်သေးသည်။ ကြာကြာတော့ မတွေ့လိုက်ရပါ။စာမေးပွဲနီးနေတာကြောင့် ခဏပဲတွေ့လိုက်ရသည်။ တွေ့ရသည့် အတောတွင်းမှာလည်း မေမေ့အမှာစကားတွေချည်းသာ မဆုံးနိုင်လွန်းတာမို့ ခွန်းနစ်က ဘေးမှာထိုင်နေရသည်သာ များပါသည်။ ကိုကိုကြီးက မန္တလေးမှာ နေနေရပေမဲ့ အသားတွေပိုဖြူလာ၏။ စာတွေပိနေသည်ဆိုတာတောင် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေသည့် ကိုကိုကြီးနှင့်ယှဉ်ဝောာ့ ခွန်းနစ်က ရှူနာရှိုက်ကုန်းရုပ် ပိုပေါက်သွားသည်။ ဖေဖေကတော့ ကျောကိုဖွဖွပုတ်ရင်း "ကိုကိုကြီးလို ဆရာဝန်ဖြစ်အောင်လုပ်။ ပြီးရင် သားကိုယ်သား အရင်ဂရုစိုက်ရမယ်"ဟု ရယ်လျက်သား ပြော၏။ခွန်းနစ်ကဝောာ့ မရယ်ချင်ပါ။ ကိုကိုကြီးလိုဖြစ်စေချင်သည်ဆိုတာအစား သားကြီးလာရင် ဆရာဝန်ဖြစ်အောင်လုပ်ဆိုတာမျိုးဆိုရင် ပိုကောင်းမည်ထင်သည်။
ဒါကို မေမေကြားလျှင် "ညီအစ်ကိုချင်း ချစ်ချစ်ခင်ခင်နေရမယ်လေ။ ကိုကိုကြီးက သားအစ်ကိုအရင်းမို့လား" ဆိုကာ ခွန်းနစ်ကို တရားချပါလိမ့်မည်။ သို့သော်ငြား လေးငါးနှစ်ခန့်သာကွာသော ညီအစ်ကိုနှစ်ယောက်ကြားက ဆက်ဆံရေးက မေမေတို့လိုချင်သလို နွေးထွေးမနေတာတော့ အမှန်ပင်။ ငယ်ငယ်ကတည်းက ကိုယ်တိုင်ကြိုးစားလွန်းပြီး ထက်မြတ်တဲ့ကိုကိုကြီးနှင့် ကိုကိုကြီးကို မှီအောင်လိုက်ဖို့ အမှီလိုက်နေရသည့် ခွန်းနစ်။
"ကိုကိုကြီးက အဆင့်တစ်ရတယ်လေ။ မေမေက ညီအစ်ကိုနှစ်ယောက် ဉာဏ်ရည်အတူတူ ပြည့်စုံအောင်မွေးထားတာ။သားက ဘာလို့မရတာလဲ" ဆိုသည့် နားထဲသံမှိုစွဲနေသည့် စကားတွေကြောင့်ပဲလား။ ခွန်းနစ်က ကိုကိုကြီးကို ပြေးလမ်းကြီးတစ်ခုလိုသာမြင်သည်။ ကိုယ်တိုင်ကတော့ ဘယ်တော့များ ပန်းတိုင်ရောက်လိုရောက်ငြား စမ်းတဝါးဝါးပြေးနေရသည့် လူတစ်ယောက်နှင့်တူ၏။ထို့ကြောင့် ကိုကိုကြီးဘေးမှာဆို အလိုလိုနေရင်း စိတ်မောနေရတတ်ပါသည်။
အတွေးပင်လယ်ထဲ မျောနေသည့်ခွန်းနစ်တစ်ယောက် ဓာတုဗေဒချိန် ပြီးသွားသည်ကိုပင်မသိလိုက်ချေ။ "အားလုံး မတ်တပ်ရပ်! ဆရာမကိုနှုတ်ဆက်"ဆိုသည့် အတန်းခေါင်းဆောင်၏ လှုံ့ဆော်သံကိုကြားမှ ကမန်းကတမ်းထကာ နှုတ်ဆက်လိုက်ရသည်။ပုံနှိပ်စာလုံးများမှလွဲကာ သန့်ရှင်းနေသည့် ဖတ်စာစာအုပ်ကို ငုံ့ကြည့်မိတော့ ဟင်းခနဲ သက်ပြင်းချမိပြန်၏။ ကနေ့သင်သွားသည့် စာတွေကိုတော့ ကျူရှင်ရောက်လျှင် အပီပြင်နားထောင်မှဖြစ်တော့မည်။
"ခွန်းနစ်ကုဋေ ငါတို့ သီးသီးပင်အောက်မှာ ထမင်းသွားစားမလို့။ လိုက်အုန်းမလား"
ကျောကိုတို့ကာမေးသည့် ဝေဖြိုးနိုင်။ ခွန်းနစ်လှည့်ကြည့်တော့ သကောင့်သားက ခြင်းကျားကြီးကို စားပွဲပေါ်တင်ကာ သွားသုံးဆယ့်နှစ်ချောင်းလုံစပေါ်အောင် ရယ်ပြလျက်ရှိသည်။ ပွယောင်းယောင်း နှာခေါင်းသည်ပင်လျှင် ခပ်ရဲရဲဖြစ်နေသေး၏။
"ငါ့အိမ်က ဒီနေ့ ကန်တော့ပွဲလုပ်လို့ မုန့်တွေပါပါလာတယ်။ ကျန်တဲ့လူတွေကိုတော့ ခွဲကျွေးပြီးပြီ။ မင်းစားချင်ပါ့မလားမသိလို့ ငါမပြောရသေးတာ။ ခု လိုက်ခဲ့ပါလားဟင်"
မှေးသောမျက်ဝန်းတွေက ခွန်းနစ်ထံမှအကြည့်မခွာ။ မျှော်လင့်တကြီး ကြည့်နေတာကိုမြင်တော့ ခွန်းနစ်စိတ်ရှုပ်ချင်လာသည်။ တီဘီရောဂါ ဖြစ်ပြီဆိုကတည်းက ဇွန်းတွေကအစ သီးသန့်ထားရတာကြောင့် တစ်ယောက်ထဲစားဖြစ်တာသာ များ၏။ အတူစားဖို့ ကြိုးစားဖူးသော နေချိုမောင်နှင့်ကျပြန်တော့ ဟိုကဝန်လေးသည်ဆို၍ ကျွေးချင်စိတ်ကိုပင် ပယ်ချခဲ့ရသည် မဟုတ်ပါလား။
"လာပါ။ မင်းရယ် ငါရယ် နေချိုမောင်ရယ် သုံးယောက်ထဲရယ်"
ဒတ်ခနဲ ခံစားလိုက်ရသည့် ကိုယ်တွင်းတစ်နေရာမှ တုန့်ပြန်မှု။ ခဏလေးပဲဆိုပေမဲ့ ကြောက်စရာကောင်းလောက်အောင် ထင်ရှားလွန်းသည်။ ခွန်းနစ်မျက်ဝန်းတွေက တဖြေးဖြေးနီးကပ်လာသည့် အရိပ်တစ်ခုဆီရောက်သွားကာ စားပွဲထက်ထောက်ချလာသည့် ညိုသောလက်ဖမိုးထက်သို့ ကျရောက်သွားခဲ့၏။
"ခုသွားမှာလား"
သူ့အသံက ပုံမှန်သာ။ သို့သော် ခွန်းနစ်နားထဲမှာတော့ ကြီးမားလှသည့် လေပြင်းတိုက်သံလို တဝေါဝေါတိုးဝင်တိုက်ခိုက်လာသည်။ သူက ဝတ်နေကျအတိုင်း ဝါကျင်ကျင်ဖြစ်ချင်နေသော ကျောင်းအင်္ကျီအဖြူလက်တိုကို ကျစ်ထုပ်နေအောင်စည်းနှောင်ထားသည့် ပုဆိုးခါးကြားထဲသို့ ထိုးထည့်ထားပါသည်။
"ဒီမှာ ခွန်းနစ်ကုဋေကိုရော ခေါ်နေတာ။ လူများရင်ပိုကောင်းတာပေါ့။ ဟုတ်တယ်မို့လား။ဟင်းကလည်း ရှယ်နော်။ ငါးဆုပ်ချက်ရယ် ကြက်ကချင်ချက်ရယ်၊ နောက်ပြီး ငါးရံ့ပလူရွက်သုတ်ရောပဲ"
"အင်း"
တုန့်ပြန်မှုက ဒါလေးပဲလား။ ကိုယ်ကျွေးတုန်းက ဝန်လေးပါတယ်ဆိုသူက ဝေဖြိုးနိုင်ကျွေးတော့ကျ စားမယ်ပေါ့လေ။ သူ့မာနက ခွန်းနစ်အပေါ်မှာပဲ ထားလေသလားဟု တွေးမိတဲ့အခါ ခြောက်ကပ်ကပ်ဖြစ်နေသော နှာဖျားကိုရှုံ့ရင်း ကြမ်းပြင်ထက်ချထားသည့် ထမင်းချိုင့်ခြင်းလေးကို ကောက်မ ယူပစ်လိုက်တော့သည်။
"သွားစားကြတာပေါ့"
ကြီးမားလှသည့် သီးပင်အရိပ်ကိုရောက်ချိန်မှာ ခွန်းနစ်ချက်ချင်းမစားနိုင်။ လျှာကိုထုတ်လျက် မောနေတာကို အရင်ဖြေရသည်။ အများကြီးမလျှောက်ခဲ့ရပေမဲ့ ဒီနေ့ကျမှ ပိုမောနေ၏။ ဝေဖြိုးနိုင်က သီးပင်ကိုပတ်ဝိုင်းရိုက်ထားသည့် သစ်သားကွပ်ပျစ်ထက်သို့ ညစ်တစ်တစ်လက်သုတ်ပုဝါကိုဖြန့်ခင်းကာ ပါလာသည့်ချိုင့်တွေကို နေရာချသည်။ ထို့နောက် ခွန်းနစ်ချိုင့်တွေကိုပါ ယူဖွင့်ပေးကာ အဆင်သင့်လုပ်လျက်ရှိ၏။
တစ်စုံတစ်ယောက်ကတော့ လေတဖြူးဖြူးတိုက်နေသည့် အပင်အောက်က ကျောက်ရုပ်ကြီးလို မလှုပ်မယှက်နှင့်။ မကျေမနပ်လှမ်းကြည့်မိတော့ သူက ချိုင့်တွေချထားရာကို စူးစိုက်လျက် ဘာတွေလဲ စူးစမ်းနေပုံပင်။
"ရော့ မင်းအတွက်ပါ ငါတစ်ချိုင့်ထည့်လာတယ်။အမေက မင်းကို သေချာကျွေးဖို့ပြောလိုက်တာ။ ဘကြီးအောင်အတွက်လဲ ပို့ထားမယ်တဲ့"
ခေါင်းကို အသာငြိမ့်သူထံမှ အပိုတစ်ခွန်းပင် ထပ်မကြားရပေ။ ဝေဖြိုးနိုင်နှင့် သူက အရင်ကတည်းက သိကြပုံရသည်။ဒီတော့ သူတို့ကြားထဲ ခွန်းနစ်ကပဲ ကန့်လန့်ပါလာတာဖြစ်လေမလား။ အင်းပေါ့ သူ မခင်တဲ့သူဆီက ဘယ်စားချင်ပါ့မလဲ။ ကိုယ့်အတွေးနှင့်ကိုယ် နေရကျပ်လာပြန်တော့ မေမေထည့်ပေးလိုက်သည့် ကြက်သားမွကြော်ကိုသာ ဇွန်းထိပ်နှင့်ထိုးဆွနေလိုက်တော့သည်။ ဘယ်သူ့ကိုမှလည်း စားပါယူပါပြောမနေချင်။ ခွန်းနစ်ကျွေးလည်း သူက ဝန်လေးနေလိမ့်အုန်းမည်။ ဝေဖြိုးနိုင်ကတော့ နဂိုကတည်းက ထင်ရာလုပ်တာမို့ တကူးတကပြောနေစရာ လိုမည်မဟုတ်ပေ။
ထင်သည့်အတိုင်း ကျေးဇူးရှင်က ထမင်းစားတုန်းလည်း ဂနာမငြိမ်ပါ။ မုန့်ထည့်ထားသည့် ဘူးလေးကိုယူလျက် ကွပ်ပျစ်တစ်နေရာမှာထိုင်နေသည့် ကလေးမတစ်အုပ်ဆီရောက်သွားပြန်သည်။ တကယ်တော့ ခွန်းနစ်တို့က ဓားစာခံဖြစ်သွားရုံသာ။ သကောင့်သားက သူ့အကြံနှင့်သူ သီးပင်အောက်ခေါ်လာပြီး နောက်ပိုးလုပ်ဖို့ အကောင်ထည်ဖော်သွားခဲ့ပြီ။ ခုတလော မြှောက်ကြွမြှောက်ကြွဖြစ်နေတာ အတန်းထဲက သီရိစံကြောင့်ကိုး။
ငြိမ်သက်သွားသည့် ထမင်းဝိုင်းမှာတော့ ခွန်းနစ်နှင့် သူ နှစ်ယောက်ထဲသာ ကျန်ခဲ့ရ၏။ဘေးနားမှ ရယ်သံတွေ ပြောသံတွေ ဆူညံသည့်ကြားမှာ ကိုယ်တို့နှစ်ယောက်ကမ္ဘာက သီးသန့်ကလေးဖြစ်နေသည့် အလားပင်။
"နေ့တိုင်း ထမင်းချိုင့်ပါတယ်လား"
ဘုရားစူး မိုးကြိုးပစ် တေမိကောင်က စကားစပြော၏။ မယုံနိုင်စွာမော့ကြည့်မိခြင်းမှာ ခွန်းနစ်စားလက်စ ထမင်းကိုပင် မဝါးနိုင်တော့ချေ။ မျက်လုံးအပြူးသား ပါးအဖောင်းသားနှင့် သူ့ကိုစိုက်ကြည့်နေခဲ့မိသည်။ ခေါင်းကိုလက်နှင့်ဆွဲပွတ်လို့ မျက်လွှာချသွားသည့် သူ့ပုံစံက ဘာများပါလိမ့်။
"နောက်ရက်ကျ အတူစားချင်လား"
"ဖွတ်...အဟွတ် ဟွတ်"
အတူစားချင်လား... ဒီကောင့်ခေါင်းက တကယ်ပဲ ပုံမှန်ဟုတ်ပါတယ်နော်။ ခွန်းနစ်ကပဲ သူနဲ့စားချင်လွန်းတယ် ထင်နေတာများလား။ ကိုယ်က ဒီအတိုင်း သူ့ကိုကောင်းတာတွေ စားစေချင်ခဲ့ရုံပါ။
တစ်ခုခုပြောချင်ပေမဲ့ ဘာပြောရမှန်း မသိတဲ့ခဏ .. လမ်းပျောက်နေသည့် ကြောင်တစ်ကောင်လို တညောင်ညောင်သာ အော်ဟစ်ပစ်ချင်တော့သည့် ခွန်းနစ်ရယ်ပါ။ သူ့ဘက်က စကားဆက်လာချိန်မှာ ထပ်မံကာ တွေဝေသွားရပြန်သည်။
"ငါ ချိုင့်ထည့်ပေးဖို့ ပြောလိုက်မယ်"
ထို့နောက် သူ ဘာမှထပ်မပြောတော့။ ခွန်းနစ်အဖြေကိုလည်း စိတ်ဝင်စားပုံမပေါ်။ပြောချင်တာပြောပြီးသည့်နောက် ရဲရဲတွတ်နေသော ငရုပ်သီးဖတ်များဖြင့် ချက်ထားသည့် ငါးဖယ်အနှစ်တွေကို ထမင်းဖြူထဲထည့်ကာ အားပါးတရစားနေခဲ့သည်။
ဆုတောင်းလေ... ပါးစပ်ကမထွက်ပေမဲ့ စိတ်ထဲမှာတော့ ထိုကောင့်ကို ပယ်ပယ်နှယ်နှယ်ကို အော်ချပစ်လိုက်သည်။ သူက ဘာလို့အတူတူစားချင်တာလဲ။ ခွန်းနစ်ကို သနားလို့ဆိုရင်တော့ ဒီနေရာမှာပဲ ချိုင့်နှင့်ကောက်ရိုက်ပစ်လိုက်မည်။ မင်း ဘိုးအေ ငါက ဘယ်သူမှမရှိလဲ တစ်ယောက်ထဲတောက်ပနေမဲ့ကောင်ကွဟု ကြွေးကြော်ပြီးတော့ပေါ့။
နောက်ရက်များတွင် သူတကယ်ပဲ ခွန်းနစ်ဆီရောက်လာပါသည်။ အသစ်စက်စက် ဝယ်လာပုံရသည့် စတီးချိုင့်က အစွန်းထင်းအကွက်သေးသေးပင်မရှိ။ မေမေ့အခေါ် အမျိုးစားကောင်းလွန်းသည်ဆိုသော မြင်းခေါင်းတံဆိပ်ကို ချိုင့်အဖုံးမှာ သေချာတွေ့သည်။ ဒီလိုနှင့် နေ့လည်စာစားချိန်မှာ ခွန်းနစ်အဖော်နှစ်ယောက်ရလာ၏။ တစ်ယောက်က ဘာကောင်မှန်းကို ခန့်မှန်းမရသည့်တေမိဖြစ်ကာ နောက်တစ်ယောက်ကတော့ တော်ပါတော့ဟု ထိုင်ကန်တော့ချင်စိတ်ပင်ပေါက်ရလောက်အောင် ပေါက်ပေါက်ဖောက်သည့် ဝေဖြိုးနိုင်ပင်။
မိုးလယ်ရောက်လာသည်မို့ ရက်စိပ်ရွာတတ်သည့်မိုးကြောင့်လည်း ပါလိမ့်မည်။ ဘောလုံးကန်မထွက်တော့သည့် နေချိုမောင်က နေ့လည်စာစားပြီးတာနှင့် သူ့ခုံသူပြန်ကာ မှောက်အိပ်နေတတ်သည်။ တစ်ခါတစ်လေ နောက်ဆုံးခုံမှာ ယောက်ျားလေးတွေစုကာ အော်ဟစ်ဆော့စကားနေချိန်များတွင်မူ ခေါင်းကိုလက်ထောက်ရင်း ငြိမ်ကြည့်နေတတ်၏။
ဝေဖြိုးနိုင်ကတော့ သူ အဲ့ဒီလို အေးအေးဆေးဆေးနေတာ ကောင်းကြောင်းပြောဖူး၏။ သူ စိတ်ကြီးလျှင် ဒေါသအထွက်လွန်ကာ ကြောက်စရာကောင်းကြောင်းဆိုတော့ ခွန်းနစ်မယုံနိုင်။ ရေခဲတုံးက အငွေ့ထွက်နေမယ်လို့ ဖြစ်နိုင်ပါ့မလား။
"ယုန်လိုက်မယ် တောထဲမှာ" မယုံပါဘူးဆိုသည့် မျက်နှာပေးဖြင့်တောင် ပြန်ပြောခဲ့မိသေး၏။
"တကယ်ပြောတာ။ နေချိုက သူ့အိမ်မှာလဲ ကြောက်စရာဘာမှမရှိဘူးလေ။ ဘကြီးအောင်က နေချိုတစ်ခွန်းပဲ"
ဘယ်လို ကောင်မျိုးပါလိမ့်။ ကြိုးစတစ်ခုကိုဆွဲထုတ်လိုက်သလိုမျိုး သိချင်စိတ်တို့ တိုးရပြန်သည်။ သူ့ပုံစံအမှန်က ဘာများဖြစ်နေမလဲ။ ကိုယ်လို သူလို ကျောင်းသားချင်းအတူတူဖြစ်နေတာတောင် ကွဲပြားမှုတစ်ခုခု ရှိနေပါသလိုလို။ နေ့လည်စာ အတူစားတိုင်း ဟိုဟိုဒီဒီ ဖိတ်ကျအောင်စားတတ်တဲ့ သူ့ပုံစံက ဝေဖြိုးနိုင်ပြောသည့် အိမ်ကအလိုလိုက်ခံထားရသော ကလေးတစ်ယောက်ဆိုတာနှင့်တကယ်တူပါသည်။ သို့သော် ဝါကျင်ကျင် အဝတ်ထည်တွေနှင့် ညစ်တစ်တစ်ဖြစ်နေတတ်သော သူ့ပုံစံကတော့ သေချာဂရုစိုက်မခံရသည့် ကလေးငယ်နှင့် တူနေတတ်ပြန်၏။
"မသိဘူးကွာ"
"ဟေး ဘာဖြစ်တာလဲ ဟိုကျောင်းသား"
သေလိုက်ပါတော့လား။ ခွန်းနစ် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်သည်။စည်းကမ်းတင်းကြပ်လွန်းပါသည်ဆိုသည့် ရူပဗေဒဆရာရဲ့အတန်းမှာမှ ထအော်မိသည့်သူက လုံးဝကို သွက်သွက်ခါသွားတာဖြစ်မည်။ မဟုတ်ရင် ဘယ်လိုအရူးက စာသင်ချိန်ကြီးမှာ ထအော်နိုင်ဦးမှာတဲ့လဲ။
"ဟမ် မေးနေတာလေ။ ဘာဖြစ်လို့လဲ။ ဘာနားမလည်တာလဲ"
"ပု ပုရွက်ဆိတ်ကိုက်လို့"
တခစ်ခစ် ရယ်သံတွေထွက်လာပေမဲ့ တစ်ခဏသာ။ ဆရာ့ရဲ့ တည်လွန်းသောမျက်နှာအောက်မှာ ကျောင်းသားအားလုံးက မီးသေသွားပြန်သည်။ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်တဲ့အဖြေလဲ။ ခွန်းနစ် နောင်တရလို့မဆုံးပေ။ ကိုယ့်ကိုယ်ကိုယ် စိတ်တိုသလို ခေါင်းထဲရောက်လာသည့် နေချိုမောင်ကိုပါ စိတ်တိုလာသည်။
"ဟိုးနောက်ဆုံးခုံက ကျောင်းသားရော။ သွား နှစ်ယောက်လုံး အတန်းနောက်မှာ မတ်တပ်ရပ်နေကြ။ စာသင်နေတာကို ပေါ့ပျက်ပျက်မလုပ်ဖို့ ပြောမထားဘူးလား"
ခေါင်းကိုငုံ့လျက် ခွန်းနစ် ခုံမှထလိုက်ရသည်။ တစ်သက်နဲ့တစ်ကိုယ် စံပြကျောင်းသားဖြစ်လာသည့် ကိုယ်လည်း အထက်တန်းစတက်မှ မတ်တပ်ရပ်ကာ အပြစ်ဒဏ်ခံရတော့မည်။ ထိုထက် အံ့အားသင့်စရာကောင်းတာကတော့ အတူတူ အပြစ်ပေးခံရသူပင်။ နေချိုမောင်က လက်နှစ်ဖက်ကိုပိုက်လျက် အတန်းနောက်ဆုံးမှ ထမင်းချိုင့်များ စုတင်ထားရာ ခုံရှည်အနားတွင် မတ်တပ်ရပ်နေခဲ့သည်။ သူ့ပုံစံက လျော့တိလျော့ရဲနှင့်။ မှင်သေသေမျက်မှာထက်မှာလည်း တစ်စက်ကလေးမှတောင် ရှက်ရွှံ့မှုကို မတွေ့ရပါချေ။
"ကျန်တဲ့သူတွေ စာကိုအာရုံစိုက်ထား။ ငိုက်ချင်တာတွေ လေများချင်တာတွေ စိတ်ထဲဖြစ်လာရင် နောက်ဆုံးမှာ သွားရပ်နေချေ"
ပြန်လှည့်သွားသည့် ဆရာက ကျောက်သင်ပုန်းထက် မြေဖြူတစ်ချောင်းနှင့်ရေးကာ စာသင်ကြားမှုကို ရှေ့ဆက်၏။ လျှပ်စစ်ပတ်လမ်းနှင့် ဗို့အားတွေကိုတွက်ချက်ပြနေရင်း သင်ကြားရေးထဲကို မြောသွားပုံရသည်။ နည်းနည်း အနေချောင်တော့ ခွန်းနစ်က ကြမ်းပြင်ထက်က ကိုယ့်ခြေထောက်ကိုယ် ငုံ့ကြည့်လိုက်၏။ ကရင်းတိုက်ဝတ်နေကျ သူ့ကျောင်းစိမ်းက ကြမ်းခင်းထက်ထိဝဲကျကာ ခြေချောင်းထိပ်ကလေးများသာ ပေါ်တော့သည်။ဘေးကိုကြည့်ဝောာ့ ကြီးမားလှသည့် ခြေဖမိုးညိုညိုကြီးကို မြင်ရ၏။ ခြင်ကိုက်ဖုရာများ အမာရွတ်များဖြင့် သူ့ခြေထောက်က ရစရာမရှိချေ။
"အပြန်ကျ ထီးပါလား"
"အမ်"
ငါ့ကိုပြောတာများလား။ ဟိုဟိုဒီဒီကြည့်တော့ တစ်တန်းလုံး စာလိုက်ကြည့်နေကာ အိယောင်ဝါးလုပ်နေသူဆို၍ ခွန်းနစ်သာရှိသည်။ စကားပြောသူကို ကြည့်လိုက်တော့ အခန်းဝမှတဆင့် အပြင်ကို လှမ်းငေးနေ၏။
"မိုးရွာနေတာပဲ"
ဖွဲကျနေသောမိုးနှင့် အုံ့မှိုင်းနေသောကောင်းကင်။ တွတ်ပီကာတွန်းထဲကလို "ဒီနေ့ ကံမကောင်းပါ" ဟု ညည်းညူချင်စရာပင်။ မနေ့ညက လွယ်အိတ်ရှင်းဖြစ်တာမို့ မိုးကာကို ခွန်းနစ်အပြင်ထုတ်ထားမိခဲ့သည်။ ဖေဖေကလည်း အလုပ်ရှိ၍ လာမကြိုနိုင်တာကြောင့် တစ်ရက်လောက်တော့ ကျောင်းမသွားဖို့ တောင်းဆိုပေမဲ့ ခွန်းနစ်က ဖြေးဖြေးချင်းသွားနိုင်ပါသည်ဆိုကာ ဇွတ်လာခဲ့ခြင်းဖြစ်၏။ အိမ်ကိုဖုန်းဆက်ရင်လည်း မေမေသာရှိလိမ့်မည်။ ဒါ့အပြင် ဖုန်းဆက်ဖို့ ကျောင်းအပြင်က ဖုန်းဆိုင်အထိ ပြေးရဖို့က ကျန်သေးသည်။
"မပါဘူး။ မိုးကာရော"
"အော်"
စကားစက ထိုနေရာမှာပဲ ပြတ်တောက်သွားသည်။ ဆရာ့စာသင်သံက ပိုကျယ်လာသလို ကျောင်းသားထုရဲ့ ရွတ်ဆိုသံက အတန်းတစ်ခုလုံးကို နေရာယူသွား၏။ သိပ်မကြာပါ အခြားကျယ်လောင်သောအသံက အရာအားလုံးကို ဖုံးလွှမ်းသွားတော့သည်။
ကာလမိုးသည် အညှိုးကြီးစွာဖြင့် အင်တိုက်အားတိုင်ပြိုကျလာခဲ့ပုံရလေ၏...။
.....................................................
"ကိုယ့်ဟာကိုယ် နင်းသွားကြပါဆိုတာကို ဘာလို့မသွားကြတာလဲ"
တဝေါဝေါရွာနေသော မိုးစက်တွေရဲ့အားကြောင့် အသားတွေပင် စပ်ချင်လာသည်။တေးတေးလေးသာ ဖွင့်ထား၍ရသော မျက်စိနှစ်ဖက်မှာလည်း မြင်ရသည်ဆိုလို့ အဖြူရောင်မိုးရေစက်တွေသာ။ ဒီကြားထဲ အော်ဟစ်ပြောသံကလည်း မိုးသံကို တိုးမပေါက်နိုင်။ ပါးစပ်ထဲ မိုးရေတွေတိုးလာတာသာ အဖတ်တင်၏။
ဟုတ်ပါသည်။ ခွန်းနစ်တစ်ယောက် မိုးရေထဲမှာ အပီပြင်ကို ပြေးနေရတာဖြစ်ပါသည်။သူ့ဘေးမှာတော့ ခုန်ပေါက်နေသည့် အရူးတစ်ယောက်နှင့် ပါလာသည့်စက်ဘီးကိုစီးမသွားပဲ တွန်းလိုက်လာသည့် ငကြောင်တစ်ကောင်ပါလာသည်။ လွယ်အိတ်တွေကိုတော့ စောစောကပဲ အိမ်ကလာကြိုသည့် အတန်းဖော်တစ်ယောက်ထဲ စုပြုံထည့်ပေးလိုက်ကြပြီ။ လူတွေကတော့ ကျူရှင်အထိ လမ်းလျှောက်သွားကြဖို့ကလွဲ၍ အခြားရွေးချယ်စရာမရှိချေ။
"ဘီးယူမလာတာ မှန်သွားပြီဟေး။ မိုးရေ ချိုးရပြီကွ ဟားဟား"
ဟိုခုန်သည်ပေါက်နှင့် ဝေဖြိုးနိုင်ကိုကြည့်ရတာ မျောက်တစ်ကောင်လိုပင်။ ဗွက်အိုင်များကိုပင်မရှောင် အားစိုက်သွားတာကြောင့် ခွန်းနစ်တို့ကိုပါ ရေတွေစင်ကုန်၏။
"မင်းကရော ဘာအရူးထတာလဲ။ စက်ဘီးကြီးတွန်းပြီး"
"ငါ့စိတ်နဲ့ငါ"
မိုးထဲလေထဲ အပြန်လှန် အပြိုင်အော်လိုက်ကြမိသည်။
ခွေးသားလေး...ခွန်းနစ်ဆဲပေမဲ့ သူထပ်မကြားတော့ပါ ။ စိုစိနေသော သူ့အင်္ကျီက ညိုသောအသားရေပေါ်မှာ ကပ်လွန်းနေသည်။ သူ့လက်မောင်းတွေက ပိန်သေးသေးနှင့်။ ခွန်းနစ်လို လက်ရှည်တစ်ထပ်မပါတာကြောင့် အအေးဒဏ်ကို ကျုံ့ခံနေသည့် သူ့ပုံစံက ပဲရေပွလေးအတိုင်းပင်။
ထိုနေ့က ကျူရှင်ကိုရောက်ချင်လွန်း၍ မောရကောင်းမှန်းလည်း မသိနိုင်။ ခွန်းနစ် အရင်ရက်တွေထက်ပင် ပိုမြန်မြန်လျှောက်ခဲ့သည်။ မိုးရေကအေးလွန်းပေမဲ့ ထူးထူးဆန်းဆန်း ခိုက်ခိုက်တုန်အောင် ချမ်းမနေခဲ့ပါ။ လေတွေတိုက်နေသည့်ကြားမှာတောင် စိုးရိမ်စိတ်တွေနည်းပါးနေခဲ့သည်။
ကျူရှင်ရောက်တော့ မေမေ့ဆူပူသံက အရင်ကြို၏။ ကျန်းမာရေးမကောင်းတဲ့ သားသမီးကိုမွေးထားရသည့် ဒုက္ခက တစ်ခုခုဆို စိတ်ပူသောကရောက်နေရတာပဲ ဖြစ်လိမ့်မည်။ ဒူးဆစ်ထိ စွတ်စွတ်စိုနေသည့် မေမေ့အဝတ်တွေကို ကြာကြာကြည့်ချိန်မရလိုက်။ အမိုးအောက်ဆွဲခေါ်ကာ ခေါင်းကို အရင်သုတ်ပေးသည်။ ပြီးတာနှင့် အဝတ်တွေဆွဲချွတ်သည့်မေမေက သူ့သား လူပျိုပေါက်ဆိုတာကို မေ့သွားပုံပါပဲ။အတင်းဆွဲရုန်းကာ အိမ်သာဘက်ဝင်ပြေးခါမှ "ဟဲ့ ပုဆိုးရောလဲအုန်း" ဆိုကာ ပုဆိုးလိုက်ပေးသေးသည်။
ဆရာကြီးအပြောအရဆို မိုးအတော်ရွာတော့မှ မိုးကာပါမသွားမှန်း သတိထားမိသွားသည့်မေမေက ကျူရှင်ကိုအပြေးရောက်လာသည့်တဲ့လေ။ ခမောက်ကြီးဆောင်းလျက် ကျူရှင်အိမ်ရဲ့ တစ်နေရာမှာ ထိုင်စောင့်နေမည့် မေမေ့ပုံစံကို မစဉ်းစားချင်။ မေမေ့ရဲ့ ထိုကဲ့သို့သော ပုံစံတွေကိုမြင်တိုင်း ဝမ်းနည်းရသည်။ ဘယ်အချိန်မဆို မေမေ့ကို အပူတွေသာပေးတတ်သည့်ကိုယ်က ဘယ်တော့များမှ အကောင်းပကတိနေရနိုင်မည်နည်း။
"နောက်ဆို မိုးကာကို မမေ့မလျော့ယူသွား။ နောက်ပြီး မိုးအရမ်းရွာရင် ကျောင်းမှာပဲနေ။ အိမ်ကလာကြိုမှာ"
"ဖေဖေမှ မရှိတာ။ မေမေက ဘာနဲ့လာမှာလဲ"
"လမ်းလျှောက်ပြီးလာကြိုရကြိုရ လာမှာမို့ ပြောတာကိုသာ နားထောင်။ ဖိုးသားက သူများနဲ့တူတာမဟုတ်ဘူး။ အဆုတ်အအေးပတ်သွားရင် ဘယ်လောက်ဒုက္ခများမယ်မှတ်လဲ"
မိုးရွာသည်မို့ ညအတန်းဖြတ်ပေးသည့်နောက် အပြန်လမ်းမှာ သားအမိနှစ်ယောက်က ငြင်းခုံမပျက်ကြ။ ခွန်းနစ်အိတ်နှင့် ထမင်းချိုင့်ကို မေမေကသယ်ပေးထားသည်။ ကျူရှင်က သူငယ်ချင်းတွေကတော့ ကိုယ့်ကို မူကြိုကလေးလိုမြင်ကာ အထင်သေးကြတော့မည်။ နေချိုမောင်ကရော။ သူလည်း သေချာပေါက် အလကားကောင်ဟု ထင်သွားနိုင်သည်ပဲ။ ဒီလိုဆိုမှ ထိုအရူးနှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားသည်မသိ။ ဆရာ့ရဲ့" အဝတ်သွားလဲကြ" ဆိုသော အသံကိုကြားလိုက်ရသေးပေမဲ့ မေမေနှင့်ရှင်းနေရသည်မို့ နောက်ဆက်တွဲကို ခွန်းနစ်လိုက်မမှီတော့ပါ။
"ပြန်ရောက်ရင် တစ်ကိုယ်လုံး လင်ဇီးလူးပြီး စောင်ပတ်ထားရမယ်။ ဆရာကလည်း ကလေးကိုပြန်ခေါ်သွားမယ်ဆိုတာကို အဝတ်လဲထားရင် ရပါတယ်လုပ်နေတယ်။ သားအခု မောနေသေးလားဟင်။ မေမေ ကျောပိုးသွားရမလား"
"ဟာ... "
ခွန်းနစ် ခြေဆောင့်တော့ မေမေကပြုံးရှာသည်။ အရပ်ကဖြင့် မေမေ့ပုခုံးတောင်ကျော်နေပြီဖြစ်သည့် ခွန်းနစ်ကို ကျောပိုးမည်ဆိုတာ စနေခြင်းမဟုတ်မှန်း ကောင်းကောင်းကြီးသိထားပါသည်။ သားဖြစ်သူကို ပိုးမွေးသလိုမွေးထားချင်သည့် မေမေက မလိုအပ်ပဲ အကဲကိုပိုလွန်း၏။
"အေးပါ အေးပါ။ ကျေးဇူးရှင်ရယ် နေကောင်းအောင်သာနေပါ။ တော် ဖျားရင် ကျုပ်မှာညဘက်ကို ရဲရဲမအိပ်နိုင်ဘူး။ ငါ့သားလေး အသက်ရှူမှဝရဲ့လားလို့ ထထကြည့်နေရတာ။ ပါးစပ်ကလေး ဟစိဟစိရှူနေတာမြင်ရင် ဒီကအမေပါ အသက်ရှူမဝတော့ဘူး ကိုခွန်းနစ်ကုဋေရဲ့"
မေမေ့အပြုံးက ခပ်ယဲ့ယဲ့နှင့်။ ရှုပ်ယှက်ခပ်နေမည့် ခွန်းနစ်ဆံပင်တွေကိုဖွကာ သူမဘက်တိုးစေသည်။
"ငါ့သားလေးကို ကျန်းကျန်းမာမာကြီးလာစေချင်ပါ့"
နှာခေါင်းထိပ်တစ်ခုလုံး နာကျင်ကာထုံတက်လာ၏။ မေမေ့စကားကြောင့် ခွန်းနစ်ငိုချင်ပါသည်....။
................................................................
စာရေးသူ၏ အမှာစာ:
Hello ခွန်းနစ်တို့နဲ့အတူပါလာတဲ့
ယူတို့ကို ကျေးဇူးတင်ပါတယ်ဗျား။
Kattamလက်ရှိ စာလုပ်နေတဲ့ကိစ္စလေးပြီးရင် သင်တန်းရက်က သူ့ရက်နဲ့သူဖြစ်သွားပြီမို့ ညဘက်တွေ အချိန်ပိုထွက်လာတော့မှာ
အဲ့တော့ ဒီဟာလေးကိုလဲ ပိုအားစိုက်လာနိုင်ပါလိမ့်မယ်။
နည်းနည်းလောက်ပဲ ထပ်စောင့်ပေးကြပါ။
ဒီလကုန်ပြီးရင် Updateတစ်ခုနဲ့တစ်ခုကြား
အရမ်းကြာတော့မှာ မဟုတ်ပါဘူးနော်။
Zawgyi
ကြဲထြက္ေနေသာ တိမ္တိုက္ညိုကေလး ၅
ေက်ာင္းဖြင့္ကာလတစ္လေက်ာ္သည့္ေနာက္ ခြန္းနစ္တို႔က်ဴရွင္ရဲ႕ ေမာင္းႏႈန္းကလဲ အေတာ္ျမင့္လာသည္။ မနက္အေစာထရတာ မခက္ခဲေပမဲ့ ညဆယ္နာရီေက်ာ္မွ အိမ္ျပန္ရတာေၾကာင့္ အဆုတ္အေအးပတ္တတ္သည့္ ခြန္းနစ္အတြက္ ေရမိုးခ်ိဳးဖို႔အေရး စိန္ေခၚပြဲႀကီးလို ျဖစ္ေနတတ္၏။ သို႔ေသာ္ ေက်ာင္းအတန္းခ်ိန္ေတြဆို အာ႐ုံလြင့္ေနတတ္သည့္အတြက္ က်ဴရွင္အတန္းမ်ားကိုလည္း ျဖဳတ္ခ်မရျပန္ေပ။
ဒီၾကားထဲမွာ ကိုကိုႀကီးဆီတစ္ေခါက္ေရာက္ေသးသည္။ ၾကာၾကာေတာ့ မေတြ႕လိုက္ရပါ။စာေမးပြဲနီးေနတာေၾကာင့္ ခဏပဲေတြ႕လိုက္ရသည္။ ေတြ႕ရသည့္ အေတာတြင္းမွာလည္း ေမေမ့အမွာစကားေတြခ်ည္းသာ မဆုံးနိုင္လြန္းတာမို႔ ခြန္းနစ္က ေဘးမွာထိုင္ေနရသည္သာ မ်ားပါသည္။ ကိုကိုႀကီးက မႏၲေလးမွာ ေနေနရေပမဲ့ အသားေတြပိုျဖဴလာ၏။ စာေတြပိေနသည္ဆိုတာေတာင္ ျပည့္ျပည့္ၿဖိဳးၿဖိဳးျဖစ္ေနသည့္ ကိုကိုႀကီးႏွင့္ယွဥ္ေဝာာ့ ခြန္းနစ္က ရႉနာရွိုက္ကုန္း႐ုပ္ ပိုေပါက္သြားသည္။ ေဖေဖကေတာ့ ေက်ာကိုဖြဖြပုတ္ရင္း "ကိုကိုႀကီးလို ဆရာဝန္ျဖစ္ေအာင္လုပ္။ ၿပီးရင္ သားကိုယ္သား အရင္ဂ႐ုစိုက္ရမယ္"ဟု ရယ္လ်က္သား ေျပာ၏။ခြန္းနစ္ကေဝာာ့ မရယ္ခ်င္ပါ။ ကိုကိုႀကီးလိုျဖစ္ေစခ်င္သည္ဆိုတာအစား သားႀကီးလာရင္ ဆရာဝန္ျဖစ္ေအာင္လုပ္ဆိုတာမ်ိဳးဆိုရင္ ပိုေကာင္းမည္ထင္သည္။
ဒါကို ေမေမၾကားလွ်င္ "ညီအစ္ကိုခ်င္း ခ်စ္ခ်စ္ခင္ခင္ေနရမယ္ေလ။ ကိုကိုႀကီးက သားအစ္ကိုအရင္းမို႔လား" ဆိုကာ ခြန္းနစ္ကို တရားခ်ပါလိမ့္မည္။ သို႔ေသာ္ျငား ေလးငါးႏွစ္ခန႔္သာကြာေသာ ညီအစ္ကိုႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ေမေမတို႔လိုခ်င္သလို ေႏြးေထြးမေနတာေတာ့ အမွန္ပင္။ ငယ္ငယ္ကတည္းက ကိုယ္တိုင္ႀကိဳးစားလြန္းၿပီး ထက္ျမတ္တဲ့ကိုကိုႀကီးႏွင့္ ကိုကိုႀကီးကို မွီေအာင္လိုက္ဖို႔ အမွီလိုက္ေနရသည့္ ခြန္းနစ္။
"ကိုကိုႀကီးက အဆင့္တစ္ရတယ္ေလ။ ေမေမက ညီအစ္ကိုႏွစ္ေယာက္ ဉာဏ္ရည္အတူတူ ျပည့္စုံေအာင္ေမြးထားတာ။သားက ဘာလို႔မရတာလဲ" ဆိုသည့္ နားထဲသံမွိုစြဲေနသည့္ စကားေတြေၾကာင့္ပဲလား။ ခြန္းနစ္က ကိုကိုႀကီးကို ေျပးလမ္းႀကီးတစ္ခုလိုသာျမင္သည္။ ကိုယ္တိုင္ကေတာ့ ဘယ္ေတာ့မ်ား ပန္းတိုင္ေရာက္လိုေရာက္ျငား စမ္းတဝါးဝါးေျပးေနရသည့္ လူတစ္ေယာက္ႏွင့္တူ၏။ထို႔ေၾကာင့္ ကိုကိုႀကီးေဘးမွာဆို အလိုလိုေနရင္း စိတ္ေမာေနရတတ္ပါသည္။
အေတြးပင္လယ္ထဲ ေမ်ာေနသည့္ခြန္းနစ္တစ္ေယာက္ ဓာတုေဗဒခ်ိန္ ၿပီးသြားသည္ကိုပင္မသိလိုက္ေခ်။ "အားလုံး မတ္တပ္ရပ္! ဆရာမကိုႏႈတ္ဆက္"ဆိုသည့္ အတန္းေခါင္းေဆာင္၏ လႈံ႕ေဆာ္သံကိုၾကားမွ ကမန္းကတမ္းထကာ ႏႈတ္ဆက္လိုက္ရသည္။ပုံႏွိပ္စာလုံးမ်ားမွလြဲကာ သန႔္ရွင္းေနသည့္ ဖတ္စာစာအုပ္ကို ငုံ႕ၾကည့္မိေတာ့ ဟင္းခနဲ သက္ျပင္းခ်မိျပန္၏။ ကေန႕သင္သြားသည့္ စာေတြကိုေတာ့ က်ဴရွင္ေရာက္လွ်င္ အပီျပင္နားေထာင္မွျဖစ္ေတာ့မည္။
"ခြန္းနစ္ကုေဋ ငါတို႔ သီးသီးပင္ေအာက္မွာ ထမင္းသြားစားမလို႔။ လိုက္အုန္းမလား"
ေက်ာကိုတို႔ကာေမးသည့္ ေဝၿဖိဳးနိုင္။ ခြန္းနစ္လွည့္ၾကည့္ေတာ့ သေကာင့္သားက ျခင္းက်ားႀကီးကို စားပြဲေပၚတင္ကာ သြားသုံးဆယ့္ႏွစ္ေခ်ာင္းလုံစေပၚေအာင္ ရယ္ျပလ်က္ရွိသည္။ ပြေယာင္းေယာင္း ႏွာေခါင္းသည္ပင္လွ်င္ ခပ္ရဲရဲျဖစ္ေနေသး၏။
"ငါ့အိမ္က ဒီေန႕ ကန္ေတာ့ပြဲလုပ္လို႔ မုန႔္ေတြပါပါလာတယ္။ က်န္တဲ့လူေတြကိုေတာ့ ခြဲေကြၽးၿပီးၿပီ။ မင္းစားခ်င္ပါ့မလားမသိလို႔ ငါမေျပာရေသးတာ။ ခု လိုက္ခဲ့ပါလားဟင္"
ေမွးေသာမ်က္ဝန္းေတြက ခြန္းနစ္ထံမွအၾကည့္မခြာ။ ေမွ်ာ္လင့္တႀကီး ၾကည့္ေနတာကိုျမင္ေတာ့ ခြန္းနစ္စိတ္ရႈပ္ခ်င္လာသည္။ တီဘီေရာဂါ ျဖစ္ၿပီဆိုကတည္းက ဇြန္းေတြကအစ သီးသန႔္ထားရတာေၾကာင့္ တစ္ေယာက္ထဲစားျဖစ္တာသာ မ်ား၏။ အတူစားဖို႔ ႀကိဳးစားဖူးေသာ ေနခ်ိဳေမာင္ႏွင့္က်ျပန္ေတာ့ ဟိုကဝန္ေလးသည္ဆို၍ ေကြၽးခ်င္စိတ္ကိုပင္ ပယ္ခ်ခဲ့ရသည္ မဟုတ္ပါလား။
"လာပါ။ မင္းရယ္ ငါရယ္ ေနခ်ိဳေမာင္ရယ္ သုံးေယာက္ထဲရယ္"
ဒတ္ခနဲ ခံစားလိုက္ရသည့္ ကိုယ္တြင္းတစ္ေနရာမွ တုန႔္ျပန္မႈ။ ခဏေလးပဲဆိုေပမဲ့ ေၾကာက္စရာေကာင္းေလာက္ေအာင္ ထင္ရွားလြန္းသည္။ ခြန္းနစ္မ်က္ဝန္းေတြက တေျဖးေျဖးနီးကပ္လာသည့္ အရိပ္တစ္ခုဆီေရာက္သြားကာ စားပြဲထက္ေထာက္ခ်လာသည့္ ညိုေသာလက္ဖမိုးထက္သို႔ က်ေရာက္သြားခဲ့၏။
"ခုသြားမွာလား"
သူ႕အသံက ပုံမွန္သာ။ သို႔ေသာ္ ခြန္းနစ္နားထဲမွာေတာ့ ႀကီးမားလွသည့္ ေလျပင္းတိုက္သံလို တေဝါေဝါတိုးဝင္တိုက္ခိုက္လာသည္။ သူက ဝတ္ေနက်အတိုင္း ဝါက်င္က်င္ျဖစ္ခ်င္ေနေသာ ေက်ာင္းအကၤ်ီအျဖဴလက္တိုကို က်စ္ထုပ္ေနေအာင္စည္းေႏွာင္ထားသည့္ ပုဆိုးခါးၾကားထဲသို႔ ထိုးထည့္ထားပါသည္။
"ဒီမွာ ခြန္းနစ္ကုေဋကိုေရာ ေခၚေနတာ။ လူမ်ားရင္ပိုေကာင္းတာေပါ့။ ဟုတ္တယ္မို႔လား။ဟင္းကလည္း ရွယ္ေနာ္။ ငါးဆုပ္ခ်က္ရယ္ ၾကက္ကခ်င္ခ်က္ရယ္၊ ေနာက္ၿပီး ငါးရံ႕ပလူ႐ြက္သုတ္ေရာပဲ"
"အင္း"
တုန႔္ျပန္မႈက ဒါေလးပဲလား။ ကိုယ္ေကြၽးတုန္းက ဝန္ေလးပါတယ္ဆိုသူက ေဝၿဖိဳးနိုင္ေကြၽးေတာ့က် စားမယ္ေပါ့ေလ။ သူ႕မာနက ခြန္းနစ္အေပၚမွာပဲ ထားေလသလားဟု ေတြးမိတဲ့အခါ ေျခာက္ကပ္ကပ္ျဖစ္ေနေသာ ႏွာဖ်ားကိုရႈံ႕ရင္း ၾကမ္းျပင္ထက္ခ်ထားသည့္ ထမင္းခ်ိဳင့္ျခင္းေလးကို ေကာက္မ ယူပစ္လိုက္ေတာ့သည္။
"သြားစားၾကတာေပါ့"
ႀကီးမားလွသည့္ သီးပင္အရိပ္ကိုေရာက္ခ်ိန္မွာ ခြန္းနစ္ခ်က္ခ်င္းမစားနိုင္။ လွ်ာကိုထုတ္လ်က္ ေမာေနတာကို အရင္ေျဖရသည္။ အမ်ားႀကီးမေလွ်ာက္ခဲ့ရေပမဲ့ ဒီေန႕က်မွ ပိုေမာေန၏။ ေဝၿဖိဳးနိုင္က သီးပင္ကိုပတ္ဝိုင္းရိုက္ထားသည့္ သစ္သားကြပ္ပ်စ္ထက္သို႔ ညစ္တစ္တစ္လက္သုတ္ပုဝါကိုျဖန႔္ခင္းကာ ပါလာသည့္ခ်ိဳင့္ေတြကို ေနရာခ်သည္။ ထို႔ေနာက္ ခြန္းနစ္ခ်ိဳင့္ေတြကိုပါ ယူဖြင့္ေပးကာ အဆင္သင့္လုပ္လ်က္ရွိ၏။
တစ္စုံတစ္ေယာက္ကေတာ့ ေလတျဖဴးျဖဴးတိုက္ေနသည့္ အပင္ေအာက္က ေက်ာက္႐ုပ္ႀကီးလို မလႈပ္မယွက္ႏွင့္။ မေက်မနပ္လွမ္းၾကည့္မိေတာ့ သူက ခ်ိဳင့္ေတြခ်ထားရာကို စူးစိုက္လ်က္ ဘာေတြလဲ စူးစမ္းေနပုံပင္။
"ေရာ့ မင္းအတြက္ပါ ငါတစ္ခ်ိဳင့္ထည့္လာတယ္။အေမက မင္းကို ေသခ်ာေကြၽးဖို႔ေျပာလိုက္တာ။ ဘႀကီးေအာင္အတြက္လဲ ပို႔ထားမယ္တဲ့"
ေခါင္းကို အသာၿငိမ့္သူထံမွ အပိုတစ္ခြန္းပင္ ထပ္မၾကားရေပ။ ေဝၿဖိဳးနိုင္ႏွင့္ သူက အရင္ကတည္းက သိၾကပုံရသည္။ဒီေတာ့ သူတို႔ၾကားထဲ ခြန္းနစ္ကပဲ ကန႔္လန႔္ပါလာတာျဖစ္ေလမလား။ အင္းေပါ့ သူ မခင္တဲ့သူဆီက ဘယ္စားခ်င္ပါ့မလဲ။ ကိုယ့္အေတြးႏွင့္ကိုယ္ ေနရက်ပ္လာျပန္ေတာ့ ေမေမထည့္ေပးလိုက္သည့္ ၾကက္သားမြေၾကာ္ကိုသာ ဇြန္းထိပ္ႏွင့္ထိုးဆြေနလိုက္ေတာ့သည္။ ဘယ္သူ႕ကိုမွလည္း စားပါယူပါေျပာမေနခ်င္။ ခြန္းနစ္ေကြၽးလည္း သူက ဝန္ေလးေနလိမ့္အုန္းမည္။ ေဝၿဖိဳးနိုင္ကေတာ့ နဂိုကတည္းက ထင္ရာလုပ္တာမို႔ တကူးတကေျပာေနစရာ လိုမည္မဟုတ္ေပ။
ထင္သည့္အတိုင္း ေက်းဇူးရွင္က ထမင္းစားတုန္းလည္း ဂနာမၿငိမ္ပါ။ မုန႔္ထည့္ထားသည့္ ဘူးေလးကိုယူလ်က္ ကြပ္ပ်စ္တစ္ေနရာမွာထိုင္ေနသည့္ ကေလးမတစ္အုပ္ဆီေရာက္သြားျပန္သည္။ တကယ္ေတာ့ ခြန္းနစ္တို႔က ဓားစာခံျဖစ္သြား႐ုံသာ။ သေကာင့္သားက သူ႕အႀကံႏွင့္သူ သီးပင္ေအာက္ေခၚလာၿပီး ေနာက္ပိုးလုပ္ဖို႔ အေကာင္ထည္ေဖာ္သြားခဲ့ၿပီ။ ခုတေလာ ျမႇောက္ႂကြျမႇောက္ႂကြျဖစ္ေနတာ အတန္းထဲက သီရိစံေၾကာင့္ကိုး။
ၿငိမ္သက္သြားသည့္ ထမင္းဝိုင္းမွာေတာ့ ခြန္းနစ္ႏွင့္ သူ ႏွစ္ေယာက္ထဲသာ က်န္ခဲ့ရ၏။ေဘးနားမွ ရယ္သံေတြ ေျပာသံေတြ ဆူညံသည့္ၾကားမွာ ကိုယ္တို႔ႏွစ္ေယာက္ကမာၻက သီးသန႔္ကေလးျဖစ္ေနသည့္ အလားပင္။
"ေန႕တိုင္း ထမင္းခ်ိဳင့္ပါတယ္လား"
ဘုရားစူး မိုးႀကိဳးပစ္ ေတမိေကာင္က စကားစေျပာ၏။ မယုံနိုင္စြာေမာ့ၾကည့္မိျခင္းမွာ ခြန္းနစ္စားလက္စ ထမင္းကိုပင္ မဝါးနိုင္ေတာ့ေခ်။ မ်က္လုံးအျပဴးသား ပါးအေဖာင္းသားႏွင့္ သူ႕ကိုစိုက္ၾကည့္ေနခဲ့မိသည္။ ေခါင္းကိုလက္ႏွင့္ဆြဲပြတ္လို႔ မ်က္လႊာခ်သြားသည့္ သူ႕ပုံစံက ဘာမ်ားပါလိမ့္။
"ေနာက္ရက္က် အတူစားခ်င္လား"
"ဖြတ္...အဟြတ္ ဟြတ္"
အတူစားခ်င္လား... ဒီေကာင့္ေခါင္းက တကယ္ပဲ ပုံမွန္ဟုတ္ပါတယ္ေနာ္။ ခြန္းနစ္ကပဲ သူနဲ႕စားခ်င္လြန္းတယ္ ထင္ေနတာမ်ားလား။ ကိုယ္က ဒီအတိုင္း သူ႕ကိုေကာင္းတာေတြ စားေစခ်င္ခဲ့႐ုံပါ။
တစ္ခုခုေျပာခ်င္ေပမဲ့ ဘာေျပာရမွန္း မသိတဲ့ခဏ .. လမ္းေပ်ာက္ေနသည့္ ေၾကာင္တစ္ေကာင္လို တေညာင္ေညာင္သာ ေအာ္ဟစ္ပစ္ခ်င္ေတာ့သည့္ ခြန္းနစ္ရယ္ပါ။ သူ႕ဘက္က စကားဆက္လာခ်ိန္မွာ ထပ္မံကာ ေတြေဝသြားရျပန္သည္။
"ငါ ခ်ိဳင့္ထည့္ေပးဖို႔ ေျပာလိုက္မယ္"
ထို႔ေနာက္ သူ ဘာမွထပ္မေျပာေတာ့။ ခြန္းနစ္အေျဖကိုလည္း စိတ္ဝင္စားပုံမေပၚ။ေျပာခ်င္တာေျပာၿပီးသည့္ေနာက္ ရဲရဲတြတ္ေနေသာ င႐ုပ္သီးဖတ္မ်ားျဖင့္ ခ်က္ထားသည့္ ငါးဖယ္အႏွစ္ေတြကို ထမင္းျဖဴထဲထည့္ကာ အားပါးတရစားေနခဲ့သည္။
ဆုေတာင္းေလ... ပါးစပ္ကမထြက္ေပမဲ့ စိတ္ထဲမွာေတာ့ ထိုေကာင့္ကို ပယ္ပယ္ႏွယ္ႏွယ္ကို ေအာ္ခ်ပစ္လိုက္သည္။ သူက ဘာလို႔အတူတူစားခ်င္တာလဲ။ ခြန္းနစ္ကို သနားလို႔ဆိုရင္ေတာ့ ဒီေနရာမွာပဲ ခ်ိဳင့္ႏွင့္ေကာက္ရိုက္ပစ္လိုက္မည္။ မင္း ဘိုးေအ ငါက ဘယ္သူမွမရွိလဲ တစ္ေယာက္ထဲေတာက္ပေနမဲ့ေကာင္ကြဟု ေႂကြးေၾကာ္ၿပီးေတာ့ေပါ့။
ေနာက္ရက္မ်ားတြင္ သူတကယ္ပဲ ခြန္းနစ္ဆီေရာက္လာပါသည္။ အသစ္စက္စက္ ဝယ္လာပုံရသည့္ စတီးခ်ိဳင့္က အစြန္းထင္းအကြက္ေသးေသးပင္မရွိ။ ေမေမ့အေခၚ အမ်ိဳးစားေကာင္းလြန္းသည္ဆိုေသာ ျမင္းေခါင္းတံဆိပ္ကို ခ်ိဳင့္အဖုံးမွာ ေသခ်ာေတြ႕သည္။ ဒီလိုႏွင့္ ေန႕လည္စာစားခ်ိန္မွာ ခြန္းနစ္အေဖာ္ႏွစ္ေယာက္ရလာ၏။ တစ္ေယာက္က ဘာေကာင္မွန္းကို ခန႔္မွန္းမရသည့္ေတမိျဖစ္ကာ ေနာက္တစ္ေယာက္ကေတာ့ ေတာ္ပါေတာ့ဟု ထိုင္ကန္ေတာ့ခ်င္စိတ္ပင္ေပါက္ရေလာက္ေအာင္ ေပါက္ေပါက္ေဖာက္သည့္ ေဝၿဖိဳးနိုင္ပင္။
မိုးလယ္ေရာက္လာသည္မို႔ ရက္စိပ္႐ြာတတ္သည့္မိုးေၾကာင့္လည္း ပါလိမ့္မည္။ ေဘာလုံးကန္မထြက္ေတာ့သည့္ ေနခ်ိဳေမာင္က ေန႕လည္စာစားၿပီးတာႏွင့္ သူ႕ခုံသူျပန္ကာ ေမွာက္အိပ္ေနတတ္သည္။ တစ္ခါတစ္ေလ ေနာက္ဆုံးခုံမွာ ေယာက္်ားေလးေတြစုကာ ေအာ္ဟစ္ေဆာ့စကားေနခ်ိန္မ်ားတြင္မူ ေခါင္းကိုလက္ေထာက္ရင္း ၿငိမ္ၾကည့္ေနတတ္၏။
ေဝၿဖိဳးနိုင္ကေတာ့ သူ အဲ့ဒီလို ေအးေအးေဆးေဆးေနတာ ေကာင္းေၾကာင္းေျပာဖူး၏။ သူ စိတ္ႀကီးလွ်င္ ေဒါသအထြက္လြန္ကာ ေၾကာက္စရာေကာင္းေၾကာင္းဆိုေတာ့ ခြန္းနစ္မယုံနိုင္။ ေရခဲတုံးက အေငြ႕ထြက္ေနမယ္လို႔ ျဖစ္နိုင္ပါ့မလား။
"ယုန္လိုက္မယ္ ေတာထဲမွာ" မယုံပါဘူးဆိုသည့္ မ်က္ႏွာေပးျဖင့္ေတာင္ ျပန္ေျပာခဲ့မိေသး၏။
"တကယ္ေျပာတာ။ ေနခ်ိဳက သူ႕အိမ္မွာလဲ ေၾကာက္စရာဘာမွမရွိဘူးေလ။ ဘႀကီးေအာင္က ေနခ်ိဳတစ္ခြန္းပဲ"
ဘယ္လို ေကာင္မ်ိဳးပါလိမ့္။ ႀကိဳးစတစ္ခုကိုဆြဲထုတ္လိုက္သလိုမ်ိဳး သိခ်င္စိတ္တို႔ တိုးရျပန္သည္။ သူ႕ပုံစံအမွန္က ဘာမ်ားျဖစ္ေနမလဲ။ ကိုယ္လို သူလို ေက်ာင္းသားခ်င္းအတူတူျဖစ္ေနတာေတာင္ ကြဲျပားမႈတစ္ခုခု ရွိေနပါသလိုလို။ ေန႕လည္စာ အတူစားတိုင္း ဟိုဟိုဒီဒီ ဖိတ္က်ေအာင္စားတတ္တဲ့ သူ႕ပုံစံက ေဝၿဖိဳးနိုင္ေျပာသည့္ အိမ္ကအလိုလိုက္ခံထားရေသာ ကေလးတစ္ေယာက္ဆိုတာႏွင့္တကယ္တူပါသည္။ သို႔ေသာ္ ဝါက်င္က်င္ အဝတ္ထည္ေတြႏွင့္ ညစ္တစ္တစ္ျဖစ္ေနတတ္ေသာ သူ႕ပုံစံကေတာ့ ေသခ်ာဂ႐ုစိုက္မခံရသည့္ ကေလးငယ္ႏွင့္ တူေနတတ္ျပန္၏။
"မသိဘူးကြာ"
"ေဟး ဘာျဖစ္တာလဲ ဟိုေက်ာင္းသား"
ေသလိုက္ပါေတာ့လား။ ခြန္းနစ္ ကိုယ့္ကိုယ္ကိုယ္ က်ိန္ဆဲလိုက္သည္။စည္းကမ္းတင္းၾကပ္လြန္းပါသည္ဆိုသည့္ ႐ူပေဗဒဆရာရဲ႕အတန္းမွာမွ ထေအာ္မိသည့္သူက လုံးဝကို သြက္သြက္ခါသြားတာျဖစ္မည္။ မဟုတ္ရင္ ဘယ္လိုအ႐ူးက စာသင္ခ်ိန္ႀကီးမွာ ထေအာ္နိုင္ဦးမွာတဲ့လဲ။
"ဟမ္ ေမးေနတာေလ။ ဘာျဖစ္လို႔လဲ။ ဘာနားမလည္တာလဲ"
"ပု ပု႐ြက္ဆိတ္ကိုက္လို႔"
တခစ္ခစ္ ရယ္သံေတြထြက္လာေပမဲ့ တစ္ခဏသာ။ ဆရာ့ရဲ႕ တည္လြန္းေသာမ်က္ႏွာေအာက္မွာ ေက်ာင္းသားအားလုံးက မီးေသသြားျပန္သည္။ ဘယ္ေလာက္ေတာင္ အဓိပၸာယ္မရွိလိုက္တဲ့အေျဖလဲ။ ခြန္းနစ္ ေနာင္တရလို႔မဆုံးေပ။ ကိုယ့္ကိုယ္ကိုယ္ စိတ္တိုသလို ေခါင္းထဲေရာက္လာသည့္ ေနခ်ိဳေမာင္ကိုပါ စိတ္တိုလာသည္။
"ဟိုးေနာက္ဆုံးခုံက ေက်ာင္းသားေရာ။ သြား ႏွစ္ေယာက္လုံး အတန္းေနာက္မွာ မတ္တပ္ရပ္ေနၾက။ စာသင္ေနတာကို ေပါ့ပ်က္ပ်က္မလုပ္ဖို႔ ေျပာမထားဘူးလား"
ေခါင္းကိုငုံ႕လ်က္ ခြန္းနစ္ ခုံမွထလိုက္ရသည္။ တစ္သက္နဲ႕တစ္ကိုယ္ စံျပေက်ာင္းသားျဖစ္လာသည့္ ကိုယ္လည္း အထက္တန္းစတက္မွ မတ္တပ္ရပ္ကာ အျပစ္ဒဏ္ခံရေတာ့မည္။ ထိုထက္ အံ့အားသင့္စရာေကာင္းတာကေတာ့ အတူတူ အျပစ္ေပးခံရသူပင္။ ေနခ်ိဳေမာင္က လက္ႏွစ္ဖက္ကိုပိုက္လ်က္ အတန္းေနာက္ဆုံးမွ ထမင္းခ်ိဳင့္မ်ား စုတင္ထားရာ ခုံရွည္အနားတြင္ မတ္တပ္ရပ္ေနခဲ့သည္။ သူ႕ပုံစံက ေလ်ာ့တိေလ်ာ့ရဲႏွင့္။ မွင္ေသေသမ်က္မွာထက္မွာလည္း တစ္စက္ကေလးမွေတာင္ ရွက္႐ႊံ႕မႈကို မေတြ႕ရပါေခ်။
"က်န္တဲ့သူေတြ စာကိုအာ႐ုံစိုက္ထား။ ငိုက္ခ်င္တာေတြ ေလမ်ားခ်င္တာေတြ စိတ္ထဲျဖစ္လာရင္ ေနာက္ဆုံးမွာ သြားရပ္ေနေခ်"
ျပန္လွည့္သြားသည့္ ဆရာက ေက်ာက္သင္ပုန္းထက္ ေျမျဖဴတစ္ေခ်ာင္းႏွင့္ေရးကာ စာသင္ၾကားမႈကို ေရွ႕ဆက္၏။ လွ်ပ္စစ္ပတ္လမ္းႏွင့္ ဗို႔အားေတြကိုတြက္ခ်က္ျပေနရင္း သင္ၾကားေရးထဲကို ေျမာသြားပုံရသည္။ နည္းနည္း အေနေခ်ာင္ေတာ့ ခြန္းနစ္က ၾကမ္းျပင္ထက္က ကိုယ့္ေျခေထာက္ကိုယ္ ငုံ႕ၾကည့္လိုက္၏။ ကရင္းတိုက္ဝတ္ေနက် သူ႕ေက်ာင္းစိမ္းက ၾကမ္းခင္းထက္ထိဝဲက်ကာ ေျခေခ်ာင္းထိပ္ကေလးမ်ားသာ ေပၚေတာ့သည္။ေဘးကိုၾကည့္ေဝာာ့ ႀကီးမားလွသည့္ ေျခဖမိုးညိုညိုႀကီးကို ျမင္ရ၏။ ျခင္ကိုက္ဖုရာမ်ား အမာ႐ြတ္မ်ားျဖင့္ သူ႕ေျခေထာက္က ရစရာမရွိေခ်။
"အျပန္က် ထီးပါလား"
"အမ္"
ငါ့ကိုေျပာတာမ်ားလား။ ဟိုဟိုဒီဒီၾကည့္ေတာ့ တစ္တန္းလုံး စာလိုက္ၾကည့္ေနကာ အိေယာင္ဝါးလုပ္ေနသူဆို၍ ခြန္းနစ္သာရွိသည္။ စကားေျပာသူကို ၾကည့္လိုက္ေတာ့ အခန္းဝမွတဆင့္ အျပင္ကို လွမ္းေငးေန၏။
"မိုး႐ြာေနတာပဲ"
ဖြဲက်ေနေသာမိုးႏွင့္ အုံ႕မွိုင္းေနေသာေကာင္းကင္။ တြတ္ပီကာတြန္းထဲကလို "ဒီေန႕ ကံမေကာင္းပါ" ဟု ညည္းၫူခ်င္စရာပင္။ မေန႕ညက လြယ္အိတ္ရွင္းျဖစ္တာမို႔ မိုးကာကို ခြန္းနစ္အျပင္ထုတ္ထားမိခဲ့သည္။ ေဖေဖကလည္း အလုပ္ရွိ၍ လာမႀကိဳနိုင္တာေၾကာင့္ တစ္ရက္ေလာက္ေတာ့ ေက်ာင္းမသြားဖို႔ ေတာင္းဆိုေပမဲ့ ခြန္းနစ္က ေျဖးေျဖးခ်င္းသြားနိုင္ပါသည္ဆိုကာ ဇြတ္လာခဲ့ျခင္းျဖစ္၏။ အိမ္ကိုဖုန္းဆက္ရင္လည္း ေမေမသာရွိလိမ့္မည္။ ဒါ့အျပင္ ဖုန္းဆက္ဖို႔ ေက်ာင္းအျပင္က ဖုန္းဆိုင္အထိ ေျပးရဖို႔က က်န္ေသးသည္။
"မပါဘူး။ မိုးကာေရာ"
"ေအာ္"
စကားစက ထိုေနရာမွာပဲ ျပတ္ေတာက္သြားသည္။ ဆရာ့စာသင္သံက ပိုက်ယ္လာသလို ေက်ာင္းသားထုရဲ႕ ႐ြတ္ဆိုသံက အတန္းတစ္ခုလုံးကို ေနရာယူသြား၏။ သိပ္မၾကာပါ အျခားက်ယ္ေလာင္ေသာအသံက အရာအားလုံးကို ဖုံးလႊမ္းသြားေတာ့သည္။
ကာလမိုးသည္ အညွိုးႀကီးစြာျဖင့္ အင္တိုက္အားတိုင္ၿပိဳက်လာခဲ့ပုံရေလ၏...။
.....................................................
"ကိုယ့္ဟာကိုယ္ နင္းသြားၾကပါဆိုတာကို ဘာလို႔မသြားၾကတာလဲ"
တေဝါေဝါ႐ြာေနေသာ မိုးစက္ေတြရဲ႕အားေၾကာင့္ အသားေတြပင္ စပ္ခ်င္လာသည္။ေတးေတးေလးသာ ဖြင့္ထား၍ရေသာ မ်က္စိႏွစ္ဖက္မွာလည္း ျမင္ရသည္ဆိုလို႔ အျဖဴေရာင္မိုးေရစက္ေတြသာ။ ဒီၾကားထဲ ေအာ္ဟစ္ေျပာသံကလည္း မိုးသံကို တိုးမေပါက္နိုင္။ ပါးစပ္ထဲ မိုးေရေတြတိုးလာတာသာ အဖတ္တင္၏။
ဟုတ္ပါသည္။ ခြန္းနစ္တစ္ေယာက္ မိုးေရထဲမွာ အပီျပင္ကို ေျပးေနရတာျဖစ္ပါသည္။သူ႕ေဘးမွာေတာ့ ခုန္ေပါက္ေနသည့္ အ႐ူးတစ္ေယာက္ႏွင့္ ပါလာသည့္စက္ဘီးကိုစီးမသြားပဲ တြန္းလိုက္လာသည့္ ငေၾကာင္တစ္ေကာင္ပါလာသည္။ လြယ္အိတ္ေတြကိုေတာ့ ေစာေစာကပဲ အိမ္ကလာႀကိဳသည့္ အတန္းေဖာ္တစ္ေယာက္ထဲ စုၿပဳံထည့္ေပးလိုက္ၾကၿပီ။ လူေတြကေတာ့ က်ဴရွင္အထိ လမ္းေလွ်ာက္သြားၾကဖို႔ကလြဲ၍ အျခားေ႐ြးခ်ယ္စရာမရွိေခ်။
"ဘီးယူမလာတာ မွန္သြားၿပီေဟး။ မိုးေရ ခ်ိဳးရၿပီကြ ဟားဟား"
ဟိုခုန္သည္ေပါက္ႏွင့္ ေဝၿဖိဳးနိုင္ကိုၾကည့္ရတာ ေမ်ာက္တစ္ေကာင္လိုပင္။ ဗြက္အိုင္မ်ားကိုပင္မေရွာင္ အားစိုက္သြားတာေၾကာင့္ ခြန္းနစ္တို႔ကိုပါ ေရေတြစင္ကုန္၏။
"မင္းကေရာ ဘာအ႐ူးထတာလဲ။ စက္ဘီးႀကီးတြန္းၿပီး"
"ငါ့စိတ္နဲ႕ငါ"
မိုးထဲေလထဲ အျပန္လွန္ အၿပိဳင္ေအာ္လိုက္ၾကမိသည္။
ေခြးသားေလး...ခြန္းနစ္ဆဲေပမဲ့ သူထပ္မၾကားေတာ့ပါ ။ စိုစိေနေသာ သူ႕အကၤ်ီက ညိုေသာအသားေရေပၚမွာ ကပ္လြန္းေနသည္။ သူ႕လက္ေမာင္းေတြက ပိန္ေသးေသးႏွင့္။ ခြန္းနစ္လို လက္ရွည္တစ္ထပ္မပါတာေၾကာင့္ အေအးဒဏ္ကို က်ဳံ႕ခံေနသည့္ သူ႕ပုံစံက ပဲေရပြေလးအတိုင္းပင္။
ထိုေန႕က က်ဴရွင္ကိုေရာက္ခ်င္လြန္း၍ ေမာရေကာင္းမွန္းလည္း မသိနိုင္။ ခြန္းနစ္ အရင္ရက္ေတြထက္ပင္ ပိုျမန္ျမန္ေလွ်ာက္ခဲ့သည္။ မိုးေရကေအးလြန္းေပမဲ့ ထူးထူးဆန္းဆန္း ခိုက္ခိုက္တုန္ေအာင္ ခ်မ္းမေနခဲ့ပါ။ ေလေတြတိုက္ေနသည့္ၾကားမွာေတာင္ စိုးရိမ္စိတ္ေတြနည္းပါးေနခဲ့သည္။
က်ဴရွင္ေရာက္ေတာ့ ေမေမ့ဆူပူသံက အရင္ႀကိဳ၏။ က်န္းမာေရးမေကာင္းတဲ့ သားသမီးကိုေမြးထားရသည့္ ဒုကၡက တစ္ခုခုဆို စိတ္ပူေသာကေရာက္ေနရတာပဲ ျဖစ္လိမ့္မည္။ ဒူးဆစ္ထိ စြတ္စြတ္စိုေနသည့္ ေမေမ့အဝတ္ေတြကို ၾကာၾကာၾကည့္ခ်ိန္မရလိုက္။ အမိုးေအာက္ဆြဲေခၚကာ ေခါင္းကို အရင္သုတ္ေပးသည္။ ၿပီးတာႏွင့္ အဝတ္ေတြဆြဲခြၽတ္သည့္ေမေမက သူ႕သား လူပ်ိဳေပါက္ဆိုတာကို ေမ့သြားပုံပါပဲ။အတင္းဆြဲ႐ုန္းကာ အိမ္သာဘက္ဝင္ေျပးခါမွ "ဟဲ့ ပုဆိုးေရာလဲအုန္း" ဆိုကာ ပုဆိုးလိုက္ေပးေသးသည္။
ဆရာႀကီးအေျပာအရဆို မိုးအေတာ္႐ြာေတာ့မွ မိုးကာပါမသြားမွန္း သတိထားမိသြားသည့္ေမေမက က်ဴရွင္ကိုအေျပးေရာက္လာသည့္တဲ့ေလ။ ခေမာက္ႀကီးေဆာင္းလ်က္ က်ဴရွင္အိမ္ရဲ႕ တစ္ေနရာမွာ ထိုင္ေစာင့္ေနမည့္ ေမေမ့ပုံစံကို မစဥ္းစားခ်င္။ ေမေမ့ရဲ႕ ထိုကဲ့သို႔ေသာ ပုံစံေတြကိုျမင္တိုင္း ဝမ္းနည္းရသည္။ ဘယ္အခ်ိန္မဆို ေမေမ့ကို အပူေတြသာေပးတတ္သည့္ကိုယ္က ဘယ္ေတာ့မ်ားမွ အေကာင္းပကတိေနရနိုင္မည္နည္း။
"ေနာက္ဆို မိုးကာကို မေမ့မေလ်ာ့ယူသြား။ ေနာက္ၿပီး မိုးအရမ္း႐ြာရင္ ေက်ာင္းမွာပဲေန။ အိမ္ကလာႀကိဳမွာ"
"ေဖေဖမွ မရွိတာ။ ေမေမက ဘာနဲ႕လာမွာလဲ"
"လမ္းေလွ်ာက္ၿပီးလာႀကိဳရႀကိဳရ လာမွာမို႔ ေျပာတာကိုသာ နားေထာင္။ ဖိုးသားက သူမ်ားနဲ႕တူတာမဟုတ္ဘူး။ အဆုတ္အေအးပတ္သြားရင္ ဘယ္ေလာက္ဒုကၡမ်ားမယ္မွတ္လဲ"
မိုး႐ြာသည္မို႔ ညအတန္းျဖတ္ေပးသည့္ေနာက္ အျပန္လမ္းမွာ သားအမိႏွစ္ေယာက္က ျငင္းခုံမပ်က္ၾက။ ခြန္းနစ္အိတ္ႏွင့္ ထမင္းခ်ိဳင့္ကို ေမေမကသယ္ေပးထားသည္။ က်ဴရွင္က သူငယ္ခ်င္းေတြကေတာ့ ကိုယ့္ကို မူႀကိဳကေလးလိုျမင္ကာ အထင္ေသးၾကေတာ့မည္။ ေနခ်ိဳေမာင္ကေရာ။ သူလည္း ေသခ်ာေပါက္ အလကားေကာင္ဟု ထင္သြားနိုင္သည္ပဲ။ ဒီလိုဆိုမွ ထိုအ႐ူးႏွစ္ေယာက္ ဘယ္လိုဆက္ျဖစ္သြားသည္မသိ။ ဆရာ့ရဲ႕" အဝတ္သြားလဲၾက" ဆိုေသာ အသံကိုၾကားလိုက္ရေသးေပမဲ့ ေမေမႏွင့္ရွင္းေနရသည္မို႔ ေနာက္ဆက္တြဲကို ခြန္းနစ္လိုက္မမွီေတာ့ပါ။
"ျပန္ေရာက္ရင္ တစ္ကိုယ္လုံး လင္ဇီးလူးၿပီး ေစာင္ပတ္ထားရမယ္။ ဆရာကလည္း ကေလးကိုျပန္ေခၚသြားမယ္ဆိုတာကို အဝတ္လဲထားရင္ ရပါတယ္လုပ္ေနတယ္။ သားအခု ေမာေနေသးလားဟင္။ ေမေမ ေက်ာပိုးသြားရမလား"
"ဟာ... "
ခြန္းနစ္ ေျခေဆာင့္ေတာ့ ေမေမကၿပဳံးရွာသည္။ အရပ္ကျဖင့္ ေမေမ့ပုခုံးေတာင္ေက်ာ္ေနၿပီျဖစ္သည့္ ခြန္းနစ္ကို ေက်ာပိုးမည္ဆိုတာ စေနျခင္းမဟုတ္မွန္း ေကာင္းေကာင္းႀကီးသိထားပါသည္။ သားျဖစ္သူကို ပိုးေမြးသလိုေမြးထားခ်င္သည့္ ေမေမက မလိုအပ္ပဲ အကဲကိုပိုလြန္း၏။
"ေအးပါ ေအးပါ။ ေက်းဇူးရွင္ရယ္ ေနေကာင္းေအာင္သာေနပါ။ ေတာ္ ဖ်ားရင္ က်ဳပ္မွာညဘက္ကို ရဲရဲမအိပ္နိုင္ဘူး။ ငါ့သားေလး အသက္ရႉမွဝရဲ႕လားလို႔ ထထၾကည့္ေနရတာ။ ပါးစပ္ကေလး ဟစိဟစိရႉေနတာျမင္ရင္ ဒီကအေမပါ အသက္ရႉမဝေတာ့ဘူး ကိုခြန္းနစ္ကုေဋရဲ႕"
ေမေမ့အၿပဳံးက ခပ္ယဲ့ယဲ့ႏွင့္။ ရႈပ္ယွက္ခပ္ေနမည့္ ခြန္းနစ္ဆံပင္ေတြကိုဖြကာ သူမဘက္တိုးေစသည္။
"ငါ့သားေလးကို က်န္းက်န္းမာမာႀကီးလာေစခ်င္ပါ့"
ႏွာေခါင္းထိပ္တစ္ခုလုံး နာက်င္ကာထုံတက္လာ၏။ ေမေမ့စကားေၾကာင့္ ခြန္းနစ္ငိုခ်င္ပါသည္....။
................................................................
စာေရးသူ၏ အမွာစာ:
Hello ခြန္းနစ္တို႔နဲ႕အတူပါလာတဲ့
ယူတို႔ကို ေက်းဇူးတင္ပါတယ္ဗ်ား။
Kattamလက္ရွိ စာလုပ္ေနတဲ့ကိစၥေလးၿပီးရင္ သင္တန္းရက္က သူ႕ရက္နဲ႕သူျဖစ္သြားၿပီမို႔ ညဘက္ေတြ အခ်ိန္ပိုထြက္လာေတာ့မွာ
အဲ့ေတာ့ ဒီဟာေလးကိုလဲ ပိုအားစိုက္လာနိုင္ပါလိမ့္မယ္။
နည္းနည္းေလာက္ပဲ ထပ္ေစာင့္ေပးၾကပါ။
ဒီလကုန္ၿပီးရင္ Updateတစ္ခုနဲ႕တစ္ခုၾကား
အရမ္းၾကာေတာ့မွာ မဟုတ္ပါဘူးေနာ္။