အပိုင်း_389_ငါ့ဓါးကအေးစက်တယ်
"ချူးယွန်က နောက်ကျတဲ့အတွက် အရှုံးပေးပြီး အရှုံးသမားအုပ်စုထဲဝင်သွားခဲ့တယ်!"
တန်းကျွင်း ထိတ်လန့်သွားသလို အခက်တွေ့သွားပါတယ်။ချူးယွန်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းက သေလမ်းဖြစ်ပေမယ့် သူက နောက်ပြန်မလှည့်ခဲ့ဘူး။
တန်းယောက်ကျီ အသက်ကိုပြင်းစွာရှုနေပြီး သူ့မျက်လုံးထဲမှာ ဒေါသအရိပ်ယောင်တွေထွက်ပေါ်နေလို့ပါ။သူအဆင့်တက်သွားတာသေချာပေမယ့် သူဒေါသထွက်နေဆဲပါပဲ။
ချူးယွန်က ငရဲလောကကိုရွေးချယ်လိမ့်မယ်လို့ သူထင်မထားခဲ့ပါဘူး။အရာအားလုံးကိုသူတွက်ချက်ထားပေမယ့် ဒါက မျှော်လင့်မထားတဲ့တစ်ခုပါပဲ။
သူတတ်နိုင်သမျှလုပ်ခဲ့ပေမယ့် ချူးယွန်ကိုသေအောင်မသတ်နိုင်လို့ သူ့ကိုယ်သူစိတ်တိုမိပါတယ်။ ဒါပေမယ့် သူ့မှာ ဒုတိယအခွင့်အရေးရလာပြီ။
တန်းယောက်ကျီ သုန်မှုန်နေတဲ့မျက်နှာနဲ့ စင်မြင့်ပေါ်က ပြန်ဆင်းလာခဲ့ပါပြီ။
သူ့နှလုံးသားထဲမှာတော့ စင်ပေါ်မှာ လေးယောက်တစ်ယောက်တိုက်ခိုက်ရချိန်ကျရင် ချူးယွန်ကို အမှုန့်ချေပစ်ဖို့ မုန်းတီးစွာနဲ့တွေးနေလို့ပါ။ချူးယွန်ကို သူနောက်ထပ်အခွင့်ရေး နည်းနည်းမှ မပေးနိုင်တော့ပါဘူး။
မင်းငါ့အရှေ့မှာရှုံးသွားရင် မင်းဘာထပ်လုပ်နိုင်ဦးမှာလဲ?
"ချူးယွန်... မင်းရွေးချယ်ပြီးရင် လာခဲ့ပါ"
တန်းကျွင်း ချူးယွန်ကိုကြည့်ပြီးပြောလိုက်ပါတယ်။
ချူးယွန် သူလိုချင်တဲ့အတိုင်းရလာပြီမို့ ပြုံးလိုက်ပါပြီ။
လူတိုင်းသိတဲ့အတိုင်းဆိုရင် နဂါးဆက်လက်တိုက်ခိုက်ခြင်းနဲ့ စိန်ခေါ်ဖို့ဆိုရင် ကိုယ့်ရဲ့ခွန်အားက လုံလောက်အောင်သန်မာနေမှပါ။ဒီအပြင် ပင်ပန်းနွမ်းနယ်မှုကို ထောက်ပံ့နိုင်တဲ့အစွမ်းသတ္တိရှိဖို့လည်းလိုပါသေးတယ်။
ဒီနှစ်ခုက မရှိမဖြစ်ပါပဲ။
မဟုပ်ရင် မင်းရဲ့တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက်သန်မာနေပါစေ တိုက်ခိုက်ရင်း ခြေကုန်လက်ပန်းကျသွားပါလိမ့်မယ်။
တစ်နေ့ထဲမှာ လူလေးယောက်ကိုရင်ဆိုင်ရတာက ဖော်ပြစရာတောင်မလိုပါဘူး။ အနိုင်ရသူအုပ်စုက အသန်မာဆုံးလေးယောက်ကိုတိုက်ခိုက်ရခြင်းကသာ အခက်ခဲဆုံးပါ။
ထိုလေးယောက်ကို တစ်ချိန်ထဲမှာအနိုင်ရဖို့က အရမ်းခက်ခဲပါတယ်။
မဟုပ်ဘူး... ဒါက ခက်ခဲတယ်လို့တောင် ခေါ်လို့မရတော့ဘူး...
ဒါကို ဖော်ပြဖို့ ငရဲဆိုတဲ့စကားလုံးပဲရှိလိမ့်မယ်!
ဒါကြောင့်ဒီတိုက်ပွဲကို "ငရဲရဲ့ခက်ခဲမှု"လို့လည်း လူသိများတယ်။
ချူးယွန် နဂါးတိုက်ပွဲစင်မြင့်ကို ပြုံးရွှင်စွာနဲ့ လျှောက်လှမ်းသွားခဲ့ပါပြီ။
အရင်က ချူးယွန်အနေနဲ့ သောင်းနဲ့ချီတဲ့လူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်ဆိုရင် အခုချိန်မှာတော့ လူအားလုံးကို ဆွဲဆောင်နိုင်ခဲ့ပြီလေ။
ချူးယွန်ကို လျစ်လျူရှုထားကြသူတွေတောင် အာရုံစိုက်လာကြပါတယ်။
ဒါက မိသားစုပြိုင်ပွဲမှာ ပထမဆုံးအဖြစ်ပျက်ပဲမဟုပ်လား။
"ဘယ်သူအရင်လာမလဲ?"
တန်းကျွင်း အရှုံးသမားအဖဲ့ကလေးယောက်ကိုကြည့်လိုက်ပါတယ်။
အရင်ကတော့ ထိုလူတွေအနေနဲ့ အဆင့်ငါးနေရာအတွက် ပြိုင်ဆိုင်ဖို့ အားခဲထားကြပေမယ့် ချူးယွန်က နဂါးဆက်လက်တိုက်ခိုက်ခြင်းကို ရွေးချယ်လိုက်ချိန်မှာတော့ မျှော်လင့်ချက်မရှိကြတော့ပါဘူး။
"ကျွန်တော်အရင်လာမယ်"
တန်းရှန်ယန်း ပြုံးရွှင်စွာနဲ့ လျှောက်လှမ်းလာခဲ့ပါပြီ။
အစောပိုင်းတုန်းက တန်းဇီရှန်းနဲ့တိုက်ခိုက်ရပြီး ဘာမှမလုပ်နိုင်ပဲ အရှုံးပေးခဲ့ရပါတယ်။အခုလည်း ချူးယွန်နဲ့ ရင်ဆိုင်နေရပြန်ပါပြီ။သူက အစွမ်းခွန်အားမဲ့သလိုတောင် ခံစားနေရပါတော့တယ်။
"ချူးယွန်... အကြမ်းကြီးမလုပ်ပါနဲ့... ငါကမင်းပြိုင်ဘက်မဟုပ်တာသိပါတယ်... ငါ့ကို မျက်နှာလေးတော့ချန်ထားပေးပါ"
တန်းရှမ်ယန်းပြုံးပြီး ပြောလိုက်ပါတယ်။
"ကိစ္စမရှိဘူး"
ချူးယွန် လက်ခံလိုက်တယ်။
"လာပြီ... ငါမင်းနဲ့ဆွေးနွေးချင်ပါသေးတယ်"
တန်းရှမ်ယန်း သိုင်းဝိညာဉ်ဆင့်ခေါ်ကာ ချူးယွန်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။
ချူးယွန် အပြောင်းလဲမရှိတဲ့မျက်နှာနဲ့ လက်ဝါးတစ်ချက်ရိုက်ထုတ်ကာ အကန့်သတ်မဲ့စွမ်းအင်တွေကို ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီလေ။
ဒါက သာမန်လက်ဝါးလို့ထင်ရပေမယ့် အလွန်ဆန်းကျယ်တဲ့နည်းလမ်းပါ။မတူညီတဲ့စွမ်းအင်နှစ်မျိုးကိုချိတ်ဆက်ထားသလို တောက်ပတဲ့အလင်းတွေကို ထုတ်လွှတ်ပါတယ်။
ထိုအရာက ဓါးအလင်းတန်းတစ်ခုလို တန်းရှမ်ယန်းရဲ့သိုင်းဝိညာဉ်ကိုဖြတ်ကျော်ရင်း ဝိညာဉ်စွမ်းအင်အတားဆီးကို ဖြတ်ကျော်သွားခဲ့ပြီလေ။
"ဖောက်!"
တန်းရှမ်ယန်းရဲ့မျက်နှာအမူရာက ပြောင်းလဲသွားခဲ့တယ်။သူ့ဗိုက်ကိုချက်ချင်းဆုပ်ကိုင်လိုက်ပါပြီ။
"သန်မာလိုက်တာ!"
တန်းရှမ်ယန်း အံကြိတ်လိုက်ပါတယ်။ အနောက်ကိုဆုတ်ပေးလိုက်ရပြီး သူ့ခြေထောက်တွေကနာကျင်သွားခဲ့တယ်လေ။
သူဝန်မခံချင်ရင်တောင် ဒါက အမှန်တရားပါပဲ... ချူးယွန်က သူ့ကို လက်ဝါးတစ်ချက်နဲ့အနိုင်ယူနိုင်တယ်။
"ငါရှုံးသွားပြီ... ငါ့ရှုံးနိမ့်တာကို ဝန်ခံပါတယ်"
တန်းရှမ်ယန်း အသက်ပြင်းပြင်းရှုကာ ချူးယွန်ကိုကြည့်ပြီး လှည့်ထွက်သွားခဲ့ပါပြီ။
သူက ချူးယွန်နဲ့ စကားပြောဖူးပြီး သူ့ကို အနိုင်မယူနိုင်ရင်တောင် ဒီလောက်လွယ်လွယ်ရှုံးရမယ်တော့ ထင်မထားခဲ့ပါဘူး။
သူက တစ်ချက်ထဲနဲ့ ရှုံးရလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ?
"နောက်တစ်ယောက်"
တန်းကျွင်းမျက်နှာက အပြောင်းလဲမရှိပါဘူး။
အခြားတစ်ယောက်က ချူးယွန်ကို ဘာစကားမှမပြောပဲ အားချင်းပြေးဝင်တိုက်ခိုက်ခဲ့ပါတယ်။သူ့ရဲ့တိုက်ခိုက်မှုက ကြမ်းကြုတ်ပေမယ့် သတ်ဖြန်ချင်စိတ်တော့ မပါဝင်ခဲ့ပါဘူး။
ထိုလူက ကြမ်းတမ်းစွာတိုက်ခိုက်ပေမယ့် တန်းရှမ်ယန်းလို အဆုံးသတ်ခဲ့ရပါတယ်... တစ်ချက်ထဲနဲ့!
ထိုလူက သူ့ရင်ဘက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်တယ်။
"သူက အရမ်းသန်မာတာပဲ... သူက ငါတို့နဲ့လုံးဝခြားနားတဲ့အဆင့်မှာရှ်ိနေတာ"
တတိယတစ်ယောက်ကလည်း တူညီတဲ့အဖြစ်မျိုးနဲ့ပဲ အဆုံးသတ်ခဲ့ရတာပါပဲ...
တန်းယောက်ကျီရဲ့မျက်နှာက ကြမ်းကြုတ်မှုတွေ ပြည့်နှက်နေလို့ပါ... တစ်ဦးချင်းဆိုရင် သူက ချူးယွန်ပြိုင်ဘက် ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်... ဒါပေမယ့် လေးယောက် တစ်ယောက် အခြေနေမှာတော့ ချူးယွန်ကိုသတ်ဖို့ သူယုံကြည်မှုရှ်ိတယ်။
ဟုပ်ပါတယ်... ဒါကလည်း လူတိုင်းကြိုးစားအားထုန်မှပါ...
တန်းရှီနဲ့ တန်းဇီရှန်းတို့ ခန်းမကြီးထဲမှာရပ်နေရင်း ချူးယွန်ကို ကြည့်နေကြပါတယ်။
"အမဇီရှန်း... ချူးယွန် တို့ကို နိုင်မယ်လို့ ထင်လား?"
တန်းရှီ စိုးရိမ်ပူပန်ဟန်နဲ့ မေးလိုက်တယ်။
တန်းဇီရှန်း ဒါကိုကြားတော့ အနည်းငယ်အံ့အားသင့်သွားပေမယ့် စပ်စုချင်စိတ်မရှိပဲ ပြောလိုက်ပါတယ်။
"မဖြစ်နိုင်ဘူး"
ဒါအမှန်ပါ...
သူမတို့က တစ်ဦးချင်းကို ရလဒ်က ပြောင်းလဲနိုင်ပေမယ့် အခုက လေးဉီးစုတိုက်ရမှာလေ။
ရှေးကထဲက ဒီနည်းလမ်းကို အသုံးပြုသူမရှိပေမယ့် အောင်နိုင်လောက်သူလည်းမရှိခဲ့ပါဘူး။အရင်တုန်းက ဘယ်သူမှမတတ်နိုင်သလို အခုချူးယွန်လည်း အတူတူဖြစ်မှာပဲ...
"သူက ယုံကြည်မှုရှိနေရင် ဘာလို့မဖြစ်နိုင်တာလဲ?"
တန်းရှီ သိချင်မိပါတယ်။
တန်းဇီရှန်း ဘာမှမပြောခင် တန်းတန့်ဖုန်းက ပြောလိုက်တယ်။
"ထိပ်တန်းလေးယောက်ထဲဝင်နိုင်မှတော့ ငါတို့က တန်းမှာ အစွမ်းထက်တဲ့လူလေးယောက်ဆိုတာ သိသာတယ်... ချူးယွန်က အရမ်းသန်မာပါတယ်... ဒါပေမယ့် သူက ငါတို့လေးယောက်လုံးကိုအနိုင်ယူနိုင်မယ်လို့ပြောလာရင်တော့ ငါမယုံဘူး... ရွှမ်းဝူနယ်ပယ်မှာ ဘယ်သူမှ လုပ်နိုင်မှာမဟုပ်ဘူး"
ဒီလိုပြောရတာကလည်း အကြောင်းပြချက်ရှိပါတယ်။
ပထမက တန်းယောက်ကျီဟာ ကုန်းဇီဆယ်ပါးထဲကဖြစ်ပြီး ထိုဘွဲ့နဲ့ လိုက်ဖက်တဲ့စွမ်းရည်ရှိတယ်...
တန်းယောက်ကျီက ရွှမ်းဝူနယ်ပယ်အဆင့်ခုနှစ် ကျင့်ကြံခြင်းအဆင့်လည်းရှိတယ်လေ။
တန်းဇီရှန်းက ရွှမ်းဝူနယ်ပယ်အဆင့်ခြောက်သာပေမယ့် ကောင်းကင်အဆင့်ခုနှစ်သိုင်းဝိညာဉ်နဲ့ သူမကို လျှော့တွက်မရပါဘူး။
တန်းတန့်ဖုန်းကလည်း ရွှမ်းဝူနယ်ပယ်အဆင့်ခုနှစ်မှာရှိတယ်လေ။
တန်းရှီဆိုရင် ရွှမ်းဝူနယ်ပယ်အဆင့်ရှစ်ကို ရောက်နေခဲ့ပါပြီ။
ထိုသူတွေစုပေါင်းလိုက်ရင် ရွှမ်းဝူနယ်ပယ်အသာထား တာအိုသခင် ဖြစ်စလူတွေတောင် ယှဉ်နိုင်မှာမဟုပ်ပါဘူး။
ချူးယွန်က ဘာကြောင့် သူ့ကိုယ်သူ ယုံကြည်ရတာလဲ?
တန်းတန့်ဖုန်း တန်းရှီနဲ့ တန်းဇီရှန်းကိုကြည့်ကာ ပြောလိုက်တယ်။
"အမဇီရှန်း... ညီမလေးရှီ... နင်တို့နဲ့ချူးယွန်ကြားဆက်ဆံရေးက မဆိုးဘူးဆိုတာ ငါသိပါတယ်... ဒါပေမယ့် ဒါက ငရဲလောကပဲလေ... ဒီမှာ စည်းမျဉ်းတွေရှိတယ်"
"နင်ငါ့ကိုသင်ပေးနေစရာမလိုဘူး... ငါနင့်ထက်ပိုသိတယ်"
တန်းဇီရှန်း စိတ်မရှည်စွာနဲ့ အော်ဟစ်လိုက်ပါတယ်။
တန်းတန့်ဖုန်း ချက်ချင်းပါးစပ်ပိတ်သွားပြီး သူ့နှလုံးသားထဲက စိုးရိမ်ပူပန်မှုကိုဖော်ပြချင်ပေမယ့် တန်းဇီရှန်းကို သူမစရဲပါဘူး။
"စည်းမျဉ်းက စည်းမျဉ်း... ဆက်ဆံရေးက ဆက်ဆံရေးပါ... ငါတို့ခွဲခြားတတ်ပါတယ်"
တန်းရှီပြုံးပြီး တန်းတန့်ဖုန်းကို နှစ်သိမ့်ပေးလိုက်ပါတယ်။
စင်မြင့်ပေါ်ရှိတိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။
ချူးယွန်ကို အသက်ရှုခွင့်တောင်မပေးပဲ လူသုံးယောက်ကို စင်ပေါ်တက်စေခဲ့ပေမယ့် တစ်ကယ်တမ်းသူက အသက်ရှုစရာတောင် မလိုခဲ့ပါဘူး။
သုံးယောက်ကို သူ့အတွက် သုံးချက်ပဲလိုတယ်...
အပိုလှုပ်ရှားမှုတွေမရှိဘူး။
တန်းကျွင်း ချူးယွန်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပါတယ်။
စစ်မှန်တဲ့ ကြီးကျယ်တဲ့အရာတစ်ခု ဖြစ်ပျက်လာတော့မယ်!
အရှုံးသမားအဖွဲ့က သုံးယောက်က အချိုပွဲသာဖြစ်ပြီး တစ်ကယ့်စားသောက်ပွဲမဟုပ်ပါ။
အနိုင်ရသူလေးဦးကမျှတစ်ကယ့် ကျွမ်းကျင်သူတွေပါပဲ။လေးယောက်တစ်ယောက်ပွဲက ရှားပါးတယ်!
"သွားကြမယ်"
တန်းတန့်ဖုန်း အသက်ပြင်းပြင်းရှုကာ ခန်းမအတွင်းက ထွက်သွားခဲ့ပါပြီ။
ချူးယွန်အနေနဲ့ လက်ရှိမှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်... နဂါးတိုက်ပွဲမှာသေရင်သေ၊မသေရင် အရင်စတ်ခါမှမဖြစ်ဖူးတဲ့ ငရဲလောကရဲ့ခက်ခဲမှုကို အနိုင်ယူ...
"အမ... ငါချူးယွန်ကို တန်းမင်းဆက်တစ်ခုလုံးမှာ လိုက်ရှာတာမတွေ့ခဲ့ဘူး"
တန်းဟွာရန် အပြေးတစ်ပိုင်းနဲ့ဝင်လာခဲ့ပြီး သူ့မျက်နှာက ခါးသီးမှုတွေပြည့်နှက်နေလို့...
"ငါတို့ဘာလုပ်နေတာလဲ? အရမ်းကြာနေပြီလေ... စည်းမျဉ်းတွေအရ ရှုံးနိမ့်တာကို ဝန်ခံရတော့မယ်!"
တန်းဟွာရန်ရဲ့ စိုးရ်နေတဲ့မျက်နှာကိုမြင်တော့ ခန်းမအတွင်းရှိ လူတွေ ရယ်မောလိုက်ကြတယ်။
တန်းဇီရှန်း နဂါးတိုက်ပွဲစင်မြင့်ကိုညွှန်ပြပြီး
"သူပြန်ရောက်လာတာကြာပြီ... အခု နဂါးဆက်လက်တိုက်ခိုက်ခြင်းကိုတောင် တက်တက်ကြွကြွလုပ်ဆောင်နေသေးတယ်!"
တန်းဇီရှန်းပြောပြီးတာနဲ့ ခန်းမထဲက ထွက်သွားခဲ့ပါပြီ။
တန်းရှီလည်း ထွက်သွားခဲ့ပြီလေ။
တန်းယောက်ကျီက နောက်ဆုံးမှ ထွက်သွားခဲ့ပါတယ်။
တန်းယောက်ကျီ မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်တွေပြည့်နှက်နေပေမယ့် ခေါင်းကိုငုံ့ပြီး ထွက်သွားခဲ့ပါတယ်။
"ဘာ? မင်းက ရောက်နေပြီလား?"
တန်းဟွာရန် အံ့အားသင့်သွားပါတယ်။သူချွေးတွေသုတ်ပြီး အမြန်လှမ်းကြည့်လိုက်တယ်။
ချူးယွန်က စင်ပေါ်မှာရပ်နေပြီး သူ့မျက်နှာက ပြတ်သားမှုတွေပြည့်နှက်နေလို့ပါ။
အခြားတစ်ဖက်က လူလေးယောက်ကလည်း စင်မြင့်ပေါ်မှာ နေရာယူပြီးနေပါပြီ။
"ငရဲလောကခက်ခဲမှုလား? နဂါးဆက်လက်တိုက်ခိုက်ခြင်းလား?"
တန်းဟွာရန် နောက်ဆုံးတော့ တန်းဇီရှန်းပြောတာကို နားလည်သွားခဲ့ပါပြီ။
ချူးယွန်က အခက်ခဲဆုံးအရာကိုရွေးချယ်ခဲ့တယ်!
"မင်းဆိုးဆိုးရွားရွားသေလိမ့်မယ်"
တန်းယောက်ကျီ ချူးယွန်ကို စိုက်ကြည့်လိုက်တယ်။
"မစိုးရိမ်ပါနဲ့... မင်းငါ့အရှေ့မှာသေရလိမ့်မယ်!"
ချူးယွန် တည်ငြိမ်စွာပြောလိုက်တယ်။
တန်းယောက်ကျီရဲ့ နောက်ကျောက တိုက်ခိုက်ခြင်းက ချူးယွန်ကို အလွန်စိတ်ဆိုးစေပါတယ်။ဒီနေရာမှာပဲ သူ့အသက်ကို အရယူဖို့ သူဆုံးဖြတ်ပြီးပါပြီ။
တန်းဇီရှန်းနဲ့ တန်းရှီက ဘာမှမပြောပေမယ့် တန်းတန့်ဖုန်းက ပြောလိုက်ပါတယ်။
"ချူးယွန်... ငါ့မှာ ဘာရည်ရွယ်ချက်မှ မရှိပေမယ့် မင်းနိုင်မှာမဟုပ်ဘူး... ဒါအမှန်တရားပဲ!"
"ငါ့ဓါးရဲ့သတ်ဖြတ်ချင်စိတ်က အေးစက်တယ်... ငါ့ဓါးတစ်ချက်က ကောင်းကင်ဘုံကို ဖြတ်ဆီးနိုင်တယ်!"
ချူးယွန် အေးစက်စက်နဲ့တုံ့ပြန်လိုက်ပါတယ်။
အပိုင္း_389_ငါ့ဓါးကေအးစက္တယ္
"ခ်ဴးယြန္က ေနာက္က်တဲ့အတြက္ အ႐ႈံးေပးၿပီး အ႐ႈံးသမားအုပ္စုထဲဝင္သြားခဲ့တယ္!"
တန္းကြၽင္း ထိတ္လန္႔သြားသလို အခက္ေတြ႕သြားပါတယ္။ခ်ဴးယြန္ေ႐ြးခ်ယ္ခဲ့တဲ့လမ္းေၾကာင္းက ေသလမ္းျဖစ္ေပမယ့္ သူက ေနာက္ျပန္မလွည့္ခဲ့ဘူး။
တန္းေယာက္က်ီ အသက္ကိုျပင္းစြာ႐ႈေနၿပီး သူ႕မ်က္လုံးထဲမွာ ေဒါသအရိပ္ေယာင္ေတြထြက္ေပၚေနလို႔ပါ။သူအဆင့္တက္သြားတာေသခ်ာေပမယ့္ သူေဒါသထြက္ေနဆဲပါပဲ။
ခ်ဴးယြန္က ငရဲေလာကကိုေ႐ြးခ်ယ္လိမ့္မယ္လို႔ သူထင္မထားခဲ့ပါဘူး။အရာအားလုံးကိုသူတြက္ခ်က္ထားေပမယ့္ ဒါက ေမွ်ာ္လင့္မထားတဲ့တစ္ခုပါပဲ။
သူတတ္ႏိုင္သမွ်လုပ္ခဲ့ေပမယ့္ ခ်ဴးယြန္ကိုေသေအာင္မသတ္ႏိုင္လို႔ သူ႕ကိုယ္သူစိတ္တိုမိပါတယ္။ ဒါေပမယ့္ သူ႕မွာ ဒုတိယအခြင့္အေရးရလာၿပီ။
တန္းေယာက္က်ီ သုန္မႈန္ေနတဲ့မ်က္ႏွာနဲ႔ စင္ျမင့္ေပၚက ျပန္ဆင္းလာခဲ့ပါၿပီ။
သူ႕ႏွလုံးသားထဲမွာေတာ့ စင္ေပၚမွာ ေလးေယာက္တစ္ေယာက္တိုက္ခိုက္ရခ်ိန္က်ရင္ ခ်ဴးယြန္ကို အမႈန္႔ေခ်ပစ္ဖို႔ မုန္းတီးစြာနဲ႔ေတြးေနလို႔ပါ။ခ်ဴးယြန္ကို သူေနာက္ထပ္အခြင့္ေရး နည္းနည္းမွ မေပးႏိုင္ေတာ့ပါဘူး။
မင္းငါ့အေ႐ွ႕မွာ႐ႈံးသြားရင္ မင္းဘာထပ္လုပ္ႏိုင္ဦးမွာလဲ?
"ခ်ဴးယြန္... မင္းေ႐ြးခ်ယ္ၿပီးရင္ လာခဲ့ပါ"
တန္းကြၽင္း ခ်ဴးယြန္ကိုၾကည့္ၿပီးေျပာလိုက္ပါတယ္။
ခ်ဴးယြန္ သူလိုခ်င္တဲ့အတိုင္းရလာၿပီမို႔ ျပဳံးလိုက္ပါၿပီ။
လူတိုင္းသိတဲ့အတိုင္းဆိုရင္ နဂါးဆက္လက္တိုက္ခိုက္ျခင္းနဲ႔ စိန္ေခၚဖို႔ဆိုရင္ ကိုယ့္ရဲ႕ခြန္အားက လုံေလာက္ေအာင္သန္မာေနမွပါ။ဒီအျပင္ ပင္ပန္းႏြမ္းနယ္မႈကို ေထာက္ပံ့ႏိုင္တဲ့အစြမ္းသတၱိ႐ွိဖို႔လည္းလိုပါေသးတယ္။
ဒီႏွစ္ခုက မ႐ွိမျဖစ္ပါပဲ။
မဟုပ္ရင္ မင္းရဲ႕တိုက္ခိုက္ႏိုင္စြမ္းက ဘယ္ေလာက္သန္မာေနပါေစ တိုက္ခိုက္ရင္း ေျခကုန္လက္ပန္းက်သြားပါလိမ့္မယ္။
တစ္ေန႔ထဲမွာ လူေလးေယာက္ကိုရင္ဆိုင္ရတာက ေဖာ္ျပစရာေတာင္မလိုပါဘူး။ အႏိုင္ရသူအုပ္စုက အသန္မာဆုံးေလးေယာက္ကိုတိုက္ခိုက္ရျခင္းကသာ အခက္ခဲဆုံးပါ။
ထိုေလးေယာက္ကို တစ္ခ်ိန္ထဲမွာအႏိုင္ရဖို႔က အရမ္းခက္ခဲပါတယ္။
မဟုပ္ဘူး... ဒါက ခက္ခဲတယ္လို႔ေတာင္ ေခၚလို႔မရေတာ့ဘူး...
ဒါကို ေဖာ္ျပဖို႔ ငရဲဆိုတဲ့စကားလုံးပဲ႐ွိလိမ့္မယ္!
ဒါေၾကာင့္ဒီတိုက္ပြဲကို "ငရဲရဲ႕ခက္ခဲမႈ"လို႔လည္း လူသိမ်ားတယ္။
ခ်ဴးယြန္ နဂါးတိုက္ပြဲစင္ျမင့္ကို ျပဳံး႐ႊင္စြာနဲ႔ ေလွ်ာက္လွမ္းသြားခဲ့ပါၿပီ။
အရင္က ခ်ဴးယြန္အေနနဲ႔ ေသာင္းနဲ႔ခ်ီတဲ့လူေတြကို ဆြဲေဆာင္ႏိုင္ခဲ့တယ္ဆိုရင္ အခုခ်ိန္မွာေတာ့ လူအားလုံးကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီေလ။
ခ်ဴးယြန္ကို လ်စ္လ်ဴ႐ႈထားၾကသူေတြေတာင္ အာ႐ုံစိုက္လာၾကပါတယ္။
ဒါက မိသားစုၿပိဳင္ပြဲမွာ ပထမဆုံးအျဖစ္ပ်က္ပဲမဟုပ္လား။
"ဘယ္သူအရင္လာမလဲ?"
တန္းကြၽင္း အ႐ႈံးသမားအဖဲ့ကေလးေယာက္ကိုၾကည့္လိုက္ပါတယ္။
အရင္ကေတာ့ ထိုလူေတြအေနနဲ႔ အဆင့္ငါးေနရာအတြက္ ၿပိဳင္ဆိုင္ဖို႔ အားခဲထားၾကေပမယ့္ ခ်ဴးယြန္က နဂါးဆက္လက္တိုက္ခိုက္ျခင္းကို ေ႐ြးခ်ယ္လိုက္ခ်ိန္မွာေတာ့ ေမွ်ာ္လင့္ခ်က္မ႐ွိၾကေတာ့ပါဘူး။
"ကြၽန္ေတာ္အရင္လာမယ္"
တန္း႐ွန္ယန္း ျပဳံး႐ႊင္စြာနဲ႔ ေလွ်ာက္လွမ္းလာခဲ့ပါၿပီ။
အေစာပိုင္းတုန္းက တန္းဇီ႐ွန္းနဲ႔တိုက္ခိုက္ရၿပီး ဘာမွမလုပ္ႏိုင္ပဲ အ႐ႈံးေပးခဲ့ရပါတယ္။အခုလည္း ခ်ဴးယြန္နဲ႔ ရင္ဆိုင္ေနရျပန္ပါၿပီ။သူက အစြမ္းခြန္အားမဲ့သလိုေတာင္ ခံစားေနရပါေတာ့တယ္။
"ခ်ဴးယြန္... အၾကမ္းႀကီးမလုပ္ပါနဲ႔... ငါကမင္းၿပိဳင္ဘက္မဟုပ္တာသိပါတယ္... ငါ့ကို မ်က္ႏွာေလးေတာ့ခ်န္ထားေပးပါ"
တန္း႐ွမ္ယန္းျပဳံးၿပီး ေျပာလိုက္ပါတယ္။
"ကိစၥမ႐ွိဘူး"
ခ်ဴးယြန္ လက္ခံလိုက္တယ္။
"လာၿပီ... ငါမင္းနဲ႔ေဆြးေႏြးခ်င္ပါေသးတယ္"
တန္း႐ွမ္ယန္း သိုင္းဝိညာဥ္ဆင့္ေခၚကာ ခ်ဴးယြန္ဆီကို ေျပးဝင္သြားခဲ့ပါၿပီ။
ခ်ဴးယြန္ အေျပာင္းလဲမ႐ွိတဲ့မ်က္ႏွာနဲ႔ လက္ဝါးတစ္ခ်က္႐ိုက္ထုတ္ကာ အကန္႔သတ္မဲ့စြမ္းအင္ေတြကို ေပါက္ကြဲထြက္ေပၚလာခဲ့ၿပီေလ။
ဒါက သာမန္လက္ဝါးလို႔ထင္ရေပမယ့္ အလြန္ဆန္းက်ယ္တဲ့နည္းလမ္းပါ။မတူညီတဲ့စြမ္းအင္ႏွစ္မ်ိဳးကိုခ်ိတ္ဆက္ထားသလို ေတာက္ပတဲ့အလင္းေတြကို ထုတ္လႊတ္ပါတယ္။
ထိုအရာက ဓါးအလင္းတန္းတစ္ခုလို တန္း႐ွမ္ယန္းရဲ႕သိုင္းဝိညာဥ္ကိုျဖတ္ေက်ာ္ရင္း ဝိညာဥ္စြမ္းအင္အတားဆီးကို ျဖတ္ေက်ာ္သြားခဲ့ၿပီေလ။
"ေဖာက္!"
တန္း႐ွမ္ယန္းရဲ႕မ်က္ႏွာအမူရာက ေျပာင္းလဲသြားခဲ့တယ္။သူ႕ဗိုက္ကိုခ်က္ခ်င္းဆုပ္ကိုင္လိုက္ပါၿပီ။
"သန္မာလိုက္တာ!"
တန္း႐ွမ္ယန္း အံႀကိတ္လိုက္ပါတယ္။ အေနာက္ကိုဆုတ္ေပးလိုက္ရၿပီး သူ႕ေျခေထာက္ေတြကနာက်င္သြားခဲ့တယ္ေလ။
သူဝန္မခံခ်င္ရင္ေတာင္ ဒါက အမွန္တရားပါပဲ... ခ်ဴးယြန္က သူ႕ကို လက္ဝါးတစ္ခ်က္နဲ႔အႏိုင္ယူႏိုင္တယ္။
"ငါ႐ႈံးသြားၿပီ... ငါ့႐ႈံးနိမ့္တာကို ဝန္ခံပါတယ္"
တန္း႐ွမ္ယန္း အသက္ျပင္းျပင္း႐ႈကာ ခ်ဴးယြန္ကိုၾကည့္ၿပီး လွည့္ထြက္သြားခဲ့ပါၿပီ။
သူက ခ်ဴးယြန္နဲ႔ စကားေျပာဖူးၿပီး သူ႕ကို အႏိုင္မယူႏိုင္ရင္ေတာင္ ဒီေလာက္လြယ္လြယ္႐ႈံးရမယ္ေတာ့ ထင္မထားခဲ့ပါဘူး။
သူက တစ္ခ်က္ထဲနဲ႔ ႐ႈံးရလိမ့္မယ္လို႔ ဘယ္သူက ထင္ထားခဲ့မွာလဲ?
"ေနာက္တစ္ေယာက္"
တန္းကြၽင္းမ်က္ႏွာက အေျပာင္းလဲမ႐ွိပါဘူး။
အျခားတစ္ေယာက္က ခ်ဴးယြန္ကို ဘာစကားမွမေျပာပဲ အားခ်င္းေျပးဝင္တိုက္ခိုက္ခဲ့ပါတယ္။သူ႕ရဲ႕တိုက္ခိုက္မႈက ၾကမ္းၾကဳတ္ေပမယ့္ သတ္ျဖန္ခ်င္စိတ္ေတာ့ မပါဝင္ခဲ့ပါဘူး။
ထိုလူက ၾကမ္းတမ္းစြာတိုက္ခိုက္ေပမယ့္ တန္း႐ွမ္ယန္းလို အဆုံးသတ္ခဲ့ရပါတယ္... တစ္ခ်က္ထဲနဲ႔!
ထိုလူက သူ႕ရင္ဘက္ကို ဆုပ္ကိုင္ၿပီး ေျပာလိုက္တယ္။
"သူက အရမ္းသန္မာတာပဲ... သူက ငါတို႔နဲ႔လုံးဝျခားနားတဲ့အဆင့္မွာ႐ွ္ိေနတာ"
တတိယတစ္ေယာက္ကလည္း တူညီတဲ့အျဖစ္မ်ိဳးနဲ႔ပဲ အဆုံးသတ္ခဲ့ရတာပါပဲ...
တန္းေယာက္က်ီရဲ႕မ်က္ႏွာက ၾကမ္းၾကဳတ္မႈေတြ ျပည့္ႏွက္ေနလို႔ပါ... တစ္ဦးခ်င္းဆိုရင္ သူက ခ်ဴးယြန္ၿပိဳင္ဘက္ ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္... ဒါေပမယ့္ ေလးေယာက္ တစ္ေယာက္ အေျခေနမွာေတာ့ ခ်ဴးယြန္ကိုသတ္ဖို႔ သူယုံၾကည္မႈ႐ွ္ိတယ္။
ဟုပ္ပါတယ္... ဒါကလည္း လူတိုင္းႀကိဳးစားအားထုန္မွပါ...
တန္း႐ွီနဲ႔ တန္းဇီ႐ွန္းတို႔ ခန္းမႀကီးထဲမွာရပ္ေနရင္း ခ်ဴးယြန္ကို ၾကည့္ေနၾကပါတယ္။
"အမဇီ႐ွန္း... ခ်ဴးယြန္ တို႔ကို ႏိုင္မယ္လို႔ ထင္လား?"
တန္း႐ွီ စိုးရိမ္ပူပန္ဟန္နဲ႔ ေမးလိုက္တယ္။
တန္းဇီ႐ွန္း ဒါကိုၾကားေတာ့ အနည္းငယ္အံ့အားသင့္သြားေပမယ့္ စပ္စုခ်င္စိတ္မ႐ွိပဲ ေျပာလိုက္ပါတယ္။
"မျဖစ္ႏိုင္ဘူး"
ဒါအမွန္ပါ...
သူမတို႔က တစ္ဦးခ်င္းကို ရလဒ္က ေျပာင္းလဲႏိုင္ေပမယ့္ အခုက ေလးဉီးစုတိုက္ရမွာေလ။
ေ႐ွးကထဲက ဒီနည္းလမ္းကို အသုံးျပဳသူမ႐ွိေပမယ့္ ေအာင္ႏိုင္ေလာက္သူလည္းမ႐ွိခဲ့ပါဘူး။အရင္တုန္းက ဘယ္သူမွမတတ္ႏိုင္သလို အခုခ်ဴးယြန္လည္း အတူတူျဖစ္မွာပဲ...
"သူက ယုံၾကည္မႈ႐ွိေနရင္ ဘာလို႔မျဖစ္ႏိုင္တာလဲ?"
တန္း႐ွီ သိခ်င္မိပါတယ္။
တန္းဇီ႐ွန္း ဘာမွမေျပာခင္ တန္းတန္႔ဖုန္းက ေျပာလိုက္တယ္။
"ထိပ္တန္းေလးေယာက္ထဲဝင္ႏိုင္မွေတာ့ ငါတို႔က တန္းမွာ အစြမ္းထက္တဲ့လူေလးေယာက္ဆိုတာ သိသာတယ္... ခ်ဴးယြန္က အရမ္းသန္မာပါတယ္... ဒါေပမယ့္ သူက ငါတို႔ေလးေယာက္လုံးကိုအႏိုင္ယူႏိုင္မယ္လို႔ေျပာလာရင္ေတာ့ ငါမယုံဘူး... ႐ႊမ္းဝူနယ္ပယ္မွာ ဘယ္သူမွ လုပ္ႏိုင္မွာမဟုပ္ဘူး"
ဒီလိုေျပာရတာကလည္း အေၾကာင္းျပခ်က္႐ွိပါတယ္။
ပထမက တန္းေယာက္က်ီဟာ ကုန္းဇီဆယ္ပါးထဲကျဖစ္ၿပီး ထိုဘြဲ႕နဲ႔ လိုက္ဖက္တဲ့စြမ္းရည္႐ွိတယ္...
တန္းေယာက္က်ီက ႐ႊမ္းဝူနယ္ပယ္အဆင့္ခုႏွစ္ က်င့္ၾကံျခင္းအဆင့္လည္း႐ွိတယ္ေလ။
တန္းဇီ႐ွန္းက ႐ႊမ္းဝူနယ္ပယ္အဆင့္ေျခာက္သာေပမယ့္ ေကာင္းကင္အဆင့္ခုႏွစ္သိုင္းဝိညာဥ္နဲ႔ သူမကို ေလွ်ာ့တြက္မရပါဘူး။
တန္းတန္႔ဖုန္းကလည္း ႐ႊမ္းဝူနယ္ပယ္အဆင့္ခုႏွစ္မွာ႐ွိတယ္ေလ။
တန္း႐ွီဆိုရင္ ႐ႊမ္းဝူနယ္ပယ္အဆင့္႐ွစ္ကို ေရာက္ေနခဲ့ပါၿပီ။
ထိုသူေတြစုေပါင္းလိုက္ရင္ ႐ႊမ္းဝူနယ္ပယ္အသာထား တာအိုသခင္ ျဖစ္စလူေတြေတာင္ ယွဥ္ႏိုင္မွာမဟုပ္ပါဘူး။
ခ်ဴးယြန္က ဘာေၾကာင့္ သူ႕ကိုယ္သူ ယုံၾကည္ရတာလဲ?
တန္းတန္႔ဖုန္း တန္း႐ွီနဲ႔ တန္းဇီ႐ွန္းကိုၾကည့္ကာ ေျပာလိုက္တယ္။
"အမဇီ႐ွန္း... ညီမေလး႐ွီ... နင္တို႔နဲ႔ခ်ဴးယြန္ၾကားဆက္ဆံေရးက မဆိုးဘူးဆိုတာ ငါသိပါတယ္... ဒါေပမယ့္ ဒါက ငရဲေလာကပဲေလ... ဒီမွာ စည္းမ်ဥ္းေတြ႐ွိတယ္"
"နင္ငါ့ကိုသင္ေပးေနစရာမလိုဘူး... ငါနင့္ထက္ပိုသိတယ္"
တန္းဇီ႐ွန္း စိတ္မ႐ွည္စြာနဲ႔ ေအာ္ဟစ္လိုက္ပါတယ္။
တန္းတန္႔ဖုန္း ခ်က္ခ်င္းပါးစပ္ပိတ္သြားၿပီး သူ႕ႏွလုံးသားထဲက စိုးရိမ္ပူပန္မႈကိုေဖာ္ျပခ်င္ေပမယ့္ တန္းဇီ႐ွန္းကို သူမစရဲပါဘူး။
"စည္းမ်ဥ္းက စည္းမ်ဥ္း... ဆက္ဆံေရးက ဆက္ဆံေရးပါ... ငါတို႔ခြဲျခားတတ္ပါတယ္"
တန္း႐ွီျပဳံးၿပီး တန္းတန္႔ဖုန္းကို ႏွစ္သိမ့္ေပးလိုက္ပါတယ္။
စင္ျမင့္ေပၚ႐ွိတိုက္ပြဲက ၿပီးဆုံးသြားခဲ့ပါၿပီ။
ခ်ဴးယြန္ကို အသက္႐ႈခြင့္ေတာင္မေပးပဲ လူသုံးေယာက္ကို စင္ေပၚတက္ေစခဲ့ေပမယ့္ တစ္ကယ္တမ္းသူက အသက္႐ႈစရာေတာင္ မလိုခဲ့ပါဘူး။
သုံးေယာက္ကို သူ႕အတြက္ သုံးခ်က္ပဲလိုတယ္...
အပိုလႈပ္႐ွားမႈေတြမ႐ွိဘူး။
တန္းကြၽင္း ခ်ဴးယြန္ကို နက္႐ိႈင္းစြာ ၾကည့္လိုက္ပါတယ္။
စစ္မွန္တဲ့ ႀကီးက်ယ္တဲ့အရာတစ္ခု ျဖစ္ပ်က္လာေတာ့မယ္!
အ႐ႈံးသမားအဖြဲ႕က သုံးေယာက္က အခ်ိဳပြဲသာျဖစ္ၿပီး တစ္ကယ့္စားေသာက္ပြဲမဟုပ္ပါ။
အႏိုင္ရသူေလးဦးကမွ်တစ္ကယ့္ ကြၽမ္းက်င္သူေတြပါပဲ။ေလးေယာက္တစ္ေယာက္ပြဲက ႐ွားပါးတယ္!
"သြားၾကမယ္"
တန္းတန္႔ဖုန္း အသက္ျပင္းျပင္း႐ႈကာ ခန္းမအတြင္းက ထြက္သြားခဲ့ပါၿပီ။
ခ်ဴးယြန္အေနနဲ႔ လက္႐ွိမွာ ေ႐ြးခ်ယ္စရာႏွစ္ခုပဲ႐ွိတယ္... နဂါးတိုက္ပြဲမွာေသရင္ေသ၊မေသရင္ အရင္စတ္ခါမွမျဖစ္ဖူးတဲ့ ငရဲေလာကရဲ႕ခက္ခဲမႈကို အႏိုင္ယူ...
"အမ... ငါခ်ဴးယြန္ကို တန္းမင္းဆက္တစ္ခုလုံးမွာ လိုက္႐ွာတာမေတြ႕ခဲ့ဘူး"
တန္းဟြာရန္ အေျပးတစ္ပိုင္းနဲ႔ဝင္လာခဲ့ၿပီး သူ႕မ်က္ႏွာက ခါးသီးမႈေတြျပည့္ႏွက္ေနလို႔...
"ငါတို႔ဘာလုပ္ေနတာလဲ? အရမ္းၾကာေနၿပီေလ... စည္းမ်ဥ္းေတြအရ ႐ႈံးနိမ့္တာကို ဝန္ခံရေတာ့မယ္!"
တန္းဟြာရန္ရဲ႕ စိုးရ္ေနတဲ့မ်က္ႏွာကိုျမင္ေတာ့ ခန္းမအတြင္း႐ွိ လူေတြ ရယ္ေမာလိုက္ၾကတယ္။
တန္းဇီ႐ွန္း နဂါးတိုက္ပြဲစင္ျမင့္ကိုၫႊန္ျပၿပီး
"သူျပန္ေရာက္လာတာၾကာၿပီ... အခု နဂါးဆက္လက္တိုက္ခိုက္ျခင္းကိုေတာင္ တက္တက္ႂကြႂကြလုပ္ေဆာင္ေနေသးတယ္!"
တန္းဇီ႐ွန္းေျပာၿပီးတာနဲ႔ ခန္းမထဲက ထြက္သြားခဲ့ပါၿပီ။
တန္း႐ွီလည္း ထြက္သြားခဲ့ၿပီေလ။
တန္းေယာက္က်ီက ေနာက္ဆုံးမွ ထြက္သြားခဲ့ပါတယ္။
တန္းေယာက္က်ီ မ်က္လုံးထဲမွာ သတ္ျဖတ္ခ်င္စိတ္ေတြျပည့္ႏွက္ေနေပမယ့္ ေခါင္းကိုငုံ႔ၿပီး ထြက္သြားခဲ့ပါတယ္။
"ဘာ? မင္းက ေရာက္ေနၿပီလား?"
တန္းဟြာရန္ အံ့အားသင့္သြားပါတယ္။သူေခြၽးေတြသုတ္ၿပီး အျမန္လွမ္းၾကည့္လိုက္တယ္။
ခ်ဴးယြန္က စင္ေပၚမွာရပ္ေနၿပီး သူ႕မ်က္ႏွာက ျပတ္သားမႈေတြျပည့္ႏွက္ေနလို႔ပါ။
အျခားတစ္ဖက္က လူေလးေယာက္ကလည္း စင္ျမင့္ေပၚမွာ ေနရာယူၿပီးေနပါၿပီ။
"ငရဲေလာကခက္ခဲမႈလား? နဂါးဆက္လက္တိုက္ခိုက္ျခင္းလား?"
တန္းဟြာရန္ ေနာက္ဆုံးေတာ့ တန္းဇီ႐ွန္းေျပာတာကို နားလည္သြားခဲ့ပါၿပီ။
ခ်ဴးယြန္က အခက္ခဲဆုံးအရာကိုေ႐ြးခ်ယ္ခဲ့တယ္!
"မင္းဆိုးဆိုး႐ြား႐ြားေသလိမ့္မယ္"
တန္းေယာက္က်ီ ခ်ဴးယြန္ကို စိုက္ၾကည့္လိုက္တယ္။
"မစိုးရိမ္ပါနဲ႔... မင္းငါ့အေ႐ွ႕မွာေသရလိမ့္မယ္!"
ခ်ဴးယြန္ တည္ၿငိမ္စြာေျပာလိုက္တယ္။
တန္းေယာက္က်ီရဲ႕ ေနာက္ေက်ာက တိုက္ခိုက္ျခင္းက ခ်ဴးယြန္ကို အလြန္စိတ္ဆိုးေစပါတယ္။ဒီေနရာမွာပဲ သူ႕အသက္ကို အရယူဖို႔ သူဆုံးျဖတ္ၿပီးပါၿပီ။
တန္းဇီ႐ွန္းနဲ႔ တန္း႐ွီက ဘာမွမေျပာေပမယ့္ တန္းတန္႔ဖုန္းက ေျပာလိုက္ပါတယ္။
"ခ်ဴးယြန္... ငါ့မွာ ဘာရည္႐ြယ္ခ်က္မွ မ႐ွိေပမယ့္ မင္းႏိုင္မွာမဟုပ္ဘူး... ဒါအမွန္တရားပဲ!"
"ငါ့ဓါးရဲ႕သတ္ျဖတ္ခ်င္စိတ္က ေအးစက္တယ္... ငါ့ဓါးတစ္ခ်က္က ေကာင္းကင္ဘုံကို ျဖတ္ဆီးႏိုင္တယ္!"
ခ်ဴးယြန္ ေအးစက္စက္နဲ႔တုံ႔ျပန္လိုက္ပါတယ္။