Unicode
ရွှယ်ယို့ရှန်းက အတွေးလမ်းကြောင်း ပြန်တည့်လိုက်ပြီး ‘မှော်နဲ့ဓားနယ်မြေ’ကို ဘယ်လိုပြန်ရမလဲဆိုတာကို အလေးအနက်ထား စဉ်းစားကြည့်လိုက်တယ်။
ထိုကမ္ဘာကို ဝိဉာဉ်ကူးပြောင်းသွားတာက ဟွမ်ထျန်ကြောင့်ဖြစ်သလို ပြန်ရောက်လာခဲ့တာလည်း ဟွမ်ထျန်ကြောင့်ပဲ။ ထို့ကြောင့် ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး ဟွမ်ထျန် အတော်လေး သိထားမှာသေချာတယ်။ ရွှယ်ယို့ရှန်းလည်း ဟွမ်ထျန် ပြောပြခဲ့ဖူးတဲ့ ဝိဉာဉ်ကူးပြောင်းခြင်းရဲ့ သော့ချက်ကို ရုတ်တရက် သတိရလိုက်တယ်။
ဟွမ်ထျန်က ဟွမ်ပေ့ချန်ကို သတ်လိုက်တော့ မူလဇာတ်ကြောင်း ပျက်စီးသွားရပြီး ‘မှော်နဲ့ဓားနယ်မြေ’လောကကို ပျက်သုန်းစေခဲ့တယ်။ အဲ့တာကြောင့် သူ့ရဲ့ဝိဉာဉ်ကူးပြောင်းသွားခဲ့ရတာပဲ..!
ဖန်ဆင်းရှင်နတ်ဘုရားအဖြစ် သတ်မှတ်ခံထားရတဲ့သူက မူလဇာတ်ကြောင်းကို ပြန်လည်ပြင်ဆင်ရလိမ့်မယ်။ အဲ့တာဆို ကမ္ဘာမြေပေါ် ပြန်ရောက်လာရတာလည်း သွေဖယ်နေတဲ့ မူလဇာတ်ကြောင်းကို ပြန်လည်ပြင်ဆင်နိုင်ခဲ့လို့ ဖြစ်ရမယ်။ ပြီးတာနဲ့ ဖန်ဆင်းရှင်နတ်ဘုရားကို အလုပ်ပြီးပြီဆိုပြီး ကန်ထုတ်လိုက်တာပေါ့။
တစ်ခုတော့ ခန့်မှန်းမိပြီ။ သူ့ရဲ့ဝိဉာဉ်ကူးပြောင်းခြင်းက ‘မှော်နဲ့ဓားနယ်မြေ’ရဲ့ ဇာတ်ကြောင်းနဲ့ သူ့ရဲ့ဝတ္ထုဖြစ်တဲ့ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်>> ဇာတ်ကြောင်း ကွာခြားချက်ကြောင့် ဖြစ်နိုင်တယ်..!
အဲ့တာဆို ပြန်ပြီးတော့ ဝိဉာဉ်ကူးပြောင်းချင်ရင် လက်တွေ့ကမ္ဘာနဲ့ မတူညီတဲ့ <<ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်သခင်>> တခြား Version တစ်ခုကို ဖန်တီးရမှာပေါ့..?
ဒါပေမဲ့ အခု ကမ္ဘာမြေပေါ် ပြန်ရောက်နေတာဆိုတော့ ‘မှော်နဲ့ဓားနယ်မြေ’က လူတွေနဲ့ ဆက်သွယ်လို့မရဘူး။ အဲ့ဘက်က အခြေအနေကိုမသိပဲ ဇာတ်ကြောင်းမတူအောင် ဘယ်လိုဖန်တီးရမလဲ..? လောလောဆယ် ဒီကိစ္စက အခက်ခဲဆုံးပဲ..!
Computer Screen ပေါ်က ဝတ္ထုဇာတ်ကြောင်းကိုကြည့်ရင်း ရွှယ်ယို့ရှန်းက ဟွမ်ထျန် ပြောခဲ့ဖူးတဲ့ စကားတချို့ကို သတိရသွားတယ်။
သူက ‘မှော်နဲ့ဓားနယ်မြေ’ မဟုတ်တဲ့နေရာမှာဆိုရင် ဖန်ဆင်းရှင်နတ်ဘုရားလို စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်တဲ့။ ရဲ့ဝူဟွားကို ပြန်တွေ့ချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင် သူ့ကိုလည်း ပြန်လည်ကူးပြောင်းနိုင်အောင် ကူညီပေးလောက်တယ်။ ကမ္ဘာမြေပေါ်မှာဆိုရင် သူက ကမ္ဘာတစ်ခုလုံးကို ဖန်တီးခြယ်လှယ်နိုင်တဲ့ စွမ်းအားမျိုးရှိနေတာဆိုတော့ ‘မှော်နဲ့ဓားနယ်မြေ’ရဲ့ ဇာတ်ကြောင်းတွေကို သူ့အတွေးအတိုင်း ချရေးလိုက်ရုံပဲမဟုတ်ဘူးလား..?
ထိုသို့စဉ်းစားပြီးနောက် ရွှယ်ယို့ရှန်းက Keyboard ပေါ် လက်အသာတင်ပြီး စတင်ရေးသားရန် ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့ တစ်စက္ကန့်အတွင်း လက်ကို ထိတ်ထိတ်ပျာပျာ ပြန်ရုတ်သိမ်းလိုက်ပြန်တယ်။
သူ့အထင်သာ မှန်နေမယ်ဆိုရင် သူရေးသမျှက ဟိုဘက်ကမ္ဘာမှာ ဖြစ်ပျက်နေမှာမလား။ ဝိဉာဉ်ကူးပြောင်းသွားတဲ့ နေ့ရက်တွေကို ဘယ်လိုမျိုးရေးရမှာလဲ..?
လက်ရှိရေးထားတာကလည်း သူ့ရဲ့ဝိဉာဉ်မကူးပြောင်းခင် အချိန်ကာလမှာဆိုတော့ မူလအတွေးအတိုင်း ဆက်ရေးသင့်လား..? ဒါမှမဟုတ် သူ့ရဲ့ဝိဉာဉ်ကူးပြောင်းသွားတုန်းက ဖြစ်ရပ်တွေကို ရေးရမှာလား.? ဒါမှမဟုတ် အခုချိန်မှာ သူဖြစ်ချင်နေတဲ့ သူ့ရဲ့အတွေးတွေကို ထည့်ရေးရမှာလား..?
ဆုံးဖြတ်ချက်မှားသွားရင် အကျိုးဆက်ကတော့ မတွေးဝံ့စရာပဲ..!
‘တစ်ချက်သတိလစ်တာနဲ့ အမှားကြီးမှားသွားနိုင်တယ်’ ဆိုတဲ့ စကားရဲ့ဆိုလိုရင်းကို နားလည်သွားပြီ။ အကျိုးဆက်က Butterfly Effect အတိုင်း မုန်တိုင်းဝင်သလို ဖြစ်သွားလိမ့်မယ်။ အဲ့လိုသာဖြစ်ကုန်ရင် ငိုချိန်တောင် ရလိုက်မှာမဟုတ်ဘူး..!
ရွှယ်ယို့ရှန်းခမျာ စိုးရိမ်စိတ်များစွာနဲ့ Computer Screen ကိုသာ ထိုင်ကြည့်နေမိတယ်။
“ရှောင်ယို့..!”
တွေဝေနေတဲ့အချိန် ရွှယ်ယို့ရှန်းရဲ့ အကြားအာရုံထဲမှာ ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့လေတယ်။ စိတ်ဝိဉာဉ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ခံစားနေရတဲ့ အသိစိတ်တစ်ခုကြောင့် ရွှယ်ယို့ရှန်းမှာ ထိတ်လန့်သွားရတယ်။
အခုလေးတင်ကြားလိုက်ရတာ ရင်းဆုယဲ့အသံလား..?
အသံက အလှမ်းဝေးနေသလိုလို သူ့ရဲ့နားရွက်နား ကပ်ပြောနေသလိုလို။ အသံရဲ့တည်နေရာကို ခန့်မှန်းလို့မရဘူး။
“ရင်းဆုယဲ့.. ခင်ဗျား ဘယ်မှာလဲဟင်..?”
ရွှယ်ယို့ရှန်းက ဆတ်ခနဲ မတ်တပ်ရပ်ကာ သူတစ်ယောက်တည်းရှိတဲ့ အခန်းလွတ်ကြီးထဲ လမ်းပျောက်နေသူလို လှည့်ပတ်ရှာနေမိတယ်။ အတော်ကြာပြီးနောက် ရွှယ်ယို့ရှန်းမှာ ဝမ်းနည်းသိမ်ငယ်ပြီး ကူကယ်ရာမဲ့လာခဲ့တယ်။
သူရှိနေတဲ့နေရာကို ရင်းဆုယဲ့လည်း ကူးပြောင်းလာပြီလို့ ထင်သွားခဲ့တာ။ အတွေးလွန်နေတာပဲ..!
ဒါပေမဲ့ နားကြားမှားတာမဟုတ်ဘူး၊ ရင်းဆုယဲ့ရဲ့အသံကို ကြားလိုက်ရတာ သေချာတယ်..!
ကံဆိုးစွာနဲ့ ရွှယ်ယို့ရှန်း အကြာကြီးစောင့်ဆိုင်းနေတာတောင် ရင်းဆုယဲ့ရဲ့တုံ့ပြန်မှုကို ထပ်မကြားရတော့ဘူး။ ထိုအခါမှ စာချုပ်ရဲ့စွမ်းအင်ကို အသုံးပြုဖို့မလွယ်မှန်း သိလိုက်ရတယ်။
ကြည့်ရတာ သူ့ရဲ့စိတ်ဝိဉာဉ်ထဲက ခံစားချက်က ရင်းဆုယဲ့နဲ့သူ့ကြားက ‘သေအတူရှင်မကွာစာချုပ်’ကြောင့် ဖြစ်နိုင်တယ်။ စာချုပ်က အရမ်းစွမ်းအားကြီးပေမယ့် ကမ္ဘာနှစ်ခုရဲ့ ကွာခြားချက်ကိုလည်း လျစ်လျူရှုလို့မှမရတာ။ ရင်းဆုယဲ့ရဲ့တည်ရှိမှုကို အာရုံခံနိုင်တာကိုက တော်တော်လေး ကောင်းနေပြီ။ ဘာမှထပ်မလိုတော့ဘူး..!
ရင်းဆုယဲ့က သူနဲ့စာချုပ်ချုပ်ဖို့ ‘သေအတူရှင်မကွာစာချုပ်’ကို ရွေးခဲ့မိတာ အရမ်းကံကောင်းတာပဲ။ မဟုတ်ရင် အခုလို ကမ္ဘာခြားနေတဲ့အချိန်မှာ လုံးဝဆက်သွယ်နိုင်မှာမဟုတ်ဘူး..!
ရင်းဆုယဲ့နဲ့ ဆက်သွယ်လို့ရနိုင်မှန်း သိလိုက်ရတဲ့အချိန် ရွှယ်ယို့ရှန်းတစ်ယောက် အတော်လေး စိတ်ငြိမ်သွားတယ်။
အနည်းဆုံးတော့ သူကြုံတွေ့ခဲ့ရတာတွေက အိပ်မက်မဟုတ်မှန်း သိလိုက်ရတာပေါ့..! တကယ်တည်ရှိနေသရွေ့ မျှော်လင့်ချက်ရှိသေးတယ်..!
“ရင်းဆုယဲ့… ကျွန်တော့်ကို စောင့်နေပါနော်..!”
သူ့ရဲ့စကားကို ရင်းဆုယဲ့ ကြားပါ့မလား မသေချာပေမယ့် ရွှယ်ယို့ရှန်းရဲ့ မျက်ဝန်းတွေက တည်ကြည်လေးနက်လာပြီး လက်သီးကို တင်းတင်းဆုပ်လိုက်တယ်။
ရင်းဆုယဲ့က သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့တယ်၊ ဒီတစ်ခေါက်တော့ သူကြိုးစားရမယ့်အလှည့်ပဲ..!
သက်ပြင်းချမလို့ရှိသေး၊ အိမ်က ရုတ်တရက် ခါယမ်းသွားတာကြောင့် ရွှယ်ယို့ရှန်းခမျာ ထိုင်ခုံပေါ်ကနေ ဖင်ထိုင်ရက်ပြုတ်ကျမလို ဖြစ်သွားရတယ်။ သူ့ရဲ့အိပ်ခန်းထဲမှာ အလင်းတန်းတချို့ ပေါ်ထွက်လာပြီး ရွှယ်ယို့ရှန်းလည်း Computer Screen ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိတယ်။
Computer Screen က ရုတ်တရက် မည်းမှောင်သွားပြီး ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်လာတယ်။ မူလစာမျက်နှာပေါ်မှာ စာလုံးအသစ်တွေ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာတာပဲ။ Keyboard က စားပွဲပေါ်မှာ ပုံစံမပျက်ရှိနေဆဲ။ နည်းနည်းလေးတောင် လှုပ်ရှားမှုမရှိဘူး။
အဲ့တော့ Word Document ပေါ်က စာလုံးအသစ်တွေက လေထဲကနေ ထွက်လာတာများလား..?!
မယုံကြည်နိုင်လောက်တဲ့ ထိုဖြစ်ရပ်ကြောင့် ရွှယ်ယို့ရှန်းလည်း ဘာမှလုပ်မနေတော့ဘဲ စာလုံးအသစ်တွေကိုသာ ထိုင်ကြည့်နေလိုက်တယ်။ ဝိဉာဉ်ကူးပြောင်းဖူးတဲ့အပြင် တခြားကမ္ဘာက ရင်းဆုယဲ့ရဲ့အသံကို အခုလေးတင် ကြားလိုက်ရတာကြောင့် လက်ရှိဖြစ်ရပ်က သူ့ကို မတုန်လှုပ်စေခဲ့ဘူး။ သူ့ရဲ့စိတ်ထဲမှာ ဘယ်လိုမှကို မခံစားရတော့ဘူး။
Word Document ပေါ်က အသစ်ပေါ်လာတဲ့ စာသားတွေကိုကြည့်ရင်း ရွှယ်ယို့ရှန်းရဲ့ပုံစံက သက်သောင့်သက်သာ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ ထိုစာသားတွေက ‘မှော်နဲ့ဓားနယ်မြေ’ကို ဝိဉာဉ်ကူးပြောင်းသွားတဲ့ သူ့ရဲ့အတွေ့အကြုံတွေ ဖြစ်နေတာကြောင့်ပဲ။ ရွှယ်ယို့ရှန်းလည်း Computer Screen ကို သေသေချာချာ စိုက်ကြည့်ရင်း စကားလုံးတိုင်းကို အသေးစိတ် မျက်တောင်မခတ်တမ်း ဖတ်ရှုနေမိတယ်။ ဇာတ်ကြောင်းကိုဖတ်ရင်း သူ့ရဲ့မျက်နှာက အတော်လေး ရွှင်မြူးလာခဲ့တယ်။ စာလုံးအသစ် ပေါ်ထွက်လာတာ ရပ်တန့်သွားတော့မှ ရွှယ်ယို့ရှန်းလည်း သတိပြန်ဝင်သွားတယ်။ ဇာတ်ကြောင်းက သူ ကမ္ဘာမြေပေါ်ကို ပြန်မရောက်လာသေးခင် အချိန်လေးမှာ ရပ်တန့်သွားလေရဲ့။
ရွှယ်ယို့ရှန်းက မျက်လုံးနာလာတာကြောင့် ပွတ်သပ်လိုက်တယ်။ အချိန်ကိုကြည့်လိုက်မှ ၄ နာရီနီးပါး Computer Screen ကို ထိုင်ကြည့်နေမိမှန်း သတိထားမိခဲ့တယ်။ သူရေးခဲ့တဲ့ အရင်စာသားတွေကိုဖယ်ပြီး ထိုလေးနာရီအတွင်း အသစ်ပေါ်လာတဲ့ စာလုံးတွေကို ရေတွက်ကြည့်လိုက်တော့ စာလုံးရေပေါင်း 400,000 ကျော်လောက် ရှိလေတယ်။ သူရေးစရာမလိုပဲ အလိုလိုပေါ်ထွက်လာတာကြောင့် ပျော်ရွှင်မိပေမယ့် ဘာကြောင့်ရယ်မသိ မကျေမနပ် ဖြစ်နေခဲ့ပြန်တယ်။
သူနဲ့ရင်းဆုယဲ့ တွေ့ကြုံခဲ့ရတာတွေက အများကြီးပါ။ ဒါပေမဲ့ အခုတော့ စာလုံးရေ 400,000 စာလောက်ပဲ ရှိသတဲ့။ အနည်းဆုံးတော့ စာလုံးရေ 4,000,000 လောက် ရှိသင့်တယ်မဟုတ်ဘူးလား..? ထားပါတော့၊ ‘မှော်နဲ့ဓား’နယ်မြေ ပြန်ရောက်မှ ရင်းဆုယဲ့နဲ့ ဒီထက်ပိုပြီး လက်ပွန်းတတီး နေရမယ်။ အဲ့တာမှ စာလုံးရေများလာမှာ..! အခုတော့ ဆက်ရေးရမယ့် ဇာတ်ကြောင်းကိုပဲ အာရုံစိုက်ထားရမယ်..!
သူ့ရဲ့အတွေ့အကြုံအားလုံး Computer ပေါ်မှာ အလိုလိုပေါ်လာတယ်ဆိုတော့ ဒါတွေအားလုံးဟာ အတိတ်ကဖြစ်ရပ်တွေဖြစ်ပြီး ပြန်ပြင်လို့မရတော့ဘူးလို့ ဆိုလိုတာပဲ။ အတိတ်ကို ပြောင်းလဲလိုက်ရင် ဇာတ်ကြောင်းလည်း နောက်တစ်ကြိမ် ထပ်ပြောင်းသွားလိမ့်မယ်။ အဲ့လိုသာဖြစ်ခဲ့ရင် သူပြန်သွားနိုင်ရင်တောင် ကြုံလာရမယ့် အဖြစ်အပျက်တွေ၊ လူတွေအားလုံးက အရင်နဲ့တူမှာမဟုတ်တော့ဘူး။ အပြောင်းအလဲလေးတစ်ခုက အပြိုင်ကမ္ဘာရဲ့ဇာတ်ကြောင်းကို လုံးဝပြောင်းလဲသွားစေလိမ့်မယ်။
အဲ့တာကြောင့် ‘မှော်နဲ့ဓားနယ်မြေ’ကို ပြန်သွားချင်ရင် အရာအားလုံးကို ပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို အရင်ဆုံး ရှာဖွေရလိမ့်မယ်။ ရင်းဆုယဲ့ရဲ့ ရှင်သန်မှုအပြင်၊ ဟွမ်ထျန်နဲ့ ဟွမ်ပေ့ချန်တို့ရဲ့ ပြဿနာတွေကိုလည်း အကျိုးသင့်အကြောင်းသင့် ဖြေရှင်းပေးရလိမ့်မယ်။
အချိန်အတော်ကြာ ထိုင်တွေးကြည့်ပြီးနောက် နည်းလမ်းတစ်ခု ရှာတွေ့သွားတယ်။ သူ့ရဲ့ရည်ရွယ်ချက်သာ ဖြစ်မြောက်မယ်ဆိုရင် ဇာတ်ကြောင်းက ဖန်တရာထပ်နေတဲ့ ဇာတ်လမ်းဖြစ်ဖြစ်၊ ခွေးသွေးဇာတ်လမ်းဖြစ်ဖြစ် ဂရုမစိုက်နိုင်တော့ဘူး။ ရွှယ်ယို့ရှန်းလည်း Keyboard ပေါ် လက်တင်ပြီး လျင်မြန်စွာ စာရိုက်လိုက်တော့တယ်။
……………………………………………….
Zawgyi
႐ႊယ္ယို႔ရွန္းက အေတြးလမ္းေၾကာင္း ျပန္တည့္လိုက္ၿပီး ‘ေမွာ္နဲ႔ဓားနယ္ေျမ’ကို ဘယ္လိုျပန္ရမလဲဆိုတာကို အေလးအနက္ထား စဥ္းစားၾကည့္လိုက္တယ္။
ထိုကမာၻကို ဝိဉာဥ္ကူးေျပာင္းသြားတာက ဟြမ္ထ်န္ေၾကာင့္ျဖစ္သလို ျပန္ေရာက္လာခဲ့တာလည္း ဟြမ္ထ်န္ေၾကာင့္ပဲ။ ထို႔ေၾကာင့္ ဒီျဖစ္ရပ္နဲ႔ပက္သက္ၿပီး ဟြမ္ထ်န္ အေတာ္ေလး သိထားမွာေသခ်ာတယ္။ ႐ႊယ္ယို႔ရွန္းလည္း ဟြမ္ထ်န္ ေျပာျပခဲ့ဖူးတဲ့ ဝိဉာဥ္ကူးေျပာင္းျခင္းရဲ႕ ေသာ့ခ်က္ကို ႐ုတ္တရက္ သတိရလိုက္တယ္။
ဟြမ္ထ်န္က ဟြမ္ေပ့ခ်န္ကို သတ္လိုက္ေတာ့ မူလဇာတ္ေၾကာင္း ပ်က္စီးသြားရၿပီး ‘ေမွာ္နဲ႔ဓားနယ္ေျမ’ေလာကကို ပ်က္သုန္းေစခဲ့တယ္။ အဲ့တာေၾကာင့္ သူ႔ရဲ႕ဝိဉာဥ္ကူးေျပာင္းသြားခဲ့ရတာပဲ..!
ဖန္ဆင္းရွင္နတ္ဘုရားအျဖစ္ သတ္မွတ္ခံထားရတဲ့သူက မူလဇာတ္ေၾကာင္းကို ျပန္လည္ျပင္ဆင္ရလိမ့္မယ္။ အဲ့တာဆို ကမာၻေျမေပၚ ျပန္ေရာက္လာရတာလည္း ေသြဖယ္ေနတဲ့ မူလဇာတ္ေၾကာင္းကို ျပန္လည္ျပင္ဆင္ႏိုင္ခဲ့လို႔ ျဖစ္ရမယ္။ ၿပီးတာနဲ႔ ဖန္ဆင္းရွင္နတ္ဘုရားကို အလုပ္ၿပီးၿပီဆိုၿပီး ကန္ထုတ္လိုက္တာေပါ့။
တစ္ခုေတာ့ ခန႔္မွန္းမိၿပီ။ သူ႔ရဲ႕ဝိဉာဥ္ကူးေျပာင္းျခင္းက ‘ေမွာ္နဲ႔ဓားနယ္ေျမ’ရဲ႕ ဇာတ္ေၾကာင္းနဲ႔ သူ႔ရဲ႕ဝတၳဳျဖစ္တဲ့ <<ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္>> ဇာတ္ေၾကာင္း ကြာျခားခ်က္ေၾကာင့္ ျဖစ္ႏိုင္တယ္..!
အဲ့တာဆို ျပန္ၿပီးေတာ့ ဝိဉာဥ္ကူးေျပာင္းခ်င္ရင္ လက္ေတြ႕ကမာၻနဲ႔ မတူညီတဲ့ <<ရာဇဝင္ထဲက အင္အားအႀကီးဆုံးအရွင္သခင္>> တျခား Version တစ္ခုကို ဖန္တီးရမွာေပါ့..?
ဒါေပမဲ့ အခု ကမာၻေျမေပၚ ျပန္ေရာက္ေနတာဆိုေတာ့ ‘ေမွာ္နဲ႔ဓားနယ္ေျမ’က လူေတြနဲ႔ ဆက္သြယ္လို႔မရဘူး။ အဲ့ဘက္က အေျခအေနကိုမသိပဲ ဇာတ္ေၾကာင္းမတူေအာင္ ဘယ္လိုဖန္တီးရမလဲ..? ေလာေလာဆယ္ ဒီကိစၥက အခက္ခဲဆုံးပဲ..!
Computer Screen ေပၚက ဝတၳဳဇာတ္ေၾကာင္းကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းက ဟြမ္ထ်န္ ေျပာခဲ့ဖူးတဲ့ စကားတခ်ိဳ႕ကို သတိရသြားတယ္။
သူက ‘ေမွာ္နဲ႔ဓားနယ္ေျမ’ မဟုတ္တဲ့ေနရာမွာဆိုရင္ ဖန္ဆင္းရွင္နတ္ဘုရားလို စြမ္းအားမ်ိဳး ပိုင္ဆိုင္ထားတယ္တဲ့။ ရဲ႕ဝူဟြားကို ျပန္ေတြ႕ခ်င္တဲ့ သူ႔ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးမယ္ဆိုရင္ သူ႔ကိုလည္း ျပန္လည္ကူးေျပာင္းႏိုင္ေအာင္ ကူညီေပးေလာက္တယ္။ ကမာၻေျမေပၚမွာဆိုရင္ သူက ကမာၻတစ္ခုလုံးကို ဖန္တီးျခယ္လွယ္ႏိုင္တဲ့ စြမ္းအားမ်ိဳးရွိေနတာဆိုေတာ့ ‘ေမွာ္နဲ႔ဓားနယ္ေျမ’ရဲ႕ ဇာတ္ေၾကာင္းေတြကို သူ႔အေတြးအတိုင္း ခ်ေရးလိုက္႐ုံပဲမဟုတ္ဘူးလား..?
ထိုသို႔စဥ္းစားၿပီးေနာက္ ႐ႊယ္ယို႔ရွန္းက Keyboard ေပၚ လက္အသာတင္ၿပီး စတင္ေရးသားရန္ ျပင္ဆင္လိုက္တယ္။ ဒါေပမဲ့ တစ္စကၠန႔္အတြင္း လက္ကို ထိတ္ထိတ္ပ်ာပ်ာ ျပန္႐ုတ္သိမ္းလိုက္ျပန္တယ္။
သူ႔အထင္သာ မွန္ေနမယ္ဆိုရင္ သူေရးသမွ်က ဟိုဘက္ကမာၻမွာ ျဖစ္ပ်က္ေနမွာမလား။ ဝိဉာဥ္ကူးေျပာင္းသြားတဲ့ ေန႔ရက္ေတြကို ဘယ္လိုမ်ိဳးေရးရမွာလဲ..?
လက္ရွိေရးထားတာကလည္း သူ႔ရဲ႕ဝိဉာဥ္မကူးေျပာင္းခင္ အခ်ိန္ကာလမွာဆိုေတာ့ မူလအေတြးအတိုင္း ဆက္ေရးသင့္လား..? ဒါမွမဟုတ္ သူ႔ရဲ႕ဝိဉာဥ္ကူးေျပာင္းသြားတုန္းက ျဖစ္ရပ္ေတြကို ေရးရမွာလား.? ဒါမွမဟုတ္ အခုခ်ိန္မွာ သူျဖစ္ခ်င္ေနတဲ့ သူ႔ရဲ႕အေတြးေတြကို ထည့္ေရးရမွာလား..?
ဆုံးျဖတ္ခ်က္မွားသြားရင္ အက်ိဳးဆက္ကေတာ့ မေတြးဝံ့စရာပဲ..!
‘တစ္ခ်က္သတိလစ္တာနဲ႔ အမွားႀကီးမွားသြားႏိုင္တယ္’ ဆိုတဲ့ စကားရဲ႕ဆိုလိုရင္းကို နားလည္သြားၿပီ။ အက်ိဳးဆက္က Butterfly Effect အတိုင္း မုန္တိုင္းဝင္သလို ျဖစ္သြားလိမ့္မယ္။ အဲ့လိုသာျဖစ္ကုန္ရင္ ငိုခ်ိန္ေတာင္ ရလိုက္မွာမဟုတ္ဘူး..!
႐ႊယ္ယို႔ရွန္းခမ်ာ စိုးရိမ္စိတ္မ်ားစြာနဲ႔ Computer Screen ကိုသာ ထိုင္ၾကည့္ေနမိတယ္။
“ေရွာင္ယို႔..!”
ေတြေဝေနတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းရဲ႕ အၾကားအာ႐ုံထဲမွာ ရင္းႏွီးေနတဲ့ အသံတစ္ခု ထြက္ေပၚလာခဲ့ေလတယ္။ စိတ္ဝိဉာဥ္ရဲ႕ အနက္ရႈိင္းဆုံးေနရာကေန ခံစားေနရတဲ့ အသိစိတ္တစ္ခုေၾကာင့္ ႐ႊယ္ယို႔ရွန္းမွာ ထိတ္လန႔္သြားရတယ္။
အခုေလးတင္ၾကားလိုက္ရတာ ရင္းဆုယဲ့အသံလား..?
အသံက အလွမ္းေဝးေနသလိုလို သူ႔ရဲ႕နား႐ြက္နား ကပ္ေျပာေနသလိုလို။ အသံရဲ႕တည္ေနရာကို ခန္႔မွန္းလို႔မရဘူး။
“ရင္းဆုယဲ့.. ခင္ဗ်ား ဘယ္မွာလဲဟင္..?”
႐ႊယ္ယို႔ရွန္းက ဆတ္ခနဲ မတ္တပ္ရပ္ကာ သူတစ္ေယာက္တည္းရွိတဲ့ အခန္းလြတ္ႀကီးထဲ လမ္းေပ်ာက္ေနသူလို လွည့္ပတ္ရွာေနမိတယ္။ အေတာ္ၾကာၿပီးေနာက္ ႐ႊယ္ယို႔ရွန္းမွာ ဝမ္းနည္းသိမ္ငယ္ၿပီး ကူကယ္ရာမဲ့လာခဲ့တယ္။
သူရွိေနတဲ့ေနရာကို ရင္းဆုယဲ့လည္း ကူးေျပာင္းလာၿပီလို႔ ထင္သြားခဲ့တာ။ အေတြးလြန္ေနတာပဲ..!
ဒါေပမဲ့ နားၾကားမွားတာမဟုတ္ဘူး၊ ရင္းဆုယဲ့ရဲ႕အသံကို ၾကားလိုက္ရတာ ေသခ်ာတယ္..!
ကံဆိုးစြာနဲ႔ ႐ႊယ္ယို႔ရွန္း အၾကာႀကီးေစာင့္ဆိုင္းေနတာေတာင္ ရင္းဆုယဲ့ရဲ႕တုံ႔ျပန္မႈကို ထပ္မၾကားရေတာ့ဘူး။ ထိုအခါမွ စာခ်ဳပ္ရဲ႕စြမ္းအင္ကို အသုံးျပဳဖို႔မလြယ္မွန္း သိလိုက္ရတယ္။
ၾကည့္ရတာ သူ႔ရဲ႕စိတ္ဝိဉာဥ္ထဲက ခံစားခ်က္က ရင္းဆုယဲ့နဲ႔သူ႔ၾကားက ‘ေသအတူရွင္မကြာစာခ်ဳပ္’ေၾကာင့္ ျဖစ္ႏိုင္တယ္။ စာခ်ဳပ္က အရမ္းစြမ္းအားႀကီးေပမယ့္ ကမာၻႏွစ္ခုရဲ႕ ကြာျခားခ်က္ကိုလည္း လ်စ္လ်ဴရႈလို႔မွမရတာ။ ရင္းဆုယဲ့ရဲ႕တည္ရွိမႈကို အာ႐ုံခံႏိုင္တာကိုက ေတာ္ေတာ္ေလး ေကာင္းေနၿပီ။ ဘာမွထပ္မလိုေတာ့ဘူး..!
ရင္းဆုယဲ့က သူနဲ႔စာခ်ဳပ္ခ်ဳပ္ဖို႔ ‘ေသအတူရွင္မကြာစာခ်ဳပ္’ကို ေ႐ြးခဲ့မိတာ အရမ္းကံေကာင္းတာပဲ။ မဟုတ္ရင္ အခုလို ကမာၻျခားေနတဲ့အခ်ိန္မွာ လုံးဝဆက္သြယ္ႏိုင္မွာမဟုတ္ဘူး..!
ရင္းဆုယဲ့နဲ႔ ဆက္သြယ္လို႔ရႏိုင္မွန္း သိလိုက္ရတဲ့အခ်ိန္ ႐ႊယ္ယို႔ရွန္းတစ္ေယာက္ အေတာ္ေလး စိတ္ၿငိမ္သြားတယ္။
အနည္းဆုံးေတာ့ သူႀကဳံေတြ႕ခဲ့ရတာေတြက အိပ္မက္မဟုတ္မွန္း သိလိုက္ရတာေပါ့..! တကယ္တည္ရွိေနသေ႐ြ႕ ေမွ်ာ္လင့္ခ်က္ရွိေသးတယ္..!
“ရင္းဆုယဲ့… ကြၽန္ေတာ့္ကို ေစာင့္ေနပါေနာ္..!”
သူ႔ရဲ႕စကားကို ရင္းဆုယဲ့ ၾကားပါ့မလား မေသခ်ာေပမယ့္ ႐ႊယ္ယို႔ရွန္းရဲ႕ မ်က္ဝန္းေတြက တည္ၾကည္ေလးနက္လာၿပီး လက္သီးကို တင္းတင္းဆုပ္လိုက္တယ္။
ရင္းဆုယဲ့က သူ႔ကို အၿမဲတမ္း ကာကြယ္ေပးခဲ့တယ္၊ ဒီတစ္ေခါက္ေတာ့ သူႀကိဳးစားရမယ့္အလွည့္ပဲ..!
သက္ျပင္းခ်မလို႔ရွိေသး၊ အိမ္က ႐ုတ္တရက္ ခါယမ္းသြားတာေၾကာင့္ ႐ႊယ္ယို႔ရွန္းခမ်ာ ထိုင္ခုံေပၚကေန ဖင္ထိုင္ရက္ျပဳတ္က်မလို ျဖစ္သြားရတယ္။ သူ႔ရဲ႕အိပ္ခန္းထဲမွာ အလင္းတန္းတခ်ိဳ႕ ေပၚထြက္လာၿပီး ႐ႊယ္ယို႔ရွန္းလည္း Computer Screen ကို မယုံၾကည္ႏိုင္စြာ ေငးၾကည့္ေနမိတယ္။
Computer Screen က ႐ုတ္တရက္ မည္းေမွာင္သြားၿပီး ထူးျခားဆန္းၾကယ္တဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပ်က္လာတယ္။ မူလစာမ်က္ႏွာေပၚမွာ စာလုံးအသစ္ေတြ တစ္လုံးၿပီးတစ္လုံး ေပၚထြက္လာတာပဲ။ Keyboard က စားပြဲေပၚမွာ ပုံစံမပ်က္ရွိေနဆဲ။ နည္းနည္းေလးေတာင္ လႈပ္ရွားမႈမရွိဘူး။
အဲ့ေတာ့ Word Document ေပၚက စာလုံးအသစ္ေတြက ေလထဲကေန ထြက္လာတာမ်ားလား..?!
မယုံၾကည္ႏိုင္ေလာက္တဲ့ ထိုျဖစ္ရပ္ေၾကာင့္ ႐ႊယ္ယို႔ရွန္းလည္း ဘာမွလုပ္မေနေတာ့ဘဲ စာလုံးအသစ္ေတြကိုသာ ထိုင္ၾကည့္ေနလိုက္တယ္။ ဝိဉာဥ္ကူးေျပာင္းဖူးတဲ့အျပင္ တျခားကမာၻက ရင္းဆုယဲ့ရဲ႕အသံကို အခုေလးတင္ ၾကားလိုက္ရတာေၾကာင့္ လက္ရွိျဖစ္ရပ္က သူ႔ကို မတုန္လႈပ္ေစခဲ့ဘူး။ သူ႔ရဲ႕စိတ္ထဲမွာ ဘယ္လိုမွကို မခံစားရေတာ့ဘူး။
Word Document ေပၚက အသစ္ေပၚလာတဲ့ စာသားေတြကိုၾကည့္ရင္း ႐ႊယ္ယို႔ရွန္းရဲ႕ပုံစံက သက္ေသာင့္သက္သာ ျဖစ္လာတယ္။ ဘာလို႔လဲဆိုေတာ့ ထိုစာသားေတြက ‘ေမွာ္နဲ႔ဓားနယ္ေျမ’ကို ဝိဉာဥ္ကူးေျပာင္းသြားတဲ့ သူ႔ရဲ႕အေတြ႕အႀကဳံေတြ ျဖစ္ေနတာေၾကာင့္ပဲ။ ႐ႊယ္ယို႔ရွန္းလည္း Computer Screen ကို ေသေသခ်ာခ်ာ စိုက္ၾကည့္ရင္း စကားလုံးတိုင္းကို အေသးစိတ္ မ်က္ေတာင္မခတ္တမ္း ဖတ္ရႈေနမိတယ္။ ဇာတ္ေၾကာင္းကိုဖတ္ရင္း သူ႔ရဲ႕မ်က္ႏွာက အေတာ္ေလး ႐ႊင္ျမဴးလာခဲ့တယ္။ စာလုံးအသစ္ ေပၚထြက္လာတာ ရပ္တန႔္သြားေတာ့မွ ႐ႊယ္ယို႔ရွန္းလည္း သတိျပန္ဝင္သြားတယ္။ ဇာတ္ေၾကာင္းက သူ ကမာၻေျမေပၚကို ျပန္မေရာက္လာေသးခင္ အခ်ိန္ေလးမွာ ရပ္တန႔္သြားေလရဲ႕။
႐ႊယ္ယို႔ရွန္းက မ်က္လုံးနာလာတာေၾကာင့္ ပြတ္သပ္လိုက္တယ္။ အခ်ိန္ကိုၾကည့္လိုက္မွ ၄ နာရီနီးပါး Computer Screen ကို ထိုင္ၾကည့္ေနမိမွန္း သတိထားမိခဲ့တယ္။ သူေရးခဲ့တဲ့ အရင္စာသားေတြကိုဖယ္ၿပီး ထိုေလးနာရီအတြင္း အသစ္ေပၚလာတဲ့ စာလုံးေတြကို ေရတြက္ၾကည့္လိုက္ေတာ့ စာလုံးေရေပါင္း 400,000 ေက်ာ္ေလာက္ ရွိေလတယ္။ သူေရးစရာမလိုပဲ အလိုလိုေပၚထြက္လာတာေၾကာင့္ ေပ်ာ္႐ႊင္မိေပမယ့္ ဘာေၾကာင့္ရယ္မသိ မေက်မနပ္ ျဖစ္ေနခဲ့ျပန္တယ္။
သူနဲ႔ရင္းဆုယဲ့ ေတြ႕ႀကဳံခဲ့ရတာေတြက အမ်ားႀကီးပါ။ ဒါေပမဲ့ အခုေတာ့ စာလုံးေရ 400,000 စာေလာက္ပဲ ရွိသတဲ့။ အနည္းဆုံးေတာ့ စာလုံးေရ 4,000,000 ေလာက္ ရွိသင့္တယ္မဟုတ္ဘူးလား..? ထားပါေတာ့၊ ‘ေမွာ္နဲ႔ဓား’နယ္ေျမ ျပန္ေရာက္မွ ရင္းဆုယဲ့နဲ႔ ဒီထက္ပိုၿပီး လက္ပြန္းတတီး ေနရမယ္။ အဲ့တာမွ စာလုံးေရမ်ားလာမွာ..! အခုေတာ့ ဆက္ေရးရမယ့္ ဇာတ္ေၾကာင္းကိုပဲ အာ႐ုံစိုက္ထားရမယ္..!
သူ႔ရဲ႕အေတြ႕အႀကဳံအားလုံး Computer ေပၚမွာ အလိုလိုေပၚလာတယ္ဆိုေတာ့ ဒါေတြအားလုံးဟာ အတိတ္ကျဖစ္ရပ္ေတြျဖစ္ၿပီး ျပန္ျပင္လို႔မရေတာ့ဘူးလို႔ ဆိုလိုတာပဲ။ အတိတ္ကို ေျပာင္းလဲလိုက္ရင္ ဇာတ္ေၾကာင္းလည္း ေနာက္တစ္ႀကိမ္ ထပ္ေျပာင္းသြားလိမ့္မယ္။ အဲ့လိုသာျဖစ္ခဲ့ရင္ သူျပန္သြားႏိုင္ရင္ေတာင္ ႀကဳံလာရမယ့္ အျဖစ္အပ်က္ေတြ၊ လူေတြအားလုံးက အရင္နဲ႔တူမွာမဟုတ္ေတာ့ဘူး။ အေျပာင္းအလဲေလးတစ္ခုက အၿပိဳင္ကမာၻရဲ႕ဇာတ္ေၾကာင္းကို လုံးဝေျပာင္းလဲသြားေစလိမ့္မယ္။
အဲ့တာေၾကာင့္ ‘ေမွာ္နဲ႔ဓားနယ္ေျမ’ကို ျပန္သြားခ်င္ရင္ အရာအားလုံးကို ေျပလည္ေအာင္ ေျဖရွင္းႏိုင္မယ့္ နည္းလမ္းတစ္ခုကို အရင္ဆုံး ရွာေဖြရလိမ့္မယ္။ ရင္းဆုယဲ့ရဲ႕ ရွင္သန္မႈအျပင္၊ ဟြမ္ထ်န္နဲ႔ ဟြမ္ေပ့ခ်န္တို႔ရဲ႕ ျပႆနာေတြကိုလည္း အက်ိဳးသင့္အေၾကာင္းသင့္ ေျဖရွင္းေပးရလိမ့္မယ္။
အခ်ိန္အေတာ္ၾကာ ထိုင္ေတြးၾကည့္ၿပီးေနာက္ နည္းလမ္းတစ္ခု ရွာေတြ႕သြားတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္သာ ျဖစ္ေျမာက္မယ္ဆိုရင္ ဇာတ္ေၾကာင္းက ဖန္တရာထပ္ေနတဲ့ ဇာတ္လမ္းျဖစ္ျဖစ္၊ ေခြးေသြးဇာတ္လမ္းျဖစ္ျဖစ္ ဂ႐ုမစိုက္ႏိုင္ေတာ့ဘူး။ ႐ႊယ္ယို႔ရွန္းလည္း Keyboard ေပၚ လက္တင္ၿပီး လ်င္ျမန္စြာ စာ႐ိုက္လိုက္ေတာ့တယ္။
……………………………………………….