Unicode
အပိုင်း ၃၂။ ယဲ့ကျန်းနှင့်ဧကရာဇ်လေး (၂)
သုံးလခန့်ကြာပြီးနောက်တွင် ယဲ့ကျန်းလေးက ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီး တောအုပ်ထဲသို့ မသွားနိုင်ခဲ့ပေ။ ထိုအချိန်ပြီးနောက် သူမ ပြန်လည်သက်သာလာသောအခါ အပြင်ထွက်ခွင့်ရသွားလေပြီ။ သို့သော် ထိုအချိန်က နှစ်ဝက်ခန့် ကြာသွားပြီဖြစ်၏။
ထိုအချိန်တွင် သူမက သူမ၏ဖခင်ကိုပြောကာ ချင်မင်းဆက်မှ မင်းသားတစ်ပါးကို လက်ထပ်ခွင့် တောင်းခံခဲ့သည်။ မိသားစုက ကန့်ကွက်ခဲ့၏။ သို့ရာတွင် အဆုံးတွင် သူမ၏ ပြင်းပြသောစိတ်ဆန္ဒကြောင့် အောင်မြင်ခဲ့၏။ ထို့ကြောင့် ယဲ့မိသားစု၏ ကောင်းချီးများဖြင့် ယဲ့ကျန်း၏ တင်တောင်းပစ္စည်းများနှင့် ကမ်းလှမ်းမှုများကို ဧကရာဇ်လေးက လူတစ်ယောက်ကိုသာ လွှတ်ကာ သူ၏ဝမ်ဖေးကို ခေါ်သွားခဲ့၏။ သူတို့နှစ်ယောက် ထိုသို့လက်ထပ်ခဲ့ကြသည်။
ထိုအချက်မှလွဲပြီး ယဲ့ကျန်းက သူမကိုယ်သူမ ထုတ်ပြောရန် အခွင့်မရခဲ့ပေ။ သူမက လွန်ခဲ့သော ခြောက်လခန့်က သူ့ကို ကယ်ခဲ့သောသူဖြစ်ကြောင်းပြောရန် အခွင့်အရေးပင် မရခဲ့ပေ။
သူတို့ လက်ထပ်ပြီး နှစ်နှစ်ကြာသွားသည်အထိ သူတို့ မင်္ဂလာပွဲနေ့က တစ်ကြိမ်သာ ဆုံခဲ့ရ၏။ မော့ရုန်ကျန်းက သူမကို ကြည့်ပင်မကြည့်ချင်ကြောင်း သူမ မှတ်မိနေသေးသည်။
သူတို့၏လက်ထပ်ပွဲညတွင် သူက ရောက်လာခဲ့သော်လည်း သူမ၏မိသားစုကို ဆိုးရွားသော စကားများကိုသာ ပြောပြီး ထွက်သွားခဲ့၏။
ယဲ့ကျန်း သူမ၏မှတ်ဉာဏ်မှ နိုးထလာခဲ့သည်။ ခြောက်ကပ်နေသောရေတွင်းကို ကြည့်ပြီးနောက် သူမ၏မျက်နှာက ပျက်ယွင်းနေခဲ့၏။ ယခု သူမ အတိတ်ကို ပြန်လည်အောက်မေ့မိသွားသည်။ ထိုအချိန်က အပြစ်ကင်းစင်သောကလေးမက သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး သူမနှင့်သက်ဆိုင်ခြင်းပင် မရှိတော့ပေ။
သူမ သူ့ကို အမှန်တကယ် လက်ထပ်ချင်ခဲ့၏။ သူမက အဲဒီအချိန်တုန်းက သူနှင့်ဆုံခဲ့သော ကလေးမလေးဖြစ်ကြောင်း ပြောလိုခဲ့သည်။ သို့သော် သူမ မသိခင်မှာပင် သူက စစ်တိုက် ထွက်သွားခဲ့ချေပြီ။ ထို့ကြောင့် သူမ သူ့ကိုပြောရန် အခွင့်အရေးမရခဲ့ပေ။ နှစ်နှစ်မတိုင်ခင် သူ ပြန်လာခဲ့သေးသော်လည်း သူမအား လာမတွေ့ခဲ့ပေ။
ယခင်က သူမက အရမ်းကို ရူးသွပ်လွန်းခဲ့ပြီး သူ ထီးနန်းတက်သွားချိန်တွင်ပင် သူမကိုလာခေါ်ရန် ရထားလုံးကို စောင့်ဆိုင်းခဲ့၏။ သို့သော် ဘယ်တော့မှ ရောက်မလာခဲ့ပေ။ ထို့အစားအဆိပ်သေရည်ကိုသာ ရခဲ့၏။
အတိတ်က သူမသည် မည်မျှရူးသွပ်ခဲ့ကြောင်း ပြန်တွေးမိသည်။ သူမ အမှန်ပင် သူနှင့်အတူ အရွယ်ရောက်လိုခဲ့၏။ သူမ၏မျက်နှာတွင် ခါးသီးသောအပြုံးက ပေါ်လာသည်။
သစ်တောထဲတွင် သူမ တစ်ယောက်တည်းသာ ရှိနေခြင်းဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက်တွင် ယဲ့ကျန်းက ခြောက်ကပ်သောရေတွင်း၏ ဘေးနားတွင်ရှိသော သစ်ပင်ကြီးအနားသို့ လျှောက်သွားလိုက်သည်။
သူမ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီး ပြန်သက်သာလာသောအခါ သည်တောအုပ်ထဲသို့ လာခဲ့သည်။ သူ သေချာပေါက်ပြန်လာမည်ဟုလည်း သူမ နားလည်နေ၏။ ထို့ကြောင့် သူမကိုယ်တိုင် လုပ်ထားသော ပိုက်ဆံအိတ်နှင့်အတူ သေတ္တာတစ်ခုကို သည်သစ်ပင်အောက်တွင် မြှုပ်ခဲ့သည်။ သူကသာ မြင်မည်ဆိုလျှင် သေချာပေါက် သူမ ဘယ်သူမှန်း သိပေလိမ့်မည်။
သို့သော် သူက သူမ ပေးထားခဲ့သော လျှို့ဝှက်စာသားကို မမှတ်မိလျှင်ပင် ထိုသေတ္တာကို ရှာတွေ့ရုံမျှဖြင့် အရာအားလုံးကို သိသွားပေလိမ့်မည်။ ယဲ့ကျန်းက မှတ်ဉာဏ်ထဲကအတိုင်း အနက်ရောင်သစ်သားသေတ္တာကို တူးထုတ်လိုက်သည်။ ပိုက်ဆံအိတ်က သည်အတိုင်းရှိနေသေး၏။
ပိုက်ဆံအိတ်က ခမ်းနားခြင်းမရှိပေ။ သို့ရာတွင် ပထမဆုံးအကြိမ်အဖြစ် သူမကိုယ်တိုင် လုပ်ထားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် အခြားတစ်ယောက်အတွက် ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းလည်းဖြစ်၏။ သူမ ဒါကို သူမ၏ဖခင်နှင့် အစ်ကိုအစား မော့ရုန်ကျန်းကိုသာ ပထမဦးစွာပေးခဲ့သည်။
ယောင်ယောင်ရဲ့နာမည်အရင်က ယဲ့ကျန်းပါ၊ သားတစ်ယောက်က မိသားစုကိုပြန်ရမှာပေါ့။
ထိုစာသားများကို ထိုအဝတ်အောက်တွင် ကလေးဆန်ဆန် ရေးထိုးထားသည်။ သူမ မျက်မှောင်ကြုတ်မိ၏။ သူမ သည်စာသားလေးနှင့်အတူ သူ လုံခြုံစွာပြန်ရောက်လာရန် မျှော်လင့်ခဲ့သေးသည်။
သူမ၏ ကြောက်မက်ဖွယ်ကောင်းသော အားထုတ်မှုများက သည်လိုအခြေအနေကို ဖြစ်လာစေခဲ့သည်။ မော့ရုန်ကျန်းက လု၀ူရှန်းကိုသာ အသိအမှတ်ပြုခဲ့၏။
ယဲ့ကျန်းသည် သူမ၏ဆံထုံးမှ ဆံထိုးကိုထုတ်လိုက်သည်။ ပိုက်ဆံအိတ်မှ အပ်ချည်မျှင်များကို ဆွဲထုတ်ပြီးနောက် သူမ၏လက်များက ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်လာခဲ့၏။
သည်ပိုက်ဆံအိတ်က နှစ်များစွာကြာခဲ့လေပြီ။ သူမ အသက် ၇ နှစ်ကတည်းက လုပ်ထားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အပ်ချည်မျှင်များက လျော့ရဲလာခဲ့လေပြီ။ တဖြည်းဖြည်းချင်း သူမ အိတ်ကို ဖွင့်လိုက်၏။ ထိုအိတ်ထဲတွင် သူမ၏ အတိတ်နှင့်ချစ်ခြင်းတရားများပါသည်။ ယဲ့ကျန်းက သူမ၏ ချစ်ခြင်းတရားများအတိုင်း သေသွားခဲ့လေပြီ။
သည်ပိုက်ဆံအိတ်ကို မဖျက်ဆီးနိုင်သမျှ ကာလပတ်လုံး သူမ စိတ်အေးနိုင်မည် မဟုတ်ပေ။ ဖျက်ဆီးပြီးနောက်တွင် ယဲ့ကျန်းက သည်သေတ္တာကို ရေတွင်းထဲသို့ ပစ်ချလိုက်၏။ ရေတွင်းထဲတွင် အချိန်ကြာသည့်အခါ လူတိုင်းက ဒါကို မေ့သွားပေလိမ့်မည်။ နောက်ဆုံးတွင် မော့ရုန်ကျန်းနှင့် သူမ၏နောက်ဆုံးကြိုးထုံးက ပြေသွားခဲ့လေပြီ။
ခံစားချက်ကောင်းလိုက်တာ။
ယဲ့ကျန်းက ကျေနပ်သောမျက်နှာထားဖြင့် တောအုပ်ထဲမှ ထွက်သွားသည်။ သူမ၏ပါးပေါ် ကျလာသောမျက်ရည်များက ရပ်တန့်ခြင်းမရှိတော့ပေ။
သိပ်မကြာခင်မှာပင် မြင့်မားသောအရပ်အမောင်း၊ ဂုဏ်ယူဖွယ်ကောင်းသော ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားတို့ဖြင့် လူတစ်ယောက်က ရေတွင်းအနားသို့ရောက်လာ၏။ သူ၏အကြည့်များက သစ်ပင်အောက်တွင်ရှိသော တူးထုတ်ခံလိုက်ရသည့် အပေါက်ထံသို့ ရောက်သွားသည်။
...
Zawgyi
အပိုင္း ၃၂။ ယဲ့က်န္းႏွင့္ဧကရာဇ္ေလး (၂)
သုံးလခန္႔ၾကာၿပီးေနာက္တြင္ ယဲ့က်န္းေလးက ျပင္းျပင္းထန္ထန္ ေနမေကာင္းျဖစ္ၿပီး ေတာအုပ္ထဲသို႔ မသြားႏိုင္ခဲ့ေပ။ ထိုအခ်ိန္ၿပီးေနာက္ သူမ ျပန္လည္သက္သာလာေသာအခါ အျပင္ထြက္ခြင့္ရသြားေလၿပီ။ သို႔ေသာ္ ထိုအခ်ိန္က ႏွစ္ဝက္ခန္႔ ၾကာသြားၿပီျဖစ္၏။
ထိုအခ်ိန္တြင္ သူမက သူမ၏ဖခင္ကိုေျပာကာ ခ်င္မင္းဆက္မွ မင္းသားတစ္ပါးကို လက္ထပ္ခြင့္ ေတာင္းခံခဲ့သည္။ မိသားစုက ကန္႔ကြက္ခဲ့၏။ သို႔ရာတြင္ အဆုံးတြင္ သူမ၏ ျပင္းျပေသာစိတ္ဆႏၵေၾကာင့္ ေအာင္ျမင္ခဲ့၏။ ထို႔ေၾကာင့္ ယဲ့မိသားစု၏ ေကာင္းခ်ီးမ်ားျဖင့္ ယဲ့က်န္း၏ တင္ေတာင္းပစၥည္းမ်ားႏွင့္ ကမ္းလွမ္းမႈမ်ားကို ဧကရာဇ္ေလးက လူတစ္ေယာက္ကိုသာ လႊတ္ကာ သူ၏ဝမ္ေဖးကို ေခၚသြားခဲ့၏။ သူတို႔ႏွစ္ေယာက္ ထိုသို႔လက္ထပ္ခဲ့ၾကသည္။
ထိုအခ်က္မွလြဲၿပီး ယဲ့က်န္းက သူမကိုယ္သူမ ထုတ္ေျပာရန္ အခြင့္မရခဲ့ေပ။ သူမက လြန္ခဲ့ေသာ ေျခာက္လခန္႔က သူ႕ကို ကယ္ခဲ့ေသာသူျဖစ္ေၾကာင္းေျပာရန္ အခြင့္အေရးပင္ မရခဲ့ေပ။
သူတို႔ လက္ထပ္ၿပီး ႏွစ္ႏွစ္ၾကာသြားသည္အထိ သူတို႔ မဂၤလာပြဲေန႔က တစ္ႀကိမ္သာ ဆုံခဲ့ရ၏။ ေမာ့႐ုန္က်န္းက သူမကို ၾကည့္ပင္မၾကည့္ခ်င္ေၾကာင္း သူမ မွတ္မိေနေသးသည္။
သူတို႔၏လက္ထပ္ပြဲညတြင္ သူက ေရာက္လာခဲ့ေသာ္လည္း သူမ၏မိသားစုကို ဆိုး႐ြားေသာ စကားမ်ားကိုသာ ေျပာၿပီး ထြက္သြားခဲ့၏။
ယဲ့က်န္း သူမ၏မွတ္ဉာဏ္မွ ႏိုးထလာခဲ့သည္။ ေျခာက္ကပ္ေနေသာေရတြင္းကို ၾကည့္ၿပီးေနာက္ သူမ၏မ်က္ႏွာက ပ်က္ယြင္းေနခဲ့၏။ ယခု သူမ အတိတ္ကို ျပန္လည္ေအာက္ေမ့မိသြားသည္။ ထိုအခ်ိန္က အျပစ္ကင္းစင္ေသာကေလးမက သူစိမ္းတစ္ေယာက္ကဲ့သို႔ ျဖစ္သြားၿပီး သူမႏွင့္သက္ဆိုင္ျခင္းပင္ မ႐ွိေတာ့ေပ။
သူမ သူ႕ကို အမွန္တကယ္ လက္ထပ္ခ်င္ခဲ့၏။ သူမက အဲဒီအခ်ိန္တုန္းက သူႏွင့္ဆုံခဲ့ေသာ ကေလးမေလးျဖစ္ေၾကာင္း ေျပာလိုခဲ့သည္။ သို႔ေသာ္ သူမ မသိခင္မွာပင္ သူက စစ္တိုက္ ထြက္သြားခဲ့ေခ်ၿပီ။ ထို႔ေၾကာင့္ သူမ သူ႕ကိုေျပာရန္ အခြင့္အေရးမရခဲ့ေပ။ ႏွစ္ႏွစ္မတိုင္ခင္ သူ ျပန္လာခဲ့ေသးေသာ္လည္း သူမအား လာမေတြ႕ခဲ့ေပ။
ယခင္က သူမက အရမ္းကို ႐ူးသြပ္လြန္းခဲ့ၿပီး သူ ထီးနန္းတက္သြားခ်ိန္တြင္ပင္ သူမကိုလာေခၚရန္ ရထားလုံးကို ေစာင့္ဆိုင္းခဲ့၏။ သို႔ေသာ္ ဘယ္ေတာ့မွ ေရာက္မလာခဲ့ေပ။ ထို႔အစားအဆိပ္ေသရည္ကိုသာ ရခဲ့၏။
အတိတ္က သူမသည္ မည္မွ်႐ူးသြပ္ခဲ့ေၾကာင္း ျပန္ေတြးမိသည္။ သူမ အမွန္ပင္ သူႏွင့္အတူ အ႐ြယ္ေရာက္လိုခဲ့၏။ သူမ၏မ်က္ႏွာတြင္ ခါးသီးေသာအျပဳံးက ေပၚလာသည္။
သစ္ေတာထဲတြင္ သူမ တစ္ေယာက္တည္းသာ ႐ွိေနျခင္းျဖစ္ေၾကာင္း အတည္ျပဳလိုက္ၿပီးေနာက္တြင္ ယဲ့က်န္းက ေျခာက္ကပ္ေသာေရတြင္း၏ ေဘးနားတြင္႐ွိေသာ သစ္ပင္ႀကီးအနားသို႔ ေလွ်ာက္သြားလိုက္သည္။
သူမ ျပင္းျပင္းထန္ထန္ ေနမေကာင္းျဖစ္ၿပီး ျပန္သက္သာလာေသာအခါ သည္ေတာအုပ္ထဲသို႔ လာခဲ့သည္။ သူ ေသခ်ာေပါက္ျပန္လာမည္ဟုလည္း သူမ နားလည္ေန၏။ ထို႔ေၾကာင့္ သူမကိုယ္တိုင္ လုပ္ထားေသာ ပိုက္ဆံအိတ္ႏွင့္အတူ ေသတၱာတစ္ခုကို သည္သစ္ပင္ေအာက္တြင္ ျမႇဳပ္ခဲ့သည္။ သူကသာ ျမင္မည္ဆိုလွ်င္ ေသခ်ာေပါက္ သူမ ဘယ္သူမွန္း သိေပလိမ့္မည္။
သို႔ေသာ္ သူက သူမ ေပးထားခဲ့ေသာ လွ်ိဳ႕ဝွက္စာသားကို မမွတ္မိလွ်င္ပင္ ထိုေသတၱာကို ႐ွာေတြ႕႐ုံမွ်ျဖင့္ အရာအားလုံးကို သိသြားေပလိမ့္မည္။ ယဲ့က်န္းက မွတ္ဉာဏ္ထဲကအတိုင္း အနက္ေရာင္သစ္သားေသတၱာကို တူးထုတ္လိုက္သည္။ ပိုက္ဆံအိတ္က သည္အတိုင္း႐ွိေနေသး၏။
ပိုက္ဆံအိတ္က ခမ္းနားျခင္းမ႐ွိေပ။ သို႔ရာတြင္ ပထမဆုံးအႀကိမ္အျဖစ္ သူမကိုယ္တိုင္ လုပ္ထားခဲ့ျခင္းျဖစ္သည္။ အထူးသျဖင့္ အျခားတစ္ေယာက္အတြက္ ရည္႐ြယ္ၿပီး လုပ္ခဲ့ျခင္းလည္းျဖစ္၏။ သူမ ဒါကို သူမ၏ဖခင္ႏွင့္ အစ္ကိုအစား ေမာ့႐ုန္က်န္းကိုသာ ပထမဦးစြာေပးခဲ့သည္။
ေယာင္ေယာင္ရဲ႕နာမည္အရင္က ယဲ့က်န္းပါ၊ သားတစ္ေယာက္က မိသားစုကိုျပန္ရမွာေပါ့။
ထိုစာသားမ်ားကို ထိုအဝတ္ေအာက္တြင္ ကေလးဆန္ဆန္ ေရးထိုးထားသည္။ သူမ မ်က္ေမွာင္ၾကဳတ္မိ၏။ သူမ သည္စာသားေလးႏွင့္အတူ သူ လုံျခဳံစြာျပန္ေရာက္လာရန္ ေမွ်ာ္လင့္ခဲ့ေသးသည္။
သူမ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ အားထုတ္မႈမ်ားက သည္လိုအေျခအေနကို ျဖစ္လာေစခဲ့သည္။ ေမာ့႐ုန္က်န္းက လုဝူ႐ွန္းကိုသာ အသိအမွတ္ျပဳခဲ့၏။
ယဲ့က်န္းသည္ သူမ၏ဆံထုံးမွ ဆံထိုးကိုထုတ္လိုက္သည္။ ပိုက္ဆံအိတ္မွ အပ္ခ်ည္မွ်င္မ်ားကို ဆြဲထုတ္ၿပီးေနာက္ သူမ၏လက္မ်ားက ထိန္းခ်ဳပ္၍ မရႏိုင္ေလာက္ေအာင္ တုန္ယင္လာခဲ့၏။
သည္ပိုက္ဆံအိတ္က ႏွစ္မ်ားစြာၾကာခဲ့ေလၿပီ။ သူမ အသက္ ၇ ႏွစ္ကတည္းက လုပ္ထားခဲ့ျခင္းျဖစ္၏။ ထို႔ေၾကာင့္ အပ္ခ်ည္မွ်င္မ်ားက ေလ်ာ့ရဲလာခဲ့ေလၿပီ။ တျဖည္းျဖည္းခ်င္း သူမ အိတ္ကို ဖြင့္လိုက္၏။ ထိုအိတ္ထဲတြင္ သူမ၏ အတိတ္ႏွင့္ခ်စ္ျခင္းတရားမ်ားပါသည္။ ယဲ့က်န္းက သူမ၏ ခ်စ္ျခင္းတရားမ်ားအတိုင္း ေသသြားခဲ့ေလၿပီ။
သည္ပိုက္ဆံအိတ္ကို မဖ်က္ဆီးႏိုင္သမွ် ကာလပတ္လုံး သူမ စိတ္ေအးႏိုင္မည္ မဟုတ္ေပ။ ဖ်က္ဆီးၿပီးေနာက္တြင္ ယဲ့က်န္းက သည္ေသတၱာကို ေရတြင္းထဲသို႔ ပစ္ခ်လိုက္၏။ ေရတြင္းထဲတြင္ အခ်ိန္ၾကာသည့္အခါ လူတိုင္းက ဒါကို ေမ့သြားေပလိမ့္မည္။ ေနာက္ဆုံးတြင္ ေမာ့႐ုန္က်န္းႏွင့္ သူမ၏ေနာက္ဆုံးႀကိဳးထုံးက ေျပသြားခဲ့ေလၿပီ။
ခံစားခ်က္ေကာင္းလိုက္တာ။
ယဲ့က်န္းက ေက်နပ္ေသာမ်က္ႏွာထားျဖင့္ ေတာအုပ္ထဲမွ ထြက္သြားသည္။ သူမ၏ပါးေပၚ က်လာေသာမ်က္ရည္မ်ားက ရပ္တန္႔ျခင္းမ႐ွိေတာ့ေပ။
သိပ္မၾကာခင္မွာပင္ ျမင့္မားေသာအရပ္အေမာင္း၊ ဂုဏ္ယူဖြယ္ေကာင္းေသာ ႐ုပ္ရည္၊ ခႏၶာကိုယ္အခ်ိဳးအစားတို႔ျဖင့္ လူတစ္ေယာက္က ေရတြင္းအနားသို႔ေရာက္လာ၏။ သူ၏အၾကည့္မ်ားက သစ္ပင္ေအာက္တြင္႐ွိေသာ တူးထုတ္ခံလိုက္ရသည့္ အေပါက္ထံသို႔ ေရာက္သြားသည္။
...