ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 369K 14.7K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

27.2

18.1K 2.7K 68
By Rozu_roro

ရှီယွင်နန်တစ်ယောက် ဒီကူရှင်ရဲ့ review တွေကို အကြမ်းဖျင်းကြည့်လိုက်ပြီး အံ့အားသင့်စွာ လွှတ်ခနဲ အသံလေးထွက်လာလေသည်။ "ဥဿဖရားအတုအစား ပလတ်စတစ်ကို တကယ်ကြီးသုံးထားတာပေါ့? သူတို့ ဒါကို ဖော်နိုင်တာ အံ့ဩစရာပဲ!!"

ကုန်ကျစရိတ်ကို ချွေတာဖို့သာ စဉ်းစားနေမယ်ဆိုရင် ထုတ်ကုန်ရဲ့ အရည်အသွေးကလည်း သိသိသာသာ လျော့ကျသွားမှာပဲ။

"ဒီကူရှင်က အရမ်းစုတ်ပြတ်နေတာပဲကို ဘယ်လိုလုပ် သက်ဆိုင်ရာဌာနတွေက စစ်ဆေးတာ ကျော်သွားနိုင်ပါလိမ့်? " ချင်ကျန်း နားမလည်နိုင်ဖြစ်သွားတော့သည်။

ရှီယွင်နန်လည်း ခေါင်းခါလိုက်ပြီး သူလည်းစိတ်ရှုပ်ထွေးသွားလေသည်။

ရှီးခဲယွဲ့ဆိုတာက သူ့အကျိုးစီးပွားကို ဦးစားပေးသူဖြစ်ပြီး သူ့မျက်လုံးတွေထဲမှာ ငွေတွေအပြည့်ဖြစ်နေဖြစ်မယ့် ဒီလို အရည်အသွေးနိမ့်တဲ့ ထုတ်ကုန်ရောင်းဖို့လောက်တော့ မတုံးလောက်ဘူးမလား?

လော့လင်းရှန်းကတော့ ထုံးစံအတိုင်း အေးဆေးတည်ငြိမ်တဲ့ အမူအရာဖြင့် သူ့လက်ချောင်းထိပ်များကို အနည်းငယ် ပွတ်သပ်လိုက်ပြီး သူ့ရဲ့ တွေးခေါ်ပုံကတော့ လုံးဝကို စီးပွါးရေးဆန်လှသည်။ "ချင်ကျန်း၊ ကျောင်းမိသားစု နဲ့ ယလန်က ဒီဝေဖန်တဲ့ ဗွီဒီယိုကို ဖြုတ်ချဖို့  ကျိန်းသေလုပ်လာလိမ့်မယ်။ ဒီဗွီဒီယို ပိုပြန့်သွားအောင် မင်းနည်းလမ်းရှာထားလိုက်။"

"ပြီးတော့ သူတို့ရဲ့ ကူရှင်တွေအကြောင်း မကောင်းတဲ့  မှတ်ချက်ရေးတဲ့သူတွေကို  စုဖို့ တစ်ယောက် ယောက်ကို ရှာ၊ ပြီးရင် နစ်နာတဲ့သူတွေကိုလည်း ပူးပေါင်းတိုင်ကြားဖို့ နည်းလမ်းရှာထားလိုက်..."

လုံ၊ ကျောင်း နဲ့ ယလန်ဟာ စျေးကွက်ထဲမှာ ပြတ်ပြတ်သားသား ပြိုင်ဆိုင်နေကြပြီး တစ်ဖက်လူရဲ့ခိုးယူမှုကကလည်း နဂို အကျိုးစီးပွါးကို ထိပါးလာပြီးနေလေပြီ။

အခုတော့ တစ်ဖက်လူက မထင်ထားတဲ့နေရာမှာ ကားမှောက်လာပြီး( ကျရှုံး) သူတို့ကိုင်တွယ်ဖို့ အော်တိုလုပ်ပေးလိုက်တာပင်။

မားကတ်တင်းဆိုတာ ​​စစ်မြေပြင်လိုပဲ။

ဒီအခွင့်အရေးကို အလဟသ အဖြစ်ခံလို့မဖြစ်ဘူး။

ချင်ကျန်း အမြန် သဘောပေါက်သွားကာ "ကျွန်တော် နားလည်ပါပြီ ခေါင်းဆောင်၊ သက်ဆိုင်ရာ အထောက်အထားနဲ့ အချက်အလက်တွေ စုဖို့ တစ်ယောက်ယောက်ကို ချက်ခြင်း ပို့လိုက်ပါ့မယ်။"

ဒါကိုမြင်တော့ ရှီယွင်နန် ရိုးရိုးရှင်းရှင်းလေးပဲ ထပ်ထည့်ပြောလိုက်သည်။ "ကုမ္ပဏီတရားရေးဌာနကလည်း ကျိူး နဲ့ ယလန်ကို တရားစွဲဖို့ ရယ်ဒီပဲ။ ပြီးတော့ ကုမ္ပဏီအတွင်းသတင်း ပေါက်တာကိုပါ ဖြေရှင်းသင့်တယ်။"

ကြံရာပါ သစ္စာဖောက်တွေဖြစ်တဲ့ ယွမ်ဟုန် နဲ့ ချန်းဟွေ့ ကိုလည်း လျှော့ပေါ့ပေးလို့မရဘူး!

"ပြီးတော့ သက်ဆိုင်တဲ့ အလှအပဆိုင်ရာ မားကတ်တင်းအကောင့်တွေလည်း  သတင်းထုတ်ဖို့ အသင့်ပြင်ထားလိုက်၊ ဒီနေ့ည ပလက်ဖောင်းတွေအားလုံးဆီ ပို့ထားလိုက်။"

လဝက်အစောပိုင်းတုန်းက  ယလန်အမှတ်တံဆိပ်ရဲ့ အသေးစိတ်အချက်အလက်များအပြင် ကျောင်းကုမ္ပဏီရဲ့ ဒီနှစ်များအတွင်းဖြစ်ပေါ်လာတဲ့ ထုတ်ကုန်အရည်အသွေးဆိုင်ရာ ပြဿနာများကို လူသိရှင် ကြားဖော်ထုတ်ရန် စုဆောင်းနေခဲ့သည်။ ထုံးစံအတိုင်း သူတို့ကို အဆုံးဖြတ်ပေးဖို့ကတော့ လူတိုင်းမှာရွေးချယ်ပိုင်ခွင့်ရှိ၏။

ကျောင်းကုမ္ပဏီမှာ အစက ရေသန့်တဲ့ လယ်အော်ဖြစ်ပါရဲ့  ညစ်ညမ်းတဲ့ မြောင်းထဲမှ မြောင်းရေများကို အတင်းတိုးဝင်လာအောင် လုပ်ခဲ့မိလေသည်။

အခုတော့ သူတို့မှာ လမ်းကြောင်းတူသွားပြီး ဖြစ်ကာ အကျိုးဆက်အားလုံးကိုလည်း လက်ခံဖို့ ပြင်ဆင် ထားရာမှာပင်။

ရှီယွင်နန်ကတော့  နည်းနည်းလေးမှ စိတ်မကောင်းမဖြစ်ပေ။  "နောက်ဆုံးတော့ လုံကုမ္ပဏီကို အကြိုရောင်းချတာ စခိုင်းလိုက်ကြတာပေါ့။ ကျောင်း နဲ့ ယလန်  အဆိုးဆုံး review တွေနဲ့ အပူအမြင့်ဆုံးပေးခံနေရချိန်  ကျွန်တော်တို့က မတူတဲ့လမ်းကြောင်းနဲ့ ဝယ်ယူသူတွေကို အရယူဖို့ အခွင့်ကောင်းပဲ။"

ဒါကို ဘယ်လိုခေါ်တာပါလိမ့်?

ငွေရှာရတဲ့ အပျော်က ရန်သူငွေတွေရှုံးလို့ နာကျင်တဲ့ပေါ်မှာ တည်ဆောက်ထားတာတဲ့။

အင်း၊ ပိုပျော်တယ်။

လော့လင်းရှန်းနှုတ်ခမ်းထောင့်များက သိမ်မွေ့ညင်သာစွာ ကွေးတက်သွားပြီး သူကသူ့လက်ထောက်ကို သူပြောသည့်အတိုင်း လုပ်ရန် မျက်လုံးများဖြင့် အချက်ပြလာတော့

ချင်ကျန်း ခေါင်းပြန်ညိတ်ပြလိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။-

ခေါင်းဆောင် နဲ့ မစ္စတာရှီက  တောင်နောက်မှာပုန်းကွယ်ပြီး နေနေကြပေမယ့် တစ်ဖက်မိသားစုရဲ့ ကုမ္ပဏီအတွက် တွင်းကို သန့်သန့်ရှင်းရှင်း တူးနိုင်ခဲ့ကြတာပဲ။

သေချာတာပေါ့၊ အတူနေတဲ့သူတွေဟာ သဘောထားတူကြတယ်တဲ့။  သူတို့ရဲ့ နှလုံးသားတွေက တကယ့်ကို အနက်ရောင်ပဲ။

...

နောက်တစ်နေ့တွင်

ယလန်ရဲ့ ကျယ်ဝန်းတဲ့ အစည်းအဝေးခန်းကြီးရဲ့ လေထုမှာ အေးခဲနေတော့သည်။

ယာယီဖွဲ့ထားသောအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်များမှာ ပင်မထိုင်ခုံတွင်ထိုင်နေသော ရှီးခဲယွဲ့က သူတို့အပေါ် ဒေါသတကြီး ပုံချလာမှာကို ကြောက်တာကြောင့် မတ်တပ်ရပ်နေမိကြသည်။

ကူရှင်က မျက်နှာကို ဆိုးရွာအောင် ဖျက်စီးပြီးနောက်  ဗြူးတီးဘလော့ဂါကို ချက်ချင်း ဆက်သွယ်အကြောင်းကြားခဲ့ကြသည်။

​သို့သော်လည်း တစ်ဘက်လူမှာ အရမ်းပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေကြောင့် အလွန်ဒေါသထွက်ကာ
လျှို့ဝှက်သဘောတူညီသည့် လျော်ကြေးတွေကို လက်ခံဖို့ငြင်းဆိုခဲ့လေသည်။ သူမက ဒီကိစ္စကိုလူအများသိစေရန် ထုတ်ဖော်ပြီး အခြားအပြစ်မဲ့သူများ ထပ်မခံရစေရန် တားဆီးပေးလိုခဲ့သည်။

ယလန်ကုမ္ပဏီရဲ့ အုပ်ချုပ်သူများမှာ ရွေးချယ်စရာမရှိတော့ပဲ ဗီဒီယိုတင်ထားသော ဝက်ဘ်ဆိုက်ပိုင်ရှင် ကိုဆက်သွယ်ကာ ငွေကြေးအမြောက်အမြားအသုံးပြုပြီး ဗီဒီယိုကိုဖြုတ်ချလိုက်ရတော့သည်။ သို့ရာတွင် အချိန်မီမပြုလုပ်ခဲ့နိုင်သောကြောင့် ယခု စွပ်စွဲထားသောဗီဒီယိုကို အခြားသော မားကတ်တင်းအကောင့်များက ကူးယူဖော်ပြကြပြီး ကြည့်ရှုသူပေါင်း သန်းချီလာခဲ့တော့သည်။

မနေ့ည ၈နာရီတွင်လည်း အခြားသော အလှအပဆိုင်ရာ အကောင့်များမှ ထိုသတင်းကို ဖြန့်ဝေခဲ့ကြသည်။

သူတို့အားလုံးပေါင်းပြီး  မိန်ကျီကူရှင် များကို သုံးစွဲသူများအား လိမ်ညာ၍ အမြန်ပိုက်ဆံ လိုချင်သော ရောင်းချမှုဟု စွပ်စွဲကြသည်။ ထို့နောက် နောက်ကွယ်မှပါဝင်သော ဒေဝါလီခံရတော့မည့် Yalan ဟူသည့် စီးပွားရေးလုပ်ငန်းအကြောင်းကိုပါ အစ စွဲထုတ်၍လူအများသိစေရန် ဖွင့်ချပြလေသည်။
အခြေအနေသည် ပိုမိုးဆိုးရွားလာလေသည်။

ကျောင်းကုမ္ပဏီက ဝယ်ယူသူများကို လှည့်ဖြားပြီး ငွေအမြန်ရရန် 'မိန်ကျီ' ကူရှင်ကို မရိုးသားတဲ့ စျေးကွက်အဖြစ် ပေါင်းပြီးစွပ်စွဲကြသည်။ ထို့နောက် နောက်ကွယ်မှ ပါဝင်သော ဒေဝါလီခံရတော့မည့် အသေးစားစီးပွါးရေး အမှတ်တံဆိပ် ယလန်အကြောင်းကိုလည်း ဆွဲထုတ်လာပြီး လူအများသိစေရန် ဖွင့်ချလာကြတော့သည်။

၂၄နာရီအတွင်း တရားဝင် ဝက်ဘ်ဆိုက်တွင် ပစ္စည်းများ ပြန်လည်ပေးပို့လာကြပြီး ငွေပြန်အမ်းရန် တောင်းသည့် စာများ အမြောက်အမြား တက်လာလေသည်။

ဒီအတိုင်းသာဆက်သွားမယ်ဆိုပါက ဒုတိယ အသုတ် ထုတ်ကုန်တွေ ကုန်ဖို့ နေနေသာသာ ပထမအသုတ် ထုတ်ကုန်များပါ ငွေကြေးတွေဆုံးရှုံးလာတော့မည်။

အခြေအနေက အဆိုးဘက်ကိုဦးတည်နေလေသည်။

"မစ္စတာရှီး ကျွန်တော်တွေ့ပြီ"

ရှီးခဲယွဲ့ရဲ့ လက်ထောက်က ဝင်လာကာ ကုန်ပစ္စည်း စာရင်းကို လှမ်းပေးလာသည်။  သူ့လက်ထဲတွင်လည်း ဘူးပုံစံ မပြောင်းရသေးသော ကူရှင်နှစ်ခုသုံးခု ကိုင်လာလေသည်။

ရှီးခဲယွဲ့မှာ  တရိပ်ရိပ်တက်လာသော ငွေပြန်တောင်းသည့်သူအရေအတွက်ကို ကွန်ပျူတာမျက်နှာပြင် ပေါ်တွင်ကြည့်လိုက်ပြီး စကားအနည်းငယ် ညှစ်ထုတ်ကာပြောလိုက်သည်။

"ပြော၊ ဘာတွေဖြစ်ကုန်တာလဲ?"

သူ ယလန် ကို အပိုင်ဝယ်ခဲ့တုန်းက ဒီကုမ္ပဏီရဲ့ ထုတ်ကုန်အရည်အသွေးကို သေချာ စစ်ဆေးခဲ့တာပဲ။ ကူရှင်လို အလှကုန်ပစ္စည်းက ထုတ်ကုန် စံနှုန်းတွေနဲ့ ကိုက်ညီခဲ့တယ်လေ!!

ထုတ်ကုန်အရည်အသွေးက နိုင်ငံခြားထုန်ကုန်တွေလောက် မကောင်းပေမယ့် လူ့ခန္ဓာကိုယ်ကို အရမ်းထိခိုက်စေနိုင်လောက်တဲ့ ဓာတ်မတည့်မှုမျိုးတော့ ဖြစ်လိမ့်မည်မဟုတ်ချေ။ ရှီးခဲယွဲ့က တုံးတုံးအအလူမဟုတ်ပေ။

သုံးစွဲသူတွေကိုထိခိုက်စေပြီး အရှုံးပေါ်တဲ့ လုပ်ငန်းမျိုးကို သူလုပ်လိမ့်မည်မဟုတ်ပေ။

"ကျွန်တော်တို့ အစက ဖြန့်ချိမယ့်  ကူရှင်တွေအားလုံး စစ်ဆေးတာကို ဖြတ်ကျော်ပြီးပါပြီ။ ဒါပေမဲ့ ပြသနာ တစ်ခုပေါ်နေတယ်။ " လက်ထောက်က သူ့လက်ထဲမှ ကူရှင်ကို လှမ်းပေးရင်းပြောလာလေသည်။ "၂ နှစ်လောက် expired ဖြစ်သွားတဲ့ အသုတ် လဲ ဒီထဲမှာရောပါသွားတယ်။"

ရှီးခဲယွဲ့ တစ်ယောက်  လက်ထောက်ပေးလာတဲ့ ကူရှင်ကိုဖွင့်ကာ အောက်ခြေတွင် မပြောင်းထားသည့် ထုတ်လုပ်သည့်ရက်စွဲကို တစ်ချက်ကြည့်လိုက်သည်။

သူချက်ချင်းနားလည်သွားကာ အစည်းအဝေးစားပွဲရဲ့ ဘယ်ဘက်ခြမ်းရှိ ကူရှင်ကို ဒေါသတကြီးဖြင့် ရိုက်ခွဲလိုက်သည်။ " မစ္စတာစွင်း! ဘာတွေဖြစ်နေတာလဲ ကျွန်တော့ကို ရှင်းပြ!"

ခေါ်ခံလိုက်ရတဲ့ မစ္စတာစွင်းမှာ  သူ့ရှေ့တွင် ကွဲအက် သွားသော ကူရှင်ကို ကြည့်လိုက်ပြီး သူ့အသံက ရုတ်တရက် တုန်သွားတော့သည်။ "မစ္စတာရှီ ကျွန်တော်က ဒီတိုင်း ကုမ္ပဏီ အတွက် ကူညီပေးချင်ခဲ့တာပါ။"

"ဒီစီးရီးက သက်တမ်းကုန်သွားပေမယ့် အဲဒါကို စစ်ဆေးပြီး ပြန်အသုံးပြုလို့ရပါသေးတယ်။ နဂိုအတိုင်းပဲ အနံ့လည်းမထွက်ဘူး။ ဂိုဒေါင်မှာလည်း တစ်ထောင်လောက်ပဲ ကျန်တော့တာ..."

"ပစ္စည်းကနည်းတော့ ထုတ်ကုန်အသစ်တွေနဲ့ ရောလိုက်ရင် သတိမထားလောက်ဘူးလို့ ထင်မိလိုက်လို့ပါ။"

ကူရှင်ရဲ့ အတွင်းကို ဖယ်ပြီး အသစ်စက်စက် အဖုံးဖုံးထားသရွေ့ ပစ္စည်းတစ်ခုဆို အမြတ်ငွေ ယွမ် ၂၀၀ နီးပါးလောက်နဲ့တောင်  ရောင်းချနိုင်မည်ဖြစ်သည်။  ဘယ်သူက မမက်ဘဲနေမှာလဲ?

အနည်းဆုံးအနေနဲ့ ဝယ်ယူသူဆီမှာ  မတော်တဆ ဖြစ်လာခဲ့မယ်ဆိုရင်တောင် သူတို့ရဲ့ sensitive ဖြစ်တဲ့ အသားရည်ကို အပြစ်ပုံချပြီး ငွေပြန်အမ်းလို့ ရနိုင်သေးသည်။ ဒီစတော့များကို ရောင်းချနိုင်သရွေ့ သူတို့က ငွေဝင်နေမှာပဲလေ။

မထင်မှတ်ပဲ၊ သူတို့ရဲ့ အမှန်တရားကို ခုခံဖို့ ခုန်ချလာတဲ့သူက  နာမည်ကြီး ဗြူးတီးဘလော့ဂါဖြစ်ကာ  မတော်တဆက  ပိုဆိုးသွားခဲ့သည်။

"မစ္စတာရှီး ၊ ဒါ ကျွန်တော့အမှားပါ၊ ကျွန်တော်ဒါကို မတွေးလိုက်မိတာပါ။ ဒါပေမယ့် ဖြစ်ပြီးပြီ ဆိုမှတော့ ပြဿနာအတွက် အဖြေရှာရမယ်မလား?"

မစ္စတာစွင်းက အထိတ်တလန့်မျက်နှာနဲ့ သူ့အမှားကို ပါးစပ်နဲ့သာ ဝန်ခံလာပြီး တကယ်တမ်းတော့ သူ့စိတ်ထဲမှာ တည်ငြိမ်နေလေသည်။

သူဟာ ယလန်အလှကုန်နဲ့  ထုတ်လုပ်တဲ့တာဝန်ကို  ရှီးခဲယွဲ့ဆီ အကုန် လွှဲထားပြီးပြီလေ။ ပြီးတော့ တစ်ဖက်လူကလည်း ကုန်ပစ္စည်းတွေကို ပူးပေါင်းရောင်းချဖို့ တစ်ယောက်ယောက်ကို ရှာခဲ့တယ်။

အခု ကြီးကြီးမားမား တစ်ခုခုဖြစ်လာရင်တောင် ပြဿနာကို ကိုင်တွယ်ရမယ့်သူက  'သူဌေး' ဖြစ်တဲ့ ရှီးခဲယွဲ့သာပင်။

ရှီးခဲယွဲ့ရဲ့ မျက်နှာမှာ ဒေါသထွက်လွန်းလို့ ဖြူဖတ် ဖြူရော်ဖြစ်သွားတော့သည်။  "ခင်ဗျား မတွေးမိလိုက်တာ?  စွင်းကျန်းနန် !! ဒီတစ်ခေါက် ကုမ္ပဏီက ဘယ်လောက်ရှုံးသွားရလဲ ခင်ဗျားသိလား? ခင်ဗျား တတ်နိုင်လို့လား?"

ရှီးခဲယွဲ့  ဒေါသအရမ်းထွက်ကာ သူ့ခေါင်းတောင် ရောင်ရမ်းလာသလိုပင်။  တစ်ဖက်သားရဲ့ ခေါင်းကို လည်း ကူရှင်တွေနဲ့ ရိုက်ပစ်ချင်နေသည်။ သူစီစဉ် ထားတဲ့ ထုတ်ကုန်သစ်ရောင်းအားက ဒီလိုဝက်နဲ့ တူတဲ့ လုပ်ဖော်ကိုင်ဖက်ကြောင့် ပျက်စီးသွားမယ်လို့ မထင်ထားပေ။

ဒေါသကို ထိန်းမနိုင်သိမ်းမရ ဖြစ်ခါနီး၊  စားပွဲပေါ်ကဖုန်းမှာခဏတာ တုန်ခါသွားပြီး  လော့ယန်ချွမ်းရဲ့ ဖုန်းဝင်လာတော့

ရှီးခဲယွဲ့ သူ့ဒေါသကို ထိန်းလိုက်ကာ ဖုန်းကိုင်လိုက်သည်။ "ဟေး ကျောင်းဘက်က ဘာပြောသေးလဲ?"

မိန်ကျီကူရှင်ဟာ ကျောင်းမိသားစုအမည်အောက်တွင်ရှိနေတာပင်။

မနေ့ညက ဒီလို ကြီးမားတဲ့ လူထုသဘောထား ကြောင့် ကမောက်ကမ ဖြစ်ခဲ့တော့ ဒီနေ့နံနက် သူတို့ရဲ့  စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းသွားကာ ပိုက်ဆံအများအပြားဆုံးရှုံးခဲ့သည် ။ ကျောင်း ကုမ္ပဏီရဲ့ အထက်ကစီမံခန့်ခွဲသူများမှာ ဒီကိစ္စနှင့်ပတ်သတ် ပြီး ပြင်းပြင်ထန်ထန် မကျေနပ်ကြောင်းကို ထုတ်ပြလာကြတော့သည်။

ကိစ္စက ပိုပြင်းထန်လာတော့  နောက်ကွယ်တွင် ပုန်းအောင်းနေတဲ့ လော့ယန်ချွမ်းမှာ ဖြေရှင်းဖို့ ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်လာရတော့သည်။

အခုချိန်တွင် ဖုန်းတစ်ဖက်ကနေတောင် ရှီးခဲယွဲ့မှာ  လော့ယန်ချွမ်းရဲ့ လေဖိအားကို ခံစားမိနေလေသည်။

"အစည်းအဝေးက အခုပဲလုပ်နေပြီ၊ ပြီးတော့ သူတို့က ဒီထုတ်ကုန်တွေကို ပြန်သိမ်းမယ်လို့ စီစဉ်လိုက် ကြပြီ..."

သူတို့ကုမ္ပဏီရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ ကျောင်းမိသားစုက  ဒီတစ်ခေါက်ကူရှင်ထုတ်ကုန်များကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း တစ်ဖက်သတ်ထုတ်ပြန် ကြေငြာလိုက်သည်။ ကူရှင်ကို သုံးပြီးရင် တောင်  ဝယ်ယူသူများက ပြန်အမ်းငွေပြန်ရမည်ဖြစ်သည်။

"ဘာ?" ရှီးခဲယွဲ့ အံ့ဩသွားတော့သည်။

ဒီအခြေအနေကြီးမှာ ပိုက်ဆံအပြည့်ပြန်အမ်းမယ်တဲ့လား?

ဒီလို ယူလိုက်အမ်းလိုက် အရှုပ်အထွေးတွေနဲ့ဆို  သူတို့မှာ ငွေတောင်မရဘဲ သူတို့ရဲ့ ရင်းနှီးမြုပ်နှံထားတဲ့ ပမာဏထင်တောင် အရှုံးပေါ်မှာ အသေအချာပင်။

လော့ယန်ချွမ်း အသက်ပြင်းပြင်းရှူပြီး သူ့အသံက အံကြိတ်ထားသလိုပင်။  "သူတို့က ကိုယ့်ကို ဒီအပေးအယူအတွက် အပြည့်အဝ လျော်ကြေးပေးဖို့ ပြောချင်နေကြတယ်၊  သခင်လေးရှီ မင်းကိုယ့်ကို တစ်ယောက်တည်း ခေါင်းခံခိုင်းမှာမဟုတ်ဘူးမလား?"

ရှီးခဲယွဲ့ နှလုံးသားသည် ကမောက်ကမဖြစ်သွားပြီး  မသိစိတ်ကနေ ပြန်မေးလိုက်သည်။ " ကျောင်းဘက်က ထပ်ညှိနှိုင်းလို့မရတော့ဘူးလား? ကျွန်တော် တို့ ကူရှင် ထုတ်ကုန်အားလုံးက..."

"သခင်​လေးရှီ ဘာလို့ဒီ​လောက်​ တုံးရတာလဲ?" လော့ယန်ချွမ်း နှာမှုတ်လိုက်ပြီး  သူ့နှလုံးသားက ကြည်လင်နေတဲ့ မှန်တစ်ချပ်လိုပင်။ " ကျောင်းမိသားစုက ကိုယ်တို့ကို အစကနေ အဆုံးအထိ ပိုက်ဆံရှာဖို့ အသုံးချနေတာ။ အခု တစ်ခုခုဖြစ်သွားပြီဆိုမှတော့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ကိုယ်တို့ကို ထုတ်ရောင်းဖို့ ကြံနေကြပြီ။"

သူသည် အခွံကုမ္ပဏီကို ကာဗာအဖြစ်အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်ရန် လော့မိသားစု' နာမည်ကို သုံးခဲ့သည်။

အခု ထုတ်ကုန်တွေ မတော်တဆမှုဖြစ်တော့ သူခေါ်ထားတဲ့ သူဌေးအတုကလည်း သိသိသာသာ အားကိုးလို့မရပေ။  လော့ယန်ချွမ်းမှာ  ကျောင်းမိသားနဲ့ လူကိုယ်တိုင် လာရောက်ညှိနှိုင်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ဒါမယ့် ရလာဒ်ကရော? ဒီနေ့မနက်မှာပဲ ကျောင်းကုမ္ပဏီရဲ့  ရိုင်းစိုင်းတဲ့ အဖွဲ့ဝင်တစ်ဦးက သူ့ရှေ့မှာပဲ အော်ပြောလာခဲ့သည်-

"တွေ့လား?  လော့မျိုးရိုးဆိုတိုင်း အရည်အချင်းရှိတာမဟုတ်ဘူး! လော့မိသားစုခေါင်းဆောင်ဆို လော့မိသားစုနာမည်သုံးပြီး ကိုယ့်ပါတနာကို ဆွဲချတဲ့ တခြားလူတွေလိုမျိုး ဒီလိုအမှား လုပ်မှာမဟုတ်ဘူး!

ဒီထေ့ငေါ့တဲ့ စာကြောင်းရဲ့ တစ်ဝက်က ကြမ်းပြင် ပေါ်မှာ ရှိနေတဲ့ လော့ယန်ချွမ်းရဲ့ မျက်နှာကို တက်နင်းနေသလိုပင်။

"....."

ထိုစကားကို ပြောပြီးနောက် နှစ်ဖက်လုံးမှာ တိတ်ဆိတ်သွားတော့သည်။

စတော့ရှယ်ယာတန်ဖိုးများ ဆုံးရှုံးခြင်းကြောင့် ကျောင်းအုပ်စုမှာ  ပြန်အမ်းငွေထပ်ရှုံးတာမခံချင် တော့ပေ။  ဆုံးရှုံးမှုအားလုံးရဲ့ ဖိအားဟာ ရှီးခဲယွဲ့နဲ့ လော့ယန်ချွမ်းပေါ် ကျလာတော့သည်။

မနေ့ကထိ သူတို့ နှစ်ယောက်မှာ ပျော်ခဲ့ရတုန်းပင်။ ဒါပေမယ့် ဒီနေ့ စိတ်ဝင်စားစရာ ကိစ္စတစ်ခု ကြုံလာရပြီး အများကြီး အရှုံးမခံချင်ကြပေ။

" ရှီးခဲယွဲ့။" ရုတ်တရက် ဖုန်းရဲ့တစ်ဖက်က လော့ယန်ချွမ်းမှာကသိကအောက်ဖြစ်တဲ့ အသံတစ်ခုထွက်လာပြီး သူ့နာမည်အပြည့်အစုံကို ခေါ်လာတော့သည်။

"ဘာလဲ?"

"လုံ နဲ့ လော့ က ငါတို့သုံးအုပ်စုကိုမူရင်းဒီဇိုင်းခိုးတာနဲ့ စုံစမ်းစစ်ဆေးဖို့ တရားစွဲမယ်ဆိုတဲ့ သတင်း အခုလေးတင်ပဲ ရလာတယ်...။

လော့ယန်ချွမ်းမှာ ပြောနေရင်း ဆိုးရွားလာကာ  လူတစ်ကိုယ်လုံး အေးစက်နေသည့် ရေကန်ထဲသို့ ကျသွားသလိုပင်။

တရားဝင်ဝဘ်ဆိုက်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ဟာ လော့ရုံးချုပ်ရဲ့  ဥပဒေရေးရာဌာနမှဖြစ်ပြီး ထိုထုတ်ပြန်ချက်တွင် ကပ်ထားသည့်တံဆိပ်မှာ  အင်ပါယ မြို့တော် နန်းယန်ရဲ့ ရှေ့နေရုံး မှဖြစ်သည်။  သူတို့ဟာ လော့လင်းရှန်းရဲ့  သီးသန့်ရှေ့နေအဖွဲ့ဖြစ်ပြီး မသေချာတဲ့ တရားခွင်တိုက်ပွဲတွေကို ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ကြပေ။

လော့ယန်ချွမ်း အကြောက်ဆုံးကတော့ လော့လင်းရှန်းက သူ့ရဲ့ မသိသာတဲ့  ကွယ်ရာမှလှုပ်ရှားမှုတွေကို သတိထားမိသွားတာပဲ!!

သူဒီလောက် အားတွေအများကြီးထုတ်ခဲ့တာတောင် ဘာမှ ပြန်မရဘူးတဲ့လား?

ဆန့်ကျင်ဘက်အနေနဲ့ သူ နှစ်တွေအကြာကြီး စေ့စေ့စပ်စပ် ဖုံးကွယ်ထားတာ ပေါ်သွားတာလား? ဘယ်လိုတောင်လဲ!!!

လော့ယန်ချွမ်း ဖုန်းကို အလျင်စလို ချလိုက်ပြီးနောက် ရှီးခဲယွဲ့လည်း  သူ့အခြေအနေကို သဘောပေါက်သွားပြီး သူ့ပုံစံမှာ တော်တော် ဆိုးဆိုးရွားရွားပင်။

သူ့မှာ ထွက်ပေါက်မရှိဘဲ လူတိုင်းက သူ့ရဲ့ ခန္ဓာကိုယ်ကို ကင်နေသလိုမျိုး ခံစားနေရတယ်။

"မစ္စတာရှီး ?"  ရှီးခဲယွဲ့ရဲ့ ဖြူဖတ်ဖြူရော် မျက်နှာကိုကြည့်ပြီး အော်ပရေးရှင်းဌာနရဲ့ ဒါရိုက်တာက  သတိတကြီး မေးလာလေသည်။ "ကျွန်တော်တို့အခုဘာလုပ်ကြမလဲ?"

"အရင်ဆုံး ပေးပို့တဲ့ ကုန်ပစ္စည်းတွေမှာ ပြဿနာရှိနေတယ်လို့ ကြေညာလိုက်ပါ။ ဝယ်ယူသူတွေ ပြန်လဲချင်ရင်  ပို့ဆောင်ပေးစရာမလိုဘူးလို့။  ပြန်အမ်းငွေအတွက် ပစ္စည်းမပို့ရသေးတဲ့ ဝယ်သူသူတွေကိုတော့  စျေးနှုန်းပြောင်းမယ်  လက်ဆောင်တွေလည်း ထည့်ပေးလို့ ကာစတမ်မာservice ကဝန်ထမ်းတွေဆက် သွယ်လိုက်....."

ရှီးခဲယွဲ့ သူအခုထိ စဉ်းစားလို့ရတဲ့  အစီအစဉ်တွေကို ပြောပြလိုက်တယ်။

ဒီ တစ်ခေါက်ထုတ်ကုန်များရဲ့ အမြတ်ငွေမှာ များတော့ ပြန်အမ်းငွေ အပြည့်မပေးရသရွေ့ အရှုံးပေါ်တာကို လျော့ချနိုင်မည်ပင်။ ပြီးတော့ ဒုတိယအသုတ် ထုတ်ကုန်များကလည်း ထုတ်လုပ်နေဆဲဖြစ်၏။ သူတို့ လိုဂိုကို အစားထိုးပြီး စျေးသက်သက်သာသာရောင်းလို့ရသည်။

အခုအချိန်ထိတော့ နည်းနည်းပြန်ဆယ်ဖို့ လုံလောက် နေလောက်ပါပြီ။

အော်ပရေးရှင်း ဒါရိုက်တာ မဖြေမီ အပြင်မှ ဝန်ထမ်းတစ်ဦးက အမြန် ပြေးဝင်လာလေသည်-

"မစ္စတာရှီး မကောင်းတော့ဘူး! စီးပွားရေး စီမံခန့်ခွဲရေးဌာနက လူတွေ ဒီကို ရောက်လာတယ်။"

"ဖောက်သည်တွေဆီကနေ တိုင်ကြားစာ အများကြီး  ရထားတယ်လို့ ပြောတယ်။  အခု သူတို့က ထုတ်လုပ်တာကို ရပ်ဆိုင်းခိုင်းပြီး ကျန်ထုတ်ကုန်အားလုံးကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းမလို့တဲ့!!"

"မစ္စတာရှီး  ၊ ဒါရိုက်တာတွေ ခင်ဗျားတို့ သွားကြည့်လိုက်ကြအုံး!"

ဘုံးးးး!

ဒီစကားလုံးတွေဟာ ကျောက်တုံးတစ်လုံးလိုပဲ လေးလံနေပြီး အခုအချိန်ထိ ရှီးခဲယွဲ့ စဉ်းစားနိုင်တဲ့  နောက်ဆုံးလမ်းကြောင်းကို လုံးဝပိတ်ဆို့လိုက်လေပြီ။

ရှီးခဲယွဲ့ တစ်ယောက် ထိုနေရာမှာပဲ  မှင်တက်သွားပြီး အမှန်ကို လက်ခံဖို့ ခက်ခဲနေကာ သူ့မျက်နှာက နီရဲပြီး ဖြူဖျော့သွားတော့သည်-

ဘာလို့ ဒီလိုတွေ ဖြစ်ကုန်တာလဲ??

မနေ့ကတော့ သူက အမြတ်ရနေတဲ့ အောင်နိုင်သူကြီးဖြစ်ပေမယ့်  နေ့ချင်းညချင်း အလှကုန်လုပ်ငန်းမှာ သူ့ရင်းနှီးမြုပ်နှံထားတာတွေ အားလုံး သုတ်သင်ခံလိုက်ရပြီး  သူ့ပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားရပြီ!!!


( နောက်အပိုင်းတွေကတော့ တင်ဖို့ကြာပါအုံးမယ် 32ထိဖတ်ချင်ရင်တော့ တော်လှန်ရေးမှာပါဝင်တဲ့စခရင်ရှော့ပြပြီး telegram မှာလာဖတ်လို့ရပါတယ် )






Zawgyi

ရွီယြင္နန္တစ္ေယာက္ ဒီကူရွင္ရဲ႕ review ေတြကို အၾကမ္းဖ်င္းၾကည့္လိုက္ၿပီး အံ့အားသင့္စြာ လႊတ္ခနဲ အသံေလးထြက္လာေလသည္။ "ဥႆဖရားအတုအစား ပလတ္စတစ္ကို တကယ္ႀကီးသုံးထားတာေပါ့? သူတို႔ ဒါကို ေဖာ္ႏိုင္တာ အံ့ဩစရာပဲ!!"

ကုန္က်စရိတ္ကို ေခြၽတာဖို႔သာ စဥ္းစားေနမယ္ဆိုရင္ ထုတ္ကုန္ရဲ႕ အရည္အေသြးကလည္း သိသိသာသာ ေလ်ာ့က်သြားမွာပဲ။

"ဒီကူရွင္က အရမ္းစုတ္ျပတ္ေနတာပဲကို ဘယ္လိုလုပ္ သက္ဆိုင္ရာဌာနေတြက စစ္ေဆးတာ ေက်ာ္သြားႏိုင္ပါလိမ့္? " ခ်င္က်န္း နားမလည္ႏိုင္ျဖစ္သြားေတာ့သည္။

ရွီယြင္နန္လည္း ေခါင္းခါလိုက္ၿပီး သူလည္းစိတ္ရႈပ္ေထြးသြားေလသည္။

ရွီးခဲယြဲ႕ဆိုတာက သူ႔အက်ိဳးစီးပြားကို ဦးစားေပးသူျဖစ္ၿပီး သူ႔မ်က္လုံးေတြထဲမွာ ေငြေတြအျပည့္ျဖစ္ေနျဖစ္မယ့္ ဒီလို အရည္အေသြးနိမ့္တဲ့ ထုတ္ကုန္ေရာင္းဖို႔ေလာက္ေတာ့ မတုံးေလာက္ဘူးမလား?

ေလာ့လင္းရွန္းကေတာ့ ထုံးစံအတိုင္း ေအးေဆးတည္ၿငိမ္တဲ့ အမူအရာျဖင့္ သူ႔လက္ေခ်ာင္းထိပ္မ်ားကို အနည္းငယ္ ပြတ္သပ္လိုက္ၿပီး သူ႔ရဲ႕ ေတြးေခၚပုံကေတာ့ လုံးဝကို စီးပြါးေရးဆန္လွသည္။ "ခ်င္က်န္း၊ ေက်ာင္းမိသားစု နဲ႔ ယလန္က ဒီေဝဖန္တဲ့ ဗြီဒီယိုကို ျဖဳတ္ခ်ဖို႔  က်ိန္းေသလုပ္လာလိမ့္မယ္။ ဒီဗြီဒီယို ပိုျပန္႔သြားေအာင္ မင္းနည္းလမ္းရွာထားလိုက္။"

"ၿပီးေတာ့ သူတို႔ရဲ႕ ကူရွင္ေတြအေၾကာင္း မေကာင္းတဲ့  မွတ္ခ်က္ေရးတဲ့သူေတြကို  စုဖို႔ တစ္ေယာက္ ေယာက္ကို ရွာ၊ ၿပီးရင္ နစ္နာတဲ့သူေတြကိုလည္း ပူးေပါင္းတိုင္ၾကားဖို႔ နည္းလမ္းရွာထားလိုက္..."

လုံ၊ ေက်ာင္း နဲ႔ ယလန္ဟာ ေစ်းကြက္ထဲမွာ ျပတ္ျပတ္သားသား ၿပိဳင္ဆိုင္ေနၾကၿပီး တစ္ဖက္လူရဲ႕ခိုးယူမႈကကလည္း နဂို အက်ိဳးစီးပြါးကို ထိပါးလာၿပီးေနေလၿပီ။

အခုေတာ့ တစ္ဖက္လူက မထင္ထားတဲ့ေနရာမွာ ကားေမွာက္လာၿပီး( က်ရႈံး) သူတို႔ကိုင္တြယ္ဖို႔ ေအာ္တိုလုပ္ေပးလိုက္တာပင္။

မားကတ္တင္းဆိုတာ ​​စစ္ေျမျပင္လိုပဲ။

ဒီအခြင့္အေရးကို အလဟသ အျဖစ္ခံလို႔မျဖစ္ဘူး။

ခ်င္က်န္း အျမန္ သေဘာေပါက္သြားကာ "ကြၽန္ေတာ္ နားလည္ပါၿပီ ေခါင္းေဆာင္၊ သက္ဆိုင္ရာ အေထာက္အထားနဲ႔ အခ်က္အလက္ေတြ စုဖို႔ တစ္ေယာက္ေယာက္ကို ခ်က္ျခင္း ပို႔လိုက္ပါ့မယ္။"

ဒါကိုျမင္ေတာ့ ရွီယြင္နန္ ႐ိုး႐ိုးရွင္းရွင္းေလးပဲ ထပ္ထည့္ေျပာလိုက္သည္။ "ကုမၸဏီတရားေရးဌာနကလည္း က်ိဴး နဲ႔ ယလန္ကို တရားစြဲဖို႔ ရယ္ဒီပဲ။ ၿပီးေတာ့ ကုမၸဏီအတြင္းသတင္း ေပါက္တာကိုပါ ေျဖရွင္းသင့္တယ္။"

ႀကံရာပါ သစၥာေဖာက္ေတြျဖစ္တဲ့ ယြမ္ဟုန္ နဲ႔ ခ်န္းေဟြ႕ ကိုလည္း ေလွ်ာ့ေပါ့ေပးလို႔မရဘူး!

"ၿပီးေတာ့ သက္ဆိုင္တဲ့ အလွအပဆိုင္ရာ မားကတ္တင္းအေကာင့္ေတြလည္း  သတင္းထုတ္ဖို႔ အသင့္ျပင္ထားလိုက္၊ ဒီေန႔ည ပလက္ေဖာင္းေတြအားလုံးဆီ ပို႔ထားလိုက္။"

လဝက္အေစာပိုင္းတုန္းက  ယလန္အမွတ္တံဆိပ္ရဲ႕ အေသးစိတ္အခ်က္အလက္မ်ားအျပင္ ေက်ာင္းကုမၸဏီရဲ႕ ဒီႏွစ္မ်ားအတြင္းျဖစ္ေပၚလာတဲ့ ထုတ္ကုန္အရည္အေသြးဆိုင္ရာ ျပႆနာမ်ားကို လူသိရွင္ ၾကားေဖာ္ထုတ္ရန္ စုေဆာင္းေနခဲ့သည္။ ထုံးစံအတိုင္း သူတို႔ကို အဆုံးျဖတ္ေပးဖို႔ကေတာ့ လူတိုင္းမွာေ႐ြးခ်ယ္ပိုင္ခြင့္ရွိ၏။

ေက်ာင္းကုမၸဏီမွာ အစက ေရသန႔္တဲ့ လယ္ေအာ္ျဖစ္ပါရဲ႕  ညစ္ညမ္းတဲ့ ေျမာင္းထဲမွ ေျမာင္းေရမ်ားကို အတင္းတိုးဝင္လာေအာင္ လုပ္ခဲ့မိေလသည္။

အခုေတာ့ သူတို႔မွာ လမ္းေၾကာင္းတူသြားၿပီး ျဖစ္ကာ အက်ိဳးဆက္အားလုံးကိုလည္း လက္ခံဖို႔ ျပင္ဆင္ ထားရာမွာပင္။

ရွီယြင္နန္ကေတာ့  နည္းနည္းေလးမွ စိတ္မေကာင္းမျဖစ္ေပ။  "ေနာက္ဆုံးေတာ့ လုံကုမၸဏီကို အႀကိဳေရာင္းခ်တာ စခိုင္းလိုက္ၾကတာေပါ့။ ေက်ာင္း နဲ႔ ယလန္  အဆိုးဆုံး review ေတြနဲ႔ အပူအျမင့္ဆုံးေပးခံေနရခ်ိန္  ကြၽန္ေတာ္တို႔က မတူတဲ့လမ္းေၾကာင္းနဲ႔ ဝယ္ယူသူေတြကို အရယူဖို႔ အခြင့္ေကာင္းပဲ။"

ဒါကို ဘယ္လိုေခၚတာပါလိမ့္?

ေငြရွာရတဲ့ အေပ်ာ္က ရန္သူေငြေတြရႈံးလို႔ နာက်င္တဲ့ေပၚမွာ တည္ေဆာက္ထားတာတဲ့။

အင္း၊ ပိုေပ်ာ္တယ္။

ေလာ့လင္းရွန္းႏႈတ္ခမ္းေထာင့္မ်ားက သိမ္ေမြ႕ညင္သာစြာ ေကြးတက္သြားၿပီး သူကသူ႔လက္ေထာက္ကို သူေျပာသည့္အတိုင္း လုပ္ရန္ မ်က္လုံးမ်ားျဖင့္ အခ်က္ျပလာေတာ့

ခ်င္က်န္း ေခါင္းျပန္ညိတ္ျပလိုက္ၿပီး သက္ျပင္းမခ်ဘဲ မေနႏိုင္ေတာ့ေပ။-

ေခါင္းေဆာင္ နဲ႔ မစၥတာရွီက ေတာင္ေနာက္မွာပုန္းကြယ္ၿပီး ေနေနၾကေပမယ့္ တစ္ဖက္မိသားစုရဲ႕ ကုမၸဏီအတြက္ တြင္းကို သန္႔သန္႔ရွင္းရွင္း တူးႏိုင္ခဲ့ၾကတာပဲ။

ေသခ်ာတာေပါ့၊ အတူေနတဲ့သူေတြဟာ သေဘာထားတူၾကတယ္တဲ့။  သူတို႔ရဲ႕ ႏွလုံးသားေတြက တကယ့္ကို အနက္ေရာင္ပဲ။

...

ေနာက္တစ္ေန႔တြင္

ယလန္ရဲ႕ က်ယ္ဝန္းတဲ့ အစည္းအေဝးခန္းႀကီးရဲ႕ ေလထုမွာ ေအးခဲေနေတာ့သည္။

ယာယီဖြဲ႕ထားေသာအဖြဲ႕ရဲ႕ အဓိကအဖြဲ႕ဝင္မ်ားမွာ ပင္မထိုင္ခုံတြင္ထိုင္ေနေသာ ရွီးခဲယြဲ႕က သူတို႔အေပၚ ေဒါသတႀကီး ပုံခ်လာမွာကို ေၾကာက္တာေၾကာင့္ မတ္တပ္ရပ္ေနမိၾကသည္။

ကူရွင္က မ်က္ႏွာကို ဆိုး႐ြာေအာင္ ဖ်က္စီးၿပီးေနာက္ ျဗဴးတီးဘေလာ့ဂါကို ခ်က္ခ်င္း ဆက္သြယ္အေၾကာင္းၾကားခဲ့ၾကသည္။

​သို႔ေသာ္လည္း တစ္ဘက္လူမွာ အရမ္းျပင္းထန္တဲ့ ဓာတ္မတည့္မႈေတြေၾကာင့္ အလြန္ေဒါသထြက္ကာ
လွ်ိဳ႕ဝွက္သေဘာတူညီသည့္ ေလ်ာ္ေၾကးေတြကို လက္ခံဖို႔ျငင္းဆိုခဲ့ေလသည္။ သူမက ဒီကိစၥကိုလူအမ်ားသိေစရန္ ထုတ္ေဖာ္ၿပီး အျခားအျပစ္မဲ့သူမ်ား ထပ္မခံရေစရန္ တားဆီးေပးလိုခဲ့သည္။

ယလန္ကုမၸဏီရဲ႕ အုပ္ခ်ဳပ္သူမ်ားမွာ ေ႐ြးခ်ယ္စရာမရွိေတာ့ပဲ ဗီဒီယိုတင္ထားေသာ ဝက္ဘ္ဆိုက္ပိုင္ရွင္ ကိုဆက္သြယ္ကာ ေငြေၾကးအေျမာက္အျမားအသုံးျပဳၿပီး ဗီဒီယိုကိုျဖဳတ္ခ်လိုက္ရေတာ့သည္။ သို႔ရာတြင္ အခ်ိန္မီမျပဳလုပ္ခဲ့ႏိုင္ေသာေၾကာင့္ ယခု စြပ္စြဲထားေသာဗီဒီယိုကို အျခားေသာ မားကတ္တင္းအေကာင့္မ်ားက ကူးယူေဖာ္ျပၾကၿပီး ၾကည့္ရႈသူေပါင္း သန္းခ်ီလာခဲ့ေတာ့သည္။

မေန႔ည ၈နာရီတြင္လည္း အျခားေသာ အလွအပဆိုင္ရာ အေကာင့္မ်ားမွ ထိုသတင္းကို ျဖန္႔ေဝခဲ့ၾကသည္။

သူတို႔အားလုံးေပါင္းၿပီး  မိန္က်ီကူရွင္ မ်ားကို သုံးစြဲသူမ်ားအား လိမ္ညာ၍ အျမန္ပိုက္ဆံ လိုခ်င္ေသာ ေရာင္းခ်မႈဟု စြပ္စြဲၾကသည္။ ထို႔ေနာက္ ေနာက္ကြယ္မွပါဝင္ေသာ ေဒဝါလီခံရေတာ့မည့္ Yalan ဟူသည့္ စီးပြားေရးလုပ္ငန္းအေၾကာင္းကိုပါ အစ စြဲထုတ္၍လူအမ်ားသိေစရန္ ဖြင့္ခ်ျပေလသည္။
အေျခအေနသည္ ပိုမိုးဆိုး႐ြားလာေလသည္။

ေက်ာင္းကုမၸဏီက ဝယ္ယူသူမ်ားကို လွည့္ျဖားၿပီး ေငြအျမန္ရရန္ 'မိန္က်ီ' ကူရွင္ကို မ႐ိုးသားတဲ့ ေစ်းကြက္အျဖစ္ ေပါင္းၿပီးစြပ္စြဲၾကသည္။ ထို႔ေနာက္ ေနာက္ကြယ္မွ ပါဝင္ေသာ ေဒဝါလီခံရေတာ့မည့္ အေသးစားစီးပြါးေရး အမွတ္တံဆိပ္ ယလန္အေၾကာင္းကိုလည္း ဆြဲထုတ္လာၿပီး လူအမ်ားသိေစရန္ ဖြင့္ခ်လာၾကေတာ့သည္။

၂၄နာရီအတြင္း တရားဝင္ ဝက္ဘ္ဆိုက္တြင္ ပစၥည္းမ်ား ျပန္လည္ေပးပို႔လာၾကၿပီး ေငြျပန္အမ္းရန္ ေတာင္းသည့္ စာမ်ား အေျမာက္အျမား တက္လာေလသည္။

ဒီအတိုင္းသာဆက္သြားမယ္ဆိုပါက ဒုတိယ အသုတ္ ထုတ္ကုန္ေတြ ကုန္ဖို႔ ေနေနသာသာ ပထမအသုတ္ ထုတ္ကုန္မ်ားပါ ေငြေၾကးေတြဆုံးရႈံးလာေတာ့မည္။

အေျခအေနက အဆိုးဘက္ကိုဦးတည္ေနေလသည္။

"မစၥတာရွီး ကြၽန္ေတာ္ေတြ႕ၿပီ"

ရွီးခဲယြဲ႕ရဲ႕ လက္ေထာက္က ဝင္လာကာ ကုန္ပစၥည္း စာရင္းကို လွမ္းေပးလာသည္။  သူ႔လက္ထဲတြင္လည္း ဘူးပုံစံ မေျပာင္းရေသးေသာ ကူရွင္ႏွစ္ခုသုံးခု ကိုင္လာေလသည္။

ရွီးခဲယြဲ႕မွာ  တရိပ္ရိပ္တက္လာေသာ ေငြျပန္ေတာင္းသည့္သူအေရအတြက္ကို ကြန္ပ်ဴတာမ်က္ႏွာျပင္ ေပၚတြင္ၾကည့္လိုက္ၿပီး စကားအနည္းငယ္ ညႇစ္ထုတ္ကာေျပာလိုက္သည္။

"ေျပာ၊ ဘာေတြျဖစ္ကုန္တာလဲ?"

သူ ယလန္ ကို အပိုင္ဝယ္ခဲ့တုန္းက ဒီကုမၸဏီရဲ႕ ထုတ္ကုန္အရည္အေသြးကို ေသခ်ာ စစ္ေဆးခဲ့တာပဲ။ ကူရွင္လို အလွကုန္ပစၥည္းက ထုတ္ကုန္ စံႏႈန္းေတြနဲ႔ ကိုက္ညီခဲ့တယ္ေလ!!

ထုတ္ကုန္အရည္အေသြးက ႏိုင္ငံျခားထုန္ကုန္ေတြေလာက္ မေကာင္းေပမယ့္ လူ႔ခႏၶာကိုယ္ကို အရမ္းထိခိုက္ေစႏိုင္ေလာက္တဲ့ ဓာတ္မတည့္မႈမ်ိဳးေတာ့ ျဖစ္လိမ့္မည္မဟုတ္ေခ်။ ရွီးခဲယြဲ႕က တုံးတုံးအအလူမဟုတ္ေပ။

သုံးစြဲသူေတြကိုထိခိုက္ေစၿပီး အရႈံးေပၚတဲ့ လုပ္ငန္းမ်ိဳးကို သူလုပ္လိမ့္မည္မဟုတ္ေပ။

"ကြၽန္ေတာ္တို႔ အစက ျဖန္႔ခ်ိမယ့္  ကူရွင္ေတြအားလုံး စစ္ေဆးတာကို ျဖတ္ေက်ာ္ၿပီးပါၿပီ။ ဒါေပမဲ့ ျပသနာ တစ္ခုေပၚေနတယ္။ " လက္ေထာက္က သူ႔လက္ထဲမွ ကူရွင္ကို လွမ္းေပးရင္းေျပာလာေလသည္။ "၂ ႏွစ္ေလာက္ expired ျဖစ္သြားတဲ့ အသုတ္ လဲ ဒီထဲမွာေရာပါသြားတယ္။"

ရွီးခဲယြဲ႕ တစ္ေယာက္  လက္ေထာက္ေပးလာတဲ့ ကူရွင္ကိုဖြင့္ကာ ေအာက္ေျခတြင္ မေျပာင္းထားသည့္ ထုတ္လုပ္သည့္ရက္စြဲကို တစ္ခ်က္ၾကည့္လိုက္သည္။

သူခ်က္ခ်င္းနားလည္သြားကာ အစည္းအေဝးစားပြဲရဲ႕ ဘယ္ဘက္ျခမ္းရွိ ကူရွင္ကို ေဒါသတႀကီးျဖင့္ ႐ိုက္ခြဲလိုက္သည္။ " မစၥတာစြင္း! ဘာေတြျဖစ္ေနတာလဲ ကြၽန္ေတာ့ကို ရွင္းျပ!"

ေခၚခံလိုက္ရတဲ့ မစၥတာစြင္းမွာ  သူ႔ေရွ႕တြင္ ကြဲအက္ သြားေသာ ကူရွင္ကို ၾကည့္လိုက္ၿပီး သူ႔အသံက ႐ုတ္တရက္ တုန္သြားေတာ့သည္။ "မစၥတာရွီ ကြၽန္ေတာ္က ဒီတိုင္း ကုမၸဏီ အတြက္ ကူညီေပးခ်င္ခဲ့တာပါ။"

"ဒီစီးရီးက သက္တမ္းကုန္သြားေပမယ့္ အဲဒါကို စစ္ေဆးၿပီး ျပန္အသုံးျပဳလို႔ရပါေသးတယ္။ နဂိုအတိုင္းပဲ အနံ႔လည္းမထြက္ဘူး။ ဂိုေဒါင္မွာလည္း တစ္ေထာင္ေလာက္ပဲ က်န္ေတာ့တာ..."

"ပစၥည္းကနည္းေတာ့ ထုတ္ကုန္အသစ္ေတြနဲ႔ ေရာလိုက္ရင္ သတိမထားေလာက္ဘူးလို႔ ထင္မိလိုက္လို႔ပါ။"

ကူရွင္ရဲ႕ အတြင္းကို ဖယ္ၿပီး အသစ္စက္စက္ အဖုံးဖုံးထားသေ႐ြ႕ ပစၥည္းတစ္ခုဆို အျမတ္ေငြ ယြမ္ ၂၀၀ နီးပါးေလာက္နဲ႔ေတာင္ ေရာင္းခ်ႏိုင္မည္ျဖစ္သည္။  ဘယ္သူက မမက္ဘဲေနမွာလဲ?

အနည္းဆုံးအေနနဲ႔ ဝယ္ယူသူဆီမွာ  မေတာ္တဆ ျဖစ္လာခဲ့မယ္ဆိုရင္ေတာင္ သူတို႔ရဲ႕ sensitive ျဖစ္တဲ့ အသားရည္ကို အျပစ္ပုံခ်ၿပီး ေငြျပန္အမ္းလို႔ ရႏိုင္ေသးသည္။ ဒီစေတာ့မ်ားကို ေရာင္းခ်ႏိုင္သေ႐ြ႕ သူတို႔က ေငြဝင္ေနမွာပဲေလ။

မထင္မွတ္ပဲ၊ သူတို႔ရဲ႕ အမွန္တရားကို ခုခံဖို႔ ခုန္ခ်လာတဲ့သူက  နာမည္ႀကီး ျဗဴးတီးဘေလာ့ဂါျဖစ္ကာ  မေတာ္တဆက  ပိုဆိုးသြားခဲ့သည္။

"မစၥတာရွီး ၊ ဒါ ကြၽန္ေတာ့အမွားပါ၊ ကြၽန္ေတာ္ဒါကို မေတြးလိုက္မိတာပါ။ ဒါေပမယ့္ ျဖစ္ၿပီးၿပီ ဆိုမွေတာ့ ျပႆနာအတြက္ အေျဖရွာရမယ္မလား?"

မစၥတာစြင္းက အထိတ္တလန္႔မ်က္ႏွာနဲ႔ သူ႔အမွားကို ပါးစပ္နဲ႔သာ ဝန္ခံလာၿပီး တကယ္တမ္းေတာ့ သူ႔စိတ္ထဲမွာ တည္ၿငိမ္ေနေလသည္။

သူဟာ ယလန္အလွကုန္နဲ႔  ထုတ္လုပ္တဲ့တာဝန္ကို  ရွီးခဲယြဲ႕ဆီ အကုန္ လႊဲထားၿပီးၿပီေလ။ ၿပီးေတာ့ တစ္ဖက္လူကလည္း ကုန္ပစၥည္းေတြကို ပူးေပါင္းေရာင္းခ်ဖို႔ တစ္ေယာက္ေယာက္ကို ရွာခဲ့တယ္။

အခု ႀကီးႀကီးမားမား တစ္ခုခုျဖစ္လာရင္ေတာင္ ျပႆနာကို ကိုင္တြယ္ရမယ့္သူက  'သူေဌး' ျဖစ္တဲ့ ရွီးခဲယြဲ႕သာပင္။

ရွီးခဲယြဲ႕ရဲ႕ မ်က္ႏွာမွာ ေဒါသထြက္လြန္းလို႔ ျဖဴဖတ္ ျဖဴေရာ္ျဖစ္သြားေတာ့သည္။  "ခင္ဗ်ား မေတြးမိလိုက္တာ?  စြင္းက်န္းနန္ !! ဒီတစ္ေခါက္ ကုမၸဏီက ဘယ္ေလာက္ရႈံးသြားရလဲ ခင္ဗ်ားသိလား? ခင္ဗ်ား တတ္ႏိုင္လို႔လား?"

ရွီးခဲယြဲ႕ ေဒါသအရမ္းထြက္ကာ သူ႔ေခါင္းေတာင္ ေရာင္ရမ္းလာသလိုပင္။  တစ္ဖက္သားရဲ႕ ေခါင္းကို လည္း ကူရွင္ေတြနဲ႔ ႐ိုက္ပစ္ခ်င္ေနသည္။ သူစီစဥ္ ထားတဲ့ ထုတ္ကုန္သစ္ေရာင္းအားက ဒီလိုဝက္နဲ႔ တူတဲ့ လုပ္ေဖာ္ကိုင္ဖက္ေၾကာင့္ ပ်က္စီးသြားမယ္လို႔ မထင္ထားေပ။

ေဒါသကို ထိန္းမႏိုင္သိမ္းမရ ျဖစ္ခါနီး၊  စားပြဲေပၚကဖုန္းမွာခဏတာ တုန္ခါသြားၿပီး ေလာ့ယန္ခြၽမ္းရဲ႕ ဖုန္းဝင္လာေတာ့

ရွီးခဲယြဲ႕ သူ႔ေဒါသကို ထိန္းလိုက္ကာ ဖုန္းကိုင္လိုက္သည္။ "ေဟး ေက်ာင္းဘက္က ဘာေျပာေသးလဲ?"

မိန္က်ီကူရွင္ဟာ ေက်ာင္းမိသားစုအမည္ေအာက္တြင္ရွိေနတာပင္။

မေန႔ညက ဒီလို ႀကီးမားတဲ့ လူထုသေဘာထား ေၾကာင့္ ကေမာက္ကမ ျဖစ္ခဲ့ေတာ့ ဒီေန႔နံနက္ သူတို႔ရဲ႕  စေတာ့ရွယ္ယာတန္ဖိုးမ်ား က်ဆင္းသြားကာ ပိုက္ဆံအမ်ားအျပားဆုံးရႈံးခဲ့သည္ ။ ေက်ာင္း ကုမၸဏီရဲ႕ အထက္ကစီမံခန႔္ခြဲသူမ်ားမွာ ဒီကိစၥႏွင့္ပတ္သတ္ ၿပီး ျပင္းျပင္ထန္ထန္ မေက်နပ္ေၾကာင္းကို ထုတ္ျပလာၾကေတာ့သည္။

ကိစၥက ပိုျပင္းထန္လာေတာ့ ေနာက္ကြယ္တြင္ ပုန္းေအာင္းေနတဲ့ ေလာ့ယန္ခြၽမ္းမွာ ေျဖရွင္းဖို႔ ကိုယ္တိုင္ကိုယ္က် ေရွ႕ထြက္လာရေတာ့သည္။

အခုခ်ိန္တြင္ ဖုန္းတစ္ဖက္ကေနေတာင္ ရွီးခဲယြဲ႕မွာ ေလာ့ယန္ခြၽမ္းရဲ႕ ေလဖိအားကို ခံစားမိေနေလသည္။

"အစည္းအေဝးက အခုပဲလုပ္ေနၿပီ၊ ၿပီးေတာ့ သူတို႔က ဒီထုတ္ကုန္ေတြကို ျပန္သိမ္းမယ္လို႔ စီစဥ္လိုက္ ၾကၿပီ..."

သူတို႔ကုမၸဏီရဲ႕ ဂုဏ္သတင္းကို ထိန္းသိမ္းဖို႔ ေက်ာင္းမိသားစုက  ဒီတစ္ေခါက္ကူရွင္ထုတ္ကုန္မ်ားကို ျပန္လည္သိမ္းယူမည္ျဖစ္ေၾကာင္း တစ္ဖက္သတ္ထုတ္ျပန္ ေၾကျငာလိုက္သည္။ ကူရွင္ကို သုံးၿပီးရင္ ေတာင္  ဝယ္ယူသူမ်ားက ျပန္အမ္းေငြျပန္ရမည္ျဖစ္သည္။

"ဘာ?" ရွီးခဲယြဲ႕ အံ့ဩသြားေတာ့သည္။

ဒီအေျခအေနႀကီးမွာ ပိုက္ဆံအျပည့္ျပန္အမ္းမယ္တဲ့လား?

ဒီလို ယူလိုက္အမ္းလိုက္ အရႈပ္အေထြးေတြနဲ႔ဆို  သူတို႔မွာ ေငြေတာင္မရဘဲ သူတို႔ရဲ႕ ရင္းႏွီးျမဳပ္ႏွံထားတဲ့ ပမာဏထင္ေတာင္ အရႈံးေပၚမွာ အေသအခ်ာပင္။

ေလာ့ယန္ခြၽမ္း အသက္ျပင္းျပင္းရွဴၿပီး သူ႔အသံက အံႀကိတ္ထားသလိုပင္။  "သူတို႔က ကိုယ့္ကို ဒီအေပးအယူအတြက္ အျပည့္အဝ ေလ်ာ္ေၾကးေပးဖို႔ ေျပာခ်င္ေနၾကတယ္၊  သခင္ေလးရွီ မင္းကိုယ့္ကို တစ္ေယာက္တည္း ေခါင္းခံခိုင္းမွာမဟုတ္ဘူးမလား?"

ရွီးခဲယြဲ႕ ႏွလုံးသားသည္ ကေမာက္ကမျဖစ္သြားၿပီး  မသိစိတ္ကေန ျပန္ေမးလိုက္သည္။ " ေက်ာင္းဘက္က ထပ္ညႇိႏႈိင္းလို႔မရေတာ့ဘူးလား? ကြၽန္ေတာ္ တို႔ ကူရွင္ ထုတ္ကုန္အားလုံးက..."

"သခင္​ေလးရွီ ဘာလို႔ဒီ​ေလာက္​ တုံးရတာလဲ?" ေလာ့ယန္ခြၽမ္း ႏွာမႈတ္လိုက္ၿပီး  သူ႔ႏွလုံးသားက ၾကည္လင္ေနတဲ့ မွန္တစ္ခ်ပ္လိုပင္။ " ေက်ာင္းမိသားစုက ကိုယ္တို႔ကို အစကေန အဆုံးအထိ ပိုက္ဆံရွာဖို႔ အသုံးခ်ေနတာ။ အခု တစ္ခုခုျဖစ္သြားၿပီဆိုမွေတာ့ သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔ ကိုယ္တို႔ကို ထုတ္ေရာင္းဖို႔ ႀကံေနၾကၿပီ။"

သူသည္ အခြံကုမၸဏီကို ကာဗာအျဖစ္အသုံးျပဳၿပီး ပူးေပါင္းေဆာင္႐ြက္ရန္ ေလာ့မိသားစု' နာမည္ကို သုံးခဲ့သည္။

အခု ထုတ္ကုန္ေတြ မေတာ္တဆမႈျဖစ္ေတာ့ သူေခၚထားတဲ့ သူေဌးအတုကလည္း သိသိသာသာ အားကိုးလို႔မရေပ။ ေလာ့ယန္ခြၽမ္းမွာ ေက်ာင္းမိသားနဲ႔ လူကိုယ္တိုင္ လာေရာက္ညႇိႏႈိင္းရန္မွတပါး ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။

ဒါမယ့္ ရလာဒ္ကေရာ? ဒီေန႔မနက္မွာပဲ ေက်ာင္းကုမၸဏီရဲ႕  ႐ိုင္းစိုင္းတဲ့ အဖြဲ႕ဝင္တစ္ဦးက သူ႔ေရွ႕မွာပဲ ေအာ္ေျပာလာခဲ့သည္-

"ေတြ႕လား? ေလာ့မ်ိဳး႐ိုးဆိုတိုင္း အရည္အခ်င္းရွိတာမဟုတ္ဘူး! ေလာ့မိသားစုေခါင္းေဆာင္ဆို ေလာ့မိသားစုနာမည္သုံးၿပီး ကိုယ့္ပါတနာကို ဆြဲခ်တဲ့ တျခားလူေတြလိုမ်ိဳး ဒီလိုအမွား လုပ္မွာမဟုတ္ဘူး!

ဒီေထ့ေငါ့တဲ့ စာေၾကာင္းရဲ႕ တစ္ဝက္က ၾကမ္းျပင္ ေပၚမွာ ရွိေနတဲ့ ေလာ့ယန္ခြၽမ္းရဲ႕ မ်က္ႏွာကို တက္နင္းေနသလိုပင္။

"....."

ထိုစကားကို ေျပာၿပီးေနာက္ ႏွစ္ဖက္လုံးမွာ တိတ္ဆိတ္သြားေတာ့သည္။

စေတာ့ရွယ္ယာတန္ဖိုးမ်ား ဆုံးရႈံးျခင္းေၾကာင့္ ေက်ာင္းအုပ္စုမွာ ျပန္အမ္းေငြထပ္ရႈံးတာမခံခ်င္ ေတာ့ေပ။  ဆုံးရႈံးမႈအားလုံးရဲ႕ ဖိအားဟာ ရွီးခဲယြဲ႕နဲ႔ ေလာ့ယန္ခြၽမ္းေပၚ က်လာေတာ့သည္။

မေန႔ကထိ သူတို႔ ႏွစ္ေယာက္မွာ ေပ်ာ္ခဲ့ရတုန္းပင္။ ဒါေပမယ့္ ဒီေန႔ စိတ္ဝင္စားစရာ ကိစၥတစ္ခု ႀကဳံလာရၿပီး အမ်ားႀကီး အရႈံးမခံခ်င္ၾကေပ။

" ရွီးခဲယြဲ႕။" ႐ုတ္တရက္ ဖုန္းရဲ႕တစ္ဖက္က ေလာ့ယန္ခြၽမ္းမွာကသိကေအာက္ျဖစ္တဲ့ အသံတစ္ခုထြက္လာၿပီး သူ႔နာမည္အျပည့္အစုံကို ေခၚလာေတာ့သည္။

"ဘာလဲ?"

"လုံ နဲ႔ ေလာ့ က ငါတို႔သုံးအုပ္စုကိုမူရင္းဒီဇိုင္းခိုးတာနဲ႔ စုံစမ္းစစ္ေဆးဖို႔ တရားစြဲမယ္ဆိုတဲ့ သတင္း အခုေလးတင္ပဲ ရလာတယ္...။

ေလာ့ယန္ခြၽမ္းမွာ ေျပာေနရင္း ဆိုး႐ြားလာကာ  လူတစ္ကိုယ္လုံး ေအးစက္ေနသည့္ ေရကန္ထဲသို႔ က်သြားသလိုပင္။

တရားဝင္ဝဘ္ဆိုက္မွာ ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ ဟာ ေလာ့႐ုံးခ်ဳပ္ရဲ႕  ဥပေဒေရးရာဌာနမွျဖစ္ၿပီး ထိုထုတ္ျပန္ခ်က္တြင္ ကပ္ထားသည့္တံဆိပ္မွာ  အင္ပါယ ၿမိဳ႕ေတာ္ နန္းယန္ရဲ႕ ေရွ႕ေန႐ုံး မွျဖစ္သည္။  သူတို႔ဟာ ေလာ့လင္းရွန္းရဲ႕  သီးသန႔္ေရွ႕ေနအဖြဲ႕ျဖစ္ၿပီး မေသခ်ာတဲ့ တရားခြင္တိုက္ပြဲေတြကို ဘယ္တုန္းကမွ မတိုက္ခိုက္ခဲ့ၾကေပ။

ေလာ့ယန္ခြၽမ္း အေၾကာက္ဆုံးကေတာ့ ေလာ့လင္းရွန္းက သူ႔ရဲ႕ မသိသာတဲ့  ကြယ္ရာမွလႈပ္ရွားမႈေတြကို သတိထားမိသြားတာပဲ!!

သူဒီေလာက္ အားေတြအမ်ားႀကီးထုတ္ခဲ့တာေတာင္ ဘာမွ ျပန္မရဘူးတဲ့လား?

ဆန႔္က်င္ဘက္အေနနဲ႔ သူ ႏွစ္ေတြအၾကာႀကီး ေစ့ေစ့စပ္စပ္ ဖုံးကြယ္ထားတာ ေပၚသြားတာလား? ဘယ္လိုေတာင္လဲ!!!

ေလာ့ယန္ခြၽမ္း ဖုန္းကို အလ်င္စလို ခ်လိုက္ၿပီးေနာက္ ရွီးခဲယြဲ႕လည္း  သူ႔အေျခအေနကို သေဘာေပါက္သြားၿပီး သူ႔ပုံစံမွာ ေတာ္ေတာ္ ဆိုးဆိုး႐ြား႐ြားပင္။

သူ႔မွာ ထြက္ေပါက္မရွိဘဲ လူတိုင္းက သူ႔ရဲ႕ ခႏၶာကိုယ္ကို ကင္ေနသလိုမ်ိဳး ခံစားေနရတယ္။

"မစၥတာရွီး ?"  ရွီးခဲယြဲ႕ရဲ႕ ျဖဴဖတ္ျဖဴေရာ္ မ်က္ႏွာကိုၾကည့္ၿပီး ေအာ္ပေရးရွင္းဌာနရဲ႕ ဒါ႐ိုက္တာက  သတိတႀကီး ေမးလာေလသည္။ "ကြၽန္ေတာ္တို႔အခုဘာလုပ္ၾကမလဲ?"

"အရင္ဆုံး ေပးပို႔တဲ့ ကုန္ပစၥည္းေတြမွာ ျပႆနာရွိေနတယ္လို႔ ေၾကညာလိုက္ပါ။ ဝယ္ယူသူေတြ ျပန္လဲခ်င္ရင္  ပို႔ေဆာင္ေပးစရာမလိုဘူးလို႔။ ျပန္အမ္းေငြအတြက္ ပစၥည္းမပို႔ရေသးတဲ့ ဝယ္သူသူေတြကိုေတာ့ ေစ်းႏႈန္းေျပာင္းမယ္  လက္ေဆာင္ေတြလည္း ထည့္ေပးလို႔ ကာစတမ္မာservice ကဝန္ထမ္းေတြဆက္ သြယ္လိုက္....."

ရွီးခဲယြဲ႕ သူအခုထိ စဥ္းစားလို႔ရတဲ့  အစီအစဥ္ေတြကို ေျပာျပလိုက္တယ္။

ဒီ တစ္ေခါက္ထုတ္ကုန္မ်ားရဲ႕ အျမတ္ေငြမွာ မ်ားေတာ့ ျပန္အမ္းေငြ အျပည့္မေပးရသေ႐ြ႕ အရႈံးေပၚတာကို ေလ်ာ့ခ်ႏိုင္မည္ပင္။ ၿပီးေတာ့ ဒုတိယအသုတ္ ထုတ္ကုန္မ်ားကလည္း ထုတ္လုပ္ေနဆဲျဖစ္၏။ သူတို႔ လိုဂိုကို အစားထိုးၿပီး ေစ်းသက္သက္သာသာေရာင္းလို႔ရသည္။

အခုအခ်ိန္ထိေတာ့ နည္းနည္းျပန္ဆယ္ဖို႔ လုံေလာက္ ေနေလာက္ပါၿပီ။

ေအာ္ပေရးရွင္း ဒါ႐ိုက္တာ မေျဖမီ အျပင္မွ ဝန္ထမ္းတစ္ဦးက အျမန္ ေျပးဝင္လာေလသည္-

"မစၥတာရွီး မေကာင္းေတာ့ဘူး! စီးပြားေရး စီမံခန႔္ခြဲေရးဌာနက လူေတြ ဒီကို ေရာက္လာတယ္။"

"ေဖာက္သည္ေတြဆီကေန တိုင္ၾကားစာ အမ်ားႀကီး  ရထားတယ္လို႔ ေျပာတယ္။  အခု သူတို႔က ထုတ္လုပ္တာကို ရပ္ဆိုင္းခိုင္းၿပီး က်န္ထုတ္ကုန္အားလုံးကို ႏိုင္ငံေတာ္ ဘ႑ာအျဖစ္ သိမ္းမလို႔တဲ့!!"

"မစၥတာရွီး  ၊ ဒါ႐ိုက္တာေတြ ခင္ဗ်ားတို႔ သြားၾကည့္လိုက္ၾကအုံး!"

ဘုံးးးး!

ဒီစကားလုံးေတြဟာ ေက်ာက္တုံးတစ္လုံးလိုပဲ ေလးလံေနၿပီး အခုအခ်ိန္ထိ ရွီးခဲယြဲ႕ စဥ္းစားႏိုင္တဲ့ ေနာက္ဆုံးလမ္းေၾကာင္းကို လုံးဝပိတ္ဆို႔လိုက္ေလၿပီ။

ရွီးခဲယြဲ႕ တစ္ေယာက္ ထိုေနရာမွာပဲ  မွင္တက္သြားၿပီး အမွန္ကို လက္ခံဖို႔ ခက္ခဲေနကာ သူ႔မ်က္ႏွာက နီရဲၿပီး ျဖဴေဖ်ာ့သြားေတာ့သည္-

ဘာလို႔ ဒီလိုေတြ ျဖစ္ကုန္တာလဲ??

မေန႔ကေတာ့ သူက အျမတ္ရေနတဲ့ ေအာင္ႏိုင္သူႀကီးျဖစ္ေပမယ့္ ေန႔ခ်င္းညခ်င္း အလွကုန္လုပ္ငန္းမွာ သူ႔ရင္းႏွီးျမဳပ္ႏွံထားတာေတြ အားလုံး သုတ္သင္ခံလိုက္ရၿပီး  သူ႔ပိုက္ဆံေတြ အကုန္ဆုံးရႈံးသြားရၿပီ!!!


( ေနာက္အပိုင္းေတြကေတာ့ တင္ဖို႔ၾကာပါအုံးမယ္ 32ထိဖတ္ခ်င္ရင္ေတာ့ ေတာ္လွန္ေရးမွာပါဝင္တဲ့စခရင္ေရွာ့ျပၿပီး telegram မွာလာဖတ္လို႔ရပါတယ္ )

Continue Reading

You'll Also Like

329K 26.3K 29
Mini Story Uni Life Style Sweet Romance