ep.5

90 7 6
                                    

***လှည့်စားတဲ့ချစ်ခြင်း***

"မိန်းမနင်ဘာလို့အဲ့လိုလုပ်သလဲ...ငါ့ပိုက်ဆံကိုပြန်ပေး"

အသံကြားတော့ Brightအိမ်ထက်ပေါ်တက်လာကြည့်တော့ သူ့အဖေနဲ့မိထွေးစကားများသံကိုကြားရတယ်

"ကျွန်မမပေးနိုင်ဘူး"

"နင်အမြဲတမ်းငါ့ပိုက်ဆံကိုခိုးတာကို အဲ့ကြောင့်ငါသိမ်းထားတဲ့ပိုက်ဆံအမြဲပျောက်သွားတာ"

"ကျွန်မကရှင့်မိန်းမ ရှင့်ပိုက်ဆံလည်း ကျွန်မပိုက်ဆံပဲ"

"အဲ့ဒါကမတူဘူး ဒီပိုက်ဆံကငါသိမ်းထားတာ လတိုင်းလည်းငါနင့်ပိုက်ဆံကိုပေးခဲ့တာပဲလေ"

"ကျွန်မစောက်ဂရုမစိုက်ဘူး...ဖယ်"

သူတို့လုသံကြားတော့ Brightအမြန်ဝင်ပြီး သူ့အဖေက သူ့မိထွေးရိုက်တော့မယ်ဆိုတာမြင်တော့ Brightအမြန်သူ့အဖေကိုသွားတားလိုက်တယ်

"ငါ့ကိုလွှတ်"

"ဖေဖေ မိန်းကလေးကိုမရိုက်ပါနဲ့"

"ငါ့ကိုလွှတ် ဖြန့်"

အဖေဖြစ်သူ Brightပါးကိုရိုက်လိုက်တယ် ထွက်ပြေးနေတဲ့သူ့မိန်းမနောက်ကိုလိုက်ပြေးသွားလိုက်တယ်

"ဖေဖေ...."

Brightအမြန်သူ့အဖေအနောက်ကိုလိုက်ပြေးသွားလိုက်တယ် ဒါပေမယ့်ကားတိုက်သံကြားတော့ Brightအမြန်ပြေးသွားတော့ အ‌ေဖဖြစ်သူက မြေကြီးပေါ်က သွေးအပြည့်နဲ့အိပ်နေတာကိုတွေ့ရတယ်

"ဖေဖေ....ဖေဖေ"

"ယောင်္ကျား"

Bright အမြန်ပြေးပြီး အဖေဖြစ်သူကိုယ်ကိုယူလိုက်တယ်

"အဒေါ် ဆေးရုံဖုန်းခေါ်ပေးအုံးဗျ....ကျေးဇူးပြုပြီးကျွန်တော့်အဖေကိုကူညီပါ"

Brightငိုပြီး သူ့မိထွေးကိုတောင်းပန်လိုက်တယ် မိထွေးဖြစ်သူကမလုပ်ချင်ပေမယ့် သူ့ယောကျားမရှိရင် သူကလည်း သူ့ယောကျားအမွေရမယ်မဟုတ်ဘူး

______________

ဆေးရုံနားရောက်တော့ Brightကသူ့အဖေအတွက်ဆုတောင်းပေးရုံပဲ သူ့အဖေတစ်ခုခုဖြစ်သွားမှာလည်းကြောက်တယ်

လှည့်စားတဲ့ချစ်ချင်းWhere stories live. Discover now