မမ မေငြိဏ်းကျော် သိလား vol 1...

By yeiksaryar

162K 13.8K 327

မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်... More

အခန်း (၁)
အခန်း(၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈) ဇာတ်သိမ်း
🖤📢
BOOK 📕
Cover Art🖤
NOW!

အခန်း (၁၂)

5.3K 513 9
By yeiksaryar


အခန်း (၁၂)
 
ကျွန်မ သူ့စာလေးကို ဖတ်လိုက်မိပြီး ကတည်းက ကလေးအပေါ် ဘယ်လို စိမ်းပြတ်တဲ့ ခံစားမှုမှ မရှိတော့ပါဘူး။ သူ ကျွန်မကို ရန်လိုခဲ့တာတွေကို ကျွန်မ မေ့သွားသလိုပါပဲ။ အကြိမ်ကြိမ် ပြန်ခေါ်ဖို့ ကြိုးစားခဲ့တာတောင် လက်သင့် မခံခဲ့တာတွေကို ကျွန်မ စိတ်ပြေသွားနိုင်ခဲ့ပါတယ်။

အဆိုးဆုံး တစ်ခုဖြစ်တဲ့ အရာက ကျွန်မ တားနေရက်နဲ့ ကျွန်မ ဆံပင်တွေကို တစ်ဖက်သတ် ဆန်ဆန် ရှိုက်နမ်းသွားခဲ့တယ်။ ဒါကိုလည်း ကျွန်မ စိတ်ထဲက ထုတ်ပစ်နိုင်ဖို့ပဲ တွေးပါတော့တယ်။ ဒါပေမယ့် ကလေးရဲ့ ခေါင်းမာပြီး ဇွတ် လုပ်တတ်တာကိုတော့ ကျွန်မ ကောင်းကောင်း သိသွားပါတယ်။နောက်ပြီး ကျွန်မ ပြန်စာ ရေးဖို့ ဆုံးဖြတ်လိုက်မိပါတယ်။

"သမီး"

"ဟင် ဖေဖေ"

"အင်း၊ ဘယ်သူ့ဆီက စာလဲ။ နွယ့်ဆီကလား"

"မဟုတ်ဘူး ဖေဖေ။ နွယ်ကဖြင့် တစ်ခါမှတောင် စာ မရေးခဲ့ဖူးတာ"

"အင်းလေ ၊ဒါကြောင့် ဖေဖေနဲ့ သမီးမေမေ စဥ်းစားကြည့်နေတာ။ တခြား တစ်ယောက် ရှိလာခဲ့တာလား သမီး"

"ဟုတ်တယ် ဖေဖေ"

​ကျွန်မ ဖြေသံကြားတော့ ဖေဖေ့မျက်နှာရော၊ ခုနလေးကမှ ကျွန်မတို့အနား ရောက်လာတဲ့ မေမေ့မျက်နှာရော ကြည်လင်သွားတာ တွေ့ရတယ်။ ကျွန်မကို တခြားသူတွေလို လူမှုဆက်ဆံရေး အဝိုင်းအဝန်းတစ်ခု တော်တော် ရစေချင်ပုံ ပေါ်တယ်။ ကျွန်မ မထင်ထားတဲ့စကားကိုလည်း ထပ် ကြားလိုက်ရတယ်။

"မိန်းခလေးလား၊ ယောကျ်ားလေးလား သမီး။ မိန်းကလေးဆို အိမ်အလည် ခေါ်လေ”

ကျွန်မ တကယ်ကို အံ့သြသွားရပါတယ်။ နွယ့်ကိုတောင် အိမ်အလည်ခေါ်ဖို့ မပြောခဲ့ဖူးတဲ့ မိဘတွေက ဘယ်သူမှန်းတောင်မသိသေးတဲ့ ကလေးကိုကျ အိမ် အလည် ခေါ်ပါလားတဲ့။

"ဟုတ်တယ် သမီးလေး။ အခုမှ Semester တစ်ခုစာပဲ တွေ့ရသေးတာ။ သမီးဆီ စာရေးတယ်ဆိုတော့ သမီးတို့ တော်တော်ရင်းနှီးခဲ့လို့ နေမှာပဲ။ သမီးကလည်း စာရေးခွင့်ပေးခဲ့တယ် ဆိုတော့လေ။ နောက်ပြီး သူကလည်း လေးနက်တတ်တဲ့ သူမျိုးမို့ နေမှာပေါ့"

"ဟုတ်ကဲ့၊ နောက်မှပေါ့ မေမေရယ်"

မေမေက ကျွန်မခေါင်းကို ဖွဖွလေး ပွတ်သပ် ချော့မြူသွားပါတယ်။ ကျွန်မ မိဘတွေကို စိတ်ပေါ့ပါးအောင် ကျွန်မ လုပ်နိုင်စွမ်းပြီလား။ ဒါမှမဟုတ် ကလေးက လုပ်နိုင်စွမ်းခဲ့တာလား။ ကျွန်မ တစ်ယောက်တည်း ကျန်ခဲ့တော့မှ ကလေးရဲ့ စာကို နောက်တစ်ခေါက် ထပ်ဖတ်ကြည့်မိပြန်တယ်။

ထပ်ပြီး ဖတ်ကြည့်ပြန်တော့လည်း သတိရစိတ်က ပြေလျော့မသွားတဲ့အပြင် ပိုပြီးတောင် ကဲလာသလိုပါပဲ။ ကလေးက ကျွန်မစိတ်ကို တော်တော်ကြီး ပိုင်စိုးနေနိုင်ပြီလားကွယ်။

ကျွန်မရဲ့ဆံပင်တွေကို ထိကိုင်ဖူးတာ မေမေပြီးရင် နောက်တစ်ယောက်က ကလေးပါပဲ။ သူကတော့ ပိုပိုသာသာကြီး ကျွန်မအပေါ် ပြုမူခဲ့တာပေါ့။ ကျွန်မ ဆံနွယ်တွေကို သူ နမ်းခဲ့တယ်လေ။ မကြိုက်ပါဘူး ပြောနေတာကို နည်းနည်းမှ နားမဝင်ခဲ့ဘူး။

အရင်တစ်ကြိမ်ကလည်း ကျွန်မရဲ့ ပါးပြင်ကို သူ့လက်ဖဝါးနဲ့ ထိကိုင်သွား​ရဲ့။ နောက်ပြီး သူ့ရဲ့လိုအင်တစ်ခု။ အို ဒါကိုတော့ ကျွန်မ ခွင့်မပြုရုံမက သူ ဇွတ်လုပ်လို့ မရအောင် တိမ်းရှောင်ပစ်ခဲ့ရတယ်။ ကလေး ကျွန်မအပေါ် သိပ်ဆိုးချင် တာပဲကွယ်။

ကျွန်မမှာ ရှက်ဖို့တောင် အချိန်မရှိခဲ့သလိုပါပဲ။ ခံစားမှုတွေ ပြင်းထန်နေတဲ့ အချိန်မျိုးမှာမှ သူလုပ်ခဲ့တယ်။ ပြဿနာကို ဖြေရှင်းဖို့ ကျွန်မမှာ ရင်နင့်အောင် သူ့စကားတွေ၊ သူ့မေးခွန်းတွေနဲ့ လုံးပန်းနေရတုန်း သူ အခွင့်အရေး ရသွားခဲ့တယ်။ တကယ်တော့ ကျွန်မက အခန်းထဲရောက်မှ သူ့အပြုအမူတွေကို ရင်တုန် လန့်ဖျတ် ခဲ့ရတာပါ။ ကလေး ရှေ့ကတော့ ကျွန်မ ခြေလှမ်းတွေ အားတင်းပြီး လျှောက်ထွက် ခဲ့ရတယ်လေ။

ကျွန်မကို သွေးအေးတယ်၊ ခံစားမှုနည်းတယ်လို့ ကလေးက ထင်နေမှာပါပဲ။ သူ့ဆီမှာ ရီဝေ မှိုင်းညို့တဲ့ အကြည့်နဲ့ အမူအယာ တွေ ပေါ်လာတိုင်း ကျွန်မ အတင်း ရုန်းထွက်ခဲ့ရတယ်။ အိန္ဒြေမပျက်တဲ့ ဟန်ပန်ကို ထိန်းထားနိုင်ခဲ့ပေမယ့် ကျွန်မ တစ်ခုခုကို စိုးရိမ်ထိတ်လန့်ခဲ့ရတာချည်းပဲပေါ့။

အဲ့ဒီ တစ်ခုခုဟာ ကျွန်မကိုယ်တိုင် ရောထွေးပါဝင်သွားပြီး အခြေအနေ တစ်ခုဆီ ဦးတည်ဖြစ်ပွားသွားမယ့် တစ်ခုခုလား၊ ကလေးက ကျွန်မကို ပိုပြီး ထိပါး လာမှာကို စိုးကြောက်တဲ့ တစ်ခုခုလား ဆိုတာ ကျွန်မ သေချာ မဝေခွဲတတ်ပါဘူး။ နှစ်ခုစလုံးလည်း တစ်ပြိုင်တည်း ဖြစ်နိုင်သွားတာပဲ ကိုး။

ဆံပင်တွေကို သူနမ်းသွားတုန်းကဆို ကျွန်မဖြင့် ကတုန်ကယင်ကြီးဖြစ်ကျန်ခဲ့တာ။ အဲ့ဒီတုန်းက သူ့ကို တွန်း မဖယ်ရဲတဲ့အထိပါပဲ။ ကျွန်မက တွန်းထုတ်လိုက်ရင် သူ ပိုတိုးပြီး ကျွန်မကို ဖက်ထားလိုက်မှာ စိုးလို့လေ။ အဲ့တုန်းက ကလေးက ကျွန်မရဲ့ ဆံပင်တွေကိုပဲ ထိပြီး ကျွန်မကို မထိလို့လည်း စိတ်သက်သာရာ ရခဲ့သေးတယ်။

သူလိုချင်တဲ့ လိပ်စာကို အမြန်ရေး​ပြီး ပေးလိုက်တော့ ထွက်သွားလို့ တော်ပါသေးရဲ့။ ကျွန်မဖြင့် အခန်းထဲမှာ တစ်ယောက်တည်း အားအင်တွေ ကုန်ခမ်းသွားတဲ့ လူတစ်ယောက်လို သူ့လုပ်ရပ်ကို ကြောက်နေခဲ့မိတယ်။

ကလေးကို မကြောက်ပါဘူး။ အနေအထားကို ကြောက်မိတယ်ဆို ပိုမှန်မှာပါ။ ကျွန်မ အဲ့သလိုပုံစံမျိုးနဲ့ ကြုံခဲ့ရတာ ပထမဆုံးအခါတွေကိုး။ ဘယ်သူနဲ့မှ အဲ့သလိုမျိုး မနီးကပ်ခဲ့ဖူးဘူးကိုး။ ကလေး သိပ်ဆိုးတာပဲ။

ဒါပေမယ့် သူ လုပ်ခဲ့တာတွေကို ကျွန်မ စကားပြန်စပြီး အပြစ်တင်ဖို့ စိတ်ကူးမရှိပါဘူး။ ဆူလည်း မဆူရဲဘူး။ ပြန်ပြီး အစဖော်သလို ဖြစ်မှာစိုးလို့ပါ။ မဖြစ်ခဲ့သလို သဘောထားလိုက်တာက ကျွန်မတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးပဲ မဟုတ်လားနော်။

.....................

အိမ်ခြံဝင်းထဲက ပန်းပင်တွေကို ဂရုတစိုက်လုပ်နေတဲ့ ဖွားဖွားနားမှာ ကျွန်မ ဟိုမေး ဒီမေးနဲ့ လာရှုပ်နေတယ်။ အဲ့ဒီအချိန်မှာပဲ ​စာတိုက်ဝန်ထမ်းလေး ရောက်လာပြီး ကျွန်မအတွက် စာ လာလို့တဲ့။ ကျွန်မဖြင့် ရင်ထဲမှာ ဒိန်းခနဲ တစ်ချက် ဖြစ်သွားမိတယ်။ ဒါဟာ စာအုပ် လက်ဆောင်ပေးတုန်းက ဖြစ်သွားခဲ့ ဖူးတာနဲ့လည်း မတူသေးဘူး။

အခုက ရင်ခုန်မှု ပိုဆန်သလိုပါပဲ။ ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်တုန်းကတောင် မခုန်ခဲ့တဲ့ရင်က သိသိသာသာကြီး လှုပ်ရှားသွားသတဲ့။ ရင်ခုန်တယ်ဆိုတာ ဒါမျိုးကို ပြောကြတာလား။ ဒါဆို စာလေးတစ်စောင်က ကျွန်မကို ပထမဆုံးအကြိမ် ရင်ခုန်စေခဲ့ပြီတဲ့လေ။ မမ မေငြိဏ်းနဲ့ အတူ ရှိခဲ့ရတုန်းကတောင် ဒီလိုမျိုး မဖြစ်ခဲ့ဖူးဘူး။

စိတ်ထဲ တငြိမ့်ငြိမ့် ဖြစ်ရတာ၊ ရန်လိုပြီး စိတ်လှုပ်ခတ်ရတာမျိုးတွေ ခံစားခဲ့ရ ဖူးပေမယ့် ဒီလိုပုံစံနဲ့ ရင်ထဲတစ်ချက် ဆောင့်ခုန် မြည်ဟီးသွားတာက အခုမှပါ။ ငြိမ့်ညောင်းခဲ့ဖူးတယ် ဆိုတာလည်း မမ မေငြိဏ်းရဲ့ ပြောစကားတွေ၊ အမူအရာတွေ၊ ဆွေးမြေ့မှုတွေကို ကျွန်မက ဘေးကနေ မြင်နေရပြီး ကျွန်မကိုယ်တိုင် လိုက်စီးမျောခဲ့ရတာကို ဆိုလိုတာပါ။
ကျွန်မ ပျော်သွားတာ အရမ်းသိသာနေတဲ့ပုံပဲ။ ဘာလို့ဆို ဖွားဖွားက ပြုံးပြုံးကြီး ကြည့်ပြီး "သွားဖတ်လေ" လို့ ကျွန်မခေါင်းကို ပုတ်ပြီး ပြောတယ်။ ကျွန်မဆီ စာရေးတဲ့သူရှိ​တာကိုလည်း အံ့သြနေပုံပဲ။ မမ မေငြိဏ်း အကြောင်း ဖွားဖွားကို နောက်မှ ပြောပြရမယ်။ ဒါပေမယ့်လည်း ပြောပြချင်မှ ပြောပြဖြစ်မှာပါ။ ကျွန်မ စိတ်ထဲမှာ ဘာကိုမှ ကြိုပြီး မစဥ်းစားထားတာမျိုးက ပိုကောင်းတယ်လို့ ထင်တယ်။

 သို့ /

ကလေး

မမ စာပြန်လိုက်ပါတယ်။ ကလေးကို ကလေးလို့ မခေါ်ဖြစ်ခဲ့တာက မမ နည်းနည်း စိတ်ဆိုးနေလို့ပါ။ မမတို့မှာ အချိန် သိပ်မကျန်တော့လို့လည်း ပါတာပေါ့။ ပြီးခဲ့တဲ့အကြောင်း ဆိုပေမယ့် မမ ထပ်ပြောပါဦးမယ်။ နွယ်နဲ့မမက သက်တူ၊ ရွယ်တူ၊ အတန်းတူ၊ အခန်းတူတွေလေ။ မမက အပေါင်းအသင်း နည်းတော့ နွယ်က တကယ်ပဲ မမအတွက် သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ နွယ့်လို ရင်းနှီးရတဲ့သူမျိုး မမဆီမှာ State ကျောင်းတုန်းကတောင် တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်ကို နွယ်နဲ့မှ ပိုပြီး သိခဲ့ရတာမျိုးပါ။ ကလေး က မမနဲ့ အရွယ်မတူ၊ အတန်းမတူ၊ အခန်းလည်း မတူဘူးမို့လား။ ဒါဆို ကလေးအပေါ် နွယ်နဲ့ ဘယ်တူတော့မလဲ။ မမကို သံသယ မထားပါနဲ့ကွယ်။ နောက်ပြီး မမက အမိန့်ဆန်သလိုလို၊ မိခင်ဆန်လိုလို ကလေးအပေါ် လွှမ်းမိုးအနိုင်ယူတယ်ဆိုတာမျိုးက မဟုတ်ပါဘူး ကလေးရယ်။ ကလေးပြောတဲ့ မမကို ဘယ်သွားသွား တစ်ယောက်တည်း မသွားရဘူး ဆိုတာတွေ ၊ ထမင်းကို ကလေးနဲ့ပဲ စားရမယ် ဆိုတာတွေ မမ လိုက်နာခဲ့မိတယ်လေ။ အဲ့ဒီတော့ တို့နှစ်ယောက်ရဲ့ အတူတူ ရှိခဲ့သမျှ အချိန်တွေက နှစ်ဦးနှစ်ဖက်ရဲ့ဆန္ဒတွေလေ။ ဟုတ်တယ်မို့လား။ တစ်ဦး တစ်ယောက်တည်းက ဖန်တီးထားတာ၊ ပြုလုပ်လိုက်တာမျိုး မဟုတ်ဘူးမို့လား ကလေး။ မမပြောတာ ဘောပေါက်လားဟင်။ မမ ဒါကို ရှင်းပြချင်တာပါ။ စာလည်း ရှည်နေပါပြီ။ ကလေးနဲ့တကွ တစ်မိသားစုလုံး ကျန်းမာပါစေ။

သြော် မေ့တော့မလို့။ အခုတစ်ခေါက် ကျောင်းပြန်ဖွင့်ရင် မိုးရာသီမို့ အနွေးထည် ထည့်ခဲ့ဖို့ မမေ့နဲ့နော်။ ဆောင်းတုန်းကလည်း ကလေး တစ်ခါမှ လက်ရှည်ဝတ်တာ မတွေ့လို့။ မေ့မှာစိုးလို့ပါ။

 ကလေးရဲ့
               စိတ်မဆိုးတော့တဲ့ မမ။

စာဆုံးသွားတော့ ကျွန်မ ရင်ထဲမှာ တလှိုက်လှိုက် တုန်ခါလာတယ်။ ဘုရားရေ။ ကျွန်မ အနွေးထည် မဝတ်တတ်ခဲ့တာကအစ မမမေငြိဏ်း သတိပြု နေခဲ့တာတဲ့ လား။

ကျွန်မနဲ့ မမမေငြိဏ်းဟာ ဒီဇင်ဘာ ကျောင်းဖွင့်ကာစကဆို မရင်းနှီးသေးဘူးလေ။ နောက်ပြီး အင်္ဂလိပ် အယ်ဖာဘက်တွေ သုံးပြီး "မေငြိဏ်း"ကို ဒီလောက် လှပ သေသပ်အောင် ဘယ်လို sign ထိုးလိုက်တာပါလိမ့်။ ကျွန်မဖြင့် ကြည့်မဝခဲ့ဘူး။

ဝမ်းနည်းတာရော ဝမ်းသာတာရောဟာ တစ်ပြိုင်နက်တည်း ကျွန်မဆီ စီးဝင် လာတာပါပဲလား။ တစ်ခုခုက ကျွန်မကို လှိုက်ခါ တုန်ရင် ဦးခိုက်စေအောင် လုပ်နေသလိုပါပဲ။ ဘယ်အရာကလဲ။ ဘယ်နေရာက အဲ့ဒီလိုဖြစ်စေတာပါလဲ။ ကျွန်မရဲ့မျက်လုံးဆီကလား။ ကျွန်မရဲ့ရင်ဘတ်ထဲကလား။ စာရွက်ကိုင်ထားဆဲ ကျွန်မရဲ့ လက်ချောင်းဖျားလေးတွေဆီကလား။

အို။ ကျွန်မဖြင့် မမ မေငြိဏ်းကို လွမ်းလိုက်တာလေ။ အခုပဲ သူ့လက်ကလေးတွေ နဲ့ ရေးထားတဲ့စာလုံးတွေကို ကြည့်ခဲ့ပြီးတာကို။ အခုပဲ သူဖော်ပြတဲ့ စကားလုံးတွေ ဖတ်ခဲ့ပြီးတာကိုလေ။ ကျွန်မမှာ အလွမ်းရယ် မပြေနိုင်။ ပိုလို့တောင် လွမ်း တ မိပါသတဲ့။

ကျွန်မကို မမ မေငြိဏ်း စိတ်မဆိုးတော့ဘူးတဲ့။ ဘယ်လောက်တောင် ကြီးမားတဲ့ လက်ဆောင်မျိုးပါလဲ။ ဘယ်လောက်တောင် စိတ်ချမ်းမြေ့ဖွယ် အချင်းအရာလဲ။ ကျွန်မရဲ့ တမြေ့မြေ့ ပူပြင်း လှိုက်လောင် ဝမ်းနည်းရမယ့် ခံစားမှုတွေကို ငြိမ်းသတ်ပေးလိုက်သလိုပါပဲ။

အချိန်တစ်ခုကြာပြီးမှ ပြန်ပြေလည်မှုရတဲ့အတွက် ဒါဟာ အချိန်ရဲ့စွမ်းအင် ကြောင့်လား။ ကျွန်မရဲ့  အရဲစွန့် ကြိုးစားပြီး ရေးလိုက်တဲ့စာကြောင့်လား။ အို ဘယ်လိုကြောင့်ဖြစ်ဖြစ် ဒါဟာ ကျွန်မအတွက် တန်ဖိုးရှိလွန်းတဲ့ အခြေအနေ တစ်ခု ပါပေပဲ။

နောက်တစ်လ ရောက်တော့ မမမေငြိဏ်းဆီ ကျွန်မ စာတစ်စောင် ထပ် ထည့်မိတယ်။

သို့ /

မမ

ဖေဖေက စာဖတ်နေတယ်။
ဖွားဖွားက ကောက်ညှင်းမုန့်ထုပ်တွေ လုပ်နေတယ်။
ငယ်ကတော့ မမကို လွမ်းနေပါတယ်။

မမရဲ့
         ကလေး
 
မကြာပါဘူး။ မမ မေငြိဏ်းဆီက စာပြန်လာပါတယ်။ ကျွန်မတို့ကြားမှာ စာတိုက်ပုံး အနီရောင်လေးတွေ၊ စာတိုက် စည်းတံဆိပ်တွေ၊ ပေးစာ တွေဟာ အသက်ဝင် လှပ လို့ပေါ့။

သို့ /

ကလေး
မမ ကလေးကို သတိရပါတယ်။

ကလေးရဲ့

                မမ။

 စာက တစ်ကြောင်းတည်း။ မမ မေငြိဏ်းဟာ အဲ့သလိုပေါ့။ ပထမစာမှာ တုန်းက သူအများကြီး ရေးခဲ့ပေမယ့် နောက်တစ်ခါ အဲ့ဒီလို ဖြစ်ချင်မှ ဖြစ်တော့မယ်။ ဒါ မမ မေငြိဏ်းကိုး။ ဘယ်တော့မှလည်း တသမတ်တည်း ခန့်မှန်းကြည့်လို့ မရနိုင်တဲ့ မိန်းမမျိုးပါပဲ။

ကျွန်မက ကျွန်မကိုယ်ကျွန်မ ငယ်လို့ သုံးနှုန်းပြီး ပြောပေမယ့် စာရေးတဲ့အခါ စာရဲ့အဆုံးသတ်မှာ မမရဲ့ ဆိုတဲ့နောက်က မမရဲ့ငယ် လို့ မရေးမိဘူး။ မမရဲ့ ကလေး ဆိုတာမျိုးပဲ ရေးပေးခဲ့မိတယ်။ ကျွန်မအတွက် "ငယ့်ရဲ့မမ" ဖြစ်မယ့်အစား သူ့အတွက် "မမရဲ့ ကလေး" ဆိုတာမျိုးပဲ ပိုပြီး ဖြစ်စေချင်လို့ပါပဲ။

ဒီည ကျွန်မတို့ရပ်ကွက်ရဲ့ မီးလိုင်းပြင်နေလို့ ကျွန်မတို့အိမ်မှာ လျှပ်စစ်မီး ပြတ်တောက်သွားပါတယ်။ ဖေဖေလည်း သူ့ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်တယ်။ ဖွားဖွားလည်း ဘုရားစာရွတ်ပြီးကာစ အိပ်ယာ မဝင်ဖြစ် သေးဘူး။ ကျွန်မလည်း မီးမရတော့ ဘာလုပ်ရမှန်းမသိသေးပဲ ယောင်တိ ယောင်တောင်။ ဒါနဲ့ပဲ ကျွန်မတို့ မိသားစုသုံးယောက် ဖယောင်းတိုင်မီးရောင် အောက်မှာ စုဖွဲ့ ထိုင်မိသွားကြတယ်။

ဖေဖေက ဒီည မသောက်ထားပါဘူး။ သောက်ရင် အများကြီး သောက်တတ်ပြီး အခုလို မသောက်ပဲနေလိုက်တဲ့နေ့မျိုးလည်း တစ်ခါတလေ ရှိပါတယ်။ ဖေဖေက သူ့ ရေဒီယိုလိုင်းကို တဂျစ်ဂျစ်နဲ့ လိုက်ဖမ်းကြည့်နေသေးတယ်။ နောက်မှ ဓာတ်ခဲလဲမလို့ ထုတ်ယူပြီး အသစ်လည်း ပြန်မထည့်ပဲနေတယ်။

"ဖေဖေ ဓာတ်ခဲ အသစ်ရှိတယ်မို့လား။ မထည့်ဘူးလား"

"အင်း သမီး။ တစ်ညတလေ အားလုံးကို အနားပေးရမလားလို့။ စာအုပ်၊ ရေဒီယို စသဖြင့် ဖေဖေတို့ရဲ့ စိတ်အာရုံခံစားမှုကို အမြဲလိုလို ဖြည့်ပေးနေရတဲ့ သက်မဲ့လေးတွေကိုပေါ့။ ဖျော်ဖြေရေး ပစ္စည်းလေးတွေကိုလေ။ နောက်ပြီး ဖေဖေတို့ ဒီည စကားပြောကြမလား။"

စကားပြောကြမလား ဆိုတဲ့ အသံကို ကြားရတော့ ကျွန်မ မျက်နှာ လင်းခနဲ ဖြစ်သွားတယ်။ ကျွန်မရယ်၊ ဖေဖေရယ်၊ ဖွားဖွားရယ် သုံးယောက်ဆုံတိုင်း သာမန် ထမင်းစား ရေသောက် စကားမျိုး ပြောဖြစ်ပေမယ့် စကားပြောကြမလားလို့ အစချီပြီး ပြောလိုက်တဲ့စကားဝိုင်းမျိုးက မတူပါဘူး။ စကားပြောကြ မလားရယ်လို့ စကားခံပြီး ပြောထားရင် တကယ်ပြောကြတဲ့အခါ ဖေဖေဖြစ်ဖြစ်၊ ဖွားဖွားဖြစ်ဖြစ်၊ ကျွန်မဖြစ်ဖြစ် တော်ရုံ ထုတ်မပြခဲ့ဖူးတဲ့ အကြောင်းအရာမျိုးကို ပြောဖြစ်တတ်ကြတယ်။

ဒါ ကျွန်မတို့မိသားစုရဲ့ အလေ့အထလိုမျိုးတောင် ဖြစ်နေတယ်။ ကျွန်မ ငယ်စဥ် ကတည်းကပဲ။ အဲ့ဒီ စကားဝိုင်းမှာဆို ကျွန်မတို့ရဲ့ ဝမ်းနည်းမှုနဲ့ အမှားအယွင်းကို ဖော်ထုတ်ပြလို့ရသလို ပျော်ရွှင်မှုနဲ့ အောင်မြင်ခြင်းတွေကိုလည်း ခံစားခဲ့ရတဲ့ အတိုင်း မသိုမဝှက် ပြောပြလို့ရတဲ့ နေရာတစ်ခု၊ အချိန်စက်ဝန်းငယ်လေး တစ်ခုပေါ့။

"ဖေဖေက စပြောမလား"

"ဒီတစ်ခါ ကျွန်တော်တို့က ပိုနားထောင်ပေးရမယ့်အလှည့် ထင်တယ်။ နော် အမေ"

အဖေက အဖွားကို လှမ်းပြောလိုက်တဲ့စကားကြောင့် ကျွန်မ အနည်းငယ် ရှက်သလို၊ မနေတတ်သလို ဖြစ်သွားပေမယ့် သဘောလည်း ကျမိပြန်တယ်။​တစ်စုံတစ်ခုကို စိုးရွံ့စိတ်ကလေးလည်း ဝင်မိပါတယ်။ ရင်ထဲမှာ အနည်းငယ် တွန်းထိုး လှုပ်ရှားကုန်တယ်။ အဖေတို့က ကျွန်မဆီ စာတွေ ရောက်လာတာကို ဆိုလိုနေကြတာပါ။

တကယ့်တကယ် ပြောကြတော့ အဖေက စပြီး သူ့အကြောင်းအရာ တစ်ခုကို အစပျိုး ပြောလိုက်ပါတယ်။

* * * * *

 Yeik Hsar Yar

 အခန္း (၁၂)
 
ကြၽန္မ သူ႕စာေလးကို ဖတ္လိုက္မိၿပီး ကတည္းက ကေလးအေပၚ ဘယ္လို စိမ္းျပတ္တဲ့ ခံစားမႈမွ မ႐ွိေတာ့ပါဘူး။ သူ ကြၽန္မကို ရန္လိုခဲ့တာေတြကို ကြၽန္မ ေမ့သြားသလိုပါပဲ။ အႀကိမ္ႀကိမ္ ျပန္ေခၚဖို႔ ႀကိဳးစားခဲ့တာေတာင္ လက္သင့္ မခံခဲ့တာေတြကို ကြၽန္မ စိတ္ေျပသြားႏိုင္ခဲ့ပါတယ္။

အဆိုးဆုံး တစ္ခုျဖစ္တဲ့ အရာက ကြၽန္မ တားေနရက္နဲ႔ ကြၽန္မ ဆံပင္ေတြကို တစ္ဖက္သတ္ ဆန္ဆန္ ႐ိႈက္နမ္းသြားခဲ့တယ္။ ဒါကိုလည္း ကြၽန္မ စိတ္ထဲက ထုတ္ပစ္ႏိုင္ဖို႔ပဲ ေတြးပါေတာ့တယ္။ ဒါေပမယ့္ ကေလးရဲ႕ ေခါင္းမာၿပီး ဇြတ္ လုပ္တတ္တာကိုေတာ့ ကြၽန္မ ေကာင္းေကာင္း သိသြားပါတယ္။ေနာက္ၿပီး ကြၽန္မ ျပန္စာ ေရးဖို႔ ဆုံးျဖတ္လိုက္မိပါတယ္။

"သမီး"

"ဟင္ ေဖေဖ"

"အင္း၊ ဘယ္သူ႕ဆီက စာလဲ။ ႏြယ့္ဆီကလား"

"မဟုတ္ဘူး ေဖေဖ။ ႏြယ္ကျဖင့္ တစ္ခါမွေတာင္ စာ မေရးခဲ့ဖူးတာ"

"အင္းေလ ၊ဒါေၾကာင့္ ေဖေဖနဲ႔ သမီးေမေမ စဥ္းစားၾကည့္ေနတာ။ တျခား တစ္ေယာက္ ႐ွိလာခဲ့တာလား သမီး"

"ဟုတ္တယ္ ေဖေဖ"

​ကြၽန္မ ေျဖသံၾကားေတာ့ ေဖေဖ့မ်က္ႏွာေရာ၊ ခုနေလးကမွ ကြၽန္မတို႔အနား ေရာက္လာတဲ့ ေမေမ့မ်က္ႏွာေရာ ၾကည္လင္သြားတာ ေတြ႕ရတယ္။ ကြၽန္မကို တျခားသူေတြလို လူမႈဆက္ဆံေရး အဝိုင္းအဝန္းတစ္ခု ေတာ္ေတာ္ ရေစခ်င္ပုံ ေပၚတယ္။ ကြၽန္မ မထင္ထားတဲ့စကားကိုလည္း ထပ္ ၾကားလိုက္ရတယ္။

"မိန္းခေလးလား၊ ေယာက်္ားေလးလား သမီး။ မိန္းကေလးဆို အိမ္အလည္ ေခၚေလ”

ကြၽန္မ တကယ္ကို အံ့ၾသသြားရပါတယ္။ ႏြယ့္ကိုေတာင္ အိမ္အလည္ေခၚဖို႔ မေျပာခဲ့ဖူးတဲ့ မိဘေတြက ဘယ္သူမွန္းေတာင္မသိေသးတဲ့ ကေလးကိုက် အိမ္ အလည္ ေခၚပါလားတဲ့။

"ဟုတ္တယ္ သမီးေလး။ အခုမွ Semester တစ္ခုစာပဲ ေတြ႕ရေသးတာ။ သမီးဆီ စာေရးတယ္ဆိုေတာ့ သမီးတို႔ ေတာ္ေတာ္ရင္းႏွီးခဲ့လို႔ ေနမွာပဲ။ သမီးကလည္း စာေရးခြင့္ေပးခဲ့တယ္ ဆိုေတာ့ေလ။ ေနာက္ၿပီး သူကလည္း ေလးနက္တတ္တဲ့ သူမ်ိဳးမို႔ ေနမွာေပါ့"

"ဟုတ္ကဲ့၊ ေနာက္မွေပါ့ ေမေမရယ္"

ေမေမက ကြၽန္မေခါင္းကို ဖြဖြေလး ပြတ္သပ္ ေခ်ာ့ျမဴသြားပါတယ္။ ကြၽန္မ မိဘေတြကို စိတ္ေပါ့ပါးေအာင္ ကြၽန္မ လုပ္ႏိုင္စြမ္းၿပီလား။ ဒါမွမဟုတ္ ကေလးက လုပ္ႏိုင္စြမ္းခဲ့တာလား။ ကြၽန္မ တစ္ေယာက္တည္း က်န္ခဲ့ေတာ့မွ ကေလးရဲ႕ စာကို ေနာက္တစ္ေခါက္ ထပ္ဖတ္ၾကည့္မိျပန္တယ္။

ထပ္ၿပီး ဖတ္ၾကည့္ျပန္ေတာ့လည္း သတိရစိတ္က ေျပေလ်ာ့မသြားတဲ့အျပင္ ပိုၿပီးေတာင္ ကဲလာသလိုပါပဲ။ ကေလးက ကြၽန္မစိတ္ကို ေတာ္ေတာ္ႀကီး ပိုင္စိုးေနႏိုင္ၿပီလားကြယ္။

ကြၽန္မရဲ႕ဆံပင္ေတြကို ထိကိုင္ဖူးတာ ေမေမၿပီးရင္ ေနာက္တစ္ေယာက္က ကေလးပါပဲ။ သူကေတာ့ ပိုပိုသာသာႀကီး ကြၽန္မအေပၚ ျပဳမူခဲ့တာေပါ့။ ကြၽန္မ ဆံႏြယ္ေတြကို သူ နမ္းခဲ့တယ္ေလ။ မႀကိဳက္ပါဘူး ေျပာေနတာကို နည္းနည္းမွ နားမဝင္ခဲ့ဘူး။

အရင္တစ္ႀကိမ္ကလည္း ကြၽန္မရဲ႕ ပါးျပင္ကို သူ႕လက္ဖဝါးနဲ႔ ထိကိုင္သြား​ရဲ႕။ ေနာက္ၿပီး သူ႕ရဲ႕လိုအင္တစ္ခု။ အို ဒါကိုေတာ့ ကြၽန္မ ခြင့္မျပဳ႐ုံမက သူ ဇြတ္လုပ္လို႔ မရေအာင္ တိမ္းေ႐ွာင္ပစ္ခဲ့ရတယ္။ ကေလး ကြၽန္မအေပၚ သိပ္ဆိုးခ်င္ တာပဲကြယ္။

ကြၽန္မမွာ ႐ွက္ဖို႔ေတာင္ အခ်ိန္မ႐ွိခဲ့သလိုပါပဲ။ ခံစားမႈေတြ ျပင္းထန္ေနတဲ့ အခ်ိန္မ်ိဳးမွာမွ သူလုပ္ခဲ့တယ္။ ျပႆနာကို ေျဖ႐ွင္းဖို႔ ကြၽန္မမွာ ရင္နင့္ေအာင္ သူ႕စကားေတြ၊ သူ႕ေမးခြန္းေတြနဲ႔ လုံးပန္းေနရတုန္း သူ အခြင့္အေရး ရသြားခဲ့တယ္။ တကယ္ေတာ့ ကြၽန္မက အခန္းထဲေရာက္မွ သူ႕အျပဳအမူေတြကို ရင္တုန္ လန္႔ဖ်တ္ ခဲ့ရတာပါ။ ကေလး ေ႐ွ႕ကေတာ့ ကြၽန္မ ေျခလွမ္းေတြ အားတင္းၿပီး ေလွ်ာက္ထြက္ ခဲ့ရတယ္ေလ။

ကြၽန္မကို ေသြးေအးတယ္၊ ခံစားမႈနည္းတယ္လို႔ ကေလးက ထင္ေနမွာပါပဲ။ သူ႕ဆီမွာ ရီေဝ မိႈင္းညိဳ႕တဲ့ အၾကည့္နဲ႔ အမူအယာ ေတြ ေပၚလာတိုင္း ကြၽန္မ အတင္း ႐ုန္းထြက္ခဲ့ရတယ္။ အိေႁႏၵမပ်က္တဲ့ ဟန္ပန္ကို ထိန္းထားႏိုင္ခဲ့ေပမယ့္ ကြၽန္မ တစ္ခုခုကို စိုးရိမ္ထိတ္လန္႔ခဲ့ရတာခ်ည္းပဲေပါ့။

အဲ့ဒီ တစ္ခုခုဟာ ကြၽန္မကိုယ္တိုင္ ေရာေထြးပါဝင္သြားၿပီး အေျခအေန တစ္ခုဆီ ဦးတည္ျဖစ္ပြားသြားမယ့္ တစ္ခုခုလား၊ ကေလးက ကြၽန္မကို ပိုၿပီး ထိပါး လာမွာကို စိုးေၾကာက္တဲ့ တစ္ခုခုလား ဆိုတာ ကြၽန္မ ေသခ်ာ မေဝခြဲတတ္ပါဘူး။ ႏွစ္ခုစလုံးလည္း တစ္ၿပိဳင္တည္း ျဖစ္ႏိုင္သြားတာပဲ ကိုး။

ဆံပင္ေတြကို သူနမ္းသြားတုန္းကဆို ကြၽန္မျဖင့္ ကတုန္ကယင္ႀကီးျဖစ္က်န္ခဲ့တာ။ အဲ့ဒီတုန္းက သူ႕ကို တြန္း မဖယ္ရဲတဲ့အထိပါပဲ။ ကြၽန္မက တြန္းထုတ္လိုက္ရင္ သူ ပိုတိုးၿပီး ကြၽန္မကို ဖက္ထားလိုက္မွာ စိုးလို႔ေလ။ အဲ့တုန္းက ကေလးက ကြၽန္မရဲ႕ ဆံပင္ေတြကိုပဲ ထိၿပီး ကြၽန္မကို မထိလို႔လည္း စိတ္သက္သာရာ ရခဲ့ေသးတယ္။

သူလိုခ်င္တဲ့ လိပ္စာကို အျမန္ေရး​ၿပီး ေပးလိုက္ေတာ့ ထြက္သြားလို႔ ေတာ္ပါေသးရဲ႕။ ကြၽန္မျဖင့္ အခန္းထဲမွာ တစ္ေယာက္တည္း အားအင္ေတြ ကုန္ခမ္းသြားတဲ့ လူတစ္ေယာက္လို သူ႕လုပ္ရပ္ကို ေၾကာက္ေနခဲ့မိတယ္။

ကေလးကို မေၾကာက္ပါဘူး။ အေနအထားကို ေၾကာက္မိတယ္ဆို ပိုမွန္မွာပါ။ ကြၽန္မ အဲ့သလိုပုံစံမ်ိဳးနဲ႔ ၾကဳံခဲ့ရတာ ပထမဆုံးအခါေတြကိုး။ ဘယ္သူနဲ႔မွ အဲ့သလိုမ်ိဳး မနီးကပ္ခဲ့ဖူးဘူးကိုး။ ကေလး သိပ္ဆိုးတာပဲ။

ဒါေပမယ့္ သူ လုပ္ခဲ့တာေတြကို ကြၽန္မ စကားျပန္စၿပီး အျပစ္တင္ဖို႔ စိတ္ကူးမ႐ွိပါဘူး။ ဆူလည္း မဆူရဲဘူး။ ျပန္ၿပီး အစေဖာ္သလို ျဖစ္မွာစိုးလို႔ပါ။ မျဖစ္ခဲ့သလို သေဘာထားလိုက္တာက ကြၽန္မတို႔ႏွစ္ေယာက္လုံးအတြက္ အေကာင္းဆုံးပဲ မဟုတ္လားေနာ္။

.....................

အိမ္ျခံဝင္းထဲက ပန္းပင္ေတြကို ဂ႐ုတစိုက္လုပ္ေနတဲ့ ဖြားဖြားနားမွာ ကြၽန္မ ဟိုေမး ဒီေမးနဲ႔ လာ႐ႈပ္ေနတယ္။ အဲ့ဒီအခ်ိန္မွာပဲ ​စာတိုက္ဝန္ထမ္းေလး ေရာက္လာၿပီး ကြၽန္မအတြက္ စာ လာလို႔တဲ့။ ကြၽန္မျဖင့္ ရင္ထဲမွာ ဒိန္းခနဲ တစ္ခ်က္ ျဖစ္သြားမိတယ္။ ဒါဟာ စာအုပ္ လက္ေဆာင္ေပးတုန္းက ျဖစ္သြားခဲ့ ဖူးတာနဲ႔လည္း မတူေသးဘူး။

အခုက ရင္ခုန္မႈ ပိုဆန္သလိုပါပဲ။ ဆယ္တန္းစာေမးပြဲ ေအာင္စာရင္း ထြက္တုန္းကေတာင္ မခုန္ခဲ့တဲ့ရင္က သိသိသာသာႀကီး လႈပ္႐ွားသြားသတဲ့။ ရင္ခုန္တယ္ဆိုတာ ဒါမ်ိဳးကို ေျပာၾကတာလား။ ဒါဆို စာေလးတစ္ေစာင္က ကြၽန္မကို ပထမဆုံးအႀကိမ္ ရင္ခုန္ေစခဲ့ၿပီတဲ့ေလ။ မမ ေမၿငိဏ္းနဲ႔ အတူ ႐ွိခဲ့ရတုန္းကေတာင္ ဒီလိုမ်ိဳး မျဖစ္ခဲ့ဖူးဘူး။

စိတ္ထဲ တၿငိမ့္ၿငိမ့္ ျဖစ္ရတာ၊ ရန္လိုၿပီး စိတ္လႈပ္ခတ္ရတာမ်ိဳးေတြ ခံစားခဲ့ရ ဖူးေပမယ့္ ဒီလိုပုံစံနဲ႔ ရင္ထဲတစ္ခ်က္ ေဆာင့္ခုန္ ျမည္ဟီးသြားတာက အခုမွပါ။ ၿငိမ့္ေညာင္းခဲ့ဖူးတယ္ ဆိုတာလည္း မမ ေမၿငိဏ္းရဲ႕ ေျပာစကားေတြ၊ အမူအရာေတြ၊ ေဆြးေျမ့မႈေတြကို ကြၽန္မက ေဘးကေန ျမင္ေနရၿပီး ကြၽန္မကိုယ္တိုင္ လိုက္စီးေမ်ာခဲ့ရတာကို ဆိုလိုတာပါ။
ကြၽန္မ ေပ်ာ္သြားတာ အရမ္းသိသာေနတဲ့ပုံပဲ။ ဘာလို႔ဆို ဖြားဖြားက ျပဳံးျပဳံးႀကီး ၾကည့္ၿပီး "သြားဖတ္ေလ" လို႔ ကြၽန္မေခါင္းကို ပုတ္ၿပီး ေျပာတယ္။ ကြၽန္မဆီ စာေရးတဲ့သူ႐ွိ​တာကိုလည္း အံ့ၾသေနပုံပဲ။ မမ ေမၿငိဏ္း အေၾကာင္း ဖြားဖြားကို ေနာက္မွ ေျပာျပရမယ္။ ဒါေပမယ့္လည္း ေျပာျပခ်င္မွ ေျပာျပျဖစ္မွာပါ။ ကြၽန္မ စိတ္ထဲမွာ ဘာကိုမွ ႀကိဳၿပီး မစဥ္းစားထားတာမ်ိဳးက ပိုေကာင္းတယ္လို႔ ထင္တယ္။

 သို႔ /

ကေလး

မမ စာျပန္လိုက္ပါတယ္။ ကေလးကို ကေလးလို႔ မေခၚျဖစ္ခဲ့တာက မမ နည္းနည္း စိတ္ဆိုးေနလို႔ပါ။ မမတို႔မွာ အခ်ိန္ သိပ္မက်န္ေတာ့လို႔လည္း ပါတာေပါ့။ ၿပီးခဲ့တဲ့အေၾကာင္း ဆိုေပမယ့္ မမ ထပ္ေျပာပါဦးမယ္။ ႏြယ္နဲ႔မမက သက္တူ၊ ႐ြယ္တူ၊ အတန္းတူ၊ အခန္းတူေတြေလ။ မမက အေပါင္းအသင္း နည္းေတာ့ ႏြယ္က တကယ္ပဲ မမအတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ႏြယ့္လို ရင္းႏွီးရတဲ့သူမ်ိဳး မမဆီမွာ State ေက်ာင္းတုန္းကေတာင္ တစ္ေယာက္မွ မ႐ွိခဲ့ဖူးပါဘူး။ ဒါေၾကာင့္ သူငယ္ခ်င္းဆိုတဲ့ အဓိပၸါယ္ကို ႏြယ္နဲ႔မွ ပိုၿပီး သိခဲ့ရတာမ်ိဳးပါ။ ကေလး က မမနဲ႔ အ႐ြယ္မတူ၊ အတန္းမတူ၊ အခန္းလည္း မတူဘူးမို႔လား။ ဒါဆို ကေလးအေပၚ ႏြယ္နဲ႔ ဘယ္တူေတာ့မလဲ။ မမကို သံသယ မထားပါနဲ႔ကြယ္။ ေနာက္ၿပီး မမက အမိန္႔ဆန္သလိုလို၊ မိခင္ဆန္လိုလို ကေလးအေပၚ လႊမ္းမိုးအႏိုင္ယူတယ္ဆိုတာမ်ိဳးက မဟုတ္ပါဘူး က​ေလးရယ္။ ကေလးေျပာတဲ့ မမကို ဘယ္သြားသြား တစ္ေယာက္တည္း မသြားရဘူး ဆိုတာေတြ ၊ ထမင္းကို ကေလးနဲ႔ပဲ စားရမယ္ ဆိုတာေတြ မမ လိုက္နာခဲ့မိတယ္ေလ။ အဲ့ဒီေတာ့ တို႔ႏွစ္ေယာက္ရဲ႕ အတူတူ ႐ွိခဲ့သမွ် အခ်ိန္ေတြက ႏွစ္ဦးႏွစ္ဖက္ရဲ႕ဆႏၵေတြေလ။ ဟုတ္တယ္မို႔လား။ တစ္ဦး တစ္ေယာက္တည္းက ဖန္တီးထားတာ၊ ျပဳလုပ္လိုက္တာမ်ိဳး မဟုတ္ဘူးမို႔လား ကေလး။ မမေျပာတာ သ​ေဘာေပါက္လားဟင္။ မမ ဒါကို ႐ွင္းျပခ်င္တာပါ။ စာလည္း ႐ွည္ေနပါၿပီ။ က​ေလးနဲ႔တကြ တစ္မိသားစုလုံး က်န္းမာပါေစ။

ေၾသာ္ ေမ့ေတာ့မလို႔။ အခုတစ္ေခါက္ ေက်ာင္းျပန္ဖြင့္ရင္ မိုးရာသီမို႔ အေႏြးထည္ ထည့္ခဲ့ဖို႔ မေမ့နဲ႔ေနာ္။ ေဆာင္းတုန္းကလည္း ကေလး တစ္ခါမွ လက္႐ွည္ဝတ္တာ မေတြ႕လို႔။ ေမ့မွာစိုးလို႔ပါ။

 ကေလးရဲ႕
               စိတ္မဆိုးေတာ့တဲ့ မမ။

စာဆုံးသြားေတာ့ ကြၽန္မ ရင္ထဲမွာ တလိႈက္လိႈက္ တုန္ခါလာတယ္။ ဘုရားေရ။ ကြၽန္မ အေႏြးထည္ မဝတ္တတ္ခဲ့တာကအစ မမေမၿငိဏ္း သတိျပဳ ေနခဲ့တာတဲ့ လား။

ကြၽန္မနဲ႔ မမေမၿငိဏ္းဟာ ဒီဇင္ဘာ ေက်ာင္းဖြင့္ကာစကဆို မရင္းႏွီးေသးဘူးေလ။ ေနာက္ၿပီး အဂၤလိပ္ အယ္ဖာဘက္ေတြ သုံးၿပီး "ေမၿငိဏ္း"ကို ဒီေလာက္ လွပ ေသသပ္ေအာင္ ဘယ္လို sign ထိုးလိုက္တာပါလိမ့္။ ကြၽန္မျဖင့္ ၾကည့္မဝခဲ့ဘူး။

ဝမ္းနည္းတာေရာ ဝမ္းသာတာေရာဟာ တစ္ၿပိဳင္နက္တည္း ကြၽန္မဆီ စီးဝင္ လာတာပါပဲလား။ တစ္ခုခုက ကြၽန္မကို လိႈက္ခါ တုန္ရင္ ဦးခိုက္ေစေအာင္ လုပ္ေနသလိုပါပဲ။ ဘယ္အရာကလဲ။ ဘယ္ေနရာက အဲ့ဒီလိုျဖစ္ေစတာပါလဲ။ ကြၽန္မရဲ႕မ်က္လုံးဆီကလား။ ကြၽန္မရဲ႕ရင္ဘတ္ထဲကလား။ စာ႐ြက္ကိုင္ထားဆဲ ကြၽန္မရဲ႕ လက္ေခ်ာင္းဖ်ားေလးေတြဆီကလား။

အို။ ကြၽန္မျဖင့္ မမ ေမၿငိဏ္းကို လြမ္းလိုက္တာေလ။ အခုပဲ သူ႕လက္ကေလးေတြ နဲ႔ ေရးထားတဲ့စာလုံးေတြကို ၾကည့္ခဲ့ၿပီးတာကို။ အခုပဲ သူေဖာ္ျပတဲ့ စကားလုံးေတြ ဖတ္ခဲ့ၿပီးတာကိုေလ။ ကြၽန္မမွာ အလြမ္းရယ္ မေျပႏိုင္။ ပိုလို႔ေတာင္ လြမ္း တ မိပါသတဲ့။

ကြၽန္မကို မမ ေမၿငိဏ္း စိတ္မဆိုးေတာ့ဘူးတဲ့။ ဘယ္ေလာက္ေတာင္ ႀကီးမားတဲ့ လက္ေဆာင္မ်ိဳးပါလဲ။ ဘယ္ေလာက္ေတာင္ စိတ္ခ်မ္းေျမ့ဖြယ္ အခ်င္းအရာလဲ။ ကြၽန္မရဲ႕ တေျမ့ေျမ့ ပူျပင္း လိႈက္ေလာင္ ဝမ္းနည္းရမယ့္ ခံစားမႈေတြကို ၿငိမ္းသတ္ေပးလိုက္သလိုပါပဲ။

အခ်ိန္တစ္ခုၾကာၿပီးမွ ျပန္ေျပလည္မႈရတဲ့အတြက္ ဒါဟာ အခ်ိန္ရဲ႕စြမ္းအင္ ေၾကာင့္လား။ ကြၽန္မရဲ႕  အရဲစြန္႔ ႀကိဳးစားၿပီး ေရးလိုက္တဲ့စာေၾကာင့္လား။ အို ဘယ္လိုေၾကာင့္ျဖစ္ျဖစ္ ဒါဟာ ကြၽန္မအတြက္ တန္ဖိုး႐ွိလြန္းတဲ့ အေျခအေန တစ္ခု ပါေပပဲ။

ေနာက္တစ္လ ေရာက္ေတာ့ မမေမၿငိဏ္းဆီ ကြၽန္မ စာတစ္ေစာင္ ထပ္ ထည့္မိတယ္။

သို႔ /

မမ

ေဖေဖက စာဖတ္ေနတယ္။
ဖြားဖြားက ေကာက္ညႇင္းမုန္႔ထုပ္ေတြ လုပ္ေနတယ္။
ငယ္ကေတာ့ မမကို လြမ္းေနပါတယ္။

မမရဲ႕
         ကေလး။
 
မၾကာပါဘူး။ မမ ေမၿငိဏ္းဆီက စာျပန္လာပါတယ္။ ကြၽန္မတို႔ၾကားမွာ စာတိုက္ပုံး အနီေရာင္ေလးေတြ၊ စာတိုက္ စည္းတံဆိပ္ေတြ၊ ေပးစာ ေတြဟာ အသက္ဝင္ လွပ လို႔ေပါ့။

သို႔ /

ကေလး
မမ ကေလးကို သတိရပါတယ္။

ကေလးရဲ႕

                မမ။

 စာက တစ္ေၾကာင္းတည္း။ မမ ေမၿငိဏ္းဟာ အဲ့သလိုေပါ့။ ပထမစာမွာ တုန္းက သူအမ်ားႀကီး ေရးခဲ့ေပမယ့္ ေနာက္တစ္ခါ အဲ့ဒီလို ျဖစ္ခ်င္မွ ျဖစ္ေတာ့မယ္။ ဒါ မမ ေမၿငိဏ္းကိုး။ ဘယ္ေတာ့မွလည္း တသမတ္တည္း ခန္႔မွန္းၾကည့္လို႔ မရႏိုင္တဲ့ မိန္းမမ်ိဳးပါပဲ။

ကြၽန္မက ကြၽန္မကိုယ္ကြၽန္မ ငယ္လို႔ သုံးႏႈန္းၿပီး ေျပာေပမယ့္ စာေရးတဲ့အခါ စာရဲ႕အဆုံးသတ္မွာ မမရဲ႕ ဆိုတဲ့ေနာက္က မမရဲ႕ငယ္ လို႔ မေရးမိဘူး။ မမရဲ႕ ကေလး ဆိုတာမ်ိဳးပဲ ေရးေပးခဲ့မိတယ္။ ကြၽန္မအတြက္ "ငယ့္ရဲ႕မမ" ျဖစ္မယ့္အစား သူ႕အတြက္ "မမရဲ႕ ကေလး" ဆိုတာမ်ိဳးပဲ ပိုၿပီး ျဖစ္ေစခ်င္လို႔ပါပဲ။

ဒီည ကြၽန္မတို႔ရပ္ကြက္ရဲ႕ မီးလိုင္းျပင္ေနလို႔ ကြၽန္မတို႔အိမ္မွာ လွ်ပ္စစ္မီး ျပတ္ေတာက္သြားပါတယ္။ ေဖေဖလည္း သူ႕ဖတ္လက္စ စာအုပ္ကို ပိတ္လိုက္တယ္။ ဖြားဖြားလည္း ဘုရားစာ႐ြတ္ၿပီးကာစ အိပ္ယာ မဝင္ျဖစ္ ေသးဘူး။ ကြၽန္မလည္း မီးမရေတာ့ ဘာလုပ္ရမွန္းမသိေသးပဲ ေယာင္တိ ေယာင္ေတာင္။ ဒါနဲ႔ပဲ ကြၽန္မတို႔ မိသားစုသုံးေယာက္ ဖေယာင္းတိုင္မီးေရာင္ ေအာက္မွာ စုဖြဲ႕ ထိုင္မိသြားၾကတယ္။

ေဖေဖက ဒီည မေသာက္ထားပါဘူး။ ေသာက္ရင္ အမ်ားႀကီး ေသာက္တတ္ၿပီး အခုလို မေသာက္ပဲေနလိုက္တဲ့ေန႔မ်ိဳးလည္း တစ္ခါတေလ ႐ွိပါတယ္။ ေဖေဖက သူ႕ ေရဒီယိုလိုင္းကို တဂ်စ္ဂ်စ္နဲ႔ လိုက္ဖမ္းၾကည့္ေနေသးတယ္။ ေနာက္မွ ဓာတ္ခဲလဲမလို႔ ထုတ္ယူၿပီး အသစ္လည္း ျပန္မထည့္ပဲေနတယ္။

"ေဖေဖ ဓာတ္ခဲ အသစ္႐ွိတယ္မို႔လား။ မထည့္ဘူးလား"

"အင္း သမီး။ တစ္ညတေလ အားလုံးကို အနားေပးရမလားလို႔။ စာအုပ္၊ ေရဒီယို စသျဖင့္ ေဖေဖတို႔ရဲ႕ စိတ္အာ႐ုံခံစားမႈကို အၿမဲလိုလို ျဖည့္ေပးေနရတဲ့ သက္မဲ့ေလးေတြကိုေပါ့။ ေဖ်ာ္ေျဖေရး ပစၥည္းေလးေတြကိုေလ။ ေနာက္ၿပီး ေဖေဖတို႔ ဒီည စကားေျပာၾကမလား။"

စကားေျပာၾကမလား ဆိုတဲ့ အသံကို ၾကားရေတာ့ ကြၽန္မ မ်က္ႏွာ လင္းခနဲ ျဖစ္သြားတယ္။ ကြၽန္မရယ္၊ ေဖေဖရယ္၊ ဖြားဖြားရယ္ သုံးေယာက္ဆုံတိုင္း သာမန္ ထမင္းစား ေရေသာက္ စကားမ်ိဳး ေျပာျဖစ္ေပမယ့္ စကားေျပာၾကမလားလို႔ အစခ်ီၿပီး ေျပာလိုက္တဲ့စကားဝိုင္းမ်ိဳးက မတူပါဘူး။ စကားေျပာၾက မလားရယ္လို႔ စကားခံၿပီး ေျပာထားရင္ တကယ္ေျပာၾကတဲ့အခါ ေဖေဖျဖစ္ျဖစ္၊ ဖြားဖြားျဖစ္ျဖစ္၊ ကြၽန္မျဖစ္ျဖစ္ ေတာ္႐ုံ ထုတ္မျပခဲ့ဖူးတဲ့ အေၾကာင္းအရာမ်ိဳးကို ေျပာျဖစ္တတ္ၾကတယ္။

ဒါ ကြၽန္မတို႔မိသားစုရဲ႕ အေလ့အထလိုမ်ိဳးေတာင္ ျဖစ္ေနတယ္။ ကြၽန္မ ငယ္စဥ္ ကတည္းကပဲ။ အဲ့ဒီ စကားဝိုင္းမွာဆို ကြၽန္မတို႔ရဲ႕ ဝမ္းနည္းမႈနဲ႔ အမွားအယြင္းကို ေဖာ္ထုတ္ျပလို႔ရသလို ေပ်ာ္႐ႊင္မႈနဲ႔ ေအာင္ျမင္ျခင္းေတြကိုလည္း ခံစားခဲ့ရတဲ့ အတိုင္း မသိုမဝွက္ ေျပာျပလို႔ရတဲ့ ေနရာတစ္ခု၊ အခ်ိန္စက္ဝန္းငယ္ေလး တစ္ခုေပါ့။

"ေဖေဖက စေျပာမလား"

"ဒီတစ္ခါ ကြၽန္ေတာ္တို႔က ပိုနားေထာင္ေပးရမယ့္အလွည့္ ထင္တယ္။ ေနာ္ အေမ"

အေဖက အဖြားကို လွမ္းေျပာလိုက္တဲ့စကားေၾကာင့္ ကြၽန္မ အနည္းငယ္ ႐ွက္သလို၊ မေနတတ္သလို ျဖစ္သြားေပမယ့္ သေဘာလည္း က်မိျပန္တယ္။​တစ္စုံတစ္ခုကို စိုး႐ြံ႕စိတ္ကေလးလည္း ဝင္မိပါတယ္။ ရင္ထဲမွာ အနည္းငယ္ တြန္းထိုး လႈပ္႐ွားကုန္တယ္။ အေဖတို႔က ကြၽန္မဆီ စာေတြ ေရာက္လာတာကို ဆိုလိုေနၾကတာပါ။

တကယ့္တကယ္ ေျပာၾကေတာ့ အေဖက စၿပီး သူ႕အေၾကာင္းအရာ တစ္ခုကို အစပ်ိဳး ေျပာလိုက္ပါတယ္။

* * * * *

 Yeik Hsar Yar

 






Continue Reading

You'll Also Like

1.4M 83.1K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...
2.2M 79.1K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
557K 15.1K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
1.9M 91.2K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...