แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...
By PannKhattWaiio
361K 57.6K 2.4K
fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More
แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰
แ„แ€
3.5K 656 8
By PannKhattWaiio
အပိုင်း ၄၀
ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားထားသဖြင့် စတားနက်​ေဝါ့ပေါ်ရှိ ပြည်သူ့အမြင်နှင့် ထင်ကြေးများက ပို၍ပြင်းထန်လာသည်။ အမျိုးမျိုးသော သုံးသပ်မှုများ၊ ခန့်မှန်းချက် သီအိုရီများက မရပ်မနား ထွက်ပေါ်လာနေသည်။ေ၀့ကျိုးက ရှေ့ဆုံးမှ ဦးဆောင်ကာ တက်ကြွနေပြီး မားကတ်တင်း အကောင့်များ၏ အကူအညီကိုပင် ယူကာ လောင်စာဖြည့်လျက် ယွမ့်ထန်း၏ နာမည်ကို ဖျက်နေသည်။သို့ရာတွင် ယွမ့်ထန်းက ၀ိဉာဉ်ကူးပြောင်းလာပြီးကတည်းက  တိတ်ဆိတ်စွာ နေတတ်သဖြင့် မီဒီယာများက သူနှင့် ပက်သတ်သည့် သတင်းအသစ်များကို မရတော့ချေ။ ထိုသို့ဖြင့် အပူတပြင်းဖြစ်နေသည့် ဆွေးနွေးမှုများကတ ဖြေးဖြေး လျော့ပါးလာသည်။
ပြည်သူများက အသိပြန်၀င်ချိန်တွင် သူတို့က ပြန်ရိုက်ချတော့မည် ဖြစ်သည်။
ဟော်ယွန်ချန်းက ဌားထားသော ရှေ့နေက အစစအရာရာ ကြိုတင်ကာ ပြင်ဆင်ပြီးနေလေပြီ။ အချိန် ကျလာသည်နှင့် သူက ချက်ချင်းလိုလို ေ၀့ကျိုးနှင့်ပ ရိတ်သတ်များကို တရားစွဲတော့သည်။ ထိုသို့ဖြင့် ထိုလူများအားလုံးက သတိလက်လွတ်ဖြစ်ချိန်တွင် ဖမ်းမိသွားကြသည်။သူတို့၏ စတားနက်​ေ၀့ါပေါ်တွင် ပြောထားသမျှကို သေချာ မှတ်တမ်းရယူထားခံံရသည့်အတွက် ယခုမှ ရှောင်ပြေးရန်လည်း မဖြစ်နိုင်ချေ။ ငြင်းဆို၍လည်း မရနိုင်တော့ချေ။
ဟော်ယွန်ရီကလည်း ပူးပေါင်း၇န် အသင့်ရှိနေသည်။ သူက အချိန်မရွေး စတားနက်​ေဝါ့ပေါ်သို့ ယွမ့်ထန်းကအကယ်ဒမီ သိပ္ပံမှ အကြံပေးတစ်ယောက်ဖြစ်ကြောင်း ကြေညာချက် ထုတ်ရန် အသင့်ပြင်ထားသည်။ထိုနည်းအားဖြင့် ယွမ့်ထန်းအား အသရေဖျက် သူများကို ပါးစပ်ပိတ်အောင် လုပ်နိုင်ပေလိမ့်မည်။
သည်တစ်ကြိမ် ကိစ္စဖြစ်လာရခြင်းက ရုတ်တရက် ဆန်လွန်းသဖြင့် တစ်စုံတစ်ယောာက်က ရည်၇ွယ်ချက်ရှိရှိဖြင့်  ပြုလုပ်ခဲ့ခြင်းဖြစ်လောက်သည်။ယွမ့်ထန်း၏ ကိစ္စတွင်ကိစ္စပေါင်းများစွာ ဆက်နွယ်နေသည့်အတွက် ကြံစည်သူက တစ်ယောက်တည်းပင် မဖြစ်နိုင်တော့ချေ။ မျက်လုံးများ အစိမ်းရောင်းသန်းသည်အထိ  မနာလိုဖြစ်နေသော ကီးဘုတ် ဖိုက်တာများက အဆက်မပြတ် တိုက်ခိုက်နေခြင်းသို့မဟုတ် ပြဿနာ ၀င်ရှာလိုသော လူများသက်သက်လည်း ဖြစ်နေနိုင်ပြန်သည်။
နောက်ဆုံးတွင် ယွမ့်ထန်း၏ နောက်ခံကို သိလိုက်ရသဖြင့် ပျော်ရွှင်သွားသည်မှာ ယွမ့်ထန်း၏ ပရိတ်သတ်ဟောင်းများဖြစ်ကြောင်း သူက သိလိုက်ရသည်။ သို့သော် သူတို့က သူတို့ပူးပေါင်းကြံစည်ထားသည့် သီအိုရီများဖြင့် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခြင်းကလည်း အားလုံးကို ရူးသွပ်မတတ် ဖြစ်သွားစေခဲ့သည်။
သူတို့နှစ်ယောက်က ယွမ့်ထန်း၏ အိမ်သို့ သွားချိန် လမ်းတစ်လျှောက်လုံး စကားပြောသွားကြသည်။
"မာရှယ်ဟော် ၀င်ထိုင်ပါဦး။ ကျွန်တော် တစ်ခုခု သွားချက်လိုက်မယ်"
သူက  ဉာဏ်ရည်မြင့်အိမ်တော်ထိန်း(စက်ရုပ်)ကို ဟော်ယွန်ချန်းအတွက် ဖိနပ်ပါးတစ်စုံ ပေးစေလိုက်သည်။ဟော်ယွန်ချန်းက ဖိနပ်ပါး လဲစီးပြီးနောက် သူ၏ စစ်ဂျာကင်ကို တံခါးနားရှိ ကုတ်တင် ချိတ်တွင် ချိတ်သည်။နောက်ဆုံးမှသာ ဧည့်ခန်းအတွင်း အနားယူရန် ၀င်ထိုင်သည်။
"ကိုယ့်ကို နာမည်ပဲ တိုက်ရိုက်ခေါ်ပါ။ အမြဲတမ်း မာရှယ််ဆိုပြီး တပ််ခေါ်နေဖို့ မလိုပါဘူး"
"အာ ဒါက ကောင်းပါ့မလား"
ယွမ့်ထန်းက တုန့်ဆိုင်းသွားသည်။မည်သို့ပင်ဆိုစေ ဟော်ယွန်ချန်းက စစ်တပ်အရာရှိဖြစ်သည်။ ယွမ့်ထန်းက သူ့အား ကြောက်ရွံ့စိတ်ရှိနေသေးသည်။
ဟော်ယွန်ချန်းက သူ့ကို တစ်ချက်ကြည့်သည်။
"ဒါပေမဲဲ့ မင်းက ကိုယ့်အစ်ကိုကိုတော့ အစ်ကိုကြီးဟော်လို့ ခေါ်တယ်"
ဆိုလိုသည်မှာ သူက တစ်ယောက်တည်းကို ဘက်မလိုက်သင့်ကြောင်း ပြောနေခြင်းဖြစ်သည်။
ယွမ့်ထန်းလည်း ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။ သူက ဟော်ယွန်ချန်းကိုလည်း အစ်ကိုကြီးဟော်ဟု ခေါ်၍မရချေ။ သူကသာ ထိုနှစ်ယောက်လုံးနှင့် တွေ့လျင် မည်သူ့ကိုခေါ်မှန်းမသိ ဖြစ်သွားနိုင်သည်။ ယွမ့်ထန်းက အ နည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။
"ကျွန်တော်က ချန်းကောလို့ ခေါ်လို့ရနိုင်မလား"
"အင်း"
ယွမ့်ထန်းက မီးဖိုခန်းသို့ ၀င်သွားပြီး စတင် ချက်ပြုတ်တော့သည်။သူ့တွင် ၀က်ဗိုက်သား၊ အာလူးနှင့် ဂျုံမှုန့်များရှိနေသည်။ထို့ကြောင့် ရိုးရှင်းသော အာလူးအသားလွှာသာ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကျားကျန်းမြန်ဆိုလျင် လွယ်ကူအဆင်ပြေသည်။ သို့သော် သုပန်းကျန်းက မရှိသဖြင့် ချိုမြိန်သော ပဲချဉ်သာ ထည့်လိုက်ရတော့မည်။ မည်သို့ပင်ဆိုစေ သူ၏ အိမ်ချက် ပဲအနှစ်ကို ယခင်ကတည်းက သေချာ ထုပ်ပိုးပြီး သိမ်းဆည်းထားခဲ့သည်။
အာလူးနှင့် အသားလွှာအပေါ် အချဉ်များစမ်းပြီး အဆင်သင့်ဖြစ်သောအခါ အရောင်က နီရဲကာ ရွှန်းစိုနေသည်။အနံ့နှင့် ပ ုံပန်းသွင်ပြင်ကတင် စားချင်စဖွယ်ဖြစ်လာသည်။ ယွမ့်ထန်းက ကောင်းကောင်းနယ်ထားသည့် မုန့်နှစ်ဖြင့် ခေါက်ဆွဲလုပ်သည်။ အိုးအသစ်ထဲ ရေထည့်ပြီး ဆူပွက်အောင် တည်ပြီးချိန်တွင် အခြောက်ခံထားလိုက်သည်။ထို့နောက် ပန်းကန်နှစ်လုံး ခွဲကာ ထည့်သည်။ထို့နောက် အပေါ်မှ အာလူးနှင့် အသားလွှာ ချဉ်ကို(အနှစ်) စမ်းပြီးချိန်တွင် အဆင်သင့်ဖြစ်လေပြီ။
ထို့နောက် ယွမ့်ထန်းက ဟင်းနုနယ််ရွက်နှင့် ကြက်ဥ ဟင်းချိုကို ပြင်ဆင်လိုက်သည်။  ခေါက်ဆွဲချည်း သီးသန့်စားခြင်းက ပါးစပ်ခြောက်စေလိမ့်မည်။
ဟင်းနုနယ်ရွက်များကို လှီးပြီး ရေနွေးဖျောကာ အက်စစ်ဓာတ်များကို ဖယ်ထုတ်လိုက်သည်။  ဟင်းချိုအဖြစ်လုပ်မည့် ရေနွေးက ပွက်ပွက်ဆူလာလျင် သူကဟင်းနုနယ်ရွက်ထည့်ပြီး ဆားနှင့် ပဲငံပြာရည် ခပ်သည်။ နောက်တစ်ကြိ မ်ပွက်ပွက်ဆူလာလျင်  ခပ်ဖြည်းဖြည်း မွှေနေရင်း အသင့်ပြင်ထားသည့် မွှေပြီးသား ကြက်ဥကို ထည့်သည်။အားလုံးပေါင်း ဆယ်မိနစ်ခန့် ကြာသည်။
အိမ်တော်ထိန်းရှောင်ပိုင်က ဟင်းချိုကို သယ်ပြီးယွမ့်ထန်းက ခေါက်ဆွဲပန်းကန်များကို သယ်ကာ ဧည့်ခန်းသို့ ထွက်ခဲဲ့သည်။
  "ချန်းကော ခေါက်ဆွဲလာစားပါ"
စားပွဲပေါ် ပန်းကန်များကိုချကာ ပြင် ​ ဆင်ပြီးနောက်တွင် ယွမ့်ထန်းက ဧည့်ခန်းသို့ ထွက်ကာ  အလင်းဦးနှောက်ဖြင့် အလုပ်များနေသည့် ဟော်ယွန်ချန်းကိုေ ခါ်သည်။
ဟော်ယွန်ချန်းက အလင်းဦးနှောက်ကို ပိတ်လိုက်ပြီး မတ်တပ်ထရပ်ကာ ခြေလှမ်းအနည်းငယ်တည်းနှင့် ထမင်းစားပွဲနားသို့ ရောက်လာသည်။  တူများကို မတွေ့ရသဖြင့် မီးဖိုခန်းသို့ သွားရင်း မေးလိုက်သည်။
"တူတွေကို ဘယ်နားမှာ ထားလဲ"
ယွမ့်ထန်းက နေရာကို ပြောလိုက်သည်။ ဟော်ယွန်ချန်းက နှစ်စုံယူလာသည်။ တစ်ယောက် တစ်စုံဆီ ယူပြီးနောက် ယွမ့်ထန်း၏ ရှေ့ဘက် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်သည်။
ဟင်းအနှစ်နှင့် ခေါက်ဆွဲကို ရောနယ်ပြီးသွားသောအခါ အရသာက မင်သက်ဖွယ်ဖြစ်လာသည်။ချိုမြိန်သော အရသာထဲတွင် အစပ်ဓာတ်အနည်းငယ် ပါသည်။အသားများသော်လည်း မအီချေ။အာလူးကလည်း နူးအိနေပြီး ခေါက်ဆွဲကလည်း ကိုက်ဝါးရကောင်းနေသည်။ထိုကြောင့် ဟော်ယွန်ချန်း၏ အကြိုက်နှင့် ကွက်တိကျနေကာ သူပင် သတိမထားမိဘဲ တစ်ပန်းကန်လံး ကုန်သွားသည်။
"ချန်းကော နည်းနည်းလောက် ထပ်ယူဦးမလား"
ယွမ့်ထန်းက မေးသည်။
"အင်း"
အစက ဟော်ယွန်ချန်းလည်း ငြင်းချင်ခဲ့သည်။သို့သော် ကောင်းမွန်လွန်းသော အရသာကို မလွန်ဆန်နိုင်တော့သော အခြေအနေကြောင့် ခေါင်းအသာ ညိတ်မိသွားသည်။ယွမ့်ထန်းက သူ့ကို နောက်ထပ်တစ်ပန်းကန် ပေးသည်။ နှစ််ယောက်လုံး အ၀ စားသောက်ပြီးချိန်တွင် နက်​ေဝါ့ပေါ်မှ ကိစ္စကို ဆက်ပြောကြသည်။
လက်၇ှိ စုံစမ်းစစ်ဆေးမှုများအရ သူက လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က အင်ပါယာ၏ အဓိက ဂြိုလ်သ်ို့ ရောက်လာခဲ့သည်ဆိုသောအကြောင်းကိုသာ သိလိုက်ရသည်။ ထို့မတိုင်ခင်က သူက အင်ပါယာနှင့် အလွန်​ေ၀းကွာကာ ချောင်ကျသောဂြိုလ်တစ်ခုတွင် နေထိုင်ခဲ့ဟန် ရသည်။ ကိုယ်ရေး ကိုယ်တာ အချက်အလက်များတွင် သူ၏မိသားစုနှင့် သက်ဆိုင်သမျှ ပုံရိပ်မှတ်တမ်းများပင် ရှိမနေခဲ့ချေ။
အပိုင်း ၄၀
"အာ ဒါက ကောင်းပါ့မလား"
"ဒါပေမဲ့ မင်းက ကိုယ့်အစ်ကိုကိုတော့ အစ်ကိုကြီးဟော်လို့ ခေါ်တယ်"
"အင်း"
အိမ်တော်ထိန်းရှောင်ပိုင်က ဟင်းချိုကို သယ်ပြီးယွမ့်ထန်းက ခေါက်ဆွဲပန်းကန်များကို သယ်ကာ ဧည့်ခန်းသို့ ထွက်ခဲ့သည်။
ယွမ့်ထန်းက မေးသည်။
"အင်း"
Continue Reading
You'll Also Like
394K 9.9K 51
แ€แ€…แ€บแ€”แ€ฑแ€ทแ€แ€…แ€บแ€”แ€ฑแ€ทแ€แ€ฑแ€ซแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌแ€€แ€œแ€ฒแ€ทแ€…แ€ฌแ€ธแ€แ€ปแ€ฑแ€™แ€พแ€ฏแ€žแ€ฌแ€กแ€•แ€ผแ€Šแ€ทแ€บแ€›แ€พแ€ญแ€”แ€ฑแ€žแ€ฑแ€ฌ แ€แ€•แ€บแ€กแ€ฑแ€ธแ€กแ€ฑแ€ธแ€”แ€ฑแ€แ€แ€บแ€žแ€ฑแ€ฌ แ€™แ€ฌแ€–แ€ฎแ€ธแ€šแ€ฌแ€ธแ€”แ€พแ€„แ€ทแ€บ.... แ€˜แ€ฌแ€•แ€ฒแ€œแ€ฏแ€•แ€บแ€œแ€ฏแ€•แ€บ แ€แ€œแ€ฝแ€ฒแ€แ€ฝแ€ฑแ€œแ€ฏแ€•แ€บแ€แ€แ€บแ€”แ€ฑแ€žแ€ฑแ€ฌ แ€€แ€ฑแ€ฌแ€„แ€บแ€™แ€œแ€ฑแ€ธแ€แ€ญแ€ฏแ€ท แ€”แ€พแ€…แ€บโ€Œแ€šแ€ฑแ€ฌแ€€แ€บแ€Ÿแ€ฌ...
6.6M 433K 94
Hanary Victor + Loon Tar Nay San
930K 49.3K 44
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...
655K 6.9K 96
แ€‘แ€ญแ€ฏแ€”แ€ฑแ€ทแ€Š แ€€ แ€™แ€พแ€ฌแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ท แ€กแ€™แ€พแ€ฌแ€ธแ€แ€…แ€บแ€แ€ฏแ€€ แ€€แ€ปแ€ฝแ€”แ€บแ€™แ€˜แ€ แ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€”แ€ฒแ€ท แ€•แ€แ€บแ€žแ€€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€™แ€บแ€ทแ€™แ€šแ€บแ€œแ€ญแ€ฏแ€ท แ€™แ€‘แ€„แ€บแ€แ€ฒแ€ทแ€™แ€ญแ€˜แ€ฐแ€ธ....... แ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€•แ€แ€บแ€žแ€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ทแ€žแ€ฐแ€€ แ€˜แ€ฌแ€œแ€ญแ€ฏแ€ท แ€žแ€ฐแ€–แ€ผแ€…แ€บแ€”...