Unicode
သူကြီး...လင်
Part-5
" မနက်အစောကြီး မင်းအရေးကြီးတယ်
ဆိုတဲ့အရာက ဒါလားလင်းလက်ရာ...''
အရှေ့ကကြာကန်ကြီးကိုကြည့်၍
မျိုးမင်း စိတ်မရှည်တဲ့လေသံဖြင့်
လက်ရာ ကိုမေးလိုက်သည်။
" ကြာကန်...ဒီကြာကန်မှာမင်းဘာလုပ်
မလို့လည်း....လက်ရာ..''
မနက်အစောကြီး ရွယ်အလယ်မှာရှိတဲ့
အိမ်ကို ရွာထိတ်ကနေ ရောက်အောင်လာပြီး
အိပ်နေတဲ့ သူတို့ကိုမရရအောင်
ကန်ဆောင့်နိုးပြီး အရေးကြီးတယ်
ဆိုကာခေါ်ခဲ့သည့်နေရာက ရွာအနောက်က
ကြာကန်ကိုတဲ့။
ရွာအနောက်ဘက်ရှိ အင်းနံဘေးက
ကြာကန်လေးကို ရောက်အောင်ခေါ်လာ
၍ နေမြင့်မှထကြတဲ့နှစ်ကောင်ခမျာ..
အိပ်ချင်မူးတူးတူးဖြင့် လိုက်လာရသည်။
လက်ရာ အရှေ့က ပန်းရောင် အပြာရောင်နဲ့
အဖြူစပ်အရောင်တွေ စုံညီအောင်
ပွင့်နေတဲ့ကြာကန်ကြီးထဲက
ကြာပန်းပွင့်တွေကိုကြည့်ပြီး
ပြုံးလိုက်သည်။
ကြာပန်းတွေက မနက်အစောကြီးမှသာ
ပွင့်လန်းကြပြီနေ့လယ်တွေဆို ဖူးငုံ့
သွားတတ်ကြသဖြင့် မိုးမလင်းခင်
ရောက်အောင်လာခူးခြင်းဖြစ်သည်။
ရွာထိတ်ကနေ ရွာအနောက်ပိုင်း
အထိ လာခူးရမည့်အတွက် ရွာလမ်း
တစ်လျှောက်ခရေပင်တွေအုပ်ဆိုင်းနေတဲ့
လမ်းမကြီးကို ဖြတ်ရမှာ သူရဲ
ကြောက်တာနဲ့ ဟိုနှစ်ကောင်ကို
မရရအောင်နိုးခေါ်ခဲ့သည်။
" ကြာပန်းခူး မလို့ ''
" ဘာ... ? ကြာပန်းခူးပြီး
မင်းက ဘာလုပ်မလို့လည်း...''
" ဟ..ငါရဲ့ အသည်းအသက်လေး
သူကြီးကို ပေးမလို့ပေါ့..''
" ဟမ်... '''
မျိုးမင်းနဲ့အဌေး လက်ရာ စကားကြောင့်
အီးမှန်ထားတဲ့ မျက်နှာတွေ ဖြစ်ကုန်ကြသည်။
" လက်ရာ..မင်းလိုက်နေတာ ယောကျာ်လေး
တစ်ယောက်နော်...ပန်းခူးပြီး
ပေးရအောင် မိန်းကလေးမဟုတ်ဘူး...''
" ယောကျာ်းလေးက ပန်းမကြိုက်ဘူးလို့
မင့်ကိုဘယ်သူပြောလဲ အဌေး...
ဒီမှာ ငါပေးတဲ့ပန်း သူမကြိုက်ရင်လည်းရတယ်
ဘာလို့ဆို ငါပန်းပေးတာက သူကြိုက်မကြိုက်
စဥ်းစားပြီးပေးတာမှမဟုတ်တာ...
ဒီအတိုင်း အမှတ်ရခြင်လို့ အိပ်ရေးအပျက်ခံ
ပြီးပန်းလာခူးပြီး သွားပေးမှာ ''
" လက်ရာ...မင်းကတော့..
သူကြီးရူး.. ရူးနေပြီ...ဆေးမမှီတော့ဘူး..''
" ဆေးကမှီပါတယ်အဌေးရာ...သူကြီးကုရင်ပေါ့
ဟဲဟဲ....တော်ပြီမင်းတို့နဲ့စကားပြောနေတာနဲ့
ငါ့အချိန်တွေပုတ်တယ်...ကြာပန်းဆင်းခူး
ရင်တောင် အနည်းဆုံးအပွင့်နှစ်ဆယ်
လောက်ရနေပြီ...''
ဝတ်ထားတဲ့ ဒူးခေါင်းလောက်ရှိတဲ့ပုဆိုးကို
ကတောင်းကျိုက် လိုက်ပြီး
ကြာကန်ထဲကို ဆင်းကာ လှသည်ထက်လှတဲ့
ကြာပန်းတွေကို တစ်ပွေ့တစ်ပိုက်
ခူးခဲ့လိုက်သည်။
ကန်ပေါ်က ရပ်ကြည့်နေတဲ့ နှစ်ကောင်ကတော့
လင်းလက်ရာတို့ ဒုက္ခပေးမူ့ကြောင့်
မျက်ဝန်းတော်တွေကမေးစင်းကာ
အိပ်ငိုက်ခြင်း စနေကြလေသည်။
လက်ရာ ပန်းခူးပြီးကန်ပေါ်ပြန်တက်လာတော့
တစ်ကိုယ်လုံးနွံ့တွေက ဗလပွ ။
လူဆိုးလူပေ ဆိုပေမဲ့ အသန့်ကြိုက်တတ်တဲ့
ကောင်လေး ဖြစ်သူမို့ ပေနေတဲ့ရွံ့ဗွက် တွေက
စိတ်ပျက်စရာ။ သို့သော် လက်ရာအခုချိန်မှာ
အသန့်ကြိုက်၏မကြိုက်၏ မစဥ်းစားနိုင်
ပန်းတွေကိုမိုးစင်စင်မလင်းခင် သူကြီးအိမ်အရောက်ပို့ဖို့
ဘဲ အာရုံရောက်နေသည်။
အဖော်ခေါ်လာတဲ့ နှစ်ကောင်ကို
ကြည့်လိုက်တော့ ပါးစပ်အဟောင်းသားဘဲ
အိပ်ပေါ်နေလေရဲ့။
" ချီတဲ့..လာအိပ်နေတယ်..အင့်ဟာ ''
" ဘုတ် . !! ""
အဖော်လိုက်လာပေးတဲ့ ငုတ်တုတ်မေ့
နေတဲ့နှစ်ကောင် လက်ရာကျေးဇူ့တင်တဲ့
အနေနဲ့ကန်ချလိုက်တာ..သူတို့ကို
ချော့တိတ်နေတယ်များအောင့်မေ့တယ်
ကန်ဘောင်ပေါ် ကွေးကွေးလေး
အိပ်လို့။
အဲ့နှစ်ကောင်ကိုကြည့်ပြီးခေါင်းခါရမ်းကာ
သူတို့ကို မနိုးတော့ဘဲ ဒီအတိုင်း
ပစ်ထားလိုက်သည်။မိုးလည်းလင်းပြီ
ဆိုတော့..လက်ရာကြောက်တဲ့သူရဲ
ကလည်းခုလောက်ဆို သူ့ဌာနေသူပြန်
သွားလောက်ပြီ။အဲ့တော့
ဒီနှစ်ကောင်ကိုမလိုတော့ဘူးလေ။
" ဟယ်...လင်းလက်ရာ..ပန်းတွေ
အများကြီးပါလား...''
စျေးသွားကြတဲ့ အပျို အအိုးမိန်းမတွေရဲ့
အံသြတဲ့ပုံစံနဲ့အကြည့်တွေကို
လက်ရာအပြုံးနဲ့တုန့်ပြန်ခဲ့လိုက်သည်။
" လိုချင်လို့လား...တစ်ပွင့်ယူလေ..''
ဘုရား..ဘုရား။ဒီနေ့...နေပူလယ်ခေါင်မှာ
မိုးကြိုးများပစ်ချ တော့မလားဘဲ။
လင်းလက်ရာဆီက စကားချိုချိုတွေကြား
နေရတယ်။
စေတနာတွေကောင်းပြီးလက်ထဲက
ပန်းတွေပါ ပေးလို့။
လက်ရာနဲ့ကြုံတဲ့သူတိုင်း
လင်းလက်ရာသေပြီးပြန်ရှင်လာ
သလားလို့တောင်အောင့်မေ့ရလောက်တယ်။
လက်ရာပေးတဲ့ ကြာပန်းတစ်ပွင့်ကို
ကိုင်ထားကြပြီး ငုတ်တုတ်မေ့ကုန်ကြသည်။
" လင်းလက်ရာ...''!!
" အာရား...လန့်တာ...ဘာလဲထွေးနု..''
" ပန်းတွေ ပန်းတွေဘာလုပ်ဖို့လည်း
အများကြီး...''
" သူကြီးပေးမလို့...ဟဲဟဲ ''
" ဟင်..ဒါဆို သတင်းကအမှန်ဘဲပေါ့..''
အိမ်ဘေးက စပ်စုမ ထွေးနုရဲ့
စကားကို နားမလယ်စွာမျက်မှောင်ကျုတ်
လိုက်ကာ။
" ဘာလဲ...ဘာသတင်းလည်း...'' ?
လက်ရာ မေးတော့စျေးသွားဖို့ ခြင်းကိုင်ထားတဲ့
ထွေးနု.. တစ်ဟို..ဟိုဘဲ ဖြစ်နေ၍
လက်ရာ စိတ်မရှည်ဘဲ...။
" မင်းဟာမင်းဘဲ ဟိုနေလိုက်တော့
ငါတော့ သူကြီးအိမ်သွားတော့မယ် ''
ပြောကာ ထွေးနုကိုကျောခိုင်းခဲ့လိုက်သည်။
သူကြီးအိမ်က ရွာအထိတ်ပိုင်းမကျ
မလယ်ပိုင်းမရောက်တဲ့ ကြားထဲမှာ
ရှိသည်။ သူကြီးအိမ်ရောက်တော့
ချစ်ရတဲ့ သူကြီးကဘုန်းကြီးကျောင်း
မသွားဘဲ အိမ်မှာရှိနေသည်။
လက်ရာကံကောင်းတယ်ဘဲပြောရမလားဘဲ။
အပြုံးကြီးတွေနဲ့ သူကြီးထိုင်နေရာ
အိမ်ရှေ့ကွမ်းပျစ် ကြီးနား
သွား၍ ။
" သူကြီး.... !!''
" အမလေး... !! "
အာဏာရေနွေးကြမ်းသောက်နေတုန်း
အလန့်တစ်ကြား အော်ခေါ်သံကြီး
ကြောင့်လန့်သွားကာလက်ထဲကရေနွေး
ပန်းကန်ပင်လွှတ်ကျလု ဖြစ်သွားသည်။
အာဏာ မကြားခြင်တဲ့အသံကို
ကြားလိုက်ရ၍ မျက်မှောင်ကျုတ်ကာ
အနောက်လှည့်ကြည့်လိုက်စဥ်...။
တစ်ကိုယ်လုံးညစ်ပေးတူးနေပြီး
ကြာပန်းတွေ တစ်ပွေ့ကြီးပွေ့ထား၍
ကျုတ်ထားမိတဲ့ မျက်ခုံးလေးပင်ပြေလျော့သွား
ရသည်။
" ဒါဘယ်လို ဖြစ်လာတာလည်း...''
" ရော့...သူကြီးအတွက်... ''
ကြာပန်းကြီးတွေကိုလက်ထဲထိုးပေးလာ၍
ကြောင်အအနဲ့သာ အာဏာယူလိုက်
လေသည်။
" ဒါတွေက ဘာလုပ်ဖို့လည်း...''
" သူကြီးအတွက်လေ..သူကြီးဟာသူကြီး
ဘာလုပ်လုပ်ပေါ့...''
" ဘယ်မှာ သွားယူခဲ့တာလဲ ''
" ကန်မှာ...မနက်အစောကြီး သွားခူးလာဒါ ''
မနက်အစေားကြီးသွားခူးလာတယ်ဆိုတဲ့
စကားကြောင့်အာဏာ အနည်းငယ်
ပြုံးလိုက်သည်။
" တစ်ကိုယ်လုံးညစ်ပတ်နေတာဘဲ
ရေသွားချိုးလိုက်... ပုဆိုးချပေးမယ် ''
" ဗျာ... !! "
လက်ရာ...မျက်ခုံးလေးပင့်တက်သွားမိသည်။
သူကြီး...ဘာတွေ စိတ်ကောင်းဝင်
နေတယ်။ သူတွေးထားဒါက
ဒီလို မဟုတ်ဘူးလေ။ သူကြီးအနည်းနဲ့
အများတော့စိတ်ဆိုးမယ်ပေါ့။
အခုဟာက ရေချိုးဖို့ပုဆိုးပါ ချပေးတဲ့
အထိစိတ်တွေကောင်းနေတာ။
ကျစ်...ငါ့ကြိုးစားမှု့အရာထင်လို့
ငါပျော်ရမှာလေ။ဘာလို့ကျောချမ်းစရာ
ကြီးလို ခံစားနေရပါလိမ့်။
" ဘာဖြစ်လို့လည်း...ချိုးမှာလား..
မချိုဘူးလား...''
" ချိုးမှာ... ''
လက်ရာ ကြောင်အစွာနဲ့သာ
ရေစစ်ကန်ရှိရာ ကို ထွက်လာလိုက်သည်။
အပေါ်အကျီ် ကိုချွတ်ပြီး...
သူဝတ်နေကြအတိုင်းပုဆိုးကို
ဒူးဆစ်လောက်အထိ တိုတိုဝတ်ကာ
ရေတစ်ခွက်နှစ်ခွက်လောင်းချလိုက်သည်။
အာဏာ ခွေးကောင်အတွက် ပုဆိုးနဲ့သူနဲ့
ကြပ်လို့မဝတ်ဘဲသိမ်းထားတဲ့အကျီ်အသေး
တစ်ထည်ကို ယူပြီး ဆပ်ပြာခြင်းပါ
ကိုင်ကာရေကန်ကိုယူခဲ့လိုက်သည်။
" ဒီမှာ..မင့် အတွက်... ''
" ကျေးဇူ့ပါ...သူကြီး..ဟဲဟဲ.. ''
အာဏာ ရေတွေစီးကျနေတဲ့
ခွေးကောင်ရဲ့ ကိုယ်လုံးသေးသေးကို
တစ်ခဏသာကြည့်လိုက်စဥ်
အာခေါင်တွေပါ ချောက်ကပ်လာခြင်သည်။
ဖြူလိုက်တဲ့ အသား။လူလား..စက္ကူလားဘဲ။
ကိုယ်လုံးလေးသေးသေးမှာမှ အသားသား
ဖြူဖြူနဲ့ သွယ်လျလျ ခန္ဓာကိုယ်ဖွဲ့စည်း
ပုံလေးက မိန်းကလေးတစ်ယောက်လို့။
အာဏာ ကြာကြာဆက်မကြည့်တော့ဘဲ
ထွက်လာလိုက်ပြီးရေနွေးကြမ်းကိုသာ
တစ်ခွက်ပြီး တစ်ခွက်ငှဲ့သောက်နေလိုက်သည်။
လှလွန်းတဲ့ကြာပန်းတွေဆီ တစ်ချက်ကြည့်ပြီး
ခပ်မဲ့မဲ့လေးပြုံးလိုက်သေး၏။
" ကျွန်တော် ရေချိုးပြီးပြီ ''
" အင်...ရော့ရေနွေး...''
သူပေးတဲ့ပုဆိုးကို ကလေကခြေပုံစံ
အတိုင်းဒူးဆစ်အထိသာဝတ်ထားပြီး
ရေစိုနေတဲ့ဆံပင်နဲ့အနားလာထိုင်တဲ့
ခွေးကောင်ကို ရေနွေးခွက် လမ်းပေး
လိုက်တော့ မျက်လုံးလေးပေကလပ်ပေကလပ်နဲ့
ရေနွေးခွက်ကိုလမ်းယူလာသည်။
ပင်ကိုယ်အတိုင်းရှည်ပြီးကော့နေတဲ့
မျက်တောင်တွေ မလုပ်မခတ်စိုက်ကြည့်
နေသဖြင့် အာဏာစူးစူးရဲရဲ ပြန်ကြည့်
ချလိုက်တော့ငနဲသား အသိဝင်လာတယ်
ထင်တယ် မျက်တောင်ရှည်ကြီးတွေ
လှုပ်ရှားပြီး အကြောစိမ်းတွေ့ထနေတဲ့
မျက်ခွန်လေး မို့တက်လာသည်။
မျက်လွှာချသွားတဲ့ ကောင်လေးမမြင်အောင်
အာဏာ နှုတ်ခမ်းဒေါင့်ကွေးညွှတ်လိုက်သေးသည်။
ထိုစဥ်....
" ရေတွေ ချွဲနေတာ...ဖျားလိမ့်မယ်
လာ..ေရသုတ်ပေးမယ် ''
လက်ရာ မျက်လုံးပြူးသွားတော့သည်။
ဦးခေါင်းကို ဆွဲယူပြီး...ဘယ်အချိန်က
ရှိနေမှန်းမသိတဲ့ တစ်ဘက်နဲ့
သူကြီးသုတ်ပေးလာ၍ ဖြစ်သည်။
အခုလက်ရာခေါင်းက သူကြီးရဲ့
ရင်ခွင်ကျယ်ကြီးကြားထဲရောက်နေသည်။
ဒါဘာအခြေအနေကြီးလဲ။
သူကြီးဘာလို့ မြန်မြန်ဆန်ဆန်ကြီးပြောင်းလဲ
သွားဒါလဲ...။
" အဖေ... !! ""
" သမီး...နှင်းနွယ်... ''
" နှင်းနွယ်လား... ''
အာဏာ ခေါင်းသုတ်ပေးဒါကို ချက်ခြင်း
ရပိလိုက်သလိုလက်ရာမှာလဲ
ခေါင်းလှည့်ကာ နှင်းနွယ်ရှိရာ
ကြည့်လိုက်သည်။
မိန်းကလေးတန်မဲ့မေးရိုးတွေထောင်ကား
နေပြီး..ကိုင်ထားတဲ့စျေးခြင်းကို
ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်
ထားနေပုံမှာ ဒေါသအကြီးအကျယ်ထွက်
နေသာအသေအခြာ။
ကွပ်ပျစ်ပေါ်မှာထိုင်နေရာက
လက်ရာ ထရပ်လိုက်ပြီး။
" နှင်းနွယ်... ဟိုဟာလေ ''
" ဒါဘယ်လို ဖြစ်နေကြတာလဲ...
အဖေက သူကြီးဆိုတာကောသိသေးရဲ့လား..
အိမ်ရှေ့မှာ ဖြစ်ခြင်တိုင်းဖြစ်နေကြတာ
ရှက်စိတ်ကောရှိကြသေးရဲ့လား...
အဖေမရှက်ပေမဲ့ သမီးရှက်တတ်သေးတယ်
သမီးကို အားနာပါအုန်း..''
" နှင်းနွယ်...မင်းဘာတွေပြောနေတာလဲ ''?
လက်ရာ မေးလိုက်တော့ နှင်းနွယ်ရဲ့
အကြည့်စူးစူးကဒိုင်းကနဲ။
လက်ရာ နှင်းနွယ်ဘာပြောနေမှန်း
တစ်ကယ်မသိတာပါ။
ဘာကိုရှက်ရမှာလဲ။သူ့ခေါင်းကို
သူကြီးရေသုတ်ပေးနေတာကရှက်စရာလား။
ရှက်စရာအကြောင်းမှမရှိတာ။
ပြီးတော့နှင်းနွယ်ကဘာကိုစိတ်ဆိုးနေတာလဲ။
" သမီး သိသွားပြီလား... ?''
" တစ်ရွားလုံးတောင်သိနေတာ သမီး
မသိဘဲနေပါ့အုန်းမလား ..အဖေဘာလို့
လုပ်ရက်ရတာလဲ..အဖေ့မှာ
သမီးရှိသေးတယ်ဆိုတာကော..
သိသေးရဲ့လား....''
နှင်းနွယ်ကသာမျက်ရည်မျက်ခွက်နဲ့။
အာဏာကတော့အေးအေးဆေးဆေးပင်။
" သမီးကြားခဲ့တာတွေ အမှန်ဘဲ..အဖေနဲ့
လင်းလက်ရာ...မကြာခင်လက်ထပ်တော့မယ်''
" အဖေ.... !''
" ဗျာ.. !! "
😍😍 ကဲ မနေ့က သတင်းဖြန့်တာ
ဘယ်သူလဲ သိပြီထင်ပါတယ် 😁😁
သူကြီးမထင်ရဘူးနော်...ကလေးက
ခုမှလိုက်တုန်း.သူကအဖြေပေးယုံမဟုတ်ဘူး
မကြာခင်လက်ထပ်တော့မယ် ဆိုပါလား။
လက်ရာကဘဲဇွတ်ထင်ဒါ..ဘယ်ဟုတ်မလဲသူကြီး
ကပါဇွတ်..။လိုက်လည်းလိုက်တဲ့လင်လင်တွေ။
Author....
အိမ့်ဂျူး..
**********
Zawgyi
Unicode
သူႀကီး...လင္
Part-5
" မနက္အေစာႀကီး မင္းအေရးႀကီးတယ္
ဆိုတဲ့အရာက ဒါလားလင္းလက္ရာ...''
အေရွ႕ကၾကာကန္ႀကီးကိုၾကည့္၍
မ်ိဳးမင္း စိတ္မရွည္တဲ့ေလသံျဖင့္
လက္ရာ ကိုေမးလိုက္သည္။
" ၾကာကန္...ဒီၾကာကန္မွာမင္းဘာလုပ္
မလို႔လည္း....လက္ရာ..''
မနက္အေစာႀကီး ႐ြယ္အလယ္မွာရွိတဲ့
အိမ္ကို ႐ြာထိတ္ကေန ေရာက္ေအာင္လာၿပီး
အိပ္ေနတဲ့ သူတို႔ကိုမရရေအာင္
ကန္ေဆာင့္ႏိုးၿပီး အေရးႀကီးတယ္
ဆိုကာေခၚခဲ့သည့္ေနရာက ႐ြာအေနာက္က
ၾကာကန္ကိုတဲ့။
႐ြာအေနာက္ဘက္ရွိ အင္းနံေဘးက
ၾကာကန္ေလးကို ေရာက္ေအာင္ေခၚလာ
၍ ေနျမင့္မွထၾကတဲ့ႏွစ္ေကာင္ခမ်ာ..
အိပ္ခ်င္မူးတူးတူးျဖင့္ လိုက္လာရသည္။
လက္ရာ အေရွ႕က ပန္းေရာင္ အျပာေရာင္နဲ႔
အျဖဴစပ္အေရာင္ေတြ စုံညီေအာင္
ပြင့္ေနတဲ့ၾကာကန္ႀကီးထဲက
ၾကာပန္းပြင့္ေတြကိုၾကည့္ၿပီး
ၿပဳံးလိုက္သည္။
ၾကာပန္းေတြက မနက္အေစာႀကီးမွသာ
ပြင့္လန္းၾကၿပီေန႔လယ္ေတြဆို ဖူးငုံ႔
သြားတတ္ၾကသျဖင့္ မိုးမလင္းခင္
ေရာက္ေအာင္လာခူးျခင္းျဖစ္သည္။
႐ြာထိတ္ကေန ႐ြာအေနာက္ပိုင္း
အထိ လာခူးရမည့္အတြက္ ႐ြာလမ္း
တစ္ေလွ်ာက္ခေရပင္ေတြအုပ္ဆိုင္းေနတဲ့
လမ္းမႀကီးကို ျဖတ္ရမွာ သူရဲ
ေၾကာက္တာနဲ႔ ဟိုႏွစ္ေကာင္ကို
မရရေအာင္ႏိုးေခၚခဲ့သည္။
" ၾကာပန္းခူး မလို႔ ''
" ဘာ... ? ၾကာပန္းခူးၿပီး
မင္းက ဘာလုပ္မလို႔လည္း...''
" ဟ..ငါရဲ႕ အသည္းအသက္ေလး
သူႀကီးကို ေပးမလို႔ေပါ့..''
" ဟမ္... '''
မ်ိဳးမင္းနဲ႔အေဌး လက္ရာ စကားေၾကာင့္
အီးမွန္ထားတဲ့ မ်က္ႏွာေတြ ျဖစ္ကုန္ၾကသည္။
" လက္ရာ..မင္းလိုက္ေနတာ ေယာက်ာ္ေလး
တစ္ေယာက္ေနာ္...ပန္းခူးၿပီး
ေပးရေအာင္ မိန္းကေလးမဟုတ္ဘူး...''
" ေယာက်ာ္းေလးက ပန္းမႀကိဳက္ဘူးလို႔
မင့္ကိုဘယ္သူေျပာလဲ အေဌး...
ဒီမွာ ငါေပးတဲ့ပန္း သူမႀကိဳက္ရင္လည္းရတယ္
ဘာလို႔ဆို ငါပန္းေပးတာက သူႀကိဳက္မႀကိဳက္
စဥ္းစားၿပီးေပးတာမွမဟုတ္တာ...
ဒီအတိုင္း အမွတ္ရျခင္လို႔ အိပ္ေရးအပ်က္ခံ
ၿပီးပန္းလာခူးၿပီး သြားေပးမွာ ''
" လက္ရာ...မင္းကေတာ့..
သူႀကီး႐ူး.. ႐ူးေနၿပီ...ေဆးမမွီေတာ့ဘူး..''
" ေဆးကမွီပါတယ္အေဌးရာ...သူႀကီးကုရင္ေပါ့
ဟဲဟဲ....ေတာ္ၿပီမင္းတို႔နဲ႔စကားေျပာေနတာနဲ႔
ငါ့အခ်ိန္ေတြပုတ္တယ္...ၾကာပန္းဆင္းခူး
ရင္ေတာင္ အနည္းဆုံးအပြင့္ႏွစ္ဆယ္
ေလာက္ရေနၿပီ...''
ဝတ္ထားတဲ့ ဒူးေခါင္းေလာက္ရွိတဲ့ပုဆိုးကို
ကေတာင္းက်ိဳက္ လိုက္ၿပီး
ၾကာကန္ထဲကို ဆင္းကာ လွသည္ထက္လွတဲ့
ၾကာပန္းေတြကို တစ္ေပြ႕တစ္ပိုက္
ခူးခဲ့လိုက္သည္။
ကန္ေပၚက ရပ္ၾကည့္ေနတဲ့ ႏွစ္ေကာင္ကေတာ့
လင္းလက္ရာတို႔ ဒုကၡေပးမူ႔ေၾကာင့္
မ်က္ဝန္းေတာ္ေတြကေမးစင္းကာ
အိပ္ငိုက္ျခင္း စေနၾကေလသည္။
လက္ရာ ပန္းခူးၿပီးကန္ေပၚျပန္တက္လာေတာ့
တစ္ကိုယ္လုံးႏြံ႕ေတြက ဗလပြ ။
လူဆိုးလူေပ ဆိုေပမဲ့ အသန္႔ႀကိဳက္တတ္တဲ့
ေကာင္ေလး ျဖစ္သူမို႔ ေပေနတဲ့႐ြံ႕ဗြက္ ေတြက
စိတ္ပ်က္စရာ။ သို႔ေသာ္ လက္ရာအခုခ်ိန္မွာ
အသန္႔ႀကိဳက္၏မႀကိဳက္၏ မစဥ္းစားႏိုင္
ပန္းေတြကိုမိုးစင္စင္မလင္းခင္ သူႀကီးအိမ္အေရာက္ပို႔ဖို႔
ဘဲ အာ႐ုံေရာက္ေနသည္။
အေဖာ္ေခၚလာတဲ့ ႏွစ္ေကာင္ကို
ၾကည့္လိုက္ေတာ့ ပါးစပ္အေဟာင္းသားဘဲ
အိပ္ေပၚေနေလရဲ႕။
" ခ်ီတဲ့..လာအိပ္ေနတယ္..အင့္ဟာ ''
" ဘုတ္ . !! ""
အေဖာ္လိုက္လာေပးတဲ့ ငုတ္တုတ္ေမ့
ေနတဲ့ႏွစ္ေကာင္ လက္ရာေက်းဇူ႔တင္တဲ့
အေနနဲ႔ကန္ခ်လိုက္တာ..သူတို႔ကို
ေခ်ာ့တိတ္ေနတယ္မ်ားေအာင့္ေမ့တယ္
ကန္ေဘာင္ေပၚ ေကြးေကြးေလး
အိပ္လို႔။
အဲ့ႏွစ္ေကာင္ကိုၾကည့္ၿပီးေခါင္းခါရမ္းကာ
သူတို႔ကို မႏိုးေတာ့ဘဲ ဒီအတိုင္း
ပစ္ထားလိုက္သည္။မိုးလည္းလင္းၿပီ
ဆိုေတာ့..လက္ရာေၾကာက္တဲ့သူရဲ
ကလည္းခုေလာက္ဆို သူ႔ဌာေနသူျပန္
သြားေလာက္ၿပီ။အဲ့ေတာ့
ဒီႏွစ္ေကာင္ကိုမလိုေတာ့ဘူးေလ။
" ဟယ္...လင္းလက္ရာ..ပန္းေတြ
အမ်ားႀကီးပါလား...''
ေစ်းသြားၾကတဲ့ အပ်ိဳ အအိုးမိန္းမေတြရဲ႕
အံၾသတဲ့ပုံစံနဲ႔အၾကည့္ေတြကို
လက္ရာအၿပဳံးနဲ႔တုန္႔ျပန္ခဲ့လိုက္သည္။
" လိုခ်င္လို႔လား...တစ္ပြင့္ယူေလ..''
ဘုရား..ဘုရား။ဒီေန႔...ေနပူလယ္ေခါင္မွာ
မိုးႀကိဳးမ်ားပစ္ခ် ေတာ့မလားဘဲ။
လင္းလက္ရာဆီက စကားခ်ိဳခ်ိဳေတြၾကား
ေနရတယ္။
ေစတနာေတြေကာင္းၿပီးလက္ထဲက
ပန္းေတြပါ ေပးလို႔။
လက္ရာနဲ႔ႀကဳံတဲ့သူတိုင္း
လင္းလက္ရာေသၿပီးျပန္ရွင္လာ
သလားလို႔ေတာင္ေအာင့္ေမ့ရေလာက္တယ္။
လက္ရာေပးတဲ့ ၾကာပန္းတစ္ပြင့္ကို
ကိုင္ထားၾကၿပီး ငုတ္တုတ္ေမ့ကုန္ၾကသည္။
" လင္းလက္ရာ...''!!
" အာရား...လန္႔တာ...ဘာလဲေထြးႏု..''
" ပန္းေတြ ပန္းေတြဘာလုပ္ဖို႔လည္း
အမ်ားႀကီး...''
" သူႀကီးေပးမလို႔...ဟဲဟဲ ''
" ဟင္..ဒါဆို သတင္းကအမွန္ဘဲေပါ့..''
အိမ္ေဘးက စပ္စုမ ေထြးႏုရဲ႕
စကားကို နားမလယ္စြာမ်က္ေမွာင္က်ဳတ္
လိုက္ကာ။
" ဘာလဲ...ဘာသတင္းလည္း...'' ?
လက္ရာ ေမးေတာ့ေစ်းသြားဖို႔ ျခင္းကိုင္ထားတဲ့
ေထြးႏု.. တစ္ဟို..ဟိုဘဲ ျဖစ္ေန၍
လက္ရာ စိတ္မရွည္ဘဲ...။
" မင္းဟာမင္းဘဲ ဟိုေနလိုက္ေတာ့
ငါေတာ့ သူႀကီးအိမ္သြားေတာ့မယ္ ''
ေျပာကာ ေထြးႏုကိုေက်ာခိုင္းခဲ့လိုက္သည္။
သူႀကီးအိမ္က ႐ြာအထိတ္ပိုင္းမက်
မလယ္ပိုင္းမေရာက္တဲ့ ၾကားထဲမွာ
ရွိသည္။ သူႀကီးအိမ္ေရာက္ေတာ့
ခ်စ္ရတဲ့ သူႀကီးကဘုန္းႀကီးေက်ာင္း
မသြားဘဲ အိမ္မွာရွိေနသည္။
လက္ရာကံေကာင္းတယ္ဘဲေျပာရမလားဘဲ။
အၿပဳံးႀကီးေတြနဲ႔ သူႀကီးထိုင္ေနရာ
အိမ္ေရွ႕ကြမ္းပ်စ္ ႀကီးနား
သြား၍ ။
" သူႀကီး.... !!''
" အမေလး... !! "
အာဏာေရေႏြးၾကမ္းေသာက္ေနတုန္း
အလန္႔တစ္ၾကား ေအာ္ေခၚသံႀကီး
ေၾကာင့္လန္႔သြားကာလက္ထဲကေရေႏြး
ပန္းကန္ပင္လႊတ္က်လု ျဖစ္သြားသည္။
အာဏာ မၾကားျခင္တဲ့အသံကို
ၾကားလိုက္ရ၍ မ်က္ေမွာင္က်ဳတ္ကာ
အေနာက္လွည့္ၾကည့္လိုက္စဥ္...။
တစ္ကိုယ္လုံးညစ္ေပးတူးေနၿပီး
ၾကာပန္းေတြ တစ္ေပြ႕ႀကီးေပြ႕ထား၍
က်ဳတ္ထားမိတဲ့ မ်က္ခုံးေလးပင္ေျပေလ်ာ့သြား
ရသည္။
" ဒါဘယ္လို ျဖစ္လာတာလည္း...''
" ေရာ့...သူႀကီးအတြက္... ''
ၾကာပန္းႀကီးေတြကိုလက္ထဲထိုးေပးလာ၍
ေၾကာင္အအနဲ႔သာ အာဏာယူလိုက္
ေလသည္။
" ဒါေတြက ဘာလုပ္ဖို႔လည္း...''
" သူႀကီးအတြက္ေလ..သူႀကီးဟာသူႀကီး
ဘာလုပ္လုပ္ေပါ့...''
" ဘယ္မွာ သြားယူခဲ့တာလဲ ''
" ကန္မွာ...မနက္အေစာႀကီး သြားခူးလာဒါ ''
မနက္အေစားႀကီးသြားခူးလာတယ္ဆိုတဲ့
စကားေၾကာင့္အာဏာ အနည္းငယ္
ၿပဳံးလိုက္သည္။
" တစ္ကိုယ္လုံးညစ္ပတ္ေနတာဘဲ
ေရသြားခ်ိဳးလိုက္... ပုဆိုးခ်ေပးမယ္ ''
" ဗ်ာ... !! "
လက္ရာ...မ်က္ခုံးေလးပင့္တက္သြားမိသည္။
သူႀကီး...ဘာေတြ စိတ္ေကာင္းဝင္
ေနတယ္။ သူေတြးထားဒါက
ဒီလို မဟုတ္ဘူးေလ။ သူႀကီးအနည္းနဲ႔
အမ်ားေတာ့စိတ္ဆိုးမယ္ေပါ့။
အခုဟာက ေရခ်ိဳးဖို႔ပုဆိုးပါ ခ်ေပးတဲ့
အထိစိတ္ေတြေကာင္းေနတာ။
က်စ္...ငါ့ႀကိဳးစားမႈ႕အရာထင္လို႔
ငါေပ်ာ္ရမွာေလ။ဘာလို႔ေက်ာခ်မ္းစရာ
ႀကီးလို ခံစားေနရပါလိမ့္။
" ဘာျဖစ္လို႔လည္း...ခ်ိဳးမွာလား..
မခ်ိဳဘူးလား...''
" ခ်ိဳးမွာ... ''
လက္ရာ ေၾကာင္အစြာနဲ႔သာ
ေရစစ္ကန္ရွိရာ ကို ထြက္လာလိုက္သည္။
အေပၚအက်ီ္ ကိုခြၽတ္ၿပီး...
သူဝတ္ေနၾကအတိုင္းပုဆိုးကို
ဒူးဆစ္ေလာက္အထိ တိုတိုဝတ္ကာ
ေရတစ္ခြက္ႏွစ္ခြက္ေလာင္းခ်လိုက္သည္။
အာဏာ ေခြးေကာင္အတြက္ ပုဆိုးနဲ႔သူနဲ႔
ၾကပ္လို႔မဝတ္ဘဲသိမ္းထားတဲ့အက်ီ္အေသး
တစ္ထည္ကို ယူၿပီး ဆပ္ျပာျခင္းပါ
ကိုင္ကာေရကန္ကိုယူခဲ့လိုက္သည္။
" ဒီမွာ..မင့္ အတြက္... ''
" ေက်းဇူ႔ပါ...သူႀကီး..ဟဲဟဲ.. ''
အာဏာ ေရေတြစီးက်ေနတဲ့
ေခြးေကာင္ရဲ႕ ကိုယ္လုံးေသးေသးကို
တစ္ခဏသာၾကည့္လိုက္စဥ္
အာေခါင္ေတြပါ ေခ်ာက္ကပ္လာျခင္သည္။
ျဖဴလိုက္တဲ့ အသား။လူလား..စကၠဴလားဘဲ။
ကိုယ္လုံးေလးေသးေသးမွာမွ အသားသား
ျဖဴျဖဴနဲ႔ သြယ္လ်လ် ခႏၶာကိုယ္ဖြဲ႕စည္း
ပုံေလးက မိန္းကေလးတစ္ေယာက္လို႔။
အာဏာ ၾကာၾကာဆက္မၾကည့္ေတာ့ဘဲ
ထြက္လာလိုက္ၿပီးေရေႏြးၾကမ္းကိုသာ
တစ္ခြက္ၿပီး တစ္ခြက္ငွဲ႔ေသာက္ေနလိုက္သည္။
လွလြန္းတဲ့ၾကာပန္းေတြဆီ တစ္ခ်က္ၾကည့္ၿပီး
ခပ္မဲ့မဲ့ေလးၿပဳံးလိုက္ေသးသည္။
" ကြၽန္ေတာ္ ေရခ်ိဳးၿပီးၿပီ ''
" အင္...ေရာ့ေရေႏြး...''
သူေပးတဲ့ပုဆိုးကို ကေလကေျခပုံစံ
အတိုင္းဒူးဆစ္အထိသာဝတ္ထားၿပီး
ေရစိုေနတဲ့ဆံပင္နဲ႔အနားလာထိုင္တဲ့
ေခြးေကာင္ကို ေရေႏြးခြက္ လမ္းေပး
လိုက္ေတာ့ မ်က္လုံးေလးေပကလပ္ေပကလပ္နဲ႔
ေရေႏြးခြက္ကိုလမ္းယူလာသည္။
ပင္ကိုယ္အတိုင္းရွည္ၿပီးေကာ့ေနတဲ့
မ်က္ေတာင္ေတြ မလုပ္မခတ္စိုက္ၾကည့္
ေနသျဖင့္ အာဏာစူးစူးရဲရဲ ျပန္ၾကည့္
ခ်လိုက္ေတာ့ငနဲသား အသိဝင္လာတယ္
ထင္တယ္ မ်က္ေတာင္ရွည္ႀကီးေတြ
လႈပ္ရွားၿပီး အေၾကာစိမ္းေတြ႕ထေနတဲ့
မ်က္ခြန္ေလး မို႔တက္လာသည္။
မ်က္လႊာခ်သြားတဲ့ ေကာင္ေလးမျမင္ေအာင္
အာဏာ ႏႈတ္ခမ္းေဒါင့္ေကြးၫႊတ္လိုက္ေသးသည္။
ထိုစဥ္....
" ေရေတြ ခြၽဲေနတာ...ဖ်ားလိမ့္မယ္
လာ..ေရသုတ္ေပးမယ္ ''
လက္ရာ မ်က္လုံးျပဴးသြားေတာ့သည္။
ဦးေခါင္းကို ဆြဲယူၿပီး...ဘယ္အခ်ိန္က
ရွိေနမွန္းမသိတဲ့ တစ္ဘက္နဲ႔
သူႀကီးသုတ္ေပးလာ၍ ျဖစ္သည္။
အခုလက္ရာေခါင္းက သူႀကီးရဲ႕
ရင္ခြင္က်ယ္ႀကီးၾကားထဲေရာက္ေနသည္။
ဒါဘာအေျခအေနႀကီးလဲ။
သူႀကီးဘာလို႔ ျမန္ျမန္ဆန္ဆန္ႀကီးေျပာင္းလဲ
သြားဒါလဲ...။
" အေဖ... !! ""
" သမီး...ႏွင္းႏြယ္... ''
" ႏွင္းႏြယ္လား... ''
အာဏာ ေခါင္းသုတ္ေပးဒါကို ခ်က္ျခင္း
ရပိလိုက္သလိုလက္ရာမွာလဲ
ေခါင္းလွည့္ကာ ႏွင္းႏြယ္ရွိရာ
ၾကည့္လိုက္သည္။
မိန္းကေလးတန္မဲ့ေမး႐ိုးေတြေထာင္ကား
ေနၿပီး..ကိုင္ထားတဲ့ေစ်းျခင္းကို
က်စ္က်စ္ပါေအာင္ဆုတ္ကိုင္
ထားေနပုံမွာ ေဒါသအႀကီးအက်ယ္ထြက္
ေနသာအေသအျခာ။
ကြပ္ပ်စ္ေပၚမွာထိုင္ေနရာက
လက္ရာ ထရပ္လိုက္ၿပီး။
" ႏွင္းႏြယ္... ဟိုဟာေလ ''
" ဒါဘယ္လို ျဖစ္ေနၾကတာလဲ...
အေဖက သူႀကီးဆိုတာေကာသိေသးရဲ႕လား..
အိမ္ေရွ႕မွာ ျဖစ္ျခင္တိုင္းျဖစ္ေနၾကတာ
ရွက္စိတ္ေကာရွိၾကေသးရဲ႕လား...
အေဖမရွက္ေပမဲ့ သမီးရွက္တတ္ေသးတယ္
သမီးကို အားနာပါအုန္း..''
" ႏွင္းႏြယ္...မင္းဘာေတြေျပာေနတာလဲ ''?
လက္ရာ ေမးလိုက္ေတာ့ ႏွင္းႏြယ္ရဲ႕
အၾကည့္စူးစူးကဒိုင္းကနဲ။
လက္ရာ ႏွင္းႏြယ္ဘာေျပာေနမွန္း
တစ္ကယ္မသိတာပါ။
ဘာကိုရွက္ရမွာလဲ။သူ႔ေခါင္းကို
သူႀကီးေရသုတ္ေပးေနတာကရွက္စရာလား။
ရွက္စရာအေၾကာင္းမွမရွိတာ။
ၿပီးေတာ့ႏွင္းႏြယ္ကဘာကိုစိတ္ဆိုးေနတာလဲ။
" သမီး သိသြားၿပီလား... ?''
" တစ္႐ြားလုံးေတာင္သိေနတာ သမီး
မသိဘဲေနပါ့အုန္းမလား ..အေဖဘာလို႔
လုပ္ရက္ရတာလဲ..အေဖ့မွာ
သမီးရွိေသးတယ္ဆိုတာေကာ..
သိေသးရဲ႕လား....''
ႏွင္းႏြယ္ကသာမ်က္ရည္မ်က္ခြက္နဲ႔။
အာဏာကေတာ့ေအးေအးေဆးေဆးပင္။
" သမီးၾကားခဲ့တာေတြ အမွန္ဘဲ..အေဖနဲ႔
လင္းလက္ရာ...မၾကာခင္လက္ထပ္ေတာ့မယ္''
" အေဖ.... !''
" ဗ်ာ.. !! "
😍😍 ကဲ မေန႔က သတင္းျဖန္႔တာ
ဘယ္သူလဲ သိၿပီထင္ပါတယ္ 😁😁
သူႀကီးမထင္ရဘူးေနာ္...ကေလးက
ခုမွလိုက္တုန္း.သူကအေျဖေပးယုံမဟုတ္ဘူး
မၾကာခင္လက္ထပ္ေတာ့မယ္ ဆိုပါလား။
လက္ရာကဘဲဇြတ္ထင္ဒါ..ဘယ္ဟုတ္မလဲသူႀကီး
ကပါဇြတ္..။လိုက္လည္းလိုက္တဲ့လင္လင္ေတြ။
Author....
အိမ့္ဂ်ဴး..