<Unicode>
"ကလေးရေ ကလေးလေးရေ ထတော့နော်"
"ဟင့်"
"ကလေးလေးအခုထရင် ကိုယ်နဲ့အပြင်လိုက်ခွင့်ပေးမယ်"
"ဟင်!ထ ထပီ"
အိပ်ချင်မူးတူးနဲ့ကုန်းထတဲ့ကလေးရယ်ပါ...
"အဟား ဟား"
"ဘယ်ကိုသွားဖို့လဲဟင်"
"marketကို ဝယ်စရာလေးတေရှိလို့ လိုက်မယ်မလား"
"ဟုတ်လိုက်ချင်တယ် မွန်းအပြင်မထွက်ရတာကြာလှပီ"
"အင်း ဒါဆိုထကိုယ်နဲ့အတူသွားကြမယ်"
"ဟုတ်"
မွန်းလေးကိုချီကာရေချိုးခန်းထဲပို့ပေးပီတကိုယ်ရည်သန့်ရှင်းရေးလုပ်ပေးကာဝက်ဝံရုပ်လေးတေပါတဲ့အဝါရောင်ဝမ်းဆက်လေးဆင်ပေးလိုက်သည်။
"ပီးပီ သွားကြမယ်"
"ကိုကိုလေး အရုပ်"
"အော် အင်း"
သူလေးကထိုအရုပ်နဲ့အကြာကြီးဝေးနေလို့မရပေ။ဝေးနေရင်အားမရှိတော့တဲ့အထိနွမ်းခွေသွားတတ်သည်။အရုပ်ကအေးရင်သူလဲအေးတယ် အရုပ်ကပူရင်သူလဲပူတယ်။အရင်ဇာတ်လမ်းမှာအရုပ်ကိုမီးရှို့ဖျက်စီးတုန်းက သူလေးဘယ်လောက်တောင်နာကျင်နေလိုက်မလဲ။အပြစ်မဲ့တဲ့ဒီလိုကလေးကိုမှ လုပ်ရက်ကြသည်။
*ကိုယ့်အသက်ကိုရင်းပီးမင်းလေးကိုကာကွယ်သွားမှာကလေးလေး*
"ဟို ကိုကိုလေး ကားနဲ့သွားမှာလားဟင်?"
ကားမတော်တဆမှုကြောင့်သေဆုံးခဲ့ရတဲ့ကလေးငယ်က ကားဆိုအလွန်ကြောက်လန့်တတ်သည်။
"မဟုတ်ဘူး ဆိုင်ကယ်နဲ့သွားမှာ"
သူလေးကိုဆိုင်ကယ်ပေါ်ပွေ့တင်လိုက်ပီးသူပါနေရာယူလိုက်ကာ...
"ကိုင်ထားနော်ကလေး ပြုတ်ကျမယ်"
"မွန်းကမသေနိုင်တော့ပါဘူးနော်"
"အဲ့လိုမပြောပါနဲ့ကွာ မသေနိုင်တော့ပေမယ့်နာကျင်တတ်သေးတယ်လေ မင်းလေးနာကျင်ရရင်ကိုယ့်အသည်းကိုမီးဆနဲ့ထိုးသလိုခံစားရတယ်"
ဟုတ်ပါတယ် သူလေးကလူတေလိုခံစားတတ်တယ် ငိုတတ်တယ် ရယ်တတ်တယ် စိတ်ဆိုးစိတ်ကောက်တတ်တယ် နာကျင်တတ်တယ် ဝိဉာဉ်ဆိုတဲ့ခေါင်းစဉ်သာမရှိရင် သူလေးကလူတစ်လောက်လိုပဲထိတွေ့ပြုမူနိုင်တယ် ဒါကလဲဘုရားသခင်ကသနားသောအားဖြင့် ပြန်လည်ပေးခဲ့တာထင်ပါတယ်။
........
အတော်ကြာဆိုင်ကယ်စီးပီးနောက် 24hr marketလေးဆီသို့ရောက်လာသည်။လူအနည်းငယ်ကရှိတေပီး သူတို့လဲခြင်းလေးယူကာလိုအပ်သည်များကိုရွေးယူနေလိုက်သည်။
"ကိုကိုလေး သကြားလုံးစားမယ်"
မုန့်တန်းပေါ်ကသကြားလုံးထုတ်ကိုလက်ညှိုးထိုးကာပူဆာလေတယ်။
"အင်း ယူလေ"
"ပီးတော့ ဟိုချောကလပ်ရော ဂျယ်လီရော ဟိုမှာ ဟိုမှာ ချိုချဉ်တောင့်လေးရောပဲ"
"အများကြီးမစားရဘူးလေ ချောင်းဆိုးမှာပေါ့"
"ကိုကိုလေးကလဲ မဆိုးပါဘူး နော်ယူမယ်နော် နော်လို့"
"ဟူးး ကလေးရာ"
"ချစ်ဘူးလားလို့ နော်ဝယ်မယ်နော်"
"ကိုယ့်ကိုနမ်း"
"မွ ယူလိုက်ပီနော်"
နှုတ်ခမ်းရှေ့တိုးပေးတာကိုပါးကိုဆွဲနမ်းကာမုန့်ထုပ်တေပြေးယူနေတဲ့ကလေးကြောင့်ခေါင်းသာအသာခါလိုက်သည်။marketထဲကလူတေကတော့အရုပ်ကိုစကားပြောနေပီး နှုတ်ခမ်းဆူပြနေတဲ့ ရူးကြောင်ကြောင်လူတစ်ယောက်ကိုသာမြင်ရတာကြောင့် ခပ်ဝေးဝေးကိုရှောင်ကွင်းသွားကြသည်။
>>>>>
တီ တောင်
ကားဗတ် ဝယ်လာတဲ့ပစ္စည်းများကိုနေရာချနေရင်း ဘဲလ်တီးသံကြောင့်လုပ်လက်ဆများကိုရပ်ကာတံခါးသွားဖွင့်လိုက်သည်။
"Darling!how are you? did you miss me?"
တံခါးဖွင့်ဖွင့်ချင်း သွားဖြဲကာပြုံးပြနေတဲ့ခပ်ဟော့ဟော့မိန်းမကြောင့်ကားဗတ်ရင်ဘတ်ကိုအုပ်ကာ...
*sh*t!လန့်လိုက်တာ မျက်နှာဆိုးနဲ့!!*
"ဆူဇီ"
"ဘယ်လိုလဲဒါလင် ဆူဇီကိုသိပ်လွမ်းနေတာလားဟင် မျက်လုံးတောင်ပြူးသွားလိုက်တာများ ဟင်းဟင်း"
*နေ့ခင်းကြောင်တောင်သရဲအခြောက်ခံရလို့ပြူးတာဟဲ့"*
<Zawgyi>
"ကေလးေရ ကေလးေလးေရ ထေတာ့ေနာ္"
"ဟင့္"
"ကေလးေလးအခုထရင္ ကိုယ္နဲ႔အျပင္လိုက္ခြင့္ေပးမယ္"
"ဟင္!ထ ထပီ"
အိပ္ခ်င္မူးတူးနဲ့ကုန္းထတဲ့ကေလးရယ္ပါ...
"အဟား ဟား"
"ဘယ္ကိုသြားဖို႔လဲဟင္"
"marketကို ဝယ္စရာေလးေတ႐ွိလို႔ လိုက္မယ္မလား"
"ဟုတ္လိုက္ခ်င္တယ္ မြန္းအျပင္မထြက္ရတာၾကာလွပီ"
"အင္း ဒါဆိုထကိုယ္နဲ႔အတူသြားၾကမယ္"
"ဟုတ္"
မြန္းေလးကိုခ်ီကာေရခ်ိဳးခန္းထဲပို႔ေပးပီတကိုယ္ရည္သန္႔႐ွင္းေရးလုပ္ေပးကာဝက္ဝံရုပ္ေလးေတပါတဲ့အဝါေရာင္ဝမ္းဆက္ေလးဆင္ေပးလိုက္သည္။
"ပီးပီ သြားၾကမယ္"
"ကိုကိုေလး အ႐ုပ္"
"ေအာ္ အင္း"
သူေလးကထိုအရုပ္နဲ႔အၾကာႀကီးေဝးေနလို႔မရေပ။ေဝးေနရင္အားမ႐ွိေတာ့တဲ့အထိႏြမ္းေခြသြားတတ္သည္။အ႐ုပ္ကေအးရင္သူလဲေအးတယ္ အ႐ုပ္ကပူရင္သူလဲပူတယ္။အရင္ဇာတ္လမ္းမွာအ႐ုပ္ကိုမီး႐ိႈ့ဖ်က္စီးတုန္းက သူေလးဘယ္ေလာက္ေတာင္နာက်င္ေနလိုက္မလဲ။အျပစ္မဲ့တဲ့ဒီလိုကေလးကိုမွ လုပ္ရက္ၾကသည္။
*ကိုယ့္အသက္ကိုရင္းပီးမင္းေလးကိုကာကြယ္သြားမွာကေလးေလး*
"ဟို ကိုကိုေလး ကားနဲ႔သြားမွာလားဟင္?"
ကားမေတာ္တဆမႈေၾကာင့္ေသဆံုးခဲ့ရတဲ့ကေလးငယ္က ကားဆိုအလြန္ေၾကာက္လန္႔တတ္သည္။
"မဟုတ္ဘူး ဆိုင္ကယ္နဲ႔သြားမွာ"
သူေလးကိုဆိုင္ကယ္ေပၚေပြ႔တင္လိုက္ပီးသူပါေနရာယူလိုက္ကာ...
"ကိုင္ထားေနာ္ကေလး ျပဳတ္က်မယ္"
"မြန္းကမေသႏိုင္ေတာ့ပါဘူးေနာ္"
"အဲ့လိုမေျပာပါနဲ႔ကြာ မေသႏိုင္ေတာ့ေပမယ့္နာက်င္တတ္ေသးတယ္ေလ မင္းေလးနာက်င္ရရင္ကိုယ့္အသည္းကိုမီးဆနဲ႔ထိုးသလိုခံစားရတယ္"
ဟုတ္ပါတယ္ သူေလးကလူေတလိုခံစားတတ္တယ္ ငိုတတ္တယ္ ရယ္တတ္တယ္ စိတ္ဆိုးစိတ္ေကာက္တတ္တယ္ နာက်င္တတ္တယ္ ဝိဥာဥ္ဆိုတဲ့ေခါင္းစဥ္သာမ႐ွိရင္ သူေလးကလူတစ္ေလာက္လိုပဲထိေတြ႔ျပဳမူႏိုင္တယ္ ဒါကလဲဘုရားသခင္ကသနားေသာအားျဖင့္ ျပန္လည္ေပးခဲ့တာထင္ပါတယ္။
........
အေတာ္ၾကာဆိုင္ကယ္စီးပီးေနာက္ 24hr marketေလးဆီသို႔ေရာက္လာသည္။လူအနည္းငယ္က႐ွိေတပီး သူတို႔လဲျခင္းေလးယူကာလိုအပ္သည္မ်ားကိုေရြးယူေနလိုက္သည္။
"ကိုကိုေလး သၾကားလံုးစားမယ္"
မုန္႔တန္းေပၚကသၾကားလံုးထုတ္ကိုလက္ညႇိဳးထိုးကာပူဆာေလတယ္။
"အင္း ယူေလ"
"ပီးေတာ့ ဟိုေခ်ာကလပ္ေရာ ဂ်ယ္လီေရာ ဟိုမွာ ဟိုမွာ ခ်ိဳခ်ဥ္ေတာင့္ေလးေရာပဲ"
"အမ်ားႀကီးမစားရဘူးေလ ေခ်ာင္းဆိုးမွာေပါ့"
"ကိုကိုေလးကလဲ မဆိုးပါဘူး ေနာ္ယူမယ္ေနာ္ ေနာ္လို႔"
"ဟူးး ကေလးရာ"
"ခ်စ္ဘူးလားလို႔ ေနာ္ဝယ္မယ္ေနာ္"
"ကိုယ့္ကိုနမ္း"
"မြ ယူလိုက္ပီေနာ္"
ႏႈတ္ခမ္းေ႐ွ႕တိုးေပးတာကိုပါးကိုဆြဲနမ္းကာမုန္႔ထုပ္ေတေျပးယူေနတဲ့ကေလးေၾကာင့္ေခါင္းသာအသာခါလိုက္သည္။marketထဲကလူေတကေတာ့အ႐ုပ္ကိုစကားေျပာေနပီး ႏႈတ္ခမ္းဆူျပေနတဲ့ ႐ူးေၾကာင္ေၾကာင္လူတစ္ေယာက္ကိုသာျမင္ရတာေၾကာင့္ ခပ္ေဝးေဝးကိုေ႐ွာင္ကြင္းသြားၾကသည္။
>>>>>
တီ ေတာင္
ကားဗတ္ ဝယ္လာတဲ့ပစၥည္းမ်ားကိုေနရာခ်ေနရင္း ဘဲလ္တီးသံေၾကာင့္လုပ္လက္ဆမ်ားကိုရပ္ကာတံခါးသြားဖြင့္လိုက္သည္။
"Darling!how are you? did you miss me?"
တံခါးဖြင့္ဖြင့္ခ်င္း သြားျဖဲကာျပံဳးျပေနတဲ့ခပ္ေဟာ့ေဟာ့မိန္းမေၾကာင့္ကားဗတ္ရင္ဘတ္ကိုအုပ္ကာ...
*sh*t!လန္႔လိုက္တာ မ်က္ႏွာဆိုးနဲ႔!!*
"ဆူဇီ"
"ဘယ္လိုလဲဒါလင္ ဆူဇီကိုသိပ္လြမ္းေနတာလားဟင္ မ်က္လံုးေတာင္ျပဴးသြားလိုက္တာမ်ား ဟင္းဟင္း"
*ေန႔ခင္းေၾကာင္ေတာင္သရဲအေျခာက္ခံရလို႔ျပဴးတာဟဲ့"*