แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...
By PannKhattWaiio
360K 57.6K 2.4K
fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More
แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰
แ„แ…
2.3K 375 2
By PannKhattWaiio
အပိုင်း ၄၅
သူက တို့ပူးကို သေးငယ်သော အတုံးလေးများတုံးသည်။ ထို့နောက် ပုစွန်များမှ ခေါင်း၊ အခွံနှင့် အညစ်အကြေးများကို ဖယ်သည်။လူတိုင်းက ပုစွန်ကိုင်သည့် နည်းလမ်းနှင့် ရင်းနှီးနေကြပြီဖြစ်သဖြင့် မ ည်သူမျှ ဘာမှမပြောကြချေ။ အချို့သော လူများက ယခုအချိန်အထိ ထိုသို့ဖယ်ရှားခြင်းက ရွံစရာကောင်းသည်ဟု ထင်သဖြင့် စားသောက်ချိန်တွင်သာ အာရုံစိုက်လိုကြသည်။
သူက မီးဖိုပေါ်ရှိ အိုးထဲသို့ ရေတ၀က်ခန့်ထည့်ပြီး တည်သည်။ထို့နောက် အပြားလိုက် လှီးထားသော ဂျင်းနှင့် အခွံချွတ်ထားသော ပုစွန်များကို ထည့်ပြုတ်သည်။ ပုစွန်က အနီရောင်သန်းလာသည်နှင့် ဆယ်လိုက်သည်။ထို့နောက် သူက ဒယ်ပြားတစ်ခုကို ယူကာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူနှင့် ဂျင်းရည်တို့ကို ထည့်ကာ မွှေးပျံ့လာသည်အထိ မွှေနေလိုက်သည်။ရေထည့်ပြီးနောက် တို့ပူးနှင့် ပုစွန်ကို ထည့်သည်။သူက ဆားနည်းနည်းနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ကာ အရသာဖြည့်သည်။ ဆူပွက်အောင်တည်ပြီးသည်နှင့် အဆင်သင့်ဖြစ်လေပြီ။
ဟင်းချိုကို မီးဖိုပေါ်မှ ချလိုက်ချိန်တွင် လူတိုင်းက အထဲမှ အဖြူရောင်ကျောက်စိမ်းတုံးလို တို့ပူးနှင့် အနီီရဲရဲ ပုစွန်များက အချင်းချင်း လှပစွာ ယှဉ်တွဲရှိနေကြောင်း မြင်ကြရသည်။ ဟင်းရည်က ဖောက်ထွင်းမြင်ရမတတ် ကြည်လင်ပြီး နောက်ဆုံးနားတွင် ထည့်ထားသည့် ကြက်သွန်မြိတ်များကြောင့် လွယ်လပ်ပေါ့ပါးသလိုပင် ခံစားလိုက်ရသည်။
[ ကုယန်ချင်း: အရမ်း အရမ်းကို အရသာရှိတယ်]
[ID29238510: ဒါက ငါ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပထမဆုံးအကြိမ် ကြည့်တာပဲ။ တင်ဆက်သူရဲ့ ဟင်းချက်လက်ရာက အံ့သြဖို့ကောင်းတယ်လို့ ငါ ကြားဖူးတယ်။ အခုတော့ သူက ရိုးရှင်းတဲ့ ပါ၀င်ပစ္စည်းတွေကို အံ့သြစရာကောင်းအောင် အရသာရှိတဲ့ ဟင်းတွေအဖြစ်ပြောင်းလဲနိုင်တာကို ကောလဟာလလို့ မထင်တော့ဘူး။သူက တကယ်ကို လုပ်နိုင်စွမ်းအားရှိတယ်။ တင်ဆက်သူကို သလင်းပန်းတွေပ ို့လိုက်ပါပြီ]
[သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : ငါတော့ မဲ ပေါက်မပေါက်ဘဲ စိတ်၀င်စားတယ်]
[ မြောင်မြောင်က တင်ဆက်သူ ချက်သမျှ ဟင်းလျာတိုင်းကို ကြိုက်တယ်: ဟေး ငါ မဲမပေါက်တာ ဘယ်လောက်တောင် ကြာပြီလဲ။ ဒါ့အပြင် အွန်လိုင်းရှိနေတဲ့အရေအတွက်ကို ကြည့်ပြီး ငါရဲ့ မျော်လင့်ချက်တွေ ပျောက်ဆုံးကုန်ပြီ]
[ လရောက်အောက်မှာ ကခုန်မယ် : မဲပေါက်ဖို့ တောင်းပန်ပါတယ်]
[ အားရင်း : ဘုရားရေ သန်းရာကျော်မှာ တစ်ယောက်လောက် ပေါက်နိုင်မယ့် ကံတဲ့]
[ဖြတ်လျှောက်: မဲပေါက်ပါစေ]
"ဂုဏ်ယူပါတယ်။ မြောင်မြောင်က တင်ဆက်သူ ချက်သမျှ ဟင်းလျာတိုင်းကို ကြိုက််တယ်။ မန်ပိုပိုပို၊ ကုယန်ချင်း၊ လရောက်အောက်မှာ ကခုန်မယ်. စတဲ့ ကံကောင်းသူ အယောက်နှစ်ဆယ်အတွက် အခုပဲ ပို့ပေးလိုက်ပါမယ်။ ဒါပေမဲ့ ထမင်းကို မထည့်ပေးထားတော့ ပစ္စည်းလာပို့တာကို စောင့်ရင်းနဲ့ အိမ်မှာ ချက်ထားသင့်ပါတယ်။ ကျေးဇူးပြုပြီး စာ အ၀င်ကို စစ်ဖို့ မမေ့ပါနဲ့။ အားလုံးပဲ မနက်ဖန် တွေ့ကြမယ်"
မဲပေါက်သူများကို ကြေညာပြီးသည်နှင့် ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားလိုက်သည်။
ဟော်ယွန်ရီက ပို့ပေးလိုက်သော ထမင်းဘူးများက အလွန် အဆင်ပြေသည်။ ယခင်ကကဲ့သို့ တစ်ဘူးဆီ ထည့်ရန်မလိုတော့ချေ။ရှောင်ပိုင်၏ အကူအညီဖြင့် ၂၂ဘူးလုံးကို ပြင်ဆင်ပြီးသွားသည်။မဲပေါက်သူများအပြင် ဟော်ညီအစ်ကိုနှစ််ယောက်အတွက်လည်း ပါသည်။ထိုနှစ််ယောက်အတွက်မူ ထမင်းကိုပါ ထည့်ပေးလိုက်သည်။
ဟော်ယွန်ချန်းက လွန်ခဲ့သော နှစ်ရက်လုံးလုံး စတားနက််​ေဝါ့ပေါ်မှ ကိစ္စနှင့်အလုပ်များနေခဲ့ရပြီး ရုံးချုပ်တွင်လည်း အချိန်ပို ဆင်းနေခဲ့ရသည်။ ဟော်ယွန်ရီကလည်း ပါ၀င်ပစ္စည်းအသစ်များကို ရှာဖွေလေ့လာနေသည့်အတွက် အချိန်ပို ဆင်းရပြန်သည်။ယွမ့်ထန်းက သူတို့နှစ်ယောက်လုံးကို ရုံးချုပ်ကိုသာ ပို့ခိုင်းလိုက်သည်။ ပစ္စည်းကို ပို့ပြီးနောက် တံခါးကို ပိတ်လိုက်ကာ ဆိုဖာပေါ် ပြန်ထိုင်ပြီး အတွေးနက်သွားသည်။
"ငါ သူတို့နှစ်ယောက်ကို ဟော့ပေါ့စားဖို့ ဖိတ်ခေါ်သင့်လား"                     
နှစ်ရက်ကြာပြီးနောက် စစ်တပ်မှ ထမင်းစားခန်းမက တရား၀င်ပြီးစီးသွားသည်။ ဟော်ယွန်ချန်းနှင့် ယွမ့်ထန်းတို့ကကန်တင်းကို သုံးနှပ်စာ ပြင်ဆင်ရန် သဘောတူခဲ့​ကြ​သည်။ အခြားတဖက်တွင် ၀မ်ကျွင်းတို့ကို မီးဖိုခန်းနှင့်ကျွမ်း၀င်စေပြီး ယွမ့်ထန်းကလည်း သူတို့၏လုပ်နိုင်စွမ်းကို ကြည့်ရှုနိုင်သွားသည်။ ပြဿနာကြီးကြီးမားမားမရှိတော့လျင်ပုံမှန်အတိုင်း စစ်တပ်တစ်ခုလုံးအတွက် ထမင်းစားခန်းမအဖြစ်ဖွင့်လှစ််နိုင်လေပြီ။
စစ်တပ်တွင် ထမင်းစားခန်းမ ပြင်ဆင်နေသည်ဟု စကြားကတည်းက စစ်သားများနှင့် အရာရှိများက မျော်တလင့်လင့်ဖြစ်နေခဲ့ကြသည်။ သူတို့ သောက်နေကြ အရသာမဲ့သော အားဖြည့်ဆေးကိုလည်း သဘောမကျသည့်စိတ်က များသထက် များလာသည်။ အဓိကအချက်မှာ ထိုထမင်းစားခန်းမကို ပြင်ဆင်နေသည်မှာ ယွမ့်ထန်းဖြစ်နေသည်။ ယွမ့်ထန်းက သူတို့၏ အင်ပါယာမှ အငယ်ဆုံး ကြယ်​​လေး ပွင့်စားဖိုမှူးဖြစ်သလို အကျော်ကြားဆုံးသော ရုပ်ရှင်ဧကရာဇ်လည်း ဖြစ်ခဲ့သေးသည်။ထိိုကြောင့် စစ်သားများ၏ အမြင်တွင်ယွမ့်ထန်းက ဒဏ္ဍာရီတွင်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်နေသည်။ အချို့သော အကြောင်းပြချက်များကြောင့် သူတို့အားလုံးနီးပါးက ယွမ့်ထန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖူးကြသည်။ထိုသို့ဖြင့် ယွမ့်ထန်း၏ လက်ရာကို နားလည်သွားကြပြီး ထမင်းစားခန်းမကို မျော်လင့်စောင့်စားမှုက ပြင်းသထက်ပြင်းလာတော့သည်။
ထိုသို့သောအရေးကြီးသောနေ့တွင် ယွမ့်ထန်းက စောစောထပြီး အရွက်နှင့် ၀က်နံရုံး ဆန်ပြုတ် ချက်လိုက်သည်။ စားပြီးသည်နှင့် ဟော်ညီအစ်ကိုနှင့် သူ၏ လက်ထောက်များအတွက် ေ၀စုကို ပို့လိုက်သည်။ ဟော်ညီအစ်ကိုအတွက ်ပို့ပြီးသည်နှင့် ကားပျံခေါ်ကာ စစ်တပ် ဌာနချုပ်သို့ ဦးတည်ခဲ့သည်။
ကန်တင်းက စစ်တပ်၏ ဘက်စုံဌာနမှ သုံးထပ်မြောက်တွင် တည်ရှိသည်။ ထိုတစ်ထပ်လုံးကို ထမင်းစားခန်းမအသွင်ပြောင်းထားသဖြင့် စတုရန်းမီတာ လေးထောင် ကျယ်သွားသည်။ထိုသို့ဖြင့် လူအယောက် တစ်သောင်းက တစ်ပြိုင်တည်း စားနိုင်သွားသည်။ ကန်တင်းကို ရိုးရှင်းစွာသာ ပြင်ဆင်ထားပြီး အဖြူရောင်ကို အဓိက သုံးထားသည်။ အလင်းရောင်ကောင်းကောင်းရသောပြတင်းများနှင့် သေသပ်စွာ စီတန်းထားသော စားပွဲရှည်ကြီးများနှင့် ခုံးများလည်း ရှိသည်။ အရေအတွက်ကလည်း လုံလောက်သည်။ ထို့အပြင် ဉာဏ်ရည်မြင့် ၀န်ဆောင်မှု စက်ရုပ်တစ်ရာကျော်က ကန်တင်း၏ နေရာတိုင်းတွင် အသင့်စောင့်နေသည်။သူတို့က ဟင်းလျာများ ချပေးခြင်း၊ ပြန်သိမ်းခြင်း၊ ပန်းကန်ဆေးခြင်း၊ သန့်ရှင်းရေး လုပ်ခြင်း စသဖြင့် လူလုပ်အား သက်သာစေမည့် အလုပ်များကို လုပ်ဆောင်ပေးသည်။
ကန်တင်း၏ မီးဖိုခန်းက အလင်းရောင်ကောင်းကောင်းရပြီးေ နရာကျယ်သည်။ မီးဖိုချောင်သုံး ပစ္စည်းများ အားလုံးလည်း ရှိနေပြီး မီးဖိုကလည်း ဆယ်ခုထက် မနည်းရှိနေသည်။ ထိုနည်းအားဖြင့် တစ်ချိန်တည်းလိုလို ဟင်းပွဲများစွာ ချက်နိုင်စေသည်။ ထို့အပြင် လူအများအတွက် အဆင်ပြေစေရန် အိုးကြီးများနှင့် ဒယ်ပြားကြီးများကိုလည်း အသင့်ပြင်ထားသည်။
ယွမ့်ထန်းကိုယ်တိုင်ကိုယ်ကျ အကြံပေးထားသော တစ်ယောက်စာ ထမင်း၊ဟင်း၊ ဟင်းချို စသဖြင့် အကုန်ထည့်နိုင်သော ဗန်းများကိုလည်း ပြင်ဆင်ထားသည်။ ပန်းကန်များကလည်း အသင့်ရှိနေသည်။ ထိုဗန်းများက ပေါ့ပါးကာ သန့်၇ှင်းရလွယ်သည်။ သူက လေ့လာပြီးနောက် သဘောကျသွားသည်။
"မင်္ဂလာ မနက်ခင်းပါ"
သူက ထမင်းစားခန်းမထဲသို့ ရောက်သွားသည်နှင့် ၀မ်းကျွင်းတို့က စိတ်လှုပ်ရှားစွာ နှုတ်ဆက်လာသည်။
"ကျွန်တော်က ခင်များတို့အတွက် မနက်စာအဖြစ် အရွက်နဲ့ ၀က်နံရိုး ဆန်ပြုတ်ယူလာတယ် ။ အရင်စားလိုက်ကြပါဦး"
ယွမ့်ထန်းက ပြုံးလျက် ဘူးများကို ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာယွမ့်"
အားလုံးက ပြောပြီးသည်နှင့် အသည်းအသန် စားကြတော့သည်။
ဆန်ပြုတ်တွင် ၀က်နံရိုးကို အတုံးသေးလေးများအဖြစ် ခုတ်ထည့် ထည့်ထားသည်။ မိနစ်သုံးဆယ်ကြာ နှပ်ထားသဖြင့် အသားများကပင် အရိုးမှ ပဲ့ကျသည်အထိ နူးညံ့နေသည်။ ထမင်းပေါင်းအိုးထဲတွင် အရွက်များနှင့်အတူ ထည့်ချက်ထားသဖြင့် ဆန်ပြုတ်တွင် အရိုးနံ့နှင့် သိပ်သည်းသော အသားနံ့က ပြင်းရှစွာ ပြည့်နှက်နေသည်။ အလွန် အရသာရှိလွန်းလှသဖြင့် မရပ်မနား စားချင်စိတ်ကို ဖြစ်ပေါ်လာစေသည်။
သူတို့အားလုံး စားပြီးသည်အထိ စောင့်ပြီးနောက် ဟော်ယွန်ချန်းက ၀င်လာသည်။
"ချန်းကော မင်္ဂလာနံနက်ခင်းပါ"
ယွမ့်ထန်းက ဟော်ယွန်ချန်းကို တောက်ပစွာပြုံးပြလျက် ပြောသည်။
"အင်း မင်္ဂလာနံနက်ခင်းပါ"
ယွမ့်ထန်း၏ အပြုံးကို မြင်ချိန်တွင် ဟော်ယွန်ချန်း၏ နှုတ်ခမ်းများကလည်း ကော့တက်သွားသည်။
"ကိုယ် ဆန်ပြုတ်သောက်ပြီးပြီ၊ တကယ် အရသာရှိတယ်"
"ဒါဆို အားလုံးကို အချိန်ဇယားအတိုင်း လာစားနိုင်ပြီလို့ ကိုယ် ပြောလိုက်တော့မယ် "
"ကောင်းပါပြီ"
ဟော်ယွန်ချန်း ထွက်သွားပြီးနောက် ယွမ့်ထန်းက သူ၏ လက်ထောက်ခြောက်ယောက်ကို ခေါ်ကာ မီးဖိုခန်း၏ လည်ပတ်ပုံနှင့် အခြားသော အသုံးအဆောင်များအကြောင်း ရှင်းပြသည်။အထူးသဖြင့် သီးသန့်ပြင်ထားသော မီးဖိုများဖြစ်သည်။
"ဒီနေ့ ကျွန်တော်တို့က လူအယောက်တစ်ထောင်အတွက် ချက်ပြုတ်ရတော့မယ်၊ အားလုံး အဆင်သင့်ပဲလား"
"အဆင်သင့်ပါပဲ"
အပိုင်း ၄၅
"မင်္ဂလာ မနက်ခင်းပါ"
"ကျွန်တော်က ခင်များတို့အတွက် မနက်စာအဖြစ် အရွက်နဲ့ ၀ကျနံရိုး ဆန်ပြုတ်ယူလာတယ် ။ အရင်စားလိုက်ကြပါဦး"
သူတို့အားလုံး စားပြီးသည်အထိ စောင့်ပြီးနောက် ဟော်ယွန်ချန်းက ၀ငျလာသညျ။
"ကောင်းပါပြီ"
"အဆင်သင့်ပါပဲ"
Continue Reading
You'll Also Like
167K 12.6K 49
แ€Ÿแ€ญแ€แ€บ แ€Ÿแ€ญแ€ฏแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ แ€กแ€แ€ปแ€ญแ€”แ€บแ€…แ€ฑแ€ทแ€•แ€ผแ€ฎ แ€กแ€ญแ€™แ€บแ€…แ€ฌแ€œแ€ฌแ€‘แ€•แ€บแ€แ€ปแ€Šแ€บแ€แ€ฑแ€ฌแ€ท..! - แ€…แ€ฑแ€ฌแ€žแ€ญแ€ฏแ€€แ€บแ€แ€ฑแ€แ€บ แ€™แ€ฑแ€ฌแ€บโ€‹แ€€แ€ผแ€ฎแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€กแ€€แ€ฑแ€ฌแ€„แ€บ แ€œแ€™แ€บแ€ธแ€™แ€พแ€ฌ แ€แ€ฝแ€ฑแ€ธแ€แ€ปแ€ฎแ€ธแ€แ€€แ€บแ€”แ€„แ€บแ€ธแ€•แ€ผแ€ฎแ€ธ แ€แ€ปแ€ฑแ€ฌ...
3.3M 211K 52
แ€แ€แ€นแ€แ€ฌ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€แ€ฑแ€ฌแ€›แ€ญแ€ฏแ€„แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€แ€แ€นแ€แ€ฌแ€€ แ€™แ€ญแ€”แ€บแ€ธแ€™แ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ทแ€กแ€œแ€พ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€šแ€บ แ€แ€แ€นแ€แ€ฌแ€€ แ€…แ€ฌแ€™แ€แ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€€แ€ญแ€ฏแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บ
6.6M 433K 94
Hanary Victor + Loon Tar Nay San