ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူ...
Por suukhant
795K 55.3K 3.8K
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန... Mais
Part- 1
Part- 2
Part-3 💛
Part- 4💛
Part- 5
Part- 6💛
Part- 7💛
Part- 8
Part- 9
Part- 10
Part- 11
Part- 12
Part-13
Part- 15
Part-16
Part-17
Part-18
Part-19
Part- 20
Part- 21
Part-22
Part- 23
Part-24
Part- 25
Part- 26
Part- 27
Part- 28
Part- 29
Part- 30
Final Part
Special part- 1
Special part- 2 (Unicode)
Special part- 2 (Zawgyi)
Part- 14
21K 1.6K 115
Por suukhant
"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 14
For unicode
‌"အလုပ်ကပြန်ရောက်ပြီလား"
"....."
"ဝမ်ဝမ်ကော.."
ထို့နောက်ဝမ်ရိပေါ်ကဖုန်းထဲကနေသူ့သားရဲ့အသံစူးစူးကြောင့်ဖုန်းကိုနားကခွာကာမျက်နှာတစ်ချက်ရှုံ့သွားခဲ့၏။ ရှောင်းကျန့်ကဝမ်ဝမ်ကိုဖုန်းပေးလိုက်ပုံရတယ်။ ဒီကောင်လေးတော်တော်တက်ကြွနေ‌လွန်းတယ်။
"ရပြီ ရပြီ မင်းပါးပါးကိုပေးလိုက်တော့.."
ဝမ်ဝမ်က‌သူ့ပါးပါးကိုဖုန်းပြန်ပေးလိုက်ပုံရပြီးတစ်ဖက်ကရှောင်းကျန့်အသံပြန်ကြားရတယ်။
"ကျွန်တော်ဒီနေ့နည်းနည်းနောက်ကျမယ်"
"......."
"‌သူငယ်ချင်းတွေနဲ့တွေ့နေလို့"
"......."
"နည်းနည်းတော့သောက်လာမယ် ညစာစားဖို့မစောင့်နဲ့တော့"
"......"
"အများကြီးမသောက်ဘူး"
"......"
"အင်း အင်း"
‌ဝမ်ရိပေါ်ကနှုတ်ဆက်ပြီးဖုန်းချလိုက်တော့ဝမ်ဟောက်ရွှမ်းတို့မျက်နှာကစပ်ဖြဲဖြဲနဲ့သူ့ကိုစနောက်ကြ၏။
"ဝမ်ရိပေါ် ဝမ်ရိပေါ်..
ပြောတော့ရှောင်းကျန့်ကိုဂရုမစိုက်ဘူးဆို"
"သူကဝမ်ဝမ့်ပါးပါးမို့လို့"
"တော်ရုံလိမ်စမ်းပါဝမ်ရိပေါ်ရာ..
ဘားဆိုင်ထိုင်တာကိုတောင်အကြောင်းကြားနေရတယ်လို့ ဟားဟား
မင်းဘယ်တုန်းကလိမ်မာသွားတာလဲကွာ
အားရီတို့တောင်ပြောမရလို့လွှတ်ထားတဲ့ကောင်က ဟားဟား"
ဝမ်ဟောက်ရွှမ်းကအားရဝမ်းသာရယ်လိုက်ပြီးဆက်ဆိုတယ်။ ဝမ်ရိပေါ်ကလည်းအရက်တစ်ကျိတ်မော့သောက်လိုက်ပြီးဟောက်ရွှမ်းကိုဘာပြောပြောလွှတ်ထားလိုက်၏။
"အရက်သောက်မှာတောင်အကြောင်းကြားရတယ်
ငါတို့ဆိုလွတ်လပ်လိုက်တာ
သောက်ချင်သလောက်သောက် ဘယ်သူမှလာမတားဘူး"
"ဝမ်ရိပေါ်ကအိမ်ထောင်သယ်ကွ မင်းနဲ့တူမလား"
"ငါနဲ့တော့ဘယ်တူမလဲ ဒါပေမယ့်ဝမ်ရိပေါ်ကအရင်တုန်းကဆိုရှောင်းကျန့်ကိုဘယ်လောက်ထိကြည့်မရလိုက်လဲ
အခုတော့ရှောင်းကျန့်အောက်မှာပြားပြားဝပ်လို့
အရက်သောက်မှာတောင်အကြောင်းကြားရတယ်
ဒီကောင် မယကဖြစ်သွားတာပြောချင်တာ"
"ဟားဟား..."
"ဘောဘဲ! မင်းဘဲမယကဖြစ်မှာ!"
စကားဝိုင်းကတစ်ယောက်ကိုတစ်ယောက်စနောက်သံကြောင့်ဆူညံနေ၏။ မတွေ့တာကြာတဲ့သူငယ်ချင်း၅ယောက်က rich kids ချင်းအတူတူ၊စီးပွားရေးမှာလည်းသူနယ်ပယ်နဲ့သူအောင်မြင်နေကြသူချည်းပင်။ ဝမ်ဟောက်ရွှမ်းဆိုဝမ်ရိပေါ်နဲ့တစ်ဝမ်းကွဲတောင်တော်သည်။
သူတို့စားရင်းသောက်ရင်းနဲ့အချိန်ဘယ်လောက်မှမကြာရှောင်းပိုင်ရောက်လာ၏။
"Sorry ငါနည်းနည်းနောက်ကျသွားတယ်
ရှုတင်မပြီးသေးလို့"
ရှောင်းပိုင်ကmaskချွတ်ပြီးရိပေါ်ဘေးနားကနေရာမှာဝင်ထိုင်တယ်။
"သူ့ကိုဘယ်သူခေါ်လိုက်တာလဲ!"
"ငါပါကွာ ငါငါ
ရှောင်းပိုင်ကမင်းမိတ်ဆတ်ပေးလို့ငါတို့အဖွဲ့နဲ့ရင်းနှီးတယ်မလား
သူနဲ့လည်းမတွေ့ရတာကြာလို့ခေါ်လိုက်တာ!"
တထုန်ကပြာပြာသလဲဝင်ရှင်းပြ၏။ ရှောင်းပိုင်ကလည်းနည်းနည်းမျက်နှာပျက်သွားပြီးလက်ကဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိ၏။ သူ့မှာလည်းအဲ့လောက်ထိသိက္ခာမဲ့နေတာမှမဟုတ်တာ။ ရိပေါ်သူ့ကိုဘယ်လိုမှလက်မခံနိုင်တော့တာသူသိသည်။ ရိပေါ်သူ့ကိုချစ်လာဖို့သူထပ်တလဲလဲကြိုးစားပြီးပြီ။ ကြည့်ရတာရိပေါ်ကသူ့ကိုဘယ်တုန်းကမှမချစ်ခဲ့တာဖြစ်မယ်..။ ရိပေါ်သူ့ကိုနေရာတစ်နေရာရအောင်ကူညီပေးထားတာနဲ့တင်သူကျေးဇူးတင်လှပါပြီ..။ အတိတ်ကဟာတွေကိုအတိတ်မှာဘဲထားခဲ့လိုက်တော့မယ်..။
"ကြည့်ရတာငါ့ကိုရိပေါ်ကမကြိုဆိုချင်ဘူးထင်တယ်"
"မဟုတ်ပါဘူး မင်းလာမယ်မှန်းမထင်ထားလို့"
ရှောင်းပိုင်ကခပ်မဲ့မဲ့ပြုံးလိုက်ပြီးအရှေ့ကအရက်ခွက်ကိုကောက်ကာမော့သောက်လိုက်၏။ ဟိုနေ့ကဖုန်းဆက်ကတည်းသူကမြေစာပင်ဖြစ်နေမှန်းသူ့ကိုသူသိလိုက်တာ။ ရိပေါ်ကအစတည်းကသူ့ကိုမချစ်ခဲ့ဘူး။ အခုလည်းမချစ်ခဲ့ဘူး။ နောင်လည်းချစ်မှာမဟုတ်ဘူး။ သူကသူ့ကိုသူဟုတ်လှပြီထင်ပြီး အသုံးချခံဖြစ်နေမှန်းသူ့ကိုယ်သူမသိခဲ့တာ။
နောက်ဆုံးရိပေါ်သူနဲ့စေ့စပ်မယ့်ကိစ္စဟာလည်းကြိုတင်ကြံစည်ခဲ့တာဖြစ်မယ်။ ရှောင်းကျန့်ကိုဟိုကပြန်ခေါ်ဖို့အတွက်..။ နောက်ဆုံးရိပေါ်ကြံစည်ထားသလိုရှောင်းကျန့်ကပုန်းနေရာကနေကလေးတစ်ယောက်နဲ့ပြန်ထွက်လာခဲ့တယ်မလား။
စကားဝိုင်းကအခုနတုန်းကလိုဘဲစနောက်ကာပြောရင်းဆူညံနေတုန်းဘဲ။ ရှောင်းပိုင်ကတော့ရှေ့ကအရက်ကိုတစ်ခွက်ပြီးတစ်ခွက်ငှဲ့သောက်ရင်းသိပ်ပြီးဝင်မပြောဖြစ်။
"ရိပေါ် မင်းသားကမင်းသားအရင်းမှဟုတ်ရဲ့လား
ရှောင်းကျန့်ကနှစ်နှစ်ကြာမှကလေးတစ်ယောက်နဲ့ဗြုန်းစားကြီးပေါ်လာပြီးမင်းကိုတာဝန်ယူခိုင်းတယ်
DNAကလည်းအတုလုပ်လို့ရတာဘဲ
အရင်ကတည်းကရှောင်းကျန့်ကခပ်ရှုပ်ရှုပ်ဆို"
ဆူညံနေတဲ့စကားဝိုင်းကတိခနဲရပ်တန့်သွားပြီးကြောက်စရာကောင်းလောက်အောင်ငြိမ်သက်သွားခဲ့သည်။ ဝမ်ရိပေါ်မျက်နှာကကြောက်စရာကောင်းလောက်အောင်ခတ်ထန်နေပြီမို့ဟောက်ရွှမ်းကဘဲအခြေအနေကိုပြန်ထိန်း၏။
"စုန့်မင် မင်းမူးရင်ဒိုးတော့ကွာ
ဒီမှာလာမရစ်နဲ့ မင်းမိန်းမကိုသွားရစ်"
"ငါပြောတာဟုတ်တယ်မလား အေ့
အဲ့ကောင်နှာဖားကြိုးထိုးခံရမှာစိုးလို့!
ဟိုနေ့ကသတင်းမကြားလိုက်ကြဘူးလား
‌လုအမျိုးသားရဲ့ဇနီးကဖောက်ပြန်နေတာ
ရလာတဲ့ကိုယ်ဝန်ကလုအမျိုးသားရဲ့ကလေးမဟုတ်ဘူးတဲ့"
"တောက်! စုန့်မင်
မင်းပါးစပ်ပိတ်ထားတော့"
ရိပေါ်ကနဂိုကတည်းကသွေးဆိုးတယ်။ စုန့်မင်ကိုခြေထောက်နဲ့ပိတ်ကန်လိုက်လို့စုန့်မင်ကတစ်ခါတည်းသတိပါမေ့သွားခဲ့၏။
"ရိပေါ် မလုပ်နဲ့တော့"
ရိပေါ်ကန်ရုံနဲ့အားမရသေး၊ထထိုးတော့ဟောက်ရွှမ်းတို့ကရိပေါ်ကိုထိန်းချုပ်ထားပြီးကျန်နှစ်ယောက်ကစုန့်မင်ကိုသယ်ကာထွက်သွားကြသည်။ မဟုတ်ရင်ရိပေါ်လက်ထဲမှာစုန့်မင်တစ်ယောက်မရှုမလှဖြစ်သွားတော့မည်။ ရှောင်းပိုင်ကတော့ရိပေါ်ရဲ့အေးစက်စက်ပုံစံနဲ့နေသားကြနေပေမယ့်ဒီလိုရန်လိုပြီးထိန်းချုပ်ရခက်တဲ့အနေအထားအထိတစ်ခါမှမမြင်ဖူးသေး။ အခုတော့လန့်လို့သူရိပေါ်နားကခပ်ခွာခွာလေးနေမိတော့သည်။
"ရိပေါ် မင်းစိတ်ထိန်းစမ်းကွာ"
"တောက်!! ခွေးမသား!"
"ဒီတစ်ခါတော့စုန့်မင်တော်တော်လွန်တယ်ကွာ"
ရိပေါ်ကသူ့ကိုယ်သူပြန်ထိန်းလိုက်ပြီးပြန်ထိုင်လိုက်၏။
"ဆောရီး ငါ့ကြောင့်ပွဲပျက်သွားပြီ!"
"ရတယ် အချင်းချင်းတွေဘဲ
အရင်ကငါတို့ဒီ့ထက်ဆိုးခဲ့ကြတာဘဲလေ"
ရိပေါ်ကဆက်ပြီးတစ်ခွက်ပြီးတစ်ခွက်မော့သောက်ပစ်၏။ ခဏကြာတော့အခုနကစုန့်မင်ကိုသယ်သွားတဲ့နှစ်ယောက်ကပြန်ဝင်လာခဲ့၏။
"သူ့ကိုအခန်းတစ်ခန်းငှားပြီးထားခဲ့လိုက်တယ်
ဒီကတစ်ယောက်ကစောင့်ရှောက်ပေးလိမ့်မယ်"
သူတို့၅ယောက်ကအရင်တုန်းကအကြောင်းတွေပြန်ပြောကြပြီးတဖြည်းဖြည်းစီးပွားရေးအကြောင်းပါပြောလာကြ၏။ အခုနကအကြောင်းကိုတော့ဘယ်သူမှမဟကြတော့။ ရိပေါ်ကဘာမှဝင်မပြောတော့ဘဲသူ့ဘာသူဘဲအရက်ကိုတစ်ခွက်ပြီးတစ်ခွက်မော့သောက်နေတယ်။ ရှောင်းပိုင်ကတော့စီးပွားရေးအကြောင်းသိပ်နားမလည်ပေမယ့်ဒီလူတွေနဲ့ရင်းနှီးမှုကိုဆက်ထိန်းထားရမှာကိုတော့သိတယ်။
ရိပေါ်နားထဲမှာအခုနတုန်းကစုန့်မင်ပြောခဲ့တဲ့စကားကိုဘဲနားထဲမှာကြားယောင်နေတယ်။ အိမ်ထောင်ရှင်အမျိုးသမီးကအမျိုးသားကိုစိတ်ကျေနပ်မှုမရလို့နောက်တစ်ယောက်နဲ့ဖောက်ပြန်တယ်။ အဲ့လုလူကြီးမင်းကအမြဲတမ်းအလုပ်များနေတာ။ အလုပ်မှာဘဲအချိန်ကုန်နေတဲ့အမျိုးသားကိုထိုMrs.လုကစိတ်ကုန်လာတယ်တဲ့။ လုလူကြီးမင်းအလုပ်ကြိုးစားတာမိသားစုအတွက်မဟုတ်လား..
Mrs.လုကငယ်ရွယ်လှပသေးတဲ့အရွယ်။ ဖောက်ပြန်ပြီးနောက်တစ်ယောက်နဲ့တောင်ကိုယ်ဝန်ရလိုက်တယ်။ ဘယ်လောက်ရွံဖို့ကောင်းလိုက်လဲ။ သူအမုန်းဆုံးကမာယာများပြီးဖောက်ပြန်တာဘဲ။
"ဝမ်ဝမ်ကငါ့သားကွ..
ရှောင်းကျန့်ကငါ့အပိုင်"
ဝမ်ရိပေါ်ကအရက်မူးလာတော့အခုနကအကြောင်းအရာကိုပြန်ဖော်လာတယ်။
"အေးပါ အေးပါ
ရှောင်းကျန့်ကမင်းအပိုင်ပါ
ဝမ်ဝမ်ကလည်းမင်းသားပါ"
"တောက်! အဲ့ကောင်
ငါမကျေဘူး"
"စိတ်လျှော့ပါကွာ"
"ရှောင်းကျန့်ကငါ့ကိုဘဲချစ်တာ"
"အေးပါ.."
"ဖောက်ပြန်ရဲဖောက်ပြန်ကြည့်"
"ဒီညတော့အိမ်မပြန်နဲ့တော့ မင်းလည်းဒီဟိုတယ်မှာဘဲအိပ်လိုက်"
‌ဝမ်ဟောက်ရွှမ်းကသိပ်မမူးသေးတော့သေချာဆုံးဖြတ်နိုင်သေးတယ်။ ရိပေါ်ဒီပုံစံမျိုးနဲ့အိမ်ပြန်ရင်ရှောင်းကျန့်မလွယ်တော့။ ညလုံးပေါက်အရစ်ခံနေ‌ရလောက်တယ်။ ရိပေါ်ကသဝန်တိုစိတ်သိပ်ကြီးတယ်..။
"ရှောင်းပိုင် မင်းဘဲရိပေါ်ကူညီပေးပါဦးကွာ
ငါဒီနှစ်ယောက်ကိုထိန်းထားလိုက်မယ်"
"ရတယ် ဟောက်ရွှမ်းကော"
ရိပေါ်ကဘယ်လောက်ဘဲအရက်သောက်နိုင်တယ်ဆိုဆိုalcoholများများဝင်သွားတော့လူမှန်းသူမှန်းမသိအောင်မူးရူးနေပြီ။ ဒေါသတွေကိုအရက်နဲ့မြိုချလိုက်ပုံရတယ်။ ရှောင်းပိုင်ကတော့ဒီနေ့မှရိပေါ်စိတ်ကိုဘွင်းဘွင်းရှင်းရှင်းသိလိုက်ရပြီ။ ရိပေါ်ကသူ့ကိုတစ်ခါမှသဝန်မတိုဖူးဘူးဘဲ။ ကောနဲ့ကျဘဲအိန္ဒြေမဆယ်နိုင်အောင်သဝန်တိုတတ်ခဲ့တာ..။ သူနည်းနည်းမှတောင်မရိပ်မိခဲ့ဘူး..
............
"ရိပေါ် ဘာဖြစ်နေတာလဲ"
"ငါကဘာဖြစ်နေလို့လဲ!"
"မင်းတော်တော်ဒေါသထွက်နေပုံပေါက်လို့!"
"ငါ ငါက..
ငါကဘာလို့ဒေါသထွက်ရမှာလဲ"
"ဘာဖြစ်လာတာလဲပြောစမ်းပါ"
"လမ်းမှာတော်တော်အရှက်မဲ့တဲ့နှစ်ယောက်ကိုတွေ့ခဲ့လို့.."
"သူတို့ကမင်းကိုဘာလုပ်လိုက်လို့လဲ"
ရှောင်းပိုင်ကပုံမှန်အတိုင်းလေးဘဲမေးလိုက်တာရိပေါ်ကရှုးရှုးရှားရှားဖြစ်လာပြန်ရော..။
"ဘာလို့လူသွားလမ်းမှာအဲ့လောက်တောင်အရှက်မဲ့ရတာလဲ"
ရိပေါ်ကမကျေနပ်ချက်တွေကိုသူ့ဘာသူဆက်ပြောလာတယ်။
"ယောက်ျားတကာနဲ့ပလူးပလဲ အရှက်မရှိဘူး"
ရှောင်းပိုင်ကရိပေါ်ဘယ်သူ့ကိုမကျေမနပ်ဖြစ်နေတာမှန်းမသိဘဲကော်ဖီသောက်ရင်းဘဲဆက်နားထောင်ပေးလိုက်တယ်။
"မင်းဆိုရင်ရော ယောက်ျားတကာနောက်လျှောက်လိုက်မှာလား"
"လိုက်ချင်လိုက်မှာပေါ့"
"မနက်ကတွေ့ခဲ့တဲ့ကောင်ကငါ့ထက်တောင်ငယ်ဦးမယ့်ပုံဘဲ
ငယ်တဲ့ကောင်လေးတွေကြိုက်တယ်ဆိုလည်းအထက်တန်းအရွယ်လေးကိုတော့မကြိုက်သင့်ဘူးမလား တောက်!"
အဲ့နေ့တွေတုန်းကလည်းရှောင်းပိုင်ကဘာမှမရိပ်မိသေးဘူး။ နောက်နေ့ရှောင်းပိုင်နဲ့ရိပေါ်အတူလျှောက်လာတုန်းရှောင်းကျန့်ကသူစာပြပေးနေတဲ့အထက်တန်းကောင်လေးရဲ့စက်ဘီးနောက်က‌လိုက်လာတယ်။ ကောကကြောက်လို့အဲ့ကလေးရဲ့ခါးကိုကိုင်ထားတယ်..။
သူတို့အဆောင်ရှေ့ရောက်တော့အဲ့ကလေးကကျောမှာလွယ်ထားတဲ့ကောအိတ်ကိုကောကိုလှမ်းပေးတယ်။ အဲ့ကလေးကကောကိုတစ်ခုခုပြောလိုက်ပုံရပြီးကောကအဲ့ကလေးခေါင်းကိုလှမ်းပွတ်ပေးလိုက်တယ်။ ရိပေါ်ကတစ်ချက်ကြည့်ပြီးတာနဲ့ဂရုမစိုက်သလိုလုပ်ကာဆက်လျှောက်တယ်။
"အရှက်မရှိလိုက်တာ"
"ဟင် ဘာလဲ"
"ဘာမှမဟုတ်ဘူး"
ရိပေါ်မျက်နှာကတော်တော်မသာမယာဖြစ်နေပြီးလေထုကတောင်အေးစက်နေတယ်။ ရိပေါ်ကအခုနတုန်းကတောင်အင်းအဲလုပ်ဖော်ရသေးတယ်။ ဒါပေမယ့်အခုတော့သူလုံးဝကိုအဖက်မလုပ်ခံရတော့။ ရိပေါ်ကသူ့ဘာသူဆက်လျှောက်သွားပြီး ရှောင်းပိုင်ကိုအတွေးများစေခဲ့တယ်။
ရှောင်းပိုင်သူ့ကောနေရာကိုအစားယူခဲ့တယ်။ ကောအပေါ်မရိုးသားခဲ့ဘူး။ ရိပေါ်အပေါ်မရိုးမသားချည်းကပ်ခဲ့မိတယ်။ နောက်ဆုံးရိပေါ်ကသူ့ကိုတွဲကြဖို့ပြောလာတယ်။ အဲ့နေ့ကသူရိပေါ်ကိုကော်ဖီဆိုင်ကိုအတူထိုင်ဖို့ခေါ်သွားခဲ့တယ်။ သိပ်မကြာခင်မှာဘဲကောကရောက်လာခဲ့တယ်။ သူတို့ထိုင်နေတာကကောနောက်ဘက်ကခုံမို့ကောကမမြင်ဘူး။
"ကျန့် ရောက်လာပြီလား"
"ကိုယ်နည်းနည်းနောက်ကျသွားတယ်"
ရိပေါ်ကိုယ်ကဆတ်ခနဲဖြစ်သွားပြီးသေချာဂရုတစ်စိုက်နားထောင်နေတာသိသာလွန်းတယ်။ တစ်ဖက်ကကောင်လေးကလည်းတော်တော်စိတ်လှုပ်ရှားနေပုံပေါ်ပြီးရှောင်းကျန့်ကိုဂရုစိုက်တယ်။ ကော်ဖီမှာတာမုန့်မှာတာကအစရှောင်းကျန့်ကိုဦးစားပေးသွားတာမျိုး။
"ဒီဆိုင်ကကော်ဖီကတော်တော်ကောင်းတယ်"
"ကိုယ့်ကိုကော်ဖီတိုက်တဲ့အတွက်ကျေးဇူးပါ"
"ဟို ဟိုလေ..ကျွန်တော်"
"မင်းကိုယ့်ကိုသဘောကျနေတာကိုယ်သိပါတယ်"
"ဒါ ဒါဆို.."
"ကိုယ်မချစ်မိသေးဘူး"
ရိပေါ်ကလက်သီးတင်းတင်းဆုပ်ထားတာသူမြင်လိုက်တယ်။ ရိပေါ်ကသူ့အပေါ်စိတ်ဝင်စားမှုမရှိဘဲတစ်ဖက်ကစကားဝိုင်းကိုဘဲထပ်နားစွင့်ထားတယ်....
"ကျန့် ကျွန်တော်ကိုယတိပြတ်မငြင်းပါနဲ့လားဗျာ..
အချိန်ယူပြီးနည်းနည်းစဉ်းစားပေးပါဦး
ကျန့်မကြိုက်တာတွေအကုန်ပြင်ပေးပါ့မယ်"
"ကောင်းပြီ အချိန်ကျရင်ကိုယ်ဆုံးဖြတ်ကိုမင်းလေးစားပေးရမယ်"
"ကျွန်တော်သဘောတူတယ် ကျန့်ကျွန်တော့်ကိုချစ်လာစေရမယ်"
ရိပေါ်ကအေးစက်နေတဲ့ကော်ဖီကိုတစ်ကျိတ်တည်းမော့သောက်ပစ်တယ်။
"ရှောင်းပိုင် မင်းငါနဲ့တွဲမလား"
"တွဲမယ်"
"တစ်ချို့တွေကမာယာများလွန်းတယ်"
"ဟင်.."
"မင်းအစ်ကိုကသိပ်မာယာများတာဘဲရှောင်းပိုင်!"
(2.8.22)
နောက်သုံးရက်နေရင်ဟိုကောင်လေး၂၅နှစ်ပြည့်ပါတော့မယ်။
......................
Part- 14
For zawgyi
"....."
"ဝမ်ဝမ်ကော.."
"......."
"......."
"......"
"အများကြီးမသောက်ဘူး"
"......"
"အင်း အင်း"
"ဝမ်ရိပေါ် ဝမ်ရိပေါ်..
"ဟားဟား..."
ရှုတင်မပြီးသေးလို့"
"ငါပါကွာ ငါငါ
"တောက်! စုန့်မင်
"ရိပေါ် မလုပ်နဲ့တော့"
"တောက်!! ခွေးမသား!"
"ဝမ်ဝမ်ကငါ့သားကွ..
"အေးပါ အေးပါ
"တောက်! အဲ့ကောင်
ငါမကျေဘူး"
"စိတ်လျှော့ပါကွာ"
"အေးပါ.."
"ရတယ် ဟောက်ရွှမ်းကော"
............
"ရိပေါ် ဘာဖြစ်နေတာလဲ"
"ငါကဘာဖြစ်နေလို့လဲ!"
"ငါ ငါက..
"အရှက်မရှိလိုက်တာ"
"ဟင် ဘာလဲ"
"ဘာမှမဟုတ်ဘူး"
"ကျန့် ရောက်လာပြီလား"
"ဟို ဟိုလေ..ကျွန်တော်"
"ဒါ ဒါဆို.."
"ကိုယ်မချစ်မိသေးဘူး"
"တွဲမယ်"
"ဟင်.."
(2.8.22)
......................
Continuar a ler
Também vai Gostar
4.1K 123 24
"Time won't fly, it's like I'm paralyzed by it I'd like to be my old self again But I'm still trying to find it" Eryn Blake hated the person that she...
9K 111 10
ʟɪᴠᴇ ɴᴏᴡ, ᴛʜɪɴᴋ ʟᴀᴛᴇʀ, ɪ ᴅᴏ ɪᴛ sᴏ ᴡᴇʟʟ ғᴀʟʟ ʜᴀʀᴅ, ʜᴇᴀʀᴛ ʙʀᴇᴀᴋᴇʀ in which, oliver quick & lucy williams are whisked away to Saltburn 𝐒𝐭𝐚𝐫𝐭𝐞𝐝:...
26.9K 1.4K 17
systemပုံစံficလေးပါအခါးမပါပါဘူးအခါးကြိုက်တဲ့သူများမဖတ်ရန် yizhanပါ introကနေစဖတ်ပါ systemပုံစံficေလးပါအခါးမပါပါဘူးအခါးႀကိဳက္တဲ့သူမ်ာ မဖတ္ရန္ yizhanပါ ...
24.5K 3.6K 13