Unicode
အပိုင်း ၃၆။ အမဲလိုက်ခြင်း (၂)
နှမြောစရာ ကောင်းသည်မှာ သူမ ခြေလှမ်းကြီး နှစ်လှမ်းပင် မလှမ်းရသေးပေ။ ယဲ့ကျန်း ဖိအား များသလို ခံစားလိုက်ရ၏။
ယခုအခါ လုလင်ကျစ်က သူ၏ မြင်းနှင့် နီးသထက် နီးလာလေပြီ။ သူတို့ကြား အကွာအဝေးက ကျဉ်းမြောင်း သွား၏။ လုလင်ကျစ်က ဆရာမရှန်း အကြောင်းကို သိသည်။ ထို့နောက် ယဲ့ကျန်းကို ကြည့်၏။ သူက ပြုံးပြလာသည်။ ထိုအပြုံးက ယဲ့ကျန်း ကောင်းစွာ နားလည်နေသော အပြုံး ဖြစ်၏။
"ယောင်ယောင် အစ်ကိုကြီး ကြားတာတော့၊ မင်းက စတုတ္ထ ညီငယ်လေးနဲ့အတူ နယ်မြို့မှာ ကြီးပြင်းလာတာဆို၊ မင်းတို့ အတူ အမဲလိုက်နေကြဆိုပဲ။ မင်းရဲ့ စတုတ္ထ အစ်ကိုက အခု တောအုပ်ထဲမှာ ရှိနေတယ်။ သူနဲ့အတူ အမဲ မလိုက်ချင်ဘူးလား"
သူက ပြောလိုက်သည်။
အခု မဟုတ်ဘူး။
ယဲ့ကျန်းက သူမ၏ စိတ်ထဲတွင် ချက်ချင်း ငြင်းဆန် လိုက်သည်။ သို့သော် သူမ၏ မျက်နှာတွင်မူ အပြုံးက ရှိနေကာ ပြောလိုက်၏။
"အစ်ကိုကြီး ညီမ အမဲလိုက် သွားရင် ညီမ အမေက ခြေထောက် ချိုးလိမ့်မယ်၊ ညီမကို နယ်မြို့မှာကတည်းက အမဲမလိုက်ရဘူးဆိုပြီး တင်းတင်းကြပ်ကြပ် တားမြစ်ထားတာ"
"အမဲလိုက်တာက အပြစ် ဘယ်ဟုတ်ပါ့မလဲ။ တောထဲမှာ ရှိတာ မင်း တစ်ယောက်တည်းမှ မဟုတ်တာ၊ အတွင်းနန်းဆောင်က မင်းသမီးတွေလည်း အဲဒီမှာ မြင်းစီး လေ့ကျင့်ကြတာပဲ"
လုလင်ကျစ်က အလောတကြီး ပြောသည်။
ယဲ့ကျန်းက ထပ် မငြင်းနိုင်ခင်မှာပင် သူက အနီးဆုံးတွင် ရှိသော အစောင့်ကို ပြောလိုက်၏။
" မြင်းသွားယူ"
ယဲ့ကျန်းက ထိုသူက မြင်းကို သွားယူနေကြောင်း မြင်သောအခါ သူမက မျက်မှောင် ကြုတ်လိုက်၏။ သူမက လုလင်ကျစ်ကို တည်တင်းစွာ ပြောသည်။
"ညီမ မသွားချင်ဘူး"
အခြား တစ်ဖက်တွင် ရှိနေသော ဆရာမရှန်းက ကူကယ်ရာ မဲ့နေသည်။ ယဲ့ကျန်းက အစ်ကိုကြီး ဖြစ်သူ၏ တောင်းဆိုမှုကို ဖယ်ရှားလိုက်လျှင် ဖြစ်လာနိုင်သော အကျိုးဆက်ကို သူမ တွေးမိပြီး စိုးရိမ် သွားမိ၏။ ဒါက သူမ၏ နာမည်ကို ကျဆင်းစေနိုင်သည်။ ထို့ကြောင့် သူမက ဝင်ပြောလိုက်ရ၏။
"သွားလိုက်ပါ၊ မင်းအနေနဲ့ ဝင်ခွင့် စာမေးပွဲ ဖြေတဲ့ အချိန်မှာ မြင်းစီးတဲ့ အတတ်က လိုအပ်တာပဲ။ အခု လေ့ကျင့်ထားတာက ကောင်းတယ်"
လုလင်ကျစ်က ဆရာမရှန်းကို ကျေးဇူးတင်စွာ တစ်ချက် ကြည့်သည်။ လုယောင်ယောင် ဒီတစ်ကြိမ် ဧကရာဇ်နှင့် တွေ့မည်ကို သူ မဖြစ်စေလိုပေ။ သူ့အနေဖြင့် ဧကရာဇ်က ယဲ့ကျန်း၏ ရုပ်ရည်ကို မှတ်မိမည် မဟုတ်မှန်း သေချာနေသည့် တိုင်အောင် ရှောင်ရှားစေလိုသေး၏။ သူမကို သူ့အနားတွင်သာ ခေါ်ထားလိုသည်။
မော့ရုန်ကျန်းက မမှတ်မိရင်တောင်မှ သူ့အနားက လူတွေကရော မမှတ်မိနိုင်ဘဲ နေပါ့မလား။
ယဲ့ကျန်းက ထပ်မံ ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် မြင်းဇက်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး မြင်းပေါ် ခုန်တက် လိုက်၏။
ပြောရလျင် ယဲ့ကျန်းနှင့် လုယောင်ယောင်တို့၏ မြင်းစီးစွမ်းရည်က ကောင်းသည်။ တစ်ခုတည်းသော ကွာခြားချက်က လုယောင်ယောင်က ကစားရန် သက်သက် လေ့ကျင့် ထားခဲ့ခြင်း ဖြစ်ပြီး ယဲ့ကျန်းကမူ ပြိုင်ပွဲတွင် သေသပ်စွာ စီးနင်းရန် လေ့ကျင့်ထားခြင်း ဖြစ်သည်။ သူမ၏ ဖခင်က ငယ်စဉ်ကတည်းက ကိုယ်တိုင် ကိုယ်ကျ သင်ကြားပေးခဲ့သည်။
တစ်ယောက်တည်း ပိုလိုကစားရန် အတွက်ပင် ဖြစ်စေ၊ အမဲလိုက်ရန် အတွက်ပင် ဖြစ်စေ၊ မည်သို့သော အနေအထားမျိုး အတွက်ပင် ဖြစ်စေ မြို့တော်၏ အထက်တန်းလွှာ မိသားစု တစ်ခု၏ သခင်မလေး ဆိုသော အဆင့်အတန်း အရ သူမက လုပ်နိုင်စွမ်းအား ရှိသည်။
ဆရာမရှန်းကလည်း ကျော်ကြားသော မိသားစုမှ ဖြစ်သည်။ သူမ၏ မြင်းစီးဟန်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် မြင်းစီးရာတွင် သူမက ဆိုးရွားသော အနေအထား မဖြစ်နိုင်မှန်း နားလည် လိုက်၏။
"သွားစို့"
လုလင်ကျစ်က ယဲ့ကျန်းကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ခံ့ညား ချောမောသော မျက်နှာတွင် ပျော်ရွှင်သွားသော အမူအရာက ထွက်ပေါ်လာခဲ့၏။ သူ၏ စိတ်အခြေအနေကလည်း ကောင်းမွန်လာခဲ့သည်။ စိတ်အတွင်းတွင်လည်း အနည်းငယ် ကြည်သာသော ခံစားချက် အားလှိုင်း တစ်ခုက ပြန့်လွင့်လာခဲ့၏။
ယဲ့ကျန်းက ခေါင်းညိတ်ပြီးနောက် သူမ၏ အပေါင်းအဖော်များကို နှုတ်ဆက်လိုက်သည်။
"ဆရာမ ကျွန်မ အရင် သွားတော့မယ်"
"ဒီည ယုန်သား လတ်လတ်ဆတ်ဆတ်လေး စားရဖို့ မျှော်လင့်တယ်"
ဆရာမရှန်းက နောက်သည်။
"ဆရာမ စိတ်အေးအေးထားပါ၊ တောထဲမှာ ယုန်တွေ ရှိသမျှ ကာလပတ်လုံး သမီးက ဟော့ပေါ့ပါ လုပ်ပေးဦးမှာ"
ယဲ့ကျန်းက ပြောလိုက်ပြီး နောက်တွင် ဦးတည် ရာသို့ သွားသည်။ မြင်းကို နှင်ပြီး နောက်တွင် သူမက အရင်ဘဝသို့ ပြန်ရောက်သွားသည်ဟုပင် ခံစားလိုက်ရ၏။
ထိုအချိန်က သူမ၏ မိခင်က သူမကို အပြစ်တင်စေကာမူ၊ မည်သို့ ဒေါသ ထွက်စေကာမူ သူမ၏ ဖခင်က အမြဲတမ်း သူမကို ထွေးပွေ့ပေးခဲ့ပြီး ခံစားချက်ကောင်းအောင် နှစ်သိမ့်ပေးခဲ့သည်။
အဖေ
ယဲ့ကျန်း အနေနှင့် သူမဖခင်၏ သဘောကောင်းပြီး ညင်သာ သိမ်မွေ့သော အပြုံးများ အားလုံးကို မှတ်မိနေသေးသည်။ သူမကို မြင်းစီး သင်ပေးခဲ့ချိန်က သူ၏ အမူအရာ အားလုံးကို မှတ်မိနေသေး၏။ သူမက မြင်းစီး သင်ကြားရန် စိတ်ပါ လာရန်အတွက် နှစ်သိမ့် စကား ပြောဆိုခဲ့သည့် ဟန်အမျိုးမျိုးကိုလည်း မှတ်မိနေသေးသည်။
အတိတ် မှတ်ဉာဏ် ခံစားချက်များ ပြည့်လျှံလာသောကြောင့် သူမ ကိုင်ထားသော မြင်းစီးဇက်ကြိုးက တင်းကြပ် သွားပြီး သူမက ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အပြေး နှင်တော့၏။ အနောက်မှ လူတိုင်း ကြောင်သွားကြသည်။
လုလင်ကျစ်တို့ အဖွဲ့က ထိုမြင်ကွင်းကို မြင်သောအခါ အသည်းအသန် အမှီ လိုက်ကြသည်။ သူ့ နောက်မှ လိုက်လာသော ထန်းကျန်းက သူနှင့် အမှီ လိုက်နိုင်သောသူ တစ်ယောက်တည်းသောသူ ဖြစ်သည်။
"မင်း မိသားစုက ကလေးမလေးက မြင်းစီး ကျွမ်းကျင်လိုက်ကြတာ။ သူမရဲ့ မြင်းစီးစွမ်းရည်က မြို့တော်က အလိုလိုက်ခံထားရတဲ့ ကောင်မလေးတွေထက် အများကြီး သာတယ်"
ထန်းကျန်းက မှတ်ချက်ပြုသည်။
ထိုကလေးမလေး၏ မြင်းစီးစွမ်းရည်ကို သူ အမှန်ပင် လေးစားမိသွား၏။
"ယောင်ယောင် အရှိန်ကို လျှော့"
လုလင်ကျစ်က အနောက်မှ အော်သည်။
လုလင်ကျစ်၏ အော်သံက ကျယ်သော်လည်း ယဲ့ကျန်းကမူ မကြားပေ။ သို့မဟုတ် သူမ ကြားနေလျှင်ပင် မကြားဟန် ဆောင်နေလိမ့်မည်။ ထိုတစ်ခဏတွင် သူမက သူမကိုယ်တိုင် ပြန်ဖြစ်သွားသကဲ့သို့သော ခံစားချက် မျိုးကြောင့် ဒီခံစားချက်ကိုသာ အချိန် ကြာစေရန် သူမ ခံစား နေပေလိမ့်မည်။ သူမ ဒီမနှစ်မြို့ဖွယ် လူများကို ဂရုစိုက်ရန် မလိုသော အချိန်လည်း ဖြစ်၏။
သူမ၏ လက်များက မြင်းဇက်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင် ထားပြီး လွတ်လပ် ကျယ်ပြောသော လောကထဲ ခရီးဆက်နိုင်သည်။
သူမက တောအုပ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက် သွားခဲ့ကာ အနောက်မှ လူများကို မျက်ခြည်ဖြတ်သွား၏။ သို့ရာတွင် လုလင်ကျစ်နှင့် အပေါင်းအဖော်ကမူ တိုက်ပွဲတွင် ဒီလို အပြေးနှင်ကာ တိုက်ခိုက် ခဲ့သူများ ဖြစ်ကြလေရာ အံကြိတ်ပြီး ပြင်းပြင်းထန်ထန် မြင်းစီနိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် သိပ်မကြာခင်မှာပင် သူတို့က ယဲ့ကျန်းကို မှီသွား၏။
သူတို့က သူမကို ရပ်ရန် တားတော့မည့် အချိန်တွင်မူ မြင်းဘေးဘက်မှ မြားတစ်စင်းမှ ဖြတ်ထွက် သွားကြောင်း မြင်လိုက်ရပြီး သူတို့ စကားများ ပျောက်ဆုံး သွားခဲ့၏။
ယဲ့ကျန်း သူမက သူမ၏ လက်မောင်းများကို လှုပ်ရှားကာ လေးကြိုးကို ဆွဲပြီး မြားပစ်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုမြားက သူတို့၏ အမြင်နှုန်း အမြန် မလိုက်နိုင်လောက်အောင် အလွန် မြန်ဆန် နေခဲ့၏။ သူမက မြားကို ပစ်လွှတ် လိုက်ကြောင်း မြင်လိုက်ချိန်တွင်ပင် မြေပြင်တွင် မီးခိုးရောင် ယုန်တစ်ကောင်က လဲသွားခဲ့ချေပြီ။ ခေါင်းမှ ထုတ်ချင်း ပေါက််သွားခြင်း ဖြစ်၏။ အနေအထားအရ မြက်ပင်ရှည်များ အနောက်တွင် ပုန်းကွယ်နေသော်လည်း ရှင်းလင်းစွာ ပစ်လွှတ်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။
ယဲ့ကျန်း ဘယ်လို ပစ်လိုက်တာလဲ။
လုလင်ကျစ် အံ့ဩသွားကာ ယဲ့ကျန်း၏ ချစ်စဖွယ် ဘေးတိုက် မျက်နှာထားကို ကြည့်သည်။ ထိုကဲ့သို့သော ချစ်စဖွယ် မျက်နှာထားဖြင့် ယုန်ကို တစ်ချက်တည်း ပစ်လွှတ်လိုက်ခြင်းလည်း ဖြစ်၏။
"ယောင်ယောင်"
လုလင်ကျစ်က အလောတကြီး အနားသို့ သွားသည်။
"ယောင်ယောင်"
လုရှန်းကျစ်က အော်ကာ အနားသို့ ရောက်လာသည်။
သူမ၏ အစ်ကိုကို မြင်သောအခါ ယဲ့ကျန်းက ပျော်ရွှင်စွာ ခေါ်လိုက်သည်။
"အစ်ကိုကြီး ညီမ ယုန် ပစ်လိုက်ပြီ"
ယဲ့ကျန်းက လုရှန်းကျစ်ကို ပြောသည်။
သူမ၏ စိတ်ထဲတွင် လုမိသားစုမှ သည်သုံးယောက်ကသာလျှင် သူမ၏ မိသားစုဝင် ဖြစ်သည်။ ဖေးရှီ၊ လုရှီမင်နှင့် လုရှန်းကျစ်တို့ကသာ သူမ၏ မိသားစုဝင်များ ဖြစ်ကြ၏။ ထိုသူများမှ လွဲပြီး သူမ၏ ညီမက ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင် ရလိမ့်မည် မဟုတ်ပေ။
Zawgyi
အပိုင္း ၃၆။ အမဲလိုက္ျခင္း (၂)
ႏွေျမာစရာ ေကာင္းသည္မွာ သူမ ေျခလွမ္းႀကီး ႏွစ္လွမ္းပင္ မလွမ္းရေသးေပ။ ယဲ့က်န္း ဖိအား မ်ားသလို ခံစားလိုက္ရ၏။
ယခုအခါ လုလင္က်စ္က သူ၏ ျမင္းႏွင့္ နီးသထက္ နီးလာေလၿပီ။ သူတို႔ၾကား အကြာအေဝးက က်ဥ္းေျမာင္း သြား၏။ လုလင္က်စ္က ဆရာမ႐ွန္း အေၾကာင္းကို သိသည္။ ထို႔ေနာက္ ယဲ့က်န္းကို ၾကည့္၏။ သူက ျပဳံးျပလာသည္။ ထိုအျပဳံးက ယဲ့က်န္း ေကာင္းစြာ နားလည္ေနေသာ အျပဳံး ျဖစ္၏။
"ေယာင္ေယာင္ အစ္ကိုႀကီး ၾကားတာေတာ့၊ မင္းက စတုတၳ ညီငယ္ေလးနဲ႔အတူ နယ္ၿမိဳ႕မွာ ႀကီးျပင္းလာတာဆို၊ မင္းတို႔ အတူ အမဲလိုက္ေနၾကဆိုပဲ။ မင္းရဲ႕ စတုတၳ အစ္ကိုက အခု ေတာအုပ္ထဲမွာ ႐ွိေနတယ္။ သူနဲ႔အတူ အမဲ မလိုက္ခ်င္ဘူးလား"
သူက ေျပာလိုက္သည္။
အခု မဟုတ္ဘူး။
ယဲ့က်န္းက သူမ၏ စိတ္ထဲတြင္ ခ်က္ခ်င္း ျငင္းဆန္ လိုက္သည္။ သို႔ေသာ္ သူမ၏ မ်က္ႏွာတြင္မူ အျပဳံးက ႐ွိေနကာ ေျပာလိုက္၏။
"အစ္ကိုႀကီး ညီမ အမဲလိုက္ သြားရင္ ညီမ အေမက ေျခေထာက္ ခ်ိဳးလိမ့္မယ္၊ ညီမကို နယ္ၿမိဳ႕မွာကတည္းက အမဲမလိုက္ရဘူးဆိုၿပီး တင္းတင္းၾကပ္ၾကပ္ တားျမစ္ထားတာ"
"အမဲလိုက္တာက အျပစ္ ဘယ္ဟုတ္ပါ့မလဲ။ ေတာထဲမွာ ႐ွိတာ မင္း တစ္ေယာက္တည္းမွ မဟုတ္တာ၊ အတြင္းနန္းေဆာင္က မင္းသမီးေတြလည္း အဲဒီမွာ ျမင္းစီး ေလ့က်င့္ၾကတာပဲ"
လုလင္က်စ္က အေလာတႀကီး ေျပာသည္။
ယဲ့က်န္းက ထပ္ မျငင္းႏိုင္ခင္မွာပင္ သူက အနီးဆုံးတြင္ ႐ွိေသာ အေစာင့္ကို ေျပာလိုက္၏။
" ျမင္းသြားယူ"
ယဲ့က်န္းက ထိုသူက ျမင္းကို သြားယူေနေၾကာင္း ျမင္ေသာအခါ သူမက မ်က္ေမွာင္ ၾကဳတ္လိုက္၏။ သူမက လုလင္က်စ္ကို တည္တင္းစြာ ေျပာသည္။
"ညီမ မသြားခ်င္ဘူး"
အျခား တစ္ဖက္တြင္ ႐ွိေနေသာ ဆရာမ႐ွန္းက ကူကယ္ရာ မဲ့ေနသည္။ ယဲ့က်န္းက အစ္ကိုႀကီး ျဖစ္သူ၏ ေတာင္းဆိုမႈကို ဖယ္႐ွားလိုက္လွ်င္ ျဖစ္လာႏိုင္ေသာ အက်ိဳးဆက္ကို သူမ ေတြးမိၿပီး စိုးရိမ္ သြားမိ၏။ ဒါက သူမ၏ နာမည္ကို က်ဆင္းေစႏိုင္သည္။ ထို႔ေၾကာင့္ သူမက ဝင္ေျပာလိုက္ရ၏။
"သြားလိုက္ပါ၊ မင္းအေနနဲ႔ ဝင္ခြင့္ စာေမးပြဲ ေျဖတဲ့ အခ်ိန္မွာ ျမင္းစီးတဲ့ အတတ္က လိုအပ္တာပဲ။ အခု ေလ့က်င့္ထားတာက ေကာင္းတယ္"
လုလင္က်စ္က ဆရာမ႐ွန္းကို ေက်းဇူးတင္စြာ တစ္ခ်က္ ၾကည့္သည္။ လုေယာင္ေယာင္ ဒီတစ္ႀကိမ္ ဧကရာဇ္ႏွင့္ ေတြ႕မည္ကို သူ မျဖစ္ေစလိုေပ။ သူ႕အေနျဖင့္ ဧကရာဇ္က ယဲ့က်န္း၏ ႐ုပ္ရည္ကို မွတ္မိမည္ မဟုတ္မွန္း ေသခ်ာေနသည့္ တိုင္ေအာင္ ေ႐ွာင္႐ွားေစလိုေသး၏။ သူမကို သူ႕အနားတြင္သာ ေခၚထားလိုသည္။
ေမာ့႐ုန္က်န္းက မမွတ္မိရင္ေတာင္မွ သူ႕အနားက လူေတြကေရာ မမွတ္မိႏိုင္ဘဲ ေနပါ့မလား။
ယဲ့က်န္းက ထပ္မံ ျငင္းဆန္ရန္ မျဖစ္ႏိုင္ေတာ့ေပ။ ထို႔ေၾကာင့္ ျမင္းဇက္ႀကိဳးကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားလိုက္ၿပီး ျမင္းေပၚ ခုန္တက္ လိုက္၏။
ေျပာရလ်င္ ယဲ့က်န္းႏွင့္ လုေယာင္ေယာင္တို႔၏ ျမင္းစီးစြမ္းရည္က ေကာင္းသည္။ တစ္ခုတည္းေသာ ကြာျခားခ်က္က လုေယာင္ေယာင္က ကစားရန္ သက္သက္ ေလ့က်င့္ ထားခဲ့ျခင္း ျဖစ္ၿပီး ယဲ့က်န္းကမူ ၿပိဳင္ပြဲတြင္ ေသသပ္စြာ စီးနင္းရန္ ေလ့က်င့္ထားျခင္း ျဖစ္သည္။ သူမ၏ ဖခင္က ငယ္စဥ္ကတည္းက ကိုယ္တိုင္ ကိုယ္က် သင္ၾကားေပးခဲ့သည္။
တစ္ေယာက္တည္း ပိုလိုကစားရန္ အတြက္ပင္ ျဖစ္ေစ၊ အမဲလိုက္ရန္ အတြက္ပင္ ျဖစ္ေစ၊ မည္သို႔ေသာ အေနအထားမ်ိဳး အတြက္ပင္ ျဖစ္ေစ ၿမိဳ႕ေတာ္၏ အထက္တန္းလႊာ မိသားစု တစ္ခု၏ သခင္မေလး ဆိုေသာ အဆင့္အတန္း အရ သူမက လုပ္ႏိုင္စြမ္းအား ႐ွိသည္။
ဆရာမ႐ွန္းကလည္း ေက်ာ္ၾကားေသာ မိသားစုမွ ျဖစ္သည္။ သူမ၏ ျမင္းစီးဟန္ကို တစ္ခ်က္ ၾကည့္႐ုံျဖင့္ပင္ ျမင္းစီးရာတြင္ သူမက ဆိုး႐ြားေသာ အေနအထား မျဖစ္ႏိုင္မွန္း နားလည္ လိုက္၏။
"သြားစို႔"
လုလင္က်စ္က ယဲ့က်န္းကို တစ္ခ်က္ ၾကည့္လိုက္သည္။ သူ၏ ခံ့ညား ေခ်ာေမာေသာ မ်က္ႏွာတြင္ ေပ်ာ္႐ႊင္သြားေသာ အမူအရာက ထြက္ေပၚလာခဲ့၏။ သူ၏ စိတ္အေျခအေနကလည္း ေကာင္းမြန္လာခဲ့သည္။ စိတ္အတြင္းတြင္လည္း အနည္းငယ္ ၾကည္သာေသာ ခံစားခ်က္ အားလိႈင္း တစ္ခုက ျပန္႔လြင့္လာခဲ့၏။
ယဲ့က်န္းက ေခါင္းညိတ္ၿပီးေနာက္ သူမ၏ အေပါင္းအေဖာ္မ်ားကို ႏႈတ္ဆက္လိုက္သည္။
"ဆရာမ ကြၽန္မ အရင္ သြားေတာ့မယ္"
"ဒီည ယုန္သား လတ္လတ္ဆတ္ဆတ္ေလး စားရဖို႔ ေမွ်ာ္လင့္တယ္"
ဆရာမ႐ွန္းက ေနာက္သည္။
"ဆရာမ စိတ္ေအးေအးထားပါ၊ ေတာထဲမွာ ယုန္ေတြ ႐ွိသမွ် ကာလပတ္လုံး သမီးက ေဟာ့ေပါ့ပါ လုပ္ေပးဦးမွာ"
ယဲ့က်န္းက ေျပာလိုက္ၿပီး ေနာက္တြင္ ဦးတည္ ရာသို႔ သြားသည္။ ျမင္းကို ႏွင္ၿပီး ေနာက္တြင္ သူမက အရင္ဘဝသို႔ ျပန္ေရာက္သြားသည္ဟုပင္ ခံစားလိုက္ရ၏။
ထိုအခ်ိန္က သူမ၏ မိခင္က သူမကို အျပစ္တင္ေစကာမူ၊ မည္သို႔ ေဒါသ ထြက္ေစကာမူ သူမ၏ ဖခင္က အၿမဲတမ္း သူမကို ေထြးေပြ႕ေပးခဲ့ၿပီး ခံစားခ်က္ေကာင္းေအာင္ ႏွစ္သိမ့္ေပးခဲ့သည္။
အေဖ
ယဲ့က်န္း အေနႏွင့္ သူမဖခင္၏ သေဘာေကာင္းၿပီး ညင္သာ သိမ္ေမြ႕ေသာ အျပဳံးမ်ား အားလုံးကို မွတ္မိေနေသးသည္။ သူမကို ျမင္းစီး သင္ေပးခဲ့ခ်ိန္က သူ၏ အမူအရာ အားလုံးကို မွတ္မိေနေသး၏။ သူမက ျမင္းစီး သင္ၾကားရန္ စိတ္ပါ လာရန္အတြက္ ႏွစ္သိမ့္ စကား ေျပာဆိုခဲ့သည့္ ဟန္အမ်ိဳးမ်ိဳးကိုလည္း မွတ္မိေနေသးသည္။
အတိတ္ မွတ္ဉာဏ္ ခံစားခ်က္မ်ား ျပည့္လွ်ံလာေသာေၾကာင့္ သူမ ကိုင္ထားေသာ ျမင္းစီးဇက္ႀကိဳးက တင္းၾကပ္ သြားၿပီး သူမက ပစ္လႊတ္လိုက္ေသာ ျမားတစ္စင္းကဲ့သို႔ အေျပး ႏွင္ေတာ့၏။ အေနာက္မွ လူတိုင္း ေၾကာင္သြားၾကသည္။
လုလင္က်စ္တို႔ အဖြဲ႕က ထိုျမင္ကြင္းကို ျမင္ေသာအခါ အသည္းအသန္ အမွီ လိုက္ၾကသည္။ သူ႕ ေနာက္မွ လိုက္လာေသာ ထန္းက်န္းက သူႏွင့္ အမွီ လိုက္ႏိုင္ေသာသူ တစ္ေယာက္တည္းေသာသူ ျဖစ္သည္။
"မင္း မိသားစုက ကေလးမေလးက ျမင္းစီး ကြၽမ္းက်င္လိုက္ၾကတာ။ သူမရဲ႕ ျမင္းစီးစြမ္းရည္က ၿမိဳ႕ေတာ္က အလိုလိုက္ခံထားရတဲ့ ေကာင္မေလးေတြထက္ အမ်ားႀကီး သာတယ္"
ထန္းက်န္းက မွတ္ခ်က္ျပဳသည္။
ထိုကေလးမေလး၏ ျမင္းစီးစြမ္းရည္ကို သူ အမွန္ပင္ ေလးစားမိသြား၏။
"ေယာင္ေယာင္ အ႐ွိန္ကို ေလွ်ာ့"
လုလင္က်စ္က အေနာက္မွ ေအာ္သည္။
လုလင္က်စ္၏ ေအာ္သံက က်ယ္ေသာ္လည္း ယဲ့က်န္းကမူ မၾကားေပ။ သို႔မဟုတ္ သူမ ၾကားေနလွ်င္ပင္ မၾကားဟန္ ေဆာင္ေနလိမ့္မည္။ ထိုတစ္ခဏတြင္ သူမက သူမကိုယ္တိုင္ ျပန္ျဖစ္သြားသကဲ့သို႔ေသာ ခံစားခ်က္ မ်ိဳးေၾကာင့္ ဒီခံစားခ်က္ကိုသာ အခ်ိန္ ၾကာေစရန္ သူမ ခံစား ေနေပလိမ့္မည္။ သူမ ဒီမႏွစ္ၿမိဳ႕ဖြယ္ လူမ်ားကို ဂ႐ုစိုက္ရန္ မလိုေသာ အခ်ိန္လည္း ျဖစ္၏။
သူမ၏ လက္မ်ားက ျမင္းဇက္ႀကိဳးကို တင္းၾကပ္စြာ ဆုပ္ကိုင္ ထားၿပီး လြတ္လပ္ က်ယ္ေျပာေသာ ေလာကထဲ ခရီးဆက္ႏိုင္သည္။
သူမက ေတာအုပ္ထဲသို႔ ျဖည္းျဖည္းခ်င္း ဝင္ေရာက္ သြားခဲ့ကာ အေနာက္မွ လူမ်ားကို မ်က္ျခည္ျဖတ္သြား၏။ သို႔ရာတြင္ လုလင္က်စ္ႏွင့္ အေပါင္းအေဖာ္ကမူ တိုက္ပြဲတြင္ ဒီလို အေျပးႏွင္ကာ တိုက္ခိုက္ ခဲ့သူမ်ား ျဖစ္ၾကေလရာ အံႀကိတ္ၿပီး ျပင္းျပင္းထန္ထန္ ျမင္းစီႏိုင္စြမ္း ႐ွိၾကသည္။ ထို႔ေၾကာင့္ သိပ္မၾကာခင္မွာပင္ သူတို႔က ယဲ့က်န္းကို မွီသြား၏။
သူတို႔က သူမကို ရပ္ရန္ တားေတာ့မည့္ အခ်ိန္တြင္မူ ျမင္းေဘးဘက္မွ ျမားတစ္စင္းမွ ျဖတ္ထြက္ သြားေၾကာင္း ျမင္လိုက္ရၿပီး သူတို႔ စကားမ်ား ေပ်ာက္ဆုံး သြားခဲ့၏။
ယဲ့က်န္း သူမက သူမ၏ လက္ေမာင္းမ်ားကို လႈပ္႐ွားကာ ေလးႀကိဳးကို ဆြဲၿပီး ျမားပစ္လိုက္ျခင္းလည္း ျဖစ္သည္။
ထိုျမားက သူတို႔၏ အျမင္ႏႈန္း အျမန္ မလိုက္ႏိုင္ေလာက္ေအာင္ အလြန္ ျမန္ဆန္ ေနခဲ့၏။ သူမက ျမားကို ပစ္လႊတ္ လိုက္ေၾကာင္း ျမင္လိုက္ခ်ိန္တြင္ပင္ ေျမျပင္တြင္ မီးခိုးေရာင္ ယုန္တစ္ေကာင္က လဲသြားခဲ့ေခ်ၿပီ။ ေခါင္းမွ ထုတ္ခ်င္း ေပါက္္သြားျခင္း ျဖစ္၏။ အေနအထားအရ ျမက္ပင္႐ွည္မ်ား အေနာက္တြင္ ပုန္းကြယ္ေနေသာ္လည္း ႐ွင္းလင္းစြာ ပစ္လႊတ္လိုက္ႏိုင္ျခင္းလည္း ျဖစ္သည္။
ယဲ့က်န္း ဘယ္လို ပစ္လိုက္တာလဲ။
လုလင္က်စ္ အံ့ဩသြားကာ ယဲ့က်န္း၏ ခ်စ္စဖြယ္ ေဘးတိုက္ မ်က္ႏွာထားကို ၾကည့္သည္။ ထိုကဲ့သို႔ေသာ ခ်စ္စဖြယ္ မ်က္ႏွာထားျဖင့္ ယုန္ကို တစ္ခ်က္တည္း ပစ္လႊတ္လိုက္ျခင္းလည္း ျဖစ္၏။
"ေယာင္ေယာင္"
လုလင္က်စ္က အေလာတႀကီး အနားသို႔ သြားသည္။
"ေယာင္ေယာင္"
လု႐ွန္းက်စ္က ေအာ္ကာ အနားသို႔ ေရာက္လာသည္။
သူမ၏ အစ္ကိုကို ျမင္ေသာအခါ ယဲ့က်န္းက ေပ်ာ္႐ႊင္စြာ ေခၚလိုက္သည္။
"အစ္ကိုႀကီး ညီမ ယုန္ ပစ္လိုက္ၿပီ"
ယဲ့က်န္းက လု႐ွန္းက်စ္ကို ေျပာသည္။
သူမ၏ စိတ္ထဲတြင္ လုမိသားစုမွ သည္သုံးေယာက္ကသာလွ်င္ သူမ၏ မိသားစုဝင္ ျဖစ္သည္။ ေဖး႐ွီ၊ လု႐ွီမင္ႏွင့္ လု႐ွန္းက်စ္တို႔ကသာ သူမ၏ မိသားစုဝင္မ်ား ျဖစ္ၾက၏။ ထိုသူမ်ားမွ လြဲၿပီး သူမ၏ ညီမက ေပ်ာ္႐ႊင္ေသာ ဘဝကို ပိုင္ဆိုင္ ရလိမ့္မည္ မဟုတ္ေပ။