"ညီ ဘာကြောင်ကြည့်နေတာလဲ"
ဒီနေ့ကျောင်းပြန်တတ်မှာဖြစ်တာကြောင့် Oh Hun ထုံးစံအတိုင်းရေမိုးချိုးပြီး Han ငယ်က ကျောင်း uniform ကိုကြယ်သီးတပ်ပေးနေချိန် အပေါ်ဆုံးကြယ်သီးလေးတလုံးတပ်ပြီး မျက်နှာတွေရဲကာ မတ်တပ်မေ့နေတာကိုကြည့်ပြီး ပြုံးစစနဲ့ Oh Hun မေးမိခြင်း။
"မကြည့်ပါဘူး ဘယ်မှာကြည့်လို့လဲ"
အခုမှသတိပြန်ကပ်သလို လက်တွေကအမြန်ကြယ်သီးတွေကိုယောင်ယမ်းတပ်ပြန်တော့ အထက်အောက်တွေကမမှန်ပြန်
"ဟား ဘယ်လိုတွေတပ်ပေးလိုက်တာလဲ"
အဖြူ ရောင် အင်္ကျီထက်က အပေါက်မှားတပ်ခံရသော ကြယ်သီးတို့ကိုငုံ့ကြည့်ရင်း Oh Hun ရီမိပြန်သည်။
"ကိုကို မင်းဘာသာမင်းလုပ်တော့"
ဆူဆောင့်ဆောင့်ပြန်အော်ရင်း လှည့်ထွက်မယ်ကြံနေတဲ့ Han ငယ့်လက်တွေကို အမြန်လှမ်းဆွဲရင်း
"ညီ့တာဝန်မပြီးသေးဘူးလေ necktie လဲစည်းပေးရဦးမယ် ခေါင်းလဲဖီးပေးရဦးမယ်"
"မင်းဒဏ်ရာရတာ ခေါင်းနော် လက်တွေကအကောင်းကို ခေါင်းအထိဖီးပေးစရာလား"
"အင်းလေ ခေါင်းထိထားလို့ ကိုကို လက်ပြန်ကြီးနဲ့ဆို ဒဏ်ရာသွားထိမှာစိုးလို့ပါ"
"shit စကားတော့တတ်တယ်"
စိတ်မရှည်သလို မဲ့ရွဲ့ရင်း Han ငယ်ပြုံးနေပေမယ့် မျက်ဝန်းတို့ကအပြုံးရိပ်သန်းနေတာကို ကိုကိုတယောက်က အလိုလိုသိပြီးသား
"ထိုင်လေ မင်းအရပ်အမြင့်ကြီးကို ငါဘယ်လိုခေါင်းဖီးပေးလို့မှီမှာလဲ"
Han ငယ့်မျက်နှာအပြောင်းအလဲ တခုချင်းဆီကိုလိုက်ကြည့်နေမိတာ necktie ပင်စည်းပြီးသွားပြီ
သူ ဘာကြောင့်ဒီလောက်သတိလက်လွတ်နိုင်စွာ Han ငယ့်ကိုငေးကြည့်နေမိမှန်း သူ့ကိုသူတောင်အမှတ်မထားမိ
Han ငယ့်စကားနားထောင်စွာ ကုတင်ထက်ထိုင်နေရင်းကလဲ သူ့ဆံပင်တိုတိုတို့အပေါ် Gel လိမ်းပေးရင်း မထိတထိ ပုံသွင်းပေးနေသော Han ငယ့်လက်ချောင်းသေးသွယ်သွယ်များကို သူဖမ်းဆုပ်မိချင်လာတာကြောင့် စိတ်မထိန်းနိုင်စွာ ထိုရွေ့လျားနေသော လက်ချောင်းများကိုဆွဲဆုပ်ကိုင်မိတယ်
မိနစ်ပိုင်းမျှကြာအောင် နူးညံ့ဖောင်းအိနေသော Han ငယ့်လက်များကို ဆုပ်ကိုင်မိချိန် သူ့ရင်ထဲနွေးထွေးမှုတို့ကအတိုင်းအဆမဲ့စွာ
မျက်လုံးတို့ကိုစုံမှိတ်ပစ်ရင်းက တွဲကိုင်လျက်သားလက်တစ်စုံကို အရှိန်နဲ့ခုန်လျက်ရှိသော သူ့ဘယ်ဘက်ရင်အုံပေါ်ကပ်ထားမိတယ်
"ကို ကို ဘာဖြစ်တာလဲ"
အံ့သြတကြီးနိုင်စွာထွက်လာသော Han ငယ့်ထစ်ငေါ့ငေါ့စကားအဆုံးမှ သူ့ကိုယ့်ကိုကြောက်လန့်တကြား ခေါင်းထဲဒိန်းကနဲ
အလန့်တကြား လက်တို့ကိုလွှတ်ချပစ်ပြီး ပျက်ယွင်းနေမယ့် သူ့မျက်နှာကို အမြန်ပြန်ပြင်လိုက်ရင်း
"အဟက် ကိုကိုနှလုံးရောဂါဖြစ်နေပြီလားမသိဘူး ရင်တွေအရမ်းတုန်နေလို့ ဟားဟား"
ရယ်သွမ်းပြီးစကားလမ်းကြောင်းလွှဲလိုက်ပေမယ့် Han ငယ်ကလိုက်မရီဘဲ ပိုမျက်နှာပျက်သွားတာကြောင့်
"ညီ"
"ပြီးရင်ထွက်ခဲ့တော့ အောက်ကစောင့်နေမယ်"
ခေါင်းကိုငုံ့ရင်း မျက်လွှာချပြီးထွက်သွားသော ညီ့မျက်ဝန်းထက်က မျက်တောင်တို့သည် ရှည်လျားကော့ညွတ်လှပနေသည်မှာ ယခင်ထဲကလား အခုမှလား သူသတိထားမိအောင် ထားဖြစ်လိုက်ပါသေးသည်။
မိသားစု လေးယောက်စုံညီစွာ ထိုင်နေသောထမင်းဝိုင်းသည် ဒီတခါလောက် ဘယ်တုန်းကမှ မတိတ်ဆိတ်နေဖူးဟု Hun ထင်မိတာကြောင့် အပြစ်လုပ်ထားသည့်သူကပဲ စကားရောဖောရော အသံပြုရသည်။
"ဖေဖေ ဒီနေ့နားတာလား"
"အင်း သွားစရာရှိလို့"
ခပ်ပြတ်ပြတ် ဖေဖေ့စကားအဆုံးမှာ သူ့ခေါင်းထဲတခုသတိရလိုက်မိသည်
"အော် ဟုတ်သားပဲ ဒီနေ့က ဖေဖေနှစ်တိုင်း တနေရာရာ သွားတတ်တဲ့နေ့ ဘာနေ့လဲ သားတို့ကိုအခုထိမပြောပြသေးဘူးနော်"
"Hun လေး စကားမများဘဲထမင်းစားတော့"
ရုတ်တရက် ထမင်းစားတာရပ်သွားတဲ့ဖေဖေနဲ့ Han ငယ်ရယ်ကြောင့် မေမေက အလိုက်တသိကြားကဝင်ဟန့်တယ်
"ဒီနေ့က ဘာနေ့မို့လဲဖေဖေ"
ဘယ်သူမှမထင်မှတ်ထားသော ညီ့ဆီမှအမေးစကား
သူတောင်ဆက်မမေးတာကို အေးလှပါသည် ကြောက်တတ်လှပါသည်ဆိုသော ညီက ဖေဖေမကြိုက်ဆုံးမေးခွန်းကိုမေးလိုက်တာ
ဒေါက် ကနဲနေအောင် လက်ထဲက တူနဲ့ဇွန်းကိုချပစ်ရင်း ညီ့ကိုစူးစူးရဲရဲကြည့်လို့ ဖေဖေ ထမင်းဝိုင်းကထသွားတယ်။
"ညီ ကျောင်းသွားကြမယ်လေ"
သူသိချင်တာ မသိလိုက်ရ၍ပဲလား မျက်နှာညှိုးနွမ်းစွာနဲ့ ထိုင်နေတဲ့ညီ့ကို သူပဲသတိပေးကာခေါ်ထုတ်ခဲ့တယ် တကယ်တော့ သူလဲ ဒီနေ့ဘာနေ့လဲသိချင်ခဲ့တာကြာပြီ။
ကျောင်းသွားတဲ့ကားပေါ်မှာလဲ တိတ်ဆိတ်လွန်းနေပြန်တဲ့ညီ့ကို သူဘာကြောင့်မှန်းမသိ စိတ်ပူစွာအရိပ်တကြည့်ကြည့်
"ညီ ဒီရက်ပိုင်းဘာတြွေဖစ်နေလဲ"
"ဟင့်အင်း"
ခေါင်းအသာခါပြရင်းက ပြတင်းပေါက်ဘက်မျက်နှာလွှဲသွားပြန်တယ်
ညီအရမ်းငြိမ်သက်လွန်းနေပြန်တော့ Hun တကယ်မနေတတ်ပါ ရင်ထဲဟာနေသလို ဗလာသပ်သပ်ခံစားရတယ် ညီဘာတေတြွေဖစ်နေလဲ ကိုကိုသိချင်တယ်ကွာ
ကျောင်းရောက်တော့မှ အရှေ့တန်းမှာ တိုးတိုးတိုးတိုး နဲ့ Kim Suho နဲ့တွတ်ထိုးနေတာကြောင့်
"အတန်းခေါင်းဆောင်နဲ့မှပဲ စကားပြောတော့တယ်"
တယောက်ထဲရေရွတ်မိလိုက်ရင်းက သူဒီနေ့အတွက်ဘယ်နှကြိမ်မြောက်မှန်းမသိ နှစ်ခြိုက်စွာပြုံးမိပြန်တယ် အခုန်မြန်နေတဲ့ သူ့နှလုံးသားကိုမျက်ကွယ်ပြုရင်း~~
"Oh Hun နေကောင်းသွားပြီလား"
break time canteen ထိုင်မှ သူ့ကိုနှုတ်ဆက်သော Kim Suho ကိုနှာခေါင်းရှုံ့ရင်းက အင်း ချမိတယ်
"ရုပ်ကိုက အဲဒါကြောင့်မင်းကို ငါမေတ္တာမရှိတာသိလား"
"နေပေါ့"
မကျေနပ်သလို ပွစိပွစိ လုပ်နေတဲ့ Suho ကိုသူမျက်နှာပြောင်စွာပင် အဖက်မလုပ်ချင်
ရုတ်တရက် သူတို့ဝိုင်းဆီရောက်လာတဲ့ မိန်းကလေးတယောက်
"Oh Han စကားခနလောက်ပြောချင်လို့"
"Sora?"
ဖျက်ကနဲမှတ်မိလိုက်သော နာမည်တစ်ခု
ချက်ချင်း မျက်နှာရိပ်ကဲနှင့် မသွားရန် Han ငယ့်ကိုကြည့်တော့ သူ့အမူအရာကိုမသိချင်ယောင်ဆောင်ကာ ထိုမိန်းကလေးနဲ့လိုက်သွားရန်ပြင်သည်
"ညီ ကိုကိုခေါင်းမူးလာပြီ!"
"Suho ကိုကို့ ကိုနားနေဆောင်ခေါ်သွားပေး ငါချက်ချင်းလိုက်လာမယ်"
"မရဘူး Oh Han!"
သူဟန်ဆောင်ပြောလဲ ညီလက်မခံတော့ အနောက်က ပြေးလိုက်မယ်ကြံသည်။ထိုအခါ ညီနှင့်အကြံတူဥာဏ်တူ Suho က အတင်းလက်ဆွဲထားတယ်
"လွှတ်စမ်းပါ"
"မင်းကိုနေရာတကာဝင်မပါနဲ့လို့ ငါပြောဖူးတယ်လေ"
"ငါ toilet ခနသွားမလို့ပါ ညီ့နောက်မလိုက်ဘူး"
မယုံတယုံနဲ့ ခေါင်းကုတ်ကျန်ခဲ့တဲ့ Kim Suho ကို canteen ထဲတယောက်ထဲထားပြီး သူအမြန်ညီ့နောက်ပြေးလိုက်မိတယ်
တွေ့ပါပြီ လူသူခပ်ရှင်းရှင်းကျောင်းပန်းခြံထဲမှာ နှစ်ယောက်ဘေးချင်းယှဉ်လျက်ထိုင်နေသော Han ငယ်နဲ့ Sora
ထိုနှစ်ယောက်ကျောပေးလျက်ရှိသော ချယ်ရီပင်ကြီးနောက်ကွယ်သို့ ရွက်ကြွေတို့ပေါ် အသံမမည်အောင် ခြေသံခပ်ဖွဖွနင်းကာ သူဖြေးဖြေးလျှောက်လှမ်းမိတယ်
"အားနာပါတယ် Sora "
အဆက်အစပ်မရှိ မပီမပြင်ကြားမိသော ထိုစကားသံအရ ညီက ထိုမိန်းကလေးကိုအလိမ်မာသုံး၍ငြင်းလိုက်ဟန်တူသည်
"ဒါပေမယ့် ငါ"
မပြီးသေးသော စကားကိုဆက်မည့် ညီ့စကားသံနောက်မှာ Oh Hun ရင်ဘတ်တခုလုံးဗလောင်ဆူလာသလို နားထင်တွေလဲတဒိန်းဒိန်း
"ငါ မင်းနဲ့တွဲချင်ပါတယ်"
ဘယ်လို!
ူလုံးဝမထင်မှတ်ထားတဲ့ ညီ့စကားအဆုံးမှာ သူချယ်ရီပင်ကြီးကိုလက်ထောက်မိသည်အထိ သူ့ခန္ဓာကိုယ်တခုလုံး အားလျော့ယိုင်လဲသွားတယ် ဒါဆို ညီက - - -
"ကို့ကိုလိမ်တယ်"