မိုးရေစက်တွေမေးသောပဟေဠိ(Compl...
Por NwayAriven12400
19.5K 609 14
မိုးရေစက်လေးတွေရယ် ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ရယ် ရင့်ကျက်တည်ငြိမ်လွန်းတဲ့ မမတစ်ယောက်ရယ် IQမြင့်လွန်းတဲ့ ကလေး... Más
Part(1)
Part(2)
Part(3)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Final Part
Part(4)
927 28 1
Por NwayAriven12400
"မိုးရေစက်တွေမေးသော ပဟေဠိ🍀"
🍀Part (4)🍀
----------------------
----------------------
မိုရ် ဆီကရလာတဲ့ မမနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်အပြည့်စုံကြောင့် သိုလ်အခုရောက်နေတာ "ထန်းတပင်လမ်း"ထဲကိုပင်....
ပြိုင်ကားအနက်ရောင်လေးကိုကျောမှီကာ ဆေးလိပ်တစ်လိပ်ကိုနှုတ်ခမ်းမှာတပ်ရင်း တရှိုက်မတ်မတ်သောက်နေသည်က 'သိုလ်'....
ထိုလမ်းထိပ်မှာ သူရောက်နေတာ နာရီဝက်မကတော့ပေ...
သူ လမ်းထဲကြည့်နေရင်းနဲ့ပင် လက်က ACနာရီကိုငုံ့ကြည့်မိတော့ ၈နာရီထိုးဖို့ ၁၀မိနစ်အလို...
"မမ!!"
စက်ဘီးအဖြူလေးကိုစီးကာ
မြန်မာဝတ်စုံရင်စေ့ အင်္ကျီလက်ထောက်လေးနဲ့ ယောထဘီလေးဝတ်ထားတဲ့မမကြောင့် သူ့ရင်ခုန်တွေက မူမမှန်ချင်တော့
တင်ပါးကျော်နေတဲ့ ဆံနွယ်ရှည်တွေနဲ့ရိုးရိုးလေးလှနေတဲ့မမက သူတွဲဖူးသမျှမိန်းမတွေနဲ့ လုံးဝမတူ ခြားနာစွာ သူ့ကိုဆွဲဆောင်နိုင်လွန်းသည်။
မနေ့ကမှ အဖေပြန်ပြင်ပေးထားတဲ့ စက်ဘီးလေးကို နင်းလာတဲ့တန်ခူး လမ်းထိပ်လဲရောက်ရော
ပြိုင်ကားအနက်ကိုကျောမှီကာ ဆေးလိပ်သောက်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
တန်ခူးမျက်မှန်းတန်းမိထားတဲ့ ထိုကောင်လေးရဲ့ ဝတ်စားဆင်ယင်မှုကြောင့် ကြည့်မိတော့ မနေ့က အပေအတေကောင်လေး။
စက်ဘီးနင်းလာတဲ့တန်ခူးကိုကြည့်နေတာကလဲမျက်တောင်မခတ်။
■ဟာ...
ဒီကောင်လေးက ဘာလဲ!!
မနက်စောစောစီးစီးမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တန်ခူး အမြင်မကြည်စွာ မျက်နှာကိုသာမန်ထက် ပိုတင်းပစ်လိုက်သည်။
တန်ခူး မျက်နှာထားတည်တည်နဲ့  ထိုကောင်လေးကိုကျော်လာကာ စက်ဘီးကိုသာ ဂရုတစိုက်နင်းလာခဲ့သည်။
တန်ခူး ရဲ့စက်ဘီးလေးသူ့ကိုကျော်လာပြီးသိပ်မကြာလိုက်ပါ...။
"ဝူး....တီ...တီ...တီ..ကျွီ!!"
"အမေ့!!"
တန်ခူးစက်ဘီးဘေးကနေ ဟွန်းတီးကာ အကြမ်းပတမ်းဖြတ်ကျော်သွားတဲ့ ကားကြောင့် တန်ခူးလန့်သွားရသည်။
မကြာလိုက်...
ထိုကားကတန်ခူးစက်ဘီးအရှေ့မှာ ပိတ်ရပ်လိုက်သည်မို့ တန်ခူး ဘရိတ်ကိုအတင်းဆွဲလိုက်ရသည်။
တန်ခူး စိတ်တိုလွန်းလို့အသားတွေပါတုန်မတတ်...
တန်ခူးအရှေ့ပိတ်ရပ်လိုက်တာ တခြားကားတော့မဟုတ် ဟိုကောင်လေးရဲ့ပြိုင်ကားအနက်လေးပင် ...။
■တောက်!!
ဒီကောင်လေး ဘာအချိုးချိုးတာလဲ..
ထို့နောက် ထိုပြိုင်ကားပေါ်မှ အပေအတေကောင်လေး ဆင်းလာလေတော့သည်။
"မမ!!"
တန်ခူးအရှေ့မှာရပ်ကာ တန်ခူးကိုခေါ်လိုက်တဲ့ အဲ့ကောင်လေးကို တန်ခူးမျက်စောင်းထိုးပစ်လိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ ကောင်လေး!!အခုချက်ချင်း မင်းကားကို ငါ့စက်ဘီးအရှေ့ကနေ ဖယ်ပေး!!"
"မမ ခုနက ကျွန်တော့်ကိုဘာလို့မျက်စောင်းထိုးသွားတာလဲ!!"
"ဟာ...မင်းကို ငါကဘာလို့မျက်စောင်းထိုးရမှာလဲ!!ငါက မင်းကိုသိတောင်မသိဘူး!!"
"မဟုတ်ပါဘူး!!မမ ခုနက ကျွန်တော့်ကိုကြည့်ပြီး မျက်စောင်းထိုးသွားတာ ကျွန်တော် သေချာတွေ့လိုက်တယ်...မမ ကျွန်တော့်ကို မကျေနပ်တာရှိနေတာလား!!"
"ဟာ...ဒီမှာ!!"
တန်ခူး သူ့နမည်ကိုမသိတာမို့ ဒီမှာလို့သာခေါ်လိုက်သည်...။
ဒီကောင်လေး တန်ခူးကိုသက်သက်နှောင့်ယှက်နေတာကအသိသာကြီး....။
"သိုလ်!!ကျွန်တော့်နမည်က ဓီရာဇ်သိုလ်!!"
"အေး!!ဓီရာဇ်သိုလ်!!မင်းကိုငါသိလဲမသိဘူး!!မင်းကိုမကျေနပ်တာလဲဘာမှမရှိဘူး!!"
"ဒါဆို ဘာလို့ ကျွန်တော့်ကိုမျက်စောင်းထိုးတာလဲ!!"
"ဟာ...ငါမင်းကို မျက်စောင်းမထိုးဘူးလို့ပြောနေတယ်လေ!!"
တန်ခူး ဘယ်လိုလူနဲ့လာတွေ့နေတာပါလိမ့်...
တကယ်ဘုရားစူး တန်ခူးခုနက သူ့ကား တန်ခူးစက်ဘီးရှေ့လာပိတ်ရပ်မှသာ စိတ်တိုပြီး မျက်စောင်းထိုးမိခြင်း ။
သူလမ်းထိပ်မှာရပ်နေတုန်းက သူ့ကိုလုံးဝမျက်စောင်းမထိုးမိတာသေချာသည်...။
"ဒါဆို ကျွန်တော် မမကိုခေါ်တော့ ဘာလို့မျက်စောင်းထိုးတာလဲ!!"
"ငါ့စက်ဘီးရှေ့မင်းကားက ဘာလို့လာပိတ်ရပ်သေးလဲ!!တိုက်မိရင် ဘယ်လိုလုပ်မလဲ!!မင်းကတကယ်စိတ်ပျက်စရာပဲ!!"
တန်ခူး မျက်နှာကို အလိုမကျစွာမှုန်ကုပ်ထားပစ်လိုက်သည်။
"မမ လှတယ်!!"
"ဟာ...မင်း..မင်း!!"
တန်ခူး အရှေ့တည့်တည့်လာပြီး လမ်းမကြီးမှာ လာပြောနေတဲ့ ဒီကောင်လေးကြောင့်တန်ခူး စိတ်တိုသည်ထက်ပိုတိုလာရသည်။
"မင်း ဘယ်လိုကောင်လေးလဲ!!ငါ့ကိုနှောင့်ယှက်နေတာလား!!"
"ကျွန်တော် မမကိုဘယ်မှာနှောင့်ယှက်နေလို့လဲ!!မမ လှလို့လှတယ်ပြောတာလေ!!မမက မကြိုက်ဘူးလား!!"
"မကြိုက်ဘူး...မင်းငါ့အရှေ့ကဖယ်...ငါစာသွားသင်မို့နောက်ကျနေပြီ!!"
"ကျွန်တော် မဖယ်ဘူးဆိုရင်ရော!!"
"မင်းဘာပြောလိုက်တယ်!"
ထိုကောင်လေးရဲ့မထီမဲ့မြင်ပုံစံနဲ့ဂျစ်ကန်ကန်အပြောကြောင့် တန်ခူးဒေါသတွေငယ်ထိပ်ဆောင့်တတ်လာရသည်။
"ဓီရာဇ်သိုလ်!!မင်း ဖယ်နော်!!"
မမဆီကနေ သူ့နမည်ကိုခေါ်သံကြားတော့မှ သိုလ်ပြုံးလိုက်သည်။
"မမ ကျွန်တော့်နမည်မှတ်မိသွားပြီပဲ!!bye မမ!!"
ပြောလဲပြော သူ့ကားဆီပြန်သွားတဲ့ ထိုကောင်လေးကိုကြည့်ပြီး တန်ခူးဒေါသတွေအလိပ်လိပ်တက်လာရသည်။
■ဒီလို အရိုင်းအစိုင်းတွေလူ့လောကမှာရှိသေးတာပဲ...
ဒီကောင်လေးနဲ့သာ ခနခနတွေ့ရရင် တန်ခူးဒေါသအထွက်လွန်ပြီးသေသွားနိုင်သည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
တန်ခူးမှာအကျင့်တစ်ခုရှိသည်။
အဲ့ဒါက ပြဿနာကိုဖြစ်တဲ့နေရာမှာသာထားတတ်ခြင်းပင်...။
လမ်းမှာပြဿနာဖြစ်ပြီး စိတ်တိုလာရင်တောင် ထိုဒေါသက အိမ်ကိုလဲမပါလာတတ်သလို guideသင်တဲ့နေရာကိုလဲ မပါတတ်ပါ...
ဒေါသတွေကိုဟိုသယ်ဒီသယ်တွေ တန်ခူးမလုပ်တတ်...။
တန်ခူး စာထဲသာအာရုံစိုက်ပြီး ကလေးကိုစာသင်နေမိသည်။
ဒီဝိုင်းပြီးရင် နောက်တစ်အိမ်ကကလေးဆီတန်ခူးသွားရဦးမည်မဟုတ်လား။
တန်ခူးနှင်းလေးကို စာပြပြီးသည်နှင့် နောက်တစ်အိမ်ကိုချီတက်ရတော့သည်။
တန်ခူး စက်ဘီးခြင်းထဲက ထမင်းချိုင့်ကိုတော့ နောက်တစ်အိမ်ရောက်မှသာစားရတော့သည်။
"အလုပ်ဟူသမျှဂုဏ်ရှိစွ" ဆိုသည်မို့ တန်ခူးဒီအလုပ်ကိုပို၍ဂုဏ်သလို ခံစားရသည်။
တန်ခူးစာသင်ရင်းပင် အချိန်ကိုကြည့်မိတော့ ညနေ၄နာရီ...။
တန်ခူးစာသင်ဝိုင်းကိုရပ်ကာ အိမ်ကိုပြန်ဖို့ပြင်ရတော့သည်။
"ဆရာမ ပေးတဲ့အိမ်စာတွေကို အပြီးလုပ်ထားနော်...ပြီးတော့ the best guideထဲက ပေးခဲ့တဲ့အပုဒ်တွေကို တွက်ထားမယ်...အဖြေမရရင် ဆရာမ လာမှဆက်တွက်ပေးမယ် ဟုတ်ပြီလား!!"
"ဟုတ်ကဲ့ပါ...ဆရာမ!!"
ကလေးတွေကိုမှာစရာရှိတာတွေမှာပြီး တန်ခူး အိမ်ကိုပြန်လာခဲ့သည်။
တန်ခူး အိမ်က နှင်းလေးအိမ်နဲ့နီးပေမဲ့ အခုအိမ်နဲ့တော့ ဝေးသည်...။
တန်ခူးစက်ဘီးကိုဂရုတစိုက်နင်းလာရင်းနဲ့ပင်
"ကျွီ!!!"
တန်ခူး အရှေ့မှာ ပိတ်ရပ်လိုက်သည့် ဆိုင်ကယ်၂စီးကြောင့် တန်ခူးစက်ဘီး ဘယ်လိုမှရှေ့ဆက်မရတော့ပဲ ထိုနေရာမှာရပ်လိုက်ရသည်။
"တန်ခူးလေး!!"
အာလေးလျှာလေးခေါ်သံကြောင့် တန်ခူး ကံဆိုးမှန်းသိလိုက်ရသည်။
ဒီနေ့မနက်က ဓီရာဇ်သိုလ်
အခုညနေကျတော့ ဒီအကောင်တွေ
တန်ခူးတကယ်စိတ်ပျက်မိသည်။
■တန်ခူးဘာလို့ဒီလောက်စိတ်ပျက်စရာကောင်းတာတွေနဲ့ တွေ့နေရတာပါလိမ့်
"ကျွန်မကိုမနှောင့်ယှက်ပဲ အေးဆေးဖယ်ပေးပါ ကိုနောင်!!"
ကိုနောင်ဆိုတာ တခြားလူတော့မဟုတ်!!
အဖေ အရင်က ကားငှားမောင်းသည့် ကားownerသားပင်ဖြစ်သည်...။
တန်ခူးက အပေအတေလူတွေနဲ့တော်တော်ကံစပ်ပုံရသည်။
"တန်ခူးလေးကလဲ ကိုနောင်ကတန်ခူးကိုချစ်လို့ပါကွာ!!ဘာလို့ဖယ်ခိုင်းနေရတာလဲ!!"
"ကျွန်မကိုအိန္ဒြေ
ပျက်အောင်မလုပ်ပါနဲ့..ကိုနောင်မူးနေတယ်ဆိုရင်လဲ အိမ်ပြန်လိုက်ပါ!!"
"ကိုနောင်ဘယ်မှာမူးလို့လဲ တန်ခူးကလဲ!!ဟျောင့်တွေ ငါမူးနေတာလား!!"
"အကိုကဘာလို့မူးရမှာလဲ!!ဘာမှမမူးဘူး!!"
"ကြားတယ်နော် တန်ခူးလေး!!ကိုနောင်လုံးဝမမူးဘူး!!"
အခုမှ"ဘုန်းကြီးအရူးနဲ့လှေအလူး"
လာတွေ့သလို အနောက်က ထမင်းစားကျွန်ခံ အဆင့်တွေကလဲ ကိုနောင်ဘက်ကအပြတ်အသတ်...။
ဒီလောက်မူးရူးပြဲကွဲနေတာတောင် မမူးဘူးဆိုတာက ပါသေး...။
■တကယ်ရွံ့စရာလူတွေ...
တန်ခူး အခုလို အပေအတေတွေကြားပိတ်မိနေသည်မို့ လမ်းကလူတွေကလဲ တန်ခူးကို သို့လောသို့လော အကြည့်တွေနဲ့ ကြည့်နေကြသည်။
"မမူးဘူးဆိုလဲ ဖယ်ပေးပါ...အိမ်မှာ အဖေစောင့်နေလို့!!"
အရင်ကတန်ခူးတို့ရဲ့ကျေးဇူးရှင်သားဖြစ်နေတာကတကြောင်း
အော်ကြီးဟစ်ကျယ် ရန်မတွေ့တတ်တာက တကြောင်း
ပြီးတော့ ယောက်ျားလေး၄ယောက်နဲ့ မိန်းကလေး၁ယောက်မို့ တန်ခူး အေးဆေးပြောနေမိသည်...။
"တန်ခူးကလဲ!!ကိုနောင့်ကိုချစ်တယ်လို့အဖြေပြန်ပေးရင် ကိုနောင်ဖယ်ပေးမယ်!!"
"ဟာ....ကျွန်မရှင့်ကိုမချစ်ဘူးလို့ ပြောပြီးသားလေ ကိုနောင်!!ကျွန်မကိုမနှောင့်ယှက်ပါနဲ့!!"
"တန်ခူးလေး!!"
"ဟင်!!ရှင်လွှတ်နော်...ကိုနောင်!!လွှတ်လို့!!"
တန်ခူး စက်ဘီးလက်ကိုင်ကိုထိန်းထားတဲ့ညာဘက်လက်ကို လှမ်းဆွဲသည်မို့ တန်ခူးရုန်းကန်နေမိသည်။
"ကိုနော်က ချစ်လို့ကိုင်ထားတာကို ဘာလို့လွှတ်ရမှာလဲ!!မလွှတ်ချင်ပါဘူး....ဟားဟား...!!"
"ဖြောင်း !!အမလေးဗျာ!!"
တန်ခူးလက်ကိုဆွဲထားတဲ့ ကိုနောင့်မျက်နှာတည့်တည့်ကိုရိုက်ချခံလိုက်ရသည်မို့ ကိုနောင် လမ်းပေါ်လဲကျသွားလေတော့သည်။
"ဘုရားရေ!!"
ကိုနောင့်မျက်နှာပေါ် စီးကျလာတဲ့သွေးတွေကနည်းတာမဟုတ်....။
ကိုနောင်ကိုရိုက်လိုက်တဲ့ သူကိုတန်ခူးလှည့်ကြည့်မိတော့...။
သံတုတ်ကို ကိုင်ကာ မိုက်ကန်ကန်ကြည့်နေတဲ့
"ဓီရာဇ်သိုလ်!!"
"ဘယ်လိုလဲ!! ကြိုက်တဲ့အကောင်လာလိုက်!!by oneလဲရတယ် !!squardနဲ့လဲရတယ်နော်!"
သူ အလုပ်တစ်ခုဝင်လုပ်နေသည်မို့ မမ ဆီလာတာနောက်ကျသွားလေသည်...။
သူ မမစာသင်တဲ့အိမ်ကိုရောက်တော့ မမစက်ဘီးကိုမတွေ့တော့သည်မို့ အိမ်အပြန်လမ်းအတိုင်း သူ မမအနောက်ကိုလိုက်ခဲ့ရာမှာ တွေ့လိုက်ရတဲ့မြင်ကွင်းက သူ့ကိုဒေါသတွေထောင်းခနဲထွက်သွားစေသည်။
ထို့ကြောင့် ကားပေါ်မှာ အမြဲဆောင်ထားတတ်တဲ့ သံတုတ်ကိုဆွဲကာ မမလက်ကိုဆွဲထားတဲ့ အကောင်ရဲ့ မျက်ခွက်ကို ဖြတ်ရိုက်ချပလိုက်သည်။
"ဟေ့ကောင်တွေ အဲ့အကောင်ကိုသွားချစမ်းကွာ!!"
အသားဖြူဖျော့ဖျော့နဲ့ ဆိုပေမဲ့အရပ်မြင့်မြင့်bodyတောင့်တောင့်အကောင်ဆီမှာ မျက်နှာတည့်တည့်ကိုသံတုတ်နဲ့သွေးထွက်အောင်အရိုက်ခံလိုက်ရသည်မို့ ကိုနောင် ဒေါသတွေက တရူးရူးထသွားလေတော့သည်။
"ရား...."
"မမ ဖယ်နေ!!"
"ဒုန်း!!"
တန်ခူးကိုအားနဲ့ဆောင့်ဆွဲလိုက်သည်မို့ တန်ခူးစက်ဘီးကလမ်းပေါ်လဲကျကာ တန်ခူးက သူ့အနောက်ကို ရောက်သွားလေတော့သည်။
"ခွပ်!!"
"ဒုန်း!!"
"အမလေး!!"
"ခွပ်!!"
"ဒုန်း!!"
ဝင်လာသမျှ လက်သီးတွေရော ခြေထောက်တွေရောကိုပါ သံတုတ်နဲ့အားရပါးရလွှဲရိုက်နေသည်က 'သိုလ်!!'
"မင်းတို့ကများ ငါ့မမကိုထိရဲတယ်ပေါ့လေ!!တောက်!!မင်းတို့သေဖို့ပြင်ထား!!"
တန်ခူး အရှေ့မှာတွေ့နေရတဲ့ ရုပ်ရှင်ဆန်ဆန် ၄ယောက်၁ယောက်ရန်ပွဲရယ်
သံတုတ်နဲ့ရိုက်သံတွေကြောင့် တန်ခူး ကြောင်အနေမိသည်။
နောက်မှ တန်ခူး အသိဝင်လာကာ
"ဓီရာဇ်သိုလ်!!တော်တော့...တော်တော့လို့!!"
"ခွပ်!!"
"ဒုန်း!!"
"တော်တော့လို့... မင်းလူသတ်မှုဖြစ်လိမ့်မယ်!!ဓီရာဇ်သိုလ်တော်တော့လို့!!"
"မမ ဖယ်လို့!!"
"မဖယ်ဘူး...မင်းတော်တော့လို့!!"
တန်ခူး သူ့ကို အတင်းလိုက်ဆွဲပေမဲ့ သူကတော့လဲကျနေတဲ့ လူကိုတောင် သံတုတ်နဲ့မိမိရရရိုက်နေတော့သည်။
"မင်းလိုအကောင်ကများ ငါ့မမလက်ကိုကိုင်ရဲတယ်ပေါ့လေ!!"
"အား!!!"
လဲကျနေတဲ့ ကိုနောင့်လက်ခုံကို စီးထားတဲ့ရှုးဖိနပ်တက်နင်း မေးကြောတွေထောင်နေသည်အထိ အံကြိတ်နေသည်က သိုလ်
ထို့နောက်မှာတော့.....
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"ကျွန်မ တောင်းပန်ပါတယ်ရှင်!!"
တန်ခူး ကိုနောင့်မိဘတွေကို ခါးကျိုးမတတ်ခေါင်းငုံ့ကာ တောင်းပန်နေမိသည်က
တန်ခူးကြောင့်ဖြစ်သွားရတဲ့ပြသနာမို့လို့ပင်...။
ကိုနောင်တို့အဖွဲ့က ဆေးရုံတင်လိုက်ရသလို  ဓီရာဇ်သိုလ် သည်လဲ ရဲစခန်းရဲ့ အချုပ်ခန်းသံတိုင်နောက်မှာ ထိုင်နေသည်ကခေါင်းမာစွာ...။
"မကျေနပ်ဘူးအေ!!မကျေနပ်ဘူး!!ညည်းကြောင့် ငါ့သားဆေးရုံတတ်နေရတာ...ငါ့သားကိုရိုက်တဲ့ညည်းအကောင်ကို ထောင်ထဲကိုရောက်အောင်ထည့်ပစ်မယ်!!"
ကိုနောင် အဖေက စခန်းမှူးနဲ့စကားပြောနေပေမဲ့ ကိုနောင့်အမေက စျေးထဲကစျေးသည်ပီပီ အသံကရဲစခန်းထဲဟိန်းထွက်နေတော့သည်။
"တန်ခူးမောင်လေးအတွက် တန်ခူးတောင်းပန်ပါတယ်ရှင်...မောင်လေးကိုခွင့်လွှတ်ပေးပါ...အန်တီ!!"
"ခွင့်မလွှတ်နိုင်ဘူး...အဲ့အကောင်က ငါ့သားနုနုထွတ်ထွတ်လေးကို သံတုတ်နဲ့တောင်ရိုက်ထားတာ!!စခန်းမှူးကြီး အဲ့အကောင်ကိုစွဲလို့ရသမျှပုင်္ဒမတွေနဲ့အကုန်စွဲပေးပါ....ဒီကောင်မကိုပါ တရားစွဲလို့ရရင် စွဲပေးစမ်းပါ!!"
"သီသီ မင်းနေဦး!!"
"ဘာကိုနေရမှာလဲ!!ကျွန်မသားတစ်ယောက်လုံးဆေးရုံရောက်နေတာကို ကျွန်မကဘာကိုနေရမှာလဲ!!"
ကိုနောင့်အဖေဝင်ပြောပေမဲ့ ကိုနောင့်အမေကတော့လုံးဝမရပေ...။
"အကိုလေး!!"
"တန်ခူး!"
စခန်းထဲအပြေးအလွှားစိုးရိမ်တကြီးဝင်လာသည်က အဖေနဲ့ ဦးလေးကြီးတစ်ယောက်
"အဖေ!!အဟင့်!!"
တန်ခူး အဖေ့ဆီကိုပြေးသွားလိုက်သည်နှင့် အဖေက တန်ခူးကို ဖက်ထားပေးလေတော့သည်
"အဖေ!!အဟင့်!!
တန်ခူးကလေ...တန်ခူးက!!"
"အဖေ သိပြီးပါပြီ...မကြောက်နဲ့နော်...အဖေရှင်းလိုက်မယ်သိလား!!မကြောက်နဲ့!!မကြောက်နဲ့ အဖေရှိတယ်!!"
ကိုအောင် သမီးဖြစ်သူကျောပြင်ကိုဖွဖွလေးပွတ်ကာ နှစ်သိမ့်ပေးနေမိသည်
အသက်၂၅နှစ်အရွယ် ဆရာမတစ်ယောက်ဖြစ်ပေမဲ့ တန်ခူးကအင်မတန်ကြောက်တန်သူဖြစ်သည်။
ထိုကိစ္စမှာလဲ သမီးအပြစ်မပါပေမဲ့
သမီးပရောဂမကင်းဘူးလေ...။
ကိုနောင်တို့ဘက်ကဆေးရုံရောက်သွားရသလို တဖက်ကောင်လေးကလဲ အချုပ်ခန်းထဲမှာရှိနေသည်။
တဖက်ကောင်လေးက ဘယ်သူလဲ ဘယ်ကမှန်း သူအခုထိမသိသေး...။
တကယ်လို့တရားစွဲမယ်ဆို တဖက်ကောင်လေးကလူရိုက်မှုတွေအပြင် လက်နက်ကိုင်ဆောင်မှုတွေပါပါသေးသည်...။
"အဖေ စကားသွားပြောလိုက်ဦးမယ်...သမီး ခနထိုင်နေနော်...မငိုနဲ့တော့ တိတ်...တိတ်!!"
သမီးဖြစ်သူကိုနှစ်သိမ့်ပေးကာ ကိုအောင် စခန်းမှူးနဲ့စကားပြောရလေတော့သည်။
"ခင်များတို့တရားစွဲချင်တာ အကိုလေးလူရိုက်လိုက်လို့မှတ်လား!!လျော်ကြေးဘယ်လောက်ပေးရမလဲ!!"
တဖက်လူကြီးရဲ့ ဂျစ်ကန်ကန်အပြောကြောင့် ဒေါ်သီသီဆွေ့ဆွေ့ခုန်သွားရသည်။
ဘာလို့ဆို ဒီရပ်ကွက်မှာ ဒေါ်သီသီတို့မိသားစုက ပိုက်ဆံရှိသူစာရင်းဝင်သည်မဟုတ်လား။
"ဒီမှာ...ကျွန်မတို့ကပိုက်ဆံမက်တယ်ထင်နေတာလား!!ရှင်တို့အကိုလေးလား ဘာလား အဲ့အကောင်ကိုကျွန်မထောင်ချရမှကျေနပ်မယ်!!ကိုအောင် ရှင့်သမီးကလဲ အလိုတူအလိုပါပဲ!!"
ဒေါ်သီစကားကြောင့် တန်ခူးအဖေမျက်ခုံးပင့်သွားရသည်။
"အာ့ဆို ဟိုကလေးမကိုလမ်းမှာ ကာမအိနြေ္ဒပျက်အောင် ဆွဲလားရမ်းလားလုပ်တာ ခင်များသားမဟုတ်ဘူးလား!!ခင်များသား တဏှာရူးကို အကိုလေးရိုက်တာဘာဖြစ်လဲ!!"
"ဘာ...ရှင်...ရှင်..."
အစက ကျေအေးပေးဖို့တောင်းတောင်းပန်ပန်နဲ့ အေးဆေးပြောတာကိုလက်မခံပဲ အကိုလေးကိုထောင်ချမယ်ချည်းလုပ်နေတဲ့ မိန်းမကြောင့် တာဝန်ခံစိတ်မရှည်တော့...။
တန်ခူးအဖေလဲ သူဘာမှမပြောရခင်မှာ ဒေါ်သီနဲ့အပြိုင်ရန်တွေ့နေတဲ့ ထိုကောင်လေးဘက်ကလူကြီးကိုကြည့်ပြီး အံ့ဩနေရသည်...။
ကိုအောင်မနေသာတော့ပဲ..
"ဒီမှာ...မသီ...ကျွန်တော်တို့ကြားမှာကျေးဇူးတရားတွေကြောင့် ကျွန်တော် ကိုနောင့်ကိုသီးခံခဲ့တာတော်တော်များသွားပြီ!!ကိုနောင်ကျွန်တော့်သမီးကိုနှောင့်ယှက်တာလဲ မနည်းတော့ဘူးဆိုတာလဲ မသီအသိဆုံးနေမှာပါ!!ဒီကိစ္စကိုမသီတရားစွဲမယ်ဆို ကျွန်တော့်ဘက်ကလဲ မသီသား ကျွန်တော့်သမီးကို ဆွဲလားရမ်းလား လုပ်တာတွေအတွက် ကျွန်တော်တရားပြန်ဆွဲပါ့မယ်...ပြီးတော့ ကိုနောင်က အရက်မူးနေခဲ့တာနော်..ဘယ်သူသိက္ခာပိုကျမယ်ထင်လဲ"
ကိုအောင် ထိုစကားကိုတမင်ရွေးပြောခြင်းသာ...
အကြောင်းကတော့  မသီက ငါ့စကားနွားရ ပြောတတ်ပေမဲ့ ကိုစောကတော့ သိက္ခာကိုတန်ဖိုးထားသူဖြစ်သည်မဟုတ်လား....
ကိုအောင့်စကားကြောင့် ကိုစော လှုပ်လှုပ်ရွရွဖြစ်သွားလေတော့သည်။
"ကိုအောင် ကျွန်တော်တို့ပြန်ညှိကြရအောင်...ဒီကညီလေးရောပဲ!!"
"ကိုစော...ရှင်... ရှင်!!"
"မင်းပါးစပ်ကိုပိတ်ထားစမ်း သီသီ!!ဒီမှာ ငါတို့ယောက်ျားချင်းအေးဆေးရှင်းမယ်!!"
"ကျွန်တော်တို့ဘက်ကလဲအေးဆေးရှင်းချင်ပါတယ် ကိုစော!!"
ကိုစော ကိုအောင်နဲ့ သိုလ်တာဝန်ခံစကားတွေပြောဖြစ်တော့
သမီးအတွက် ကြားကနေ ရန်ဝိုင်းဖြစ်တဲ့ကောင်လေးရဲ့background  က တော်ရုံမဟုတ်မှန်း ကိုအောင်ရော ကိုစောရော သိလိုက်ရသည်။
ကိုစောမျက်လုံးပြူးသွားရသည်က
သားနောင်ကိုရိုက်လိုက်တဲ့ကောင်လေးက "Zoren Group"ရဲ့ သားဖြစ်နေခြင်းကိုပင်
■သူတို့တရားစွဲရင်တောင် ထိုကောင်လေးbackgroundကြောင့်လွှတ်မှာအသေအချာ...
အခက်မသင့်ရင် သူ့သားပါjailထဲအောင်းသွားနိုင်သည်မဟုတ်လား!!
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"အကိုလေး!!"
"ကျွန်တော့်အနောက်လိုက်ပြန်ပြီလား!!"
"အကိုလေးကိုစိုးရိမ်လို့ပါ!!"
"အကို ဒီကိစ္စသိလား!!"
"မသိပါဘူး အကိုလေး!!အကိုလေး မပြောစေချင်ဘူးထင်လို့ အကိုကြီးကို ကျွန်တော်တမင်မပြောခဲ့တာပါ!!"
"အွန်း!!မှန်တယ်!!"
သိုလ် ဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို သေသေချာချာ ခါလိုက်ကာ ကားသော့ကိုအိတ်ကပ်ထဲကနေ နှိုက်ယူလိုက်သည်။
"မမရော ပြန်သွားပြီလား!!"
"ဘယ်မမလဲ အကိုလေး!!"
အကိုလေးစကားကို တာဝန်ခံနားမလည်စွာမေးခွန်းထုတ်လိုက်မိသည်။
"ထားတော့!!"
"အကိုလေး Hotelတစ်ခါထဲပြန်မှာလား!!"
"မပြန်ဘူး သွားစရာရှိတယ်!!"
သူ့ကိုလှည့်မကြည့်ပဲ ကျောခိုင်းလျက်ပင်ပြောသွားတဲ့ အကိုလေးကိုကြည့်ပြီး သူခေါင်းရမ်းလိုက်မိသည်။
သူဠေးနဲ့ သူဠေးကတော်မရှိတဲ့နောက်ပိုင်း အကိုလေးကပိုပိုဆိုးလာကာ ဆေးလိပ် အရက် လောင်းကစား မိန်းမ ဘာဆိုဘာမှမလွတ်...
ရည်းစားတွေကမှိုလိုပေါက်ကာ ဟောတစ်ယောက်ဟောတစ်ယောက်နဲ့အင်္ကျီလဲနေသည့်အတိုင်း...
ဖြစ်လိုက်တဲ့ရန်ပွဲတွေနဲ့ သူရှင်းခဲ့ရတာတွေကလဲ မနည်း...
အဲ့ဒါတောင် သူ မရှင်းရပဲပြီးသွားတဲ့ရန်ပွဲတွေမပါသေး....
■အကိုကြီးစ်ိတ်ပူသလို
ကျွန်တော်တကယ်ရင်လေးတယ်အကိုလေး...
အသက်၂၂နှစ်တောင်ရှိနေပြီ
အကိုလေးဘယ်တော့များမှ ရင့်ကျက်တည်ငြိမ်မှာလဲဟင် ...
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"သမီး နားလိုက်လေ!!မနက်ကျရင်စာသွားမသင်နဲ့ဦး ...ဖုန်းဆက်ပြီး အဖေလှမ်းပြောလိုက်မယ်!!"
"ဟုတ်ကဲ့အဖေ!!!"
"ဖြစ်ခဲ့တာ အားလုံးကိုမေ့ပြီး အေးဆေးအိပ်လိုက်တော့နော်!!"
"ဟုတ်ကဲ့!!"
အဖေက တန်ခူးခေါင်းလေးကိုပွတ်ကာ ထွက်သွားလေတော့သည်။
တန်ခူးတကယ်နားဖို့လိုအပ်နေသည်ကအမှန်
တန်ခူး ညနေက လူရောစိတ်ရော ပင်ပန်းခဲ့ရသည်မဟုတ်လား...။
■တန်ခူးဘာသာအေးဆေးနေနေတာတောင် ဘာတွေကမှားယွင်းနေရတာလဲ...
မီးပိတ်သွားတဲ့ မမအခန်းရဲ့ပြတင်းပေါက်ရှိရာကို သိုလ်ကြည့်နေမိသည်က နာရီဝက်မကတော့...
ညနေက မမသူ့ကိုအကြောက်လန့်တကြားဝင်ဆွဲတဲ့ပုံလေးကို ပြန်မြင်ယောင်ပြီး သူပြုံးလိုက်မိသည်။
■အဟက်
လူကြီးဆန်ဆန်ပုံစံလေးနဲ့
မမကတကယ်ကြောက်တတ်တာပဲ!!
🎶🎶နောက်လှည့်ကြည့်တစ်ချက်ဆိုသာယုံလေး
ညို့မျက်ဝန်းရှင်ရေ
မင်းပေးသွားတဲ့ဝေဒနာတွေလဲ စက္ကန့်၍အမျှပါပဲ
ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ်တောင်းခံသူကို
အချစ် တစ်ခြမ်းတစ်ဖဲ့ဖြစ်ဖြစ်
စေတနာသဒ္ဒါသလောက်မျှခဲ့ပါ
အချစ် လမ်းတစ်ဝက်ဖြစ်ဖြစ်
ကြင်နာနိုင်သလောက်ရွေ့လှမ်းပါ
အချစ် ပန်းတစ်ခက်ဖြစ်ဖြစ်
တွယ်တာနိုင်သလောက်စွန့်ခဲ့ပါ
နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့နာတော်မူပါ
ပြောလှည့်ပါဟောလှည့်ပါ အချစ်တရားတစ်ပုဒ်နာလိုသူပါ
အတွေးများစွာပေးထားတာ အရှုံးအမြတ်အတွက်မရေရာသူပါ
နေလောင်ပန်းတို့ရဲ့ငိုရှိုက်သံအတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်မှုနဲ့အတူ
မြေစာမြက်တို့ရဲ့သိမ်ငယ်မှုနဲ့ထပ်တူ
တပြည်ကွာ အနမ်းတို့ရဲ့ဝေးကွာခြင်းနဲ့အတူ
အရှင်ပိုင်ဆိုင်ရာ အသဲယစ်ပလ္လင်တော်ထက်မှာ
မနှေးအမြန်စတေးခံကာ နေမှာပဲလေ
အမြဲရှုံးနေမှာပဲလေ အချစ်ရေ....🎶🎶🎶
#Author-နွေ
Seguir leyendo
También te gustarán
41K 1.1K 18
973 10 1
429K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
80.9K 1.9K 47
အချစ်မှာ အပေးအယူဆိုတာ မရှိဘူးကမ္ဘာရဲ့ ငါ ဒါပေးလို့ ဒါပြန်ရ,ရမယ်လို့လည်း မမျှော်လင့်ရဘူး အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ အဆင်ပြေပျော်ရွှင်နေတာကို ဘေးနားက...