Never

By Blacksheep303

24.6K 1.2K 107

ဦးနှောက်က မလုပ်သင့်ဘူးလို့ အကြိမ်ကြိမ် သတိပေးနေပေမယ့် ကိုယ့်ရဲ့ စိတ်ပျော်ရွှင်ရာလေးမို့ အခါခါ ထပ်လုပ်မိနေတာမျ... More

Never (ဘယ်တော့မှ) - 1
Never (ဘယ္ေတာ့မွ) Zawgyi -1
Never (ဘယ်တော့မှ) - 2
Never (ဘယ္ေတာ့မွ) - Zawgyi 2
Never (ဘယ်တော့မှ ) - 3
Never (ဘယ္ေတာ့မွ) - Zawgyi 3
Never (ဘယ်တော့မှ)-4
Never (ဘယ္ေတာ့မွ) - Zawgyi 4
Never (ဘယ်တော့မှ)- 5
Never (ဘယ္ေတာ့မွ) - Zawgyi 5
Never (ဘယ်တော့မှ ) -6
Never (ဘယ္ေတာ့မွ) - Zawgyi 6
Never (ဘယ်တော့မှ)- 7
Never (ဘယ္ေတာ့မွ) - Zawgyi 7
Never (ဘယ်တော့မှ) - 8
Never (ဘယ္ေတာ့မွ) - Zawgyi 8
N ever (ဘယ်တော့မှ) - 9
Never (ဘယ်တော့မှ) -Zawgyi 9
Never (ဘယ်တော့မှ) - Zawgyi 10
Never (ဘယ်တော့မှ) - 11
Never (ဘယ္ေတာ့မွ) - Zawgyi 11
Never (ဘယ်တော့မှ) -12
Never (ဘယ္ေတာ့မွ) - Zawgyi 12
Never (ဘယ်တော့မှ) - 13
Never (ဘယ္ေတာ့မွ) - Zawgyi 13
Never (ဘယ်တော့မှ) - 14
Never (ဘယ္ေတာ့မွ) - Zawgyi 14
Never (ဘယ်တော့မှ) - 15
Never (ဘယ္ေတာ့မွ) - Zawgyi 15
Never (ဘယ်တော့မှ) - 16
Never (ဘယ္ေတာ့မွ) - Zawgyi 16
Never (ဘယ်တော့မှ) - 17
Never (ဘယ္ေတာ့မွ) - Zawgyi 17
Never (ဘယ်တော့မှ) - 18
Never (ဘယ္ေတာ့မွ) - Zawgyi 18
Never (ဘယ်တော့မှ) - 19
Never (ဘယ္ေတာ့မွ) - Zawgyi 19
Never (ဘယ်တော့မှ) - 20
Never (ဘယ္ေတာ့မွ) - Zawgyi 20
Never (ဘယ်တော့မှ) - 21
Never (ဘယ္ေတာ့မွ) - Zawgyi 21
Never (ဘယ်တော့မှ) -22
Never (ဘယ္ေတာ့မွ) - Zawgyi 22
Never (ဘယ်တော့မှ) - 23
Never (ဘယ္ေတာ့မွ) - Zawgyi 23
Never (ဘယ်တော့မှ) -24
Never (ဘယ္ေတာ့မွ) - Zawgyi 24
Never (ဘယ်တော့မှ) - 25
Never (ဘယ္ေတာ့မွ) - Zawgyi 25
Never (ဘယ်တော့မှ) - 26
Never (ဘယ္ေတာ့မွ) - Zawgyi 26
Never (ဘယ်တော့မှ) - 27
Never (ဘယ္ေတာ့မွ) - Zawgyi 27
Never (ဘယ်တော့မှ) - 28
Never (ဘယ္ေတာ့မွ) - Zawgyi 28
Never (ဘယ်တော့မှ) - 29
Never (ဘယ္ေတာ့မွ) - Zawgyi 29
Never (ဘယ်တော့မှ) - 30
Never (ဘယ္ေတာ့မွ) - Zawgyi 30
Never (ဘယ်တော့မှ) - 31
Never (ဘယ္ေတာ့မွ) - Zawgyi 31
Never (ဘယ်တော့မှ) - 32
Never (ဘယ္ေတာ့မွ) - Zawgyi 32
Never (ဘယ်တော့မှ) - 33
Never (ဘယ္ေတာ့မွ) - Zawgyi 33
Never (ဘယ်တော့မှ) - 34 (Final)
Never (ဘယ္ေတာ့မွ) - Zawgyi 34 (Final)
Author's Note (Unicode+ Zawgyi)
Never (ဘယ်တော့မှ) - Special Part
Never (ဘယ္ေတာ့မွ) - Special Part (Zawgyi)

Never (ဘယ်တော့မှ)- 10

447 28 1
By Blacksheep303

ဟောက်ရွှမ်းက ကျိရန် ရဲ့ အတွဲတွေ ဖြစ်ပြီးနောက်ပိုင်း ဘက်ပဲ့နေခဲ့တဲ့ ရိပေါ်က ရှောင်းကျန့်နဲ့ တော်တော်လေး အဆင်ပြေနေပါတယ်
ခါတိုင်း စကားအများကြီး မပြောတတ်တဲ့သူက စကားတွေ အများကြီး ပြောနေတာမျိုး တခြားသူတွေနဲ့ ခပ်တည်တည်နေတတ်ပေမယ့်
ရှောင်းကျန့်နဲ့ဆိုရင် အလိုလိုပြုံးနေတာမျိုး ရှောင်းကျန့်နဲ့ဆိုရင် အရာရာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်နေတာမျိုး သက်တောင့် သက်သာ အနေအထားကို ခံစားနေရတာမျိုးကြောင့် ခင်မင်မှုတွေက ပိုနက်ရှိုင်းလာခဲ့တာပါ

ဒါပေမယ့် ကျန့်ကောက အရမ်းအစ အနောက် သန်တယ် ရိပေါ်က တစ်ချိန်လုံး ခဏခဏခံရတယ် ခံရတိုင်းလည်း ရိပေါ် က နောက်ခါဘယ်တော့မှ မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ပြီး တစ်ရက်နှစ်ရက်လောက် ခပ်တန်းတန်းဖြစ်သွားပြီး လက်ဝှေ့လေ့ကျင့်တာ အတူတူကျင့်ကြပေမယ့် သိပ်မခေါ်မပြော ဖြစ်တတ်ကြပေမယ့် နောက်ဆုံးတော့လည်း ရှောင်းကျန့်က ညာတေးပါတေးနဲ့လာ လာ စပြီးခေါ်လို့ ပြန်တည့်သွားကြတာပါပဲ

ဒီတစ်ခါကတော့ ည၁၀နာရီလောက်ကြီး ဖုန်းဆက်လာပြီး

"အား........ရိပေါ် ..ငါ ဗိုက်အရမ်းနာနေလို့ ......"

ဆိုပြီး ဖုန်းကျသွားတာပါ ပြန်ဆက်လည်း မကိုင်ခေါ်လို့မရနဲ့ ရိပေါ်မှာ အူးယားဖားယား ဖိနပ်တောင် ကျွဲတစ်ဖက်နွားတစ်ဖက်တွေ ဖြစ်ပြီး သူ့ကွန်ဒိုဆီ ပြေးရတာ ဟိုရောက်တော့ Passcode လေးနှိပ်ပြီး အိမ်ထဲကို စိုးရိမ်တကြီးနဲ့ အပြေးဝင် သွားမိတော့ ကိုယ်တော်ချောက အခန့်သား TV Drama ဇာတ်လမ်းတွေ တောင် ကြည့်နေသေးတာ

အထဲကို အူယားဖားယားရောက်လာတဲ့ ရိပေါ်ကို ကြည့်ပြီး တဟားဟားနဲ့တောင် ထိုင်ရီနေသေးတာ
အဲဒီတောမှ သူ့ကို တမင်တကာ စနောက်လိုက်တာမှန်းသိလို့ စိတ်ဆိုးလိုက်တာဆို ပြောမနေနဲ့ အရမ်းကို စိတ်ပူခဲ့တဲ့ကိုယ့် အကြောင်း ကိုယ်ပဲသိ တယ် သူတစ်ပါး ခံစားချက်တွေကို ကစားချင်တဲ့ ပျက်ရယ်ပြုချင်တဲ့ စိတ်ကို နားမလည်ဘူး ဒါမျိုးက စနောက်တာထက် လွန်သွားတာမို့ ရိပေါ် တော်တော် ဒေါသထွက်နေတာပါ ဒါပေမယ့် ဒေါသတွေအားလုံးမျိုချလိုက်ပြီး

"ကျေနပ်တယ်မလား ပျော်တယ်မလား ကျွန်တော့်ကို လှည့်စားလို့ကောင်းလို့လေ ဆက်ပျော်နေလိုက်"

လို့သာပြောပြီး ရိပေါ် အမြန်ပြန်ခဲ့လိုက်တာပါ ပြီးတာနဲ့ အိမ်မပြန်ဘဲ လေယာဉ်ကွင်းကို တန်းဆင်းပြီး ဆိုင်ကယ်ကို လေယာဉ်ကွင်းမှာပဲရပ်ခဲ့ပြီး ည ၁နာရီ Flight နဲ့ ကူမင်းကို ပြန်ခဲ့လိုက်တာ ဘာလိုလို အဆင်သင့်ရအောင် ရိပေါ်လွယ်တတ်တဲ့ အိတ်ထဲ မှတ်ပုံတင်ပိုက်ဆံ အားလုံးထည့်တတ်တဲ့အကျင့်ရှိတာမို့ ခုလိုအဆင်ပြေသွားတာပါ မပြန်ခင် ဟောက်ရွှမ်းနဲ့ ကျောင်းကို တစ်ပတ်ခွင့်တိုင်ခိုင်းလိုက်ပါတယ်

သူအခုချိန်မှာ မားမားနဲ့တွေ့ဖို့ အရမ်းလိုအပ်နေပြီ  ကူမင်းရောက်တော့ ရှောင်းကျန့်ဆီက Missed Callတွေ မြင်ပေမယ့် စိတ်ပူတယ်ဆိုတာ ဘာလဲသိရအောင် ကျွန်တော်က ခင်ဗျားကို ပြန်သိအောင်လုပ်ပေးရမှာပဲ လို့တွေးပြီး ဖုန်းကို Airplane Modeပဲ Onထားလိုက်ပါတယ် ကူမင်းရောက်တော့ မနက်၄း၃၀ပဲရှိသေးတာမို့ အလင်းဆိုင်တစ်ခု ဝင်ပြီး ခေါက်ဆွဲပြုတ်လေးစားပြီး အချိန်ဖြုန်းလိုက်ပါတယ်

ပြီးမှမိန်ကျားရွာကို ကားဌားပြန်ခဲ့လိုက်တော့ မနက်အစောကြီး ညဝတ်အိပ် အင်္ကျီရယ် ဖိနပ်ကျွဲတစ်ဖက်နွားတစ်ဖက်နဲ့ ရိပေါ် စိတ်ညစ်တဲ့ပုံနဲ့ ရိပေါ်ကို မြင်လိုက်ရတော့ မားမားက စိတ်ပူတဲ့ ပုံနဲ့ အပြေးလာဖက်ပြီး

"မားမားသားလေး ဘာဖြစ်လာတာလဲ ပြော မားကို ပြော သား"

"မားမား...."

ခုလောလောဆယ် ရိပေါ်ဘာစကားမှ မပြောနိုင်ဘူး ငိုချင်တာပဲသိတာ အားကိုးရာ ရပြီမို့ မားကို ဖက်ငိုနေမိတာ

"လာ..လာ ဒို့သားအမိကလည်း အိမ်ရှေ့ကြီးမှာ လာအထဲသွားရအောင် ငိုနဲ့တော့တိတ် ဘာဖြစ်လာတာလဲ မားကို ပြော မားဖြေရှင်းပေးမယ်"

ဆိုပြီး အိမ်ထဲကို တွဲခေါ်လာတာပါ

"မား စိတ်မပူနဲ့နော် သားက ဘာမှကြီးကြီးမားမား တော့မဟုတ်ဘူး ဒါပေမယ့် သား ဘာဖြစ်နေမှန်းမသိဘူး မားကို တွေ့တော့ ပိုဝမ်းနည်းသွားပြီး ငိုမိသွားတာ ငိုစရာလည်း မဟုတ်ဘဲနဲ့ကို"

"ဘာပဲဖြစ်ဖြစ် မားမားသားလေးက မားကိုလာရှာတယ်ဆိုတော့ မားကိုရင်ဖွင့်စရာတွေ ရှိနေပြီမလား"

"အင်း...မားက သားကို နားအလည်ဆုံးလေ အဲဒါကြောင့် မားဆီပြေးလာတာ အခုတော့ ရေမိုးချိုး ခဏအိပ်လိုက်ဦးမယ် ကျောင်းကလည်း တစ်ပတ်ခွင့်တိုင်ခဲ့တော့ မားနား တစ်ဝကြီးနေလိုက်ဦးမယ်နော် စိတ်မပူနဲ့ နိုးလာရင် ဖြေးဖြေးချင်းတိုင်ပင်မယ်နော် မား"

"အေး အေး အိပ် မားရဲ့ သားလေး အိပ်ရေးပျက်လာတာ မား  ချင်းဟယ်ကို စျေးမှာ သားကြိုက်တာလေးတွေ ဝယ်ခိုင်းထားလိုက်မယ် ပြီးရင် သားကြိုက်တာလေးတွေ ချက်ထားပေးမယ်နော်"

ဒီလိုနဲ့ ရိပေါ် မားမားသားလေး ပြန်လာလုပ်တာပါ ရိပေါ်ခံစားနေရတာတွေကို မားမားနဲ့ တိုင်ပင်ဖြစ်သလို သေချာချင်တဲ့ ခံစားချက်တွေကို မားဆီလာ အတည်ပြုတာပါ

"မား သားလေ သူ့ကို အရမ်းခင်တာပဲ မမြင်ရရင်လည်း မြင်ချင်တယ် မြင်နေရလည်း ထပ်မြင်တွေ့ချင်နေတာ ကျွန်တော်မကြိုက်တာတွေကို ထပ်ခါထပ်ခါ လုပ်နေလည်း ကျွန်တော်သူ့ကို မခင်ဘဲ မနေနိုင်ဘူး ဟိုနေ့က ရုတ်တရက် သူနေမကောင်း ဖြစ်တယ်ထင်ပြီး ဖုန်းခေါ်မရတော့ အရမ်းကို ဆုံးရှုံးလက်လွတ်လိုက်ရမှာ ကြောက်စိတ်က ကိုယ့်ကိုကိုယ် သတိပေးလိုက်တာ သူ့ကို အဆုံးအရှုံးမခံနိုင်တော့ဘူးမားရယ်"

မားမားက ပြုံးပြီး ဪ မားသားလေးတောင် အရွယ်ရောက်လာပြီပဲ

"အဆုံးရှုံးမခံံနိုင်ရင်လည်း ရယူဖို့ နီးစပ်ဖို့ ကြိုးစားပေါ့သားရဲ့ မားကို သူ့အကြောင်းလေး နည်းနည်းလောက် ပြောပြပါလား"

မြောက်ပေးတဲ့ မားမားကြောင့် ရိပေါ်ပြုံးပြီး ရှောင်းကျန့်အကြောင်းတွေကို နာမည်မပါ လက်ဝှေ့တူတူထိုးဖူးတဲ့ ချန်ပီယံဆိုတာ မပါဘဲ တစ်ခြားအကြောင်းအရာလေးတွေ ပြောပြမိပါတယ် မာနမကြီးတဲ့အကြောင်း ထူးခြားတဲ့အပြုံးအကြောင်း စိတ်ကောက်တတ်တဲ့အကြောင်း စနောက်တတ်တဲ့အကြောင်းလေးတွေပေါ့ စကားလေး နည်းနည်းစပေးလိုက်တာနဲ့ သူစိတ်ဝင်စားတဲ့သူ အကြောင်းပြုံးပြီး မမောနိုင် မပန်းနိုင်
ကို ပြောနေတာပါပဲလား ရိပေါ်ရယ် ဪ ငါ့သားလေးတောင် ချစ်တတ်နေပြီပေါ့

"မားမား သားလေးတောင် အချစ်ကို ရှာဖွေတွေ့ရှိနေပြီပေါ့လေ သူ့အကြောင်းပြောပြနေရတာနဲ့ မျက်နှာက ပြုံးဖြီးနေတာပဲ အဲလောက် သဘောကျနေတဲ့ဟာကို ဖွင့်ပြောလိုက်ပေါ့ သားရယ်"

"ဟင်း....သူက အရမ်းအစအနောက် သန်တာ သားခံစားချက်တွေကို သူက အပျော်သဘောနဲ့ လှည့်စားသွားရင် ဘယ်လိုလုပ်မလဲ"

"ငါ့ သားက တွေးပူနေတာကိုး အခုလို မပြောပဲထားတော့ကို သားစိတ်ညစ်နေရတာပဲလေ သူက သားကို လှည့်စားသွားမယ်ဆိုရင်တောင် မလှည့်စားခင် အချိန်အထိတော့ သားပျော်ပျော်ရွှင်ရွှင်လေး ဖြစ်နေမှာပဲလေ နောက်ဆုံး လှည့်စားသွားဦးတော့ သားက သူ့ကို သေသေချာချာ ချစ်ပေးလိုက်တာမို့ သားခုထက်တော့ နောင်တရတာနည်းမယ်လို့ မားထင်တာပဲ အနည်းဆုံးတော့ ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့ ဟုတ်ဖူးလား"

"မားက သားကို မြောက်ပေးနေတာပေါ့လေ သား အသည်းကွဲကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ"

"မားမားယုံကြည်တယ် သားက ကျန်ခဲ့မှာမဟုတ်ဘူး ဒီလောက်ချစ်ဖို့ကောင်းတဲ့ ငါတို့ရိပေါ်လေးကို ဘယ်သူက မချစ်ဘဲနေနိုင်မှာလဲ စိတ်ကူးထဲက ရွှေမင်းသားလေးကို ဘယ်ကောင်မလေးမှ ထားခဲ့ရက်မှ မဟုတ်ပါဘူး"

"မားမား ကတော့ လုပ်ပြီ"

"သား အခုပြောနေတာ ကောင်မလေး မဟုတ်ဘူး ကောင်လေး ကောင်လေး အစကတော့ သားစိတ်ကူးက ကောင်မလေးတစ်ယောက်နဲ့ပဲ ချစ်ကြိုက်ပြီး သဘာဝကျကျလေး ဘဝကို ဖြတ်သန်းမယ်လို့ တွေးထားတာ သူနဲ့တွေ့တော့ သားစိတ်တွေက ကမောက်ကမဖြစ်လာတာ ယောက်ျားလေးတိုင်းကို သဘောမကျပေမယ့် သူ့ကိုတော့ အရမ်းကြီး သဘောကျသွားတာ"

"အယ် ဒါဆိုရင်တော့ မား လည်း မပြောတတ်တော့ဘူးသားရေ သူ့ဘက်က သားကို ခံစားချက်ရှိမရှိ ကပြောရခက်တယ် အဆက်အသွယ် မလုပ်ပဲနေကြည့်လေ သားနဲ့သူက ခံစားချက်ချင်းတူရင် တူနေမှာ"

"အခုသား အဲလိုလုပ်ခဲ့တာ မားမား ဟီး"

"ငါ့သား လူလည်လေး"

"မား သားကို သဘောမတူဘူး ဘာညာမပြောတော့ဘူးလား"

"ပြောစရာလား အခုခေတ်မှာ ဒါမျိုးတွေ ကို မားနားလည်ပြီးသားပါ သားဘဝရဲ့လက်တွဲဖော် သားကို ရွေးချယ်ခွင့် အပြည့်မားက ပေးပြီးသား သားကိုယ်တိုင်ရွေးချယ် သားကိုတိုင် သားဘဝကို တည်ဆောက် တစ်ခုပဲ အသက်၂၅နှစ်ကျော်မှ လက်ထပ်ရမယ်နော်"

"အင်းပါ စိတ်ချ မား ဒါပေမယ့် ဒီကြားထဲ ချစ်သူရည်းစားအနေနဲ့ မားဆီခေါ်ခဲ့လို့ရတယ်မလား"

"ရတာပေါ့ မားက စိတ်ကစားတာမျိုး မဖြစ်ရအောင် ပြောတာပါသားရဲ့ နောက်တစ်ခုက မား သားကို ကြိုမှာထားချင်တာ ဘဝမှာ ခံစားချက်ချင်း ထပ်တူကျနေရင် ချစ်သူတွေဘဝက ပျော်စရာကောင်းတယ်သားရဲ့ ဒါပေမယ့် တစ်ယောက်ယောက်က ခံစားချက်တွေ ပြောင်းလဲ သွားခဲ့ရင်လည်း သားနားလည်ရမယ် သူများက ကိုယ့်ကို မလိုချင်တော့ဘူးဆိုတာကို သိတဲ့အချိန်ကျရင် လက်လွှတ်ပေးလိုက်ပါ သား တွယ်ကပ်မနေနဲ့သား အရမ်း ခံစားရတယ် မားမားလို သားကို မခံစားစေချင်ဘူး သားပါးပါး ခြေလှမ်းပျက်နေတာကို သိပေမယ့် အတင်းမေးလိုက် ညာတာကို မသိချင် ယောင်ဆောင်နေပေမယ့် ငါသူတို့ကို ရအောင်ဖမ်းပြီး တစ်ဖက်လူကို ဒါ ငါ့အပိုင် ငါ့ယောက်ျားဆိုတာမျိုး သိအောင်လုပ်ပြမယ်ဆိုပြီး မိအောင်ဖမ်းခဲ့ပေမယ့် ပြန်ကြားရတဲ့စကားက မင်းကို ငါမချစ်တော့ဘူး မင်းကို ငါမလိုချင်တော့ဘူး မင်းငါ့ဘဝထဲ ထွက်သွားပေးပါ ဆိုတာက ပိုရင်ကွဲစေတဲ့စကားမျိုး မားနားနဲ့ဆတ်ဆတ်ကြားခဲ့ရတာ အရမ်းခံစားရတယ် ဒါကြောင့် ကိုယ့်ကို မလိုချင်တာ သေချာတဲ့အချိန်ဆိုရင်တော့ ငါ့သားလေး လက်လွှတ်တတ်ပါစေနော်"

"မားမားနော် သားက ရအောင်တောင် မကြိုးစားရသေးဘူး မားက လက်လွှတ်ခိုင်းနေပြီ"

ရိပေါ် နှုတ်ခမ်းထော်ပြိီး မျက်နှာလေးစူပုပ်ပြီး မားကို ပြန်ပြောလိုက်တာပါ

"ဆောရီး မားရဲ့ သားလေးကို မဦးမချွတ်တွေ ပြောနေမိတာပဲ ငါ့သားလေး ကံကောင်းပါစေနော်"

မားမားနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ရိပေါ် ဆုံးဖြတ်ချက်ချလိုက်ပါတယ် မားပြောသလိုပဲ အနည်းဆုံးတော့ ဖြစ်ချင်ရာဖြစ် ဖွင့်ပြောလိုက် တော့မယ် ဒါပေမယ့် ဆက်သွယ်မှုဧရိယာ ပြင်ပမှာတော့ နေထိုင်လိုက်ပါဦးမယ် မားနားက ကပ်ချွဲနေရင်းပေါ့ ခင်ဗျားက ရော ကျွန်တော့် ကို သတိရနေရဲ့လား မပြောမဆိုပျောက်သွားလို့ စိတ်ပူနေမလား စိတ်မပူဘဲ အရင်လို စရင်းနောက်ရင်းနဲ့ ပဲ ကျွန်တော်မပါတဲ့ အနေအထားကို အလွယ်တကူနေသားကျနေမှာလား ကျွန်တော်က တော့ ခင်ဗျားအကြောင်းမတွေးဘဲနဲ့တောင် မနေနိုင်တော့ပါဘူး

တနင်္ဂနွေနေ့ ညကထွက်လာခဲ့တာဆိုတော့ ၂ရက်လောက်က တောင့်ခံနိုင်ပေမယ့် ဗုဒ္ဓဟူးနေ့မနက်ကျတော့ သိပ်မနေနိုင်တော့ပါဘူး ဖုန်းကို ထုတ်ထုတ်ကြည့်ပြီး Airplane Mode ကို ပြန်ပိတ်လိုက်ရမလား ဖုန်းလိုင်းပြန်ဖွင့်ပြီး ခေါ်ကြည့်လိုက်ရမလား စဉ်းစားနေတာပါ စဉ်းစားနေတာကြာပါတယ် ခဏတော့ ဘာတွေများ ဖြေရှင်းချက်ပေးထားမလဲ ခေါ်ထားသေးလားလို့ ကြည့်လိုက်တဲ့အခါ စိတ်ဆိုးပြီး ထွက်လာတဲ့ညက အခု ၃၀လောက် တနင်္လာနေ့က အခါတစ်ရာလောက် အင်္ဂါနေ့က အခါ ၄၀ လောက်ခေါ်ထားမို့ Missed callတွေကြည့်ပြီး ကျေနပ်သွားပါတယ်

ရှင်းပြထားတဲ့ Message တွေ ရိုးရိုး ဖုန်း messageမှာရော WeChatမှာပါ မတွေ့ရပါဘူး ဒါကြောင့် နည်းနည်းလေး စိတ်ကောက်ချင် စိတ်လေးက ပြန်ခေါင်းထောင်လာတာမို့ ပြန်ပြီး Airplane Mode လေး ပြန် On ထားလိုက်ပြီး မနက်စာ စားဖို့ စားပွဲမှာ ဝင်ထိုင်လိုက်ပါတုန်း
မားမားနဲ့ မနက်စာ စားနေတုန်း

"ဖေးဖေးရေ ရိပေါ် ရေ ဧည့်သည် လာတယ်ဟေ့ မြို့ကလာတာ အိမ်မသိလို့ ငါလိုက်ပို့တာ"

ဆိုတဲ့ အဘကျောက်ရဲ့ အော်သံကြီးက ကြားလိုက်တာမို့ မားမားက ထမင်းစားခန်းက နေ ထွက်သွားလိုက်ပါတယ် မားမား ဧည့်သည်နေမှာပေါ့ ရိပေါ်ကတော့ လာစရာ ဧည့်သည်မှ မရှိတာ

" အာ... ဘာကိစ္စလည်း မသိဘူးရှင့် ဘယ်သူလွတ်လိုက်တာလည်း"

အသားလတ်လတ် အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်မို့ စကားမေးလိုက်တာပါ ဒီရက်ပိုင်း ကုန်သည်တွေနဲ့ ချိန်းထားတာ လူလွတ်ပြီး ပစ္စည်းယူခိုင်းတာ တစ်ခုမှ မရှိထားတာမို့ မေးကြည့်လိုက်တာ

" ဟို ..ဟိုဟာ ကျွန်တော်က ပေကျင်းက ရိပေါ်သူငယ်ချင်းပါ သူက ကျွန်တော့်ကို အထင်မှားပြီး စိတ်ဆိုးသွားလို့ လာတောင်းပန်တာပါ"

ဪ ဒီကလေးနေမှာ သားငယ်လေးကို ဒီအထိလိုက်လာပြီး တောင်းပန်တာဆိုတော့ သားငယ်လေးလို ပဲ သူ့မှာ မလျော့သော ချစ်ခြင်း မေတ္တာမျိုးရှိလောက်မှာပါလို့ တွေးမိတော့ သားအတွက်တောင် တွေးပျော်သွားတာပါ

"ဪ...လာ...လာ ရိပေါ်ရှိတယ်"

သားနောက်ကို လိုက်လာတဲ့ ကလေးကို အိမ်ထဲခေါ်ခဲ့လိုက်ပြီး ဧည့်ခန်းထဲ ထိုင်ခိုင်းလိုက်ပါတယ် ပြီးတော့ တိတ်တိတ်နေဖို့ လက်ညိုးလေး နဲ့ အချက်ပြလိုက်ပြီး ထမင်းစားခန်းထဲကို ပြန်ဝင်လာပြီး

"ရိပေါ်လေးကို Surprise တိုက်စရာရှိတယ်"

ပြောလည်းပြော မျက်လုံးကို လက်ဖဝါးလေးနဲ့အုပ်ပြီး အပြင်ကို ခေါ်ခဲ့လိုက်ပါတယ် လိုက်လာတဲ့ ရိပေါ်ကလည်း ပါးစပ်ကနေ

"မား ကျွန်တော့်အတွက် YAMAHA R7 ဝယ်ထားပေးတာများလား"

"မဟုတ်သေးဘူး"

"ဘာတုန်း Limited edition ထုတ်ထားတဲ့ Skateboard လေးလား"

"မဟုတ်သေးပါဘူး"

"ဝယ်လို့ရတာ မဟုတ်ဘူး မအံ့ဩနဲ့နော်"

"မားနော် သားကို စိတ်လှုပ်ရှားအောင်လုပ်နေပြန်ပါပြီ"

ဧည့်ခန်းထဲရောက်တော့ အမြဲတမ်းရနေကျ ရေမွေးနံ့လေး ရလိုက်တာမို့ သတိရစိတ်တွေ က တသိမ့်သိမ့်ပါပဲ မဖြစ်သေးပါဘူး မနက်ဖြန် ညFlightနဲ့ ပြန်မှနဲ့တူတယ် အခုတောင် တော်တော်သတိရနေတာမို့ မရှိတဲ့သူရဲ့ ကိုယ်သင်းနံ့နဲ့ ရေမွေးနံ့ သင်းသင်းလေးတောင်ရနေပြီ လို့တွေးလိုက်ပါတယ် တွေးကောင်းနေတုန်း မားမားက

"ရိပေါ်လေး သားလေး မားမား လက်ဖြုတ်ပြီနော်"

လို့ပြောလာပါတယ် ရိပေါ် မျက်လုံးမဖွင့်သေးပါဘူး ဖွင့်လိုက်ရင် စိတ်ကူးထဲကရနံ့လေး ပျောက်ပျက်သွားမှာစိုးလို့ ဒါကြောင့် မားမားက ထပ်ပြောပါတယ်

"သား မျက်လုံးဖွင့်ကြည့်ပါဦး"

ဖျတ်ကနဲဖွင့်လိုက်တဲ့အခါ

" ကျန့်ကော ကျွန်တော့်နောက်လိုက်လာတယ်"

"ဟီး ဟီး သေချာမမေးဘဲ ရှင်းပြခွင့်တောင် မပေးဘဲ စိတ်ဆိုးသွားတဲ့သူကို လာရှင်းပြတာ ပြီးမှ စိတ်ဆိုးချင်ဆိုး"

" ကျွန်တော်က စိတ်မဆိုးပါဘူး စိတ်မကောင်းဖြစ်သွားရုံလေးပါ"

"အဲဒါကြောင့် မားမားဆီ ပြန်ပြေးတာပေါ့ ဟုတ်လား"

" မဟုတ်ပါဘူး မားမားနဲ့ တိုင်ပင်စရာလေးရှိလို့ ပြန်လာပြီးတိုင်ပင်တာပါ"

"ကိုယ်လည်း အကြံပေးနိုင်တာပဲကို ကိုယ့်ကျတော့ မတိုင်ပင်ဘူးရော"

"တိုင်ပင်ပါဘူး အားနေ စဖို့နောက်ဖို့ပဲ ကြံစည်နေတာ သူများခံစားချက်ကို မထည့်တွက်ဘဲ အမြဲ အပြောင်အပျက်လို လုပ်နေတဲ့သူကို
တိုင်ပင် စရာလား"

"အပြောင်အပျက်လုပ်တာ မဟုတ်ပါဘူး စတတ်တာတော့ ဝန်ခံပေမယ့် ဖြစ်ခဲ့တဲ့ကိစ္စမှာ ကိုယ်တစ်ခါ စတာ မဟုတ်ဘူး အဲဒါလာရှင်းပြတာ"

ရိပေါ် ဘာမှ ပြန်မပြောလိုက်ပါဘူး မဟုတ်လည်း စိတ်ကပြေပြီးသားပဲကို  အိမ်အထိ လိုက်လာရှင်းပြတာမို့ မရှင်းပြလည်း ကိစ္စမရှိဘူးလေ ပြီးပြီးသားကိစ္စတွေကို ရိပေါ်က ပြန်ပြီးမတွက်ကပ်တော့ပါဘူး ဒါပေမယ့် ရှင်းပြချင်နေတဲ့သူ စိတ်ချမ်းသာအောင် နားထောင်ပေးလိုက်မလို့

"ကိုယ်က ည၈နာရီကျော်ရင် ဖုန်းကို Auto Silentဖြစ်အောင် ချိန်ထားတာရိပေါ်သိတယ် မလား"

"အင်း သိတယ်"

"အဲဒီနေ့က ရိပေါ်ဆီ ဖုန်းဆက်ပြီး ခါတိုင်းလို ရောက်တတ်ရာရာတွေ ပြောကြမလို့ စဉ်းစားပြီး ကိုယ်ဖုန်းကို ဆက်လိုက်တာ ဖုန်းဆက်ပြီး ရိပေါ်ဖုန်းဝင်သွားပြီး ကိုင်လိုက်ရုံပဲ ရှိသေးတယ် တကယ့်ကို ဗိုက်က အရမ်းနာလာလို့ အော်လိုက်မိတာ တကယ်က အိမ်သာတက်လိုက်ဦးမယ်ဆိုပြီး ဆက်ပြောပြီး ဖုန်းချမို့ ဗိုက်ကထိန်းမရတာနဲ့ ချလိုက်ရတာ ပြီးတော့ Toilet ဝင်ရင် ဖုန်းကိုထားခဲ့တတ်တာလည်း အကျင့်လို ဖြစ်နေတော့ ဖုန်းကို တွေ့ကရာ ပစ်ချရက်မိသားဖြစ်သွားတာ ကိုယ်ကလေ ဟို Hemorrhoid လိုမျိုးဖြစ်ချင်နေတာဆိုတော့လေ Toilet ဝင်ရင် ကြာတတ်တော့ အဲဒီမှာ ရိပေါ် ဖုန်းတွေခေါ်ထားတာကိုလည်း Silentမို့ မသိလိုက်ဘူး ရိပေါ်ရောက်လာတဲ့အချိန် ကိုယ်က ပစ်ချလိုက်လို့ ဆိုဖာကြားထဲဝင်သွားတဲ့ ဖုန်းကို လိုက်စမ်းနေတုန်း ရိပေါ်က အူယားဖားယားရောက်လာတာမို့ ဘာကြောင့်မှန်း မသိရပေမယ့် ရီစရာအရမ်းကောင်း နေလို့ ကိုယ်က ရီလိုက်မိတာ ပြီးမှ ရိပေါ်စိတ်တိုတဲ့ပုံနဲ့ ပျော်လား ပျော်နေလိုက်ဆိုတာမျိုး ပြောသွားမှာ ကိုယ်လည်း ဆက်စပ်စဉ်းစားမိပြီး ဖုန်းကိုကြည့်လိုက်တော် Missed Call တွေအများကြီးမြင်မှ ဟာ သွားပါပြီရိပေါ်က ငါ့ကို စိတ်ပူပြီးလိုက်လာတာ ငါက မသိဘဲ ဟားတိုက်
လိုက်သလို ဖြစ်သွားပြီဆိုတာ သိတာပါ တမင်တကာလုပ်တာမဟုတ်ဘူး တကယ်ပြောတာ"

"ရပါတယ် တမင်တကာဆိုလည်း ကျွန်တော်က ခွင့်လွှတ်လက်စနဲ့ ခွင့်လွှတ်ပါတယ် ဘယ်တတ်နိုင်မလဲ ကျွန်တော်မှ ကျန့်ကောနဲ့ ဝေးဝေး မနေနိုင်တာကိုး"

"အံမယ် မင်းတစ်ယောက်တည်း ဝေးဝေးမနေနိုင်တာမဟုတ်ပါဘူး ငါလည်း မနေနိုင်ပါဘူး စဉ်းစားသွားမိတာနဲ့ တပြိုင်တည်း မင်းကို ဖုန်းဆက်တာ ဖုန်းလည်းမကိုင်တာမို့ မင်းကွန်ဒို အခန်းရှေ့တောင်ရောက်သွားသေး မင်းသူငယ်ချင်းလေး ဟောက်ရွှမ်းက တစ်ပတ်ခွင့်တိုင်ပေးပါ ဆိုပြီးပြောသွားတာ အိမ်ပြန်သွားတာဆိုတာ သိလိုက်ရလို့ ကိုယ်လိုက်လာတာ ပြော ဘယ်သူက ဝေးဝေးပြေးပြီး ဘယ်သူက
ကောက်ကောက်ပါအောင် လိုက်လာရတာလဲလို့"

"ကျွန်တော်က ဝေးဝေးမပြေးပါဘူးနော် နက်ဖြန်တောင် ပြန်လာတော့မလို့ ကျန့်ကောဘာသာ ကောက်ကောက်ပါအောင် လိုက်လာတာတော့ ကျေနပ်တယ်"

"ကျေနပ်ရင် ရော့"

ပြောလည်းပြော လက်လေးကို လက်ညှိုးနဲ့လက်ခလယ် အဝိုင်းလေးလုပ်ပြီး ရိပေါ်ကို ကလေးတွေလို ပြန်ခေါ်မှာလား မခေါ်ဘူးလား ဆုံးဖြတ်ခိုင်းတဲ့အနေနဲ့ လက်လေးထိုးပေးလာတာမို့ လက်ကို ဖိညစ်ပေးလိုက်ပါတယ်

ဒါကို Mission Completed ဆိုပြီး ကျေနပ်နေလေရဲ့
ဟုတ်တယ် ကျွန်တော်လည်း ကျွန်တော်ရဲ့ Missionကို Completed ဖြစ်အောင် ကြိုးစားရဦးမယ်..................

Continue Reading

You'll Also Like

201K 19.4K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
19.1K 592 38
"Why did you become an idol?" I asked him. "I wanted you to scream out my name standing in front row of my fans. I wanted you to fall in love with me...
333K 10.1K 110
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
14.7K 12 1
Timetravel လေးပါ ပေါ့​ပေါ့ပါးပါး​လေးဘဲ​ရေးမှာပါ