แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แƒแ‰

3.8K 680 9
By PannKhattWaiio

အပိုင်း ၃၉ လက်ထောက်ခြောက်ယောက်

ယွမ့်ထန်းက မျက်တောင်တချက်ခတ်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ကြယ်ဖလားကို ပြောတာပါ”

ကြယ်ဖလားဆိုသည်မှာ သည်လောကတွင် ကျော်ကြားသော ပွဲကြီးတစ်ခုဖြစ်သည်။ ကမ္ဘာဖလားနှင့်ဆင်တူပြီး ဘောလုံးကန်ခြင်းဆိုသည်ထက် မက္ခစွမ်းရည်ကို ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ထိုနာမည်ကို ပထမဆုံးအကြိမ် ကြားချိန်ကဆိုလျှင် ယွမ့်ထန်းက အချိန်အတန်ကြာရယ်ခဲ့မိသေးသည်။

ဟော်ယွန်ချန်းက ခေါင်းငြိမ့်ပြီးနောက် အပိုစကားမပြောတော့ပေ။
သို့သော် ဝမ်ကျယ့်ယန်က သူ၏အနားတွင် နီးကပ်စွာရပ်နေခဲ့ခြင်းဖြစ်ကာ မနေနိုင်ဘဲ ခပ်တိုးတိုးပြောလိုက်သည်။

“ကြယ်ဖလားအကြောင်းပြောမယ်ဆိုရင် မာရှယ်ဟော်က ဒီနှစ်တွေအတွင်းမှာ တောက်လျှောက် ချန်ပီယံဆုကို ရသင့်တဲ့သူပဲ”

ဟော်ယွန်ချန်းက ချောင်းဟန့်ကာ သူ့အား အေးစက်စွာစိုက်ကြည့်လိုက်သည်။

ယွမ့်ထန်းက တွေးတောပြီးနောက် စိတ်ဝင်စားသွားသည်။
“သူက ဒီလောက်အထိ စွမ်းအားကြီးတာလား”

ရွှယ်ရွေ့ကလည်း ထိုစကားကိုကြားသောအခါ တစ်ချက်ကြည့်လာသော်လည်း ဟော်ယွန်ချန်းကို ပြန်ကြည့်မိချိန်တွင် ချက်ချင်းဆိုသလို မျက်လွှာချလိုက်မိသည်။ သူက မပြောရဲတော့ချေ။

ယွမ့်ထန်းက ဟော်ယန်ချန်းကိုကြည့်သည်။ ဟော်ယွန်ချန်းက သူ၏အနားသို့ကပ်လာပြီးပြောသည်။

“ အတိတ်က ကိစ္စတွေပါပဲ၊ ဒါက ထည့်ပြောဖို့မတန်ပါဘူး”

“ဘာလို့ မတန်ရမှာလဲ”

ရွှယ်ရွေ့က မနေနိုင်ဘဲ ခေါင်းကိုပြန်မော့လာသည်။ သူက ခိုင်မာစွာငြင်းဆန်၏။

“အဲဒိအချိန်တုန်းကဆိုရင် မာရှယ်ဟော်က ချန်ပီယံဆုရဖို့ အလားအလာအရှိဆုံး လူတစ်ယောက်ဖြစ်ခဲ့တယ်၊ သူ့ရဲ့ကျော်ကြားမှုက မိုးထိုးမြင့်တက်ခဲ့တယ်မဟုတ်လား၊ နောက်ဆုံးပွဲစဉ်ကဆိုရင် အခြားယှဉ်ပြိုင်တဲ့ ဆယ်ယောက်ကျော်လုံးက သူ့ကိုအတူပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်၊ ဒါပေမယ့် မာရှယ်ဟော်က သူတို့အားလုံးပေါင်းပြီး တိုက်ခိုက်လာတဲ့အချိန်မှာတောင် စွမ်းအားကြီးလွန်းလို့ သူက အားလုံးကို ရင်ဆိုင်နိုင်ခဲ့တယ်”

ရွှယ်ရွေ့၏မျက်ဝန်းက တောက်ပလာပြီး သူက ဟော်ယွန်ချန်း၏ ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း သိသာလာသည်။

“ရုတ်တရက်  စစ်ပွဲက ဖြစ်လာခဲ့ပြီး မာရှယ်ဟော်က ပြိုင်ပွဲကိုစွန့်ခွာပြီး ရှေ့တန်းကိုသွားခဲ့ရတာကြောင့်သာမဟုတ်ရင် မာရှယ်ဟော်က သေချာပေါက် ချန်ပီယံဖြစ်ခဲ့မှာပဲ”

ယွမ့်ထန်းက ထိုအကြောင်းအရာများကို ပြန်ကြားရခြင်းကိုသဘောကျသည်။ သူက ဟော်ယွန်ချန်းကို ပြန်ကြည့်ပြီးပြုံးကာ ချီးကျူးပေးလိုက်၏။

“မာရှယ်က တကယ်အံ့ဩဖို့ကောင်းတာပဲ”

ဟော်ယွန်ချန်း၏နားများက နီရဲလာသည်။ သူက မျက်နှာကို တည်ကြည်အောင် မနည်းထိန်းထားရ၏။ ထို့နောက် ခပ်ပြတ်ပြတ်ပြောလာသည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ၊ ကိုယ့်အလုပ်ကို မလုပ်ကြဘူးလား”

“အားလုံး အဆင်ပြေပါတယ်၊ လူတိုင်းက တကယ်ကြိုးစားကြတယ်”
ယွမ့်ထန်းက ပြုံးကာ ပြန်ဖြေပေးသည်။

“အာ ဒါဆိုဘာလို့ ဒီအခန်းထဲက ညှော်နံ့တွေ ထွက်နေတာလဲ”

ဟော်ယွန်ချန်း၏အေးစက်သောမျက်ဝန်းက တစ်ဖွဲ့လုံးထံ ဖြတ်သန်းသွားချိန်တွင် အားလုံးက အကြည့်လွှဲသွားကြသည်။သူတို့ အပြစ်မကင်းသလိုခံစားနေကြရ၏။

“အားလုံး ထပ်လုပ်ကြစမ်း”
ဟော်ယွန်ချန်းက အေးစက်စွာပြောသည်။

“ခဏနေရင် မင်းတို့ချက်ပြီးသမျှအားလုံးကို မင်းတို့ ပြန်စားရမယ်၊ မင်းတို့ ကိုယ့်အမှတ်ကို ကိုယ့်ဘာသာပြန်ပေး၊ အရည်အချင်းမပြည့်မှီတဲ့လူတွေက ဒီညနေ လေ့ကျင့်ရေးချိန်မှာ အပိုထပ်လုပ်ရမယ်”

“ဟုတ်ကဲ့”

တစ်ဖွဲ့လုံးက အသိုက်ခွဲခံလိုက်ရသည့်ငှက်များကဲ့သို့ အလျင်စလို မီးဖိုနားသို့ ပြေးသွားကြသည်။ သူတို့က ခရမ်းချဉ်သီးကြက်ဥကို တစ်ဖန်ချက်ပြုတ်ရပြန်၏။ သူတို့၏အမူအရာများက ယခင်တစ်ခေါက်ထက်ပို၍ လေးနက်သွားကြသည်။

“ငါ လုပ်ပြီးသွားပြီ၊ ဒါပေမယ့်အားလုံး အရသာခံပြီးမှပဲ ငါ စားတာကောင်းမယ် ထင်တယ်”
သူက ပြောသည်။

“ဗိုက်ဆာနေပြီလား၊ ကျွန်တော်က မာရှယ်စားဖို့အတွက် တစ်ခုခုပြင်ဆင်ပေးသင့်လား”

“ကိုယ်က သူတို့ရဲ့တိုးတက်မှုကို လာကြည့်ရုံပါပဲ၊ ကိုယ့်ကိုယ်ကို ဒုက္ခမခံပါနဲ့”

ဟော်ယွန်ချန်း က ခေါင်းကိုညင်သာစွာခါသည်။ သို့သော် သူက ရိုးသားစွာဖြင့် မီးဖိုခန်းတစ်ခုသို့ ချဉ်းကပ်သွားပြီး စိတ်လှုပ်ရှားလာသည်။

“အာ ဒါဆိုလည်း ထားလိုက်ပါတော့လေ”
ယွမ့်ထန်းက သူ့အား စနောက်ချင်သွားသည်။

ဟော်ယွန်ချန်း “…”

သူ၏ခြေလှမ်းများက ရပ်တန့်သွားသည်။ တစ်ခဏခန့် ရပ်တန့်ပြီးနောက်တွင် သူ၏အပြုံးကို မထိန်းထားနိုင်တော့ချေ။ ကြည့်ရသည်မှာ ယွမ့်ထန်းက သူ၏အနောက်မှ ကပ်ပါလာသော မမြင်ရသည့်အရိပ်တစ်ခုနှင့်တူလာသည်။ သူက ပြုံးပြီးပြောသည်။

“ဒါ့ပေမယ့် ကျွန်တော်ကတော့ ကိုယ့်ဘာသာစားဖို့ တစ်ခုခုလုပ်ဖို့ စဉ်းစားနေတာ၊ မာရှယ်က ကျွန်တော့်ကို အဖော်မပြုပေးချင်ဘူးလား”

“အင်း”

ဟော်ယွန်ချန်း၏ မျက်ခုံးများက ဖြောင့်တန်းသွားသည်။ သူက အသာအယာခေါင်းငြိမ့်ပြီးစိတ်ကြည်သွားသောအမူအရာဖြစ်သွား၏။

လူတိုင်းက မီးဖိုများကိုအသုံးပြုနေကြသည့်အတွက် ယွမ့်ထန်းက အလွန်ကြီးမားသော ထမင်းပေါင်းအိုးအနားသို့သွားလိုက်ကာ ဆန်ကိတ်မုန့်တစ်ခုလုပ်ရန် ကြိုးစားလိုက်သည်။ အချိန်က နေ့လည်သုံးနာရီဖြစ်သည့်အတွက် အဆာပြေစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဓိကပါဝင်ပစ္စည်းများက ကြက်ဥ၊ ဂျုံမှုန့်နှင့်နို့များသာလျှင်ဖြစ်သည်။

ပထမဦးစွာ သူက ကြက်ဥမှ အကာနှင့်အနှစ်ကို ခွဲလိုက်သည်။ အကြောင်းမူကား သည်နေရာတွင် တသီးတသန့်ပြင်ဆင်ထားသော မီးဖိုချောင်သုံးပစ္စည်းများ မရှိသည့်အတွက် ကြက်ဥအခွံနှစ်ခုကိုသာခွဲကာ တစ်ဖက်တစ်ချက်စီတွင် ခွဲထားရင်းဖြင့်သာ အရည်များကို ဖယ်လိုက်ရ၏။

ထိုအပြုအမူက စစ်သားအများစု၏အာရုံကို ဆွဲဆောင်သွားသည်။ ထို့နောက် သူက နို့၊ ဆီနှင့်ဂျုံမှုန့်များကိုထည့်ကာ ဇွန်းဖြင့်မွှေသည်။ ထို့အပြင် ကြက်ဥအနှစ်များကို ထည့်လိုက်ပြီးနောက်တွင် မွှေပြီးမှသာ နောက်ပိုင်းအသုံးပြုရန် တဖန်ဖယ်ထားလိုက်သည်။ ထို့နောက် သူက ကြက်ဥမွှေစက်ကိုယူပြီး ကြက်ဥမှ အကာအဖြူသားများကို မွှေလိုက်ရာ အဖြူရောင်နို့များကဲ့သို့ဖြစ်သွားသည်။ ထို့နောက် သကြားဖြူအနည်းငယ်ထည့်ပြီး ထပ်မွှေသည်။ သူက ထိုကြက်ဥအဖြူအရည်များကို ကြက်ဥအနှစ်မွှေထားသည့်အထဲသို့ ထည့်လိုက်ပြီးနောက်တွင် အခြေခံအားဖြင့် ပြင်ဆင်၍ပြီးသွားသည်။

လက်ရှိအချိန်တွင် ကိတ်မုန့်ဖုတ်စက်ကို အကယ်ဒမီသိပ္ပံက ရောင်းချရန် တင်သွင်းထားခြင်း မရှိသေးသည့်အတွက် ယွမ့်ထန်းက ထမင်းပေါင်းအိုးကိုသာ အသုံးပြုရသည်။ ပထမဦးစွာ သူက ဟင်းချက်ဆီအနည်းငယ်ကိုသုံးပြီး ထမင်းပေါင်းအိုး၏ အတွင်းဘက်အိုးကို သုတ်လိုက်သည်။ ထိုနည်းအားဖြင့် ကိတ်မုန့်က အောက်ခြေတွင် ကပ်တော့မည်မဟုတ်ပေ။ ထို့နောက် သူက ဂျုံမှုန့်၊ ကြက်ဥနှင့်နို့ရည်ရောထားသော အရည်များကို ထမင်းပေါင်းအိုးထဲသို့ ထည့်လိုက်ပြီး ထမင်းချက်သကဲ့သို့ ချက်ရန်ပြင်ဆင်လိုက်သည်။ မိနစ်နှစ်ဆယ်ခန့်ကြာလျှင် သည်ကိတ်မုန့်က အဆင့်သင့်ဖြစ်ပေလိမ့်မည်။

ယွမ့်ထန်းက လက်ကိုဆေးကြောပြီးနောက် လက်ကိုင်ပုဝါတစ်ခုဖြင့်သုတ်သည်။ ထို့နောက် ဘေးဘက်မှ သတင်းပို့သံကိုကြားလိုက်ရ၏။

“ဆရာယွမ့် ကျွန်တော် ပြီးသွားပါပြီ”

ပထမဦးဆုံးပြီးသွားခဲ့သည်က ကျောက်ကွမ်းမင်ဖြစ်နေသည်။ သူ၏ ယခင်ဟင်းလျာက ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဟော်ယွန်ချန်း၏အမိန့်ကြောင့် သူက နောက်တစ်ကြိမ် ထပ်လုပ်သည်။ သည်တစ်ကြိမ်တွင် သူက ပို၍ကျွမ်းကျင်သွား၏။ သကြားက ယခင်တစ်ခေါက်ထက် ပိုနည်းသွားပြီး အချိုနှင့်အချဉ်အရသာက အနေတော်ဖြစ်သွားသည်။ ယွမ့်ထန်းက ကျေနပ်စွာခေါင်းငြိမ့်လိုက်၏။

ထို့နောက် ဝမ်ကျယ့်ယန်၊ ရွှယ်ရွေ့နှင့်ဝမ်ကျွမ်းတို့ကလည်း သူတို့၏ ခရမ်းချဉ်သီးကြက်ဥကြော်များကို ပြီးသွားကြသည်။ အရသာကလည်း ယခင်တစ်ခေါက်နှင့်ယှဉ်လျှင် တိုးတက်လာကြသည်။ ရှင်းလင်းစွာဖြင့်ပင် သူတို့အားလုံးက ကိုယ်စီပြဿနာများကို သိနားလည်ကြပြီး ဖြေရှင်းနိုင်ကြဟန်ရသည်။ အထူးသဖြင့် ဝမ်ကျွမ်းဖြစ်သည်။ သူ၏အရသာကို ထိန်းချုပ်နိုင်စွမ်းအားက အဖွဲ့အတွင်း အကောင်းဆုံးဖြစ်လာခဲ့၏။ သည်တစ်ကြိမ်တွင် သူက ကြက်ဥကြော်ကို ခပ်ပျော့ပျော့နူးညံ့သည့် အနေအထားအတိုင်းရအောင် လုပ်နိုင်ခဲ့သည့်အတွက် အမှတ်အမြင့်ဆုံး ဖြစ်သွားတော့သည်။

အခြားလူများကလည်း တစ်ခေါက်ပြန်ကြော်ခြင်း ပြီးဆုံးသွားခဲ့ကြသည်။ သူတို့၏ရလဒ်က လက်ခံနိုင်ဖွယ်ရာမရှိသေးပေ။ သို့ရာတွင် မျက်နှာဝိုင်းဝိုင်းနှင့် စစ်သား၏ ဟင်းလျာကမူ တိုးတက်မှုရှိလာခဲ့သည့်အတွက် ယွမ့်ထန်းက ကျေနပ်သွားသည်။

“အားလုံးပဲ ကြိုးစားခဲ့ကြပါတယ်၊ အခု တစ်ခဏနားပြီး ကိတ်မုန့်လာစားကြပါအုံး”

ယွမ့်ထန်းက ပြောပြီးနောက်တွင် ထမင်းပေါင်းအိုးကို ဖွင့်လိုက်သည်။ ချိုမြိန်သောရနံ့က ပျံ့လွင့်လာကာ တစ်ခန်းလုံးကို လွှမ်းခြုံသွားသည့်အတွက် လူတိုင်း၏အာရုံက ထိုနေရာသို့ရောက်လာတော့သည်။

ယွမ့်ထန်းက နူးအိကာ စားချင်စဖွယ်ဖြစ်နေသော ရွှေရောင်ကိတ်ကို အတွင်းအိုးထဲမှ ထုတ်လိုက်ပြီးနောက် ကြီးမားသော ပန်းကန်ပြားတစ်ချပ်ပေါ်သို့ တင်သည်။ ထို့နောက် သူက အအေးခံပြီး ၁၂ ပိုင်းပိုင်းလိုက်၏။

“အားလုံးပဲ ပန်းကန်ပြားတစ်ချပ်စီယူပြီး  တစ်ပိုင်းစီယူစားကြပါ၊ လူတိုင်းတစ်ပိုင်းစီယူဖို့ လုံလောက်ပါတယ်”

အမှန်အတိုင်းဆိုရသော် ထိုကိတ်မုန့်က အခြေခံအားဖြင့်သာ ဖုတ်ထားခြင်းဖြစ်ပြီး ပါဝင်ပစ္စည်းများ ပို၍လိုအပ်လေသည်။ ပါဝင်ပစ္စည်းများကသာ လုံလောက်မည်ဆိုလျှင် ယွမ့်ထန်းအနေဖြင့် ပို၍ကောင်းမွန်သော ကိတ်များကို လုပ်နိုင်သေး၏။ ကံဆိုးစွာဖြင့်ပင် ထိုသို့လုပ်ရန်အတွက် လိုအပ်ချက်က များပြားနေသည့်အတွက် လက်လျှော့ထားရခြင်းလည်းဖြစ်သည်။ သို့သော် သူက လိုအပ်သည့်ပစ္စည်းများကို စိတ်ထဲတွင် မှတ်ထားခဲ့ပြီးနောက်ပိုင်း ဟော်ယွန်ရီကိုပြောကာ အကူညီတောင်း ရန် စဉ်းစားထားသည်။

လူတိုင်းက အလျင်စလို ပန်းကန်ပြားများကိုယူပြီး ဘေးဘက်တွင် တန်းစီနေကြသည်။ သူတို့က ဟော်ယွန်ချန်းနှင့်ယွမ့်ထန်းတို့ကို သူတို့၏ဝေစုကို ဦးစွာယူရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ဟော်ယွန်ချန်းက ယွမ့်ထန်းကိုနမူနာ ယူလျက် ဇွန်းတစ်ချောင်းကို ကောက်ယူလိုက်ကာ ကိတ်မုန့်ကို ဖဲ့ပြီးသူ၏ပါးစပ်ထဲသို့ထည့်သည်။ ဖျော့တော့သော ကြက်ဥနှင့်နို့အရသာအပြင် ချိုမြိန်မှုက ကပ်ပါလာ၏။ထို့အပြင် ဝါးလိုက်လျှင်လည်း နူးညံ့ကာ စား၍ကောင်း နေသေးသည်။ အားလုံး ပေါင်းစပ်လိုက်သော် အလွန်အရသာရှိသည်မှာ သေချာ၏။ အခြားသော စစ်သားများ၏တုန့်ပြန်မှုကလည်း ဟော်ယွန်ချန်းနှင့်အတူတူသာလျှင်ဖြစ်သည်။ သူတို့၏မျက်ဝန်းများက စားသောက်နေရင်းနှင့်ပင် တောက်ပနေကြ၏။

ဝမ်ကျယ့်ယန်ဆိုလျှင် အလွန်အကြူးပြုမူတတ်သူဖြစ်သည်။ သူက ပုံမှန်အားဖြင့် သွက်လက်ချက်ချာသောစရိုက်ကို ပိုင်ဆိုင်ထားသူဖြစ်လေရာ ယွမ့်ထန်း၏အနားသို့ပင် လာပြီး သူတို့သည်လည်း ကိတ်မုန့်လုပ်နည်းကို သင်ချင်သည်ဟု ပြောလာသည်။

သူ၏လေ့လာမှုအရဆိုလျှင် ကျောက်ကွမ်းမင်၊ ရွှယ်ရွေ့၊ ဝမ်ကျွမ်းနှင့်ဝမ်ကျယ့်ယန်တို့အားလုံးက ချက်ပြုတ်ရာတွင်ပါရမီပါကြသည်။  မျက်နှာဝိုင်းဝိုင်းနှင့်စစ်သားကလည်း ပေါက်ကရလုပ်တတ်သော်လည်း ဒါက သူ၏ဂရုမစိုက်မှုကြောင့်ဖြစ်ပြီး အလေးအနက်ထားလျှင် အဆင်ပြေနိုင်သေးလေသည်။ သူကလည်း ပါရမီပါသည်ဟု မဆိုနိုင်သော်လည်း သင့်လျော်သည်ဟု ဆိုနိုင်သေးလေ၏။ ထို့ကြောင့် ယွမ့်ထန်းက ဆက်လက်ပြီး စောင့်ကြည့်ရန်ဆုံးဖြတ်ထားလိုက်သည်။

အခြားငါးယောက်၏လုပ်ဆောင်နိုင်မှုများကမူ ကျေနပ်စရာမရှိပေ။ သူတို့က ချက်ပြုတ်ရာတွင် ကြိုးစားခြင်းကြောင့်သာ ယခုလောက်အထိ လုပ်နိုင်နေခြင်းဖြစ်၏။ သို့သော် သူတို့တွင် ပါရမီပါခြင်းလည်းမရှိသလို သင့်လျော်ခြင်းလည်းမရှိကြပေ။ သည်နေရာတွင် နေခြင်းက သူတို့အတွက် အချိန်ဖြုန်းခြင်းဖြစ်နေလောက်သည်။ ထို့ကြောင့် သူတို့၏နဂိုနေရာသို့ပြန်ကာ သူတို့၏ထူးချွန်သည့်ပါရမီများကို ထုတ်သုံးပြခြင်းက ပိုကောင်းသည်ဟု ထင်သည်။

သူက ဟော်ယွန်ချန်းကို ခပ်တိုးတိုးပြောပြလိုက်သောအခါ ဟော်ယွန်ချန်းကလည်း သဘောတူသည်။ ယွမ့်ထန်းက အခြားသော စစ်သားငါးယောက်ကို သွားရှာပြီးနောက် သူ၏ထင်မြင်ချက်ကိုပြောပြလိုက်သည်။ သူတို့၏ဆန္ဒကိုလည်း မေးမြန်းလိုက်၏။ သူတို့ကသာ သည်နေရာတွင် ဆက်နေလိုလျှင် သူက မောင်းထုတ်လိမ့်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ အားလုံးက သည်နေရာသို့လာရန် သူတို့ ကြီးကြပ်သူများ၏ ဖိအားပေးမှုကြောင့်သာမဟုတ်ဘဲ သူတို့၏ စိတ်ဆန္ဒကြောင့် ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်၏။ သူတို့ကသာ ချက်ပြုတ်ခြင်းတွင် အလွန်စိတ်အားထက်သန်နေခြင်းဆိုလျှင် ယွမ့်ထန်းကလည်း မောင်းမထုတ်ရက်ပေ။

သို့ရာတွင် ထိုလူများအားလုံးကလည်း သူတို့၏ သည်နေ့လုပ်ဆောင်နိုင်မှုအရ သူတို့က ပါရမီမပါကြောင်း သိသွားကြပြီး သူတို့ကသာ ဆက်နေမည်ဆိုလျှင် ယွမ့်ထန်းကိုသာ ဒုက္ခပေးပြီး အချိန်ဖြုန်းသလိုဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ထိုထဲမှလေးယောက်က နဂိုနေရာသို့ပြန်သွားချင်ကြောင်း ပြောလိုက်သည်။
သို့သော် ထောင်ထောင်မောင်းမောင်းနှင့်လူငယ်တစ်ယောက်ကမူ တုံ့ဆိုင်းစွာဖြင့် မေးသည်။

“ကျွန်တော် ဒီနေရာမှာ ဆက်နေပြီး ကြိုးစားကြည့်ရင်အဆင်ပြေနိုင်မလား”

ယွမ့်ထန်းက ပြောသည်။
“ရတာပေါ့၊ အဆင်ပြေပါတယ်”

ချက်ပြုတ်ခြင်းတွင်ပါရမီက အဓိကလိုအပ်သည်တော့မဟုတ်ပေ။ ကြိုးစားချင်စိတ်ရှိပြီး အသေးစိတ်အချက်အလက်များကိုသာ ဂရုစိုက်ထားမည်ဆိုလျှင် အဆင်ပြေနိုင်သေးသည်။ အထူးသဖြင့် သူတို့ကသာ ထပ်ခါတလဲလဲလေ့ကျင့်ပြီး ရူးကြောင်ကြောင်အလုပ်များကို မလုပ်တော့ဘဲ အလေးအနက်ထားလိုက်မည်ဆိုလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ဖြစ်လာရန် အလားအလာရှိနိုင်သေးသည်။

ထိုလူငယ်ကို ယွမ့်ထန်းက လက်ခံလိုက်၏။ ထိုလူငယ်၏နာမည်က ကွေ့လျန်ဖြစ်သည်။ သူသည်လည်း သည်နေရာတွင် နေမည်ဖြစ်သည့်အတွက် ကိတ်မုန့်လုပ်နည်းသင်ချင်ကြောင်း ပြောလာသည်။

“ဒါဆိုရင် ကိုယ် မင်းကို မနှောင့်ယှက်တော့ဘူ၊ သင်ခန်းစာတွေအားလုံးပြီးသွားမှပဲ ရလဒ်ကို ကိုယ့်ကိုပြောပြပါတော့”
ဟော်ယွန်ချန်းက ပြောသည်။

“ကောင်းပါပြီ”

မာရှယ်တစ်ယောက်အနေနှင့် ဟော်ယွန်ချန်း၏အချိန်က အလွန်အဖိုးတန်သည်။ သူ့အနေနှင့် သည်နေရာတွင် တစ်ချိန်လုံးနေရန် မဖြစ်နိုင်ပေ။ ယွမ့်ထန်းကလည်း ဒါကိုနားလည်သည့်အတွက် ချက်ချင်းသဘောတူလိုက်သည်။

သည်တစ်ကြိမ်တွင် ယွမ့်ထန်းက သူတို့၏ သင်ယူနိုင်စွမ်းကို စမ်းသပ်စစ်ဆေးရန် ဆုံးဖြတ်ချက်ချထားပြီးလေပြီ ထို့ကြောင့် သူက သူ၏လက်တွေ့စမ်းသပ်မှုကို လေ့လာခိုင်းရုံမျှသာ မဟုတ်တော့လေဘဲ အသေးစိတ်အချက်အလက်များကိုပါ ရှင်းပြလိုက်တော့၏။
ယခင်က ကြက်ဥဟင်းလျာနှစ်ပွဲ လုပ်ခဲ့ပြီးပြီဖြစ်သည့်အတွက် သူတို့က ကြက်ဥမွှေရာတွင် ကျွမ်းကျင်သွားပြီဟု ယူဆနိုင်သည်။ ထို့အပြင် သူတို့က အချိန်အတန်ကြာ စစ်သားတစ်ယောက်၏လေ့ကျင့်မှုမျိုးကို လက်ခံရရှိခဲ့ပြီးသူများ ဖြစ်သည့်အလျောက် နဂိုကတည်းက သန်မာမြန်ဆန်ကြပြီးသူများဖြစ်သည်။ ထို့ကြောင့် ကြက်ဥအဖြူနှင့်ကြက်ဥအနှစ်ကို ခွဲသည့်ကိစ္စတွင် သူတို့က ကျွမ်းကျင်စွာ လုပ်နိုင်ကြသည်။ ထို့နောက် မုန့်နှစ်နယ်သည့်အဆင့်သို့ ရောက်လာသည်။ မုန့်နှစ်များအားလုံးကို ထမင်းပေါင်းအိုးအတွင်းသို့ ထည့်ပြီးနောက်တွင် ထမင်းပေါင်းအိုးက အလိုအလျောက်ကိတ်မုန့်ကို ဖုတ်ပေးမည်ဖြစ်သည့်အတွက် ဘာပြဿနာမှ မရှိနိုင်တော့ချေ။ အပူချိန်ကို ထိန်းချုပ်ရာတွင်လည်း သူတို့၏ ချို့ယွင်းမှုများ ရှိနေမည်ဆိုလျှင်ပင် ကိတ်မုန့်ကို သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ယခင်ရှေးဦးပိုင်းအဆင့်များကသာ  ကောင်းမွန်စွာပြီးသွားလျှင် ကိတ်မုန့်က အောင်မြင်သွားပေလိမ့်မည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက်တွင် ကိတ်မုန့်များကို ဖုတ်ပြီးလေပြီ။ ထိပ်ဆုံးကျောင်းသားလေးယောက်ဖြစ်သည့် ကျောက်ကွမ်းမင်၊ ရွှယ်ရွေ့၊ ဝမ်ကျွမ်းနှင့်ဝမ်ကျယ့်ယန်တို့အားလုံးက ကောင်းမွန်စွာလုပ်ဆောင်နိုင်ကြသည်။ ကွေ့လျန်နှင့်လျှိုဟိုင်ထောင်တို့ကမူ  တစ်ယောက်က နို့နည်းသွားပြီး တစ်ယောက်က နို့အလွန်များသွားသည်။ ထို့ကြောင့် ကိတ်မုန့်တစ်ခုက မာသွားပြီး ကိတ်မုန့်တစ်ခုက ပျော့သွား၏။ ယွမ့်ထန်းအနေဖြင့် သူတို့ကိုပြန်လုပ်ခိုင်းရတော့သည်။
ကံကောင်းစွာဖြင့်ပင် သည်တစ်ကြိမ်တွင် သူတို့နှစ်ယောက်လုံးက အမှားကို မှတ်မိကြသည့်အတွက်  အဆင့်မှီအောင်လုပ်နိုင်ကြသည်။
ယွမ့်ထန်းကလည်း ကျေနပ်သွားပြီး ထိုလက်ထောက်ခြောက်ယောက်ကို ကြည့်သည်။ သူက မနက်ဖြန်ဆိုလျှင် သူတို့ကို တစ်ဖန်ထပ်လာသင်ပါ့မည်ဟု ကတိပေးလိုက်မှသာ ထွက်သွားကြတော့၏။

သည်နေ့အတွက် သင်ခန်းစာပြီးသွားပြီဖြစ်သည့်အတွက် သူက ဟော်ယွန်ချန်းကို စာပို့လိုက်ပြီး ရလဒ်ကိုပြောပြကာ ဂိတ်ပေါက်သို့ လျှောက်သွားလိုက်သည်။ သူက အလင်းဦးနှောက်ကိုဖွင့်ကာ ကားပျံကိုခေါ်ပြီး သူ့ကို အိမ်သို့ပို့ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ထိုအချိန်တွင် တံခါးမှ ဖွင့်လိုက်ရုံနှင့်ပင ်မျက်စိဖမ်းစားနိုင်စွမ်းရှိလောက်အောင် ထင်ရှားသော ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့် ခန့်ညားသည့်ဟော်ယွန်ချန်းက သူ၏ကိုယ်ပိုင်ငွေရောင်ကားရှေ့တွင်ရပ်လျက် ရှိနေကြောင်း မြင်လိုက်ရသည်။

“လာ ကိုယ်က မင်းကို ပြန်လိုက်ပို့မယ်”

“မဟုတ်တာ မာရှယ် အရမ်းအလုပ်များနေပါလိမ့်မယ်၊ ကျွန်တော်က အခုပဲ ကားပျံခေါ်လိုက်ပြီး ပြန်သွားလို့ဖြစ်ပါတယ်”

ယွမ့်ထန်းက ဟော်ယွန်ချန်းအတွက် အမြဲလိုလိုဒုက္ခပေးနေရခြင်းကို အားနာလေသည်။ ထို့ကြောင့် သူက ယဉ်ကျေးစွာသာ ငြင်းဆန်လိုသည်။

“ကိုယ်က မင်းနဲ့ စတားနက်ဝေါ့ပေါ်က အခြေအနေတွေကို ပြောချင်တယ်၊ ကိုယ်တို့ဘယ်လိုများ ထပ်ပြီး စီမံကိန်းဆွဲမလဲဆိုတာကိုလည်း ပြောဖို့ရှိတယ်”

“ကောင်းပြီ ဒီလိုဆိုရင် မာရှယ်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ထိုစကားကိုကြားသောအခါ ယွမ့်ထန်းကလည်း ကားပျံခေါ်ခြင်းကို လက်လျှော့လိုက်တော့သည်။ သူက တစ်ဖက်သူအတွက် အမြဲလိုလို ဒုက္ခပေးသလို ဖြစ်နေခဲ့ပြီး ထိုအကြောင်းကို တွေးမိချိန်တိုင်း မသက်မသာဖြစ်ရ၏။ ထို့ကြောင့် အကြံပေးလိုက်၏။

“ဒါဆို ဘာလို့ မာရှယ်က ကျွန်တော့်အိမ်မှာ ညစာမစားတာလဲ”

မည်သို့ပင်ဆိုစေ သူကလည်း ညစာအတွက် ထိုညီအစ်ကိုများအတွက် လုပ်ပေးရအုံးမည်ဖြစ်သည်။ သူ့အိမ်တွင် ဟော်ယွန်ချန်း တစ်ခါတည်း စားသွားလိုက်ခြင်းက ပို၍အဆင်ပြေ၏။

“ကောင်းပါပြီ”

အပိုင္း ၃၉ လက္ေထာက္ေျခာက္ေယာက္

ယြမ့္ထန္းက မ်က္ေတာင္တခ်က္ခတ္ကာ ေလးနက္ေသာေလသံျဖင့္ ေျပာလိုက္သည္။

“ၾကယ္ဖလားကို ေျပာတာပါ”

ၾကယ္ဖလားဆိုသည္မွာ သည္ေလာကတြင္ ေက်ာ္ၾကားေသာ ပြဲႀကီးတစ္ခုျဖစ္သည္။ ကမာၻဖလားႏွင့္ဆင္တူၿပီး ေဘာလုံးကန္ျခင္းဆိုသည္ထက္ မကၡစြမ္းရည္ကို ယွဥ္ၿပိဳင္ၾကျခင္းျဖစ္သည္။ ထိုနာမည္ကို ပထမဆုံးအႀကိမ္ ၾကားခ်ိန္ကဆိုလွ်င္ ယြမ့္ထန္းက အခ်ိန္အတန္ၾကာရယ္ခဲ့မိေသးသည္။

ေဟာ္ယြန္ခ်န္းက ေခါင္းၿငိမ့္ၿပီးေနာက္ အပိုစကားမေျပာေတာ့ေပ။
သို႔ေသာ္ ဝမ္က်ယ့္ယန္က သူ၏အနားတြင္ နီးကပ္စြာရပ္ေနခဲ့ျခင္းျဖစ္ကာ မေနနိုင္ဘဲ ခပ္တိုးတိုးေျပာလိုက္သည္။

“ၾကယ္ဖလားအေၾကာင္းေျပာမယ္ဆိုရင္ မာရွယ္ေဟာ္က ဒီႏွစ္ေတြအတြင္းမွာ ေတာက္ေလွ်ာက္ ခ်န္ပီယံဆုကို ရသင့္တဲ့သူပဲ”

ေဟာ္ယြန္ခ်န္းက ေခ်ာင္းဟန႔္ကာ သူ႕အား ေအးစက္စြာစိုက္ၾကည့္လိုက္သည္။

ယြမ့္ထန္းက ေတြးေတာၿပီးေနာက္ စိတ္ဝင္စားသြားသည္။
“သူက ဒီေလာက္အထိ စြမ္းအားႀကီးတာလား”

႐ႊယ္ေ႐ြ႕ကလည္း ထိုစကားကိုၾကားေသာအခါ တစ္ခ်က္ၾကည့္လာေသာ္လည္း ေဟာ္ယြန္ခ်န္းကို ျပန္ၾကည့္မိခ်ိန္တြင္ ခ်က္ခ်င္းဆိုသလို မ်က္လႊာခ်လိဳက္မိသည္။ သူက မေျပာရဲေတာ့ေခ်။

ယြမ့္ထန္းက ေဟာ္ယန္ခ်န္းကိုၾကည့္သည္။ ေဟာ္ယြန္ခ်န္းက သူ၏အနားသို႔ကပ္လာၿပီးေျပာသည္။

“ အတိတ္က ကိစၥေတြပါပဲ၊ ဒါက ထည့္ေျပာဖို႔မတန္ပါဘူး”

“ဘာလို႔ မတန္ရမွာလဲ”

႐ႊယ္ေ႐ြ႕က မေနနိုင္ဘဲ ေခါင္းကိုျပန္ေမာ့လာသည္။ သူက ခိုင္မာစြာျငင္းဆန္၏။

“အဲဒိအခ်ိန္တုန္းကဆိုရင္ မာရွယ္ေဟာ္က ခ်န္ပီယံဆုရဖို႔ အလားအလာအရွိဆုံး လူတစ္ေယာက္ျဖစ္ခဲ့တယ္၊ သူ႕ရဲ႕ေက်ာ္ၾကားမႈက မိုးထိုးျမင့္တက္ခဲ့တယ္မဟုတ္လား၊ ေနာက္ဆုံးပြဲစဥ္ကဆိုရင္ အျခားယွဥ္ၿပိဳင္တဲ့ ဆယ္ေယာက္ေက်ာ္လုံးက သူ႕ကိုအတူေပါင္းၿပီး တိုက္ခိုက္ခဲ့ၾကတယ္၊ ဒါေပမယ့္ မာရွယ္ေဟာ္က သူတို႔အားလုံးေပါင္းၿပီး တိုက္ခိုက္လာတဲ့အခ်ိန္မွာေတာင္ စြမ္းအားႀကီးလြန္းလို႔ သူက အားလုံးကို ရင္ဆိုင္နိုင္ခဲ့တယ္”

႐ႊယ္ေ႐ြ႕၏မ်က္ဝန္းက ေတာက္ပလာၿပီး သူက ေဟာ္ယြန္ခ်န္း၏ ပရိတ္သတ္တစ္ေယာက္ျဖစ္ေၾကာင္း သိသာလာသည္။

“႐ုတ္တရက္  စစ္ပြဲက ျဖစ္လာခဲ့ၿပီး မာရွယ္ေဟာ္က ၿပိဳင္ပြဲကိုစြန႔္ခြာၿပီး ေရွ႕တန္းကိုသြားခဲ့ရတာေၾကာင့္သာမဟုတ္ရင္ မာရွယ္ေဟာ္က ေသခ်ာေပါက္ ခ်န္ပီယံျဖစ္ခဲ့မွာပဲ”

ယြမ့္ထန္းက ထိုအေၾကာင္းအရာမ်ားကို ျပန္ၾကားရျခင္းကိုသေဘာက်သည္။ သူက ေဟာ္ယြန္ခ်န္းကို ျပန္ၾကည့္ၿပီးၿပဳံးကာ ခ်ီးက်ဴးေပးလိုက္၏။

“မာရွယ္က တကယ္အံ့ဩဖို႔ေကာင္းတာပဲ”

ေဟာ္ယြန္ခ်န္း၏နားမ်ားက နီရဲလာသည္။ သူက မ်က္ႏွာကို တည္ၾကည္ေအာင္ မနည္းထိန္းထားရ၏။ ထို႔ေနာက္ ခပ္ျပတ္ျပတ္ေျပာလာသည္။

“မင္းတို႔ ဘာလုပ္ေနၾကတာလဲ၊ ကိုယ့္အလုပ္ကို မလုပ္ၾကဘူးလား”

“အားလုံး အဆင္ေျပပါတယ္၊ လူတိုင္းက တကယ္ႀကိဳးစားၾကတယ္”
ယြမ့္ထန္းက ၿပဳံးကာ ျပန္ေျဖေပးသည္။

“အာ ဒါဆိုဘာလို႔ ဒီအခန္းထဲက ေညွာ္နံ႕ေတြ ထြက္ေနတာလဲ”

ေဟာ္ယြန္ခ်န္း၏ေအးစက္ေသာမ်က္ဝန္းက တစ္ဖြဲ႕လုံးထံ ျဖတ္သန္းသြားခ်ိန္တြင္ အားလုံးက အၾကည့္လႊဲသြားၾကသည္။သူတို႔ အျပစ္မကင္းသလိုခံစားေနၾကရ၏။

“အားလုံး ထပ္လုပ္ၾကစမ္း”
ေဟာ္ယြန္ခ်န္းက ေအးစက္စြာေျပာသည္။

“ခဏေနရင္ မင္းတို႔ခ်က္ၿပီးသမွ်အားလုံးကို မင္းတို႔ ျပန္စားရမယ္၊ မင္းတို႔ ကိုယ့္အမွတ္ကို ကိုယ့္ဘာသာျပန္ေပး၊ အရည္အခ်င္းမျပည့္မွီတဲ့လူေတြက ဒီညေန ေလ့က်င့္ေရးခ်ိန္မွာ အပိုထပ္လုပ္ရမယ္”

“ဟုတ္ကဲ့”

တစ္ဖြဲ႕လုံးက အသိုက္ခြဲခံလိုက္ရသည့္ငွက္မ်ားကဲ့သို႔ အလ်င္စလို မီးဖိုနားသို႔ ေျပးသြားၾကသည္။ သူတို႔က ခရမ္းခ်ဥ္သီးၾကက္ဥကို တစ္ဖန္ခ်က္ျပဳတ္ရျပန္၏။ သူတို႔၏အမူအရာမ်ားက ယခင္တစ္ေခါက္ထက္ပို၍ ေလးနက္သြားၾကသည္။

“ငါ လုပ္ၿပီးသြားၿပီ၊ ဒါေပမယ့္အားလုံး အရသာခံၿပီးမွပဲ ငါ စားတာေကာင္းမယ္ ထင္တယ္”
သူက ေျပာသည္။

“ဗိုက္ဆာေနၿပီလား၊ ကြၽန္ေတာ္က မာရွယ္စားဖို႔အတြက္ တစ္ခုခုျပင္ဆင္ေပးသင့္လား”

“ကိုယ္က သူတို႔ရဲ႕တိုးတက္မႈကို လာၾကည့္႐ုံပါပဲ၊ ကိုယ့္ကိုယ္ကို ဒုကၡမခံပါနဲ႕”

ေဟာ္ယြန္ခ်န္း က ေခါင္းကိုညင္သာစြာခါသည္။ သို႔ေသာ္ သူက ရိုးသားစြာျဖင့္ မီးဖိုခန္းတစ္ခုသို႔ ခ်ဥ္းကပ္သြားၿပီး စိတ္လႈပ္ရွားလာသည္။

“အာ ဒါဆိုလည္း ထားလိုက္ပါေတာ့ေလ”
ယြမ့္ထန္းက သူ႕အား စေနာက္ခ်င္သြားသည္။

ေဟာ္ယြန္ခ်န္း “…”

သူ၏ေျခလွမ္းမ်ားက ရပ္တန႔္သြားသည္။ တစ္ခဏခန႔္ ရပ္တန႔္ၿပီးေနာက္တြင္ သူ၏အၿပဳံးကို မထိန္းထားနိုင္ေတာ့ေခ်။ ၾကည့္ရသည္မွာ ယြမ့္ထန္းက သူ၏အေနာက္မွ ကပ္ပါလာေသာ မျမင္ရသည့္အရိပ္တစ္ခုႏွင့္တူလာသည္။ သူက ၿပဳံးၿပီးေျပာသည္။

“ဒါ့ေပမယ့္ ကြၽန္ေတာ္ကေတာ့ ကိုယ့္ဘာသာစားဖို႔ တစ္ခုခုလုပ္ဖို႔ စဥ္းစားေနတာ၊ မာရွယ္က ကြၽန္ေတာ့္ကို အေဖာ္မျပဳေပးခ်င္ဘူးလား”

“အင္း”

ေဟာ္ယြန္ခ်န္း၏ မ်က္ခုံးမ်ားက ေျဖာင့္တန္းသြားသည္။ သူက အသာအယာေခါင္းၿငိမ့္ၿပီးစိတ္ၾကည္သြားေသာအမူအရာျဖစ္သြား၏။

လူတိုင္းက မီးဖိုမ်ားကိုအသုံးျပဳေနၾကသည့္အတြက္ ယြမ့္ထန္းက အလြန္ႀကီးမားေသာ ထမင္းေပါင္းအိုးအနားသို႔သြားလိုက္ကာ ဆန္ကိတ္မုန႔္တစ္ခုလုပ္ရန္ ႀကိဳးစားလိုက္သည္။ အခ်ိန္က ေန႕လည္သုံးနာရီျဖစ္သည့္အတြက္ အဆာေျပစားရန္ အေကာင္းဆုံးအခ်ိန္ျဖစ္သည္။ မည္သို႔ပင္ဆိုေစ အဓိကပါဝင္ပစၥည္းမ်ားက ၾကက္ဥ၊ ဂ်ဳံမႈန႔္ႏွင့္နို႔မ်ားသာလွ်င္ျဖစ္သည္။

ပထမဦးစြာ သူက ၾကက္ဥမွ အကာႏွင့္အႏွစ္ကို ခြဲလိုက္သည္။ အေၾကာင္းမူကား သည္ေနရာတြင္ တသီးတသန႔္ျပင္ဆင္ထားေသာ မီးဖိုေခ်ာင္သုံးပစၥည္းမ်ား မရွိသည့္အတြက္ ၾကက္ဥအခြံႏွစ္ခုကိုသာခြဲကာ တစ္ဖက္တစ္ခ်က္စီတြင္ ခြဲထားရင္းျဖင့္သာ အရည္မ်ားကို ဖယ္လိုက္ရ၏။

ထိုအျပဳအမူက စစ္သားအမ်ားစု၏အာ႐ုံကို ဆြဲေဆာင္သြားသည္။ ထို႔ေနာက္ သူက နို႔၊ ဆီႏွင့္ဂ်ဳံမႈန႔္မ်ားကိုထည့္ကာ ဇြန္းျဖင့္ေမႊသည္။ ထို႔အျပင္ ၾကက္ဥအႏွစ္မ်ားကို ထည့္လိုက္ၿပီးေနာက္တြင္ ေမႊၿပီးမွသာ ေနာက္ပိုင္းအသုံးျပဳရန္ တဖန္ဖယ္ထားလိုက္သည္။ ထို႔ေနာက္ သူက ၾကက္ဥေမႊစက္ကိုယူၿပီး ၾကက္ဥမွ အကာအျဖဴသားမ်ားကို ေမႊလိုက္ရာ အျဖဴေရာင္နို႔မ်ားကဲ့သို႔ျဖစ္သြားသည္။ ထို႔ေနာက္ သၾကားျဖဴအနည္းငယ္ထည့္ၿပီး ထပ္ေမႊသည္။ သူက ထိုၾကက္ဥအျဖဴအရည္မ်ားကို ၾကက္ဥအႏွစ္ေမႊထားသည့္အထဲသို႔ ထည့္လိုက္ၿပီးေနာက္တြင္ အေျခခံအားျဖင့္ ျပင္ဆင္၍ၿပီးသြားသည္။

လက္ရွိအခ်ိန္တြင္ ကိတ္မုန႔္ဖုတ္စက္ကို အကယ္ဒမီသိပၸံက ေရာင္းခ်ရန္ တင္သြင္းထားျခင္း မရွိေသးသည့္အတြက္ ယြမ့္ထန္းက ထမင္းေပါင္းအိုးကိုသာ အသုံးျပဳရသည္။ ပထမဦးစြာ သူက ဟင္းခ်က္ဆီအနည္းငယ္ကိုသုံးၿပီး ထမင္းေပါင္းအိုး၏ အတြင္းဘက္အိုးကို သုတ္လိုက္သည္။ ထိုနည္းအားျဖင့္ ကိတ္မုန႔္က ေအာက္ေျခတြင္ ကပ္ေတာ့မည္မဟုတ္ေပ။ ထို႔ေနာက္ သူက ဂ်ဳံမႈန႔္၊ ၾကက္ဥႏွင့္နို႔ရည္ေရာထားေသာ အရည္မ်ားကို ထမင္းေပါင္းအိုးထဲသို႔ ထည့္လိုက္ၿပီး ထမင္းခ်က္သကဲ့သို႔ ခ်က္ရန္ျပင္ဆင္လိုက္သည္။ မိနစ္ႏွစ္ဆယ္ခန႔္ၾကာလွ်င္ သည္ကိတ္မုန႔္က အဆင့္သင့္ျဖစ္ေပလိမ့္မည္။

ယြမ့္ထန္းက လက္ကိုေဆးေၾကာၿပီးေနာက္ လက္ကိုင္ပုဝါတစ္ခုျဖင့္သုတ္သည္။ ထို႔ေနာက္ ေဘးဘက္မွ သတင္းပို႔သံကိုၾကားလိုက္ရ၏။

“ဆရာယြမ့္ ကြၽန္ေတာ္ ၿပီးသြားပါၿပီ”

ပထမဦးဆုံးၿပီးသြားခဲ့သည္က ေက်ာက္ကြမ္းမင္ျဖစ္ေနသည္။ သူ၏ ယခင္ဟင္းလ်ာက ေက်ာ္ျဖတ္နိုင္ခဲ့ေသာ္လည္း ေဟာ္ယြန္ခ်န္း၏အမိန႔္ေၾကာင့္ သူက ေနာက္တစ္ႀကိမ္ ထပ္လုပ္သည္။ သည္တစ္ႀကိမ္တြင္ သူက ပို၍ကြၽမ္းက်င္သြား၏။ သၾကားက ယခင္တစ္ေခါက္ထက္ ပိုနည္းသြားၿပီး အခ်ိဳႏွင့္အခ်ဥ္အရသာက အေနေတာ္ျဖစ္သြားသည္။ ယြမ့္ထန္းက ေက်နပ္စြာေခါင္းၿငိမ့္လိုက္၏။

ထို႔ေနာက္ ဝမ္က်ယ့္ယန္၊ ႐ႊယ္ေ႐ြ႕ႏွင့္ဝမ္ကြၽမ္းတို႔ကလည္း သူတို႔၏ ခရမ္းခ်ဥ္သီးၾကက္ဥေၾကာ္မ်ားကို ၿပီးသြားၾကသည္။ အရသာကလည္း ယခင္တစ္ေခါက္ႏွင့္ယွဥ္လွ်င္ တိုးတက္လာၾကသည္။ ရွင္းလင္းစြာျဖင့္ပင္ သူတို႔အားလုံးက ကိုယ္စီျပႆနာမ်ားကို သိနားလည္ၾကၿပီး ေျဖရွင္းနိုင္ၾကဟန္ရသည္။ အထူးသျဖင့္ ဝမ္ကြၽမ္းျဖစ္သည္။ သူ၏အရသာကို ထိန္းခ်ဳပ္နိုင္စြမ္းအားက အဖြဲ႕အတြင္း အေကာင္းဆုံးျဖစ္လာခဲ့၏။ သည္တစ္ႀကိမ္တြင္ သူက ၾကက္ဥေၾကာ္ကို ခပ္ေပ်ာ့ေပ်ာ့ႏူးညံ့သည့္ အေနအထားအတိုင္းရေအာင္ လုပ္နိုင္ခဲ့သည့္အတြက္ အမွတ္အျမင့္ဆုံး ျဖစ္သြားေတာ့သည္။

အျခားလူမ်ားကလည္း တစ္ေခါက္ျပန္ေၾကာ္ျခင္း ၿပီးဆုံးသြားခဲ့ၾကသည္။ သူတို႔၏ရလဒ္က လက္ခံနိုင္ဖြယ္ရာမရွိေသးေပ။ သို႔ရာတြင္ မ်က္ႏွာဝိုင္းဝိုင္းႏွင့္ စစ္သား၏ ဟင္းလ်ာကမူ တိုးတက္မႈရွိလာခဲ့သည့္အတြက္ ယြမ့္ထန္းက ေက်နပ္သြားသည္။

“အားလုံးပဲ ႀကိဳးစားခဲ့ၾကပါတယ္၊ အခု တစ္ခဏနားၿပီး ကိတ္မုန႔္လာစားၾကပါအုံး”

ယြမ့္ထန္းက ေျပာၿပီးေနာက္တြင္ ထမင္းေပါင္းအိုးကို ဖြင့္လိုက္သည္။ ခ်ိဳၿမိန္ေသာရနံ႕က ပ်ံ့လြင့္လာကာ တစ္ခန္းလုံးကို လႊမ္းၿခဳံသြားသည့္အတြက္ လူတိုင္း၏အာ႐ုံက ထိုေနရာသို႔ေရာက္လာေတာ့သည္။

ယြမ့္ထန္းက ႏူးအိကာ စားခ်င္စဖြယ္ျဖစ္ေနေသာ ေ႐ႊေရာင္ကိတ္ကို အတြင္းအိုးထဲမွ ထုတ္လိုက္ၿပီးေနာက္ ႀကီးမားေသာ ပန္းကန္ျပားတစ္ခ်ပ္ေပၚသို႔ တင္သည္။ ထို႔ေနာက္ သူက အေအးခံၿပီး ၁၂ ပိုင္းပိုင္းလိုက္၏။

“အားလုံးပဲ ပန္းကန္ျပားတစ္ခ်ပ္စီယူၿပီး  တစ္ပိုင္းစီယူစားၾကပါ၊ လူတိုင္းတစ္ပိုင္းစီယူဖို႔ လုံေလာက္ပါတယ္”

အမွန္အတိုင္းဆိုရေသာ္ ထိုကိတ္မုန႔္က အေျခခံအားျဖင့္သာ ဖုတ္ထားျခင္းျဖစ္ၿပီး ပါဝင္ပစၥည္းမ်ား ပို၍လိုအပ္ေလသည္။ ပါဝင္ပစၥည္းမ်ားကသာ လုံေလာက္မည္ဆိုလွ်င္ ယြမ့္ထန္းအေနျဖင့္ ပို၍ေကာင္းမြန္ေသာ ကိတ္မ်ားကို လုပ္နိုင္ေသး၏။ ကံဆိုးစြာျဖင့္ပင္ ထိုသို႔လုပ္ရန္အတြက္ လိုအပ္ခ်က္က မ်ားျပားေနသည့္အတြက္ လက္ေလွ်ာ့ထားရျခင္းလည္းျဖစ္သည္။ သို႔ေသာ္ သူက လိုအပ္သည့္ပစၥည္းမ်ားကို စိတ္ထဲတြင္ မွတ္ထားခဲ့ၿပီးေနာက္ပိုင္း ေဟာ္ယြန္ရီကိုေျပာကာ အကူညီေတာင္း ရန္ စဥ္းစားထားသည္။

လူတိုင္းက အလ်င္စလို ပန္းကန္ျပားမ်ားကိုယူၿပီး ေဘးဘက္တြင္ တန္းစီေနၾကသည္။ သူတို႔က ေဟာ္ယြန္ခ်န္းႏွင့္ယြမ့္ထန္းတို႔ကို သူတို႔၏ေဝစုကို ဦးစြာယူရန္ ေစာင့္ဆိုင္းေနၾကျခင္းျဖစ္သည္။

ေဟာ္ယြန္ခ်န္းက ယြမ့္ထန္းကိုနမူနာ ယူလ်က္ ဇြန္းတစ္ေခ်ာင္းကို ေကာက္ယူလိုက္ကာ ကိတ္မုန႔္ကို ဖဲ့ၿပီးသူ၏ပါးစပ္ထဲသို႔ထည့္သည္။ ေဖ်ာ့ေတာ့ေသာ ၾကက္ဥႏွင့္နို႔အရသာအျပင္ ခ်ိဳၿမိန္မႈက ကပ္ပါလာ၏။ထို႔အျပင္ ဝါးလိုက္လွ်င္လည္း ႏူးညံ့ကာ စား၍ေကာင္း ေနေသးသည္။ အားလုံး ေပါင္းစပ္လိုက္ေသာ္ အလြန္အရသာရွိသည္မွာ ေသခ်ာ၏။ အျခားေသာ စစ္သားမ်ား၏တုန႔္ျပန္မႈကလည္း ေဟာ္ယြန္ခ်န္းႏွင့္အတူတူသာလွ်င္ျဖစ္သည္။ သူတို႔၏မ်က္ဝန္းမ်ားက စားေသာက္ေနရင္းႏွင့္ပင္ ေတာက္ပေနၾက၏။

ဝမ္က်ယ့္ယန္ဆိုလွ်င္ အလြန္အၾကဴးျပဳမူတတ္သူျဖစ္သည္။ သူက ပုံမွန္အားျဖင့္ သြက္လက္ခ်က္ခ်ာေသာစရိုက္ကို ပိုင္ဆိုင္ထားသူျဖစ္ေလရာ ယြမ့္ထန္း၏အနားသို႔ပင္ လာၿပီး သူတို႔သည္လည္း ကိတ္မုန႔္လုပ္နည္းကို သင္ခ်င္သည္ဟု ေျပာလာသည္။

သူ၏ေလ့လာမႈအရဆိုလွ်င္ ေက်ာက္ကြမ္းမင္၊ ႐ႊယ္ေ႐ြ႕၊ ဝမ္ကြၽမ္းႏွင့္ဝမ္က်ယ့္ယန္တို႔အားလုံးက ခ်က္ျပဳတ္ရာတြင္ပါရမီပါၾကသည္။  မ်က္ႏွာဝိုင္းဝိုင္းႏွင့္စစ္သားကလည္း ေပါက္ကရလုပ္တတ္ေသာ္လည္း ဒါက သူ၏ဂ႐ုမစိုက္မႈေၾကာင့္ျဖစ္ၿပီး အေလးအနက္ထားလွ်င္ အဆင္ေျပနိုင္ေသးေလသည္။ သူကလည္း ပါရမီပါသည္ဟု မဆိုနိုင္ေသာ္လည္း သင့္ေလ်ာ္သည္ဟု ဆိုနိုင္ေသးေလ၏။ ထို႔ေၾကာင့္ ယြမ့္ထန္းက ဆက္လက္ၿပီး ေစာင့္ၾကည့္ရန္ဆုံးျဖတ္ထားလိုက္သည္။

အျခားငါးေယာက္၏လုပ္ေဆာင္နိုင္မႈမ်ားကမူ ေက်နပ္စရာမရွိေပ။ သူတို႔က ခ်က္ျပဳတ္ရာတြင္ ႀကိဳးစားျခင္းေၾကာင့္သာ ယခုေလာက္အထိ လုပ္နိုင္ေနျခင္းျဖစ္၏။ သို႔ေသာ္ သူတို႔တြင္ ပါရမီပါျခင္းလည္းမရွိသလို သင့္ေလ်ာ္ျခင္းလည္းမရွိၾကေပ။ သည္ေနရာတြင္ ေနျခင္းက သူတို႔အတြက္ အခ်ိန္ျဖဳန္းျခင္းျဖစ္ေနေလာက္သည္။ ထို႔ေၾကာင့္ သူတို႔၏နဂိုေနရာသို႔ျပန္ကာ သူတို႔၏ထူးခြၽန္သည့္ပါရမီမ်ားကို ထုတ္သုံးျပျခင္းက ပိုေကာင္းသည္ဟု ထင္သည္။

သူက ေဟာ္ယြန္ခ်န္းကို ခပ္တိုးတိုးေျပာျပလိုက္ေသာအခါ ေဟာ္ယြန္ခ်န္းကလည္း သေဘာတူသည္။ ယြမ့္ထန္းက အျခားေသာ စစ္သားငါးေယာက္ကို သြားရွာၿပီးေနာက္ သူ၏ထင္ျမင္ခ်က္ကိုေျပာျပလိုက္သည္။ သူတို႔၏ဆႏၵကိုလည္း ေမးျမန္းလိုက္၏။ သူတို႔ကသာ သည္ေနရာတြင္ ဆက္ေနလိုလွ်င္ သူက ေမာင္းထုတ္လိမ့္မည္မဟုတ္ေပ။ မည္သို႔ပင္ဆိုေစ အားလုံးက သည္ေနရာသို႔လာရန္ သူတို႔ ႀကီးၾကပ္သူမ်ား၏ ဖိအားေပးမႈေၾကာင့္သာမဟုတ္ဘဲ သူတို႔၏ စိတ္ဆႏၵေၾကာင့္ ကိုယ္တိုင္ကိုယ္က် လက္မွတ္ထိုးခဲ့ၾကျခင္းျဖစ္၏။ သူတို႔ကသာ ခ်က္ျပဳတ္ျခင္းတြင္ အလြန္စိတ္အားထက္သန္ေနျခင္းဆိုလွ်င္ ယြမ့္ထန္းကလည္း ေမာင္းမထုတ္ရက္ေပ။

သို႔ရာတြင္ ထိုလူမ်ားအားလုံးကလည္း သူတို႔၏ သည္ေန႕လုပ္ေဆာင္နိုင္မႈအရ သူတို႔က ပါရမီမပါေၾကာင္း သိသြားၾကၿပီး သူတို႔ကသာ ဆက္ေနမည္ဆိုလွ်င္ ယြမ့္ထန္းကိုသာ ဒုကၡေပးၿပီး အခ်ိန္ျဖဳန္းသလိုျဖစ္ေနေပလိမ့္မည္။ ထို႔ေၾကာင့္ ထိုထဲမွေလးေယာက္က နဂိုေနရာသို႔ျပန္သြားခ်င္ေၾကာင္း ေျပာလိုက္သည္။
သို႔ေသာ္ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္လူငယ္တစ္ေယာက္ကမူ တုံ႕ဆိုင္းစြာျဖင့္ ေမးသည္။

“ကြၽန္ေတာ္ ဒီေနရာမွာ ဆက္ေနၿပီး ႀကိဳးစားၾကည့္ရင္အဆင္ေျပနိုင္မလား”

ယြမ့္ထန္းက ေျပာသည္။
“ရတာေပါ့၊ အဆင္ေျပပါတယ္”

ခ်က္ျပဳတ္ျခင္းတြင္ပါရမီက အဓိကလိုအပ္သည္ေတာ့မဟုတ္ေပ။ ႀကိဳးစားခ်င္စိတ္ရွိၿပီး အေသးစိတ္အခ်က္အလက္မ်ားကိုသာ ဂ႐ုစိုက္ထားမည္ဆိုလွ်င္ အဆင္ေျပနိုင္ေသးသည္။ အထူးသျဖင့္ သူတို႔ကသာ ထပ္ခါတလဲလဲေလ့က်င့္ၿပီး ႐ူးေၾကာင္ေၾကာင္အလုပ္မ်ားကို မလုပ္ေတာ့ဘဲ အေလးအနက္ထားလိုက္မည္ဆိုလွ်င္ ေကာင္းမြန္ေသာ ဟင္းတစ္ခြက္ျဖစ္လာရန္ အလားအလာရွိနိုင္ေသးသည္။

ထိုလူငယ္ကို ယြမ့္ထန္းက လက္ခံလိုက္၏။ ထိုလူငယ္၏နာမည္က ေကြ႕လ်န္ျဖစ္သည္။ သူသည္လည္း သည္ေနရာတြင္ ေနမည္ျဖစ္သည့္အတြက္ ကိတ္မုန႔္လုပ္နည္းသင္ခ်င္ေၾကာင္း ေျပာလာသည္။

“ဒါဆိုရင္ ကိုယ္ မင္းကို မေႏွာင့္ယွက္ေတာ့ဘူ၊ သင္ခန္းစာေတြအားလုံးၿပီးသြားမွပဲ ရလဒ္ကို ကိုယ့္ကိုေျပာျပပါေတာ့”
ေဟာ္ယြန္ခ်န္းက ေျပာသည္။

“ေကာင္းပါၿပီ”

မာရွယ္တစ္ေယာက္အေနႏွင့္ ေဟာ္ယြန္ခ်န္း၏အခ်ိန္က အလြန္အဖိုးတန္သည္။ သူ႕အေနႏွင့္ သည္ေနရာတြင္ တစ္ခ်ိန္လုံးေနရန္ မျဖစ္နိုင္ေပ။ ယြမ့္ထန္းကလည္း ဒါကိုနားလည္သည့္အတြက္ ခ်က္ခ်င္းသေဘာတူလိုက္သည္။

သည္တစ္ႀကိမ္တြင္ ယြမ့္ထန္းက သူတို႔၏ သင္ယူနိုင္စြမ္းကို စမ္းသပ္စစ္ေဆးရန္ ဆုံးျဖတ္ခ်က္ခ်ထားၿပီးေလၿပီ ထို႔ေၾကာင့္ သူက သူ၏လက္ေတြ႕စမ္းသပ္မႈကို ေလ့လာခိုင္း႐ုံမွ်သာ မဟုတ္ေတာ့ေလဘဲ အေသးစိတ္အခ်က္အလက္မ်ားကိုပါ ရွင္းျပလိုက္ေတာ့၏။
ယခင္က ၾကက္ဥဟင္းလ်ာႏွစ္ပြဲ လုပ္ခဲ့ၿပီးၿပီျဖစ္သည့္အတြက္ သူတို႔က ၾကက္ဥေမႊရာတြင္ ကြၽမ္းက်င္သြားၿပီဟု ယူဆနိုင္သည္။ ထို႔အျပင္ သူတို႔က အခ်ိန္အတန္ၾကာ စစ္သားတစ္ေယာက္၏ေလ့က်င့္မႈမ်ိဳးကို လက္ခံရရွိခဲ့ၿပီးသူမ်ား ျဖစ္သည့္အေလ်ာက္ နဂိုကတည္းက သန္မာျမန္ဆန္ၾကၿပီးသူမ်ားျဖစ္သည္။ ထို႔ေၾကာင့္ ၾကက္ဥအျဖဴႏွင့္ၾကက္ဥအႏွစ္ကို ခြဲသည့္ကိစၥတြင္ သူတို႔က ကြၽမ္းက်င္စြာ လုပ္နိုင္ၾကသည္။ ထို႔ေနာက္ မုန႔္ႏွစ္နယ္သည့္အဆင့္သို႔ ေရာက္လာသည္။ မုန႔္ႏွစ္မ်ားအားလုံးကို ထမင္းေပါင္းအိုးအတြင္းသို႔ ထည့္ၿပီးေနာက္တြင္ ထမင္းေပါင္းအိုးက အလိုအေလ်ာက္ကိတ္မုန႔္ကို ဖုတ္ေပးမည္ျဖစ္သည့္အတြက္ ဘာျပႆနာမွ မရွိနိုင္ေတာ့ေခ်။ အပူခ်ိန္ကို ထိန္းခ်ဳပ္ရာတြင္လည္း သူတို႔၏ ခ်ိဳ႕ယြင္းမႈမ်ား ရွိေနမည္ဆိုလွ်င္ပင္ ကိတ္မုန႔္ကို သက္ေရာက္မႈရွိေတာ့မည္မဟုတ္ေပ။ ထို႔ေၾကာင့္ ယခင္ေရွးဦးပိုင္းအဆင့္မ်ားကသာ  ေကာင္းမြန္စြာၿပီးသြားလွ်င္ ကိတ္မုန႔္က ေအာင္ျမင္သြားေပလိမ့္မည္။

မိနစ္ႏွစ္ဆယ္ခန႔္ၾကာၿပီးေနာက္တြင္ ကိတ္မုန႔္မ်ားကို ဖုတ္ၿပီးေလၿပီ။ ထိပ္ဆုံးေက်ာင္းသားေလးေယာက္ျဖစ္သည့္ ေက်ာက္ကြမ္းမင္၊ ႐ႊယ္ေ႐ြ႕၊ ဝမ္ကြၽမ္းႏွင့္ဝမ္က်ယ့္ယန္တို႔အားလုံးက ေကာင္းမြန္စြာလုပ္ေဆာင္နိုင္ၾကသည္။ ေကြ႕လ်န္ႏွင့္လွ်ိုဟိုင္ေထာင္တို႔ကမူ  တစ္ေယာက္က နို႔နည္းသြားၿပီး တစ္ေယာက္က နို႔အလြန္မ်ားသြားသည္။ ထို႔ေၾကာင့္ ကိတ္မုန႔္တစ္ခုက မာသြားၿပီး ကိတ္မုန႔္တစ္ခုက ေပ်ာ့သြား၏။ ယြမ့္ထန္းအေနျဖင့္ သူတို႔ကိုျပန္လုပ္ခိုင္းရေတာ့သည္။
ကံေကာင္းစြာျဖင့္ပင္ သည္တစ္ႀကိမ္တြင္ သူတို႔ႏွစ္ေယာက္လုံးက အမွားကို မွတ္မိၾကသည့္အတြက္  အဆင့္မွီေအာင္လုပ္နိုင္ၾကသည္။
ယြမ့္ထန္းကလည္း ေက်နပ္သြားၿပီး ထိုလက္ေထာက္ေျခာက္ေယာက္ကို ၾကည့္သည္။ သူက မနက္ျဖန္ဆိုလွ်င္ သူတို႔ကို တစ္ဖန္ထပ္လာသင္ပါ့မည္ဟု ကတိေပးလိုက္မွသာ ထြက္သြားၾကေတာ့၏။

သည္ေန႕အတြက္ သင္ခန္းစာၿပီးသြားၿပီျဖစ္သည့္အတြက္ သူက ေဟာ္ယြန္ခ်န္းကို စာပို႔လိုက္ၿပီး ရလဒ္ကိုေျပာျပကာ ဂိတ္ေပါက္သို႔ ေလွ်ာက္သြားလိုက္သည္။ သူက အလင္းဦးေႏွာက္ကိုဖြင့္ကာ ကားပ်ံကိုေခၚၿပီး သူ႕ကို အိမ္သို႔ပို႔ရန္ ျပင္ဆင္ထားၿပီးျဖစ္သည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ တံခါးမွ ဖြင့္လိုက္႐ုံႏွင့္ပင ္မ်က္စိဖမ္းစားနိုင္စြမ္းရွိေလာက္ေအာင္ ထင္ရွားေသာ ႐ုပ္ရည္ကိုပိုင္ဆိုင္ထားသည့္ ခန႔္ညားသည့္ေဟာ္ယြန္ခ်န္းက သူ၏ကိုယ္ပိုင္ေငြေရာင္ကားေရွ႕တြင္ရပ္လ်က္ ရွိေနေၾကာင္း ျမင္လိုက္ရသည္။

“လာ ကိုယ္က မင္းကို ျပန္လိုက္ပို႔မယ္”

“မဟုတ္တာ မာရွယ္ အရမ္းအလုပ္မ်ားေနပါလိမ့္မယ္၊ ကြၽန္ေတာ္က အခုပဲ ကားပ်ံေခၚလိုက္ၿပီး ျပန္သြားလို႔ျဖစ္ပါတယ္”

ယြမ့္ထန္းက ေဟာ္ယြန္ခ်န္းအတြက္ အၿမဲလိုလိုဒုကၡေပးေနရျခင္းကို အားနာေလသည္။ ထို႔ေၾကာင့္ သူက ယဥ္ေက်းစြာသာ ျငင္းဆန္လိုသည္။

“ကိုယ္က မင္းနဲ႕ စတားနက္ေဝါ့ေပၚက အေျခအေနေတြကို ေျပာခ်င္တယ္၊ ကိုယ္တို႔ဘယ္လိုမ်ား ထပ္ၿပီး စီမံကိန္းဆြဲမလဲဆိုတာကိုလည္း ေျပာဖို႔ရွိတယ္”

“ေကာင္းၿပီ ဒီလိုဆိုရင္ မာရွယ္ကိုပဲ ဒုကၡေပးရေတာ့မွာပဲ”

ထိုစကားကိုၾကားေသာအခါ ယြမ့္ထန္းကလည္း ကားပ်ံေခၚျခင္းကို လက္ေလွ်ာ့လိုက္ေတာ့သည္။ သူက တစ္ဖက္သူအတြက္ အၿမဲလိုလို ဒုကၡေပးသလို ျဖစ္ေနခဲ့ၿပီး ထိုအေၾကာင္းကို ေတြးမိခ်ိန္တိုင္း မသက္မသာျဖစ္ရ၏။ ထို႔ေၾကာင့္ အႀကံေပးလိုက္၏။

“ဒါဆို ဘာလို႔ မာရွယ္က ကြၽန္ေတာ့္အိမ္မွာ ညစာမစားတာလဲ”

မည္သို႔ပင္ဆိုေစ သူကလည္း ညစာအတြက္ ထိုညီအစ္ကိုမ်ားအတြက္ လုပ္ေပးရအုံးမည္ျဖစ္သည္။ သူ႕အိမ္တြင္ ေဟာ္ယြန္ခ်န္း တစ္ခါတည္း စားသြားလိုက္ျခင္းက ပို၍အဆင္ေျပ၏။

“ေကာင္းပါၿပီ”

Continue Reading

You'll Also Like

2M 161K 47
"แ€€แ€ปแ€ฏแ€•แ€บแ€”แ€ฌแ€™แ€Šแ€บ แ€แ€ฑแ€ฌแ€บแ€แ€„แ€บแ€šแ€ฑแ€ฌแ€€แ€บแ€ปแ€ฌแ€ธแŠแ€กแ€™แ€ปแ€ฌแ€ธแ€…แ€ฏแ€€แ€แ€ฑแ€ฌแ€ท Royalแ€œแ€ญแ€ฏแ€ทแ€แ€ฑแ€ซแ€บแ€€แ€ผแ€•แ€ฑแ€™แ€šแ€บแ€ท แ€แ€„แ€บแ€—แ€ปแ€ฌแ€ธแ€€แ€แ€ฑแ€ฌแ€ท แ€šแ€ฑแ€ฌแ€€แ€บแ€ปแ€ฌแ€ธแ€œแ€ญแ€ฏแ€ทแ€แ€ฑแ€ซแ€บแ€แ€ปแ€„แ€บแ€แ€ฑแ€ซแ€บแ€•แ€ฑแ€ซแ€ท" "แ€™แ€„แ€บแ€ธแ€ธแ€ธ" Zawgyi "แ€€แ€บแ€ณแ€•แ€นแ€”แ€ฌแ€™แ€Šแ€น แ€ฑแ€แ€ฌแ€นแ€แ€„แ€นแ€ฑแ€šแ€ฌแ€€แ€นแ€บแ€ฌแ€ธ...
1.5M 68.5K 37
adult story(18+) แ€žแ€„แ€บแ€ทแ€žแ€แ€„แ€บร—แ€›แ€ฏแ€•แ€บแ€žแ€ฑแ€ธ 9.1.2023...
372K 36.8K 114
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ แ€›แ€ญแ€ฏแ€›แ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€แ€ปแ€ญแ€ฏแ€”แ€ฒแ€ท แ€™แ€แ€ซแ€ธแ€แ€ฌแ€œแ€ฑแ€ธ แ€–แ€แ€บแ€แ€ปแ€„แ€บแ€›แ€„แ€บ แ€œแ€ฌแ€”แ€ฑแ€ฌแ€บ
1.3M 44.1K 61
Myanmar ร— BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd