ep.3

100 12 2
                                    

***လှည့်စားတဲ့ချစ်ခြင်း***

Brightကမျက်လုံးဖွင့်ကြည့်တော့ သူ့အိမ်လည်းမဟုတ် သူမရောက်ဖူးတဲ့နေရာခံစားရတယ် Brightလည်းအမြန်ထလိုက်တယ် သူ့ခေါင်းကိုက်သေးသာကြောင့် သူအမြန်ထတော့ပိုဆိုးပြီး သူ့ခေါင်းကိုကိုင်လိုက်တယ်

"အာ့ အာ့"

Brightအော်သံကြားတော့ winလည်းရေချိုးခန်းထဲကနေအမြန်ထွက်လာတော့ Brightကနိုးလာပြီ သူ့ခေါင်းကလေးကိုင်ထားကိုမြင်ရတယ် winလည်းသူဆေးထားတဲ့ အသီးကိုခုံပေါ်မှာတင်ပြီး Brightနားမှာအမြန်ဆုံးအနီးကပ်လိုက်တယ်

" Bright ဘာဖြစ်သလဲ ခေါင်းနာသေးတယ်လား"

Brightမော့ကြည့်တော့ winကိုတွေ့ရတယ်

"မင်းဒီကိုဘယ်လိုရောက်လာသလဲ"

"မင်းကမနေ့ညက မူးလဲလို့ဆေးရုံကိုခေါ်ခဲ့သာ မပြောနဲ့နော်မင်းကအတိတ်မေ့ပြီဆိုသာ"

"ငါအတိတ်မမေ့ရဘူး ငါပြန်ရတော့မယ်"

Brightထဖို့ပြင်နေ winလည်းအမြန်ဆုံး Brightကိုပြန်ထိုက်ခိုင်းလိုက်တယ်

"မင်းဘယ်ကိုမှသွားလို့မရဘူး မင်းပျောက်တဲ့အထိဒီဆေးရုံမှနေရမယ်"

"ငါဘာမှမဖြစ်ရတော့ဘူး ဖယ်စမ်းငါပြန်ရတော့မယ်"

"ငါခွင့်မပြုဘူး"

Winပြောပြီး Brightကိုအိပ်စေတယ်

"မင်းထရဲထကြည့် မင်းမူးလဲတဲ့အထိနမ်းပစ်မယ် မယုံရင်စမ်းကြည့်"

Bright အနည်းငယ်တုန်လှုပ်သွားတယ်

"မင်းကငါရဲ့ဆွေမျိုးလည်းမဟုတ် သူငယ်ချင်းလည်းမဖြစ် ဘာကြောင့်ငါ့ကိုလာဂရုစိုက်ရသလဲ"

Winလည်းသက်ပြင်းချပြီး သူ့လက်ချောင်းတွေလည်း Brightဆံပင်ထဲကိုပြေးပြီးဆော့ကစားနေတယ်

"ဘာကြောင့်ဒီလိုလုပ်လည်းဆိုတော့ ငါမင်းကိုချစ်တယ် Bright ငါမင်းကိုစတွေ့ကတည်းကချစ်ခဲ့သာ"

Brightတုန်လှုပ်သွားတယ် သူ့ဘဝမှာတစ်ခါမှအချစ်ကိုမခံစားဖူးဘူး အချစ်ကဘာလဲဆိုသာမသိဘူး

"မင်းဘာပြောသလဲ"

Winလည်း သွယ်လျက်နေတဲ့လက်လေးကိုဆုပ်ကိုင်လိုက်တယ်

လှည့်စားတဲ့ချစ်ချင်းWhere stories live. Discover now