<Unicode>
"သွန်း ကိုဘုန်းထက်ရဲ့သူငယ်ချင်းလုပ်ပေးမယ် သွန်းကို ကိုဘုန်းထက်ရဲ့အရင်းနီးဆုံးသူငယ်ချင်းလို့သဘောထားလို့ရပါတယ်"
"တကယ်လား ဟင်"
"ဟုတ် တကယ်ပါဗျ"
"ဒါဆို သူငယ်ချင်းဖြစ်တဲ့အထိန်းမှတ်နဲ့ ဒီဝိုင်းကိုကိုယ်ရှင်းလိုက်မယ်"
"ဟာ မလုပ်ပါနဲ့ ရပါတယ် သွန်း ကိုယ့်ဘာသာရှင်းလိုက်ပါ့မယ်"
"ကိုယ်ရှင်းမယ် စားချင်တာရှိသေးရင်ထပ်မှာလိုက်"
"ရပါတယ် အားနာစရာကြီးကို"
"သူငယ်ချင်းဖြစ်သွားပီလေ ဘာကိုအားနာတာလဲ သူငယ်ချင်းတေကအားနာစရာမှမလိုတာ"
"ဟို ဟို မလို.."
"အင်းပါ ကိုယ်သိပါပီ သွန်းကကိုယ့်ကိုတကယ်ခင်လို့မှ မဟုတ်တာ သနားလို့သူငယ်ချင်းဖြစ်ပေးတာမလား"
"မ မဟုတ်ပါဘူး ကိုဘုန်းထက်အဲ့လိုမတွေးပါနဲ့ သွန်းတောင်းပန်ပါတယ်နော် သွန်းမရည်ရွယ်ပါဘူး"
"အဲ့ဒါဆို ကိုယ်ရှင်းမယ်"
"ဟုတ်"
.........
တစ်ပတ်အကြာ..
ဘုန်းထက် သွန်းလေးကိုအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ပေးတယ်။သွန်းကိုဘယ်သူမှအနိုင်မကျင့်အောင် အနာတရမဖြစ်အောင် အနီးကပ်စောက်ရှောက်ပေးတယ်။ဇာတ်ကြောင်းအတိုင်းဆို ဒီတပတ်အတွင်းသွန်းလေးက ဇာတ်လိုက်မအကိုကြောင့်ဘဝပျက်ရမှာ။သူဒီလိုအဖြစ်မခံဘူး သူရှိနေသ၍ သွန်းဘာမှမဖြစ်စေရ။
"ကိုဘုန်းထက် ဘာတေတွေးနေတာလဲ"
"ဟင် ဘာမှမဟုတ်ပါဘူး အတန်းပီးပီလား"
"ဟုတ် နောက်တချိန်ကဆရာမလာဘူးတဲ့"
"ဗိုက်ဆာပီလား"
"ဟီး ဟုတ်ဆာပီ"
"လာ ကန်တင်းသွားမယ်"
"ဟုတ်"
ဘုန်းထက်လက်ကမ်းပေးလိုက်တော့ သူလေးကဘုန်းထက်လက်ချောင်းကြားသူ့ရဲ့လက်သွယ်သွယ်လေးတေကို လျှက်ကိုင်လေသည်။အရင်ဘဝတုန်းကလေပြည်ပြောနေကြစကားလေးရှိတယ် လက်နှစ်ဖက်ကိုခုလိုလျှက်ကိုင်ရင် အဲ့လူနှစ်ယောက်ရဲ့ချစ်ခြင်းကခိုင်မာတယ်တဲ့။ဘယ်ကသိလဲမေးတော့ စာအုပ်ထဲမှာရေးထားတာတဲ့လေ။အရာအားလုံးကိုစာအုပ်ထဲကပဲအတွေ့ကြုံယူတတ်တဲ့ ယုန်ဖြူလေး။
........
ကန်တင်းရောက်တော့အားလုံးကသူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်နဲ့။အမှန်တော့ ဘုန်းထက်ကိုကြည့်တယ်ဆိုပိုမှန်မယ်။အရင်ကပါဝါမျက်မှန်အထူကြီးဝတ်ပီး ဆံပင်ဘုတ်သိုက် ပုံတုံးတုံးနဲ့စာကြမ်းပိုးကြီးက အခုတော့မျက်မှန်မတပ်တော့ပဲ ဆံပင်ကိုသပ်သပ်ရပ်လှန်တင်ထားတာကြောင့်ယောက်ျားပီသတဲ့မေးရိုးကားကားလေးကထင်းနေတယ်။ခေတ်ရေစီးကြောင်းအတိုင်း အဝတ်စားကအစပြောင်းလဲပစ်ထားတာမို့ ချောပေ့ဆိုတဲ့kingတေထက်ပင် ပိုပေါ်လွင်နေတော့တယ်။
ဘုန်းထက်ကတော့ဘေးလူတေကိုဂရုမစိုက် သူ့ရှေ့ကအစာကိုတမြုံ့မြုံ့ဝါးနေတဲ့ရှဥ့်ပေါက်လေးကိုသာအသည်းတယားယားနဲ့ထိုင်ကြည့်နေတယ်။
"ဟို တို့ဒီမှာထိုင်လို့ရမယ်နော်"
ခွင့်တောင်းခြင်းမမည်တဲ့ သတိပေးသလိုပုံစုံနဲ့ပြောလာပီး ဘုန်းထက်ဘေးကခုံဝင်ဝင်ထိုင်လိုက်တဲ့မိန်းကလေးကြောင့် ဘုန်းထက်မျက်မှောင်ကျုံ့လိုက်သည်။
"တို့နာမည်ခင်ခင်ခပါ ဒီကအကိုခေါ်ချင်ရင်တော့ ခင်လို့ခေါ်လို့ရပါတယ် အဟင်း"
"ကြည့်အုံးကွာ ပေကုန်ပီ ကလေးကျနေတာပဲ"
ခင်ခင်မ သူပြောတာကိုမကြားသလိုနဲ့ ရှေ့ကကောင်လေးကိုသာဂရုတစိုက်နှုတ်ခမ်းကိုသုတ်ပေးနေတဲ့ဘုန်းထက်ကြောင့် အနည်းငယ်ရှက်သွားသည်။သူ့လိုqueenတစ်ယောက်ကိုဘယ်သူမှလျစ်လျူမရှုခဲ့ဖူးဘူး။သူ့ကိုဘေးမှာရှိတယ်လို့တောင်မသတ်မှတ်တဲ့လူနှစ်ယောက်ကြောင့်အသိပေးသလိုချောင်းဟန့်လိုက်တယ်။
"အဟမ်း!အဟမ်း!"
"သွန်း ကလေးလေးထ တခြားနေရာသွားကြမယ် ဒီနားမှာရောဂါသည်တေနဲ့ လေထုမသန့်ဘူး"
<Zawgyi>
"သြန္း ကိုဘုန္းထက္ရဲ႕သူငယ္ခ်င္းလုပ္ေပးမယ္ သြန္းကို ကိုဘုန္းထက္ရဲ႕အရင္းနီးဆံုးသူငယ္ခ်င္းလို႔သေဘာထားလို႔ရပါတယ္"
"တကယ္လား ဟင္"
"ဟုတ္ တကယ္ပါဗ်"
"ဒါဆို သူငယ္ခ်င္းျဖစ္တဲ့အထိန္းမွတ္နဲ႔ ဒီဝိုင္းကိုကိုယ္႐ွင္းလိုက္မယ္"
"ဟာ မလုပ္ပါနဲ႔ ရပါတယ္ သြန္း ကိုယ့္ဘာသာ႐ွင္းလိုက္ပါ့မယ္"
"ကိုယ္႐ွင္းမယ္ စားခ်င္တာ႐ွိေသးရင္ထပ္မွာလိုက္"
"ရပါတယ္ အားနာစရာႀကီးကို"
"သူငယ္ခ်င္းျဖစ္သြားပီေလ ဘာကိုအားနာတာလဲ သူငယ္ခ်င္းေတကအားနာစရာမွမလိုတာ"
"ဟို ဟို မလို.."
"အင္းပါ ကိုယ္သိပါပီ သြန္းကကိုယ့္ကိုတကယ္ခင္လို႔မွ မဟုတ္တာ သနားလို႔သူငယ္ခ်င္းျဖစ္ေပးတာမလား"
"မ မဟုတ္ပါဘူး ကိုဘုန္းထက္အဲ့လိုမေတြးပါနဲ႔ သြန္းေတာင္းပန္ပါတယ္ေနာ္ သြန္းမရည္ရြယ္ပါဘူး"
"အဲ့ဒါဆို ကိုယ္႐ွင္းမယ္"
"ဟုတ္"
.........
တစ္ပတ္အၾကာ..
ဘုန္းထက္ သြန္းေလးကိုအရိပ္တၾကည့္ၾကည့္နဲ႔ေစာင့္ေ႐ွာက္ေပးတယ္။သြန္းကိုဘယ္သူမွအႏိုင္မက်င့္ေအာင္ အနာတရမျဖစ္ေအာင္ အနီးကပ္ေစာက္ေ႐ွာက္ေပးတယ္။ဇာတ္ေၾကာင္းအတိုင္းဆို ဒီတပတ္အတြင္းသြန္းေလးက ဇာတ္လိုက္မအကိုေၾကာင့္ဘဝပ်က္ရမွာ။သူဒီလိုအျဖစ္မခံဘူး သူ႐ွိေနသ၍ သြန္းဘာမွမျဖစ္ေစရ။
"ကိုဘုန္းထက္ ဘာေတေတြးေနတာလဲ"
"ဟင္ ဘာမွမဟုတ္ပါဘူး အတန္းပီးပီလား"
"ဟုတ္ ေနာက္တခ်ိန္ကဆရာမလာဘူးတဲ့"
"ဗိုက္ဆာပီလား"
"ဟီး ဟုတ္ဆာပီ"
"လာ ကန္တင္းသြားမယ္"
"ဟုတ္"
ဘုန္းထက္လက္ကမ္းေပးလိုက္ေတာ့ သူေလးကဘုန္းထက္လက္ေခ်ာင္းၾကားသူ႔ရဲ႕လက္သြယ္သြယ္ေလးေတကို လ်ွက္ကိုင္ေလသည္။အရင္ဘဝတုန္းကေလျပည္ေျပာေနၾကစကားေလး႐ွိတယ္ လက္ႏွစ္ဖက္ကိုခုလိုလ်ွက္ကိုင္ရင္ အဲ့လူႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းကခိုင္မာတယ္တဲ့။ဘယ္ကသိလဲေမးေတာ့ စာအုပ္ထဲမွာေရးထားတာတဲ့ေလ။အရာအားလံုးကိုစာအုပ္ထဲကပဲအေတြ႔ၾကံဳယူတတ္တဲ့ ယုန္ျဖဴေလး။
........
ကန္တင္းေရာက္ေတာ့အားလံုးကသူတို႔ႏွစ္ေယာက္ကိုကြက္ၾကည့္ကြက္ၾကည့္နဲ႔။အမွန္ေတာ့ ဘုန္းထက္ကိုၾကၫ့္တယ္ဆိုပိုမွန္မယ္။အရင္ကပါဝါမ်က္မွန္အထူႀကီးဝတ္ပီး ဆံပင္ဘုတ္သိုက္ ပံုတံုးတံုးနဲ႔စာၾကမ္းပိုးႀကီးက အခုေတာ့မ်က္မွန္မတပ္ေတာ့ပဲ ဆံပင္ကိုသပ္သပ္ရပ္လွန္တင္ထားတာေၾကာင့္ေယာက်္ားပီသတဲ့ေမး႐ိုးကားကားေလးကထင္းေနတယ္။ေခတ္ေရစီးေၾကာင္းအတိုင္း အဝတ္စားကအစေျပာင္းလဲပစ္ထားတာမို႔ ေခ်ာေပ့ဆိုတဲ့kingေတထက္ပင္ ပိုေပၚလြင္ေနေတာ့တယ္။
ဘုန္းထက္ကေတာ့ေဘးလူေတကိုဂ႐ုမစိုက္ သူ႔ေ႐ွ႕ကအစာကိုတျမံဳ႕ျမံဳ႕ဝါးေနတဲ့႐ွဥ့္ေပါက္ေလးကိုသာအသည္းတယားယားနဲ႔ထိုင္ၾကည့္ေနတယ္။
"ဟို တို႔ဒီမွာထိုင္လို႔ရမယ္ေနာ္"
ခြင့္ေတာင္းျခင္းမမည္တဲ့ သတိေပးသလိုပံုစံုနဲ႔ေျပာလာပီး ဘုန္းထက္ေဘးကခံုဝင္ဝင္ထိုင္လိုက္တဲ့မိန္းကေလးေၾကာင့္ ဘုန္းထက္မ်က္ေမွာင္က်ံဳ႕လိုက္သည္။
"တို႔နာမည္ခင္ခင္ခပါ ဒီကအကိုေခၚခ်င္ရင္ေတာ့ ခင္လို႔ေခၚလို႔ရပါတယ္ အဟင္း"
"ၾကည့္အံုးကြာ ေပကုန္ပီ ကေလးက်ေနတာပဲ"
ခင္ခင္မ သူေျပာတာကိုမၾကားသလိုနဲ႔ ေ႐ွ႕ကေကာင္ေလးကိုသာဂ႐ုတစိုက္ႏႈတ္ခမ္းကိုသုတ္ေပးေနတဲ့ဘုန္းထက္ေၾကာင့္ အနည္းငယ္႐ွက္သြားသည္။သူ႔လိုqueenတစ္ေယာက္ကိုဘယ္သူမွလ်စ္လ်ဴမ႐ႈခဲ့ဖူးဘူး။သူ႔ကိုေဘးမွာ႐ွိတယ္လို႔ေတာင္မသတ္မွတ္တဲ့လူႏွစ္ေယာက္ေၾကာင့္အသိေပးသလိုေခ်ာင္းဟန္႔လိုက္တယ္။
"အဟမ္း!အဟမ္း!"
"သြန္း ကေလးေလးထ တျခားေနရာသြားၾကမယ္ ဒီနားမွာေရာဂါသည္ေတနဲ႔ ေလထုမသန္႔ဘူး"