အပိုင်း ၄၆
သူက ထပ်မေးသည်။
"ကျွန်တော်တို့တွေ အနည်းဆုံး ဟင်းနှစ်ပွဲနဲ့ ဟင်းချိုတစ်ပွဲ လုပ်ရလိမ့်မယ်။ ခင်များတို့ ခေါင်းထဲ တွေးမိတဲ့ သင့်တော်တဲ့ ဟင်းများရှိမလား"
၀မ်ကျယ့်ယန်က ဦးစွာ ဖြေလာသည်။
"ကျွန်တော့်အထင် ခရမ်းချဉ်သီး ကြက်ဥမွှေကြော်က လုပ်ရလွယ်ပြီး ထမင်းနဲဲ့လည်း အဆင်ပြေတယ်လို့ ထင်ပါတယ်"
"ကောင်းတယ်။ နောက်တစ်မျိုးရော ဘာတွေးမိသေးလဲ"
"ငရုတ်ပွစိမ်းနဲ့ ၀က်သားတုံးကြော်၊ ဒါက လုပ်ရမြန်ပြီး အရွက်လည်းပါလို့ လူတိုင်းကြိုက်လောက်ပါတယ်"
ကျောက်ကွမ်းမင်က ပြောသည်။
"တကယ်လို့ ဟင်းချိုဆိုရင် မနေ့ကမှ သင်လိုက်တဲ့ မုန်လာဥနဲ့ ၀က်ရိုးဟင်းချိုက မကောင်းဘူးလား"
၀မ်ကျွင်းက ပြောသည်။
ထိုဟင်းချိုက ၀က်ရိုးဖြင့် ချက်ရခြင်းဖြစ်ပြီး မုန်လာဥနီများကို ထည့်ထားသောကြောင့် အသားဓာတ်ကို အပြည့်အ၀ စုပ်ယူသွားလေရာ အသားသီးသန့် ချက်သည်ထက် ပို၍ကောင်းနေလေသည်။ လီတာ တစ်ရာ အိုးကြီးဖြင့် ချက်လျင် အယောက်တစ်ရာကျော်အတွက် လုံလောက်သည်။
"ကောင်းပြီ စကြစို့"
ကန်တင်းအတွက် အကယ်ဒမီသိပ္ပံမှ ပါ၀င်ပစ္စည်းပေါင်းများစွာကို မှာယူထားခဲ့ပြီး ထိုပစ္စည်းများကို လတ်ဆတ််မှုထိန်းသိမ်းပေးနိုင်သည့် သိုလှောင်ခန်းအတွင်း ထည့်ထားသည်။ သူတို့လိုအပ်သည့် ပစ္စည်းများကို ဉာဏ်ရည်မြင့်စက်ရုပ်များကယူပေးနိုင်သည်။ ထိုကြောင့် ဉာဏ်ရည်မြင့်စက်ရုပ်များ၏ ကဏ္႑ကလည်း မသေးချေ။ သူတို့က ပါ၀င်ပစ္စည်းမျာကို လှီးဖြတ်ပေးခြင်းနှင့် ဆေးကြောပေးခြင်းတို့တွင်လည်း တာ ၀န်ယူနိုင်လေရာ ၀မ်ကျွင်းတို့အတွက် အလွန် အဆင်ပြေနေခဲ့သည်။
"ရွှယ်ရွေ့နဲ့ လျိုဟိုင်ထောင်တို့က ခရမ်းချဉ်သီး ကြက်ဥကြော်ကို တာ၀န်ယူကြ။ ၀မ်ကျွင်းနဲ့ ကျောက်ကွမ်းမင်ကတော့ ၀က်သားတုံးကြော်ကို ချက်လိုက်ပါ။ ၀မ်ကျယ့်ယန်နဲ့ ကွေ့လျန်တို့ကတော့ ဟင်းချိုအတွက်ပြင်ဆင်လိုက်ပါ"
ယွမ့်ထန်းက ခက်ခဲမှုအလိုက် သူတို့၏ကျွမ်းကျင်မှုအတိုင်း တာ၀န်ခွဲပေးလိုက်သည်။
"ဟုတ်ကဲ့"
ထို့နောက် အားလုံးက တက်ကြွစွာ ချက်ပြုတ်ကြတော့သည်။
ဉာဏ်ရည်မြင့်စက်ရုပ်များက ကူညီပေးနေသဖြင့် သူတို့အနေနှင့် အစစ်အမှန် ချက်ပြုတ်ခြင်းတွင်သာ အာရုံစိုက်ရန် လိုတော့သည်။ ဒါက သူတို့၏ စိတ်အတွင်းမှ ၀န်ထုပ်၀န်ပိုးကို ဖြေလျော့ပြီးသားဖြစ်သွားသည်။ ပထမဦးစွာ သူတို့အနေနှင့် ဒုက္ခအနည်းငယ် ရှိနိုင်သည်ဟု တွေးထားခဲ့သော်လည်း သိပ်မကြာခင်မှာတင် ကိုယ်ပိုင်ကျွမ်းကျင်မှုတွင် မွေ့လျော်သွားကြပြီး မွှေးပျံ့သည့် ရနံ့များကလည်း ပျံ့လွင့်လာတော့သည်။
ပမာဏအများကြီး ချက်ပြုတ်ရသည့်အခါ လေးလံစေသော်လည်း သေချာလေ့ကျင့်ထားသည့် စစ်သားများဖြစ်သည့်အလျောက် အခက်အခဲဖြစ်ဟန် မပြကြချေ။ သူတို့၏ ဒယ်ပြားကို ထိန်းချုပ်နိုင်စွမ်းက အချိန်တိုအတွင်း တိုးတက်သွားပြီး ဟင်းလျာများက အငွေ့ တစ်ထောင်းထောင်း ထလျက် တစ်ပွဲပြီး တစ်ပွဲ ပြီးဆီးသွားသည်။
ယွမ့်ထန်းက ဉာဏ်ရည်မြင့် စက်ရုပ်များကို ဦးဆောင်လျက် ဟင်းလျာများကို ကန်တင်းဗန်းသို့ မည်သို့ထည့်သင့်ကြောင်း ပြသည်။ထို့နောက် ပြတင်းအပြင်သို့ ပို့စေ၏။ကန်တင်းကို ကိုယ်တိုင်ယူ စနစ်ဖြင့် လုပ်ထားသည်။ ထမင်းစားမည့် စစ်သားက ဗန်းအလွတ် တစ်ခု သယ်လာရန်လိုပြီး ပြတင်းပေါက် တစ်ခုဆီ၏ရှေ့သို့ လာကာ ဟင်း နှင့် ထမင်းများ ထည့်နိုင်သည်။ဉာဏ်ရည်မြင့် စက်ရုပ်များက မျှတြပီး အားလုံးကို ကိုယ်အလေးချိန်အလိုက် အချိုးကျစွာ ထည့်ပေးသည်။
လူတိုင်းက ခပ်မြန်မြန် ေ၀စုရပြီး လူလွတ်သော နေရာတွင်ထိုင်ကာ စားနိုင်သည်။
မနက်၁၁နာရီတွင် မနက်ခင်း လေ့ကျင့်ခန်းများ ပြီးသွားပြီး ကံကောင်းစွာဖြင့် ရွေးခချယ်ခံခဲ့ရသော စစ်သားတစ်ထောင်က မနက်စာ လာစားနိုင်ပြီဖြစ်သည်။
ပထမဦးဆုံး ပြေးလာသူက အရပ်ရှည်ရှည်၊ ပိန်ပါးသော စစ်သားငယ်လေးဖြစ်သည်။ သူက ခြေတံရှည်များရှိသဖြင့် လျင်မြန်စွာ ေပြးလာနိုင်သည်။ သူက ထမင်းစားခန်းမသို့ မရောက်ခင်ကတည်းက မွှေးရနံ့က ကြိုဆိုပြီးသားဖြစ်နေသည်။ထိုရနံ့က အားဖြည့်ဆေးရည်များနှင့် သိသိသာသာ ကွာခြားသည်။ သဘာ၀ စားစရာများက ဗိုက်ပြည့်စေသလို အရသာလည်း ကောင်းသည်။ သူ၏နှာခေါင်းကို ဆောင့်တိုးလာသော အနံ့နှင့်တင် သူ၏ ပါးစပ်မှ သားရည်ကျချင်လာသည်။ အလိုအလျောက်ပွင့်သော တံခါးကို ဖြတ်သွားပြီးနောက် သူက အတွင်းမှ အခြေအနေကို ခပ်မြန်မြန်အကဲခတ်လိုက်သည်။ထို့နောက် ကိုယ်တိုင်ယူစနစ်ကို သတိထားမိပြီး ပြတင်းတစ်ခုနားသို့ အပြေးသွားလိုက်သည်။
ဉာဏ်ရည်မြင့်စက်ရုပ်က စက်ရုပ်သံဖြင့် သတိပေးသည်။
"အရင်ဆုံး ဗန်းအလွတ်ကိုယူပါ။ ပြီးရင် ပြတင်းနားကို သွားပြီး အစီအစဉ်တကျ ယူနိုင်ပါတယ်။ ဒီနေ့အတွက်ကတော့ ဟင်းနှစ်ပွဲနဲ့ ဟင်းချိုတစ်ခွက်ရှိပါတယ်"
"ကောင်းပြီ"
သူက ပြတင်း၏ တဘက်နားတွင် အထပ်လိုက် ရှိနေသော ဗန်းများထဲမှ တစ်ခုကို ယူကာ ပြတင်းထံ တိုးကပ်သွားသည်။ ဉာဏ်ရည်မြင့် စက်ရုပ်က သူ့အား ခရမ်းချဉ်သီး ကြက်ဥမွှေကြော် တစ်ဇွန်းခပ်ပြီး သူ၏ ဗန်းမှ ဘယ်ဘက်ခြမ်းသို့ ထည့်ပေးသည်။ သူက အြခား ပြတင်းသို့ ထပ်မံသွားလိုက်ချိန်တွင် နောက်ထပ်ရှိနေသော ဉာဏ်ရည်မြင့် စက်ရုပ်က သူ၏ ဗန်းမှ ညာဘက်ခြမ်းသို့ ၀က်သားတုံးကြော်များ ထည့်ပေးသည်။ နောက်ထပ်ပြတင်းတစ်ခုသို့ ရောက်ချိန်တွင် ထမင်း နှစ်ပန်းကန်လုံးစာ ရသည်။ယခုအခါ သူ၏ဗန်းက ပြည့်နေလေပြီ။ နောက်ဆုံးတွင် သူက နောက်ဆုံးပြတင်းမှ ဟင်းချိုတစ်ခွက်ကို ယူလိုက်သည်။
ဗန်းနှင့် ဟင်းချိုပန်းကန်ကို ကိုင်ရင်းမှ ခြေတံရှည်သော စစ်သားက လွတ်နေသော စားပွဲတွင် ၀င်ထိုင်ချသည်။ စားပွဲပေါ်တွင် သပ်ရပ်ကာ သန့်ရှင်းနေသော တူနှင့် ဇွန်းများ ှရိနေသည်။ထမင်းလာစားသူများက ကျေနပ်သလို ယူသုံးနိုင်သည်။
သူက တူတစ်ချောင်းနှင့် ဇွန်းတစ်ချောင်းကို ယူပြီးသည်နှင့် ကြက်ဥကြော်ကို မြည်း၇န် မစောင့်နိုင်တော့ချေ။ ကြက်ဥကြော်၏ အရောင်က တောက်ပပြီးး ချိုချဉ်ရနံ့လေးကလည်း ကပ်ပါနေသေးသည်။ အနံ့နှင့်တင် သူက သားရည်ကျနေလေပြီ။ မြည်းကြည့်လိုက်သောအခါ သူ ထင်ထားသည်ထက်အရသာရှိနေသည်။ သူက ကြက်ဥကြော်ကို ထမင်းပေါ်တင်ပြီး ပေါင်းစားလိုက်သည်။ တစ်ဇွန်းပြီး ထပ်စားနေမိသည်။ထိုသို့ဖြင့် သူ၏ ထမင်း တ၀က်စာက ကုန်သွားလေပြီ။
သူက နောက်ထပ် ဟင်းတစ်ခွက်ကို မြည်းသည်။ ၀က်သားတုံးကြော်ကလည်း ကြက်ဥကြော်နည်းတူ အရောင်တောက်သည်။သို့သော ်အသားပါသဖြင့် အနံ့က ပြင်းသည်။ ထို့အပြင် အစပ်နံ့ကလည်း ထောင်းထနေသေးသည်။ ထိုစစ်သားက လျှာသပ်ပြီးနောက် တစ်လုပ်စားလိုက်သည်။ပထမဦးစွာ သူက ခံစားလိုက်ရသည်မှာ အစပ်ဓာတ်ဖြစ်သည်။ လျှာပင် လောင်သွားပြီဟု ထင်လိုက်ပြီး မထွေးထုတ်မိခင်မှာတင် အသား၏ ပြင်းထန်သော အရသာက ကပ်လိုက်လာသည်။ ထိုစစ်သားလည်း မထွေးထုတ်နိုင်တော့ဘဲ ပါးစပ်ဖွင့်ကာ လေကို တဟူးဟူး မှုတ်ထုတ်လိုက်သည်။
"ကောင်းလိုက်တာကွာ"
သူကဝါးနေရင်းနှင့်တင် အရည်များ ထွက်လာသည်။ အစိမ်းရောင်ငရုတ်ပွများတွင် အချိုဓာတ်နှင့် အစပ်က ရောယှက််နေသည်။ အသားကလည်း ခပ်လေးလေး အရသာရှိပြီး နူးညံ့နေသည်။ ထိုနှစ်ခု ယှဉ်တွဲထားခြင်းက လိုက်ဖက်ညီနေသည်။ ခြေတံံရှည် စစ်သားခမျာ စပ်လွန်းသဖြင့် ထွေးထုတ်မိမတတ်ဖြစ်ခဲ့ခြင်းကို မေ့သွားပြီး ထပ်ခါတလဲလဲ စားချင်နေတော့သည်။
သူက ဆာလောင်နေသော ဝံပုလွေတစ်ကောင်လို တစ်လုပ်ပြီးတစ်လုပ် စားသည်။ ထိုသို့ဖြင့် ပန်းကန်က ပြောင်သွာသည်။ိသု့သော် သူက ထပ်စားချင်နေသေးလေသည်။
ထိုဟင်းများကို စားပြီးနောက် ရေဆာလာသည်။ထိုကြောင့် ဟင်းချိုပန်းနက်လုံးကို မကာ မော့သောက်လိုက်သည်။သူ၏ မျက်၀န်းက ပြူးသွားသည်။ အရောင်အန့ံအရသာ မဲ့သည်ဟု ထင်ရသော ဟင်းချိုက အရသာရှိနေသည်။ မုန်လာဥများကပင် နူးညံ့ကာ အသားဓာတ်ပါနေသည်။အသားသီးသန့်စားခြင်းထက်ပို၍အရသာရှိနေသည်။ သူက အသိပြန်၀င်ချိန်တွင် တစ်ပန်းကန်လုံး ကုန်သွားလေပြီ။
သူက စားနေချိန်တွင်ကနတင်းထဲသို့ ၀င်လာသူ များသထက် များလာသည်။ အားလုံးက တန်းစီကာ ယူပြီးသည်နှင့် သိပ်မကြာခင်အချိန်တွင်ပန်းကန်အလွတ်ရှေ့တွင် ထိုင်နေကြသည်။
အပေါင်းအသင်းများ၏ စားသောက်နေသံများက စားပြီးသူများကိုပင် သားရည်ကျလာစေသည်။ တန်းစီနေသည့် လူတန်းရှည်က ရှိနေသေးသည်။ ခြေတံံရှည်သော စစ်သားကလည်း အြခားသူများကို ကြည့်ပြီး သူ၏ ပန်းကန်အလွတ်ကိုပြန်ကြည့်သည်။ သူက ထပ်မံ ဆာလောင်လာသဖြင့် ငိုချင်မိသွားသည်။
သူ၏ ေ၀စုကို စားပြီးသော်လည်း မထချင်သေးသဖြင့် ဆက်ထိုင်နေလိုက်သည်။ အချိန်တစ်ခု ကြာပြီးနောက်တွင် သူက သည်းမခံနိုင်တော့ဘဲ ပြတင်းနားသို့ ဗန်းကို ကိုင်ပြီး ေြ ပးသွားလိုက်သည်။
"ငါ ငါ နောက်တစ်ဗန်းလောက် ရနိုင်ဦးမလား "
အပိုင္း ၄၆
သူက ထပ္ေမးသည္။
"ကြၽန္ေတာ္တို႔ေတြ အနည္းဆုံး ဟင္းႏွစ္ပြဲနဲ႕ ဟင္းခ်ိဳတစ္ပြဲ လုပ္ရလိမ့္မယ္။ ခင္မ်ားတို႔ ေခါင္းထဲ ေတြးမိတဲ့ သင့္ေတာ္တဲ့ ဟင္းမ်ားရွိမလား"
၀မ်ကျယ့်ယန်က ဦးစြာ ေျဖလာသည္။
"ကြၽန္ေတာ့္အထင္ ခရမ္းခ်ဥ္သီး ၾကက္ဥေမႊေၾကာ္က လုပ္ရလြယ္ၿပီး ထမင္းနဲဲ့လည္း အဆင္ေျပတယ္လို႔ ထင္ပါတယ္"
"ေကာင္းတယ္။ ေနာက္တစ္မ်ိဳးေရာ ဘာေတြးမိေသးလဲ"
"င႐ုတ္ပြစိမ္းနဲ႕ ၀က်သားတုံးကြော်၊ ဒါက လုပ္ရျမန္ၿပီး အ႐ြက္လည္းပါလို႔ လူတိုင္းႀကိဳက္ေလာက္ပါတယ္"
ေက်ာက္ကြမ္းမင္က ေျပာသည္။
"တကယ္လို႔ ဟင္းခ်ိဳဆိုရင္ မေန႕ကမွ သင္လိုက္တဲ့ မုန္လာဥနဲ႕ ၀က်ရိုးဟင်းချိုက မေကာင္းဘူးလား"
၀မ်ကျွင်းက ေျပာသည္။
ထိုဟင္းခ်ိဳက ၀က်ရိုးဖြင့် ခ်က္ရျခင္းျဖစ္ၿပီး မုန္လာဥနီမ်ားကို ထည့္ထားေသာေၾကာင့္ အသားဓာတ္ကို အျပည့္အ၀ စုပ္ယူသြားေလရာ အသားသီးသန႔္ ခ်က္သည္ထက္ ပို၍ေကာင္းေနေလသည္။ လီတာ တစ္ရာ အိုးႀကီးျဖင့္ ခ်က္လ်င္ အေယာက္တစ္ရာေက်ာ္အတြက္ လုံေလာက္သည္။
"ေကာင္းၿပီ စၾကစို႔"
ကန္တင္းအတြက္ အကယ္ဒမီသိပၸံမွ ပါ၀င္ပစၥည္းေပါင္းမ်ားစြာကို မွာယူထားခဲ့ၿပီး ထိုပစၥည္းမ်ားကို လတ္ဆတ္္မႈထိန္းသိမ္းေပးနိုင္သည့္ သိုေလွာင္ခန္းအတြင္း ထည့္ထားသည္။ သူတို႔လိုအပ္သည့္ ပစၥည္းမ်ားကို ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ားကယူေပးနိုင္သည္။ ထိုေၾကာင့္ ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ား၏ ကဏ္႑ကလည်း မေသးေခ်။ သူတို႔က ပါ၀င္ပစၥည္းမ်ာကို လွီးျဖတ္ေပးျခင္းႏွင့္ ေဆးေၾကာေပးျခင္းတို႔တြင္လည္း တာ ၀န်ယူနိုင်လေရာ ၀မ်ကျွင်းတို့အတွက် အလြန္ အဆင္ေျပေနခဲ့သည္။
"႐ႊယ္ေ႐ြ႕နဲ႕ လ်ိဳဟိုင္ေထာင္တို႔က ခရမ္းခ်ဥ္သီး ၾကက္ဥေၾကာ္ကို တာ၀န္ယူၾက။ ၀မ်ကျွင်းနဲ့ ေက်ာက္ကြမ္းမင္ကေတာ့ ၀က်သားတုံးကြော်ကို ခ်က္လိုက္ပါ။ ၀မ်ကျယ့်ယန်နဲ့ ေကြ႕လ်န္တို႔ကေတာ့ ဟင္းခ်ိဳအတြက္ျပင္ဆင္လိုက္ပါ"
ယြမ့္ထန္းက ခက္ခဲမႈအလိုက္ သူတို႔၏ကြၽမ္းက်င္မႈအတိုင္း တာ၀န္ခြဲေပးလိုက္သည္။
"ဟုတ္ကဲ့"
ထို႔ေနာက္ အားလုံးက တက္ႂကြစြာ ခ်က္ျပဳတ္ၾကေတာ့သည္။
ဉာဏ္ရည္ျမင့္စက္႐ုပ္မ်ားက ကူညီေပးေနသျဖင့္ သူတို႔အေနႏွင့္ အစစ္အမွန္ ခ်က္ျပဳတ္ျခင္းတြင္သာ အာ႐ုံစိုက္ရန္ လိုေတာ့သည္။ ဒါက သူတို႔၏ စိတ္အတြင္းမွ ၀န်ထုပ်၀န်ပိုးကို ေျဖေလ်ာ့ၿပီးသားျဖစ္သြားသည္။ ပထမဦးစြာ သူတို႔အေနႏွင့္ ဒုကၡအနည္းငယ္ ရွိနိုင္သည္ဟု ေတြးထားခဲ့ေသာ္လည္း သိပ္မၾကာခင္မွာတင္ ကိုယ္ပိုင္ကြၽမ္းက်င္မႈတြင္ ေမြ႕ေလ်ာ္သြားၾကၿပီး ေမႊးပ်ံ့သည့္ ရနံ႕မ်ားကလည္း ပ်ံ့လြင့္လာေတာ့သည္။
ပမာဏအမ်ားႀကီး ခ်က္ျပဳတ္ရသည့္အခါ ေလးလံေစေသာ္လည္း ေသခ်ာေလ့က်င့္ထားသည့္ စစ္သားမ်ားျဖစ္သည့္အေလ်ာက္ အခက္အခဲျဖစ္ဟန္ မျပၾကေခ်။ သူတို႔၏ ဒယ္ျပားကို ထိန္းခ်ဳပ္နိုင္စြမ္းက အခ်ိန္တိုအတြင္း တိုးတက္သြားၿပီး ဟင္းလ်ာမ်ားက အေငြ႕ တစ္ေထာင္းေထာင္း ထလ်က္ တစ္ပြဲၿပီး တစ္ပြဲ ၿပီးဆီးသြားသည္။
ယြမ့္ထန္းက ဉာဏ္ရည္ျမင့္ စက္႐ုပ္မ်ားကို ဦးေဆာင္လ်က္ ဟင္းလ်ာမ်ားကို ကန္တင္းဗန္းသို႔ မည္သို႔ထည့္သင့္ေၾကာင္း ျပသည္။ထို႔ေနာက္ ျပတင္းအျပင္သို႔ ပို႔ေစ၏။ကန္တင္းကို ကိုယ္တိုင္ယူ စနစ္ျဖင့္ လုပ္ထားသည္။ ထမင္းစားမည့္ စစ္သားက ဗန္းအလြတ္ တစ္ခု သယ္လာရန္လိုၿပီး ျပတင္းေပါက္ တစ္ခုဆီ၏ေရွ႕သို႔ လာကာ ဟင္း ႏွင့္ ထမင္းမ်ား ထည့္နိုင္သည္။ဉာဏ္ရည္ျမင့္ စက္႐ုပ္မ်ားက မွ်တၿပီး အားလုံးကို ကိုယ္အေလးခ်ိန္အလိုက္ အခ်ိဳးက်စြာ ထည့္ေပးသည္။
လူတိုင္းက ခပ္ျမန္ျမန္ ေ၀စုရပြီး လူလြတ္ေသာ ေနရာတြင္ထိုင္ကာ စားနိုင္သည္။
မနက္၁၁နာရီတြင္ မနက္ခင္း ေလ့က်င့္ခန္းမ်ား ၿပီးသြားၿပီး ကံေကာင္းစြာျဖင့္ ေ႐ြးခခ်ယ္ခံခဲ့ရေသာ စစ္သားတစ္ေထာင္က မနက္စာ လာစားနိုင္ၿပီျဖစ္သည္။
ပထမဦးဆုံး ေျပးလာသူက အရပ္ရွည္ရွည္၊ ပိန္ပါးေသာ စစ္သားငယ္ေလးျဖစ္သည္။ သူက ေျခတံရွည္မ်ားရွိသျဖင့္ လ်င္ျမန္စြာ ေပြးလာနိုင်သည်။ သူက ထမင္းစားခန္းမသို႔ မေရာက္ခင္ကတည္းက ေမႊးရနံ႕က ႀကိဳဆိုၿပီးသားျဖစ္ေနသည္။ထိုရနံ႕က အားျဖည့္ေဆးရည္မ်ားႏွင့္ သိသိသာသာ ကြာျခားသည္။ သဘာ၀ စားစရာမ်ားက ဗိုက္ျပည့္ေစသလို အရသာလည္း ေကာင္းသည္။ သူ၏ႏွာေခါင္းကို ေဆာင့္တိုးလာေသာ အနံ႕ႏွင့္တင္ သူ၏ ပါးစပ္မွ သားရည္က်ခ်င္လာသည္။ အလိုအေလ်ာက္ပြင့္ေသာ တံခါးကို ျဖတ္သြားၿပီးေနာက္ သူက အတြင္းမွ အေျခအေနကို ခပ္ျမန္ျမန္အကဲခတ္လိုက္သည္။ထို႔ေနာက္ ကိုယ္တိုင္ယူစနစ္ကို သတိထားမိၿပီး ျပတင္းတစ္ခုနားသို႔ အေျပးသြားလိုက္သည္။
ဉာဏ္ရည္ျမင့္စက္႐ုပ္က စက္႐ုပ္သံျဖင့္ သတိေပးသည္။
"အရင္ဆုံး ဗန္းအလြတ္ကိုယူပါ။ ၿပီးရင္ ျပတင္းနားကို သြားၿပီး အစီအစဥ္တက် ယူနိုင္ပါတယ္။ ဒီေန႕အတြက္ကေတာ့ ဟင္းႏွစ္ပြဲနဲ႕ ဟင္းခ်ိဳတစ္ခြက္ရွိပါတယ္"
"ေကာင္းၿပီ"
သူက ျပတင္း၏ တဘက္နားတြင္ အထပ္လိုက္ ရွိေနေသာ ဗန္းမ်ားထဲမွ တစ္ခုကို ယူကာ ျပတင္းထံ တိုးကပ္သြားသည္။ ဉာဏ္ရည္ျမင့္ စက္႐ုပ္က သူ႕အား ခရမ္းခ်ဥ္သီး ၾကက္ဥေမႊေၾကာ္ တစ္ဇြန္းခပ္ၿပီး သူ၏ ဗန္းမွ ဘယ္ဘက္ျခမ္းသို႔ ထည့္ေပးသည္။ သူက အျခား ျပတင္းသို႔ ထပ္မံသြားလိုက္ခ်ိန္တြင္ ေနာက္ထပ္ရွိေနေသာ ဉာဏ္ရည္ျမင့္ စက္႐ုပ္က သူ၏ ဗန္းမွ ညာဘက္ျခမ္းသို႔ ၀က်သားတုံးကြော်များ ထည့္ေပးသည္။ ေနာက္ထပ္ျပတင္းတစ္ခုသို႔ ေရာက္ခ်ိန္တြင္ ထမင္း ႏွစ္ပန္းကန္လုံးစာ ရသည္။ယခုအခါ သူ၏ဗန္းက ျပည့္ေနေလၿပီ။ ေနာက္ဆုံးတြင္ သူက ေနာက္ဆုံးျပတင္းမွ ဟင္းခ်ိဳတစ္ခြက္ကို ယူလိုက္သည္။
ဗန္းႏွင့္ ဟင္းခ်ိဳပန္းကန္ကို ကိုင္ရင္းမွ ေျခတံရွည္ေသာ စစ္သားက လြတ္ေနေသာ စားပြဲတြင္ ၀င်ထိုင်ချသည်။ စားပြဲေပၚတြင္ သပ္ရပ္ကာ သန႔္ရွင္းေနေသာ တူႏွင့္ ဇြန္းမ်ား ွရိေနသည္။ထမင္းလာစားသူမ်ားက ေက်နပ္သလို ယူသုံးနိုင္သည္။
သူက တူတစ္ေခ်ာင္းႏွင့္ ဇြန္းတစ္ေခ်ာင္းကို ယူၿပီးသည္ႏွင့္ ၾကက္ဥေၾကာ္ကို ျမည္း၇န္ မေစာင့္နိုင္ေတာ့ေခ်။ ၾကက္ဥေၾကာ္၏ အေရာင္က ေတာက္ပၿပီးး ခ်ိဳခ်ဥ္ရနံ႕ေလးကလည္း ကပ္ပါေနေသးသည္။ အနံ႕ႏွင့္တင္ သူက သားရည္က်ေနေလၿပီ။ ျမည္းၾကည့္လိုက္ေသာအခါ သူ ထင္ထားသည္ထက္အရသာရွိေနသည္။ သူက ၾကက္ဥေၾကာ္ကို ထမင္းေပၚတင္ၿပီး ေပါင္းစားလိုက္သည္။ တစ္ဇြန္းၿပီး ထပ္စားေနမိသည္။ထိုသို႔ျဖင့္ သူ၏ ထမင္း တ၀က္စာက ကုန္သြားေလၿပီ။
သူက ေနာက္ထပ္ ဟင္းတစ္ခြက္ကို ျမည္းသည္။ ၀က်သားတုံးကြော်ကလည်း ၾကက္ဥေၾကာ္နည္းတူ အေရာင္ေတာက္သည္။သို႔ေသာ ္အသားပါသျဖင့္ အနံ႕က ျပင္းသည္။ ထို႔အျပင္ အစပ္နံ႕ကလည္း ေထာင္းထေနေသးသည္။ ထိုစစ္သားက လွ်ာသပ္ၿပီးေနာက္ တစ္လုပ္စားလိုက္သည္။ပထမဦးစြာ သူက ခံစားလိုက္ရသည္မွာ အစပ္ဓာတ္ျဖစ္သည္။ လွ်ာပင္ ေလာင္သြားၿပီဟု ထင္လိုက္ၿပီး မေထြးထုတ္မိခင္မွာတင္ အသား၏ ျပင္းထန္ေသာ အရသာက ကပ္လိုက္လာသည္။ ထိုစစ္သားလည္း မေထြးထုတ္နိုင္ေတာ့ဘဲ ပါးစပ္ဖြင့္ကာ ေလကို တဟူးဟူး မႈတ္ထုတ္လိုက္သည္။
"ေကာင္းလိုက္တာကြာ"
သူကဝါးေနရင္းႏွင့္တင္ အရည္မ်ား ထြက္လာသည္။ အစိမ္းေရာင္င႐ုတ္ပြမ်ားတြင္ အခ်ိဳဓာတ္ႏွင့္ အစပ္က ေရာယွက္္ေနသည္။ အသားကလည္း ခပ္ေလးေလး အရသာရွိၿပီး ႏူးညံ့ေနသည္။ ထိုႏွစ္ခု ယွဥ္တြဲထားျခင္းက လိုက္ဖက္ညီေနသည္။ ေျခတံံရွည္ စစ္သားခမ်ာ စပ္လြန္းသျဖင့္ ေထြးထုတ္မိမတတ္ျဖစ္ခဲ့ျခင္းကို ေမ့သြားၿပီး ထပ္ခါတလဲလဲ စားခ်င္ေနေတာ့သည္။
သူက ဆာေလာင္ေနေသာ ဝံပုေလြတစ္ေကာင္လို တစ္လုပ္ၿပီးတစ္လုပ္ စားသည္။ ထိုသို႔ျဖင့္ ပန္းကန္က ေျပာင္သြာသည္။ိသု႔ေသာ္ သူက ထပ္စားခ်င္ေနေသးေလသည္။
ထိုဟင္းမ်ားကို စားၿပီးေနာက္ ေရဆာလာသည္။ထိုေၾကာင့္ ဟင္းခ်ိဳပန္းနက္လုံးကို မကာ ေမာ့ေသာက္လိုက္သည္။သူ၏ မ်က္၀န္းက ျပဴးသြားသည္။ အေရာင္အန႕ံအရသာ မဲ့သည္ဟု ထင္ရေသာ ဟင္းခ်ိဳက အရသာရွိေနသည္။ မုန္လာဥမ်ားကပင္ ႏူးညံ့ကာ အသားဓာတ္ပါေနသည္။အသားသီးသန႔္စားျခင္းထက္ပို၍အရသာရွိေနသည္။ သူက အသိျပန္၀င္ခ်ိန္တြင္ တစ္ပန္းကန္လုံး ကုန္သြားေလၿပီ။
သူက စားေနခ်ိန္တြင္ကနတင္းထဲသို႔ ၀င်လာသူ မ်ားသထက္ မ်ားလာသည္။ အားလုံးက တန္းစီကာ ယူၿပီးသည္ႏွင့္ သိပ္မၾကာခင္အခ်ိန္တြင္ပန္းကန္အလြတ္ေရွ႕တြင္ ထိုင္ေနၾကသည္။
အေပါင္းအသင္းမ်ား၏ စားေသာက္ေနသံမ်ားက စားၿပီးသူမ်ားကိုပင္ သားရည္က်လာေစသည္။ တန္းစီေနသည့္ လူတန္းရွည္က ရွိေနေသးသည္။ ေျခတံံရွည္ေသာ စစ္သားကလည္း အျခားသူမ်ားကို ၾကည့္ၿပီး သူ၏ ပန္းကန္အလြတ္ကိုျပန္ၾကည့္သည္။ သူက ထပ္မံ ဆာေလာင္လာသျဖင့္ ငိုခ်င္မိသြားသည္။
သူ၏ ေ၀စုကို စားၿပီးေသာ္လည္း မထခ်င္ေသးသျဖင့္ ဆက္ထိုင္ေနလိုက္သည္။ အခ်ိန္တစ္ခု ၾကာၿပီးေနာက္တြင္ သူက သည္းမခံနိုင္ေတာ့ဘဲ ျပတင္းနားသို႔ ဗန္းကို ကိုင္ၿပီး ေြ ပးသြားလိုက္သည္။
"ငါ ငါ ေနာက္တစ္ဗန္းေလာက္ ရနိုင္ဦးမလား "