"Dilemma"

Bởi HunnieMon

71.1K 8.6K 726

Dilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါ​​ပြီနော်... Xem Thêm

🌸1🌸
🌸2🌸
🌸3🌸
🌸4🌸
🌸5🌸
🌸6🌸
🌸7🌸
🌸8🌸
🌸9🌸
🌸10🌸
🌸11🌸
🌸12🌸
🌸13🌸
🌸14🌸
🌸15🌸
🌸16🌸
🌸17🌸
🌸18🌸
🌸19🌸
🌸20🌸
🌸21🌸
🌸22🌸
🌸23🌸
🌸24🌸
🌸25🌸
Attention please
🌸26🌸
🌸27🌸
🌸28🌸
🌸Final-1🌸
🌸Final-2🌸
Letter to my readers
Promotion 😆😅😘
Zawgyi 1🌸
Zawgyi 2🌸
Zawgyi 3🌸
Zawgyi 4🌸
Zawgyi 5🌸
Zawgyi 6🌸
Zawgyi 8🌸
Zawgyi 9🌸
Zawgyi 10🌸

Zawgyi 7🌸

13 1 0
Bởi HunnieMon

ကျောင်းအပြန်ကားပေါ်မှာ ကိုကိုတယောက် မျက်စိမျက်နှာပျက်စွာဖြင့်စကားတခွန်းမှမဆိုဘဲရှိနေတော့ Han ငယ့်မှာ ဘာဖြစ်နေသလဲမေးရကောင်းမလား သူမပြောပြသေးသ၍ မမေးဘဲနေရကောင်းမလားတွေဝေနေရသည်။
တနေကုန်အကောင်းကို နေ့ခင်းမှဘာစိတ်ဆိုးသွားပြန်လဲမသိသော ကိုကို့ကို Han ငယ်ဘေးချင်းယှဉ်ထိုင်ရင်းက ငေးကြည့်ပြီး သက်ပြင်းသာခိုးချမိသည်။ရင်ထဲနေရခက်လိုက်တာ။

"ဒီညီအကိုနှစ်ယောက် စကားများထားကြပြန်ပြီလား"

ပုံမှန်နဲ့မတူ တိတ်ဆိတ်နေခြင်းကို ဖြိုခွင်းလိုက်သူက ကားဆရာဦးလေးကြီး။ထိုအခွင့်အရေးကို အမိအရယူကာ တယောက်ထဲစိတ်အိုက်နေသော Han ငယ်ကပင်

"မဖြစ်ထားပါဘူး နော် ကိုကို"

တမင်စကားစရှာရင်း အမေးထောက်လိုက်ပေမယ့် ပြန်မဖြေတဲ့အပြင် ပြတင်းပေါက်ဘက်ကိုတွေတွေကြီးငေးနေရင်းက မျက်လုံးတို့မှိတ်ချလိုက်ပြီး မကြားသလိုနေလိုက်တဲ့ ကိုကိုကြောင့် Han ငယ့်စိတ်ထဲ လျစ်လျူ ရှုခံရမှုကြောင့်လား ငိုချင်လာသလိုလို အောင့်ကနဲ။

ဘာမှဆက်မပြောတော့ဘဲ အခုတလော တခုခုဆို အားငယ်တတ်ချင်လာသော ကိုယ့်စိတ်ကိုယ်သာ မေးခွန်းတြွေပန်ထုတ်မိတယ် ဘာလို့ခံစားချက်တွေသိပ်ပြင်းထန်လာရသလဲ ဟူ၍

အိမ်ပြန်ရောက်သည်အထိ နှစ်ဦးကြားဆိတ်ငြိမ်နေဆဲ အခြေအနေကြောင့် ကိုကိုကျောင်းပျက်ထားတုန်းကစာတွေသွားကူးပေးရမယ့် Han ငယ် ကိုကို့အခန်းရှေ့ ယောင်ချာချာမက်တပ်ရပ်မိနေမိတယ်။သက်ပြင်းရှည်ကြီးတစ်ခုကို ဘယ်နှကြိမ်မြောက်မှန်းမသိဆွဲချမိရင်း စာအုပ်တွေပိုက်ကာ အခန်းတံခါးဖွင့်ဝင်ခဲ့တယ်

"၀င်လာပြီနော် ကိုကို"

ပြန်ထူးသံမကြားသည်မို့ ဒီအတိုင်းသာဝင်ခဲ့ရင်း လိုက်ရှာမိတော့ ၀ရံတာဘက်ထွက်ရပ်ကာ လေညှင်းခံနေပုံရသော ကိုကို။

ကုတင်ဘေးစာကြည့်စားပွဲပေါ် စာအုပ်တွေကိုတင်ရင်း အခန်းပြင်ဘက် ကိုကိုရှိရာဆီ အသံတိတ်ထွက်ခဲ့မိတယ်။
လေခပ်ပြင်းပြင်းတိုက်ခတ်နေတာကြောင့် ရှပ်အင်္ကျီအပါးခပ်ပွပွ ၀တ်ထားတဲ့ ကိုကို့ကျောပြင်ကျယ်ကြီးဟာ လေထဲမှာပဲ လွင့်နေသလိုလို
ခြေတလှမ်းဆီကို ခပ်ဖြေးဖြေးလှမ်းလျှောက်မိရင်းက ကျယ်ပြန့်လွန်းတဲ့ ကျောပြင်ကြီးကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ ရင်ထဲတဒိတ်ဒိတ်ခုန်နေသလို တနေ့နေ့များဝေးကွာရရင်ဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေက လွမ်းဆွတ်ခြင်းတွေကို တဖဲ့ခြင်းခေါ်ဆောင်လာတယ်၊

မိမိပါးပြင်ခပ်အေးအေး ပူနွေးနွေးပြင်ကျယ်တခုကို ကပ်ထားမိပြီးမှ သတိကပ်လာတော့ လက်နှစ်ဖက်တို့ဖက်တွယ်ထားရာက ခါးသွယ်သွယ်တခုမှာ၊ ဘုရားရေ သူအခု ကိုကို့ခါးကိုဖက်ထားမိတာလား

သတိဝင်ဝင်ချင်း အမြန် ခြေတလှမ်းနောက်ဆုတ်ရင်း လက်တွေကို ဖယ်မည်ပြင်တော့ လက်ကောက်ဝတ်တို့က ဆွဲစုပ်ခံလိုက်ရပြီး

"ခနလေးနေဦး ညီ ဒီအတိုင်းခနလေး"

ခပ်ရှရှ ကိုကို့အသံက ယခုမှပင်ဒီလောက်ဆွဲညှို့အားကောင်းနေသလား မသိတန်စွာ လူကအလိုလိုကိုကို့အမိန့်တော်အတိုင်းတသွေမတိမ်း

"ညီ"

"အင်း"

ကိုကို့ရဲ့ 'ညီ' ဆိုတဲ့ခေါ်သံဟာ ဒီလောက်ဝမ်းနည်းဖွယ်ကောင်းခဲ့မှန်း Han ငယ်အခုမှ အကြောင်းမဲ့မျက်ရည်ကျရင်း သတိထားမိတယ်။Han ငယ်ဟာ ကိုကို့ရဲ့ညီလေးတယောက်မဟုတ်ဘူးတဲ့ ကိုကိုရယ်။

ကျိန်းစပ်နေတဲ့မျက်ဝန်းတို့ကိုမျက်တောင်ခတ်ချတော့ မျက်ရည်ပူတို့ဟာ ပါးပြင်ပေါ်အတားအဆီးမဲ့စွာ စီးဆင်းတယ်

တခွန်းသာခေါ်ပြီးဘာမှဆက်မပြောတဲ့ကိုကိုက အခုမှရှိုက်သံသဲ့သဲ့ကြားလို့ထင်သည် Han ငယ့်လက်တို့ကိုမဖြုတ်ချဘဲ လူကိုမျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ရပ်ကာ အသည်းအသန်ခေါင်းငုံ့ကြည့်ပြီး

"ညီ ငိုနေတယ်? ညီဘာဖြစ်လို့"

မေးဖျားကဆွဲမော့ယူလိုက်သည့် ကိုကို့လက်တွေအရွေ့မှာ Han ငယ် အသက်မဲ့စွာ ဘာမှမလုပ်နိုင်အောင်ရှိဆဲ
ကိုကို့အကြည့်တွေ ကိုကို့ရဲ့စိတ်ပူနေဟန် မျက်နှာဘေးတွေ စိတ်ရှုပ်သည့်အသွင် တွန့်ချိုးထားတဲ့ မျက်ခုံးထူထူတန်းတန်းတွေ စကားတခွန်းပြောလိုက်တမ်း မပွင့်တပွင့်လှုပ်ခပ်သွားသည့် နှုတ်ခမ်းပါးသေးသေးတွေ အရာအားလုံးဟာ Han ငယ်ကို ညှို့ယူထားသလို လူကမလှုပ်မရှက်

"ပြောပါဦး ညီရယ် ဘာလို့ဒီမျက်ရည်တွေကကျနေရတာလဲ"

ပါးပြင်ထက်ဖျက်ပြေး မျက်ရည်သုတ်ပေးနေသည့် ကိုကို့လက်ချောင်းရှည်သွယ်သွယ်တို့ဟာလဲ Han ငယ် အသက်ရှုရပ်စေသည့် အကြောင်းအရင်းတွေထဲတခုအပါအဝင်

ဘာတြွေဖစ်နေတာလဲ Han ငယ်လဲမသိဘူးကိုကို။

သူ့အမူအရာတွေအခုလိုထူးဆန်းနေမှ ကိုကိုတခုခုရိပ်မိသွားမယ် အသိပြန်သွင်းကာ ခေါင်းတွင်တွင်ခါရင်း ကိုကို့လက်တွေကို ဖယ်ထုတ်မိတယ်

"မင်းက စကားမှမပြောတာ ကျောင်းကပြန်ထဲကဘာဖြစ်နေမှန်းမသိဘဲနဲ့"

နှာတချက်ရှုံ့ရင်းက သူနှုတ်ခမ်းဆူဖြေမိတော့ ကိုကိုက မပီမပြင်ပြုံးရင်း

"ကလေးကျနေတာပဲ ကိုကို့ညီ လူတတ်ကြီး Oh Han ဘယ်ရောက်သွားတာပါလိမ့်"

နှုတ်ခမ်းတို့ကပြုံးရင်း ဟာသဆန်ဆန်စနောက်နေပေမယ့် မင်းမျက်ဝန်းတွေနွမ်းနေတာ ငါမြင်နေရတယ် ကိုကို

"စာလုပ်မယ်လာတော့ လေအေးတွေတိုက်နေတာကို အပြင်ထွက်နေနေတယ်"

ကျောပေးလှည့်ထွက်ရင်းခပ်ဆတ်ဆတ်ပြောတော့

"ကိုကို့ညီက ဒီအကို ကိုစိတ်ပူတယ်ပေါ့"

"ကိုကို တော်ပြီ မင်းဘာသာမင်း စာလုပ်ချင်လုပ် မလုပ်ချင်နေတော့"

လူက ငိုရီဖြစ်နေပါတယ်ဆို သူက စနေတော့ စိတ်ကတိုလာပြန်တယ်

"ညီ့ကို ပြုံးစေချင်လို့ပါ"

လေသံတိုးတိုးနဲ့ကိုကိုဆိုပြန်တော့လဲ Han ငယ်ကပဲအလျော့ပေးရင်း သူ့အလိုလိုက်ရတာပင်

ကျောင်းပျက်တာနှစ်ယောက်လုံးဆိုတော့ စာတွေကူးရတာက နှစ်ယောက်စာ ကိုကိုလား သူက Han ငယ့်မျက်နှာကိုသာတစိမ့်စိမ့်ကြည့်ရင်း သူ့စာတွေကိုပါ Han ငယ်ကရေးပေးနေရတာ တော်တော်အနိုင်ကျင့်တဲ့ကိုကို။

"ညီ"

"ပြော ဘာလဲ"

သူ့စာတွေပါရေးပေးနေရတော့ လူကစိတ်ကောက်ချင်၍ လေသံကိုတမင်မာထားမိသည်။

"ကို့ကို ပြောစရာတခုခုမရှိဘူးလား"

တည်တည်ငြိမ်ငြိမ် ကိုကိုစကားဆိုပြန်တော့ ဖုံးကွယ်ထားသူပီပီ ရင်ထဲလှပ်ကနဲ လန့်သွားတယ်
မျက်နှာကိုမပျက်အောင် သတိထားရင်း မျက်နှာချင်းဆိုင်က ကိုကို့ ကိုမော့ကြည့်တော့ လက်နှစ်ဖက်နဲ့မေးထောက်ထားရင်းက စူးစူးရဲရဲ စိုက်ကြည့်နေသော စူးစမ်းသည့်မျက်ဝန်းတစုံနှင့်တည့်တည့်တိုးသည်။

"ဟင့်အင်း ဘာလို့လဲ"

အသံတို့ကိုလဲမတုန်စေရန် ဟန်ဆောင်ထိန်းထားရင်းက သူမူပျက်နေတာနဲ့ သူတို့ညီအကိုအရင်းမဟုတ်တာကို ကိုကိုများရိပ်မိလေပြီလားအတွေးနှင့် သွေးဆူကာ နားထင်တွေထဲထိတဒိတ်ဒိတ်မြည်ကာ ခေါင်းပင်ထိုးကိုက်ချင်လာတယ်

"တကယ်ဘာမှပြောပြစရာမရှိဘူးလား"

မယုံသင်္ကာ ကိုကိုအကြည့်တွေအောက်မှာ လူက အငွေ့ပျံပြီးပဲ ဒီနေရာက ပျောက်ကွယ်သွားချင်လာပြီ

"ပြီးပြီ ကိုကို နဲနဲကျန်တာ မင်းဘာသာမင်းဆက်ရေးတော့ ငါသွားတော့မယ်"

စားပွဲပေါ်က စာအုပ်တွေကို အမြန်ကောက်ယူကာ ထထွက်မည့်ဟန်ပြင်တော့

"ဒါမှမဟုတ် ကိုကိုသိစရာမလိုဘူးထင်နေတာလား"

"ကျွတ်"

စိတ်မရှည်စွာ စုတ်သတ်ရင်းက Han ငယ်အော်မေးမိတယ်

"ဘာကိုမေးနေတာလဲ ကိုကို မင်းသိပ်မရစ်နဲ့ ငါပင်ပန်းနေပြီ မင်းကိုဖုံးကွယ်ထားတာလဲ ဘာမှမရှိဘူး ငါနားပါရစေတော့"

"ဒါဆို ညီရည်းစားထားတာ ကိုကိုသိစရာမလိုလို့မပြောပြတာပေါ့ ဟုတ်လား? ဖုံးကွယ်ထားတာမဟုတ်ဘူးဆိုတော့ ဒီကိစ္စက ကိုကို့နဲ့ မဆိုင်လို့ ဘာမှပြောစရာမလိုဘူး ဆိုတဲ့သဘောလား ဟင် ပြော"

ပခုံးကနေတွန်းပြီး နံရံဘက်ကပ်ခံရလာတော့ လက်ထဲကစာအုပ်တွေက ဖရိုဖရဲနိုင်စွာ ကြမ်းပြင်ပေါ်ပြုတ်ကျကုန်တယ်

မျက်မှောင်ကျုံ့ နှုတ်ခမ်းကိုကိုက်မိရင်းက ကိုကို့ကိုကြည့်မိတော့ နီရဲနေတဲ့ မျက်နှာပြင်ဟာ သူ့ဒေါသတွေကို အတော်ထိန်းချုပ်ထားရဟန်အတိုင်းသား။

ကိုကို့မေးခွန်းက Han ငယ်ထင်တာမဟုတ်သည့်အတွက် စိတ်ထဲပူလောင်မှုအနည်းငယ်တော့လျော့ကျသွားသယောင်ယောင်

"မင်းဘာလို့စိတ်ဆိုးနေတာလဲ ကိုကို"

Han ငယ် အမှန်ပင် ကိုကိုဒီလောက်စိတ်ဆိုးဒေါသထွက်နေတာကိုနားမလည်စွာမေးမိတော့

"မကြိုက်ဘူး! ညီတယောက်ယောက်ကို ကိုကို့ထက်ပိုချစ်သွားမှာကို ကိုကို့မကြိုက်လို့ပဲ"

Han ငယ်က တစုံတယောက်ကို ကိုကို့ထက်ပိုချစ်မိသွားမှာ?
ဒါဆို Han ငယ်က ကိုကို့တယောက်ထဲကိုပဲချစ်ပေးရမှာလား?
ခန ချစ်တာ?

"မဟုတ်ဘူး ကိုကို မင်းမှားနေပြီ"

"ချစ်တာတွေ မချစ်တာတွေနဲ့ကြေးတမ်းတိုက်နေရအောင် ငါတို့ ကလေးတွေမဟုတ်တော့ဘူးလေ ကိုကို"

Đọc tiếp

Bạn Cũng Sẽ Thích

300K 40.1K 47
CHANBAEK FAN FICTION [ UNICODE + ZAWGYI ]
671K 41.6K 46
ကောင်လေးနှစ်ယောက်ကြားမှာ ငယ်ငယ်လေးကတည်းက အနိုင်ယူလာမှုတွေက တစ်နေ့ သဝန်တိုခြင်းတွေနဲ့အတူ အချစ်အဖြစ်သို့ပြောင်းလဲသွားသောအခါ သုတကျော်ဆိုတဲ့ ခပ်ဆိုးဆိုးကေ...
97.6K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
416K 24.3K 78
သံမဏိနှင်း‌ဆီ-Book Announcement