လှည့်စားတဲ့ချစ်ချင်း

Door FanPooklookFonthipMy

1K 60 15

win Bright လုံးဝကွဲပြားတဲ့အကြောင်းပါ bright ကလူတွေကိုမသနားတက် မကြင်နာတက်ဘူး ဇာတ်လမ်သူ့ထက်အားနည်းတဲ့သူဆိုအနို... Meer

ep.1
ep.2
ep.1 zawgyi
ep.2 zawgyi
ep.3
3 Zawgyi
ep.4
ep.6

ep.5

90 7 6
Door FanPooklookFonthipMy

***လှည့်စားတဲ့ချစ်ခြင်း***

"မိန်းမနင်ဘာလို့အဲ့လိုလုပ်သလဲ...ငါ့ပိုက်ဆံကိုပြန်ပေး"

အသံကြားတော့ Brightအိမ်ထက်ပေါ်တက်လာကြည့်တော့ သူ့အဖေနဲ့မိထွေးစကားများသံကိုကြားရတယ်

"ကျွန်မမပေးနိုင်ဘူး"

"နင်အမြဲတမ်းငါ့ပိုက်ဆံကိုခိုးတာကို အဲ့ကြောင့်ငါသိမ်းထားတဲ့ပိုက်ဆံအမြဲပျောက်သွားတာ"

"ကျွန်မကရှင့်မိန်းမ ရှင့်ပိုက်ဆံလည်း ကျွန်မပိုက်ဆံပဲ"

"အဲ့ဒါကမတူဘူး ဒီပိုက်ဆံကငါသိမ်းထားတာ လတိုင်းလည်းငါနင့်ပိုက်ဆံကိုပေးခဲ့တာပဲလေ"

"ကျွန်မစောက်ဂရုမစိုက်ဘူး...ဖယ်"

သူတို့လုသံကြားတော့ Brightအမြန်ဝင်ပြီး သူ့အဖေက သူ့မိထွေးရိုက်တော့မယ်ဆိုတာမြင်တော့ Brightအမြန်သူ့အဖေကိုသွားတားလိုက်တယ်

"ငါ့ကိုလွှတ်"

"ဖေဖေ မိန်းကလေးကိုမရိုက်ပါနဲ့"

"ငါ့ကိုလွှတ် ဖြန့်"

အဖေဖြစ်သူ Brightပါးကိုရိုက်လိုက်တယ် ထွက်ပြေးနေတဲ့သူ့မိန်းမနောက်ကိုလိုက်ပြေးသွားလိုက်တယ်

"ဖေဖေ...."

Brightအမြန်သူ့အဖေအနောက်ကိုလိုက်ပြေးသွားလိုက်တယ် ဒါပေမယ့်ကားတိုက်သံကြားတော့ Brightအမြန်ပြေးသွားတော့ အ‌ေဖဖြစ်သူက မြေကြီးပေါ်က သွေးအပြည့်နဲ့အိပ်နေတာကိုတွေ့ရတယ်

"ဖေဖေ....ဖေဖေ"

"ယောင်္ကျား"

Bright အမြန်ပြေးပြီး အဖေဖြစ်သူကိုယ်ကိုယူလိုက်တယ်

"အဒေါ် ဆေးရုံဖုန်းခေါ်ပေးအုံးဗျ....ကျေးဇူးပြုပြီးကျွန်တော့်အဖေကိုကူညီပါ"

Brightငိုပြီး သူ့မိထွေးကိုတောင်းပန်လိုက်တယ် မိထွေးဖြစ်သူကမလုပ်ချင်ပေမယ့် သူ့ယောကျားမရှိရင် သူကလည်း သူ့ယောကျားအမွေရမယ်မဟုတ်ဘူး

______________

ဆေးရုံနားရောက်တော့ Brightကသူ့အဖေအတွက်ဆုတောင်းပေးရုံပဲ သူ့အဖေတစ်ခုခုဖြစ်သွားမှာလည်းကြောက်တယ်

"ဖေဖေကျွန်တော့်ကိုမထားခဲ့ပါနဲ့....ကျွန်တော့်မှာဘယ်သူမှမရှိတော့ဘူး"

Brightပါးပြင်ပေါ်က မျက်ရည်အပြည့် မျက်လုံးကလည်းအလွန်နီရဲနေ မိထွေးဖြစ်သူတော့ Brightငိုတာကြည့်ပြီးအမြင်ကပ်နေ

"ဟေ့ကောင် နင်ငိုတာတိတ်လို့ရမလား"

Brightမျက်ရည်သုတ်ပြီး

"ရှိူက်....ဖေဖေ....ရှိူက်ရှိူက်....ဖေဖေ ကျွန်တော့်ကိုထားခဲ့မှာဆိုးတယ်....ရှိူက်...ကျွန်တော်ကြောက်တယ်"

"နင့်အဖေသေ‌မသေ ဆရာဝန်ထွက်လာရင်သိမှာပေါ့"

ဆရာဝန်လည်းထွက်လာလိုက်တယ် Brightအမြန်ဆရာဝန်ဆီသွားလိုက်တယ်

"ကျွန်တော့်အဖေဘေးကင်းပြီလား"

"လူနာရဲ့အဖေက ဘေးကင်းပါတယ် ဒါပေမယ့်...."

"ဘာဒါပေမယ့်လဲဗျ"

"လူနာရဲ့အဖေက လမ်းခြောက်မနိုင်တော့ဘူး စကားလည်းပြောလို့ရမယ်မဟုတ်တော့ဘူး"

Brightငိုတယ် ဒါပေမယ့်သူ့အဖေပြန်ပြီးအသက်ရှင်နိုင်တဲ့အတွက်တော့ဝမ်းသာတယ်လေ

"ဖေဖေ..."

Brightက သူ့အဖေနားသွားပြီး အဖေဖြစ်သူကိုဖက်ပြီးငိုလိုက်တယ်

"ကျွန်တော့ကိုမထားခဲ့လို့ကျေးဇူးတင်ပါတယ်"

အဖေဖြစ်သူက သူ့သားရဲ့အသံကြားရသလို သူ့မျက်ရည်လည်းကျလာတယ် သူအမှန်တကယ်နောင်တရတယ်ဆိုတာသေချာတယ်

_________________________

တစ်ပတ်လောက်ရှိပြီမို့ tuကဆေးရုံဆင်းရတယ် ဒါပေမယ့် Brightကိုလိုက်ရှာနေသေး သူလမ်းမလျှောက်နိုင်ပေမယ့် သူမက Brightကိုအပြစ်မတင်ပါဘူး

"Tu....ထမင်းစားပါဘူး"

Tuစကားမပြောပဲ ထမင်းစားလိုက်တယ်

"P'win....tuမသေခင် Brightကိုတွေ့ချင်တယ်"

Winဒေါသထွက်ပြီး စားပွဲခုံကိုရိုက်လိုက်တယ် tuနဲ့အမေကလန့်သွားတယ်

"အဲ့ကောင်ကြောင့်ညီမဒီလိုဖြစ်ရတာ သူ့ကိုတွေ့ချင်သေးတယ်ပေါ့ ညီမကိုတကယ်ချစ်တဲ့သူကိုလည်းငဲ့ကြည့်ပါအုံး စဉ်းစားကြည့်အုံးအဲ့နေ့က ညီမတစ်ခုခုဖြစ်သွားခဲ့ရင် အကိုနဲ့အမေဘယ်လိုနေရမလဲဆိုတာ တွေးဖူးလား"

Tuငိုပြီး သူ့အမေနဲ့အကိုမျက်နှာကြည့်လိုက်တယ်

"တောင်းပန်ပါတယ် ညီမက Brightကိုတကယ်ချစ်မိသွားပြီ သူ့ကိုမမုန်းနိုင်ဘူး အပြစ်လည်းမတင်ဘူး ဒါပေမယ့် သူ့ကိုအရင်လိုငယ်ချင်းဖြစ်ချင်သေးတယ်"

Winက သူ့ညီမဆီသွားပြီး ဖက်ထားလိုက်တယ်

"အကိုနားလည်တယ် ဒါပေမယ့်အဲ့ကောင်က ညီမဆေးရုံတက်ရတဲ့နေ့ကတည်းက ကျောင်းလည်းမသွားဘူး ညီမကိုလည်းလာမတွေ့ဘူး ကိုယ့်ကိုဂရုမစိုက်တဲ့သူအကြောင်းကိုထပ်မတွေးနဲ့တော့နော်"

Winကသူ့ညီမမျက်ရည်ကိုသုတ်ပေးပြီး နဖူးကိုနမ်းလိုက်တယ် အမေဖြစ်သူလည်း သူ့သားနဲ့သမီးလေးချစ်ကြတာကိုကြည့်ပြီးကြည်နူးမိတယ်

"သားလေး ကျောင်းသွားတော့ ညီမလေးကိုအမေပဲဂရုစိုက်လိုက်မယ်"

"ဟုတ်ကဲ့"

Winလည်းသူ့အမေပါးကိုနမ်းပြီးထွက်သွားလိုက်တယ်

___________________

"ဟေ့winဒီမှာ"

Winလည်း live နဲ့ Mike နားသွားပြီးထိုင်လိုက်တယ်

"Win ဘာစားမလဲ မာလိုက်လေ"

"ငါမဆာဘူး ဒီနေ့အဲ့ကလေးလာလား"

"Brightကိုဆိုလိုသလား"

Winခေါင်းညိတ်ပြလိုက်တယ် Mikeသက်ပြင်းချပြီး

"မင်းက အဲ့ကလေးကိုလက်စားပြန်ချေမယ်ဆိုတာငါနားလည်တယ် ဒါပေမယ့် ငါမင်းကိုအဲ့အတွေးကိုရပ်စေချင်တယ်"

"မင်းဘာကိုပြောသလဲ ငါ့ညီမလေးရဲ့ တစ်ဘဝလုံး မင်းမှာညီမမရှိဖူးလို့မသိဘူး ငါ့ညီမကအရာရာထက်အရေးကြီးတယ်ကွ"

"ဟုတ်တယ် ငါ့ကမင်းလိုညီအကိုမရှိဘူး ဒါပေမယ့်အဲ့ဒါလည်း Brightဖြစိအောင်လုပ်တာလည်းမဟုတ်ဘူး ပြီးတော့သူ့အဖေကားတိုက်ခံအောင်လုပ်တာလည်း မင်းလက်ယာမ‌ဟုတ်ဘူးမလား"

Winမျက်လုံးပြူးသွားတယ်

"မင်းလုပ်ခဲ့တာမဟုတ်လား"

"မင်းဘာကိုပြောသလဲ"

"အမှန်တိုင်းဖြေစမ်းကွာ"

"အေဟုတ်တယ် ငါကိုယ်တိုင်လုပ်ခဲ့တာ Brightအဖေဖြစ်မှန်းငါမသိဘူး အဲ့နေ့ကငါမူးနေလို့"

Mike Love ကအံ့ဩသွားတယ်

"ဒီအကြောင်းသူသိအောင်မပြောနဲ့ သူငါ့ကိုချစ်မိတဲ့အထိသိမ်းထားပေး"

"မင်းကသူနာကျင်အောင်လုပ်မလို့လားကွာ"

"မင်းသိသာပဲငါဘာဆိုလုပ်နိုင်တယ် မင်းလည်းအတူပဲ သူ့ကိုပြောပြရင် ငါမင်းနဲ့ရန်သူပဲ"

Mikeသက်ပြင်းချပြီးထွက်သွားလိုက်တယ်

"Win နင်တကယ် Brightအပေါ်ရက်စက်မလား"

"Love နင်လည်းသိတယ်မဟုတ်လား ဘယ်သူကငါ့ကိုအရင်လုပ်လည်းဆိုတာ"

__________________________

တစ်လကျော်ပြီ Brightက ကျောင်းမတက်ဘူး အိမ်မှာနေပြီး သူ့ဖေဖေကိုပဲဂရုစိုက်ရတာလေ

"ဖေဖေ ဒီမှာဖေဖေအတွက် ဆန်ပြုတ်ဝယ်ခဲ့တယ် စားပါအုံး"

သူ့အဖေက အနည်းငယ်ပြီးစားလိုက်တယ်

"Bright....ဒီကိုခဏလာစမ်း"

"ဟုတ်ဟုတ်"

ဟုတ်လို့ပြောပေမယ့် Brightကတော့သူ့အ‌ဖေထမင်းစားလို့ဝတဲ့အထိကျွေးပြီးထွက်သွားလိုက်တယ်

"နင်ဒီကိုလာစမ်း"

"အာ့...."

မိထွေးသူ့နားရွက်ကိုဆွဲလိုက်တယ်

"ငါနင့်ကိုခေါ်တာကြာပြီ အခုမှထွက်လာသလား"

"ရှိူက်....ကျွန်တော်တောင်းပန်တယ် ဖေဖေအတွက်ထမင်းကိုခွံ့ကျွေးနေလို့ပါ"

"မရဘူး နောက်ခါငါခေါ်တိုင်းမလာရင် ဒီထက်ပိုနာမှာ နာမှာ"

မိထွေးကလက်လည်းပါ ပါးစပ်ကလည်းဆဲ သူ့လက်နဲ့ Brightကိုရိုက်တယ် ပါးရိုက်တယ်

"အာ့....ရှိူက်...ကျွန်တော်ကြောက်ပြီ ထပ်မလုပ်တော့ဘူးရှိူက်"

Brightငိုပြီးတောင်းပန်လိုက်တယ် အဖေဖြစ်သူတော့ သူ့သားအရိုက်ခံရတာကိုကြားတော့အလွန်နာပျင်ရတယ် အရမ်းလည်းနောင်တရတယ် မွေးလာကတည်းက ဆဲဆိုရိုက်နှပ်မိတာတာနောက်တရတယ် သားလေးကိုကူညီချင်ပေမယ့် ဘယ်ကိုမှမသွားနိုင် တစိယောက်ထဲပဲကြိတ်ငိုနေရတာ

"မနက်ဖြန်ကစပြီး အလုပ်သွားလုပ်"

"ရှိူက်...ကျွန်တော်က ကျောင်းလည်းသွားရမယ် ဖေဖေ့ကိုဂရုစိုက်ရမယ်"

"နင်အလုပ်မလုပ်ရင် ငါရော နင့်အဖေရောစားစရာမရှိတော့ဘူး"

"ဒါပေမယ့်...."

"နာချင်သလား"

Brightခေါင်းယမ်းလိုက်တယ်

"သွား ထမင်းသွားချက်တော့"

Brightကမျက်ရည်အပြည့်နဲ့ မီးဖိုချောင်ထဲဝင်သွားတယ် မျက်ရည်က မခြောက်နိုင်တဲ့အထိစီးကျနေတယ်

"Bright မငိုနဲ့အဖေအတွက် မင်းသန်မာရမယ်"

Brightကသူ့ကိုယ်သူပြောပြီး အားတင်းထားပြီး နငိုဖို့ကြိုးစားနေလိုက်တယ်

___________________________

"ဟေ့win"

အသံကြားတော့ winလှည့်ကြည့်တော့ naniကိုတွေ့ရတယ် nani ပြေးပြီး winကိုဖက်ထားလိုက်တယ် winက naniကိုတွန်းလိုက်တယ်

"Win...မင်းလည်းဒီကြောင်းမှာပေါ့ မင်းနဲ့အတူကျောင်းတက်ရမှာကိုဝမ်းသာတယ်"

"အင်"

Win ထွက်သွားချင်ပေမယ့် naniကသူ့လက်ကိုဆွဲထားလိုက်တယ်

"မင်းဘာလုပ်သလဲ ငါ့ကိုလာမထိနဲ့"

"အေပါ တောင်းပန်ပါတယ်"

"ပြီးတော့ ငါ့နောက်မလိုက်လာနဲ့"

"ဘယ်ရမလဲ ငါလိုက်ရမှာပေါ့...Win...အဲ့ဒါဘယ်သူလဲ ကြောက်စရာကြီး"

Winကြည့်လိုက်တော့ Brightကိုတွေ့ရတယ် Brightမျက်နှာကအလွန်ဖြူဖက်နေတယ် ပါးပြင်ပေါ်ကမျက်ရည်လည်းစီးကျနေတယ် Brightစိတ်ဖိစီးဖြစ်နေတယ်ဆိုတာ winသိတယ်

"Bright..."

"Win"

Brightကwinကိုပြေးဖက်လိုက်တယ် winကိုတွေ့ရတာဘာကြောင့်မှန်းမသိ Brightအရမ်းဝမ်းသာတယ်

"Bright ဘာဖြစ်သလဲ"

"ရှိူက်.... Brightကြောက်တယ်"

"ကိုယ်ရဲ့ကလေးကြောက်စရာမလိုဘူး အကိုကအမြဲတမ်း Brightဘေးမှာရှိပေးမယ်"

"ဒါပေမယ့် Brightအဖေက နေမကောင်းဘူး အဖေစကားပြောနိုင်အောင်ဘယ်လိုလုပ်ရမှန်းမသိဘူး"

"Bright အဖေဘာဖြစ်သလဲ"

"ရှိူက်....ကားတိုက်ခံရတယ်"

"ဟို.... Bright"

Winက Brightကိုသူ့ရင်ခွင်ထဲဆွဲထည့်လိုက်တယ် naniက ဆွဲဖယ်လိုက်တယ်

"Winဒီကောင်လေးကဘယ်သူလဲ"

Brightက naniကိုကြည့်လိုက်တယ်

" Nani ဒါက Bright ငါ့ရဲ့ချစ်သူ"

Brightမျက်လုံးပြူးသွားတယ် naniကဘာမှပြောလို့မထွက်တဲ့အထိငြိမ်နေလိုက်တယ် winနဲ့ Brightလည်းထွက်သွားလိုက်တယ်

"Winဘာလို့အဲ့လိုပြောသလဲ"

"ငါပြောတာမှားရဲ့လား မင်းကငါ့ချစ်သူ"

Winပြောပြီး Brightနှုတ်ခမ်းကိုဆွဲနမ်းပြီးလွှတ်ပေးလိုက်တယ်

"မင်းရော ငါ့ကိုချစ်လား"

"မသေချာသေးဘူး"

Brightရှက်ပြီးပြောလိုက်တယ် winကနီရဲနေတဲ့ Brightရဲ့ပါးနှစ်ဖက်နမ်းလိုက်တယ်

"Win..."

"ဘာလို့လဲ"

"ငါစဉ်းစားဖို့အချိန်ပေးပါအုံး"

"ငါစောင့်နိုင်တယ်"

Winက Brightကိုတင်းကြပ်ဖက်ထားလိုက်တယ် Brightမမြင်နိုင်တဲ့ သူ့မျက်ဝန်းကတော့ အချစ်ကသူ့အတွက်အရေးမကြီးတော့ပဲ လက်စားချေမှုကပိုအရေးကြီးသလိုပဲ

"Bright လာအတန်းသွားရအောင်"

Brightခေါင်းညိတ်တယ် နှစ်ယောက်လုံးခွဲခွာပြီး ကိုယ့်အတန်းကိုသွားကြတယ်

"ဟေ့ အဲ့ကောင်ကဂေးကြီး သူနဲ့ဝေးဝေးနေ"

Brightဝင်လာတော့ ကောင်မလေးတစ်ယောက်ကအော်ပြောလိုက်တယ် Brightကတစ်ခြားလူစိတ်မဝင်စားပဲသူ့နေရာကိုထိုင်လိုက်တယ်

"ဟေ့ Bright ငါ့အကိုနင့်ကိုသဘောကျလို့တဲ့ သူနဲ့တစ်ညအိပ်နိုင်မလား"

Brightဒေါသထွက်ပြီး အဲ့ဒီကောင်လေးကိုထိုးလိုက်တယ်

"မင်းငါ့ကိုအထင်သေးတာလား ငါကအဲ့လိုလူမဟုတ်ရဘူး"

"Ai Bright မင်းငါ့ကိုထိုးရဲတယ်ပေါ့"

"ဘာလို့မလုပ်ရဲရမလဲ မင်းငါ့ကိုစပြီးအထင်သေးခဲ့တာလေ"

အဲ့ကောင်လေးက ဒေါသထွက်ပြီး လူနှစ်ယောက်က Brightကိုဆွဲထားပြီး သူက Brightကိုထိုးတယ် ကျန်တဲ့သူကမကူပဲရယ်ကြတယ် Brightပျော့ညံ့တဲ့အထိနှိပ်စက်ကြတယ်

*ကျောင်းဆင်း*

"ဟေ့ကောက်လေး ဒီကိုလာခဲ့"

အသံကြားတော့ Brightက သူ့ကိုခေါ်တဲ့လူဆီသွားပြီး

"ငါ့ကိုခေါ်သလား"

"ထိုင်...ထိုင်လေ"

Brightလည်းထိုဂ်လိုက်တယ် အဲ့လူက Brightအတွက်ဆေးလိမ်းပေးလိုက်တယ်

"ဟေ့ မင်းဘယ်သူလဲ"

"မင်းကိုကြိတ်ကြွေတဲ့သူ ငါ့နာမည်က mew မှတ်ထားနော်bright"

Bright မျက်လုံးပြူးသွားတယ်

"ကြားဖူးသလိုပဲ"

Brightခဏစဉ်းစားတော့ သူ့အဖေငယ်ချင်းရဲ့သားဆိုတာမှတ်မိသွား

"ငါ့အဖေရဲ့ငယ်ချင်းသားမဟုတ်လား"

Mewခေါင်းညိတ်ပြီးပြုံးလိုက်တယ်

"ငါဒီကျောင်းပြောင်းလာတာက မင်းကိုတွေ့ချင်တယ် ပြီးတော့ဂရုစိုက်ပေးချင်တယ် ရတယ်မလား"

Bright ဘာမှမပြောပြုံးလိုက်တယ်

"ဒါဆို ငါပြန်တော့မယ် နော်မှပြန်တွေ့မယ်နော်"

"ကောင်းပြီ"

Brightပြေးသွားလိုက်တယ် winက ဒါသတကြီးနဲ့သူ့ကိုကြည့်လာတာကိုတွေ့ရတယ်

"Win"

Winက Brightလက်ကိုတင်းကြပ်ဆုပ်ကိုင်ပြီးဆွဲသွားတယ်

"Win ငါနာတယ် ငါ့ကိုလွှတ်"

"ငါ့ကိုဖောက်ပြန်ရင် ဘာတွေ့ရမလဲဆိုတာ မင်းသိရမယ်"

Winက လူယုတ်မာလိုပြုံးပြီး Brightကို ကားပေါ်တင်ထားပြီး ကားကိုမောင်းသွားလိုက်တယ်

(Winက Brightကိုဘာလုပ်မလဲ မှောင်မလား လင်းမလားမသိဘူး😂)

Ga verder met lezen

Dit interesseert je vast

175K 4.6K 40
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
310K 9.3K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
77.7K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...
249K 18.1K 90
as usual many dramas, emotions, fluffy , angst, and most importantly soo much love. top tae bot kook no cheating no threesom No skin ship with others