Unicode
အပိုင်း(၂၈) ကျော်ကြားလာရန် (၂)
ယဲ့ကျန်းက ဆရာမရှန်းကို ကြည့်လိုက်သည်။ သို့သော် ငြိမ်းချမ်းစွာ ပြုံးပြနေကြောင်း မြင်လိုက်ရကာ သူမ၏ လုပ်နိုင်စွမ်းအားကိုလည်း ယုံကြည်မှု ရှိနေဟန်ရသည်။
လေထု အခြေအနေက လေးလံ သိပ်သည်းလာသည်။ ဦးဆောင် ကျင်းပသူ ဖြစ်သော သခင်မဝူက ပြုံးကာ ပြောလိုက်၏။
"ဒီနှစ် ပွင့်တဲ့ ခရေပန်းတွေက အရမ်းလှတယ်။ အားလုံးပဲ ခရေပန်းတွေရဲ့ အလှကို ရှုစားကြရအောင်လား"
"အကြံကောင်းပဲ"
သခင်မကြီးလုကလည်း အခြားသူများ၏ လျှို့ဝှက်စွာ အထင်တသေး ကြည့်နေခြင်းကို မသက်မသာ ခံစားလာရလေကာ သူတို့၏ ရင်ထဲတွင် ရှိသော ခံစားချက်များကို မပံ့ပိုး လိုတော့ပေ။ အပြန်အလှန်အနေဖြင့် သူမကလည်း သည်လို မျက်နှာ နှစ်ဖက်နှင့် လူများကို ရွံ့ရှာလေသည်။
ပန်းတွေကို ကြည့်တာမှ ဒီနေရာမှာ နေတာထက် ပိုသာအုံးမယ်။
သို့ရာတွင် လုဖန်းနှင့် လုကျင်းတို့၏ နှလုံးသားကမူ ထွက်သွားချင်စိတ် မရှိသေးပေ။ ထို့ကြောင့် သူတို့က ဒီနေရာတွင် နေပြီး အခြားသော မိသားစုမှ သခင်မလေး များနှင့် စကားပြောရန် ဆုံးဖြတ်လိုက်ကြ၏။ ယဲ့ကျန်းက သခင်မကြီးလု၏ လက်ကို ကိုင်ထားပြီး ဝါးတောဘက်သို့ ထွက်လာခဲ့လိုက်သည်။
သူတို့ အဖွဲ့ ခြေလှမ်း အနည်းငယ် မလျှောက် ရသေးခင်မှာပင် အသံများကို ကြားလိုက်ရသည်။ အမိန့်သံ ဖြစ်၏။
"ဝမ်ဖေး ရောက်လာပါပြီ"
ယဲ့ကျန်းက သခင်မကြီးလု၏ လက်ကို ထိတ်လန့်တကြား ဆုပ်ကိုင် မိသွား၏။ သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သော ခံစားချက်က ပြန့်လွင့် သွားခဲ့သည်။ နှလုံးသားထဲမှ ထိုးထွက်လာသော ဒေါသက စတင် ဆူပွက် လာခဲ့ကာ ရင်ဘတ်မှ သားရဲတစ်ကောင် ခုန်ထွက် လာတော့မည့် အလား ဟိန်းဟောက် လာတော့မည့် အလား ထင်ရ၏။
စိတ်အတွင်း ကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော မှတ်ဉာဏ်များစွာက စမ်းရည် ကဲ့သို့ ထိုးထွက်လာသည်။
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး။ အစ်ကိုကြီးက ယဲ့ကျန်းရဲ့ ယုံကြည်မှုကို ရခဲ့လို့ သူနဲ့ အရှင်မင်းကြီးနဲ့ ပတ်သက်တဲ့ အတိတ် အကြောင်းတွေကို သိခဲ့ရတာပဲ။ အဲဒါကြောင့်သာ မဟုတ်ရင် အရှင်မင်းကြီးက သူ့ကို ငယ်ငယ်က ကယ်ခဲ့တဲ့ သူက ညီမပါလို့ ဘယ်သိပါ့မလဲ"
"ကံကောင်းစွာနဲ့ ငါ တံဆိပ်ပြားကို အချိန်မီရခဲ့တယ်။ ယဲ့ကျန်းက သေပြီ၊ လူတိုင်းက သူမ သတ်သေခဲ့တယ်လို့ပဲ ယုံကြည်နေကြတာ"
"သူမက အခု ကောင်းကင်မှာ ရောက်ပြီး အရှင်မင်းကြီးက ညီမကို အရမ်း ချစ်နေတာကိုသာ မြင်သွားခဲ့မယ် ဆိုရင် မနာလိုလွန်းလို့ သွေးအန် နေလောက်တယ်"
"ဒါတွေ အားလုံးက မင်းအပေါ် မူတည်သွားပြီ ရှင်းအာ။ မင်းက ဝမ်ဖေးပဲ။ သူမက ဝမ်ဖေး မဟုတ်တော့ဘူး"
ယဲ့ကျန်း၏ စိတ်ထဲတွင် ၂ နှစ်တိုင်တိုင် သူမ ကြားခဲ့ရသော ထိုရွံ့ရှာဖွယ် ကောင်းသည့် စကားလုံးများကို သတိ ရလာခဲ့သည်။ သူမ ပိုင်သော ကျောက်စိမ်း တံဆိပ်ပြားကို ကိုင်နေသော လုဝူရှန်းကို သူမ စိုက်ကြည့် နေခဲ့ရ၏။ မော့ရုန်ကျန်းက သူမကို ချစ်မြတ်နိုး နေခြင်းကို စိုက်ကြည့် နေခဲ့ရသည်။ သူမ ယဲ့ကျန်း၏ တုံးအမှု၊ ရူးသွပ်မှုများကို လှောင်ရယ် နေသော်လည်း အနားတွင် သူမ ရှိနေမှန်း လုဝူရှန်း မသိခဲ့လောက်ပေ။
သူမ ဘဝတွင် လုပ်ခဲ့သည့် အထဲ အရူးသွပ်ဆုံး အရာက လုလင်ကျစ်ကို ယုံခဲ့ခြင်း မဟုတ်ဘဲ မော့ရုန်ကျန်းကို လက်ထပ် ခဲ့ခြင်းသာလျှင် ဖြစ်သည်။
ယဲ့ကျန်း၏ အနားတွင် ရှိနေသော သခင်မကြီးလုကလည်း တင်းကြပ်သွားသော အခြေအနေကို ခံစားမိဟန်ဖြင့် သူမ စိတ်လှုပ်ရှားနေသည် ထင်ပြီး နှစ်သိမ့်လာသည်။
"ဝမ်ဖေးက သမီးရဲ့ အစ်မလေ ကြောက်ဖို့ မလိုဘူး"
"အဖွား သမီး သမီးက ဝမ်ဖေး သဘောမကျသလို ဖြစ်စေမှာကို စိုးရိမ်တာပါ"
ယဲ့ကျန်းက ဖျော့တော့စွာ ပြောသည်။
ပထမဦးစွာ ယဲ့ကျန်းက လုဝူရှန်း သူမ၏ ရုပ်ရည်ကို မှတ်မိ နေမည်ကို စိုးရိမ်သည်။ သူမနှင့် လုဝူရှန်း၏ အဆင့်အတန်းက အတိတ်အချိန်က အလွန် ကွာခြားခဲ့၏။ သူတို့ ပိုင်ဟွားတွင် စတွေ့ခဲ့စဉ်က သူမ ၇ နှစ်ခန့်သာလျှင် ရှိသေးသည်။ ထိုနောက်ပိုင်း သူမတို့ ဆက်မတွေ့ကြတော့ပေ။
လုဝူရှန်း သူမကို မှတ်မိရန် မဖြစ်နိုင်ပေ။ ယဲ့ကျန်း အနေဖြင့် လုဝူရှန်းက မော့ရုန်ကျန်း၏ နှလုံးသားကို အပိုင် ရထားသည်မှာ သူ့ကို ကယ်ခဲ့သည်မှာ သူမ ဖြစ်နေသည်ဟု တစ်ဖက်သူက ယုံကြည်နေ၍ ဖြစ်ကြေင်း ကောင်းစွာ နားလည်နေခဲ့သည်။ ပြောရလျင် သူမ လုလင်ကျစ်ကို များများစားစား ပြောထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် လုဝူရှန်း၏ စစ်မှန်သော မျက်နှာကို ဖယ်ခွာရန်က မခက်ခဲနိုင်ပေ။
သို့ရာတွင် မော့ရုန်ကျန်းနှင့် သူမ မပတ်သက် မိစေရန် ကြိုးစားရအုံးမည် ဖြစ်သည်။ သူမကသာ သူ့ကို ကယ်ခဲ့သူ ဖြစ်ကြောင်းကို မော့ရုန်ကျန်းကို မသိစေချင်ပေ။
သူမ ဖျားနာခဲ့ပြီး သူနှင့် မတွေ့ နိုင်ခဲ့ချိန်တွင် သူမ ပိုင်ဆိုင်သော သစ်သား သေတ္တာကို ထိုနေရာတွင် မြှုပ်နှံထားခဲ့၏။ ထိုအရာ ထိုနေရာတွင် ရှိနေမည်လား သူမ မသိနိုင်ပေ။ ထိုသေတ္တာကသာ ရှိနေခဲ့မည် ဆိုလျှင် သေချာပေါက် ရှာပြီး ဖျက်ဆီး ရပေမည်။
မော့ရုန်ကျန်းနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမှ သူမ၏ စိတ်ထဲတွင် ထားရစ်တော့မည် မဟုတ်ပေ။
သခင်မကြီးလုက သစ်သား တဲအနားသို့ ပြန်သွားသည်။ လူတိုင်းက ဒူးထောက်လိုက်ကာ လုဝူရှန်းကို နှုတ်ဆက်လိုက်၏။
ယဲ့ကျန်းက အံကို ကြိတ်ထားသည်။ ဒေါသများကို မျိုသိပ်ပြီး လည်ချောင်းကို အကောင်းဆုံး ထိန်းထားရ၏။ သူမ ရွံ့ရှာလှသော သူတစ်ယောက်ကို သခင်မကြီးလု နှင့်အတူ ဒူးထောက်လိုက်ရသည်။
သူမ၏ ဒူးများက မြေပြင်သို့ ထိသွားသည်နှင့် ပြင်းထန်သော နာကျင်မှုက တစ်ကိုယ်လုံး အနှံ့ ပြန့်လွင့်လာခဲ့သည်၊ ဒါက ဒူးမှ လာခြင်း မဟုတ်ဘဲ နှလုံးသားကို အပ်များ ထိုးသွင်းနေသည့်အလား ပြင်းထန် စူးရှသော နာကျင်မှုမျိုး ဖြစ်၏။
သူမကို သေစေခဲ့သော မိန်းမကို သူမက ဒူးထောက် နေရသည်။ သူမ မုန်းတီးလွန်းသော်လည်း ထိုခံစားချက်ကို မျိုသိပ်ရန်သာ တတ်နိုင်၏။
ယဲ့ကျန်းသာလျှင် ဒီလို ပြင်းထန်သော နာကျင်မှုကို ခံစား နေရကြောင်း နားလည်နေသည်။
...
Zawgyi
အပိုင္း(၂၈) ေက်ာ္ၾကားလာရန္ (၂)
ယဲ့က်န္းက ဆရာမ႐ွန္းကို ၾကည့္လိုက္သည္။ သို႔ေသာ္ ၿငိမ္းခ်မ္းစြာ ျပဳံးျပေနေၾကာင္း ျမင္လိုက္ရကာ သူမ၏ လုပ္ႏိုင္စြမ္းအားကိုလည္း ယုံၾကည္မႈ ႐ွိေနဟန္ရသည္။
ေလထု အေျခအေနက ေလးလံ သိပ္သည္းလာသည္။ ဦးေဆာင္ က်င္းပသူ ျဖစ္ေသာ သခင္မဝူက ျပဳံးကာ ေျပာလိုက္၏။
"ဒီႏွစ္ ပြင့္တဲ့ ခေရပန္းေတြက အရမ္းလွတယ္။ အားလုံးပဲ ခေရပန္းေတြရဲ႕ အလွကို ႐ႈစားၾကရေအာင္လား"
"အၾကံေကာင္းပဲ"
သခင္မႀကီးလုကလည္း အျခားသူမ်ား၏ လွ်ိဳ႕ဝွက္စြာ အထင္တေသး ၾကည့္ေနျခင္းကို မသက္မသာ ခံစားလာရေလကာ သူတို႔၏ ရင္ထဲတြင္ ႐ွိေသာ ခံစားခ်က္မ်ားကို မပံ့ပိုး လိုေတာ့ေပ။ အျပန္အလွန္အေနျဖင့္ သူမကလည္း သည္လို မ်က္ႏွာ ႏွစ္ဖက္ႏွင့္ လူမ်ားကို ႐ြံ႕႐ွာေလသည္။
ပန္းေတြကို ၾကည့္တာမွ ဒီေနရာမွာ ေနတာထက္ ပိုသာအုံးမယ္။
သို႔ရာတြင္ လုဖန္းႏွင့္ လုက်င္းတို႔၏ ႏွလုံးသားကမူ ထြက္သြားခ်င္စိတ္ မ႐ွိေသးေပ။ ထို႔ေၾကာင့္ သူတို႔က ဒီေနရာတြင္ ေနၿပီး အျခားေသာ မိသားစုမွ သခင္မေလး မ်ားႏွင့္ စကားေျပာရန္ ဆုံးျဖတ္လိုက္ၾက၏။ ယဲ့က်န္းက သခင္မႀကီးလု၏ လက္ကို ကိုင္ထားၿပီး ဝါးေတာဘက္သို႔ ထြက္လာခဲ့လိုက္သည္။
သူတို႔ အဖြဲ႕ ေျခလွမ္း အနည္းငယ္ မေလွ်ာက္ ရေသးခင္မွာပင္ အသံမ်ားကို ၾကားလိုက္ရသည္။ အမိန္႔သံ ျဖစ္၏။
"ဝမ္ေဖး ေရာက္လာပါၿပီ"
ယဲ့က်န္းက သခင္မႀကီးလု၏ လက္ကို ထိတ္လန္႔တၾကား ဆုပ္ကိုင္ မိသြား၏။ သူမ၏ ေက်ာ႐ိုးတစ္ေလွ်ာက္ ေအးစိမ့္ေသာ ခံစားခ်က္က ျပန္႔လြင့္ သြားခဲ့သည္။ ႏွလုံးသားထဲမွ ထိုးထြက္လာေသာ ေဒါသက စတင္ ဆူပြက္ လာခဲ့ကာ ရင္ဘတ္မွ သားရဲတစ္ေကာင္ ခုန္ထြက္ လာေတာ့မည့္ အလား ဟိန္းေဟာက္ လာေတာ့မည့္ အလား ထင္ရ၏။
စိတ္အတြင္း ၾကာ႐ွည္စြာ ေပ်ာက္ကြယ္ေနခဲ့ေသာ မွတ္ဉာဏ္မ်ားစြာက စမ္းရည္ ကဲ့သို႔ ထိုးထြက္လာသည္။
"ေက်းဇူးတင္ပါတယ္၊ အစ္ကိုႀကီး။ အစ္ကိုႀကီးက ယဲ့က်န္းရဲ႕ ယုံၾကည္မႈကို ရခဲ့လို႔ သူနဲ႔ အ႐ွင္မင္းႀကီးနဲ႔ ပတ္သက္တဲ့ အတိတ္ အေၾကာင္းေတြကို သိခဲ့ရတာပဲ။ အဲဒါေၾကာင့္သာ မဟုတ္ရင္ အ႐ွင္မင္းႀကီးက သူ႕ကို ငယ္ငယ္က ကယ္ခဲ့တဲ့ သူက ညီမပါလို႔ ဘယ္သိပါ့မလဲ"
"ကံေကာင္းစြာနဲ႔ ငါ တံဆိပ္ျပားကို အခ်ိန္မီရခဲ့တယ္။ ယဲ့က်န္းက ေသၿပီ၊ လူတိုင္းက သူမ သတ္ေသခဲ့တယ္လို႔ပဲ ယုံၾကည္ေနၾကတာ"
"သူမက အခု ေကာင္းကင္မွာ ေရာက္ၿပီး အ႐ွင္မင္းႀကီးက ညီမကို အရမ္း ခ်စ္ေနတာကိုသာ ျမင္သြားခဲ့မယ္ ဆိုရင္ မနာလိုလြန္းလို႔ ေသြးအန္ ေနေလာက္တယ္"
"ဒါေတြ အားလုံးက မင္းအေပၚ မူတည္သြားၿပီ ႐ွင္းအာ။ မင္းက ဝမ္ေဖးပဲ။ သူမက ဝမ္ေဖး မဟုတ္ေတာ့ဘူး"
ယဲ့က်န္း၏ စိတ္ထဲတြင္ ၂ ႏွစ္တိုင္တိုင္ သူမ ၾကားခဲ့ရေသာ ထို႐ြံ႕႐ွာဖြယ္ ေကာင္းသည့္ စကားလုံးမ်ားကို သတိ ရလာခဲ့သည္။ သူမ ပိုင္ေသာ ေက်ာက္စိမ္း တံဆိပ္ျပားကို ကိုင္ေနေသာ လုဝူ႐ွန္းကို သူမ စိုက္ၾကည့္ ေနခဲ့ရ၏။ ေမာ့႐ုန္က်န္းက သူမကို ခ်စ္ျမတ္ႏိုး ေနျခင္းကို စိုက္ၾကည့္ ေနခဲ့ရသည္။ သူမ ယဲ့က်န္း၏ တုံးအမႈ၊ ႐ူးသြပ္မႈမ်ားကို ေလွာင္ရယ္ ေနေသာ္လည္း အနားတြင္ သူမ ႐ွိေနမွန္း လုဝူ႐ွန္း မသိခဲ့ေလာက္ေပ။
သူမ ဘဝတြင္ လုပ္ခဲ့သည့္ အထဲ အ႐ူးသြပ္ဆုံး အရာက လုလင္က်စ္ကို ယုံခဲ့ျခင္း မဟုတ္ဘဲ ေမာ့႐ုန္က်န္းကို လက္ထပ္ ခဲ့ျခင္းသာလွ်င္ ျဖစ္သည္။
ယဲ့က်န္း၏ အနားတြင္ ႐ွိေနေသာ သခင္မႀကီးလုကလည္း တင္းၾကပ္သြားေသာ အေျခအေနကို ခံစားမိဟန္ျဖင့္ သူမ စိတ္လႈပ္႐ွားေနသည္ ထင္ၿပီး ႏွစ္သိမ့္လာသည္။
"ဝမ္ေဖးက သမီးရဲ႕ အစ္မေလ ေၾကာက္ဖို႔ မလိုဘူး"
"အဖြား သမီး သမီးက ဝမ္ေဖး သေဘာမက်သလို ျဖစ္ေစမွာကို စိုးရိမ္တာပါ"
ယဲ့က်န္းက ေဖ်ာ့ေတာ့စြာ ေျပာသည္။
ပထမဦးစြာ ယဲ့က်န္းက လုဝူ႐ွန္း သူမ၏ ႐ုပ္ရည္ကို မွတ္မိ ေနမည္ကို စိုးရိမ္သည္။ သူမႏွင့္ လုဝူ႐ွန္း၏ အဆင့္အတန္းက အတိတ္အခ်ိန္က အလြန္ ကြာျခားခဲ့၏။ သူတို႔ ပိုင္ဟြားတြင္ စေတြ႕ခဲ့စဥ္က သူမ ၇ ႏွစ္ခန္႔သာလွ်င္ ႐ွိေသးသည္။ ထိုေနာက္ပိုင္း သူမတို႔ ဆက္မေတြ႕ၾကေတာ့ေပ။
လုဝူ႐ွန္း သူမကို မွတ္မိရန္ မျဖစ္ႏိုင္ေပ။ ယဲ့က်န္း အေနျဖင့္ လုဝူ႐ွန္းက ေမာ့႐ုန္က်န္း၏ ႏွလုံးသားကို အပိုင္ ရထားသည္မွာ သူ႕ကို ကယ္ခဲ့သည္မွာ သူမ ျဖစ္ေနသည္ဟု တစ္ဖက္သူက ယုံၾကည္ေန၍ ျဖစ္ေၾကင္း ေကာင္းစြာ နားလည္ေနခဲ့သည္။ ေျပာရလ်င္ သူမ လုလင္က်စ္ကို မ်ားမ်ားစားစား ေျပာထားခဲ့ျခင္း မ႐ွိေပ။ ထို႔ေၾကာင့္ လုဝူ႐ွန္း၏ စစ္မွန္ေသာ မ်က္ႏွာကို ဖယ္ခြာရန္က မခက္ခဲႏိုင္ေပ။
သို႔ရာတြင္ ေမာ့႐ုန္က်န္းႏွင့္ သူမ မပတ္သက္ မိေစရန္ ႀကိဳးစားရအုံးမည္ ျဖစ္သည္။ သူမကသာ သူ႕ကို ကယ္ခဲ့သူ ျဖစ္ေၾကာင္းကို ေမာ့႐ုန္က်န္းကို မသိေစခ်င္ေပ။
သူမ ဖ်ားနာခဲ့ၿပီး သူႏွင့္ မေတြ႕ ႏိုင္ခဲ့ခ်ိန္တြင္ သူမ ပိုင္ဆိုင္ေသာ သစ္သား ေသတၱာကို ထိုေနရာတြင္ ျမႇဳပ္ႏွံထားခဲ့၏။ ထိုအရာ ထိုေနရာတြင္ ႐ွိေနမည္လား သူမ မသိႏိုင္ေပ။ ထိုေသတၱာကသာ ႐ွိေနခဲ့မည္ ဆိုလွ်င္ ေသခ်ာေပါက္ ႐ွာၿပီး ဖ်က္ဆီး ရေပမည္။
ေမာ့႐ုန္က်န္းႏွင့္ ပတ္သက္ၿပီး မည္သည့္အရာကိုမွ သူမ၏ စိတ္ထဲတြင္ ထားရစ္ေတာ့မည္ မဟုတ္ေပ။
သခင္မႀကီးလုက သစ္သား တဲအနားသို႔ ျပန္သြားသည္။ လူတိုင္းက ဒူးေထာက္လိုက္ကာ လုဝူ႐ွန္းကို ႏႈတ္ဆက္လိုက္၏။
ယဲ့က်န္းက အံကို ႀကိတ္ထားသည္။ ေဒါသမ်ားကို မ်ိဳသိပ္ၿပီး လည္ေခ်ာင္းကို အေကာင္းဆုံး ထိန္းထားရ၏။ သူမ ႐ြံ႕႐ွာလွေသာ သူတစ္ေယာက္ကို သခင္မႀကီးလု ႏွင့္အတူ ဒူးေထာက္လိုက္ရသည္။
သူမ၏ ဒူးမ်ားက ေျမျပင္သို႔ ထိသြားသည္ႏွင့္ ျပင္းထန္ေသာ နာက်င္မႈက တစ္ကိုယ္လုံး အႏွံ႔ ျပန္႔လြင့္လာခဲ့သည္၊ ဒါက ဒူးမွ လာျခင္း မဟုတ္ဘဲ ႏွလုံးသားကို အပ္မ်ား ထိုးသြင္းေနသည့္အလား ျပင္းထန္ စူး႐ွေသာ နာက်င္မႈမ်ိဳး ျဖစ္၏။
သူမကို ေသေစခဲ့ေသာ မိန္းမကို သူမက ဒူးေထာက္ ေနရသည္။ သူမ မုန္းတီးလြန္းေသာ္လည္း ထိုခံစားခ်က္ကို မ်ိဳသိပ္ရန္သာ တတ္ႏိုင္၏။
ယဲ့က်န္းသာလွ်င္ ဒီလို ျပင္းထန္ေသာ နာက်င္မႈကို ခံစား ေနရေၾကာင္း နားလည္ေနသည္။
...