အချစ်ဦး (Completed)

Galing kay Ahlaly

212K 7.6K 548

အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသ... Higit pa

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
Notice
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
ဇာတ်သိမ်းပိုင်း
Extra (1)
EXtra (2)
Extra (3)
Extra (4)

အပိုင်း (၂၈)

3.3K 137 4
Galing kay Ahlaly

"တံဆိပ်တုံးပြန်ပေးလို့ပြီလား သမီးငယ်"

Dinnerကနေအပြန် သူနဲ့အတူ သူ့အိမ်ကိုလိုက်လာရခြင်းအကြောင်းတရားတွေကို ငယ်သည် အခန်းထဲရောက်သည်နှင့် မှန်တင်ခုံဟုသတ်မှတ်ထားသော ခုံရှေ့တွင် ထိုင်ကာစဥ်းစားနေရင်းမှ ကုတင်အထက်တွင်အေးသက်စွာလှဲလျောင်းနေသော သူ့ထံမှစတင်၍ အသံထွက်လာတာဖြစ်သည်။

ထိုကြောင့် ငယ်လည်း ချက်ချင်းပဲမှန်ကိုကျောခိုင်းပြီး သူရှိရာဘက်သို့ခန္ဓာကိုယ်ကိုလှည့်လည်လိုက်သည်။ အခုထိတိုင် ငယ်ရောသူရော အဝတ်လဲဖို့ကိုအာရုံမရကြသလိုပါပင်။

"ဘာလို့ ငါ့အိမ်မပြန်တာလဲထည်ဝါ...."

အမှန်အတိုင်းပြောရလျှင် ငယ့်အိမ်၊ငယ့်နေရာမှာပဲ ရှင်သန်ခဲ့တဲ့ အသိစိတ်ဟာ အခုလိုထည်ဝါ့အိမ်ဆိုလျှင်တောင်မှ သူ့မိဘ၊မောင်နှမများနှင့်အတူရှိနေသော အိမ်ကိုတော့ လိုက်မလာချင်တာအမှန်ပါ။ ငယ့်ဆန္ဒရှိသည်က ထည်ဝါနဲ့ငယ်နဲ့အတူနေဖို့အတွက် ငယ့်အိမ်ကိုပဲ တောင့်တသည်။

သူစိမ်းအိမ်ဆိုသည့်အသိက ဘာရယ်မဟုတ်ပဲ ငယ့်ကိုမဝံ့မရဲဆိုသလို ခံစားရစေသည်။

"သူများအိမ်မဟုတ်ဘူး သမီးငယ်။ ဒါငါ့အိမ်လေ...အခုနင်နဲ့ငါနဲ့က လက်ထပ်ခဲ့ပြီးပြီ၊ ယောင်နောက်ဆံထုံးပါရမှာထုံးစံပဲ။"

"လက်ထပ်ပြီးပြီ....ငါ အခုထိနားမလည်သေးဘူး ထည်ဝါ။"

မှန်တင်ခုံရှေ့ကနေရပ်ပြီး သူရှိရာသို့လျှောက်လာလှမ်းသော အနက်ရောင်dressingနဲ့ သမီးငယ်ဆီ
က ခြေလှမ်းလိုက်တိုင်းမှာ ခြူးသံသဲ့သဲ့လေးကြားနေရသည်။ ဒီခြူးသံကို သူသိသည်....သူပထမဆုံးအကြိမ်အဖြစ် ရွှေရသည်အထိကျင်ဖူးတဲ့အချိန်၊ ဖိုထဲမှာ အရောင်တွေပြောင်းလာသည့် ရွှေစင်ရွှေသားကို ပထမဆုံးအကြိမ်ဖြစ် သူကိုယ်တိုင်လှော်ခတ်ခဲ့ရမှ ရလာသည့် ၁၆ပဲရည်ရွှေဝင်မှာတစ်ကျပ်သားပင်မပြည့်တပြည့်ကို သမီးငယ်အတွက်ဆိုပြီး ပန်းထိမ်ဆရာနဲ့တိုင်ပင်ကာ အပ်ခဲ့ရသည် ရွှေခြေချင်းလေးဖြစ်သည်။

သူ့အတွေးတွေကို သမီးငယ်က အတည်ပြုပေးလေသည်။ သူအမှီတည်ကာ ရှိနေသည့်ကုတင်အထက်ကို သမီးငယ်လည်းရောက်လာသည်။ ဂါဝန်ကို အနည်းငယ်မြှောက်လိုက်သည်နှင့် ညာဘက်ခြေထောက်တွင် ဆင်မြန်းလို့ထားသည့် ခြူးလေးက အခုထိတိုင် သမီးငယ်နှင့်တော်နေဆဲဖြစ်သည်။

"ဘာလို့ ငါ့ကို ဒီလိုညကြီးမှာလက်ထပ်တာလဲ။
ဒီလိုမျိုးကိုဘယ်မင်္ဂလာဆောင်မှ မတွေ့ဖူးသေးဘူး။ ည၁၂နာရီအကျော်ဘက်ကြီးမှာ မင်္ဂလာဆောင်ဖို့ သတို့သားထွက်လာတယ်ဆိုတာလေ။"

သူ့မျက်နှာနားသို့တိုးကပ်လာကာ ရိုးသားချင်ယောင်ဆောင်ပြီး မေးနေသည့် ဒီမျက်လုံးလေးတွေကို သူ့မှာထိုးဖောက်ဖို့မလုပ်ရက်တာနဲ့ပဲ နဖူးကိုပဲလက်ဖြင့်ထောက်ထားကာ အကွာအဝေးကိုထိန်းတာရသည်။ မဟုတ်ရင် ဒီဟာလေးနဲ့သူ့မျက်နှာက တစ်ခုတည်းဖြစ်တော့မည်အထိ အကွာအဝေးကနီးကပ်လွန်းတော့မည်။

"ငါ့တံဆိပ်တုံးကိုယူပြီး ငါ့ဆန္ဒကိုမပေးပဲ လက်ထပ်စာချုပ်မှာနှိပ်ဖို့လုပ်တာ နင်လေ။ အံမယ် တွေးကြည့်မှပဲ......တဖြည်းဖြည်းချင်းနဲ့ နင်တောင်ငါမသိဘူးထင်ပြီးလုပ်ရဲကိုင်ရဲတွေဖြစ်ချင်လာပြီ..."

သခင်ကြီးလေသံနှင့် သူ့အမေးကို ငယ့်မှာသွားအကုန်မြင်ရသည်အထိသာ ဖြဲရယ်ပြမိသည်။ ဒရယ်ဂွန်သိလျှင် သူသိမည်ဆိုတာကို ငယ်ကမသိပဲ ဒရယ်ဂွန်နဲ့အစီအစဥ်တွေဆွဲဖို့ ဆုံးဖြတ်ခဲ့တာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ်ပါ အခုလို ငယ်က ကလေးဆန်တယ်ပဲထားပါလေ။

ဒါမှပဲ သခင်ကြီိးက ရွှေစိတ်တော်သာယာတော်မူမှာဖြစ်သည်။

"မပြုံးပြနဲ့တော့...သွား အဝတ်သွားလဲ။"

"နင်အခန်းပြင်ထွက်လေ..."

ဒီတစ်ခါမှပြောဖူးတဲ့ ဒီစကားကြောင့် သူ့မှာကြောင်အမ်းအမ်းဖြစ်သွားပြီး ခဏမှာပဲ..
"အင်း ....."ဆိုလိုက်ပြီး အိပ်ရာအထက်ကနေထ,သွားလိုက်တော့ လက်ညှိုးထောက်ထားခဲ့သော သမီးငယ်၏နဖူးက မွေ့ရာနဲ့ချက်ချင်းပဲထိတွေ့သွားတော့သည်။

ဒီဟာလေးက သိပ်ကိုမှီတွယ်လွန်းအားကြီးသည်။ တကယ်အပျင်းလေးဖြစ်နေသည်။

"ဘာဖြစ်တာလဲ မင်းမျက်နှာက။ ညည့်နက်နေပြီ အရမ်းမပြုံးနဲ့......"
ရေခဲသေတ္တာကိုဖွင့်ရုံရှိသေးသည် အနားရောက်လာသည့် ဒယ်ဒီကြောင့်နဲ့ သူ့မှာသူကိုယ်သူပြုံးနေမိတာလားဟု ပြန်ဆန်းစစ်လိုက်ရသည်။

"အချိန်မစောတော့ဘူး စောစောအိပ်....."

သူ့ပခုံးကိုကိုင်လာပြီး မျက်လုံးတစ်ဖက်မှိတ်ပြသည့် ဒယ်ဒီ့စကားကို သူလုံးဝနားမလည်နိုင်ဖြစ်နေစဥ်မှာပဲ သူတို့သားအဖနားသို့ ရောင်ဝါကရောက်လာသည်။

"ဒီည အိပ်လိုက်လို့မဖြစ်ဘူးလေ ဒယ်ဒီရယ်....ကဲ ဖိုက်တင်းညီ။ ရော့...ဒါလေးသောက်ချလိုက်."

အဝါဖျော့တော့နေသော ဖျော်ရည်များထည့်ထားသောခွက်က...
"နို့နဲ့ကြက်ဥ"တဲ့။

အပြောနဲ့အတူ ပြုံးလာသည့် 'ငါသိပါတယ်ကွာ၊"ဆိုသော အပြုံးကို သူ့မှာ ကြည့်နေရင်းကပဲ ရှက်လာသလိုနဲ့ ရေပင်မသောက်နိုင်တော့ပဲ ဒယ်ဒီနှင့်ရောင်ဝါ့ကြားကနေ ရုန်းကာထွက်လာခဲ့တော့ သူ့နောက်ပါးမှာ ရယ်သံသဲ့သဲ့တွေက တွင်ကျန်ရစ်ခဲ့လေသည်။

"ဘာဖြစ်လာတာလဲ...."

အခန်းထဲကိုရောက်သည့်အချိန်မှာ ရေခွက်ကိုင်ထားသော သမီးငယ်က သူရဲ့အလျင်စလိုဖြစ်နေမှုကိုမေးခွန်းထုတ်တာဖြစ်သည်။ ဒါကို သူ့မှာမဖြေနိုင်သေးပဲ သမီးငယ်၏လက်ထဲမှသောက်လက်စဖြစ်နေသော ရေခွက်ကိုယူပြီး အမြန်ပဲမော့ချလိုက်မှ သူ့မှာရင်ထဲအေးသွားရလေသည်။

ရေခွက်ကိုခုံးပေါ်ချပြီးသည်နှင့် သူသည် သူ့အားကြည့်နေသော သမီးငယ်၏ခန္ဓာကိုယ်သေးသေးလေးကိုပွေ့ချီလိုက်ပြီး သူရင်ဘက်တွေနှင့် ဘေးတိုက်ထိကပ်ထားစေသည်။

ထိုနှင့်ချက်ချင်းမှာပဲ သူ့လည်ပင်းဆီကို တွယ်ခိုလာသည့် သမီးငယ်၏လက်သေးသေးလေးတွေက အေးစက်လို့နေသည်ကို ခံစားလိုက်ရသည်ကြောင့် နောက်ထပ်တစ်ကြိမ် သူပြုံးလိုက်မိသည်။

"ငါတို့ ကလေးယူကြရအောင် ငယ်....."
အပြုံးတွေနဲ့ပဲမျက်နှာငုံ့လို့ တိုးကပ်ကာပြောမိတော့ ပြူးကျယ်လာသည့်မျက်ဝန်းလေးတွေနဲ့သမီးငယ်ဟာ သူစေစားရာမှာအဆင်ပြေအောင်ဖြည့်ဆည်းပေးခဲ့သည်။

ဒီနေ့နဲ့ဆို သမီးငယ်ကိုရုံးပြန်သွားဖို့သင့်ပြီဟု သူထင်မိသည်။

"မသွားချင်ပါဘူးဆိုတဲ့၊ တစ်ပတ်လောက်တော့ နားလိုက်လည်းရတာပဲဟာ။ ဟန်းနီးမွန်းလည်း သွားရတာမဟုတ်ပဲ...."

ဒီဟန်းနီးမွန်းမသွားရသည့် ကိစ္စက အခုထိမပြီးသေးပေ။ ဒီဟာလေးကို သူတကယ်ပဲလက်မြှောက်ချင်လာပေမယ့်လည်း အခုထိအလျော့ပေးဖို့က စောလွန်းသည်ဟု ထင်မိသည်။

"ငါ့ကိုသေချာကြည့်ပြီး ပြန်ပြော...."

သူ့စကားကြောင့် သူ့ကိုကျောပေးကာ နှုတ်ခမ်းစူနေသော သမီးငယ်က ဖြည်းဖြည်းချင်းလှည့်ကြည့်လာသည်။ အကြည့်တွေမှာ မကျေမလည်အငွေ့အသက်တွေရနေသော်လည်း...
"မနက်ဖြန်ဆို သွားတော့..."

ဒါက သူ့ဘက်က လိုက်လျောမှုအဆုံးပင်ဖြစ်သည်။ လက်မှတ်ထိုးကြတဲ့ည နောက်ပိုင်းဒီနေ့အပါအဝင်ဆို သမီးငယ်သည် အခန်းထဲကနေမထွက်ပဲရှိတာ ၅ရက်ခန့်ရှိပြီဖြစ်သည်။

ဇာတ်လမ်းတွဲကလွဲလျှင် ကိစ္စတစ်ခုကို ဘယ်တော့မှပြီးဆုံးသည်အထိ မလုပ်တတ်သော သမီးငယ်အကြောင်းကို သူအသိဆုံးမို့ ဒီတစ်ခေါက်တော့ အရင်မိတ်ကပ်ပြင်သင်တန်းကိစ္စတွေလို တစ်ပိုင်းတစ်စနဲ့ဖြစ်မသွားစေချင်တာကြောင့် ပြောနေသည်ကို ဒီဟာလေးနားမလည်ပါ။

ဒီဟာလေးတင်မဟုတ်ပဲ တစ်အိမ်လုံးက သူ့ကိုနားမလည်တာဖြစ်သည်။

"မဟုတ်သေးပါဘူး ညီရာ မင်းကလည်း...၊သမီးငယ်မသွားချင်သေးတာကို ဘာဖြစ်လို့အတင်းခိုင်းနေတာလဲကွာ။ ကြင်စဦးပဲကွာ...သူလည်း မင်းနဲ့နေချင်ဦးမှပေါ့ကွ"

"အဲ့တာပဲပြောနေတာ ရောင်ဝါရေ။ နင်လို အပိန်းလေးတောင်နားလည်တဲ့ ဒီကိစ္စကို ဒီကောင်လေးကိုကြည့်ရတာ....သိတယ်မလား၊ နိုင်လို့ရလို့ နိုင်နေတာပဲဖြစ်မှာ။"

ထိုသို့ သူရှေ့မှာတင် သူမကောင်းကြောင်းပြောနေတဲ့ အကိုနဲ့အမရယ်ကြောင့် သူ့မှာဘာမှဆက်မပြောပဲ ဆိတ်ဆိတ်သာငြိမ်နေမိသည်။ ဒီလိုအခြေအနေမှာ ပြန်ပြောလိုက်ရင်လည်း သူပဲအဆိုးဖြစ်ဦးမည်။

"ငါလည်းအဲ့တာပဲ ပြောမလို့။ ငယ့်ကို အရမ်းမနိုင်ပါနဲ့ ထည်ဝါ....ဘာပဲဖြစ်ဖြစ် မမဧကရီက မာမီ့ကိုဆိုသိပ်အလိုလိုက်တာ။"

"ဆိုတော့ ကျွန်တော်က သမီးငယ်ကိုအရမ်းအနိုင်ကျင့်နေတယ်လို့ ပြောချင်တာလားမာမီ။"

မာမီအထိပါ ဝင်ပြောလာသည်မို့ သူသည် အခွံသင်လက်စဖြစ်သော ခြောက်ပန်းသီးကို ဘေးခဏချပြီး မာမီ့ထံသို့ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ခပ်တည်တည်နဲ့မေးတော့ မာမီသည် သူ့ကိုမော့ကြည့်နေရင်းကနေ မျက်တောင်လေးတွေ ခပ်မြန်မြန်ပုတ်ခတ်သွားပြီး...
"ငယ့်ကို အလိုက်ပြန်လိုက်ရမယ်လေ....ဟုတ်တယ် မလား"

ဆိုကာ စစ်ကူအနေနဲ့ ဘေးရှိ နေခြည်နဲ့ရောင်ဝါထံကိုမာမီက ကြည့်သည်။

"ဟုတ်တယ်...ဒါမှတရားမျှတမှာပေါ့ မာမီရ..."

"မှန်တယ် မာမီ..."

အကိုလေးကပါ လက်မထောင်ပြီး သဘောတူသည့် ဒီကိစ္စကြောင့် မာမီကမဲများသည်ကို အားပြန်တက်သွားပုံရပြီး...
"ဘာပဲဖြစ်ဖြစ် ငယ့်ကိုအနိုင်မကျင့်ရဘူး ထည်ဝါ။ မဟုတ်ရင်...အင်း မဟုတ်ရင် ကောင်းကိုပြောပြမယ်။"

"ဘာပြောမလို့လဲ အကွေး၊ ကျွန်တော်ရှိတယ်လေ...."

ဒယ်ဒီလည်း ထမင်းစားခန်းထဲရောက်လာသည့် ဒီကိစ္စကို သူ့မှာ ဘယ်လိုကိုင်တွယ်လိုက်ရမှန်းမသိတော့ပေ။ အိမ်ကလူတွေသိတာက သူကသမီးငယ်ကို အနိုင်ယူသည်တဲ့။

တကယ်တမ်းမှာ ဒီဟာလေးပြုသမျှနုနေရတာ ဒီကကောင်ဆိုတာ ဘယ်သူမှနားမလည်နိုင်ကြပေ။

"ဘာဖြစ်တာလဲ...."

အပြင်ဘက်ရှိ အသံများကြောင့် သူသည် အိမ်သားအားလုံးကိုကျော်ပြီး အပြင်ဘက်ကိုအော်မေးလိုက်သည်။ တံခါးကို ရိုက်ခတ်ကာ သောင်းကျန်းနေသည့် သူထံကို သူတို့သည်သွားကြည့်ဖို့ရန်အတွက် ထမင်းစားခန်းကနေထွက်လာချိန်တွင် အပေါ်ထပ်တွင်ဇာတ်ကားကြည့်ရင်း ကျန်ရစ်ခဲ့သော သမီးငယ်ကလည်း အောက်ထပ်ကိုရောက်လာပြီဖြစ်သည်။

"ငါ့ညီမ ငါ့ညီမကို မင်းဘယ်မှာထားထားလဲ။ ပြော ဟေ့ကောင် မင်းပြော......."

ကိုမှိုင်းနှင့်လိမ္မော်ကြားတွင် အတင်းရုန်းကန်နေရသော ထက်ဝေဟင်သည် ထည်ဝါထွက်လာသည်ကိုမြင်သည်နှင့် အာခေါင်ခြစ်ကာအတင်းအော်မေးသည်။

ဒီနေ့နဲ့ဆို သူ့ညီမလေးအိမ်ပြန်မလာတာ၅ရက်ခန့်ရှိပြီဖြစ်သည်။ ပထမတော့ ထက်ဝေဟင်ဘာကိုမှမထင်မိသေးပဲ...ချစ်ရသူ၏လက်ထပ်ပွဲကြောင့် သူ့မှာဆွေးမြေ့နေရလေသည်။

သို့သော်လည်း ယနေ့မနက်မှ သူ့ထံရောက်လာသော Nge Group၏နှစ်ပတ်လည်ပွဲညက Cctvမှတ်တမ်းအရ ညီမဖြစ်သူ ဖြူသည် ထိုညတွင် အနက်ရောင်ဝတ်ဆင်ထားသော လူနှစ်ဦး၏ဆွဲထုတ်သွားခြင်းကိုခံသွားရသည်။

ထို့ကြောင့်ပဲ ရှိသမျှအင်အားအကုန်သုံးပြီးရှာဖွေကြည့်သော်လည်း သတင်းအစအနလေးပင်မရတာကြောင့် နောက်ဆုံးဤသို့လက်စလက်နဖျောက်နိုင်သူသည် ဒီလူသားသာရှိသည်ဟု သတိရသွားခြင်းနှင့်အတူ နာကျင်သွားသောနှလုံးသားက ဒီလိုမြင်ကွင်းကိုကြည့်ဖို့ရန် ဖြစ်တည်လာခဲ့သည်။

ကြည့်လေ အခုပဲ ထက်ဝေဟင်မြင်နေရသည်။ ထက်ဝေဟင်ချစ်ရသူ၏ လက်မောင်းတစ်ဖက်ကို တွယ်ချိတ်ထားသော သူက ထက်ဝေဟင်မဟုတ်တဲ့တစ်ခြားတစ်ယောက်ဖြစ်သည်။ ဒီမြင်ကွင်းက ထက်ဝေဟင်၏နှလုံးသားတစ်ခုလုံးကို ဆွဲစုတ်ခံထားရသည့်နှယ်ဖြစ်စေသည်။

"သူ့ကို အိမ်ပြန်ပို့ပေးလိုက် လိမ္မော်။ ဆွဲထုတ်သွားလိုက်တော့...."

ဤသို့ဖြင့် ပြေလည်ရာပြေလည်ကြောင်းပြောလာသောစကားသံသည် ကောင်းမြတ်သောထံမှထွက်ပေါ်လာခြင်းဖြစ်ပြီး...
"ကားပေါ်တင်လိုက် ကိုမှိုင်း..." ဆိုသော ခပ်ပြတ်ပြတ်အသံကမူ ထည်ဝါ့ထံမှဖြစ်သည်။

ယခု ရှိနေသူများသည် ကိုမှိုင်းနှင့်လိမ္မော်မို့ ထည်ဝါ့လူတွေဖြစ်သည်။ ထိုကြောင့် သူတို့သည် ထည်ဝါ့စကားအတိုင်းပင် ထက်ဝေဟင်ကို ကားဆီသို့ဆွဲသွားကြလေသည်။

ကားတံခါးပိတ်သွားပြီးနောက်တွင် ထည်ဝါ့သည်ငယ့်လက်ကို ဖြုတ်ချဖို့ကြိုးစားသည်ကြောင့် ငယ်ကပဲ...
"ငါလည်း လိုက်ခဲ့မယ်"ဟု တောင်းဆိုလိုက်သည်။

တကယ်ဆို ငယ်ကြည့်လက်စဖြစ်သည့် ဇာတ်ကားမပြီးဆုံးသေးခင်အချိန်မှာ ငယ်သည် အပြင်ကိုမထွက်ချင်သော်ငြားလည်း ထည်ဝါဘာလုပ်နေသည်ကို သိချင်သည်ကြောင့် အပြင်သို့ထွက်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"နင့်မျက်လုံးတွေ အနားပေးဖို့လိုအပ်တယ်၊ ဆိုတော့....လိုက်ခဲ့လေ။ အထွေအထူးတော့ မရှိပါဘူး...."
TVရှေ့ကနေ မခွာစတမ်းဖြစ်နေသော သမီးငယ်၏မျက်လုံးတွေအနားပေးဖို့အတွက် သူခေါ်လာခဲ့သော နေရာသည် မြို့ပြင်ရှိဂိုဒေါင်တစ်လုံးဖြစ်သည်။

အလုံပိတ်ထားသော ဂိုဒေါင်ထဲသို့ ခေါ်မသွားချင်သည်ကြောင့် အပြင်မှာပဲနေခဲ့ဖို့ရန်ပြောဆိုသော်လည်း ဒီဟာလေးက ထုံးစံအတိုင်းပဲပြောရခက်စွာနှင့်ပင် သူနဲ့အတူဂိုဒေါင်ထဲသို့လိုက်လာလေသည်။

"ကိုတားကြီး......"

ကြိုးဖြင့် တွဲလျောင်းအချည်ခံထားရသူသည် မျက်နှာတစ်ခုလုံးစုတ်ပြတ်နေသည့်တိုင် ကိုတားကြီးဆိုတာတော့ ငယ်မှတ်မိသေးသည်။

"ဖြူ...ညီမလေး"

အသံနှင့်အတူ ကိုထက်ဝေဟင်ပြေးထွက်သွားသည့်နေရာသို့ ငယ်ကြည့်လိုက်သည့်အချိန်တွင် ထိုင်ခုံပေါ်တွင်ထိုင်စေ၍ ကြိုးဖြင့်တုပ်ခံထားရသော သက်ထားဖြူက ဒဏ်ရာဒဏ်ချက်တစ်ခုမှ မရှိသည့်တိုင် မျက်လုံးတွေကိုကြည့်ရတာ သိပ်ကိုကြောက်ရွံ့နေပုံရသည်။

"ကို......ကို.......ကို"

စိတ်မနှံ့တော့သူတစ်ဦးလိုပဲ ခြေထောက်တွေကိုလှုပ်ပြီး ငြိမ်သက်နေတဲ့မျက်ဆံတွေနဲ့ သက်ထားဖြူတစ်ယောက် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ငယ်သိချင်လွန်းအာကြီးစွာနဲ့ပဲ ထည်ဝါ့ဆီကိုမော့ကြည့်မိသည်။ ငယ်အကြည့်တွေကို ထည်ဝါက သိသည့်အလားပဲ ငယ်တောင်တစ်ခွန်းမှ မဟရသေးခင်မှာတင်...
"နင့်ဖေဖေနဲ့မေမေကို သတ်လိုက်တာ မျိုးနောင်..."

ငယ့်ကိုမကြည့်ပဲ ပြောလာသော သူ့စကားတစ်ခွန်းကြောင့် ငယ်သည် အလိုလိုပင် မျက်ရည်ကျလာရသည်။

"လက်ကို မဖြုတ်နဲ့..."

သူ့လက်မောင်းကို တွဲချိတ်ထားသော ငယ့်လက်တို့က အင်အားဖျော့တော့လာသည်ကို သူသည်သတိပေးကာချိတ်မြဲချိတ်ထားစေချင်ပေမယ့်လည်း ငယ့်ဘယ်လိုမှ ဆက်လို့သည်းမခံနိုင်တော့ပဲ မျက်လုံးထောင့်ကနေမြင်နေရသည့် လဲကျနေသည့် လူတစ်ဦးထံကို အမြန်လျှောက်သွားလိုက်သည်။

"ဘာလို့လဲ...ဘာလို့လဲဟင်"

"မငိုနဲ့..."

အငိုတွေရွဲလို့မေးနေသည့် ငယ့်စကားသံကိုထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ မာထန်လှသော သူ့အသံက ဂိုဒေါင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ထိုကြောင့်ပဲ ငယ်သည် မျက်ရည်တို့ကို အမြန်သုတ်လိုက်မိသည်။

သို့သော်လည်း မရပါ...ငယ်ဘယ်လောက်ပဲ သုတ်သုတ် ဒီမျက်ရည်တွေက ပြန်ပြန်ပြီးရောက်လာတော့တာဖြစ်သည်။ သူရှိနေတာကြောင့် ငိုချင်စိတ်ကိုထိန်းချုပ်ရသည့်ထဲ ငယ့်မိဘနှစ်ပါးလုံးကို ရက်ရက်စက်စက်သတ်ခဲ့သူသည် ငယ့်အနားမှာပဲ ဆက်တိုက်ရှိနေခဲ့သော ကိုမျိုးနောင်ဖြစ်နေသည်ကြောင့် အဆုံးမှာ ငယ့်ခံစားချက်တို့က ပေါက်ကွဲထွက်ကုန်တော့သည်။

"ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ ငယ့်ကိုမှလဲလို့။ငယ့်ဖေဖေ...."

အားကုန်အော်ချလိုက်ပြီးနောက်တွင် ငယ်သည် အောက်အခင်းဆီသို့ထိုင်ချပြီး တစ်ဆက်တည်းမှာပဲ ထိုအခင်းပြင်ဆီမှာပဲ လှဲလို့ကျောခင်းချမိသည်။

သို့ဖြင့် ငယ်မျက်နှာမူထားရာ ဂိုဒေါင်၏အမိုးအကာသည် မှောင်မည်းနေသည်ကို ငယ့်မှာ ဝေဝေဝါးဝါးနှင့်ဖြစ်နေသည့် ထိုခဏမှာ...
'ခွမ်းခနဲ'ရိုက်သံနှင့်အတူ ဆက်တိုက်ထွက်ပေါ်လာသည့် အော်သံများက သူ့ထံမှဖြစ်လိမ့်မည်။

သို့သော်လည်း အတည်ပြုဖို့ရန်အတွက် ငယ့်မှာအင်အားမရှိသေးပေ။ အခုအနေအထားမှာ ငယ်သည် အကြီးအကျယ်သစ္စာဖောက်ခံရလိုက်ရသည်ကြောင့် ဘာကိုမှပြောဆိုနိုင်ဖို့ အင်အားမရှိတော့ပဲ၊ မိဘနှစ်ပါးကို သတ်ခဲ့သည့် သူကိုပင်မသိရလောက်အောင်ထိ တုံးအခဲ့သော အဖြစ်ကိုတွေးမိရင်း ရယ်ချင်လာသည်။

ရယ်ချင်သည့်တိုင် ရယ်နိုင်ဖို့အင်အားကလည်း ငယ့်မှာမရှိသေးသည်မို့ ပြုံးယဲ့ယဲ့ဖြင့်သာ အမိုးကိုကြည့်ရင်းလှဲလျောင်းနေလိုက်သည်။


___________________

Zawgyi....


"တံဆိပ္တုံးျပန္ေပးလို႔ၿပီလား သမီးငယ္"

Dinnerကေနအျပန္ သူနဲ႔အတူ သူ႔အိမ္ကိုလိုက္လာရျခင္းအေၾကာင္းတရားေတြကို ငယ္သည္ အခန္းထဲေရာက္သည္ႏွင့္ မွန္တင္ခုံဟုသတ္မွတ္ထားေသာ ခုံေရွ႕တြင္ ထိုင္ကာစဥ္းစားေနရင္းမွ ကုတင္အထက္တြင္ေအးသက္စြာလွဲေလ်ာင္းေနေသာ သူ႔ထံမွစတင္၍ အသံထြက္လာတာျဖစ္သည္။

ထိုေၾကာင့္ ငယ္လည္း ခ်က္ခ်င္းပဲမွန္ကိုေက်ာခိုင္းၿပီး သူရွိရာဘက္သို႔ခႏၶာကိုယ္ကိုလွည့္လည္လိုက္သည္။ အခုထိတိုင္ ငယ္ေရာသူေရာ အဝတ္လဲဖို႔ကိုအာ႐ုံမရၾကသလိုပါပင္။

"ဘာလို႔ ငါ့အိမ္မျပန္တာလဲထည္ဝါ...."

အမွန္အတိုင္းေျပာရလွ်င္ ငယ့္အိမ္၊ငယ့္ေနရာမွာပဲ ရွင္သန္ခဲ့တဲ့ အသိစိတ္ဟာ အခုလိုထည္ဝါ့အိမ္ဆိုလွ်င္ေတာင္မွ သူ႔မိဘ၊ေမာင္ႏွမမ်ားႏွင့္အတူရွိေနေသာ အိမ္ကိုေတာ့ လိုက္မလာခ်င္တာအမွန္ပါ။ ငယ့္ဆႏၵရွိသည္က ထည္ဝါနဲ႔ငယ္နဲ႔အတူေနဖို႔အတြက္ ငယ့္အိမ္ကိုပဲ ေတာင့္တသည္။

သူစိမ္းအိမ္ဆိုသည့္အသိက ဘာရယ္မဟုတ္ပဲ ငယ့္ကိုမဝံ့မရဲဆိုသလို ခံစားရေစသည္။

"သူမ်ားအိမ္မဟုတ္ဘူး သမီးငယ္။ ဒါငါ့အိမ္ေလ...အခုနင္နဲ႔ငါနဲ႔က လက္ထပ္ခဲ့ၿပီးၿပီ၊ ေယာင္ေနာက္ဆံထုံးပါရမွာထုံးစံပဲ။"

"လက္ထပ္ၿပီးၿပီ....ငါ အခုထိနားမလည္ေသးဘူး ထည္ဝါ။"

မွန္တင္ခုံေရွ႕ကေနရပ္ၿပီး သူရွိရာသို႔ေလွ်ာက္လာလွမ္းေသာ အနက္ေရာင္dressingနဲ႔ သမီးငယ္ဆီ
က ေျခလွမ္းလိုက္တိုင္းမွာ ျခဴးသံသဲ့သဲ့ေလးၾကားေနရသည္။ ဒီျခဴးသံကို သူသိသည္....သူပထမဆုံးအႀကိမ္အျဖစ္ ေ႐ႊရသည္အထိက်င္ဖူးတဲ့အခ်ိန္၊ ဖိုထဲမွာ အေရာင္ေတြေျပာင္းလာသည့္ ေ႐ႊစင္ေ႐ႊသားကို ပထမဆုံးအႀကိမ္ျဖစ္ သူကိုယ္တိုင္ေလွာ္ခတ္ခဲ့ရမွ ရလာသည့္ ၁၆ပဲရည္ေ႐ႊဝင္မွာတစ္က်ပ္သားပင္မျပည့္တျပည့္ကို သမီးငယ္အတြက္ဆိုၿပီး ပန္းထိမ္ဆရာနဲ႔တိုင္ပင္ကာ အပ္ခဲ့ရသည္ ေ႐ႊေျခခ်င္းေလးျဖစ္သည္။

သူ႔အေတြးေတြကို သမီးငယ္က အတည္ျပဳေပးေလသည္။ သူအမွီတည္ကာ ရွိေနသည့္ကုတင္အထက္ကို သမီးငယ္လည္းေရာက္လာသည္။ ဂါဝန္ကို အနည္းငယ္ေျမႇာက္လိုက္သည္ႏွင့္ ညာဘက္ေျခေထာက္တြင္ ဆင္ျမန္းလို႔ထားသည့္ ျခဴးေလးက အခုထိတိုင္ သမီးငယ္ႏွင့္ေတာ္ေနဆဲျဖစ္သည္။

"ဘာလို႔ ငါ့ကို ဒီလိုညႀကီးမွာလက္ထပ္တာလဲ။
ဒီလိုမ်ိဳးကိုဘယ္မဂၤလာေဆာင္မွ မေတြ႕ဖူးေသးဘူး။ ည၁၂နာရီအေက်ာ္ဘက္ႀကီးမွာ မဂၤလာေဆာင္ဖို႔ သတို႔သားထြက္လာတယ္ဆိုတာေလ။"

သူ႔မ်က္ႏွာနားသို႔တိုးကပ္လာကာ ႐ိုးသားခ်င္ေယာင္ေဆာင္ၿပီး ေမးေနသည့္ ဒီမ်က္လုံးေလးေတြကို သူ႔မွာထိုးေဖာက္ဖို႔မလုပ္ရက္တာနဲ႔ပဲ နဖူးကိုပဲလက္ျဖင့္ေထာက္ထားကာ အကြာအေဝးကိုထိန္းတာရသည္။ မဟုတ္ရင္ ဒီဟာေလးနဲ႔သူ႔မ်က္ႏွာက တစ္ခုတည္းျဖစ္ေတာ့မည္အထိ အကြာအေဝးကနီးကပ္လြန္းေတာ့မည္။

"ငါ့တံဆိပ္တုံးကိုယူၿပီး ငါ့ဆႏၵကိုမေပးပဲ လက္ထပ္စာခ်ဳပ္မွာႏွိပ္ဖို႔လုပ္တာ နင္ေလ။ အံမယ္ ေတြးၾကည့္မွပဲ......တျဖည္းျဖည္းခ်င္းနဲ႔ နင္ေတာင္ငါမသိဘူးထင္ၿပီးလုပ္ရဲကိုင္ရဲေတြျဖစ္ခ်င္လာၿပီ..."

သခင္ႀကီးေလသံႏွင့္ သူ႔အေမးကို ငယ့္မွာသြားအကုန္ျမင္ရသည္အထိသာ ၿဖဲရယ္ျပမိသည္။ ဒရယ္ဂြန္သိလွ်င္ သူသိမည္ဆိုတာကို ငယ္ကမသိပဲ ဒရယ္ဂြန္နဲ႔အစီအစဥ္ေတြဆြဲဖို႔ ဆုံးျဖတ္ခဲ့တာမွမဟုတ္တာ။ ဘာပဲျဖစ္ျဖစ္ပါ အခုလို ငယ္က ကေလးဆန္တယ္ပဲထားပါေလ။

ဒါမွပဲ သခင္ႀကီိးက ေ႐ႊစိတ္ေတာ္သာယာေတာ္မူမွာျဖစ္သည္။

"မၿပဳံးျပနဲ႔ေတာ့...သြား အဝတ္သြားလဲ။"

"နင္အခန္းျပင္ထြက္ေလ..."

ဒီတစ္ခါမွေျပာဖူးတဲ့ ဒီစကားေၾကာင့္ သူ႔မွာေၾကာင္အမ္းအမ္းျဖစ္သြားၿပီး ခဏမွာပဲ..
"အင္း ....."ဆိုလိုက္ၿပီး အိပ္ရာအထက္ကေနထ,သြားလိုက္ေတာ့ လက္ညႇိဳးေထာက္ထားခဲ့ေသာ သမီးငယ္၏နဖူးက ေမြ႕ရာနဲ႔ခ်က္ခ်င္းပဲထိေတြ႕သြားေတာ့သည္။

ဒီဟာေလးက သိပ္ကိုမွီတြယ္လြန္းအားႀကီးသည္။ တကယ္အပ်င္းေလးျဖစ္ေနသည္။

"ဘာျဖစ္တာလဲ မင္းမ်က္ႏွာက။ ညည့္နက္ေနၿပီ အရမ္းမၿပဳံးနဲ႔......"
ေရခဲေသတၱာကိုဖြင့္႐ုံရွိေသးသည္ အနားေရာက္လာသည့္ ဒယ္ဒီေၾကာင့္နဲ႔ သူ႔မွာသူကိုယ္သူၿပဳံးေနမိတာလားဟု ျပန္ဆန္းစစ္လိုက္ရသည္။

"အခ်ိန္မေစာေတာ့ဘူး ေစာေစာအိပ္....."

သူ႔ပခုံးကိုကိုင္လာၿပီး မ်က္လုံးတစ္ဖက္မွိတ္ျပသည့္ ဒယ္ဒီ့စကားကို သူလုံးဝနားမလည္ႏိုင္ျဖစ္ေနစဥ္မွာပဲ သူတို႔သားအဖနားသို႔ ေရာင္ဝါကေရာက္လာသည္။

"ဒီည အိပ္လိုက္လို႔မျဖစ္ဘူးေလ ဒယ္ဒီရယ္....ကဲ ဖိုက္တင္းညီ။ ေရာ့...ဒါေလးေသာက္ခ်လိုက္."

အဝါေဖ်ာ့ေတာ့ေနေသာ ေဖ်ာ္ရည္မ်ားထည့္ထားေသာခြက္က...
"ႏို႔နဲ႔ၾကက္ဥ"တဲ့။

အေျပာနဲ႔အတူ ၿပဳံးလာသည့္ 'ငါသိပါတယ္ကြာ၊"ဆိုေသာ အၿပဳံးကို သူ႔မွာ ၾကည့္ေနရင္းကပဲ ရွက္လာသလိုနဲ႔ ေရပင္မေသာက္ႏိုင္ေတာ့ပဲ ဒယ္ဒီႏွင့္ေရာင္ဝါ့ၾကားကေန ႐ုန္းကာထြက္လာခဲ့ေတာ့ သူ႔ေနာက္ပါးမွာ ရယ္သံသဲ့သဲ့ေတြက တြင္က်န္ရစ္ခဲ့ေလသည္။

"ဘာျဖစ္လာတာလဲ...."

အခန္းထဲကိုေရာက္သည့္အခ်ိန္မွာ ေရခြက္ကိုင္ထားေသာ သမီးငယ္က သူရဲ႕အလ်င္စလိုျဖစ္ေနမႈကိုေမးခြန္းထုတ္တာျဖစ္သည္။ ဒါကို သူ႔မွာမေျဖႏိုင္ေသးပဲ သမီးငယ္၏လက္ထဲမွေသာက္လက္စျဖစ္ေနေသာ ေရခြက္ကိုယူၿပီး အျမန္ပဲေမာ့ခ်လိုက္မွ သူ႔မွာရင္ထဲေအးသြားရေလသည္။

ေရခြက္ကိုခုံးေပၚခ်ၿပီးသည္ႏွင့္ သူသည္ သူ႔အားၾကည့္ေနေသာ သမီးငယ္၏ခႏၶာကိုယ္ေသးေသးေလးကိုေပြ႕ခ်ီလိုက္ၿပီး သူရင္ဘက္ေတြႏွင့္ ေဘးတိုက္ထိကပ္ထားေစသည္။

ထိုႏွင့္ခ်က္ခ်င္းမွာပဲ သူ႔လည္ပင္းဆီကို တြယ္ခိုလာသည့္ သမီးငယ္၏လက္ေသးေသးေလးေတြက ေအးစက္လို႔ေနသည္ကို ခံစားလိုက္ရသည္ေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ သူၿပဳံးလိုက္မိသည္။

"ငါတို႔ ကေလးယူၾကရေအာင္ ငယ္....."
အၿပဳံးေတြနဲ႔ပဲမ်က္ႏွာငုံ႔လို႔ တိုးကပ္ကာေျပာမိေတာ့ ျပဴးက်ယ္လာသည့္မ်က္ဝန္းေလးေတြနဲ႔သမီးငယ္ဟာ သူေစစားရာမွာအဆင္ေျပေအာင္ျဖည့္ဆည္းေပးခဲ့သည္။

ဒီေန႔နဲ႔ဆို သမီးငယ္ကို႐ုံးျပန္သြားဖို႔သင့္ၿပီဟု သူထင္မိသည္။

"မသြားခ်င္ပါဘူးဆိုတဲ့၊ တစ္ပတ္ေလာက္ေတာ့ နားလိုက္လည္းရတာပဲဟာ။ ဟန္းနီးမြန္းလည္း သြားရတာမဟုတ္ပဲ...."

ဒီဟန္းနီးမြန္းမသြားရသည့္ ကိစၥက အခုထိမၿပီးေသးေပ။ ဒီဟာေလးကို သူတကယ္ပဲလက္ေျမႇာက္ခ်င္လာေပမယ့္လည္း အခုထိအေလ်ာ့ေပးဖို႔က ေစာလြန္းသည္ဟု ထင္မိသည္။

"ငါ့ကိုေသခ်ာၾကည့္ၿပီး ျပန္ေျပာ...."

သူ႔စကားေၾကာင့္ သူ႔ကိုေက်ာေပးကာ ႏႈတ္ခမ္းစူေနေသာ သမီးငယ္က ျဖည္းျဖည္းခ်င္းလွည့္ၾကည့္လာသည္။ အၾကည့္ေတြမွာ မေက်မလည္အေငြ႕အသက္ေတြရေနေသာ္လည္း...
"မနက္ျဖန္ဆို သြားေတာ့..."

ဒါက သူ႔ဘက္က လိုက္ေလ်ာမႈအဆုံးပင္ျဖစ္သည္။ လက္မွတ္ထိုးၾကတဲ့ည ေနာက္ပိုင္းဒီေန႔အပါအဝင္ဆို သမီးငယ္သည္ အခန္းထဲကေနမထြက္ပဲရွိတာ ၅ရက္ခန္႔ရွိၿပီျဖစ္သည္။

ဇာတ္လမ္းတြဲကလြဲလွ်င္ ကိစၥတစ္ခုကို ဘယ္ေတာ့မွၿပီးဆုံးသည္အထိ မလုပ္တတ္ေသာ သမီးငယ္အေၾကာင္းကို သူအသိဆုံးမို႔ ဒီတစ္ေခါက္ေတာ့ အရင္မိတ္ကပ္ျပင္သင္တန္းကိစၥေတြလို တစ္ပိုင္းတစ္စနဲ႔ျဖစ္မသြားေစခ်င္တာေၾကာင့္ ေျပာေနသည္ကို ဒီဟာေလးနားမလည္ပါ။

ဒီဟာေလးတင္မဟုတ္ပဲ တစ္အိမ္လုံးက သူ႔ကိုနားမလည္တာျဖစ္သည္။

"မဟုတ္ေသးပါဘူး ညီရာ မင္းကလည္း...၊သမီးငယ္မသြားခ်င္ေသးတာကို ဘာျဖစ္လို႔အတင္းခိုင္းေနတာလဲကြာ။ ၾကင္စဦးပဲကြာ...သူလည္း မင္းနဲ႔ေနခ်င္ဦးမွေပါ့ကြ"

"အဲ့တာပဲေျပာေနတာ ေရာင္ဝါေရ။ နင္လို အပိန္းေလးေတာင္နားလည္တဲ့ ဒီကိစၥကို ဒီေကာင္ေလးကိုၾကည့္ရတာ....သိတယ္မလား၊ ႏိုင္လို႔ရလို႔ ႏိုင္ေနတာပဲျဖစ္မွာ။"

ထိုသို႔ သူေရွ႕မွာတင္ သူမေကာင္းေၾကာင္းေျပာေနတဲ့ အကိုနဲ႔အမရယ္ေၾကာင့္ သူ႔မွာဘာမွဆက္မေျပာပဲ ဆိတ္ဆိတ္သာၿငိမ္ေနမိသည္။ ဒီလိုအေျခအေနမွာ ျပန္ေျပာလိုက္ရင္လည္း သူပဲအဆိုးျဖစ္ဦးမည္။

"ငါလည္းအဲ့တာပဲ ေျပာမလို႔။ ငယ့္ကို အရမ္းမႏိုင္ပါနဲ႔ ထည္ဝါ....ဘာပဲျဖစ္ျဖစ္ မမဧကရီက မာမီ့ကိုဆိုသိပ္အလိုလိုက္တာ။"

"ဆိုေတာ့ ကြၽန္ေတာ္က သမီးငယ္ကိုအရမ္းအႏိုင္က်င့္ေနတယ္လို႔ ေျပာခ်င္တာလားမာမီ။"

မာမီအထိပါ ဝင္ေျပာလာသည္မို႔ သူသည္ အခြံသင္လက္စျဖစ္ေသာ ေျခာက္ပန္းသီးကို ေဘးခဏခ်ၿပီး မာမီ့ထံသို႔ၾကည့္ကာ ေမးလိုက္ျခင္းျဖစ္သည္။ ထိုသို႔ခပ္တည္တည္နဲ႔ေမးေတာ့ မာမီသည္ သူ႔ကိုေမာ့ၾကည့္ေနရင္းကေန မ်က္ေတာင္ေလးေတြ ခပ္ျမန္ျမန္ပုတ္ခတ္သြားၿပီး...
"ငယ့္ကို အလိုက္ျပန္လိုက္ရမယ္ေလ....ဟုတ္တယ္ မလား"

ဆိုကာ စစ္ကူအေနနဲ႔ ေဘးရွိ ေနျခည္နဲ႔ေရာင္ဝါထံကိုမာမီက ၾကည့္သည္။

"ဟုတ္တယ္...ဒါမွတရားမွ်တမွာေပါ့ မာမီရ..."

"မွန္တယ္ မာမီ..."

အကိုေလးကပါ လက္မေထာင္ၿပီး သေဘာတူသည့္ ဒီကိစၥေၾကာင့္ မာမီကမဲမ်ားသည္ကို အားျပန္တက္သြားပုံရၿပီး...
"ဘာပဲျဖစ္ျဖစ္ ငယ့္ကိုအႏိုင္မက်င့္ရဘူး ထည္ဝါ။ မဟုတ္ရင္...အင္း မဟုတ္ရင္ ေကာင္းကိုေျပာျပမယ္။"

"ဘာေျပာမလို႔လဲ အေကြး၊ ကြၽန္ေတာ္ရွိတယ္ေလ...."

ဒယ္ဒီလည္း ထမင္းစားခန္းထဲေရာက္လာသည့္ ဒီကိစၥကို သူ႔မွာ ဘယ္လိုကိုင္တြယ္လိုက္ရမွန္းမသိေတာ့ေပ။ အိမ္ကလူေတြသိတာက သူကသမီးငယ္ကို အႏိုင္ယူသည္တဲ့။

တကယ္တမ္းမွာ ဒီဟာေလးျပဳသမွ်ႏုေနရတာ ဒီကေကာင္ဆိုတာ ဘယ္သူမွနားမလည္ႏိုင္ၾကေပ။

"ဘာျဖစ္တာလဲ...."

အျပင္ဘက္ရွိ အသံမ်ားေၾကာင့္ သူသည္ အိမ္သားအားလုံးကိုေက်ာ္ၿပီး အျပင္ဘက္ကိုေအာ္ေမးလိုက္သည္။ တံခါးကို ႐ိုက္ခတ္ကာ ေသာင္းက်န္းေနသည့္ သူထံကို သူတို႔သည္သြားၾကည့္ဖို႔ရန္အတြက္ ထမင္းစားခန္းကေနထြက္လာခ်ိန္တြင္ အေပၚထပ္တြင္ဇာတ္ကားၾကည့္ရင္း က်န္ရစ္ခဲ့ေသာ သမီးငယ္ကလည္း ေအာက္ထပ္ကိုေရာက္လာၿပီျဖစ္သည္။

"ငါ့ညီမ ငါ့ညီမကို မင္းဘယ္မွာထားထားလဲ။ ေျပာ ေဟ့ေကာင္ မင္းေျပာ......."

ကိုမႈိင္းႏွင့္လိေမၼာ္ၾကားတြင္ အတင္း႐ုန္းကန္ေနရေသာ ထက္ေဝဟင္သည္ ထည္ဝါထြက္လာသည္ကိုျမင္သည္ႏွင့္ အာေခါင္ျခစ္ကာအတင္းေအာ္ေမးသည္။

ဒီေန႔နဲ႔ဆို သူ႔ညီမေလးအိမ္ျပန္မလာတာ၅ရက္ခန္႔ရွိၿပီျဖစ္သည္။ ပထမေတာ့ ထက္ေဝဟင္ဘာကိုမွမထင္မိေသးပဲ...ခ်စ္ရသူ၏လက္ထပ္ပြဲေၾကာင့္ သူ႔မွာေဆြးေျမ့ေနရေလသည္။

သို႔ေသာ္လည္း ယေန႔မနက္မွ သူ႔ထံေရာက္လာေသာ Nge Group၏ႏွစ္ပတ္လည္ပြဲညက Cctvမွတ္တမ္းအရ ညီမျဖစ္သူ ျဖဴသည္ ထိုညတြင္ အနက္ေရာင္ဝတ္ဆင္ထားေသာ လူႏွစ္ဦး၏ဆြဲထုတ္သြားျခင္းကိုခံသြားရသည္။

ထို႔ေၾကာင့္ပဲ ရွိသမွ်အင္အားအကုန္သုံးၿပီးရွာေဖြၾကည့္ေသာ္လည္း သတင္းအစအနေလးပင္မရတာေၾကာင့္ ေနာက္ဆုံးဤသို႔လက္စလက္နေဖ်ာက္ႏိုင္သူသည္ ဒီလူသားသာရွိသည္ဟု သတိရသြားျခင္းႏွင့္အတူ နာက်င္သြားေသာႏွလုံးသားက ဒီလိုျမင္ကြင္းကိုၾကည့္ဖို႔ရန္ ျဖစ္တည္လာခဲ့သည္။

ၾကည့္ေလ အခုပဲ ထက္ေဝဟင္ျမင္ေနရသည္။ ထက္ေဝဟင္ခ်စ္ရသူ၏ လက္ေမာင္းတစ္ဖက္ကို တြယ္ခ်ိတ္ထားေသာ သူက ထက္ေဝဟင္မဟုတ္တဲ့တစ္ျခားတစ္ေယာက္ျဖစ္သည္။ ဒီျမင္ကြင္းက ထက္ေဝဟင္၏ႏွလုံးသားတစ္ခုလုံးကို ဆြဲစုတ္ခံထားရသည့္ႏွယ္ျဖစ္ေစသည္။

"သူ႔ကို အိမ္ျပန္ပို႔ေပးလိုက္ လိေမၼာ္။ ဆြဲထုတ္သြားလိုက္ေတာ့...."

ဤသို႔ျဖင့္ ေျပလည္ရာေျပလည္ေၾကာင္းေျပာလာေသာစကားသံသည္ ေကာင္းျမတ္ေသာထံမွထြက္ေပၚလာျခင္းျဖစ္ၿပီး...
"ကားေပၚတင္လိုက္ ကိုမႈိင္း..." ဆိုေသာ ခပ္ျပတ္ျပတ္အသံကမူ ထည္ဝါ့ထံမွျဖစ္သည္။

ယခု ရွိေနသူမ်ားသည္ ကိုမႈိင္းႏွင့္လိေမၼာ္မို႔ ထည္ဝါ့လူေတြျဖစ္သည္။ ထိုေၾကာင့္ သူတို႔သည္ ထည္ဝါ့စကားအတိုင္းပင္ ထက္ေဝဟင္ကို ကားဆီသို႔ဆြဲသြားၾကေလသည္။

ကားတံခါးပိတ္သြားၿပီးေနာက္တြင္ ထည္ဝါ့သည္ငယ့္လက္ကို ျဖဳတ္ခ်ဖို႔ႀကိဳးစားသည္ေၾကာင့္ ငယ္ကပဲ...
"ငါလည္း လိုက္ခဲ့မယ္"ဟု ေတာင္းဆိုလိုက္သည္။

တကယ္ဆို ငယ္ၾကည့္လက္စျဖစ္သည့္ ဇာတ္ကားမၿပီးဆုံးေသးခင္အခ်ိန္မွာ ငယ္သည္ အျပင္ကိုမထြက္ခ်င္ေသာ္ျငားလည္း ထည္ဝါဘာလုပ္ေနသည္ကို သိခ်င္သည္ေၾကာင့္ အျပင္သို႔ထြက္ဖို႔ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။

"နင့္မ်က္လုံးေတြ အနားေပးဖို႔လိုအပ္တယ္၊ ဆိုေတာ့....လိုက္ခဲ့ေလ။ အေထြအထူးေတာ့ မရွိပါဘူး...."
TVေရွ႕ကေန မခြာစတမ္းျဖစ္ေနေသာ သမီးငယ္၏မ်က္လုံးေတြအနားေပးဖို႔အတြက္ သူေခၚလာခဲ့ေသာ ေနရာသည္ ၿမိဳ႕ျပင္ရွိဂိုေဒါင္တစ္လုံးျဖစ္သည္။

အလုံပိတ္ထားေသာ ဂိုေဒါင္ထဲသို႔ ေခၚမသြားခ်င္သည္ေၾကာင့္ အျပင္မွာပဲေနခဲ့ဖို႔ရန္ေျပာဆိုေသာ္လည္း ဒီဟာေလးက ထုံးစံအတိုင္းပဲေျပာရခက္စြာႏွင့္ပင္ သူနဲ႔အတူဂိုေဒါင္ထဲသို႔လိုက္လာေလသည္။

"ကိုတားႀကီး......"

ႀကိဳးျဖင့္ တြဲေလ်ာင္းအခ်ည္ခံထားရသူသည္ မ်က္ႏွာတစ္ခုလုံးစုတ္ျပတ္ေနသည့္တိုင္ ကိုတားႀကီးဆိုတာေတာ့ ငယ္မွတ္မိေသးသည္။

"ျဖဴ...ညီမေလး"

အသံႏွင့္အတူ ကိုထက္ေဝဟင္ေျပးထြက္သြားသည့္ေနရာသို႔ ငယ္ၾကည့္လိုက္သည့္အခ်ိန္တြင္ ထိုင္ခုံေပၚတြင္ထိုင္ေစ၍ ႀကိဳးျဖင့္တုပ္ခံထားရေသာ သက္ထားျဖဴက ဒဏ္ရာဒဏ္ခ်က္တစ္ခုမွ မရွိသည့္တိုင္ မ်က္လုံးေတြကိုၾကည့္ရတာ သိပ္ကိုေၾကာက္႐ြံ႕ေနပုံရသည္။

"ကို......ကို.......ကို"

စိတ္မႏွံ႔ေတာ့သူတစ္ဦးလိုပဲ ေျခေထာက္ေတြကိုလႈပ္ၿပီး ၿငိမ္သက္ေနတဲ့မ်က္ဆံေတြနဲ႔ သက္ထားျဖဴတစ္ေယာက္ ဘာေတြျဖစ္ခဲ့သလဲဆိုတာကို ငယ္သိခ်င္လြန္းအာႀကီးစြာနဲ႔ပဲ ထည္ဝါ့ဆီကိုေမာ့ၾကည့္မိသည္။ ငယ္အၾကည့္ေတြကို ထည္ဝါက သိသည့္အလားပဲ ငယ္ေတာင္တစ္ခြန္းမွ မဟရေသးခင္မွာတင္...
"နင့္ေဖေဖနဲ႔ေမေမကို သတ္လိုက္တာ မ်ိဳးေနာင္..."

ငယ့္ကိုမၾကည့္ပဲ ေျပာလာေသာ သူ႔စကားတစ္ခြန္းေၾကာင့္ ငယ္သည္ အလိုလိုပင္ မ်က္ရည္က်လာရသည္။

"လက္ကို မျဖဳတ္နဲ႔..."

သူ႔လက္ေမာင္းကို တြဲခ်ိတ္ထားေသာ ငယ့္လက္တို႔က အင္အားေဖ်ာ့ေတာ့လာသည္ကို သူသည္သတိေပးကာခ်ိတ္ၿမဲခ်ိတ္ထားေစခ်င္ေပမယ့္လည္း ငယ့္ဘယ္လိုမွ ဆက္လို႔သည္းမခံႏိုင္ေတာ့ပဲ မ်က္လုံးေထာင့္ကေနျမင္ေနရသည့္ လဲက်ေနသည့္ လူတစ္ဦးထံကို အျမန္ေလွ်ာက္သြားလိုက္သည္။

"ဘာလို႔လဲ...ဘာလို႔လဲဟင္"

"မငိုနဲ႔..."

အငိုေတြ႐ြဲလို႔ေမးေနသည့္ ငယ့္စကားသံကိုထြက္ေပၚလာၿပီး သိပ္မၾကာခင္မွာပဲ မာထန္လွေသာ သူ႔အသံက ဂိုေဒါင္တစ္ခုလုံးကို တုန္ခါသြားေစသည္။ ထိုေၾကာင့္ပဲ ငယ္သည္ မ်က္ရည္တို႔ကို အျမန္သုတ္လိုက္မိသည္။

သို႔ေသာ္လည္း မရပါ...ငယ္ဘယ္ေလာက္ပဲ သုတ္သုတ္ ဒီမ်က္ရည္ေတြက ျပန္ျပန္ၿပီးေရာက္လာေတာ့တာျဖစ္သည္။ သူရွိေနတာေၾကာင့္ ငိုခ်င္စိတ္ကိုထိန္းခ်ဳပ္ရသည့္ထဲ ငယ့္မိဘႏွစ္ပါးလုံးကို ရက္ရက္စက္စက္သတ္ခဲ့သူသည္ ငယ့္အနားမွာပဲ ဆက္တိုက္ရွိေနခဲ့ေသာ ကိုမ်ိဳးေနာင္ျဖစ္ေနသည္ေၾကာင့္ အဆုံးမွာ ငယ့္ခံစားခ်က္တို႔က ေပါက္ကြဲထြက္ကုန္ေတာ့သည္။

"ဘာျဖစ္လို႔လဲ...ဘာျဖစ္လို႔ ငယ့္ကိုမွလဲလို႔။ငယ့္ေဖေဖ...."

အားကုန္ေအာ္ခ်လိုက္ၿပီးေနာက္တြင္ ငယ္သည္ ေအာက္အခင္းဆီသို႔ထိုင္ခ်ၿပီး တစ္ဆက္တည္းမွာပဲ ထိုအခင္းျပင္ဆီမွာပဲ လွဲလို႔ေက်ာခင္းခ်မိသည္။

သို႔ျဖင့္ ငယ္မ်က္ႏွာမူထားရာ ဂိုေဒါင္၏အမိုးအကာသည္ ေမွာင္မည္းေနသည္ကို ငယ့္မွာ ေဝေဝဝါးဝါးႏွင့္ျဖစ္ေနသည့္ ထိုခဏမွာ...
'ခြမ္းခနဲ'႐ိုက္သံႏွင့္အတူ ဆက္တိုက္ထြက္ေပၚလာသည့္ ေအာ္သံမ်ားက သူ႔ထံမွျဖစ္လိမ့္မည္။

သို႔ေသာ္လည္း အတည္ျပဳဖို႔ရန္အတြက္ ငယ့္မွာအင္အားမရွိေသးေပ။ အခုအေနအထားမွာ ငယ္သည္ အႀကီးအက်ယ္သစၥာေဖာက္ခံရလိုက္ရသည္ေၾကာင့္ ဘာကိုမွေျပာဆိုႏိုင္ဖို႔ အင္အားမရွိေတာ့ပဲ၊ မိဘႏွစ္ပါးကို သတ္ခဲ့သည့္ သူကိုပင္မသိရေလာက္ေအာင္ထိ တုံးအခဲ့ေသာ အျဖစ္ကိုေတြးမိရင္း ရယ္ခ်င္လာသည္။

ရယ္ခ်င္သည့္တိုင္ ရယ္ႏိုင္ဖို႔အင္အားကလည္း ငယ့္မွာမရွိေသးသည္မို႔ ၿပဳံးယဲ့ယဲ့ျဖင့္သာ အမိုးကိုၾကည့္ရင္းလွဲေလ်ာင္းေနလိုက္သည္။












Ipagpatuloy ang Pagbabasa

Magugustuhan mo rin

162K 8.2K 69
BL Short Poem တစ္​စံုတစ္​​ေယာက္​က အခ်စ္​ကိုလိုခ်င္​တယ္​... တစ္​စံုတစ္​​ေယာက္​က မ​ေပးဘူး... ​ေတာင္​းဆိုပါမ်ား​ေတာ့​ေပးတယ္​ ဒါ​ေပမဲ့ အခ်ိန္​မတန္​ခင္​ျပ...
6.3K 1.2K 98
"... තමං මවා ගත්ත දාර්ශනික ලෝකෙක තමන්ම හිර වෙච්ච උඹ ට ඔය 'යථාර්ථය' ළං කර දුන්න එක් දෙයක් පෙන්නන්න..." "ති'නෙතක් ඉපදු පදයක් විය දෙ'වෙහි ලි...
605K 22.5K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
463K 32.9K 39
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်