Tie the Knot (✔️)

By TtalgiJinnie

67.9K 6.9K 3K

(Unicode) အချစ်သည် ကမ္ဘာကြီးကိုလှပအောင်ဆန်းကြယ်စွာခြယ်မှုန်းနိုင်စွမ်း၏။ အချစ်သည် ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ... More

1 🪢
2 🪢
3 🪢
4 🪢
5 🪢
6 🪢
7 🪢
8 🪢
9 🪢
10 🪢
11 🪢
12 🪢
13 🪢
14 🪢
15 🪢
16 🪢
17 🪢
18 🪢
Final 🪢

Prologue 🪢

7.2K 398 185
By TtalgiJinnie

အူဝဲ.. အူဝဲ.. အူဝဲ.. အဟင့်.. အဟင့်

ကလေးငိုသံရဲ့နောက်မှာကပ်ငြိပါလာသည့်ကလေးအမေရဲ့ရှိုက်သံတိုးတိုးကြောင့်ထိုသားအမိနဲ့ဘေးချင်းကပ်ခုံမှာထိုင်နေရတဲ့ဆော့ဂျင်လည်းဘယ်လိုတွေကူညီပြီးဘာလုပ်ပေးရမှန်းမသိဘဲအနည်းငယ်ခေါင်းနပန်းကြီးသွားရ၏။ 12 နာရီနီးပါးကြာမြင့်မည့် Seoul မှ Las Vegas သို့ပျံသန်းနေတဲ့လေယာဥ်ပေါ်မှာမို့သက်တောင့်သက်သာမရှိရတဲ့ကြားထဲကလေးကတစ်ချိန်လုံးငို​နေလေတော့ကလေးရဲ့အမေခမျာအိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ၊ ဒီလေယာဥ်ပေါ်မှာအတူစီးနင်းလိုက်ပါလာကြတဲ့တခြားခရီးသည်တွေကိုအားနာရနဲ့ တော်တော်နွမ်းလျနေလောက်ပြီ။ ပြီးတော့ကလေးရဲ့အမေဖြစ်သူကအသက်၂၀ ဝန်းကျင် single momတစ်ယောက်မို့စာနာသနားမိသလိုလူမျိုးတူချင်းဖြစ်နေလို့တတ်နိုင်သလောက်အကူအညီလည်းပေးချင်မိသည်။

"ကလေး.. ဘာဖြစ်လို့လဲ။ နေများမကောင်းလို့လား"

"မဟုတ်ဘူး.. ဗိုက်ဆာလို့ထင်တယ်။ ဘယ်လိုလုပ်မလဲ.. ကလေးအတွက်နို့မှုန့်ကို check in လုပ်မယ့် luggage အကြီးထဲယောင်ပြီးထည့်လိုက်မိလို့.. အဲ့ဒါလေယာဥ်ပေါ်ကိုနို့ဗူးပဲပါလာတယ်.. နို့မှုန့်ပါမလာဘူး။ ပြီးတော့ကျွန်မကလည်းနို့မထွက်တော့နို့တိုက်လို့မရဘူး။ ကလေးကလည်းဗိုက်အရမ်းဆာနေပြီနဲ့တူတယ်.. အခုဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပါဘူး.. ရူးချင်တာပဲ။ ကလေးကတစ်လမ်းလုံးငိုနေလို့တခြားခရီးသည်တွေကိုလည်းအားနာလှပြီ"

"ကလေးငယ်လေးတွေပါလာရင်ဒီလိုအခက်အခဲတွေကြုံတတ်မှန်းတခြားခရီးသည်တွေလည်းနားလည်မှာပါ။ အဲ့ဒါကြောင့်ဘာမှမစိုးရိမ်နဲ့နော်"

"ဒါ.. ဒါပေမယ့်.. အခု.. ကလေးက.... "

ပြောနေရင်းငိုချလိုက်တော့မယ့်ပုံပေါ်နေတာကြောင့်မဆိုင်သော်ငြား သူ့ခမျာကြားထဲကမနေစိမ့်တော့ပြီ။

"စိတ်ကိုအေးအေးထား။ ကျွန်တော်.. လေယာဥ်မယ်တွေဆီမှာအကူအညီတောင်းကြည့်လိုက်မယ်။ သူတို့ဆီမှာတော့.. နွားနို့တွေဘာတွေရှိချင်ရှိမှာပါ.. ခဏနော်"

ပြိုတော့မယ့်မိုးလိုညှိုးငယ်နေတဲ့ကလေးအမေကိုနှစ်သိမ့်စကားပြောပြီး​လေယာဥ်မယ်တွေဆီမှအကူအညီတောင်းခံကြည့်ဖို့နေရာမှထလာခဲ့သည်။

"ဟို.. "

"ဟုတ်ကဲ့.. ဧည့်သည်.. ဘာများအလိုရှိပါသလဲရှင်"

"ကျွန်တော့်ဘေးခုံက.. ကလေးကလေ.. ဗိုက်ဆာလို့ထင်တယ်.. အရမ်းငိုနေလို့။ ကလေးအတွက်နို့မှုန့်ကလည်းမေ့ပြီးလေယာဥ်ပေါ်မယူလာမိဘူးတဲ့။ ကလေးအမေကလည်းနို့တိုက်ဖို့အဆင်မပြေဘူးဖြစ်နေလို့လေ။ အဲ့ဒါ.. ဒီမှာ.. နွားနို့လေးဘာလေးများရနိုင်မလားလို့"

"ဒီမှာတော့.. နွားနို့မရှိ... အော.. ခုနက business class ကဧည့်သည်တစ်ယောက်နွားနို့မှာထားတာရှိတယ်။ ကျန်ဦးမလားမသိဘူး.. သွားကြည့်ပေးမယ်လေ"

"ဟုတ်ကဲ့.. ကူညီပေးပါဦး"

"အဲ့ဒါဆို.. ဧည့်သည်.. နေရာမှာပဲပြန်စောင့်.. "

"ရတယ်.. ကျွန်တော်တခါတည်းလိုက်ယူလိုက်မယ်"

သူ.. လေယာဥ်မယ်လေးနဲ့အတူ business class ဘက်သို့ထွက်ခဲ့သည်။

"ဒီမှာ.. တစ်ဝက်လောက်တော့ကျန်ဦးမယ်။ ဒီလောက်ဆိုအဆင်ပြေမလားမသိဘူးရှင့်"

"အင်း.. ပြေလောက်မှာပါ"

သူလည်းဝမ်းသာအားရဖြင့်နွားနို့ဗူးကိုကိုင်ပြီးနေရာသို့အပြန်.. ရုတ်တရက်လေယာဥ်ကတုံ့ခနဲယမ်းခါသွားတော့ဟန်ချက်ပျက်သွားပြီးလူကအရှေ့ကိုဟက်ထိုးပစ်လဲမလိုဖြစ်သွားရသည်။ ကိုယ့်ကိုယ်ကိုအချိန်မီထိန်းလိုက်နိုင်လို့မှောက်ယက်လဲတဲ့အဖြစ်ကိုရောက်မသွားတာတော်သေးတယ်လို့ပြောရမည်။ ဒါပေမယ့်ဖြစ်ချင်တော့အနည်းငယ်ဟနေတဲ့နွားနို့ဗူးထဲမှနွားနို့တချို့ဘေးတွင်ထိုင်နေသောလူတစ်ယောက်ရဲ့ပေါင်ပေါ်သို့ဖိတ်စင်ကုန်၏။

"တောင်းပန်ပါတယ်ခင်ဗျ။ ကျွန်တော်လည်းရုတ်တရက်ဟန်ချက်ပျက်သွားလို့ လက်ကချော်သွားပြီး... တောင်းပန်ပါတယ်နော်"

ထိုလူရဲ့ပေါင်ပေါ်တွင်အနည်းငယ်စွန်းထင်းသွားတဲ့နွားနို့တစ်ချို့ကိုသာသုတ်ပေးဖို့အာရုံစိုက်နေမိတာမို့ထိုလူဘာလူမျိုးဖြစ်နိုင်လဲအကဲမခတ်တော့ဘဲတောင်းပန်စကားကိုသာတတွတ်တွတ်ရေရွတ်ရင်းထိုလူရှေ့မှာဆောင့်ကြောင့်ထိုင်ချလိုက်ပြီးပေကျံသွားတဲ့ နွားနို့တွေကိုကမန်းကတန်းသုတ်ပေးနေမိသည်။

"အခု.. ဘာလုပ်လိုက်တာလဲ"

ခပ်ရှရှနဲ့အထက်စီးဆန်သောအသံ။ လူမျိုးတူတစ်ယောက်ဖြစ်နေတာမို့စိတ်သက်သာယာရသွားမိပေမယ့် အသံကခက်ထန်လွန်းသဖြင့်သူကြောင်အမ်းအမ်းဖြစ်သွားစဥ် ထိုလူကဆတ်ခနဲထရပ်လိုက်ပြီး..

"မင်း.. အခု.. ဘယ်နေရာကိုလာထိတာလဲ.. လို့"

ထိုလူပြောမှသူ့လက်ရောက်နေတဲ့နေရာကိုသတိထားမိပြီးလက်ကိုကမန်းကတန်းရုတ်လိုက်ရသည်။ နွားနို့ကလည်းမှောက်စရာရှားလို့ဘာလို့အဲ့ဒီနေရာကိုမှတိုက်တိုက်ဆိုင်ဆိုင်..

"ဆောရီး.."

တောင်းပန်စကားကိုမဝံ့မရဲပြောပြီးအလျင်အမြန်ထရပ်လိုက်တော့မြင်လိုက်ရတာကတင်းမာခက်ထန်နေသောမျက်နှာတစ်ခု။ စူးရဲသောမျက်ဝန်းအစုံကသူ့မျက်နှာရှေ့တည့်တည့်မှာ။ ချောမောခန့်ညား၍ယောက်ျားပီသသောမျက်နှာမှာမျက်ခုံးနှစ်ခုကထိစပ်လုနီးပါးတွန့်ကုတ်လျက်.. နှာတံပေါ်ခြင်း၊ နှုတ်ခမ်းပါးရဲခြင်းတို့ကြောင့်ဘယ်လိုပဲကြည့်ကြည့်လူချောတစ်ယောက်ဆိုတာငြင်းပယ်၍မရတာလုံးဝအထင်အရှားဖြစ်၏။

"ဘောင်းဘီကရေစိုခံတဲ့အသားမို့.. ရေနဲ့နည်းနည်းလောက်သပ်ချလိုက်တာနဲ့ပြောင်သွားမှာပါ။ အစွန်းတောင်ထင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့်.. ကျွန်တော်လည်းအခုအရမ်းအလျင်လိုနေလို့.. ခွင့်ပြုပါဦး"

ပြောပြီးလှည့်အထွက်မှာလည်ဂုတ်ကနေဆောင့်ဆွဲခံလိုက်ရတာကြောင့်အနောက်ကိုပြန်ယိုင်သွားပြီးသူ့လည်ဂုတ်လည်းအောင့်ခနဲနာကျင်သွားရသည်။ သူ့ဘက်ကစ,မှားခဲ့မိလို့ သည်းခံရမယ်ဆိုတာသိပေမယ့်အသားနာသွားတယ်ဆိုတဲ့အသိကြောင့်ပြန်ပြောမိတဲ့သူ့လေသံကရန်တွေ့သလိုဘုဆတ်ဆတ်..

"ဘာလဲ.. ခင်ဗျားကဘာဖြစ်ချင်တာလဲ.. အလျော်လိုချင်လို့လား"

မျက်ဝန်းချင်းအဆုံမှာဆော့ဂျင်ကလည်းတစ်ဖက်လူကိုတင်းမာခက်ထန်စွာတုံ့ပြန်ကြည့်လိုက်တော့မျက်ဝန်းနှစ်ခုအားပြင်းစွာဆုံသည်။ ဘယ်သူကမှအကြည့်ကိုမလွှဲ။

"မင်း.. ငါ့အသားကိုထိလိုက်တယ်"

"ဟမ်"

"ပြီးတော့.. မင်းထိလိုက်တဲ့နေရာကလည်း.. "

ထိုလူကစကားကိုဆက်မပြောဘဲသူ့မျက်နှာကိုစူးစူးရဲရဲစိုက်ကြည့်သည်။ ထူထဲစိမ်းညို့သောမျက်ခုံးအောက်ကရန်လိုခြင်းတွေစူးလက်နေတဲ့မျက်ဝန်းနဲ့အားတိုင်းအံကြိတ်နေသလားထင်ရအောင်ကားခနဲထွက်လာတဲ့မေးရိုးတွေကိုကြည့်ရင်းစကားလုံးတို့ကသူ့နှုတ်ဖျားမှာရှားပါးစွာပျောက်ကွယ်ကုန်၏။

"Passport ပေး"

"P.. Passport? Passport ကို.. ဘာလုပ်ဖို့လဲ။ ခင်ဗျားကလူဝင်မှုကြီးကြပ်ရေးကလား"

"မင်းကိုဒီအတိုင်းလွှတ်ပေးလို့ဘယ်ဖြစ်မလဲ။ ရဲတိုင်ရမှာပေါ့"

"ရဲ.. ရဲတိုင်မယ်?"

ရဲတိုင်မယ်ဆိုတဲ့ထိုလူရဲ့စကားကြောင့်ခေါင်းခြောက်သွားတာအမှန်ပင်။ နွားနို့လေးမှောက်ကျမိတာကိုများ.. ဒီလူက.. ဘာပုဒ်မတွေတပ်ပြီး.. ဘယ်လို...

"လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့"

"ဘာပြောတယ်!

ကြားလိုက်ရတဲ့စကားတို့ကသူ့ဒေါသဒီဂရီကိုရေဆူမှတ်အမြင့်ဆုံးသို့ခေါ်ဆောင်သွားသည်။

"ဟား... ဒီလူကတော့ငါ့ဒေါသကိုလာစွနေတာပဲ"

ဆော့ဂျင်ကနဖူးပေါ်ကျနေတဲ့ဆံပင်တချို့ကိုလေဖြင့်တစ်ချက်မှုတ်ထုတ်လိုက်ပြီးထိုလူနဲ့ပိုနီးကပ်သွားအောင်ခြေတစ်လှမ်းတိုးလိုက်၍မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။

"Business class မှာစီးရတယ်ဆိုတိုင်းဒါမျိုးလာလုပ်လို့ရမလား။ ဒီမှာ.. ခင်ဗျားကတော့ကိုယ့်ကိုယ်ကိုဘာတွေဘယ်လိုအထင်ကြီးနေလဲမသိပေမယ့်.. ခုနက.. ကျွန်တော့်ရဲ့အတွေ့အကြုံအရ.. အဲ့လောက်အထင်ကြီးစရာလည်းမဟုတ်ပါဘူး။ ထိလို့.. ထိမိမှန်းတောင်မသိလိုက်ဘူး"

သူ့မျက်နှာကိုမလွှဲတမ်းပြန်ကြည့်နေတဲ့မျက်လုံးတွေကမီးကျီမီးခဲတွေရဲရဲ​တောက်နေသလိုအရောင်လက်ဖြာနေပုံကကြောက်စရာ။ ဒါပေမယ့်.. ကင်ဆော့ဂျင်တို့ကမကြောက်တတ်တော့ခက်သည်။

"ရား! မင်း.. "

"ဟ.. လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတဲ့.. ရယ်ရတယ်။ အမြတ်ထုတ်စရာလည်းမယ်မယ်ရရမရှိဘဲနဲ့များ"

ထိုကဲ့သို့အနိုင်ပိုင်းကာလျှာထုတ်ပြောင်ပြပြီးလှည့်ထွက်လာခဲ့သည်။ ဟိုလူကတော့သရဲဘီလူးစီးသလိုရှူးရှူးရှဲရှဲဒေါသတွေနဲ့ကျန်နေခဲ့လေရဲ့...

********** **********

~တူ.. တူ.. တူ.. တူ ~

လက်တစ်ဖက်မှ luggage ကိုဆွဲ၍ ကျန်လက်တစ်ဖက်ဖြင့်ဖုန်းကိုနား,နားတွင်ကပ်လျက်လေဆိပ်အပြင်သို့တရွေ့ရွေ့လျှောက်လာရင်း ရင်ခုန်စိတ်လှုပ်ရှားခြင်းများစွာဖြင့်တစ်ဖက်ကပြန်ဖြေမယ့်အသံကိုစောင့်မျှော်နေခိုက်..

"အ"

အနောက်မှသူ့ရဲ့ပခုံးကိုအရှိန်ပြင်းပြင်းဖြင့်အတိုက်ခံလိုက်ရတာကြောင့်လက်ထဲမှာကိုင်ထားတဲ့ဖုန်းလွတ်မကျသွားအောင်မနည်းပြန်ဖမ်းလိုက်ရသည်။

"တောက်!"

သူ့ပခုံးကိုတိုက်သွားသည့်လူကသူ့ကိုကျော်တက်သွားလို့ကျောပြင်ကိုသာမြင်လိုက်ရပေမယ့်အဝတ်အစားအပြင်အဆင်အရ ဒီလူဘယ်သူလဲဆိုတာသူသိသည်။ လေယာဥ်ပေါ်မှာသူနဲ့အချင်းများခဲ့တဲ့.. ဟိုလူ့ဘော်ကျော့.. လူ့ဂွစွာ..

"ရား.. ခင်ဗျား.. "

"ဟဲလို"

လှမ်းအော်ပြီးရန်တွေ့မလို့ပါးစပ်ပြင်တုန်းဖုန်းထဲမှထွက်ပေါ်လာသည့် အသံကြောင့်အလျင်အမြန်ကိုယ်ရှိန်သတ်လိုက်ကာတစ်ဖက်ကလူမမြင်နိုင်မှန်းသိပေမယ့်သွားတန်းလေးတွေပေါ်သည်အထိလှိုက်လှိုက်လှဲလှဲပြုံးလိုက်ပြီး..

"ဂျွန်း.. နိုးပြီလား။ အခုဘာလုပ်နေလဲ.. အစောကြီးဖုန်းဆက်ပြီးနှောင့်ယှက်သလိုများဖြစ်သွားလားဟင်။ ဖုန်းကဝင်နေတာကြာပြီ.. မကိုင်လို့ဆက်ခေါ်ရမှာချီတုံချတုံဖြစ်နေသေးတယ်။ ဒါပေမယ့်.. မခေါ်လို့ကလည်းမဖြစ်လို့။ ဖုန်းသံကြောင့်.. အိပ်ရေးပျက်သွားလား.. ဟင်"

အဆက်မပြတ်ပြောနေတဲ့သူစကားတွေကိုတစ်ဖက်ကရယ်သံဖြင့်သာတုံ့ပြန်၏။ ရယ်သံကြားရုံနဲ့အဲ့လိုရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ပါးချိုင့်ကြီးကိုမျက်စိထဲမြင်ယောင်ကြည့်တော့ရင်ထဲမှာနွေးခနဲ..

"ကိုယ်ကနိုးနေတာကြာပြီ.. အသဲရဲ့။ မနက်အစောကြီးကတည်းကအလုပ်ကိစ္စပေါ်လာလို့ LA ကိုအားချင်းထွက်လာရတာမို့လို့"

"LA? အခု.. ဂျွန်းက Vegas မှာမဟုတ်ဘူးလား"

"Vegas ကိုမနက်ဖြန်မှပြန်ရောက်မယ်ထင်တယ်"

"ဪ.. "

ဂျွန်းကို surprise ဖြစ်အောင်ဆိုပြီးသူလာမှာကိုကြိုမပြောမိခဲ့တာကိုနောင်တရမိသည်။ အဲ့ဒါဆို.. ဒီနေ့တစ်ရက်လုံး Vegas မှာသူတစ်ယောက်တည်းနေရမှာပေါ့။

"အသဲကမအိပ်သေးဘူးလား။ အခုအဲ့မှာဘယ်အချိန်ရှိနေပြီလဲ"

"အိပ်တော့မှာ.. မအိပ်ခင်.. သတိရလို့"

ပြန်ဖြေတဲ့သူ့အသံမှာဝမ်းနည်းတဲ့အငွေ့အသက်တွေပါဝင်နေမှာအသေအချာပင်။ ဂျွန်းကိုစပရိုက်တိုက်မယ့်သူ့အစီအစဥ်တွေအထမမြောက်တော့တာကြောင့်လည်းစိတ်မကောင်းဖြစ်မိသလိုငိုလည်းငိုချင်မိသည်။

"အိပ်တော့လေ.. တော်ကြာအိပ်ရေးမဝရင်ခေါင်းကိုက်နေဦးမယ်"

"အင်း.. ဂျွန်းကအခု LA ကိုရောက်နေပြီလား"

"ဟင့်အင်း.. လမ်းမှာပဲရှိသေးတယ်"

"ဂရုစိုက်ဦးနော်"

"ဟုတ်ပါပြီဗျ"

"အဲ့ဒါဆို.. ဘိုင့်ဘိုင်"

"အင်း"

ဂျွန်း.. ဖုန်းချသွားပြီးတော်တော်ကြာသည်အထိဖုန်းကိုသူ့နားမှမခွာဖြစ်သေး.. နှုတ်ခမ်းလေးစူ.. မျက်မှောင်လေးကုတ်ပြီးနေရာမှာပင်ယောင်ငေးငေးလေးရပ်နေမိသည်။

"ကိစ္စမရှိပါဘူး.. ခြောက်လကျော်တောင်သည်းခံခဲ့ပြီးပြီပဲ.. တစ်ရက်တစ်လေလောက်ထပ်စောင့်ရတာ.. ဘာမှမဖြစ်သွားဘူး။ မနက်ဖြန်ငါ့ကိုမြင်ရင်.. ဂျွန်းကအံ့ဩသွားဦးမှာပါပဲလေ"

သူ့ကိုယ်သူအားပေးစကားဆိုရင်းလေဆိပ်မှတက္ကစီငှား၍ သူတစ်ညတာတည်းခိုနိုင်မယ့်ဟိုတယ်ဆီသို့ထွက်လာခဲ့သည်။

********** **********

Seoul နဲ့ Vegas ရဲ့ကွာဟလွန်းတဲ့အချိန်အပြောင်းအလဲကြောင့်လားတော့မပြောတတ်.. လေယာဥ်အကြာကြီးစီးခဲ့ရလို့လူကပင်ပန်းပြီးနုံးသလိုဖြစ်နေပေမယ့်အိပ်လို့မပျော်။ ထို့ကြောင့်အိပ်ရာပေါ်မှာပဲဟိုလှိမ့်၊ ဒီလှိမ့်လုပ်နေရတာပျင်းပျင်းရှိတာနဲ့ဟိုတယ်ရဲ့အောက်ဆုံးထက်ရှိ Bar ဆီသို့တစ်ယောက်တည်းဆင်းလာသည်။ သို့ပေမယ့်.. အရက်တွေဘာတွေလည်းသောက်ချင်စိတ်မရှိတာမို့ cocktail ခပ်ပျော့ပျော့တစ်ခွက်သာမှာသောက်ပြီးဖုန်းသုံးရင်းအပျင်းဖြေနေရသည်။

"One more, please"

သူ့စကားကို bartender ကခေါင်းညိတ်အသိအမှတ်ပြုပြီး cocktail နောက်တစ်ခွက်စပ်ပေးသည်။ သူကလည်းဖုန်းထဲကိုအာရုံရောက်နေတာမို့သူ့ရှေ့ကိုဘယ်အချိန် cocktail တစ်ခွက်လာချပေးလိုက်မှန်းတောင်မသိလိုက်။ Bartender ကသူ့စားပွဲရှေ့ကိုလက်ဆစ်လေးနဲ့ခေါက်ပြီးအသိပေးမှ cocktail သောက်ဖို့သတိရသည်။

"အ... "

အလျင်စလိုသောက်လိုက်မိလို့ထင်.. လည်ချောင်းထဲအလုအယက်ပြေးဝင်သွားသောအရည်တို့ကသွေးကြောထဲအလျင်အမြန်တိုးဝင်သွားသလားထင်ရလောက်အောင်လူကချက်ချင်းဆိုသလိုထူထူပူပူကြီးဖြစ်လာသည်။

"အား.. ကျွတ်.. ကျွတ်.. ကျွတ်"

ညိမ့်ညိမ့်ညောင်းညောင်းပျံ့လွင့်လာတဲ့ background music ချိုချိုလွင်လွင်လေးတွေကတောင်သူ့ကိုတည်ငြိမ်သွားအောင်မစွမ်းဆောင်နိုင်.. သီချင်းသံတစ်ချက်ထွက်ပေါ်လာတိုင်းသူ့ခေါင်းသည်တစ်ချက်ကြီးသွားရသလို.. နားထင်တွေထဲမှာလည်းဆယ်ပေါင်တူနဲ့အထုခံနေရသလိုတဒိန်းဒိန်းနှင့်သွေးကြောတွေခုန်ပေါက်ထွက်ကုန်ပြီလားတောင်ထင်နေရသည်။

"Sir, are you ok?"

အသံကြားရာကိုမော့ကြည့်လိုက်အနီးကပ်မြင်နေရသော Bartender ရဲ့မျက်နှာကနှစ်ကိုယ်ခွဲတွေဘာတွေဖြစ်သွားသည်။ နေပါဦး.. cocktail လေးနှစ်ခွက်၊ သုံးခွက်လောက်သောက်ရုံနဲ့ဒီလောက်ထိမူးသွားတယ်တဲ့လား။ သူလည်းအဲ့လောက်မပျော့ပါဘူး.. အရက်ကောင်းကောင်းသောက်နိုင်တဲ့သူတစ်ယောက်ပါ။

"Can you stand up? Do you want me to assist you?"

သူ့ပခုံးပေါ်က Bartender ရဲ့လက်ကိုဖယ်ချလိုက်ပြီး..

"I'm ok"

ယိုင်နဲ့နဲ့ဖြင့်သူ့အခန်းဆီသို့ပြန်ထွက်လာခဲ့သည်။ လူကချာချာလည်အောင်မူးနေတာမို့လမ်းတစ်လျှောက်ကြမ်းနဲ့ခြေထောက်ပင်မထိတော့သလိုလို။ သူ့အခန်းနံပါတ်ကိုလည်းမနည်းပြူးပြဲပြီးမတွေ့တွေ့အောင်ရှာလိုက်ရသည်။ သူ့စိတ်ကအိပ်ရာထဲအမြန်ရောက်ဖို့ပဲစိတ်အားထက်သန်နေတာကြောင့်အခန်းထဲဝင်ပြီးပြီးချင်းတံခါးကိုသေချာပြန်ပိတ်မိသလား, မပိတ်မိသလားတောင်ဂရုမစိုက်အားပဲကုတင်ရှိရာသို့အားတင်း၍လျှောက်နေစဥ်..

~ချလောက်~

"ဘယ်သူ... အမေ့!"

အလန့်တကြားအော်သံကသူ့ထံမှကြောက်ရွံ့တုန်လှုပ်ခြင်းတွေနှင့်ထွက်ပေါ်လာသလိုတစ်စုံတစ်ယောက်ရဲ့လက်ထဲမှာသူ့ကိုယ်လေးပါသွားပုံကအရုပ်ကလေးတစ်ရုပ်လိုဆွေ့ခနဲ.. ရုန်းရင်းတွန်းရင်းဖြင့်ထိုသူနှင့်အတူမွေ့ရာပေါ်သို့လုံးထွေးကျသွား၍အမူးမပြေသေးသည့်စိတ်နှင့်ထိတ်လန့်စိတ်တို့ပေါင်းပြီးမျက်လုံးတွေပြာဝေသွား၏။

မလုပ်နဲ့.. လို့အကြိမ်ကြိမ်အော်နေပေမယ့်တကယ်တမ်းတော့ဘာစကားမျှထွက်မလာပါ။ ထိုလူပြုသမျှနုရတော့မယ့်သားကောင်ငယ်လေးလိုဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာကူရာမဲ့နေရတဲ့သူ့အဖြစ်.. အားနှင့်ရုန်းကန်ပေမယ့်အရာမထင်.. ရုန်းကန်နေပါလျက်မလွတ်နိုင်။ မကြည်ဖြူပါဘဲလည်စင်းပေးခဲ့ရသောအနမ်းကြမ်းကြမ်းတွေကြားမှာတဖြုတ်ဖြုတ်ကြွေဆင်းရင်း...

********** **********

"ကင်ဆော့ဂျင်!"

အဲ့ဒီ့ခေါ်သံသည်သူ၏နားစည်မှတစ်ဆင့်သွေးကြောတွေဆီလျှပ်စီးကြောင်းလိုဖျိုးဖျိုးဖျစ်ဖျစ်အသံပေး၍တိုးဝင်သွားသည်။ သူ့မျက်လုံးတွေဖျတ်ခနဲပွင့်လာကာခေါင်းထဲမှရီဝေထိုင်းမှိုင်းမှုတွေအငွေ့ပျံထွက်သွားသလားထင်မှတ်ရလောက်အောင်လွင့်စင်သွားရသည်။

"ဂျွန်း"

ဂျွန်းကအသက်မဲ့နေတဲ့ကျောက်ရုပ်တစ်ရုပ်လိုသူ၏ကုတင်ဘေးတွင်တောင့်တောင့်ကြီးရပ်နေသည်။ သူ.. ရှိသမျှအင်အားတွေအကုန်စုစည်းပြီးအတင်းထထိုင်ကြည့်တော့ခါးအောက်ပိုင်းမှခံစားလိုက်ရတဲ့နာကျင်မှုကစာဖွဲ့လို့ပင်မရနိုင်အောင် အောင့်မျက်ကိုက်ခဲလျှက်။ ဒါဆို.. ဒါတွေက.. အိပ်မက်မဟုတ်ဘူးပဲ။သူ့ခန္ဓာကိုယ်ကိုဖောက်ထွင်းမတတ်စူးစိုက်ကြည့်နေသည့် ဂျွန်းရဲ့မျက်ဝန်းတွေထဲမှာနာကြည်းခြင်း၊ မုန်းခြင်း၊ မသတီရွံရှာခြင်းတွေအတိုင်းသားမြင်နေရသည်။

"ဂျွန်း.. မဟုတ်ဘူး။ ကိုယ်ရှင်းပြ.. "

"အဲ့ဒီ့ရွံစရာကောင်းတဲ့လက်နဲ့ငါ့ကိုလာမထိနဲ့"

"ဂျွန်း"

"ခင်ဗျားနဲ့မျက်နှာချင်းဆိုင်ပြီးစကားပြောရမှာရွံလွန်းလို့.. ရှေ့နေကတစ်ဆင့်ပဲစကားပြောကြတာပေါ့"

ဓါးသွားကဲ့သို့ထက်ရှလွန်းတဲ့စကားတို့က သူ့နှလုံးသားကိုထက်ခြမ်းခွဲလိုက်သလိုပင်။ သူ့ရင်အစုံဟာနေမွန်းတည့်လိုပူလောင်ခြင်းများဖြင့်..

"ဂျွန်း.. ကိုယ်ပြောတာခဏလေးနားထောင်ပေး.. "

ဂျွန်းကသူ့စကားကိုအဖက်တောင်မလုပ်ဘဲအနားကနေချာခနဲလှည့်ထွက်သွားသည်။

"ဂျွန်း"

ကုတင်ရှေ့တည့်တည့်ကကိုယ်လုံးပေါ်မှန်ကြီးထဲမှသူ့ရုပ်လွှာကိုငေးရင်းသနားရမလား.. နာကြည်းရမလားတောင်ခွဲခြားမရတော့ပါ။

ရည်းစားသက်တမ်း ၃နှစ်၊ အိမ်ထောင်သက် ၆လ ဆိုတဲ့အချိန်ကာလက.. အဆုံးသတ်သွားခဲ့တာတစ်ရက်.. တမနက်တည်းမှာပဲ..

********** **********

"တော်တယ်.. ရော့"

မျက်စိရှေ့ကိုကမ်းပေးလိုက်တဲ့ပိုက်ဆံအပြည့်ပါစာအိတ်အဖြူကိုချက်ချင်းမယူသေးဘဲငူငူငိုင်ငိုင်ကြည့်နေတဲ့ ထိုလူကိုမျက်မှောင်ကြုံ့၍ကြည့်မိသည်။

"ဘာလုပ်နေတာလဲ.. ယူလေ"

"ဟို.. "

မယူတဲ့အပြင်စကားပြောဖို့လည်းတွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာမို့စိတ်မရှည်ချင်တော့။

"တဟိုဟိုလုပ်မနေနဲ့.. ပြောစရာရှိတာပြော"

"အဲ့ဒါ.. ကျွန်တော်မဟုတ်ဘူး"

"ဟင်"

"ခင်ဗျားခိုင်းထားတဲ့အတိုင်း.. ကင်ဆော့ဂျင်ရဲ့အခန်းကိုသွားခဲ့ပေမယ့်.. ကျွန်တော်အဲ့ဒီ့ကိုရောက်တော့ကင်ဆော့ဂျင်ရဲ့အခန်းထဲကိုယောက်ျားတစ်​ယောက်ဝင်သွားတာကိုတွေ့လိုက်တယ်။ အဲ့ဒါကြောင့်..ကျွန်တော်လည်းဒီအတိုင်းလှည့်ပြန်လာခဲ့တာ"

"အဲ့.. အဲ့ဒါဆို.. ညက.. ကင်ဆော့ဂျင်နဲ့အတူရှိနေခဲ့တာ.. ဘယ်သူလဲ"

********** **********

အချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰

ကဲ.. ရွေးတော့ ၁ လား ၂ လား

ဒီ fic လေးနှစ်ခုထဲက reader တို့ရွေးမယ့်တစ်ခုကကိုယ့်ရဲ့နောက်ဆုံးနှုတ်ဆက်လက်ဆောင်လေးပါ။ ဒါလေးပြီးရင်တော့ပြီးပါပြီ.. ဒီ wp ကြီးကိုအပြီးနှုတ်ဆက်ပါပြီ။ နောက်ဆုံးလက်ဆောင်မို့အကောင်းဆုံးဖြစ်စေချင်ပေမယ့်အရေးအသားတွေစုတ်ချာလာတာကိုတော့သည်းခံပေးပါလို့စ်

ကိုယ်စာတွေရေးတဲ့ ၁နှစ်ကျော်သက်တမ်းမှာခင်မင်ခွင့်ရတဲ့တစ်ယောက်ချင်းဆီကိုအမှတ်တရအဖြစ်သိမ်းထားမှာပါ။ Love ya 😘

**********

Zawgyi


အူဝဲ.. အူဝဲ.. အူဝဲ.. အဟင့္.. အဟင့္

ကေလးငိုသံရဲ႕ေနာက္မွာကပ္ၿငိပါလာသည့္ကေလးအေမရဲ႕႐ိႈက္သံတိုးတိုးေၾကာင့္ထိုသားအမိနဲ႔ေဘးခ်င္းကပ္ခုံမွာထိုင္ေနရတဲ့ေဆာ့ဂ်င္လည္းဘယ္လိုေတြကူညီၿပီးဘာလုပ္ေပးရမွန္းမသိဘဲအနည္းငယ္ေခါင္းနပန္းႀကီးသြားရ၏။ 12 နာရီနီးပါးၾကာျမင့္မည့္ Seoul မွ Las Vegas သို႔ပ်ံသန္းေနတဲ့ေလယာဥ္ေပၚမွာမို႔သက္ေတာင့္သက္သာမ႐ွိရတဲ့ၾကားထဲကေလးကတစ္ခ်ိန္လုံးငို​ေနေလေတာ့ကေလးရဲ႕အေမခမ်ာအိပ္ေကာင္းျခင္းမအိပ္ရ၊ စားေကာင္းျခင္းမစားရ၊ ဒီေလယာဥ္ေပၚမွာအတူစီးနင္းလိုက္ပါလာၾကတဲ့တျခားခရီးသည္ေတြကိုအားနာရနဲ႔ ေတာ္ေတာ္ႏြမ္းလ်ေနေလာက္ၿပီ။ ၿပီးေတာ့ကေလးရဲ႕အေမျဖစ္သူကအသက္၂၀ ဝန္းက်င္ single momတစ္ေယာက္မို႔စာနာသနားမိသလိုလူမ်ိဳးတူခ်င္းျဖစ္ေနလို႔တတ္ႏိုင္သေလာက္အကူအညီလည္းေပးခ်င္မိသည္။

"ကေလး.. ဘာျဖစ္လို႔လဲ။ ေနမ်ားမေကာင္းလို႔လား"

"မဟုတ္ဘူး.. ဗိုက္ဆာလို႔ထင္တယ္။ ဘယ္လိုလုပ္မလဲ.. ကေလးအတြက္ႏို႔မႈန္႔ကို check in လုပ္မယ့္ luggage အႀကီးထဲေယာင္ၿပီးထည့္လိုက္မိလို႔.. အဲ့ဒါေလယာဥ္ေပၚကိုႏို႔ဗူးပဲပါလာတယ္.. ႏို႔မႈန္႔ပါမလာဘူး။ ၿပီးေတာ့ကြၽန္မကလည္းႏို႔မထြက္ေတာ့ႏို႔တိုက္လို႔မရဘူး။ ကေလးကလည္းဗိုက္အရမ္းဆာေနၿပီနဲ႔တူတယ္.. အခုဘယ္လိုလုပ္ရမွန္းေတာင္မသိေတာ့ပါဘူး.. ႐ူးခ်င္တာပဲ။ ကေလးကတစ္လမ္းလုံးငိုေနလို႔တျခားခရီးသည္ေတြကိုလည္းအားနာလွၿပီ"

"ကေလးငယ္ေလးေတြပါလာရင္ဒီလိုအခက္အခဲေတြၾကဳံတတ္မွန္းတျခားခရီးသည္ေတြလည္းနားလည္မွာပါ။ အဲ့ဒါေၾကာင့္ဘာမွမစိုးရိမ္နဲ႔ေနာ္"

"ဒါ.. ဒါေပမယ့္.. အခု.. ကေလးက.... "

ေျပာေနရင္းငိုခ်လိုက္ေတာ့မယ့္ပုံေပၚေနတာေၾကာင့္မဆိုင္ေသာ္ျငား သူ႕ခမ်ာၾကားထဲကမေနစိမ့္ေတာ့ၿပီ။

"စိတ္ကိုေအးေအးထား။ ကြၽန္ေတာ္.. ေလယာဥ္မယ္ေတြဆီမွာအကူအညီေတာင္းၾကည့္လိုက္မယ္။ သူတို႔ဆီမွာေတာ့.. ႏြားႏို႔ေတြဘာေတြ႐ွိခ်င္႐ွိမွာပါ.. ခဏေနာ္"

ၿပိဳေတာ့မယ့္မိုးလိုညိႇဳးငယ္ေနတဲ့ကေလးအေမကိုႏွစ္သိမ့္စကားေျပာၿပီး​ေလယာဥ္မယ္ေတြဆီမွအကူအညီေတာင္းခံၾကည့္ဖို႔ေနရာမွထလာခဲ့သည္။

"ဟို.. "

"ဟုတ္ကဲ့.. ဧည့္သည္.. ဘာမ်ားအလို႐ွိပါသလဲ႐ွင္"

"ကြၽန္ေတာ္႕ေဘးခုံက.. ကေလးကေလ.. ဗိုက္ဆာလို႔ထင္တယ္.. အရမ္းငိုေနလို႔။ ကေလးအတြက္ႏို႔မႈန္႔ကလည္းေမ့ၿပီးေလယာဥ္ေပၚမယူလာမိဘူးတဲ့။ ကေလးအေမကလည္းႏို႔တိုက္ဖို႔အဆင္မေျပဘူးျဖစ္ေနလို႔ေလ။ အဲ့ဒါ.. ဒီမွာ.. ႏြားႏို႔ေလးဘာေလးမ်ားရႏိုင္မလားလို႔"

"ဒီမွာေတာ့.. ႏြားႏို႔မ႐ွိ... ေအာ.. ခုနက business class ကဧည့္သည္တစ္ေယာက္ႏြားႏို႔မွာထားတာ႐ွိတယ္။ က်န္ဦးမလားမသိဘူး.. သြားၾကည့္ေပးမယ္ေလ"

"ဟုတ္ကဲ့.. ကူညီေပးပါဦး"

"အဲ့ဒါဆို.. ဧည့္သည္.. ေနရာမွာပဲျပန္ေစာင့္.. "

"ရတယ္.. ကြၽန္ေတာ္တခါတည္းလိုက္ယူလိုက္မယ္"

သူ.. ေလယာဥ္မယ္ေလးနဲ႔အတူ business class ဘက္သို႔ထြက္ခဲ့သည္။

"ဒီမွာ.. တစ္ဝက္ေလာက္ေတာ့က်န္ဦးမယ္။ ဒီေလာက္ဆိုအဆင္ေျပမလားမသိဘူး႐ွင့္"

"အင္း.. ေျပေလာက္မွာပါ"

သူလည္းဝမ္းသာအားရျဖင့္ႏြားႏို႔ဗူးကိုကိုင္ၿပီးေနရာသို႔အျပန္.. ႐ုတ္တရက္ေလယာဥ္ကတုံ႔ခနဲယမ္းခါသြားေတာ့ဟန္ခ်က္ပ်က္သြားၿပီးလူကအေ႐ွ႕ကိုဟက္ထိုးပစ္လဲမလိုျဖစ္သြားရသည္။ ကိုယ့္ကိုယ္ကိုအခ်ိန္မီထိန္းလိုက္ႏိုင္လို႔ေမွာက္ယက္လဲတဲ့အျဖစ္ကိုေရာက္မသြားတာေတာ္ေသးတယ္လို႔ေျပာရမည္။ ဒါေပမယ့္ျဖစ္ခ်င္ေတာ့အနည္းငယ္ဟေနတဲ့ႏြားႏို႔ဗူးထဲမွႏြားႏို႔တခ်ိဳ႕ေဘးတြင္ထိုင္ေနေသာလူတစ္ေယာက္ရဲ႕ေပါင္ေပၚသို႔ဖိတ္စင္ကုန္၏။

"ေတာင္းပန္ပါတယ္ခင္ဗ်။ ကြၽန္ေတာ္လည္း႐ုတ္တရက္ဟန္ခ်က္ပ်က္သြားလို႔ လက္ကေခ်ာ္သြားၿပီး... ေတာင္းပန္ပါတယ္ေနာ္"

ထိုလူရဲ႕ေပါင္ေပၚတြင္အနည္းငယ္စြန္းထင္းသြားတဲ့ႏြားႏို႔တစ္ခ်ိဳ႕ကိုသာသုတ္ေပးဖို႔အာ႐ုံစိုက္ေနမိတာမို႔ထိုလူဘာလူမ်ိဳးျဖစ္ႏိုင္လဲအကဲမခတ္ေတာ့ဘဲေတာင္းပန္စကားကိုသာတတြတ္တြတ္ေရ႐ြတ္ရင္းထိုလူေ႐ွ႕မွာေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီးေပက်ံသြားတဲ့ ႏြားႏို႔ေတြကိုကမန္းကတန္းသုတ္ေပးေနမိသည္။

"အခု.. ဘာလုပ္လိုက္တာလဲ"

ခပ္႐ွ႐ွနဲ႔အထက္စီးဆန္ေသာအသံ။ လူမ်ိဳးတူတစ္ေယာက္ျဖစ္ေနတာမို႔စိတ္သက္သာယာရသြားမိေပမယ့္ အသံကခက္ထန္လြန္းသျဖင့္သူေၾကာင္အမ္းအမ္းျဖစ္သြားစဥ္ ထိုလူကဆတ္ခနဲထရပ္လိုက္ၿပီး..

"မင္း.. အခု.. ဘယ္ေနရာကိုလာထိတာလဲ.. လို႔"

ထိုလူေျပာမွသူ႕လက္ေရာက္ေနတဲ့ေနရာကိုသတိထားမိၿပီးလက္ကိုကမန္းကတန္း႐ုတ္လိုက္ရသည္။ ႏြားႏို႔ကလည္းေမွာက္စရာ႐ွားလို႔ဘာလို႔အဲ့ဒီေနရာကိုမွတိုက္တိုက္ဆိုင္ဆိုင္..

"ေဆာရီး.."

ေတာင္းပန္စကားကိုမဝံ့မရဲေျပာၿပီးအလ်င္အျမန္ထရပ္လိုက္ေတာ့ျမင္လိုက္ရတာကတင္းမာခက္ထန္ေနေသာမ်က္ႏွာတစ္ခု။ စူးရဲေသာမ်က္ဝန္းအစုံကသူ႕မ်က္ႏွာေ႐ွ႕တည့္တည့္မွာ။ ေခ်ာေမာခန္႔ညား၍ေယာက်္ားပီသေသာမ်က္ႏွာမွာမ်က္ခုံးႏွစ္ခုကထိစပ္လုနီးပါးတြန္႔ကုတ္လ်က္.. ႏွာတံေပၚျခင္း၊ ႏႈတ္ခမ္းပါးရဲျခင္းတို႔ေၾကာင့္ဘယ္လိုပဲၾကည့္ၾကည့္လူေခ်ာတစ္ေယာက္ဆိုတာျငင္းပယ္၍မရတာလုံးဝအထင္အ႐ွားျဖစ္၏။

"ေဘာင္းဘီကေရစိုခံတဲ့အသားမို႔.. ေရနဲ႔နည္းနည္းေလာက္သပ္ခ်လိုက္တာနဲ႔ေျပာင္သြားမွာပါ။ အစြန္းေတာင္ထင္မွာမဟုတ္ဘူး။ အဲ့ဒါေၾကာင့္.. ကြၽန္ေတာ္လည္းအခုအရမ္းအလ်င္လိုေနလို႔.. ခြင့္ျပဳပါဦး"

ေျပာၿပီးလွည့္အထြက္မွာလည္ဂုတ္ကေနေဆာင့္ဆြဲခံလိုက္ရတာေၾကာင့္အေနာက္ကိုျပန္ယိုင္သြားၿပီးသူ႕လည္ဂုတ္လည္းေအာင့္ခနဲနာက်င္သြားရသည္။ သူ႕ဘက္ကစ,မွားခဲ့မိလို႔ သည္းခံရမယ္ဆိုတာသိေပမယ့္အသားနာသြားတယ္ဆိုတဲ့အသိေၾကာင့္ျပန္ေျပာမိတဲ့သူ႕ေလသံကရန္ေတြ႕သလိုဘုဆတ္ဆတ္..

"ဘာလဲ.. ခင္ဗ်ားကဘာျဖစ္ခ်င္တာလဲ.. အေလ်ာ္လိုခ်င္လို႔လား"

မ်က္ဝန္းခ်င္းအဆုံမွာေဆာ့ဂ်င္ကလည္းတစ္ဖက္လူကိုတင္းမာခက္ထန္စြာတုံ႔ျပန္ၾကည့္လိုက္ေတာ့မ်က္ဝန္းႏွစ္ခုအားျပင္းစြာဆုံသည္။ ဘယ္သူကမွအၾကည့္ကိုမလႊဲ။

"မင္း.. ငါ့အသားကိုထိလိုက္တယ္"

"ဟမ္"

"ၿပီးေတာ့.. မင္းထိလိုက္တဲ့ေနရာကလည္း.. "

ထိုလူကစကားကိုဆက္မေျပာဘဲသူ႕မ်က္ႏွာကိုစူးစူးရဲရဲစိုက္ၾကည့္သည္။ ထူထဲစိမ္းညိဳ႕ေသာမ်က္ခုံးေအာက္ကရန္လိုျခင္းေတြစူးလက္ေနတဲ့မ်က္ဝန္းနဲ႔အားတိုင္းအံႀကိတ္ေနသလားထင္ရေအာင္ကားခနဲထြက္လာတဲ့ေမး႐ိုးေတြကိုၾကည့္ရင္းစကားလုံးတို႔ကသူ႕ႏႈတ္ဖ်ားမွာ႐ွားပါးစြာေပ်ာက္ကြယ္ကုန္၏။

"Passport ေပး"

"P.. Passport? Passport ကို.. ဘာလုပ္ဖို႔လဲ။ ခင္ဗ်ားကလူဝင္မႈႀကီးၾကပ္ေရးကလား"

"မင္းကိုဒီအတိုင္းလႊတ္ေပးလို႔ဘယ္ျဖစ္မလဲ။ ရဲတိုင္ရမွာေပါ့"

"ရဲ.. ရဲတိုင္မယ္?"

ရဲတိုင္မယ္ဆိုတဲ့ထိုလူရဲ႕စကားေၾကာင့္ေခါင္းေျခာက္သြားတာအမွန္ပင္။ ႏြားႏို႔ေလးေမွာက္က်မိတာကိုမ်ား.. ဒီလူက.. ဘာပုဒ္မေတြတပ္ၿပီး.. ဘယ္လို...

"လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈနဲ႔"

"ဘာေျပာတယ္!

ၾကားလိုက္ရတဲ့စကားတို႔ကသူ႕ေဒါသဒီဂရီကိုေရဆူမွတ္အျမင့္ဆုံးသို႔ေခၚေဆာင္သြားသည္။

"ဟား... ဒီလူကေတာ့ငါ့ေဒါသကိုလာစြေနတာပဲ"

ေဆာ့ဂ်င္ကနဖူးေပၚက်ေနတဲ့ဆံပင္တခ်ိဳ႕ကိုေလျဖင့္တစ္ခ်က္မႈတ္ထုတ္လိုက္ၿပီးထိုလူနဲ႔ပိုနီးကပ္သြားေအာင္ေျခတစ္လွမ္းတိုးလိုက္၍မ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္သည္။

"Business class မွာစီးရတယ္ဆိုတိုင္းဒါမ်ိဳးလာလုပ္လို႔ရမလား။ ဒီမွာ.. ခင္ဗ်ားကေတာ့ကိုယ့္ကိုယ္ကိုဘာေတြဘယ္လိုအထင္ႀကီးေနလဲမသိေပမယ့္.. ခုနက.. ကြၽန္ေတာ္႕ရဲ႕အေတြ႕အၾကဳံအရ.. အဲ့ေလာက္အထင္ႀကီးစရာလည္းမဟုတ္ပါဘူး။ ထိလို႔.. ထိမိမွန္းေတာင္မသိလိုက္ဘူး"

သူ႕မ်က္ႏွာကိုမလႊဲတမ္းျပန္ၾကည့္ေနတဲ့မ်က္လုံးေတြကမီးက်ီမီးခဲေတြရဲရဲ​ေတာက္ေနသလိုအေရာင္လက္ျဖာေနပုံကေၾကာက္စရာ။ ဒါေပမယ့္.. ကင္ေဆာ့ဂ်င္တို႔ကမေၾကာက္တတ္ေတာ့ခက္သည္။

"ရား! မင္း.. "

"ဟ.. လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈတဲ့.. ရယ္ရတယ္။ အျမတ္ထုတ္စရာလည္းမယ္မယ္ရရမ႐ွိဘဲနဲ႔မ်ား"

ထိုကဲ့သို႔အႏိုင္ပိုင္းကာလွ်ာထုတ္ေျပာင္ျပၿပီးလွည့္ထြက္လာခဲ့သည္။ ဟိုလူကေတာ့သရဲဘီလူးစီးသလို႐ွဴး႐ွဴး႐ွဲ႐ွဲေဒါသေတြနဲ႔က်န္ေနခဲ့ေလရဲ႕...

********** **********

~တူ.. တူ.. တူ.. တူ ~

လက္တစ္ဖက္မွ luggage ကိုဆြဲ၍ က်န္လက္တစ္ဖက္ျဖင့္ဖုန္းကိုနား,နားတြင္ကပ္လ်က္ေလဆိပ္အျပင္သို႔တေ႐ြ႕ေ႐ြ႕ေလွ်ာက္လာရင္း ရင္ခုန္စိတ္လႈပ္႐ွားျခင္းမ်ားစြာျဖင့္တစ္ဖက္ကျပန္ေျဖမယ့္အသံကိုေစာင့္ေမွ်ာ္ေနခိုက္..

"အ"

အေနာက္မွသူ႕ရဲ႕ပခုံးကိုအ႐ွိန္ျပင္းျပင္းျဖင့္အတိုက္ခံလိုက္ရတာေၾကာင့္လက္ထဲမွာကိုင္ထားတဲ့ဖုန္းလြတ္မက်သြားေအာင္မနည္းျပန္ဖမ္းလိုက္ရသည္။

"ေတာက္!"

သူ႕ပခုံးကိုတိုက္သြားသည့္လူကသူ႕ကိုေက်ာ္တက္သြားလို႔ေက်ာျပင္ကိုသာျမင္လိုက္ရေပမယ့္အဝတ္အစားအျပင္အဆင္အရ ဒီလူဘယ္သူလဲဆိုတာသူသိသည္။ ေလယာဥ္ေပၚမွာသူနဲ႔အခ်င္းမ်ားခဲ့တဲ့.. ဟိုလူ႕ေဘာ္ေက်ာ့.. လူ႕ဂြစြာ..

"ရား.. ခင္ဗ်ား.. "

"ဟဲလို"

လွမ္းေအာ္ၿပီးရန္ေတြ႕မလို႔ပါးစပ္ျပင္တုန္းဖုန္းထဲမွထြက္ေပၚလာသည့္ အသံေၾကာင့္အလ်င္အျမန္ကိုယ္႐ွိန္သတ္လိုက္ကာတစ္ဖက္ကလူမျမင္ႏိုင္မွန္းသိေပမယ့္သြားတန္းေလးေတြေပၚသည္အထိလိႈက္လိႈက္လွဲလွဲျပဳံးလိုက္ၿပီး..

"ဂြၽန္း.. ႏိုးၿပီလား။ အခုဘာလုပ္ေနလဲ.. အေစာႀကီးဖုန္းဆက္ၿပီးေႏွာင့္ယွက္သလိုမ်ားျဖစ္သြားလားဟင္။ ဖုန္းကဝင္ေနတာၾကာၿပီ.. မကိုင္လို႔ဆက္ေခၚရမွာခ်ီတုံခ်တုံျဖစ္ေနေသးတယ္။ ဒါေပမယ့္.. မေခၚလို႔ကလည္းမျဖစ္လို႔။ ဖုန္းသံေၾကာင့္.. အိပ္ေရးပ်က္သြားလား.. ဟင္"

အဆက္မျပတ္ေျပာေနတဲ့သူစကားေတြကိုတစ္ဖက္ကရယ္သံျဖင့္သာတုံ႔ျပန္၏။ ရယ္သံၾကား႐ုံနဲ႔အဲ့လိုရယ္လိုက္တိုင္းေပၚလာတတ္တဲ့ပါးခ်ိဳင့္ႀကီးကိုမ်က္စိထဲျမင္ေယာင္ၾကည့္ေတာ့ရင္ထဲမွာေႏြးခနဲ..

"ကိုယ္ကႏိုးေနတာၾကာၿပီ.. အသဲရဲ႕။ မနက္အေစာႀကီးကတည္းကအလုပ္ကိစၥေပၚလာလို႔ LA ကိုအားခ်င္းထြက္လာရတာမို႔လို႔"

"LA? အခု.. ဂြၽန္းက Vegas မွာမဟုတ္ဘူးလား"

"Vegas ကိုမနက္ျဖန္မွျပန္ေရာက္မယ္ထင္တယ္"

"ဪ.. "

ဂြၽန္းကို surprise ျဖစ္ေအာင္ဆိုၿပီးသူလာမွာကိုႀကိဳမေျပာမိခဲ့တာကိုေနာင္တရမိသည္။ အဲ့ဒါဆို.. ဒီေန႔တစ္ရက္လုံး Vegas မွာသူတစ္ေယာက္တည္းေနရမွာေပါ့။

"အသဲကမအိပ္ေသးဘူးလား။ အခုအဲ့မွာဘယ္အခ်ိန္႐ွိေနၿပီလဲ"

"အိပ္ေတာ့မွာ.. မအိပ္ခင္.. သတိရလို႔"

ျပန္ေျဖတဲ့သူ႕အသံမွာဝမ္းနည္းတဲ့အေငြ႕အသက္ေတြပါဝင္ေနမွာအေသအခ်ာပင္။ ဂြၽန္းကိုစပ႐ိုက္တိုက္မယ့္သူ႕အစီအစဥ္ေတြအထမေျမာက္ေတာ့တာေၾကာင့္လည္းစိတ္မေကာင္းျဖစ္မိသလိုငိုလည္းငိုခ်င္မိသည္။

"အိပ္ေတာ့ေလ.. ေတာ္ၾကာအိပ္ေရးမဝရင္ေခါင္းကိုက္ေနဦးမယ္"

"အင္း.. ဂြၽန္းကအခု LA ကိုေရာက္ေနၿပီလား"

"ဟင့္အင္း.. လမ္းမွာပဲ႐ွိေသးတယ္"

"ဂ႐ုစိုက္ဦးေနာ္"

"ဟုတ္ပါၿပီဗ်"

"အဲ့ဒါဆို.. ဘိုင့္ဘိုင္"

"အင္း"

ဂြၽန္း.. ဖုန္းခ်သြားၿပီးေတာ္ေတာ္ၾကာသည္အထိဖုန္းကိုသူ႕နားမွမခြာျဖစ္ေသး.. ႏႈတ္ခမ္းေလးစူ.. မ်က္ေမွာင္ေလးကုတ္ၿပီးေနရာမွာပင္ေယာင္ေငးေငးေလးရပ္ေနမိသည္။

"ကိစၥမ႐ွိပါဘူး.. ေျခာက္လေက်ာ္ေတာင္သည္းခံခဲ့ၿပီးၿပီပဲ.. တစ္ရက္တစ္ေလေလာက္ထပ္ေစာင့္ရတာ.. ဘာမွမျဖစ္သြားဘူး။ မနက္ျဖန္ငါ့ကိုျမင္ရင္.. ဂြၽန္းကအံ့ဩသြားဦးမွာပါပဲေလ"

သူ႕ကိုယ္သူအားေပးစကားဆိုရင္းေလဆိပ္မွတကၠစီငွား၍ သူတစ္ညတာတည္းခိုႏိုင္မယ့္ဟိုတယ္ဆီသို႔ထြက္လာခဲ့သည္။

********** **********

Seoul နဲ႔ Vegas ရဲ႕ကြာဟလြန္းတဲ့အခ်ိန္အေျပာင္းအလဲေၾကာင့္လားေတာ့မေျပာတတ္.. ေလယာဥ္အၾကာႀကီးစီးခဲ့ရလို႔လူကပင္ပန္းၿပီးႏုံးသလိုျဖစ္ေနေပမယ့္အိပ္လို႔မေပ်ာ္။ ထို႔ေၾကာင့္အိပ္ရာေပၚမွာပဲဟိုလွိမ့္၊ ဒီလွိမ့္လုပ္ေနရတာပ်င္းပ်င္း႐ွိတာနဲ႔ဟိုတယ္ရဲ႕ေအာက္ဆုံးထက္႐ွိ Bar ဆီသို႔တစ္ေယာက္တည္းဆင္းလာသည္။ သို႔ေပမယ့္.. အရက္ေတြဘာေတြလည္းေသာက္ခ်င္စိတ္မ႐ွိတာမို႔ cocktail ခပ္ေပ်ာ့ေပ်ာ့တစ္ခြက္သာမွာေသာက္ၿပီးဖုန္းသုံးရင္းအပ်င္းေျဖေနရသည္။

"One more, please"

သူ႕စကားကို bartender ကေခါင္းညိတ္အသိအမွတ္ျပဳၿပီး cocktail ေနာက္တစ္ခြက္စပ္ေပးသည္။ သူကလည္းဖုန္းထဲကိုအာ႐ုံေရာက္ေနတာမို႔သူ႕ေ႐ွ႕ကိုဘယ္အခ်ိန္ cocktail တစ္ခြက္လာခ်ေပးလိုက္မွန္းေတာင္မသိလိုက္။ Bartender ကသူ႕စားပြဲေ႐ွ႕ကိုလက္ဆစ္ေလးနဲ႔ေခါက္ၿပီးအသိေပးမွ cocktail ေသာက္ဖို႔သတိရသည္။

"အ... "

အလ်င္စလိုေသာက္လိုက္မိလို႔ထင္.. လည္ေခ်ာင္းထဲအလုအယက္ေျပးဝင္သြားေသာအရည္တို႔ကေသြးေၾကာထဲအလ်င္အျမန္တိုးဝင္သြားသလားထင္ရေလာက္ေအာင္လူကခ်က္ခ်င္းဆိုသလိုထူထူပူပူႀကီးျဖစ္လာသည္။

"အား.. ကြၽတ္.. ကြၽတ္.. ကြၽတ္"

ညိမ့္ညိမ့္ေညာင္းေညာင္းပ်ံ႕လြင့္လာတဲ့ background music ခ်ိဳခ်ိဳလြင္လြင္ေလးေတြကေတာင္သူ႕ကိုတည္ၿငိမ္သြားေအာင္မစြမ္းေဆာင္ႏိုင္.. သီခ်င္းသံတစ္ခ်က္ထြက္ေပၚလာတိုင္းသူ႕ေခါင္းသည္တစ္ခ်က္ႀကီးသြားရသလို.. နားထင္ေတြထဲမွာလည္းဆယ္ေပါင္တူနဲ႔အထုခံေနရသလိုတဒိန္းဒိန္းႏွင့္ေသြးေၾကာေတြခုန္ေပါက္ထြက္ကုန္ၿပီလားေတာင္ထင္ေနရသည္။

"Sir, are you ok?"

အသံၾကားရာကိုေမာ့ၾကည့္လိုက္အနီးကပ္ျမင္ေနရေသာ Bartender ရဲ႕မ်က္ႏွာကႏွစ္ကိုယ္ခြဲေတြဘာေတြျဖစ္သြားသည္။ ေနပါဦး.. cocktail ေလးႏွစ္ခြက္၊ သုံးခြက္ေလာက္ေသာက္႐ုံနဲ႔ဒီေလာက္ထိမူးသြားတယ္တဲ့လား။ သူလည္းအဲ့ေလာက္မေပ်ာ့ပါဘူး.. အရက္ေကာင္းေကာင္းေသာက္ႏိုင္တဲ့သူတစ္ေယာက္ပါ။

"Can you stand up? Do you want me to assist you?"

သူ႕ပခုံးေပၚက Bartender ရဲ႕လက္ကိုဖယ္ခ်လိုက္ၿပီး..

"I'm ok"

ယိုင္နဲ႔နဲ႔ျဖင့္သူ႕အခန္းဆီသို႔ျပန္ထြက္လာခဲ့သည္။ လူကခ်ာခ်ာလည္ေအာင္မူးေနတာမို႔လမ္းတစ္ေလွ်ာက္ၾကမ္းနဲ႔ေျခေထာက္ပင္မထိေတာ့သလိုလို။ သူ႕အခန္းနံပါတ္ကိုလည္းမနည္းျပဴးၿပဲၿပီးမေတြ႕ေတြ႕ေအာင္႐ွာလိုက္ရသည္။ သူ႕စိတ္ကအိပ္ရာထဲအျမန္ေရာက္ဖို႔ပဲစိတ္အားထက္သန္ေနတာေၾကာင့္အခန္းထဲဝင္ၿပီးၿပီးခ်င္းတံခါးကိုေသခ်ာျပန္ပိတ္မိသလား, မပိတ္မိသလားေတာင္ဂ႐ုမစိုက္အားပဲကုတင္႐ွိရာသို႔အားတင္း၍ေလွ်ာက္ေနစဥ္..

~ခ်ေလာက္~

"ဘယ္သူ... အေမ့!"

အလန္႔တၾကားေအာ္သံကသူ႕ထံမွေၾကာက္႐ြံ႕တုန္လႈပ္ျခင္းေတြႏွင့္ထြက္ေပၚလာသလိုတစ္စုံတစ္ေယာက္ရဲ႕လက္ထဲမွာသူ႕ကိုယ္ေလးပါသြားပုံကအ႐ုပ္ကေလးတစ္႐ုပ္လိုေဆြ႕ခနဲ.. ႐ုန္းရင္းတြန္းရင္းျဖင့္ထိုသူႏွင့္အတူေမြ႕ရာေပၚသို႔လုံးေထြးက်သြား၍အမူးမေျပေသးသည့္စိတ္ႏွင့္ထိတ္လန္႔စိတ္တို႔ေပါင္းၿပီးမ်က္လုံးေတြျပာေဝသြား၏။

မလုပ္နဲ႔.. လို႔အႀကိမ္ႀကိမ္ေအာ္ေနေပမယ့္တကယ္တမ္းေတာ့ဘာစကားမွ်ထြက္မလာပါ။ ထိုလူျပဳသမွ်ႏုရေတာ့မယ့္သားေကာင္ငယ္ေလးလိုဘယ္သူမွန္းမသိတဲ့လူတစ္ေယာက္ရဲ႕ရင္ခြင္ထဲမွာကူရာမဲ့ေနရတဲ့သူ႕အျဖစ္.. အားႏွင့္႐ုန္းကန္ေပမယ့္အရာမထင္.. ႐ုန္းကန္ေနပါလ်က္မလြတ္ႏိုင္။ မၾကည္ျဖဴပါဘဲလည္စင္းေပးခဲ့ရေသာအနမ္းၾကမ္းၾကမ္းေတြၾကားမွာတျဖဳတ္ျဖဳတ္ေႂကြဆင္းရင္း...

********** **********

"ကင္ေဆာ့ဂ်င္!"

အဲ့ဒီ့ေခၚသံသည္သူ၏နားစည္မွတစ္ဆင့္ေသြးေၾကာေတြဆီလွ်ပ္စီးေၾကာင္းလိုဖ်ိဳးဖ်ိဳးဖ်စ္ဖ်စ္အသံေပး၍တိုးဝင္သြားသည္။ သူ႕မ်က္လုံးေတြဖ်တ္ခနဲပြင့္လာကာေခါင္းထဲမွရီေဝထိုင္းမိႈင္းမႈေတြအေငြ႕ပ်ံထြက္သြားသလားထင္မွတ္ရေလာက္ေအာင္လြင့္စင္သြားရသည္။

"ဂြၽန္း"

ဂြၽန္းကအသက္မဲ့ေနတဲ့ေက်ာက္႐ုပ္တစ္႐ုပ္လိုသူ၏ကုတင္ေဘးတြင္ေတာင့္ေတာင့္ႀကီးရပ္ေနသည္။ သူ.. ႐ွိသမွ်အင္အားေတြအကုန္စုစည္းၿပီးအတင္းထထိုင္ၾကည့္ေတာ့ခါးေအာက္ပိုင္းမွခံစားလိုက္ရတဲ့နာက်င္မႈကစာဖြဲ႕လို႔ပင္မရႏိုင္ေအာင္ ေအာင့္မ်က္ကိုက္ခဲလွ်က္။ ဒါဆို.. ဒါေတြက.. အိပ္မက္မဟုတ္ဘူးပဲ။သူ႕ခႏၶာကိုယ္ကိုေဖာက္ထြင္းမတတ္စူးစိုက္ၾကည့္ေနသည့္ ဂြၽန္းရဲ႕မ်က္ဝန္းေတြထဲမွာနာၾကည္းျခင္း၊ မုန္းျခင္း၊ မသတီ႐ြံ႐ွာျခင္းေတြအတိုင္းသားျမင္ေနရသည္။

"ဂြၽန္း.. မဟုတ္ဘူး။ ကိုယ္႐ွင္းျပ.. "

"အဲ့ဒီ့႐ြံစရာေကာင္းတဲ့လက္နဲ႔ငါ့ကိုလာမထိနဲ႔"

"ဂြၽန္း"

"ခင္ဗ်ားနဲ႔မ်က္ႏွာခ်င္းဆိုင္ၿပီးစကားေျပာရမွာ႐ြံလြန္းလို႔.. ေ႐ွ႕ေနကတစ္ဆင့္ပဲစကားေျပာၾကတာေပါ့"

ဓါးသြားကဲ့သို႔ထက္႐ွလြန္းတဲ့စကားတို႔က သူ႕ႏွလုံးသားကိုထက္ျခမ္းခြဲလိုက္သလိုပင္။ သူ႕ရင္အစုံဟာေနမြန္းတည့္လိုပူေလာင္ျခင္းမ်ားျဖင့္..

"ဂြၽန္း.. ကိုယ္ေျပာတာခဏေလးနားေထာင္ေပး.. "

ဂြၽန္းကသူ႕စကားကိုအဖက္ေတာင္မလုပ္ဘဲအနားကေနခ်ာခနဲလွည့္ထြက္သြားသည္။

"ဂြၽန္း"

ကုတင္ေ႐ွ႕တည့္တည့္ကကိုယ္လုံးေပၚမွန္ႀကီးထဲမွသူ႕႐ုပ္လႊာကိုေငးရင္းသနားရမလား.. နာၾကည္းရမလားေတာင္ခြဲျခားမရေတာ့ပါ။

ရည္းစားသက္တမ္း ၃ႏွစ္၊ အိမ္ေထာင္သက္ ၆လ ဆိုတဲ့အခ်ိန္ကာလက.. အဆုံးသတ္သြားခဲ့တာတစ္ရက္.. တမနက္တည္းမွာပဲ..

********** **********

"ေတာ္တယ္.. ေရာ့"

မ်က္စိေ႐ွ႕ကိုကမ္းေပးလိုက္တဲ့ပိုက္ဆံအျပည့္ပါစာအိတ္အျဖဴကိုခ်က္ခ်င္းမယူေသးဘဲငူငူငိုင္ငိုင္ၾကည့္ေနတဲ့ ထိုလူကိုမ်က္ေမွာင္ၾကဳံ႕၍ၾကည့္မိသည္။

"ဘာလုပ္ေနတာလဲ.. ယူေလ"

"ဟို.. "

မယူတဲ့အျပင္စကားေျပာဖို႔လည္းတြန္႔ဆုတ္တြန္႔ဆုတ္လုပ္ေနတာမို႔စိတ္မ႐ွည္ခ်င္ေတာ့။

"တဟိုဟိုလုပ္မေနနဲ႔.. ေျပာစရာ႐ွိတာေျပာ"

"အဲ့ဒါ.. ကြၽန္ေတာ္မဟုတ္ဘူး"

"ဟင္"

"ခင္ဗ်ားခိုင္းထားတဲ့အတိုင္း.. ကင္ေဆာ့ဂ်င္ရဲ႕အခန္းကိုသြားခဲ့ေပမယ့္.. ကြၽန္ေတာ္အဲ့ဒီ့ကိုေရာက္ေတာ့ကင္ေဆာ့ဂ်င္ရဲ႕အခန္းထဲကိုေယာက်္ားတစ္​ေယာက္ဝင္သြားတာကိုေတြ႕လိုက္တယ္။ အဲ့ဒါေၾကာင့္..ကြၽန္ေတာ္လည္းဒီအတိုင္းလွည့္ျပန္လာခဲ့တာ"

"အဲ့.. အဲ့ဒါဆို.. ညက.. ကင္ေဆာ့ဂ်င္နဲ႔အတူ႐ွိေနခဲ့တာ.. ဘယ္သူလဲ"

********** **********

အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰

ကဲ.. ေ႐ြးေတာ့ ၁ လား ၂ လား

ဒီ fic ေလးႏွစ္ခုထဲက reader တို႔ေ႐ြးမယ့္တစ္ခုကကိုယ့္ရဲ႕ေနာက္ဆုံးႏႈတ္ဆက္လက္ေဆာင္ေလးပါ။ ဒါေလးၿပီးရင္ေတာ့ၿပီးပါၿပီ.. ဒီ wp ႀကီးကိုအၿပီးႏႈတ္ဆက္ပါၿပီ။ ေနာက္ဆုံးလက္ေဆာင္မို႔အေကာင္းဆုံးျဖစ္ေစခ်င္ေပမယ့္အေရးအသားေတြစုတ္ခ်ာလာတာကိုေတာ့သည္းခံေပးပါလို႔စ္

ကိုယ္စာေတြေရးတဲ့ ၁ႏွစ္ေက်ာ္သက္တမ္းမွာခင္မင္ခြင့္ရတဲ့တစ္ေယာက္ခ်င္းဆီကိုအမွတ္တရအျဖစ္သိမ္းထားမွာပါ။ Love ya 😘

Continue Reading

You'll Also Like

938K 21.5K 49
In wich a one night stand turns out to be a lot more than that.
205K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
12.6K 1.6K 7
Taehyung X Jimin Completed အိန်ဂျယ်နဲ့ နတ်ဆိုးဆိုတာ ပေါင်းစပ်လို့မရတဲ့ မျိုးကွဲဖြစ်တည်မှုတဲ့။ ဒါဖြင့် ပေါင်းစပ်ချင်ကြတယ် ဆိုရင်​ရော၊ စည်း​ဘောင်​တွေကိ...
2.1K 192 6
အချစ်တဲ့လား?ကျွန်တော်အချစ်ကိုယ် ဘယ်လိုမှမမြင်မိဘူး။ဘာလို့လဲဆိုတော့ကျွန်တော့်အချစ်ကအစ်ကိုဘဲလေ......။